Tuesday, September 4, 2012

သမ္မတကို ထောက်ခံမှု တားမြစ်ခံရသော်လည်း ဆန္ဒဆက်ဖေါ်ထုတ်

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ဆက်စပ်၍ သမ္မတ ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေး ပြောဆိုခဲ့မှုကို ထောက်ခံကြောင်း မန္တလေး လူထုနှင့် သံဃာတို့ ဒုတိယနေ့ ဆန္ဒထုတ်ဖေါ်မှု တားမြစ်ခံ ရသော်လည်း ဆက်လက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ဆန္ဒထုတ်ဖေါ်မှု ဒုတိယနေ့ ဖြစ်သော တနင်္လာနေ့တွင် သံဃာ အပါး ၁ဝဝ နှင့် လူ ၆ဝဝ ခန့် ပါဝင်သည့် ဆန္ဒ ထုတ်ဖေါ်မှုကို ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေ့လည် ၁ နာရီမှ ၂ နာရီအထိ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ “သမ္မတကြီးအား ထောက်ခံပါတယ်။ သမ္မတကြီး ကျန်းမာပါစေ” ဟုကြွေးကြော်၍ ဆန္ဒ ထုတ်ဖေါ်ခဲ့ကြသည်ဟု ဆန္ဒထုတ်ဖေါ်မှုကို ဦးဆောင်သည့် ဦးဝီရသူက မဇ္ဈိမကိုပြောသည်။

ရခိုင်အရေး မန္တလေးလူထု အင်အားတစ်သောင်းကျော်..ဆန္ဒပြ


လူသေဆုံးမှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ် အဓိကရုဏ်းအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ကန့်ကွက်တဲ့ အနေနဲ့ မန္တလေးမြို့မှာ ရဟန်းရှင်လူပြည်သူတွေ ဒီကနေ့ စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။ ကုလသမဂ္ဂ အရာရှိကြီးတွေ မြန်မာနိုင်ငံကို လာရောက်စဉ် ဘင်္ဂါလီ မူစလင်တွေနဲ့ ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန် ရဲ့ ပြောကြားချက်တွေ အတိုင်း အကောင်အထည်ဖော် ဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ အင်အား ၁၀၀ လောက်သာ ဆန္ဒပြဖို့ အာဏာပိုင်တွေက ခွင့်ပြုထားပေမဲ့ သံဃာတွေရော လူတွေပါ ထောင်နဲ့ချီ ပါဝင်လာတာကြောင့် လုံခြုံရေးကိုလည်း အပြည့်ယူခဲ့ရတဲ့ မန္တလေးမြို့က ဆန္ဒပြပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ် စုံစမ်းထားတဲ့ မနန္ဒာချမ်း က တင်ပြထားပါတယ်။