![]() |
ဒဲရက်မစ်ချဲလ် နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် |
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့်
အမေရိကန်အစိုးရ၏ မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့်
မူဝါဒရေးရာညှိနှိုင်း ရေးမှူး ဒဲရက်မစ်ချဲလ်တို့သည် နိုဝင်ဘာလ ၃ရက်နေ့က
နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး မြန်မာ-အမေရိကန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်
ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံမှကာကွယ်ရေး ဦးစီးချုပ်အဆင့်ရှိ တာဝန်ရှိသူနှင့် အမေရိကန်
အဆင့်မြင့်အရာရှိတို့ တွေ့ဆုံ ဆွေးနွေးမှုမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း
တစ်ကြိမ်မျှ မရှိခဲ့ဘဲ ယခုတစ်ကြိမ်သည် ပထမဆုံးအနေဖြင့် တွေ့ဆုံ
ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ဆွေးနွေးမှုများကို နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်က နေ
ပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ပြု လုပ်ခဲ့ခြင်းဖြစ်ကာ မြန်မာ-အမေရိကန်
နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေး လုပ်ငန်းများ အပြင် နှစ်နိုင်ငံတပ်မတော်
နှစ်ရပ်ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု
နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် သတင်း ထုတ်ပြန်ခဲ့ပါသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် ဒဲရက်မစ်ချဲလ်တို့၏ တွေ့ဆုံ
ဆွေးနွေးပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး
ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကာကွယ်ရေး
ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)
ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)
ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ
ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေတို့ တက်ရောက်ခဲ့ကြပြီး အမေရိကန်
ကိုယ်စားလှယ်အဖွဲ့မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ
အမေရိကန်နိုင်ငံ စစ်သံမှူး Colonel Brey Sloan၊ အရှေ့တောင်အာရှ ဒေသဆိုင်ရာ
ဒုတိယညွှန်ကြားရေးမှူး Mr.Eric Barborlak နှင့် ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ အမေရိကန်သံရုံး ပထမအတွင်းဝန် Mr. Machut
Shishak တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ
ညှိနှိုင်းရေးမှူး ဒဲရက်မစ်ချဲလ်သည် စက်တင်ဘာလ ၉ ရက်နေ့က မြန်မာနိုင်ငံသို့
ပထမဆုံးလာရောက်ထားပြီး အောက်တိုဘာလ ၂၅ရက် နေ့တွင် ဒုတိယအကြိမ် လာရောက်ခဲ့
ကာ နိုဝင်ဘာလ ၂ ရက်နေ့တွင် တတိယအကြိမ်ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံသို့ အချိန် နှစ်လအတွင်း သုံးကြိမ်မြောက် ရောက်ရှိလာသည့်
ဒဲရက်မစ်ချဲလ်၏ တတိယ ခရီးစဉ်၌ အမေရိကန်နိုင်ငံ ဒီမိုကရေစီ၊
လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး
မိုက်ကယ်ပိုစနာလည်း လိုက်ပါခဲ့ပါသည်။ အမေရိကန် ကိုယ်စားလှယ်
အဖွဲ့၏ခရီးစဉ်ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် အဆုံးသတ်ခဲ့ပါသည်။
သတင်း---Eleven Media Group