Tuesday, February 7, 2012
အာဆီယံအတွင်းရေးမှူး မြန်မာနိုင်ငံ သွားမည်
သတင်း-ဒီဗီဘီ ဘလောက်မှ
အာဆီယံ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆူရင်ပစ်ဆူဝမ်ဟာ ဖေဖော်ဝါရီ ၂၀၊ ၂၁ ရက်တွေမှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်ရဲ့ ဖိတ်ကြားချက်နဲ့ သွားမယ့် ဒီခရီးစဉ်မှာ
မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဖို့ မျှော်လင့်ထားတယ်လို့ အာဆီယံရဲ့ အင်တာနက်
စာမျက်နှာမှာ ရေးသားထားပါတယ်။ 

၂၀၁၄မှာ
မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အခါ ပြင်ဆင်ထားရှိမှုတွေကို
နေပြည်တော်မှာ ဆွေးနွေးသွားမယ်လို့လည်း ရေးသားထားပါတယ်။ အရင်နှစ်
အင်ဒိုနီးရှားနိုင်ငံ ဘာလီ ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ
မြန်မာကို ဥက္ကဋ္ဌနေရာပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ရန်ကုန်လေဆိပ် စစ်ဘက်လုံခြုံရေးအဖွဲ့များ ရုတ်သိမ်းမည်
မျိုးသိဏ်း
|
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၇ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၉ မိနစ်
မဇ္ဈိမသတင်းဌာန ။ ။ ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် လုံခြုံရေးချထားသည့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (တပ်မတော်လေ) နှင့် တပ်မတော်လေ စစ်သည်များကို မတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ ရုတ်သိမ်းမည်
ဖြစ်ကြောင်း သိရသည်။
လက်ရှိ လေဆိပ်လုံခြုံရေး ပူးတွဲတာဝန်ယူထားသည့် အဖွဲ့ဝင်များအနက်မှ စစ်ဘက်လုံခြုံရေး အဖွဲ့ဝင်များကိုသာ ရုတ်သိမ်းခြင်းဖြစ်ပြီး မတ်လ ၁ ရက်နေ့မှ စ၍ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လုံခြုံရေး အဖွဲ့များကသာ လေဆိပ် လုံခြုံရေးကို တိုက်ရိုက်ထိန်းချုပ် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်/ကျဉ်းဟောင်းများကို နိုင်ငံကူးလက်မှတ် ထုတ်မပေး

By ဇာဏီ ၊ ဖေဖော်ဝါရီလ ၇ ရက်နေ့၊ ၂၀၁၂ ခုနှစ်။
၂၀၁၁ခုနှစ် မေလ ၁၇ရက်နေ့က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြင်းခြံထောင်မှ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုရဲမင်းဦးအား နိုင်ငံကူးလက်မှတ် (passport) စာအုပ် ထုတ်ပေးခြင်းမရှိပဲ ဆိုင်းငံ့ထားခဲ့ပါတယ်။
ကိုရဲမင်းဦးဟာ နိုင်ငံကူးလက်မှတ် (passport) ကို လျှောက်ထားရာမှာ လိုအပ်တဲ့ ပုံစံ ၁၇ ၊ပုံစံ ၁၉ ကို ပြုလုပ်ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထဲက စတင်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၂ ဖေဖော်ဝါရီလ ၄ ရက်နေ့ကို စာအုပ်ထုတ်ယူရန် ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ကိုရဲမင်းဦး သွားရောက်ခဲ့တဲ့အခါမှာတော့ “ပြည်ထဲရေး ဝန်ကြီးရုံးကို တင်ထားတာ သူတို့ဆီကိုလဲ ပြန်ရောက်မလာသေးဘူး။ ဒါကြောင့် ပြည်ထဲရေး ဝန်ကြီးရုံးက ပြန်မကျမချင်း အချိန်အကန့်အသတ် မရှိ ကိုရဲမင်းဦး၏ ပတ်စပို့ကို ထုတ်ပေးခွင့်ကို ရပ်ဆိုင်းထားမှာ ဖြစ်တယ်” လို့ တာဝန်ရှိသူတဦးက အကြောင်းပြန်ခဲ့ပါတယ်။
“ကျနော်တို့ အကျဉ်းထောင်တွေမှာလဲ နှစ်ရှည်လများ နေခဲ့ပြီးပြီလေ။ ပြန်ထွက်လာတော့ ကျနော်တို့ဆီမှာ ရှိနေတဲ့ ပညာရေးကိုလဲ ကျနော်တို့ တက္ကသိုလ်တွေမှာ သွားပြီးတော့ ပြန်လည်လျှောက်ထားတဲ့အခါမှာ တိတိကျကျ အဖြေ မပေးဘူး။ မော်ကွန်းထိန်းတို့ ပါမောက္ခချုပ် စသဖြင့် သူတို့က အတိအကျ ဖြေကြားချက် မပေးတဲ့အတွက် ကျနော်တို့ ပြည်ပတိုင်းပြည်တွေမှာ တက္ကသိုလ် ပညာရပ်တွေကို ဆက်လက် သင်ကြားဖို့အတွက်က နိုင်ငံကူးလက်မှတ်(Passport) လိုအပ်ပါတယ်။ အဲတာကြောင့် တရားဝင် လမ်းကြောင်းအရ တရားဥပဒေ စိုးမိုးရေးကို ဦးတည်တဲ့အတွက်ကြောင့် အပြင်ကိုသွားပြီး တက္ကသိုလ်တက်ဖို့အတွက် နိုင်ငံကူးလက်မှတ် သွားလျှောက်တယ်၊ သွားလျှောက်တော့ မပေးဘူး။ အဲတော့ နိုင်ငံရေး ကြောင့် မပေးတာလို့ ဒီလိုပဲ ယူဆတယ်လေ” လို့ ကိုရဲမင်းဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
ပုံမှန်အားဖြင့် မြန်မာနိုင်ငံသားတယောက်က နိုင်ငံကူးလက်မှတ်( Passport ) လျှောက်ထားမယ်ဆိုရင် အချိန် ၂၂ ရက်ကနေ ၁လ သာ ကြာမြင့်တာ ဖြစ်ပါတယ်။
“ကျနော့ ခံစားချက်ကတော့ သိပ်စိတ်မကောင်းဘူးဗျ။တိုင်းပြည်က ပြုပြင်ပြောင်းလဲရေးနေရာကို ရောက်နေပြီလေ။ ဒီလိုအနေအထားတွေ မရှိသင့်တော့ဘူး။ ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်တိုင်းပြည် ကောင်းရာကောင်းကျိုး ပြုလုပ်တဲ့အခါမှာ ကျနော်တို့ ကျောင်းသားတွေကလဲ တတပ်တအား ကျရာတာဝန် ထမ်းဆောင်နေတဲ့အခါမှာ အဲတာမျိုးတွေပေါ့ ကျနော်တို့ကို ပိတ်တာတို့ တားတာတို့ မလုပ်သင့်တော့ဘူးလို့ ပြောချင်ပါတယ်” လို့ ကိုရဲမင်းဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။
တောင်ငူနယ်တွင် အစိုးရတပ်မှ ဆိုင်ကယ်ချောဆွဲကာ တောမီးရှို့နေ

အစိုးရစစ်တပ် တပ်မ(၆၆)မှူး ဗိုလ်မှူးချုပ်ဝင်းဘိုရွှေ ဦးဆောင်သည့် ရိက္ခာတင်ကားအစီး ၁၅၀ကျော်သည် ပဲခူးတိုင်း တောင်ငူ မြို့နယ်၊ ဘာဂလိဒေသသို့ ရောက်ရှိလာကာ ဒေသခံများနှင့် ၎င်းတို့၏ ဆိုင်ကယ်များကို ရိက္ခာသယ်ပို့ခိုင်းခြင်း၊ ကားလမ်း ဘေး မီးရှို့ခြင်းများကို ယခု လဆန်းပိုင်းမှစ၍ လုပ်ဆောင်လျှက်ရှိသည်။
တပ်ရိက္ခာများ သယ်ဆောင်လာသည့် ကားများမှာ ဇန်န၀ါရီလ ၂၉ရက်နေ့တွင် အစီး ၆၀၊ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် အစီး ၅၀နှင့် ဖေ ဖော်ဝါရီလ ၄ရက်နေ့တွင် ၄၁စီးဖြစ်ပြီး ဘောဂလိမှ ၄၈မိုင်စခန်းနှင့် ကြီးချောင်းစခန်းများသို့ ဆိုင်ကယ်နှင့် လူများကို ချောဆွဲကာ
လှိုင်သာယာစက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ
![]() |
လှိုင်သာယာရှိ တိုင်ရီ ဖိနပ်စက်ရုံမြင်ကွင်း |
ရန်ကုန်တိုင်း
လှိုင်သာယာ စက်မှုဇုန် ၃ က တရုတ်အမျိုးသားပိုင် တိုင်ရီ (TAI YI)
ဖိနပ်စက်ရုံမှာ လုပ်အားခလစာ တိုးမြှင့်ရလိုမှုအတွက် အလုပ်သမား
ရာပေါင်းများစွာ ဒီကနေ့ မနက် ၇ နာရီကစပြီး အလုပ်မဆင်းဘဲ
ဆန္ဒပြကြပါတယ်။
ဖိနပ်စက်ရုံက
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွက် ပေးရမယ့် လုပ်ခလစာတွေ
ဖြတ်တောက်ခဲ့တဲ့အတွက်ကြောင့် ဆန္ဒပြကြတာလို့ အလုပ်သမားတွေက
ပြောပါတယ်။
ဇန်နဝါရီလအတွင်း
တရားဝင်ပိတ်ရက် ၅ ရက်အပြင် တရုတ်နှစ်သစ်ကူး ၅ ရက်ပါ စက်ရုံပိတ်ပြီး
ပိတ်ရက်တွေအတွက် လစာထဲက ဖြတ်တောက်တာကြောင့် အလုပ်သမားတွေရဲ့
စားဝတ်နေရေးကို ထိခိုက်တဲ့အတွက် မဖြတ်တောက်ဖို့ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ အလုပ်သမားတဦးက
ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေသည့် စာအုပ်ဖြန့်ချီ
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့
ပြင်ဆင်နေချိန်မှာပဲ သူ့ကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်ထားတယ်ဆိုတဲ့
စာအုပ်တအုပ်ကို ဖေဖော်ဝါရီ လဆန်းမှာ ဖြန့်ချိလိုက်ပါတယ်။

အောင်မြတ်ဦး
ရေးတဲ့ ဒေါ်အောင်ဆန်းစုကြည် စာအုပ်ဟာ အရင် အစိုးရပိုင်
သတင်းစာတွေမှာပါတဲ့ ဆောင်းပါးတွေပုံစံ ရေးထားတာလို့
စာအုပ်ဖတ်ရှုခဲ့တဲ့ မန္တလေးမြို့နေ သတင်းထောက်တဦးက ပြောပါတယ်။
“အထဲမှာဆို
စုကြည်တို့ ဘာတို့ လုပ်ထားတယ်။
မန္တလေး၌ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ကို ကြံ့ဖွတ်က ခြိမ်းခြောက်
မန္တလေးမှ ပန်းချီချစ်သူတဦးရင်ဖွင့်ထားသောသတင်းတပုဒ်ကိုပြန်လည်တင်ပြလိုက်ပါတယ်။
ရည်ရွယ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ပြည်သူလူထုနှင့်တွေ့ဆုံမှု့များစည်းရုံးရေးလုပ်ဆောင်နေစဉ် လုံခြုံရေးသတိမပြတ်စေရန်နှင့်ဒေါ်အောင်ဆန်းစုကြည်အပေါ် မလိုမုန်းတီးသူအချို့၏မဆင်မချင် လုပ်ကြံမှု့မျိုးများမပေါ်ပေါက်စေရန်အထူးသတိထားရန်လိုအပ်ကြောင်း။
အောက်ဖေါ်ပြပါသတင်းများကို ဖတ်ရှု့ခြင်းဖြင့် သိရှိနိုင်ပေသည်။
တိုင်းပြည်ပြောင်းလည်းရေးနှင့်စီးရုံးရေးလုပ်ငန်းများဆောင်ရွက်နေချိန်တွင်
ပြည်သူလူထုအများစုကဒေါ်အောင်ဆန်းစုကြည်ကိုလို
ပြည်သူလူထုအများစုကဒေါ်အောင်ဆန်းစုကြည်ကိုလို
လား ချစ်မြတ်နိုးသော်လည်း ဆွမ်းဆန်စိမ်းများထဲ ကြွက်ချေးရောနေသောအဖြစ်မျိုးမဖြစ်အောင်ဂရုပြုရမည်.။လက်ရှိ အာဏာရ အစိုးရအဖွဲ့ကဒေါ်အောင်ဆန်းစုကြည်၏အောင်မြင်မှု့ကို မုဒိတာ ပွားနိုင်ဖို့လိုပေသည်။အဲလိုမဟုတ်ပဲ
ဦးသိန်းစိန်နှင့်တွေ့ဆုံရေးတွေလုပ်ပြ ၊ပြည်ပ နိုင်ငံအသီးသီးတာဝန်ရှိသူများရှေ့တွေ့ဆုံရှင်းလင်းပွဲတွေ
လုပ်ပြနေပြီး တဖက် နောက်ကွယ်တွင်အောက်ခြေများတွင် ကြံ့ဖွံ့အဖွဲ့နှင့်အာဏာကို လက်တဆစ်လောက်ရရှိထားသူများက မထေမဲ့မြင်စော်ကားမှု့များစွာရှိနေသေးသည်။ပြည်သူလူထုကိုအနိုင်ကျင့်မှု့များရှိနေသေးသည်။
ထိုသည်များကိုသိလျှင်သိခြင်း တာဝန်ရှိသူများက ထိမ်းသိမ်းဆောင်ရွက်အရေးယူမှု့များလုပ်သင့်သည်။ ထိုသို့မဟုတ်လျှင် ဦးသိန်းစိန်အစိုးရသည် ရှေ့တမျိုး၊ကွယ်ရာတမျိုး ၊ မသိချင်ယောင်ဆောင် အဖျက်လုပ်ငန်းများကိုအားပေးထားသည့်သဘောပင်ဖြစ်သည်။(ပြည်သူ့အော်သံ)
ထိုသည်များကိုသိလျှင်သိခြင်း တာဝန်ရှိသူများက ထိမ်းသိမ်းဆောင်ရွက်အရေးယူမှု့များလုပ်သင့်သည်။ ထိုသို့မဟုတ်လျှင် ဦးသိန်းစိန်အစိုးရသည် ရှေ့တမျိုး၊ကွယ်ရာတမျိုး ၊ မသိချင်ယောင်ဆောင် အဖျက်လုပ်ငန်းများကိုအားပေးထားသည့်သဘောပင်ဖြစ်သည်။(ပြည်သူ့အော်သံ)
မန္တလေး၌ NLD က ကြီးမှူးကျင်းပသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ကို ကြံ့ဖွတ်က ခြိမ်းခြောက်
မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ၂၀၁၂၊ ဖေဖော်ဝါရီ ၄၊ ၅၊ ၆ သုံးရက်တာ NLD က ကြီးမှူးကျင်းပပြီး ခင်းကျင်းပြသနေသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးသာ ၏ နေအိမ်ကို (၂၀၁၂၊ ဖေဖော်ဝါရီ၊ ၅) ရက် နံနက်အစောပိုင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(အတိုကောက် - ကြံ့ဖွတ်)ပါတီမှ ဦးမြမောင် (လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင်၊ မန္တလေး) ဆိုသူ ရောက်လာပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြားသိရပါသည်။
![]() |
From Pwint Thit Lwin Pyin Art Show (Mandalay, 2012) |
မန္တလေး၊ ၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလ ဗိမာန်၌ ၂၀၁၂၊ ဖေဖော်ဝါရီ ၄၊ ၅၊ ၆ သုံးရက်တာ NLD က ကြီးမှူးကျင်းပပြီး ခင်းကျင်းပြသနေသည့် ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ၏ တာဝန်ခံတစ်ဦးဖြစ်သူ ဦးကျော်မိုးသာ ၏ နေအိမ်ကို (၂၀၁၂၊ ဖေဖော်ဝါရီ၊ ၅) ရက် နံနက်အစောပိုင်းက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(အတိုကောက် - ကြံ့ဖွတ်)ပါတီမှ ဦးမြမောင် (လက်ဖက်ခြောက်လုပ်ငန်းပိုင်ရှင်၊ မန္တလေး) ဆိုသူ ရောက်လာပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကြားသိရပါသည်။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ပြည်သူလူထုနှင့်တွေ့ဆုံစဉ်မိန့်ခွန်းများနှင့်(ရုပ်၊သံ)သတင်း
ပြည်သူများနှင့်ဒေါ်အောင်ဆန်းစုကြည်(သို့) အမေစု
ပြည်သူချစ်တဲ့ ပြည်သူတွေလက်ခံနိုင်တဲ့ခေါင်းဆာင်ဟာဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ် ဆိုတာ ဘယ်လိုမှငြင်းမရနိုင်အောင် ဖြစ်ပါတယ်။ မြင်တွေ့နေရတဲ့မြင်ကွင်းများဟာ ဥပဒေအရ မဖြစ်မနေလုပ်ဆောင်ရမယ်။ကြိုဆိုရမယ်။ အလံတွေကိုင်ပြီးလာတဲ့လမ်းကနေစောင့်နေရမယ်လို့ ဘယ်အာဏာပိုင်များက မှ ကြိုတင်အကြောင်းကြားထားခြင်းမရှိပါဘူး။
ယခင် မဆလ ခေတ်များနဲ့ နဝတ ခေတ်အဆက်ဆက်တွေမှာ ပြည်သူလူထုကို အတင်းအားဓမ္မ
ကွင်းပြင်ကျယ်၊နေပူပူမိုးရွာရွာ စောင့်ဆိုင်းခိုင်းလေ့ရှိပါတယ်။ မသွားမနေရ တအိမ်ထောင်တစ်ယောက်စသည့်အမိန့် အာဏာများကို ကြုံခဲ့ဘူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်သူလူထုကြားမှာ ဘယ်လောက်ပိတ်ပင်ထားတဲ့ ဥပဒေတားဆီးမှု့နေရှိနေစေကာမူ ပြည်သူတွေရဲ့ရင်ထဲမှာ မေ့ပျောက်မသွားဘူးဆိုတာ လက်တွေ့မြင်တွေ့နေရတဲ့မြင်ကွင်းများပင်ဖြစ်ပါတယ်။
ပြည်သူတွေရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြိုဆိုမှု့၊ လက်ခံမှု့များဟာ ကမ္ဘာ့တိုင်းပြည်များအလယ်မှာ စံတင်အောင်ပင် ထူခြားလှပါတယ်။
သို့လောသို့လောဆိုသော သံသယအတွေးတွေ မပါ မိဘနှင့် သားသမီး ဝေးကွာလှတဲ့ခရီးတွေမှ ပြန်လည်တွေ့ဆုံရတဲ့မြင်ကွင်းမျိုး၊ဒါမှ မဟုတ်ဒီ့ထက်ပိုမိုထူးခြားသောမေတ္တာတရားများနှင့် အပြန်အလှန်ကြည်နူးနေသော ပျော်ရွှင်နေကြသောပြည်သူများ၏ ပီတိ၊ဒေါ်အောင်ဆန်းစုကြည်၏အပြုံးများကို မြင်တွေ့ရသည်မှာ မျက်ရည်များပင်ကျရလောက်ပေသည်။
ပြည်သူချစ်တဲ့ ပြည်သူတွေလက်ခံနိုင်တဲ့ခေါင်းဆာင်ဟာဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ် ဆိုတာ ဘယ်လိုမှငြင်းမရနိုင်အောင် ဖြစ်ပါတယ်။ မြင်တွေ့နေရတဲ့မြင်ကွင်းများဟာ ဥပဒေအရ မဖြစ်မနေလုပ်ဆောင်ရမယ်။ကြိုဆိုရမယ်။ အလံတွေကိုင်ပြီးလာတဲ့လမ်းကနေစောင့်နေရမယ်လို့ ဘယ်အာဏာပိုင်များက မှ ကြိုတင်အကြောင်းကြားထားခြင်းမရှိပါဘူး။
ယခင် မဆလ ခေတ်များနဲ့ နဝတ ခေတ်အဆက်ဆက်တွေမှာ ပြည်သူလူထုကို အတင်းအားဓမ္မ
ကွင်းပြင်ကျယ်၊နေပူပူမိုးရွာရွာ စောင့်ဆိုင်းခိုင်းလေ့ရှိပါတယ်။ မသွားမနေရ တအိမ်ထောင်တစ်ယောက်စသည့်အမိန့် အာဏာများကို ကြုံခဲ့ဘူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်သူလူထုကြားမှာ ဘယ်လောက်ပိတ်ပင်ထားတဲ့ ဥပဒေတားဆီးမှု့နေရှိနေစေကာမူ ပြည်သူတွေရဲ့ရင်ထဲမှာ မေ့ပျောက်မသွားဘူးဆိုတာ လက်တွေ့မြင်တွေ့နေရတဲ့မြင်ကွင်းများပင်ဖြစ်ပါတယ်။
ပြည်သူတွေရင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကြိုဆိုမှု့၊ လက်ခံမှု့များဟာ ကမ္ဘာ့တိုင်းပြည်များအလယ်မှာ စံတင်အောင်ပင် ထူခြားလှပါတယ်။
သို့လောသို့လောဆိုသော သံသယအတွေးတွေ မပါ မိဘနှင့် သားသမီး ဝေးကွာလှတဲ့ခရီးတွေမှ ပြန်လည်တွေ့ဆုံရတဲ့မြင်ကွင်းမျိုး၊ဒါမှ မဟုတ်ဒီ့ထက်ပိုမိုထူးခြားသောမေတ္တာတရားများနှင့် အပြန်အလှန်ကြည်နူးနေသော ပျော်ရွှင်နေကြသောပြည်သူများ၏ ပီတိ၊ဒေါ်အောင်ဆန်းစုကြည်၏အပြုံးများကို မြင်တွေ့ရသည်မှာ မျက်ရည်များပင်ကျရလောက်ပေသည်။
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုဟောပြောပွဲပြီး (သတင်း-ဓါတ်ပုံ)
ဒီလောက်လူအများကြီးလာအားပေးပြီးမှ မဲမနိုင်ဘူးဆိုရင် တခုခုတော့ မှားနေပြီတဲ့၊ ပုသိမ် ခရီးစဉ်မှာပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကား![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |
ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လူထုနှင့် တွေ့ဆုံ |
ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောလျက်ရှိ၊ ကြားဖြတ်ရွေးကောက်ပွဲ မှန်မှန်ကန်ကန် မျှမျှတတဖြစ်ရန် ပြည်သူအားလုံး ကူညီပါဟု ပြောကြားခဲ့သည်။ နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ဒေါ်အောင်ဆန်းစုကြည် လူထုသို့ ဟောပြောမှု ပြီးဆုံးပြီလို့ သိရပါသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုးသိန်းဘောလုံးကွင်းအတွင်း လူထုဟောပြောပွဲအပြီး ပုသိမ်ဟိုတယ်တွင် နေ့လည်စာစားသောက်ရန် ရောက်ရှိနေပြီဖြစ်သည်။ နေ့လည်စာစားပြီးပါက မြောင်းမြသို့ ဆက်လက်ထွက်ခွာမည်ဟု သိရသည်။
ပုသိမ်သက္ကသိုလ်မှ ကျောင်းသား ၂၀၀ ကျော် စာမေးပွဲမဖြေပဲ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆို (ဓါတ်ပုံသတင်း)
လမ်းခရီးတွင် ကြိုဆိုထောက်ခံသူများကို နှုတ်ဆက်နေရခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် လူထုဟောပြောပွဲ ကျင်းပမည့် ဘောလုံးကွင်းသို့ မျှော်မှန်ထားသော အချိန်ထက် နောက်ကျပြီးမှ ရောက်ရန်ရှိနေသည်။ သို့ရာတွင် ၎င်းင်းအား ကြိုဆိုထောက်ခံနေသူများမှာမူ စိတ်ညီးညူးမှု မရှိဘဲ ဖွင့်လှစ်နေသော ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုသီချင်းများကို လိုက်ပါသီဆိုနေကြပါသည်ကို တွေ့ရသည်။
နည်းပညာတကသိုလ်(ပုသိမ်)မှ ကျောင်းသားတစ်ဦးက 'အမေစုကို အပြင်မှာ မျက်လုံးနဲ့တောင် နှစ် ၂၀ ကျော် မမြင်ဖူးပါဘူး။ အခုလို အမေစု ဒီကိုလာတဲ့အချိန်မှာ ကျွန်တော်တို့ကျောင်းတက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် ဒီလိုထွက်ပြီး ကြိုဆိုချင်းဖြစ်ပါတယ်။ အမေစုက ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်တဲ့အတွက် အပြည့်အ၀ ထောက်ခံပါတယ်။ ကျွန်တော်တို့ အခုလို ကြိုဆိုနေတာ ဘယ်ပုဂိုလ်၊ အဖွဲ့အစည်းကမှ နှိုးဆော်တိုက်တွန်းခြင်းမရှိဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ကြိုဆိုထောက်ခံခြင်းဖြစ်ပါတယ်'ဟု ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းဘောလုံးတွင်းအတွင်းတွင် ရောက်ရှိနေကြသော ပြည်သူများက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေ ဟု ဟစ်ကြွေးလျက်ရှိကာ ဘောလုံးကွင်းအတွင်း ဖွင့်လှစ်ထားသော ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုဖွဲ့ဆိုထားသည့်သီချင်းကို ၀ိုင်းဝန်းသီဆိုလျက်ရှိနေပါသည်။
![]() |
ကြည်နူးမျက်ရည်တွေစိုနေတဲ့ေ စုကျန်းမာပါစေဆိုတဲ့ဆုတောင် |
![]() |
ပုသိမ်နည်းပညာကျောင်းသား၊ကေ ဒေါ်အောင်ဆန်းစုကြည် |
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူ ပုသိမ် မှ ကျောင်းသားကျောင်းသူများအား တွေ့ရစဉ် (ဓါတ်ပုံသတင်း)
![]() |
အမေစု ကျန်းမာပါစေဟု သံပြိုင်ဆုတောင်းပေးနေကြသောပုသိမ်
|
![]() |
ပုသိမ် GTC ကျောင်းသားတွေ ကျောင်းရှေ့မှာ ထွက်ကြိုနေကြပါပြီ။ ဓာတ်ပုံ-ဥက္ကာကိုကို |
![]() |
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူ နည်းပညာတကသိုလ် (ပုသိမ်)မှ ကျောင်းသားကျောင်းသူများအား |
ပြည်တော်ပြန်ဖို့ ဦးအောင်မင်း ဖိတ်ခေါ်
ပြန်လာ၍ နိုင်ငံအတွက် အလုပ်လုပ်ကြရန် တနင်္လာနေ့က ဖိတ်ခေါ်လိုက်သည်။
ထိုင်းအခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု FDB နှင့် ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်ဟု FDB ၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။
"အပြင်မှာ ရောက်နေတဲ့လူတွေ တိုင်းပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းလည်း ရောက်နေပြီ၊ နိုင်ငံရေး ပွင့်လင်းမှုလည်း ရှိနေပြီ အဲဒီတော့ ပြည်တွင်းထဲမှာ ပြန်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ သမ္မတကြီးလည်း ဖိတ်ခေါ်ထားတယ်ပေါ့။
ပြန်ပြီးလုပ်ကြဖို့ ပြောတယ်" ဟု ဒေါက်တာနိုင်အောင်က ပြောသည်။

ပြန်ထောင်စုဝန်ကြီး
ဦးအောင်မင်းက ပြည်ပမှ နိုင်ငံရေး လှုပ်ရှားသူများကို ပြည်တွင်း ပြန်လာ၍
နိုင်ငံအတွက် အလုပ်လုပ်ကြရန် ဖိတ်ခေါ် (ဓါတ်ပုံ မဇ္ဈိမ)
ထိုသို့ ဖိတ်ခေါ်သော်လည်း ပြည်တွင်းငြိမ်းချမ်းရေသည်သာ အဓိကကျပြီး ထိုအခြေအနေမျိုးကို အစိုးရအနေဖြင့် ပထမဆုံး ဖန်တီးပေးသင့်ကြောင်း ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့သို့ တိုက်တွန်းခဲ့သည်ဟု
ဒေါက်တာအောင်နိုင်က ဆက်ပြောသည်။
"အပြင်မှာ ရောက်နေတဲ့သူတွေကော၊ တောထဲမှာ ရောက်နေတဲ့သူတွေကော ပြည်တွင်းထဲကလူတွေကော စိတ်ချမ်းသာ ကြည်ကြည်နူးနူးနဲ့ နေနိုင်မယ့် အခြခံအုတ်မြစ်တွေကို ချဖို့လိုတယ်။ အဲဒါတွေ ရှိပြီဆိုရင် ဘယ်သူမှလည်း လက်နက်ကိုင် တိုက်မနေတော့ဘူး။ အဲဒါမျိုးဖြစ်ဖို့ အဓိက ကျတယ်ပေါ့။ အဲဒါမျိုး ဆောင်ရွက်စေချင်တယ်"
ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြောသည်။
ထို့ပြင် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ရပ်ပေးရန်၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရပ်ပေးရန်နှင့် ကျန်ရှိနေသေး သည့် နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွှတ်ပေးရန် FDB က တင်ပြတောင်းဆိုခဲ့သည်ဟုလည်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ၏ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ အတည်ပြုပြီး စာရင်းအရ လက်ရှိ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၁၅ ယောက်ရှိသည်။
အထက်ပါ နိုင်ငံရေးအကျဉ်းသားများ အရေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အပေါ်တွင် တည်မှီနေ
ကြောင်းကို "သူတို့ ပြောတာကတော့ အထူးသဖြင့် မတရားသင်းနဲ့ ပတ်သက်တဲ့ လူတွေဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေးတွေ အောင်မြင်တာနဲ့အမျှ မတရားသင်းတွေ ပျက်ပြယ်သွားလို့ရှိရင် မတရားသင်းအမှုနဲ့ လွတ်သွားမှာပဲပေါ့" ဟု ဦးအောင်မင်းက ပြောကြောင်း ဒေါက်တာနိုင်အောင်က မဇ္ဈိမကို ပြန်လည်ပြောပြသည်။
FDB ၏ တင်ပြတောင်းဆိုချက်များကို ဦးအောင်မင်း က ဦးသိန်းစိန် အစိုးရထံသို့ ပြန်လည်တင်ပြပေးမည်ဖြစ်ပြီး ကတိကဝတ်များ သဘောတူညီချက်များ မရရှိသေးဟုလည်း သိရသည်။ နောက်ထပ်တွေ့ဆုံမှုကို ကြားဖြတ်
ရွေးကောက်ပွဲ ပြီးမှသာ ဖြစ်နိုင်သည်ဟု FDB အဖွဲ့ဝင်များက ခန့်မှန်းထားသည်။
တနင်္လာနေ့ FDB နှင့် ဆွေးနွေးပွဲတွင် ဦးအောင်မင်း အပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန်း တို့လည်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။ FDB အဖွဲ့မှလည်း ဒေါက်တာနိုင်အောင်၊ မခင်ဥမ္မာ၊ မနိုးနိုးထက်စံ၊ ကိုသွင်လင်းအောင်၊ ကိုမင်းနိုင် တို့ တက်ရောက်ခဲ့ကြသည်။
FDB ၏ အဖွဲ့ဝင်များတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဗကသများ အဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)၊ မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD၊ People’s Defence Force (PDF)၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ (YCOWA) တို့ ပါဝင်သည်။
ဦးအောင်မင်းသည် ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာများဖြစ်သည့် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗွီဘီ)၊ မဇ္ဈိမသတင်းဌာန နှင့် ဧရာဝတီသတင်းဌာန တို့မှ တာဝန်ရှိသူများနှင့်လည်း တနင်္လာနေ့က လက်ခံ တွေ့ဆုံခဲ့သေး သည်။ တနင်္ဂနွေနေ့ကလည်း ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ DPNS၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့နှင့်လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်သီးခြား တွေ့ဆုံဆွေးခဲ့ကြသေးသည်။
မျိုးသန့် - ချင်းမိုင် (မဇ္ဈိမ)။ ။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်ရတနာပုံတယ်လီပို့ ကုမ္ပဏီ ပူးပေါင်းကာအင်တာနက်သုံးစွဲသူများအပေါ်ဥပဒေဖြင့်မဖိနှိပ်သင့်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့ကုမ္ပဏီ တို့ပူးပေါင်းပြီး ပြည်တွင်းရှိ အင်တာနက်သုံးစွဲသော သူများအပေါ် လိမ်လည်မတရားစီးပွားရှာသည်ဟုပြောလိုပါတယ်။ဘာကြောင့်
skype,Pfingo ,Gtalk, yahoomessengerစသော ကုမ္ပဏီများမှ အင်တာနက်အသုံးပြုသူများအပေါ်ဝန်ဆောင်မှု့အပြည့်လုပ်ပေးထားသောအခွင့်အရေးများကို တရားမဝင်ဟုပြောဆိုပြီး ၊ google မှ Gtalk ကို ဆင်တူရိုးမှား အမည်ပြုလုပ်ထားသော Y-talk ကိုဈေးနှုံးသက်သာသည်ဟုပြောဆိုကာ အခြားကုမ္ပဏီများမှ ဆော့လ်ဝယ်ယာများဖြင့် ဖုန်းခေါ်ဆိုလျှင်
အရေးယူခြင်းခံရမည်ဆိုသည်မှာ မတရားဥပဒေနှင့်အနိုင်အထက်ပြုကာ ၄င်းတို့ဖန်တီးထားသော အင်တာနက်လုပ်ငန်းများကိုသာမဖြစ်မနေသုံးစွဲရမည်ဟုဆိုလိုခြင်းဖြစ်ပါတယ်။
ပြည်ပအင်တာနက်သုံးစွဲနေရသောအခြေအနေအချို့မှာ အင်တာနက်လိုင်းကုမ္ပဏီများက မိမိအင်တာလိုင်းကို သုံးစွဲသူများလာစေရန် အင်တာနက်လိုင်းပါပြီးသား notebook,laptopsစသည်များကို ဈေးနှုံးလျှော့၍သော်လည်းကောင်း
အလကားပေးပြီး အင်တာနက်လိုင်းသုံးစွဲသည့် users များကိုစွဲဆောင်ပါတယ်။အင်တာနက်၏လစဉ်ကျေးကိုသာ အနဲဆုံး 2 နှစ်သုံးစွဲမည်ဟူသော ဂတိကဝတ်ကိုသာလုပ်ဆောင်ရပါတယ်။အပြင်တွင် ဒေါ်လာတစ်ထောင်တန် laptop ကွန်ပျုတာကို ရမည်ဖြစ်သောကြောင့် အင်တာနက်လိုင်းဝယ်သူ(သုံးစွဲသူ)သည် ထိုအရောင်းကင်ပိန်းမျိုးကိုစောင့်မျှော်နေတတ်ပါတယ်။ ထို့အပြင် အင်တာနက်လိုင်းကွန်နက်ရှင်များလည်း
အင်တာနက် ကုမ္ပဏီများအပြိုင်အဆိုင်ဖြစ်သောကြောင့် 1.0 Gbsp အမြန်ကိုသုံးစွဲရပါတယ်။အင်တာနက်ကေဘယ်လ်ကိုတတ်ဆင်လျှင်လည်း စတင်ဖောင်ဖြည့်လိုက်သည့်နေ့မှ တပတ်အတွင်းနှင့် လာရောက်တတ်ဆင်နေစဉ်ကြာမြင့်ချိန် မိနစ်သုံးဆယ်အတွင်း နက်ကွန်နက်ရှင်အားလုံးကို အလကားလုပ်ဆောင်ပေးသွားပါတယ်။
အင်တာနက်သုံးစွဲသူသည် နက်ဝက် ထဲမှာ မိမိသဘောဆန္ဒအတိုင်းမည့်သည့် ဝက်ဆိုဒ်မဆိုအသုံးပြုနိုင်ပါတယ်။skype,Pfingo,gtalk နှင့်အစရှိသော အင်တာနက်ဝန်ဆောင်မှု့များသည်
PC to PC ခေါ်ဆိုမှု့များကို အလားကားသုံးစွဲခွင့်ပြုထားပါသည်။ တကမ္ဘာလုံးကိုခွင့်ပြုထားခြင်းပါ။ ကွန်ပျုတာမှ လက်ကိုင်ဖုန်း၊အိမ်ဖုန်းခေါ်ဆိုမှု့များကို ငွေးကြေးဖြင့်ခေါ်ဆိုခွင့်ပြုထားခြင်းဖြစ်ပါတယ်။
ယခု အသစ်လာသောစမတ်ဖုန်း၊ အိုင်းဖုန်း ဖိုးစ်များသည်လည်းအင်တာနက်လိုင်းကိုသုံးစွဲပါက ထိုဆော့လ်ဝဲများမှာအလကားဖုန်းပြောဆိုနိုင်သည်။ ဘာဥပဒေနှင့်မှမညှိစွန်းပေ။ဥပဒေညိစွန်းသည်ဟုပြောဆိုသည်မှာ မြန်မာပြည်မှာသာလျှင်ဖြစ်လိမ့်မည်။
သို့သော် မြန်မာပြည်တွင်လည်း PC to PC စကားပြောဆိုမှု့များခေါ်ဆိုမှု့များကို ခွင့်ပြု၍ PC မှ လက်ကိုင်ဖုန်းခေါ်ဆိုမှု့ကိုသာ ID ကဒ်များရောင်းချခြင်းပြုလုပ်လျှင်၊ အခြားကုမ္ပဏီများနှင့်အပြိုင်အဆိုင်ရောင်းချခြင်းမျိုးပြုလုပ်လိုလျှင် ပြည်သူများအပေါ်ဖိနှိပ်မှု့မျိုးမဖြစ်ပေ။
ပြည်သူများအနေနှင့် အင်တာနက်သုံးစွဲသူများက သက်သာရာကိုရှာဖွေသုံးစွဲမည်မှာ သဘာဝပင်၊
အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုနိုင်ပြီ ဟု ဂျာနယ်တွင် ဖော်ပြ
Internet Journal ကောက်နုတ်ချက်။ ဖေဖော်ဝါရီ ၆၊ ၂၀၁၂
ဖေဖော်ဝါရီလ
၇ ရက်နေ့မှ စတင်ပြီး အွန်လိုင်းအသုံးပြု၍ နိုင်ငံခြားသို့ တရားဝင်
ဖုန်းခေါ်နိုင်တော့မည်ဟု အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ခဲ့သည့်
ရတနာပုံဝက်ဘ်ပေါ်တယ်မှ စီမံကိန်းမန်နေဂျာ ဦးအောင်စံမြတ်က ပြောသည်။ Y-talk
အမည်ရှိ အဆိုပါ အင်တာနက်ဖုန်း ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့က
ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ အသုံးပြုနေသည့် တရားမဝင်
အင်တာနက်ဖုန်းလိုင်းခေါ်ဆိုမှုများ ဖြစ်သည့် Skype, Pfingo နှင့် အခြားသော
အင်တာနက်ဖုန်း ဝန်ဆောင်မှုများကို ပပျောက်စေရန် ရည်ရွယ်ထားရှိကြောင်း
သိရသည်။
“ဈေးက
အရမ်းသက်သာတယ်။ တစ်မိနစ်ကို ၁၅၀ ကျပ်၊ ဒါမှမဟုတ် အများဆုံး ၃၅၀ ကျပ်ပဲ
ကျမှာပါ။ နိုင်ငံအလိုက်တော့ ခွဲထားတယ်။ တစ်ကမ္ဘာလုံးက နိုင်ငံတွေကို
ဖုန်းခေါ်လို့ရတယ်” ဟု ဦးအောင်စံမြတ်က ဆိုသည်။ အင်တာနက်အသုံးပြု၍
နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုလိုပါက ကိုယ်ပိုင် ID
နံပါတ်တစ်ခုရှိရန် လိုအပ်ကြောင်း၊ အဆိုပါ ID နံပါတ်ကို
ငွေကျပ်တစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အင်တာနက်
ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ငွေများကိုမူ ကြိုတင်ငွေဖြည့်ကတ်များမှတစ်ဆင့်
ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
http://voip.yatanarpon.
com.mm မှတစ်ဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကို
လက်ရှိကာလတွင် ID နံပါတ်ထည့်သွင်းထားသော အများပြည်သူသုံး
အင်တာနက်ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ကိုယ်ပိုင်အနေဖြင့်
အသုံးပြုခြင်းကိုမူ ခွင့်ပြုပေးသွားမည်မဟုတ်သေးကြောင်း၊ အင်တာနက်လိုင်း
နှေးကွေးနေ သော်လည်း Y-talk ၏ အင်တာနက်ဖုန်း ခေါ်ဆိုမှုမှာ ကြည်လင်ပြတ်သားစွာ
ကောင်းမွန်နေမည်ဖြစ်ကြောင်း ရတနာပုံ ဝက်ဘ်ပေါ်တယ်မှ ပရောဂျက်မန်နေဂျာ
ဦးအောင်သန်းစိုးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ်
Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
(ပြည်ပမှ ခေါ်ဆိုမည့် ဖုန်းများကို အဆိုပါအကောင့်မှ လက်ခံဖြေဆိုနိုင်မည်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေ)
Subscribe to:
Posts (Atom)