Saturday, May 26, 2012

စစ်အရာရှိများ တဘက်နိုင်ငံသို့ သစ်မှောင်ခို ခိုးထုတ်ရာတွင် ပါဝင် ပတ်သက်နေ

တက်ကနက်ဆိပ်ကမ်းရောက် မြန်မာမှ သစ်များ။
" သူတို့က မွတ်စလင် သူဌေး မာနှဆိုတဲ့ သူနဲ့ ပူးပေါင်းပြီး တစ်ဘက်နိုင်ငံကို သစ်တွေ ခိုးထုတ်နေပါတယ်။ အဓိက ပါဝင်ပတ်သက်နေတာက ခမရ ၂၃၄ တပ်ရင်းမှူး ဖြစ်ပါတယ်။ သူ့ဆီက သစ်ထုတ်ခွင့် လက်မှတ်တွေနဲ့ မာနက သစ်တွေကို အတားအဆီးမရှိ ဘင်္ဂလာဒေခ်ျ့ကို တင်ပို့နေပါတယ်" ဟု အမည်မဖေါ်လိုသူ သစ်လုပ်ငန်း လုပ်နေသူ တစ်ဦးက ပြောသည်။

မြောင်းတကာ သံမဏိစက်ရုံ အစာငတ်ခံ ဆန္ဒပြ


(Photos: ASH)
၂၅ မေ ၂၀၁၂။ အခုလ ၁၈ ရက်နေ့က စတင်ဆန္ဒပြနေကြတဲ့ မှော်ဘီ မြောင်းတကာသံမဏိစက်ရုံ အလုပ်သမားတွေဟာ သူတို့ရဲ့ရပိုင်ခွင့်တွေအတွက် ၆ ရက်မြောက် ဒီကနေ့မှာ စတင် အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

ဒီနေ့မနက် ၉ နာရီကစပြီး သံမဏိစက်ရုံ အလုပ်သမားတွေထဲက ၂၅ ယောက်ဟာ သူတို့တောင်းဆို တဲ့ အခြေခံလစာ ရပိုင်ခွင့်တွေကို မရမချင်း အစာငတ်ခံဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။

လူထုတောင်းဆိုမှုကို အကြမ်းမဖက်ဖို့ အာဆီယံအကြီးအကဲ သတိပေး


Photo courtesy of ASEAN web site
အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်

 မြန်မာနိုင်ငံမှာ လတ်တလောပေါ်ပေါက်နေတဲ့ လျှပ်စစ်စွမ်းအင်ရရှိရေး ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းမဖက်ဘဲ အေးဆေးညင်သာ ဖြေရှင်းပြီး၊ ဒါတွေဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းရာမှာ ဖြစ်မြဲဓမ္မတာ ကိစ္စတွေအဖြစ် ရှုမြင်ဖို့ လိုအပ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က မြန်မာအစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိပေးလိုက်ပါတယ်။

လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ

မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတာတွေကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး တစ်နိုင်ငံလုံး နေ့ချင်းညချင်း လျပ်စစ်မီး ရရှိဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ ပြောဆိုပါတယ်။

လျှပ်စစ်မီး၂၄နာရီ ရရှိရေး၎ရက်မြောက်နေ့ ရန်ကုန်တွင်ဆန္ဒဖော်ထုတ်

ရန်ကုန်မြို့ ဆူးလေဘုရား ၀န်းကျင်၌ မေလ (၂၅)ရက်နေ့  ည(၇)နာရီကျော်ခန့် အချိန်တွင် စတုတ္တနေ့ အဖြစ် လျှပ်စစ်မီး ၂၄နာရီ ရရှိရေး ဆန္ဒဖော်ထုတ်မှုတွင် လူ(၁၀၀၀)ကျော် ပါဝင်ခဲ့ပြီး တစ်ရက်ထက်တစ်ရက် ပါဝင်လာမှု ပိုမိုများပြားလာခဲ့ကြောင်း Popular Myanmar News Journal-Facebook စာမျက်နှာမှာ ဖော်ပြထားပါသည်။

ရန်ကုန်မြို့လျှပ်စစ်မီးရရှိရေး စတုတ္ထနေ့အဖြစ် ယနေ့ ၂၅.၅.၂၀၁၂ ညပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြသော ရန်ကုန်မြို့နေပြည်သူများက လျှပ်စစ်ဝန်ကြီးများ နှုတ်ထွက်ပေး ရန် တောင်းဆိုကြွေးကြော်ခဲ့ ကြပြီး နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင် အား ပြင်းထန်စွာရှုတ်ချခဲ့ကြသည်။

မန္တလေးမြို့ ရှိ ဓာတ်အားလိုအပ်လျက်ရှိသော နေရာများကို ဓာတ်အားဖြန့့်ဖြူးနိုင်ရန် မီးစက်များရောက်ရှိလာ

မန္တလေးမြို့ မှာ စပိန်နိုင်ငံက မှာယူတင်သွင်းထားတဲ့  မီးစက်တွေ ၂၄-၅-၂၀၁၂ နေ့ 
လည်ပိုင်းက မန္တလေးမြို့ ကို ရောက်ရှိလာပါတယ်။

လောလောဆယ် ရောက်လာတဲ့ မီးစက်များကတော့ ၅၀၀ ကေဗွီအေ (၂)လုံး။
၃၀၀ ကေဗွီအေ (၆)လုံး၊ စုစုပေါင်း (၈)လုံးဖြစ်ပါတယ်။ နောက်ထပ် မီးစက်တွေ
ထပ်ရောက်ဖို့ ရှိတယ်လို့ လည်းသိရပါတယ်။

လျှပ်စစ်မီးရရှိရေး ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ပြည်မြို့ ကိုလည်း မီးစက်တွေရောက်ရှိလာ

ပဲခူးတိုင်း ပြည်မြို့ သို့ စပိန်နိုင်ငံက မှာယူတင်သွင်းထားတဲ့  မီးစက်တွေ ၂၄-၅-၂၀၁၂ နေ့ 
လည်ပိုင်းက ရောက်ရှိလာကြောင်းသိရပါတယ်။

ပြည်မြို့ ရတနာမာန်အောင်ရပ်ကွက်ရှိ ပြည်မြို့အား ရေပေးဝေသည့် စခန်းနှင့် လျှပ်စစ်
မီးအတွက် လိုအပ်သောနေရာများတွင် လျှပ်စစ်ဓာတ်အား မောင်းနှင်းဖြန့်ဖြူးရန်
အတွက် အမှတ်(၂)လျှပ်စစ်ဝန်ကြီးဌာနက ပေးပို့ လာတာဖြစ်ပါတယ်။

NLDဆိုင်းဘုတ်တင်ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကိုမေးခွန်းသုံးခုမေး

ကျောက်တံတား NLD ရုံးဆိုင်းဘုတ်တင် ပြည်သူမှဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းသုံးခုမေး ယနေ့ မေလ(၂၅)ရက်နေ့  ညနေ ၆နာရီ အချိန်တွင် ကျောက်တံတားမြို့ နယ်ရှိ
NLDမြို့ နယ်ရုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ထာဝရ ငြိမ်းချမ်းရေး ၆၇ လှုပ်ရှားမှု့

လူငယ်တွေနဲ့ ဖွဲ့ စည်းထားတဲ့ (GW)ခေါ် မျိုးဆက်သစ်လူငယ်အဖွဲ့ က တိုင်းရင်သားတွေ အချင်းချင်းကြားဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဌိပက္ခရပ်ဆိုင်းပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ‘ထာဝရ ငြိမ်းချမ်းရေး ၆၇ ’ ဆိုတဲ့ လှုပ်ရှားမှုကို ဒီကနေ့ စတင်လိုက်တာပါတယ်။

ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်ရဲ့ သိရိခန်းမမှာ ဒီကနေ့ ဖွင့်ပွဲ အခန်းအနားပြုလုပ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ထိုးလှုပ်ရှားမှုတွေ ပြုလုပ်သွား မှာဖြစ်ပါတယ်။