Sunday, May 27, 2012

ရန်ကုန် လျှပ်စစ်မီးရရှိရေး စတုတ္ထနေ့ ဆန္ဒထုတ်ဖော်ခဲ့

Sunday, May 27, 2012

နော်ဆဲကလယ် (ကေအိုင်စီ)
လျှပ်စစ်မီး အပြည့်အ၀ ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို ယမန်နေ့(မေလ ၂၅ရက်နေ့)က စတုတ္ထနေ့အဖြစ် ရန်ကုန်မြို့တွင် ဆက်လက် စီတန်းလှည့်လည်ခဲ့ကြသည်။

ဆူးလေဘုရားလမ်းရှိ လက်ရွေးစင် လက်ဖက်ရည်ဆိုင်ရှေ့မှ ည ၇နာရီတွင် လူ ၂၀၀ကျော်ခန့်မှ ဆောင်ပုဒ်များ၊ ဖယောင်းတိုင်မီးများ ကိုင် ဆောင်ကာ မီးပွိုင့်ကို ဖြတ်ကျော်ပြီး ဆူးလေးမီးသတ်အရှေ့မှ ဆူး လေအ၀ိုင်းပတ်လမ်းသို့ နှစ်ယောက်တစ်တွဲစီဖြင့် လက်ဝဲရစ် သုံးပတ် လှည့်လည်ကြပြီးနောက် ကြာသပတေးနံ ဂြိုလ်ထောင့်သို့ သွားရောက်ကာ ဆီမီးပူဇော်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ



(Photo: AFP)
ထိုင်းမြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းတွင် အစားအသောက် ခွဲတမ်းအတွက် တန်းစီနေကြသော မြန်မာ တိုင်းရင်းသား ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: AFP)

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့အတူ နယ်စပ်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေက လာတဲ့သတင်းတွေအရ သိရပါတယ်။

သမ္မတဦးသိန်းစိန် အကြံပေး ကောင်စီ ဖွဲ့စည်းရန်ပြင်ဆင်

နိုင်ငံတော် သမ္မတအား လူမှုရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ နည်းပညာ ကဏ္ဍစတဲ့ အခြားသော ကဏ္ဍတွေနဲ့ ဆက်စပ်ပြီး အကြံပြုမယ့် လူမှုစီးပွားရေး အကြံပေးကောင်စီကို နာယက တစ်ဦး၊ အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းရန် ပြင်ဆင်နေတယ်လို့ အဆိုပါ အကြံပေးအဖွဲ့ရဲ့ လျာထားစာရင်းမှာ ပါဝင်သူတစ်ဦးက အာအက်အေကို ပြောဆိုပါတယ်။

ကလေးတဦးကို ထိုးကြိတ်မှုအတွက် မျိုးကျော့မြိုင် တိုင်ကြားခံရ


2012-05-26
အဆိုတော်မျိုးကျော့မြိုင်က အရွယ်မရောက်သေးတဲ့ ကလေးတဦးကို ငွေကြေးခိုးယူမှုနဲ့ စွပ်စွဲပြီး ထိုးကြိတ်ခဲ့တဲ့ သတင်းနဲ့ အဲဒီလို နှိပ်စက်ခံထားရတဲ့ ကလေးရဲ့ ဓါတ်ပုံတွေကို အင်တာနက်အီးမေးတွေ ကနေ တဆင့် လက်ခံရရှိခဲ့ပါတယ်။
နှိပ်စက်ခံရတဲ့ ကလေးအမည်က မောင်ဟိန်းမင်းသူ ဖြစ်ပြီး ဆေးရုံမှာ ကုသမှုခံခဲ့ရပြီးတာနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။  ဒီ ကိစ္စနဲ့ပတ်သက်လို့ မောင်ဟိန်းမင်းသူ နဲ့ အဆိုတော် မျိုးကျော့မြိုင်တို့ကို RFA အဖွဲ့သားတွေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။  ကိုနေရိန်ကျော်ရဲ့ တင်ပြချက်ကို
ထိုလင့်ကိုနှိပ်၍http://www.rfa.org/burmese/news/child-abuse-05262012131106.html/child-abuse-05262012131106.html/b0526nrk7.mp3 နားဆင်ပါ။

စက်ရုံငါးခု လုပ်သား ပြဿနာ ပြေလည်မှုရ


စက်ရုံငါးခု လုပ်သား ပြဿနာ ပြေလည်မှုရလုပ်ခလစာ ပြဿနာဖြင့် တစ်ရက်လျှင် စက်ရုံ နှစ်ရုံခန့် တိုးမြှင့် ဆန္ဒပြမှု ဖြစ်ပေါ်နေသော လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံ ငါးရုံတွင် လုပ်သား ပြဿနာ ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။
ပုလဲ၊ စံပယ်ပွင့်၊ YJ၊ အာရှနှင်းဆီ အထည်ချုပ် စက်ရုံ လေးရုံနှင့် Miss Style ဖိနပ် စက်ရုံတို့မှ အလုပ်သမား ပြဿနာများ ပြေလည် သွားပြီ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

ကျောက်တံတားမြို့နယ်NLD ရုံးခန်းဖွင့်ပွဲ အခန်းအနားတွင်ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်း


မေးခွန်း(၃)ခု ကို ပြန်လည်ဖြေကြားပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း (အသံဖိုင်)


မေလ(၂၅)ရက်နေ့  ညနေ ၆နာရီ အချိန်တွင် ကျောက်တံတားမြို့ နယ်ရှိ
NLD မြို့ နယ်ရုံးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား မြို့ နယ်နေ ပြည်သူတို့ က
အောက်ပါ မေးခွန်းသုံးခုကို မေးမြန်းခဲ့သည်----

ပြည်မြို့ ဖယောင်းတိုင် လှုပ်ရှားသူများအား အကြမ်းဖက်ခဲ့သည် မြင်ကွင်း (ရုပ်သံ)

ပြည်မြို့တွင် လျှပ်စစ်မီးရရှိရေး အတွက် မေ ၂၅ ရက်က ဆန္ဒပြ တောင်းဆိုသူအချို့အား အာဏာပိုင်အဖွဲ့အစည်းများမှ အဓမ္မ အင်အားသုံး အကြမ်းဖက်ဆောင်ရွက်ခဲ့တာ ကိုဖေါ်ပြပါ ဗီဒီယိုဖိုင်တွင်မြင်တွေ့ရမှာဖြစ်ပါတယ်။
  လက်ရှိ တိုင်းပြည်ပြောင်းလဲရေးများနှင့် ပြုပြင်နေဆဲကာလမှာ ဦးသိန်းစိန်အစိုးရ အဖွဲ့သည် ပြည်သူလူထု၏ ယုံကြည်လာမှု့ကို ပြန်လည်တည်ဆောက်နေသည့်အချိန်လည်းဖြစ်သင့်သည်။
ယခင်အချိန်များစွာကပင်တိုင်းပြည်ပြည်သူလူထုအပေါ် အုပ်ချုပ်ရေးအာဏာပိုင်များသည် အာဏာဖြင့် လုပ်ချင်တာကို ဇွတ်အတင်းလုပ်အနိုင်ကျင့်ခဲ့သည်ကို ယခုအချိန်တွင် ပြောင်းလဲသင့်ပေသည်။အဖက်ဖက်ကတိုင်းပြည်ချွတ်ချုံကျနေခြင်းသည် ထိုသို့သောအကြမ်းဖက် အုပ်ချုပ်မှု့များကြောင့် ဆိုလျှင်မှားမည်မထင်ပါ။ရဲ ၊လုံထိမ်းစသော အာဏာပိုင်များကို ဖွဲ့စည်းထားသော သူများသည်မည်သူများပါသနည်း။
၎င်းအဖွဲ့အစည်းများကို မည်သူက ထိုသို့ဆောင်ရွက်ရန် အမိန့်ပေးထားပါသနည်း။
ထိုအဖွဲ့အစည်းများကို ဖွဲ့စည်းထားသူများ၊ အုပ်ချုပ်အမိန့်ပေးနေသူများသည် တွေးခေါ်ဆင်ခြင်နိုင်အားနည်းသူများ၊ အသိဥာဏ်နည်းသူများ၊ ပြသနာကို ကိုင်တွယ်မဖြေရှင်းတတ်သူများ၊ ကအုပ်ချုပ်နေခြင်းကြောင့်၊ နည်းလမ်းကျဆောင်ရွက်တတ်သော စနစ်ကို မသိရှိခြင်းကြောင့်များသာ ယခုကဲ့သို့ အကြမ်းဖက်ဖြေရှင်းခြင်းများကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။အတိုချုပ်ပြောလျှင် ပညာအသိဥာဏ် နှင့်
နိုင်ငံတကာ အသိုင်းအဝိုင်းများနှင့် တန်းတူမဆက်ဆံနိုင်ခြင်း အသိဥာဏ် နောက်ကျနေသူများတိုင်းပြည်ကို
အုပ်ချုပ်မင်းလုပ်နေခဲ့ကြခြင်းကြောင့်ဖြစ်သည်ဟုသုံးသပ်ရပေမည်။( ပြည်သူ့အော်သံ)

ရန်ကုန် လျှပ်စစ်မီးရရှိရေး စတုတ္ထနေ့ ဆန္ဒထုတ်ဖော်ခဲ့

မေလ ၂၆ရက်၊ ၂၀၁၂။ နော်ဆဲကလယ် (ကေအိုင်စီ)
လျှပ်စစ်မီး အပြည့်အ၀ ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲကို ယမန်နေ့(မေလ ၂၅ရက်နေ့)က စတုတ္ထနေ့အဖြစ် ရန်ကုန်မြို့တွင် ဆက်လက် စီတန်းလှည့်လည်ခဲ့ကြသည်။
ဆူးလေဘုရားလမ်းရှိ လက်ရွေးစင် လက်ဖက်ရည်ဆိုင်ရှေ့မှ ည ၇နာရီတွင် လူ ၂၀၀ကျော်ခန့်မှ ဆောင်ပုဒ်များ၊ ဖယောင်းတိုင်မီးများ ကိုင် ဆောင်ကာ မီးပွိုင့်ကို ဖြတ်ကျော်ပြီး ဆူးလေးမီးသတ်အရှေ့မှ ဆူးလေအ၀ိုင်းပတ်လမ်းသို့ နှစ်ယောက်တစ်တွဲစီဖြင့် လက်ဝဲရစ် သုံးပတ် လှည့်လည်ကြပြီးနောက် ကြာသပတေးနံ ဂြိုလ်ထောင့်သို့ သွားရောက်ကာ ဆီမီးပူဇော်ခဲ့ကြသည်။