Monday, April 30, 2012

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်

Inline image 2ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် Hot News Journal သို့ ဖြေကြားခဲ့သည့် အင်တာဗျူးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်များအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်နေစဉ်။
ဦးမြင့်လှိုင်သည် မတ်လ ၂၃ ရက်နေ့ထုတ် Hot News Journal အင်တာဗျူးတွင် “လွှတ်တော်ကိုယ်စားလှယ် ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ်
၁၀တန်းမှမအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများခလုတ်နှိပ်ဆိုနှိပ်တယ်။
သူမှဘာမှမသိတာ။ ဘာတွေ ပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ
” ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်အစည်းအဝေး မေလ ၂ ရက်နေ့ ကို ရွှေ့ ဆိုင်း

Photo - Google Images
နေပြည်တော် ဧပြီ ၃၀
လာမည့် မေ ၂ ရက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သီးသန့်အစည်းအဝေးများ ကျင်းပကောင်းကျင်းပနိုင်ကြောင်း ယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အခမ်းအနားမှူးက တစ်နာရီဝန်းကျင်တွင် ကြားဖြတ်ကြေညာသွားသည်။ မေ ၂ ရက်တွင် အစည်းအဝေးများ ကျင်းပ၊ မကျင်းပနှင့်ပတ်သက် ၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှစ်ဦး သီးသန့် ဆွေးနွေးပြီးကြေညာမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်၌ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိန့်ခွန်းပြောကြားစဉ် (Photo: AFP)

အဖွဲ့အစည်းများကြားတွင် မတူကွဲပြားမှုများ ရှိကြသည်ဆိုသည်မှာ ထူးဆန်းသည့် ကိစ္စမဟုတ်ကြောင်း ထိုသို့ မတူကွဲကွဲပြားမှုများသည် ကြီးမားနိုင်သလို အသေးအမွှားလည်း ဖြစ်နိုင်ကြောင်း ၊ ယခု ကျမ်းသစ္စာကျိမ်ဆိုမှုနှင့် ပတ်သက်သည့် ကိစ္စနှင့်တူကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဘန်ကီမွန်က ယနေ့ လွှတ်တော်၌ မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်ဟု Eleven Media Group - Facebook အင်တာနက်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။

လွှတ်တော်တက်ရောက်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား(ဗီဒီယို)


မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒနဲ့  မဟာမိတ်တွေရဲ့ မေတ္တာရပ်ခံချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လွှတ်တော် စတင်တက်ရောက် တော့မယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ အဖွဲ့ချုပ် ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။