Sunday, April 1, 2012

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းတိုများ

ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့တွင် မဲရလာဒ်တင်ဆက်မှုများကို လာရောက်ကြည့်ရှုအားပေးသူများ


မဲပေးချိန်ကုန်ဆုံးချိန် ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ရှေ့တွင် မဲရလာဒ်တင်ဆက်မှုများကို လာရောက်ကြည့်ရှု အားပေး သူ များကို ဧပြီလ ၁ ရက် ၂ဝ၁၂ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)




ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့ရှိ မဲရလာဒ်တင်ဆက်မှုကို လာရောက်ကြည့်ရှုအားပေးသည့် ပါတီထောက်ခံသူတဦးကို ဧပြီလ ၁ ရက် ၂ဝ၁၂ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-လင်းဘိုဘို၊ မဇ္ဈိမ)




နိုင်ငံခြားသား ဧည့်သည်များကို ဧပြီလ ၁ ရက် ၂ဝ၁၂ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။

ရွေးကောက်ပွဲဆိုင်ရာနောက်ဆုံးသတင်းများ

ဧပြီ(၁) ရက် ကြားဖြတ်ရွေးကောက်ပွဲ နှင့်ပတ်သက်သောနောက်ဆုံးရသတင်းများကို အောက်ပါလင့်တွင်ကြည့်နိုင်ပါသည်။
(ရွေးကောက်ပွဲဆိုင်ရာ သတင်းများ) စာသားပေါ်ကလစ်နှိပ်ပါ။

ရွေးကောက်ပွဲဆိုင်ရာအထူးသတင်းများ


အဖွဲ့ချုပ် ခွပ်ဒေါင်း အမှတ်အသားနေရာမှာ ဖယောင်းသုတ်ထားမှုများ တပြည်လုံး အတိုင်းအတာမှာ ဖြစ်ပေါ်နေကြောင်း ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်း မှပြောဆိုသွားပြီး မကြာခင် ရွေးကောက်ပွဲ ကော်မရှင်အား ဖက်စ်ဖြင့်ပေးပို့ကာအများသိရှိနိုင်ရန် ကြေငြာချက်ထုတ်ပြန်မည်ဖြစ်ကြောင်း ပြောဆိုသွားပါတယ်..။
 
စစ်ထောက်လှမ်းရေးဟောင်းဗိုလ်ချုပ်ကြီးဦးခင်ညွှန်(ငြိမ်း)၏သားဦးရဲနိုင်ဝင်းကမရမ်းကုန်မြို့နယ်NLDပြည်သူ့လွှတ်တ်ာကိုယ်စားလှယ်လောင်းဒေါ်မေ၀င်းမြင့်အားဆန္ဒမဲပေးခဲ့ကြောင်း မရမ်းကုန်းမဲဆန္ဒနယ်တွင်သတင်းရယူနေသော Messenger သတင်းထောက်အားပြောသည်။

ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်အနိုင်ရပြီ။


ကော့မှူးမဲဆန္ဒနယ်မြေတွင် မဲရေတွက်မှု၇၀ရာခိုင်နှုန်းပြီးစီးမှုတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းကြည်မဲအပြတ်အနိုင်ရရှိကြောင်းနှင့် မဲဆန္ဒနယ်မြေ (၃၀)ကျော်ခန့် အနိုင်ရနေပြီဟု ခန့်မှန်းကြောင်း NLD မှထုတ်ဖေါ်ပြောဆိုလိုက်သည်။ နေရာအနှံ့တွင် ညစ်ပါတ်မှုများ၊မဲမသမာမှုများကို ဆက်လက်အရေးယူသွားနိုင်ရန်အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရွေးကောက်ပွဲအကြို ရန်ကုန်တိုင်းတွင်းမြင်ကွင်း (ဗီဒီယို)

စနေ, 31 မတ် 2012(သတင်း-ဗီအိုအေ)


မတ်လ ၃၁၊ ၂၀၁၂။ ရွေးကေက်ပွဲအကြို လူထုသဘောထားအသီးသီးကို ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ဗွီအိုအေ သတင်းထောက် ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားတာပါ။

ဒေါ်စု ကော့မှုးမြို့နယ် ရောက်ရှိ (ဗွီဒီယို)သတင်းဗီအိုအေ

ကောမှုးမြို့နယ် ပြည်သူလွှတ်တော်မဲဆန္ဒနယ်ကနေ ၀င်ရောက် အရွေးခြယ်ခံမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှုးမြို့နယ် ၀ါးသင်္ခံကျေးရွာကို မတ်လ ၃၁ ရက်နေ့ ညပိုင်းမှာ ရောက်ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့ လာရောက်စဉ်မှာပဲ ကော့မှုးမှာ NLD ပါတီ မဲဆွယ်ရေးအဖွဲ့တွေကို အနှောက်အယှက်တွေ ရှိခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် စိုးရိမ်ခဲ့ကြပါတယ်။

    

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဥာဏ်ဝင်းကတော့ ဒီလို နှောက်ယှက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ ယူဆပြီး၊ ဒေါ်အာင်ဆန်းစုကြည် ခရီးစဉ်အတွက် စိုးရိမ်ခဲ့တယ်လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ ၀ါးသင်္ခံကျေးရွာကို ငြိမ်းငြိမ်းချမ်းချမ်းရောက်ရှိ အနားယူနေပြီး၊ ဧပြီ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ အဲဒီက မဲရုံတွေကို လှည့်လည်ကြည့်မယ်လို့ သိရပါတယ်။

ယနေ့ ကော့မှူးမြို့ နယ် မြင်ကွင်း (ဓါတ်ပုံ)သတင်း

ကော့မှူးကိုယ်စားလှယ်လောင်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား ကော့မှူးမြို့ နယ်မှာ ယနေ့ တွေ့ ရစဉ် ဓါတ်ပုံ(ရိုက်တာ)