Wednesday, March 21, 2012

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရန် လာသူကို နေရပ်ပြန်ပို့

2012-03-20
ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို လာရောက်လေ့လာ စောင့်ကြည့်တဲ့ ထိုင်းနိုင်ငံအခြေစိုက် Asia Network for Free Elections (ANFREL) ရဲ့အမှုဆောင်ဒါရိုက်တာ Ms.Somsri Hananuntasuk ကို ဒီနေ့ ညနေ ငါးနာရီမှာ မြန်မာအာဏာပိုင်တွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်ပို့လိုက်ပါတယ်။
Photo courtesy of Asian Network for Free Election website
၂၀၀၈ ခုနှစ် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ Ms. Somsri Hananuntasuk (ယာစွန်)ကိုတွေ့ရစဉ်။
မတ်လ ၂၀ရက် နေ့လယ် သုံးနာရီမှာ Ms.Somsri Hananuntasuk နဲ့ ANFREL အဖွဲ့သားလေးဦး တည်းခိုနေထိုင်တဲ့ ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ Orchid Hotel ရဲ့ ရှစ်လွှာမှာရှိတဲ့ ရုံးခန်းကို လူဝင်မှုကြီးကြပ်ရေး အရာရှိများနဲ့ ဒေသဆိုင်ရာ အာဏာပိုင်များ ပါဝင်တဲ့

ရွေးကောက်ပွဲ စောင့်ကြည့်ရန် နိုင်ငံတကာကို ဖိတ်ခေါ်


ကြားဖြတ် ရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်ရန် အမေရိကန်၊ ဥပရေပ သမဂ္ဂ (အီးယူ) နှင့် အရှေ့တောင် အာရှ နိုင်ငံများ အသင်း (ASEAN) ကိုယ်စားလှယ်များအား မြန်မာအစိုးရက ဖိတ်ကြား ထားကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲကာလ ရန်ကုန်မြို့ရှိ မဲရုံတရုံ၌ မဲရေတွက်နေစဉ် (ဓာတ်ပုံ - Reuters)
ရန်ကုန် အခြေစိုက် အမေရိကန်သံရုံး၏ ပြောခွင့်ရသူ အန်ဒရီယန် နုဇ်မင်း(Adrienne Nutzman) က ထိုသို့ ပြောဆိုကြောင်း AP သတင်းက ရေးသားထားသည်။ အမေရိကန်နှင့်ဥရောပ အဖွဲ့အား ဖိတ်ခေါ်ထားသော်လည်း မည်သည့်ပုဂ္ဂိုလ်များနှင့် အဖွဲ့ဝင် မည်မျှပါဝင်မည် ဆိုသည်ကိုမူ သံရုံးပြောခွင့်ရသူမှ တိတိကျကျ ပြောဆိုမှု မရှိသေးကြောင်းလည်း AP သတင်းက ဆိုသည်။

မြစ်ဆုံရွာသားများကို ပြန်ထွက်သွားရန် အမိန့်ထုတ်


လင်းသန့် on March 21, 2012


ကချင်ပြည်နယ် မြစ်ဆုံဆည် စီမံကိန်းကြောင့် နေရပ်မှ ထွက်ခွာပေးခဲ့ပြီး ပြန်လည် လာရောက် နေထိုင်သည့် ရွာသားများအား အာဏာ ပိုင် များက ပြန်လည် ထွက်ခွာသွားရန်ဖိအားပေး ပြောဆိုနေကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ အခြေစိုက် ကချင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ (KDNG) ၏ တနင်္လာနေ့က ထုတ်ပြန်သော ကြေညာချက်တွင် မြန် မာ အစိုးရ စစ်တပ်မှ ထရပ်ကား ၅ စီးနှင့် ဌာနဆိုင်ရာ ကားကြီးများသည် မြစ်ဆုံဒေသ တန်ဖဲကျေးရွာသို့ လွန်ခဲ့သည့် မတ် လ ၁၇ ရက်နေ့က ရောက်ရှိလာပြီး နေရပ်ပြန်လည်ဖယ်ရှားပေးရန် အမိန့်ဖြင့် ဖိအားပေးကြောင်းဖော်ပြထားသည်။

"မြစ်ဆုံနဲ့ပတ်သက်ပြီးမင်းကိုနိုင်ရဲ့ပြတ်သားတဲ့စကား"




"ဒီနေရာမှာ အတိအကျ ကျွန်တော်တို့ မေးရမှာက ဒီစီမံကိန်းကို ဆက်ပြီးတော့လုပ်ဖို့ ကြိုးစားနေတယ်၊ ဆုံးဖြတ်နေတယ်ဆိုတာက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတ ကိုယ်တိုင်က ကမ္ဘာသိ ကတိပေးထားတဲ့အပေါ်မှာ ဘယ်သူတွေက ကျော်ပြီးတော့ လုပ်နိုင်မလဲ ဆိုတာမျိုးပေါ့။

အစိုးရ စီမံကိန်းများ ရပ်ဆိုင်းရန် လွှတ်တော်က ဆုံးဖြတ်

အစိုးရ စီမံကိန်းများ ရပ်ဆိုင်းရန် လွှတ်တော်က ဆုံးဖြတ်ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခြင်း မရှိဘဲ တရုတ်နိုင်ငံ၏ ချေးငွေဖြင့် ဆောင်ရွက်သော စီမံကိန်းများ အပါအဝင် အစိုးရက ဆောင်ရွက်လျက် ရှိသော ကျပ်ဘီလျံ ၁၈၀ဝ တန် စီမံကိန်းများ အားလုံးကို ရပ်ဆိုင်းရန် ပြည်ထောင်စု လွှတ်တော်က တရားဝင် ဆုံးဖြတ်လိုက်ကြောင်း ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်ကြသည့် လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
မတ်လ ၁၅ ရက်နေ့ ကျင်းပ ပြုလုပ်သော ပြည်ထောင်စု လွှတ် တော် အစည်းအဝေးတွင် အစိုးရ တင်ပြသည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာ ရေးနှစ်အတွက် အသုံးစရိတ်များကို ပြည်ထောင်စုလွှတ်တော်က စိစစ် ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်ဟုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ရှင်းပြသည်။

သမ္မတကြီးမဲဝယ်ထွက်

လယ်သမားများကိုချေးငွေချေးပြီး မဲတောင်းသော သမ္မတကြီး။

ချေးငွေကို ချဲမထိုးရန် လယ်သမားများကို သမ္မတ မှာကြား(မိုးသီးဇွန်-ဘလောက်မှ)
နေပြည်တော်၊ မတ်-၁၈
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ အောင်ချမ်းသာကျေးရွာမှ လယ်သမားများနှင့် ယနေ့ တွေ့ဆုံ စကားပြောခဲ့သော အခမ်းအနား တွင် ယခုပေးအပ်သည့် ကြိုတင်ထုတ်ချေး ငွေများအား ချဲထိုးခြင်း မပြုလုပ်ရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က သတိပေးပြော ကြားခဲ့သည်။
''
ဒီငွေတွေကို ချဲမထိုးပစ်နဲ့နော်။ ချဲထိုးလို့ ချမ်းသာသွားတဲ့သူ ရှိလား။ မရှိဘူးနော်။ ဒိုင်တွေပဲ ချမ်းသာသွားကြတာ မဟုတ်လား။အကယ်၍ များများပေါက်ရင်လည်း (ဒိုင်တွေက) မလျော်ဘဲ ပြေး ရော"ဟု လယ်သမားများများအား တွေ့ဆုံစဉ် ယင်းသို့ပြောကြား

တစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိ စည်းရုံးဆောင်ရွက်လျက် ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း ပြောကြား


aungthaungတစ်အိမ်ဆင်း၊ တစ်အိမ်တက် ထိထိမိမိစည်းရုံး ဆောင်ရွက်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သောင်းက ပြောကြား ခဲ့ကြောင်း လျှပ်တပြက် ဂျာနယ်တွင် ဖော်ပြထားချက်အရ သိရှိရသည်။
အဆိုပါဂျာနယ်မှ ငြိမ်းချမ်း ရေးအတွက် အားစိုက်နေရချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် အားနည်း မသွားဘူးလား ဟူသော မေးမြန်းချက်အပေါ် ''မနည်းပါဘူး။ သေချာစီမံပြီးသားပါ။ မနည်းပါဘူး။ ကျွန်တော်တို့ အသားကျပြီးသား ဖြစ်ပါတယ်။

ဝေါလ်ဗီးရှင်း ထောက်ပံ့ပစ္စည်း မမှန်မကန် သုံးစွဲမှု ကျေးရွာလူထု တိုင်ကြား

နာဂစ်ဒဏ်သင့် ဧရာဝတီတိုင်း ဒေသကြီး၊ လပွတ္တာခရိုင်၊ ဟိုင်းကြီးကျွန်း မြို့နယ် ခွဲကျုံကူး တိုက်နယ်၊ စမ်းကြီး ကျေးရွာတွင် ၂၀၀၈ နာဂစ် မုန်တိုင်းအပြီး ပြန်လည် ထူထောင်ရေး အတွက် ဝေါလ်ဗီးရှင်းက လှူဒါန်းခဲ့သော ပစ္စည်းများကို ယင်းအဖွဲ့မှ လွှဲပြောင်း ပေးခဲ့သည့် ကျေးရွာ ကော်မတီက မမှန်မကန် သုံးစွဲမှုအပေါ် အရေးယူ ပေးရန် ဧရာဝတီတိုင်း ဒေသကြီးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံ မတ်လ ၂ဝ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း စမ်းကြီး ကျေးရွာနေ တိုင်ကြားသူများတွင် ပါဝင်သည့် ဦးအောင်သူက ပြောကြားသည်။

ပြည်ပစီးပွားရေးပိတ်ဆို့မှု့များအပေါ်စိုးရိမ်နေသောကြံ့ဖွံ့


ကြံ့ဖွံ့အတွေးများမှာ ပြည်ပတိုင်းပြည်များ
အထူးသဖြင့် အာစီယံကိုဖိတ်ခေါ်၍ 
လာမည့်ရွေးကောက်ပွဲအားတရားမျှတသော
ရွေးကောက်ပွဲ တရပ်ဖြစ်ကြောင်းထောက်ခံချက်ကို
လိုလားနေပုံရသည်။
မိမိတိုင်းပြည်အတွက် မှန်ကန်သောရည်ရွယ်ချက်များနှင့်
 ရွေးကောက်တင်မြှောက်သည့်
ရွေးကောက်ပွဲကျင်းပရသည်ကို နားလည်ဆောင်ရွက်ခြင်းမရှိချေ။ ပြည်သူတရပ်လုံးက
လိုလားသော တရားမျှတမှု့နှင့် ရွေးချယ်တင်မြှောက်မှု့ကို ပြုလုပ်ပြီး တိုင်းပြည်ဆောင်ရွက်ရေးလုပ်ငန်းများကိုတာဝန်ယူရန်
ဟုသော ရည်ရွယ်ချက်များမရှိ။

ပဲခူး​တိုင်း​မှာ ​ရွေး​ကောက်ပွဲဆိုင်ရာ ပြဿနာ​တွေ ​ပေါ်​ပေါက်


ကြား ​ဖြတ်​ရွေး​ကောက်ပွဲကျင်း​ပဖို့​ ရက်ပိုင်း​လောက်ပဲ လို​တော့​တဲ့​အချိန်မှာ ပဲခူး​တိုင်း​ က၀မြို့နယ်အတွင်း​က ​ကျေး​ရွာ​တွေမှာ မဲစာရင်း​ကွာဟမှု​တွေရှိ​နေတယ်လို့​ အဲဒီ မဲဆန္ဒနယ် အမှတ် ၂ တိုင်း​ဒေသကြီး​ လွှတ်​တော်​နေရာအတွက် ဝင်ပြိုင်မယ့်​ အန်အယ်လ်ဒီပါတီ လွှတ်​တော် ကိုယ်စားလှယ်လောင်း​ ဦး​မျိုး​ခိုင်က ​ပြောပါတယ်။

“မဲစာရင်း​တွေ ကွာဟချက်​ပေါ့​။ ဘာ​တွေ​တွေ့​ရလည်း​ဆို​တော့​ ထပ်​နေတာ​တွေလည်း​ ​တွေ့​ရတယ်။

ရေညှိဆေးပြားထုတ်ဖို့ စက်မှုဝန်ကြီးဌာနက စစ်ကိုင်းတိုင်း တွင်းမကျေးရွာကို အဓမ္မ ရွှေ့ပြောင်း


စက်မှုဝန်ကြီးဌာနက စိုက်ထူးထားသော ဆိုင်းဘုတ်
စက်မှုဝန်ကြီးဌာနမှ ဒေါက်တာမင်းသိန်း ဦးစီးပြီး စိမ်းပြာရေညှိ ထုတ်လုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကိုင်းတိုင်း မုံရွာခရိုင် ကနီမြို့နယ် အတွင်းမှာရှိတဲ့ တွင်းမကျေးရွာကို မတ်လ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး
ပြောင်းရွှေ့ဖို့ ဖိအားပေးနေတာ ဖြစ်ပါတယ်။ မရွှေ့ပြောင်းချင်တဲ့ အိမ်ခြေ ယာမြေတွေက သဘောထားတင်းမာတဲ့ လူငယ်တွေကို ခရိုင်ဥက္ကဌနဲ့ ခရိုင်ရယကတို့က ဖမ်းဆီးပြီး ၂၄ နာရီကြာ စစ်ဆေးမေးမြန်း ခြိမ်းခြောက် မှုတွေ ရှိနေပါတယ်။(သတင်း-ဘားမားဗီဂျေ)

မဖြစ်ထွန်းတဲ့ ကြက်ဆူစိုက်ခင်းအစား ပဲစင်းငုံ စိုက်ပါရစေဟု တောင်သူတွေ တောင်းဆို


သတင်း-ဘားမားဗီဂျေ

ဧက ၁၀၀ ကြက်ဆူပင် စိုက်ခင်း ဆိုင်းဘုတ်
ပီနောင်တိုင်း ကုမ္ပဏီနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ ပူးပေါင်းပြီး စစ်ကိုင်းတိုင်း မုံရွာခရိုင် ကနီမြို့နယ် ဇီးပင်တောကျေးရွာက ယာမြေဧက ၁၀၀ ကျော်ကို ခြံစည်းရိုး ကြက်ဆူပင်
စိုက်ခင်းတွေအဖြစ် ၂၀၀၆ ခုနှစ်ကတည်းက စိုက်ပျိုးလာတာ ဖြစ်ပါတယ်။ ယာခင်း ပိုင်ရှင်တွေကတော့ သူတို့ရဲ့ယာတွေမှာ မဖြစ်ထွန်းတဲ့ ကြက်ဆူပင် စိုက်ခင်းတွေ အစား အကျိုးဖြစ်ထွန်းတဲ့ ပဲစင်းငုံကိုသာ
စိုက်ပျိုးချင်တယ်လို့ ဆိုပါတယ်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟာ ၂၀၀၆ ခုနှစ်မှာ ဇီဝလောင်စာ ထုတ်လုပ်ဖို့ အကြောင်းပြပြီး တောင်သူ လယ်သမားတွေကို ကြက်ဆူပင်ကို အတင်း
အဓမ္မ စိုက်ပျိုးခိုင်းခဲ့တာ ဖြစ်ပါတယ်။

မတရားမှုများကြောင့် မျှတသော ရွေးကောက်ပွဲ ဖြစ်ရေး ထိခိုက်နိုင်

သတင်း - ဧရာဝတီ
၂၀၁၀ ရွေးကောက်ပွဲ၌ နေပြည်တော်မဲဆန္ဒနယ် တခုတွင် မဲပေးနေစဉ်(ဓာတ်ပုံ - အောင်သက်ဝိုင်း)
မဲစာရင်း မှားယွင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ မတရားလုပ်ဆောင်ခြင်းများကြောင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်စေရေးကို ထိခိုက်စေနိုင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အသိပေး ထုတ်ပြန်လိုက်သည်။

ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲဥပများကို ချိုးဖောက်ကာ မဲဆွယ်စည်းရုံးခြင်းများ၊ ဆန္ဒမဲ ကြိုတင်ကောက်ယူနေမှုများနှင့် ကိုယ်စားလှယ်လောင်းတချို့ကို အန္တရာယ်ပြုခြင်းများ ရှိနေသည်ဟု NLD က ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်-မြန်မာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လုပ်ကိုင်နေသည့် ဒေသခံ နေ့စားလုပ်သားများ လုပ်အားခ လျော့ချခံရ



ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် နိုင်ငံခြား အလုပ်သမားများ နေထိုင်ရန် အဆောက်အဦများကို တာဝန်ယူဆောင်ရွက်နေသည့် (MGC) မြန်မာ ရွှေသရဖူကုမ္ပဏီတွင် ၀င်ရောက်လုပ်ကိုင်နေသည့် ဒေသခံ အလုပ်သမားများ နေ့စားလုပ်အားခ လျော့ချခံရကြောင်း သတင်းရရှိပါသည်။

 သက်တမ်း ၁၀၈ နှစ်ရှိပြီး ၄၈ ဧက ကျယ်ဝန်းသော အလုံ သင်္ဘောကျင်းအား တစ်နှစ် ကျပ်သိန်း ၄၀၀ ဖြင့် ပုဂ္ဂလိကသို့ နှစ်ရှည် ငှားရမ်းထားသည်ဟု သတင်းရရှိ



သင်္ဘောတည်ဆောက် ပြုပြင်ခြင်းမှ ယခုနှစ်တွင် ကျပ်သန်းပေါင်း ၅၀၀၀ ရရှိနိုင်သည့် အလုံ သင်္ဘောကျင်းအား တစ်နှစ် မြေငှားရမ်းခ ကျပ်သိန်း ၄၀၀ ဖြင့် ပုဂ္ဂလိကသို့ BOTစနစ်ဖြင့် ချထားငှားရမ်းလိုက်ကြောင်း သတင်း ရရှိပါသည်။

အချိန်သည် ပြည်သူတွေကိုစောင့်မည်မဟုတ်


ဓါတ်ပုံကိုသဘောကျမိတယ်။ အတိတ်ဆိုတဲ့သမိုင်းကို
မမေ့ဘူးပြည်သူလူထုရဲ့ရင်ထဲမှာ အမှန်တရားဆိုတာရှိနေတယ်။ ဒီအမှန်တရားတွေကိုဖေါ်ထုတ်ပြသရဲတာဟာ တိုင်းပြည်အတွက် အကျိုးသက်ရောက်မှု့အများကြီးရှိတယ်။ဒါတွေကို ဖုန်းကွယ်နေလို့မရဘူး။တိုင်းပြည်ဆုံးရုံးနစ်နာရမယ်။ ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ NLD ပါတီကိုချစ်တယ်။ ဒီတော့ NLD

သမ္မတကြီးဆီသို့---

ရင်ဖွင့်စာ --
 တိုင်းပြည်အခြေအနေအမြင်ကို သာမန်လူတဦးမြင်တွေ့နေရတဲ့အမြင်ဖြင့်ပြောချင်ပါတယ်။ ပြည်သူတွေလွတ်လပ်စွာပြောဆိုရေးသားပိုင်ခွင့်ရှိရမယ်။
ဆိုတာကိုလည်း လက်ရှိဒီမိုကရေစီလမ်းကိုလျှောက်လှမ်းနေပါပြီလို့ နိုင်ငံတကာကိုပြောနေတဲ့ သမ္မတဦးသိန်းစိန်နှင့် လွှတ်တော်ဝန်ကြီးများ လက်ခံမှာပါ။

ရွေးကောက်ပွဲစောင့်ကြည့်မှု့ဆိုင်ရာသင်တန်းပေးသူအားပြည်နှင်ဒဏ်ပေး

Asia Network for Free Election  အမည်ရှိသည့် ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ညွန်ကြားရေးမှူး ဖြစ်သူအား မြန်မာနိုင်ငံမှ ပြည်နှင်လိုက်ကြောင်း သိရှိရသည်။

၎င်းအဖွဲ့အနေဖြင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲ တရားမျှတမှုကို စောင့်ကြည့်ရမည့် အချက်အလက်များ ဆိုင်ရာ သင်တန်းပေး ဟောပြောခြင်းများ ပြုလုပ်ရန် မြန်မာနိုင်ငံတွင်းသို့ အလည်အပတ် ဗီဇာဖြင့် ရောက်ရှိလာခြင်းဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့လည်း ခွင့်တောင်းသည့် စာတင်ပြထားသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်၊ ပြည်ပအခြေစိုက် မီဒီယာများအား ဖိတ်ခေါ်၍ မီဒီယာဖွံ့ဖြိုးရေး ကွန်ဖရင့်ကျင်းပနေချိန်တွင် ယခုလို ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ပညာပေးမှု၊ စောင့်ကြည့်မှုများ ပြုလုပ်သည့် ပြည်ပ အဖွဲ့အစည်းတခု၏ညွှန်ကြားရေးမှူး ဖြစ်သူအား ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်သည်။ ။


Yangon Press International 

ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား?



ဓါတ်ပုံ(Google Images)

လူသားအရင်းအမြစ်တွေမွေးထုတ်ပေးတဲ့ ပညာရေးဝန်ကြီးဌာနမှာရှိတဲ့ ရာထူးကြီးမှန်သမျှကို စစ်တပ်အရေခြုံတဲ့ ဒီလူတွေက နေရာယူထားပါတယ်-

-       ဗိုလ်မှူးအေးကြူ                -         ဒုတိယ၀န်ကြီး

-       ဗိုလ်မှူးဘိုဝင်း                  -         ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)

-       ဗိုလ်မှူးကိုကိုတင်              -         ဒု ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)

-       ဗိုလ်မှူးကျော်စိုး                -         ဒု ညွှန်ချုပ်(ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန)

-       ဗိုလ်မှူးကြီးကျော်သူ           -         ညွှန်ချုပ်(အမှတ်(၁)အခြေခံပညာဦးစီးဌာန)

-       ဗိုလ်မှူးမျိုးညွှန့်                 -         ဒုညွှန်ချုပ်(အမှတ်(၁)အခြေခံပညာဦးစီးဌာန)

-       ဗိုလ်မှူးကြီးအေးလွင်           -         ညွှန်ချုပ်(အမှတ်(၂)အခြေံပညာဦးစီးဌာန)

-       ဗိုလ်မှူးရဲလွင်အောင်           -         ဒုညွှန်ချုပ်(အမှတ်(၂)အခြေခံပညာဦးစီးဌာန)

-       ဗိုလ်မှူးကြီးမျိုးမြင့်              -         ညွှန်ချုပ်(အမှတ်(၃)အခြေခံပညာဦးစီးဌာန)

-       ဗိုလ်မှူးကြီးအုန်းမြင့်            -         ညွှန်ချုပ်(ပညာရေးသုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံစာစစ်ဥက္ကဌ)

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာတစ်ဦး၏ ပေးစာ


ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးခင်မောင်မြင့်
ကျနော်ဟာ ဆောက်လုပ်ရေးဝန်ကြီးဌာန မှ အင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်.. ကျနော်တို့ ဝန်ကြီးဦးခင်မောင်မြင့်ဟာ အလွန်တရာပဲ စိတ်ဓါတ်ဆိုးရွားပါတယ်. သူ့မိန်းမဆိုလည်း အရမ်းကို အောက်တန်းကျပါတယ်. ဝန်ကြီးဟာ အများအမြင်မှာ အရမ်းသဘောကောင်းဟန်ဆောင် တတ်ပါတယ်.. ဘယ်သူပဲ အလုပ်လာတောင်းတောင်း လက်မှတ် ထိုးပေးပါတယ်.. ဒါပေမယ့် ဒီလက်မှတ်နဲ့ ဘယ်သူ့ကိုမှ အလုပ်ပေးလို့ မရပါဘူး. သူ့ လက်မှတ်က မှင်ရောင်အမျိုးမျိုးနဲ့လာပါတယ် သူ သတ်မှတ်ထားသော အရာင်မှ လွဲပြီး တခြားအရောင်တွေဆို လုံးဝမပေးခိုင်းပါဘူး..