Thursday, May 24, 2012

မြောင်းတကာ Yangon Crown စက်ရုံလုပ်သားများ လစာတိုးရရေး ရန်ကုန်ကို ချီတက်ပြီး ဆက်လက်တောင်းဆိုမည်

emp-strike2.jpg
Yangon Crown (သံရည်ကျို သံမဏိ)စက်ရုံမှအလုပ်သမားများအခြခံ လစာတိုးပေးရန် မရမ်းကုန်းမြို့နယ်ရှိ အလုပ်ရုံနှင့် အလုပ်သမား  ဥပဒစေစ်ဆေးရေး ဦးစီးဌာနညွှန်ကြားရေးမှူးရုံးရှေ့သို့သွား ရောက်ကာတောင်း  ဆိုမှုများ ဆက်လက် လုပ်ဆောင်  မည်ကြောင်း သိရသည်။

စွမ်းအင်သုံးစွဲ ရောင်းချမှု အစိုးရ ပွင့်လင်းရန်လို

အစိုးရအနေဖြင့် စွမ်းအင်နှင့် လျှပ်စစ်ကဏ္ဍတွင် ထုတ်လုပ်ရောင်းချမှု၊ ခွဲဝေသုံးစွဲမှုစသည်တို့နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ကပြောသည်။

သဘာဝစွမ်းအင်အရင်းအမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ ရောင်းချနေသည်ဆိုသော်လည်း နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား မလုံလောက်သည့်အတွက် ဆန္ဒပြမှုများ ဖြစ်ပေါ်နေကြောင်း၊ ပြည်ပသို့ လျှပ်စစ်နှင့် တခြားသော စွမ်းအင်ရင်းမြစ် မည်မျှရောင်းချသည်၊ မည်သို့သုံးစွဲသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်သင့်ကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောဆိုသည်။