Sunday, April 29, 2012

ငွေတောင်းခံသည့်ဂိတ်များကိုမြန်မာ စစ်တပ် ရုပ်သိမ်း

စောခါးစူးညား (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင် ကျေးနယ်အုပ်စုအတွင်း သွား လာနေသည့် ဒေသခံများကို ငွေတောင်းခံရန် ဖွင့်ထားသည့် ဘော တီ၊ အိုင်ဝိုင်၊ ၀ါးတော၊ ဆိုင်ဖြူတိုင် ဂိတ်သစ်များကို မြန်မာ စစ်တပ်မှ ပြီးခဲ့သည့်အပတ်က ရုပ်သိမ်းလိုက်ပြီဖြစ်သည်။
အမည်မဖော်လိုသူ ဒေသခံတဦးက “သူတို့(မြန်မာအစိုးရ)က ဂိတ်တွေ ဖြုတ်လိုက်ပြီ။ သတင်းထွက်ပေါ်ပြီး ၃ရက်၊ ၄ရက်မှာပဲ မြန်မာစစ် တပ်ရဲ့ အထက်လူကြီးတွေက ပုလိပ်(ရဲ)တွေကို လွှတ်လိုက်ပြီး အဲဒီ ဂိတ် တွေ ကို လာစစ်ပြီး ချက်ချင်းဖြုတ်ခိုင်းတယ်။ ဒါကြောင့် အဲဒီဂိတ် တွေ မရှိတော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

မယ်လ ဒုက္ခသည် စခန်းတွင်မနေ့က မီးလောင်မှု့ ဖြစ်ပွားခဲ့(သတင်းနေ့စွဲ-၄/၂၉)

သတင်း-ဂျူရီချိုင်း

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းရှိ ရပ်ကွက် (၁) တွင် ယနေ့နေ့လည်ပိုင်း အချိန်၌ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း စခန်း တွင် နေထိုင်သူတို့က ပြောသည်။ မီးလောင် မှုကြောင့် စခန်း အတွင်း ရှိ ခရစ်ယာန် ကျမ်းစာဘုရားကျောင်း၏ ကျောင်းနေ အဆောင်များ အပါ အဝင် အခြေခံ ပညာ မူလတန်းကျောင်း ၃ ကျောင်းနှင့် အိမ်ခြေ ၄ လုံးခန့် လောင်ကျွမ်းသွား သည်ဟု စခန်းအတွင်းရှိ ရပ်ကွက် (၁) တွင် နေထိုင်သူ မွန်လူမျိုး ကိုဟောင်က ပြောသည်။
၎င်းက”ကျောင်းနေဆောင်က ကျောင်းသား/သူတွေ ထမင်းဟင်းချက်ဖို့ ဂက်စ်ဖွင့်တာ ဂက်စ်ပေါက် ကွဲလို့ လောင်ရတာဖြစ်တယ်”ဟုပြော သည်။

နို့ဖိုးဒုက္ခသည် စခန်း ဆန္ဒပြမှု ထိုင်းအာဏာပိုင်တွေက ခေါ်ယူ သတိပေး

2012-04-28

ထိုင်းမြန်မာနယ်စပ်၊ နို့ဖိုးဒုက္ခသည်စခန်းမှာ ဧပြီလ (၂၅) ရက်နေ့က ဒုက္ခသည်တွေ အတွက် တောင်းဆိုဆန္ဒပြမှုမှာ ဦးဆောင်ခဲ့သူတွေကို တပ်ခ်ခရိုင် ထိုင်းအာဏာပိုင်တွေက ခေါ်ယူ သတိပေးခဲ့တယ်လို့ သိရပါတယ်၊
နို့ဖိုးဒုက္ခသည် စခန်းတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒုက္ခသည် (၂၀၀) ကျော်က အချက် (၄) ချက်ပါ တောင်းဆိုချက်တွေကို ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ထားဝယ်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံရေး ဂျပန် စိတ်ဝင်စား


Image: RFA
ထိုင်း-မြန်မာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) အရ Italian– Thai Development ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေအပေါ် စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံက ဒီကနေ့ ပြောလိုက်ပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ၂၀၁၂ ခုနှစ်ကုန်ပိုင်းမှာ ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း ITD ခေါ် အီတာလျံ ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ပရင်ချိုင်းက သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

သံဃာ့ အရေး အခင်း ဖြိုခွဲ သူကို လွှတ်တော် ကိုယ်စားလှယ် ခန့်အပ်

561923_10150717770781374_582151373_9757092_1740369143_n
၂၀၀၇ အရေးအခင်း ကာလ ဓါတ်ပုံနှင့် လွှတ်တော်အမတ် ဓါတ်ပုံအား နှိုင်းယှဉ်တွေ့ရစဉ်
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာတော် အရေး အခင်းအား လက်နက်ဖြင့် ပစ်ခတ်၍ နှိမ်နှင်း ဖြိုခွဲရန် အမိန့်ပေး စေခိုင်းခဲ့သည့် ထိုအချိန်က ဖြစ်ခဲ့သည့် ဒု-ဗိုလ်မှူးကြီး အောင်ကျော်အား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြေငြာချက် အမှတ် ၂၃/၂၀၁၂ ဖြင့် ဧပြီလ ၂၂ ရက်နေ့ ရက်စွဲဖြင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ခန့်အပ် လိုက်ခြင်း ဖြစ်ပါသည်။

ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးသြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာ

ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော် (ဇေယျာသော်)နဲ့ တေးသံရှင် လင်းလင်းတို့ လေးဦးဟာ ဒီနေ့ နံနက် ၉း၃ဝ နာရီ တွင် မင်္ဂလာဒုံလေဆိပ်မှ သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ ထွက်ခွာသွားခဲ့ပါတယ်။
သြစတေးလျ နိုင်ငံမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ လေဘာပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ကမ်းလှမ်း ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဆစ်ဒနီတက္ကသိုလ် (University of Sydney’s Graduate School of Government) မှာ ဧပြီလ ၃ဝ မှ မေလ ၄ ရက်နေ့အထိ ဒီ/ချုပ်ပါတီ ဝင်လေးဦးဟာ နိုင်ငံရေးနှင့် မူဝါဒရေးဆိုင်ရာ အကြံပေး သင်တန်းကို တက်ရောက် သင်ကြားလေ့လာမှာ ဖြစ်ပါတယ်။