Tuesday, October 18, 2011
ပြည်သူ့လွှတ်တော်တွင်ယုံကြည်ချက်ကြောင့်ပြစ်ဒဏ်ကျခံနေရသောအကျဉ်းသားများထပ်မံလွှတ်ပေးရန်အဆိုတင်သွင်း
အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ထံ အဆိုတင်သွင်း
Tuesday, 18 October 2011 05:10
အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ထံ အဆိုတင်သွင်း၊ ကျန်ရှိနေသေးသည့် အကျဉ်းကျခံသူများအား အချိန်ကာလနှင့် အခြေအနေပေါ် မူတည်ကာ ဖြစ်နိုင်သမျှ လွှတ်ငြိမ်းချမ်းသာခွင့် ပေးသွားရန် အစီအစဉ်ရှိကြောင်း သူရဦးရွှေမန်း ပြန်လည်ဖြေကြား
အကျဉ်းထောင်များအတွင်း ကျန်ရှိနေသော ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများနှင့် အခြားအကျဉ်းသားများကို ထပ်မံလွှတ်ပေးရန် ပြည်သူလွှတ်တော်ဥက္ကဋ္ဌထံ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ကြားဖြတ်အဆိုကို တင်သွင်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါအဆိုကို ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ၃၅ ရက်မြောက်နေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ "အာက်တိုဘာလ ၁၁ ရက်နေ့မှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုဖို့ အမိန့်ချမှတ်ပေးခဲ့တဲ့ နိုင်ငံတော်သမ္မတကြီးအပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီ ထောက်ခံချက်ကိုပါ ပြည်သူ့လွှတ်တော်အနေနဲ့ မှတ်တမ်းတင်ပေးဖို့ အဆိုတင်သွင်းလိုပါတယ်။ နောက်အဆိုတစ်ခုက အမျိုးသားအင်အားစုများ တည်ဆောက်နေချိန်မှာ အကျဉ်းထောင်အတွင်းကျန်ရှိနေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေနဲ့ ကျန်အကျဉ်းသားတွေ လွှတ်ပေးရေးကို အလေးထား စဉ်းစားပေးပါရန် နိုင်ငံတော်သမ္မတအား ပြည်သူ့လွှတ်တော် မှတဆင့် မေတ္တာရပ်ခံပါတယ်။ ဒီအဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး အနေနဲ့လည်း ခံစားမှုများဖြင့် လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်" ဟု ပြောကြားခဲ့သည်။
အဆိုပါ အဆိုကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက "အခု နိုင်ငံတော်သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့နေရာမှာ ဦးသိန်းညွန့်တင်ပြသလိုပဲ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီရဲ့ ထောက်ခံချက်နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သလို အဲဒီနေ့က ကျွန်တော်တို့ ပြည်သူ့လွှတ်တော်က တင်သွင်းတဲ့ အဆိုပြုချက်အပေါ် မူတည်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်သိရသလောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီမှာရော၊ နိုင်ငံတော်သမ္မတကြီးမှာရော ဦးသိန်းညွန့် ပထမတင်ပြထားတဲ့ အဆိုအတိုင်း အကျဉ်းကျခံနေရတဲ့ အကျဉ်းကျခံသူများအား အချိန်ကာလနှင့် အခြေအနေပေါ်မူတည်ပြီး ဖြစ်နိုင်သမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ရှိတဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုကို သီးခြားဖော်ပြဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်သမ္မတကြီးရဲ့ စေတနာ၊ အစိုးရစေတနာ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီရဲ့ စေတနာတွေကို ကျော်လွန်ဆောင်ရွက်တဲ့ သဘောမျိုးဖြစ်မှာဖြစ်ပါတယ်။ တစ်ဖက်ကလည်း ဒီအစီအစဉ်ရှိနေတယ်ဆိုတာ သိခြင်းအားဖြင့် ဦးသိန်းညွန့် တင်သွင်းခဲ့တဲ့ ပထမအဆိုကို မှတ်တမ်းတင်သွားဖို့ရှိပြီး ကျန်အဆိုဖြစ်တဲ့ အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးတဲ့ အကျဉ်းသားများအား အကျဉ်းထောင်မှ လွှတ်ပေးရေး သမ္မတကြီးထံ ပြည်သူ့လွှတ်တော်မှတဆင့် မေတ္တာရပ်ခံပါသည် ဟူသည့် အဆိုကို တင်သွင်းရန်မသင့်သေးကြောင်း ပြောကြားလိုပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ အောက်တိုဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်အမှတ် ၄၉/၂၀၁၁ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခြင်းနှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီ၏ ဆောင်ရွက်မှုအား ပြည်သူ့လွှတ်တော်မှ လှိုက်လှဲဝမ်းမြောက် ကြိုဆိုပါကြောင်း အဆိုအား ပြည်သူ့လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်" ဟု ပြောကြားခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ခု ရှိ အကျဉ်းသားများအနက်မှ နေသား ၅၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းရှိ စုစုပေါင်းအကျဉ်းသား ၆၃၅၉ ဦးကို စိစစ်ကာ အောက်တိုဘာလ ၁၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်များကို ခြောက်လအတွင်း နှစ်ကြိမ် နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကိုမင်းကိုနိုင်၏ ၄၉ နှစ်မြောက်မွေးနေ့ ပွဲသို့  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ကိုမင်းကိုနိုင် မွေးနေ့ ပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒု ဥက္ကဌ ဦးတင်ဦး
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်နှင့် အဖွဲ့ ချုပ်အဖွဲ့ ဝင်များ နိုင်ငံကျော်
ဟာသ သရုပ်ဆောင် ကိုဇာဂနာ ကိုစိုးထွန်း ၈၈ မျိုးဆက်သစ်ကျောင်းသားများ နိုင်ငံရေးအဖွဲ့ 
အစည်းများနှင့် ဦးသန်းထွန်း ဒေါက်တာဖုန်းဝင်း မျိုးရန်နောင်သိမ်း ဆောင်းဦးလှိုင် ဇေယျာသော်
အနဂ္ဂ ချစ်ခင်လေးစားကြသူများ လူ ၂၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
ရခိုင်ပြည်ရှိ ဘင်္ဂလီပြဿနာ အစိုးရအမြန်ဆုံးရှင်းလင်းသင့်
ဆက်စပ်သတင်းအနေဖြင့် emailမှဝင်ရောက်လာသည့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ  (စစ်တွေ) မှ ဘင်္ဂလီများ(သို့) ရိုဟင်ဂျာများ နှင့်ပတ်သက်သော ကန့်ကွက်ကြောင်းကြေငြာချက် ကိုထုတ်ပြန်ခဲ့ပါတယ်။
ယနေ့ ဒေသလုံခြုံရေး၊အမျိုးသားလုံခြုံရေးကိုထိခိုက်ပျက်ပြားလာနေပြီဖြစ်သည်။
ထို့အတွက်ကြောင့် ရခိုင်တိုင်းရင်းသားများ၏မူလဇာတိမပျောက်ပျက်ရေးနှင့်အမျိုးသားလုံခြုံရေးသည် လက်ရှိတိုင်းပြည်တာဝန်ယူနေသည့်နိုင်ငံတော်တွင် အပြည့်အဝတာဝန်ရှိသည်။ သမိုင်းကို အမှန်ဖြစ်ရေးနှင့်
လူမျိုးဘာသာ၊စရိုက်ကအစကွဲပြားနေသော လူမျိုး၏ဖြစ်စဉ်အမှန်ကိုဖေါ်ထုတ်သင့်သည်။
ထိုကိစ္စမှာ တိုင်းပြည်အစိုးရတရပ်အနေဖြင့်ခက်ခဲမည်မထင်ပါ။ တိုင်းပြည်တွင်သမိုင်းမှတ်တမ်းများထားရှိထားပြီးသားဖြစ်လျှင် ထိုကိစ္စကိုအမြန်ဆုံးရှင်းလင်းသင့်ကြောင်း၊
နောင်မှ လက်မနိုင်ချေမနိုင် ဖြစ်လျှင် လူမျိုးရေးတွင်မက ဘာသာရေးမှ တဆင့် မူစလင်တိုင်းပြည်များနှင့်ပါ
ပြဿနာများကို ဖြေရှင်းလာနိုင်စရာအကြောင်းရှိလာနိုင်သည်။ 
အောက်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ကြေငြာချက်မူရင်းဖြစ်သည်။( ပြည်သူ့အော်သံ)
ဂျပန်လာရင် ဝန်ကြီး ကို ဆန္ဒပြမယ်
2011-10-14
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ရှေ့တစ်ပတ် အောက်တိုဘာ (၂၀)ကနေ (၂၂)နေ့ထိ (၃) ရက်ကြာ ဂျပန်နိုင်ငံကို အလည်အပတ် သွားရောက်မယ်လို့ ဂျပန်နိုင်ငံက လာတဲ့ သတင်းတွေအရ သိရပါတယ်။
သမ္မတ ဦသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသား(၂၀၀)ကျော် ပြန်လည် လွတ်မြောက်လာအပြီးမှာ ဦးဝဏ္ဏမောင်လွင်ရဲ့ ဂျပန်ခရီးစဉ် ပေါ်လာတာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အနေနဲ့ ဂျပန်နိုင်ငံကို ရောက်ရင် ဂျပန်အစိုးရရဲ့ ဘယ်လို အဆင့်ရှိ ပုဂ္ဂိုလ်တွေနဲ့ တွေ့မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကတော့ ဦးဝဏ္ဏမောင်လွင်ကို ဆန္ဒပြကြမယ်လို့ မြန်မာ့အရေးလှုပ်ရှားသူ တိုကျိုမြို့က ဦးသန်းဆွေက RFAကို ပြော ပါတယ်။ “ကျနော်တို့တွေကတော့ ကြံ့ဖွံ့အစိုးရနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတဲ့ကိစ္စ၊ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ ကိစ္စတွေဟာ ကျေနပ် လက်ခံဖွယ်ရာ မရှိတဲ့ အတွက်ကြောင့်မို့လို့ ဒါကိုကန့်ကွက် ဆန္ဒပြဖို့တော့ ရှိနေပါတယ်။
တွေ့ဆုံဖြစ်ပြီ
နိုင်ငံကျော် ဟာသပညာရှင် ဇာဂနာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ
2011-10-17
ပြီးခဲ့တဲ့ ၅ ရက်ကမှ မြစ်ကြီးနား အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာတဲ့ ဟာသပညာရှင် ဦးသူရ ခေါ် (ကို)ဇာဂနာကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေအိမ်မှာ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။
RFA
နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖြစ်သည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဟာသပညာရှင် ဦးသူရ ခေါ် ဇာဂနာ တို့ ဖြစ်ပါသည်။
ဦးသူရကို ဒီကနေ့မနက်ပိုင်း နေအိမ်မှာ လာရောက်ခေါ်ဆောင်သွားတာပါလို့ ခယ်မဖြစ်သူ မငြိမ်းက RFA ကို အတည်ပြု ပြောဆိုပါတယ်။ မနက်ပိုင်း ဆယ်နာရီ လေးဆယ့်ငါးမှာ ကိုသူရကို လာခေါ်သွားပြီး ဆယ့်နှစ်နာရီ တစ်နာရီလောက်မှပြန်ရောက်လာတဲ့အကြောင်း မငြိမ်းက RFA ကိုပြောပါတယ်။ အသေးစိတ်ကိုတော့ မငြိမ်းက ပြောဆိုခြင်း မရှိပါဘူး။ ဟာသပညာရှင် ဇာဂနာဟာ ထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့တောင်းဆိုထားပြီး နိုင်ငံရေးအကျဉ်းသားတွေကို ကိုယ်တိုင် ထောင်ဝင်စာသွားတွေ့ဖို့ စီစဉ်ထားတဲ့အကြောင်း အကျဉ်းထောင်ကလွတ်လာပြီးနောက် RFA ပြောဆိုခဲ့ပါတယ်။
ပြန်လည်လွတ်မြောက်လာသော လူထုအတွက်တိုက်ပွဲဝင်လျှက်ရှိသောမစုစုနွေး
လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူပြန်လည်လွတ်မြောက်လာသောမစုစုနွေးအားကြိုဆိုသူများနှင့်
တွေ့ရစဉ် ဗီဒီယိုသတင်းအားကြည့်ရန်
အားလုံးအတွက် ရည်စူးတဲ့ မင်းကိုနိုင် မွေးနေ့
Minkoning6s
ကိုယ်တကိုယ်တည်း အတွက် လုပ်တဲ့ပွဲ မဖြစ်စေချင်ဘူး၊ အားလုံးအတွက် အမှတ်တရ ဖြစ်စေချင်တယ် ဆိုသည့် ကိုမင်းကိုနိုင်
အားလုံးအတွက် ရည်စူးတဲ့ မင်းကိုနိုင် မွေးနေ့
နယူးဒေလီ (မဇ္စျိမ) ။       ။ “ကိုယ်တကိုယ်တည်း အတွက် လုပ်တဲ့ပွဲ မဖြစ်စေချင်ဘူး၊ အားလုံးအတွက် အမှတ်တရ
ဖြစ်စေချင်တယ်” ဟူသည့် စကားကို ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသူ ကျိုင်းတုံ အကျဉ်းထောင်မှ ၈၈ မျိုးဆက်
ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အောက်တိုဘာလ ၁၈ ရက်နေ့မှာ ကျရောက်မည့် သူ့မွေးနေ့အတွက် စကားလက်ဆောင် ပါးလိုက်ကြောင်း သူ၏ ညီမဖြစ်သူ မမီမီလွင်က မဇ္စျိမ ကို ပြောသည်။
အသက် ၄၉ နှစ် ပြည့်မြောက်တော့မည့် ကိုမင်းကိုနိုင်က အင်္ဂါနေ့တွင် ပြုလုပ်မည့် မွေးနေ့ပွဲတွင် စကားလက်ဆောင် ပါးရန်  ယခုအခါမှာကြားထားသည်။
အိန္ဒိယ-မြန်မာ အပြန်အလှန် ငြင်းချက်ထုတ်ခဲ့ကြ
နယူးဒေလီ (မဇ္ဈိမ) ။        ။ အိန္ဒိယ ဆန့်ကျင်ရေး သူပုန်များ တည်နေရာအား ဂြိုလ်တုမြေပုံ ပေးပါက တိုက်ပေးနိုင် မည်ဖြစ်ကြောင်း မြန်မာဘက်က ပြောကြားလိုက်သကဲ့သို့ အိန္ဒိယဘက်မှလည်း ကချင်လွတ်မြောက်ရေးတပ် KIA နှင့် အဆက်အဆံ မရှိကြောင်း ပြောဆိုခဲ့သည်။
နှစ်နိုင်ငံ ဆက်ဆံရေး အရှိန်အဟုန် တိုးမြှင့်ရန် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့် ဝန်ကြီး ၁၃ ဦးပါ ကိုယ်စား လှယ် အဖွဲ့ လေးရက်ကြာ လာရောက်စဉ် မြန်မာ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု-ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် အိန္ဒိယ အမျိုးသား လုံခြုံရေး အကြံပေး အရာရှိ Shiv Shanker Menon တို့ နယူးဒေလီမြို့၌ တွေ့ဆုံ ပြောဆိုခဲ့ကြခြင်း ဖြစ်
ကြောင်း တနင်္ဂနွေနေ့ထုတ် Hindustan Times သတင်းစာကြီးတွင် ရေးသားထားသည်။
စနေနေ့က အဆုံးသတ်ခဲ့သော ဦးသိန်းစိန် ခရီးစဉ်အတွင်း အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာ တခုဖြစ်သည့်
နှစ်နိုင်ငံ နယ်စပ် လုံခြုံရေး ကိစ္စတွင် အပြန်အလှန် စွပ်စွဲချက်များအား အသီးသီး တုန့်ပြန်လိုက်ကြခြင်းလည်း ဖြစ်
သည်။
The Red Corridor ver 1
KIA တပ်များသို့ နယူးဒေလီ အစိုးရမှ ရဟတ်ယာဉ်များဖြင့် ရိက္ခာများ ချပေးခဲ့သည် ဟူသော စွပ်စွဲချက်နှင့် အိန္ဒိယ ပိုင် Tirap-Changlang ဒေသတွင်း KIA တပ်များ တပ်စွဲထားသည် ဟူသော မြန်မာဘက်မှ စွပ်စွဲချက်ကို အိန္ဒိယ ဘက်မှ ငြင်းဆို လိုက်သည်။
နေပြည်တော် - ရန်ကုန်အမြန်လမ်း မိုင်တိုင်အမှတ်(၁၀၅) မှ စိုးရိမ်ဖွယ်ရာ ဖြစ်စဉ်တစ်ခု ။
by Thet Naing Oo on Sunday, 16 October 2011 at 00:54
နေပြည်တော် - ရန်ကုန်အမြန်လမ်း မိုင်တိုင်အမှတ်(၁၀၅) မှ စိုးရိမ်ဖွယ်ရာ ဖြစ်စဉ်တစ်ခု ။
Posted by khin on အောက်တိုဘာ 15, 2011 at 12:00am
သတင်းပို့မယ် View Blog
ဒီစာကိုကျွန်တော်ရေးရတဲ့အကြောင်းကတော့ ကျွန်တော့်လိုအခြားသူတွေမဖြစ်စေလိုသောကြောင့်ပါ။
ဖြစ်စဉ်ကတော့ အောက်တိုဘာလ (၉)ရက်၊ ၂၀၁၁ခုနှစ်ရဲ့ ပူပြင်းလှတဲ့ နေ့လည်ခင်း တစ်နာရီမှာ ကျွန်တော် နေပြည်တော်ကနေ ရန်ကုန်ကို အခုခေတ် ရန်ကုန်-နေပြည်တော် ကားလိုင်းမှာ ပေါ်ပျူလာဖြစ်ပြီးတော့ လူကြိုက် များနေတဲ့ ခေတ်မှီအထူးအမြန်ကားကြီးကိုစီးပြီး ရန်ကုန်ကိုပြန်လာခဲ့တယ်။
ကားပေါ်မှာပါလာတဲ့ဝန်ထမ်း အမျိုး သမီးကတော့ဧည့်ဝတ်ကျေပါတယ်ဗျာ။ ဒါပေမယ့် မိုင်တိုင်အမှတ်(၁၀၅)လည်းရောက်ရော ပြဿနာက စတွေ့တော့တာပါပဲ။ မိုင်တိုင်အမှတ် (၁၀၅) ယာဉ်ရပ်နားစခန်းရောက်တဲ့အခါမှာ ၀န်ထမ်းအမျိုးသမီးက ကားပေါ် ပါလာတဲ့ ခရီးသည်တွေကို ကားအောက်ကိုဆင်းပြီးတော့ စားသောက်ဆိုင်မှာ အနားယူ၊စားသောက်နိုင်ပြီး
မြန်မာ နှင့် မလေးရှား အကျဉ်းသားချင်း လဲလှယ်မည်
>> Monday, October 17, 2011
မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၊ (အကျဉ်းသား) လဲလှယ်ရေး အစီအစဉ်ကို စတင်ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးမှ ပြောဆိုပါသည်။ ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein က မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် နှင့် လွှတ်တော်တွင် ယနေ့ (၁၇.၁၀.၂၀၁၁) တွင် ဆွေးနွေးခဲ့ပါသည် ဟု ပြောဆိုပါသည်။