Friday, June 15, 2012

စစ်တွေမြို့ ကုန်းတန်းရပ်ကွက်မှာ လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိ

ဓာတ်ပုံ ဂျေမောင်မောင်(အမရပူရ)
မြန်မာ့တပ်မတော်စစ်ကြောင်းတစ်ခုက ဇွန် ၁၂ ရက်ည ၁၁ နာရီခန့်က စစ်တွေမြို့ ကုန်းတန်းရပ်ကွက်နေ ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာကျေးရွာသွားသောလူအုပ်အယောက်တစ်ရာထဲမှ တုတ်၊ဓား၊ လှံ လက်နှက်များကိုင်ဆောင်ထားသည့် လူ ၂၉ ဦးဖမ်းမိလိုက်ကြောင်းသတင်းရရှိသည်။
လူမျိုးစုံဒေသခံများကိုဖမ်းမိခြင်းဖြစ်ပြီး ၄င်းတို့လက်ထဲတွင်လက်နှက်များနှင့်အတူ ဓာတ်ဆီပုလင်း ၂၅ လုံးဖမ်းမိကြောင်းသတင်းရရှိသည်။ ယနေ့ ဇွန် ၁၄ ရက်တွင် စစ်တွေမြို့တွင်း ဆူပူအုံကြွမှုများမတွေ့ရကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။

ရင်ကိုလာထိသော ဒေါ်ခိုင်ခိုင်နွယ်

ဒီနေ့ ILO ကွန်ဖရင့်စ်ကို အချိန်ပေးပြီး စောင့်ကြည့်ခဲ့ပါတယ် ၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ၊ တဆက်တည်းဆိုသလိုပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုကြည့်ခဲ့ပါတယ် ၊ သတင်းစာရှင်းလင်းပွဲမှာ ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားဆိုတာ လက်ခံပါသလားဆိုပြီး သတင်းထောက်တစ်ယောက်ကမေးတယ်

ဒေါ်အောင်ဆန်းစုကြည် ရဲ့  ရိုဟင်ရျာ ပြသနာပေါ် ဖြေကြားချက်


ရခိုင်အရေးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ကြောင်း၊ ပြန်လည် ငြိမ်းချမ်းဖို့အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား နယ်စပ်အရေး ကိစ္စများတွင် နှစ်ဖက်လုံး၏ အားနည်းချက်များ ရှိခဲ့သည့်အတွက် (တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊ နိုင်ငံသား တယောက် ဖြစ်ရန်အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်ဆိုင်သည့်ဥပဒေများ အမှန်တကယ် အသက်ဝင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။