ယခုကျင်းပပြီးစီးခဲ့တဲ့ မြန်မာပြည်နှစ်ကူးအတာသင်္ကြန်သည်လွန်ခဲ့သောဆယ်စုနှစ်များအတွင်းကျင်းပပြီးစီးခဲ့

သည့်သင်္ကြန်များအနက် ပျော်ရွှင်စရာအကောင်းဆုံး သင်္ကြန်ဖြစ်လိမ့်မည်ဟုယုံကြည်ပါတယ်။
အားလုံးလည်းပျော်ရွှင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ယခုနှစ်သင်္ကြန်ပွဲတော်လည်းယခင်နှစ်များနဲ့မတူ အထူးစည်းကားပျော်ရွှင်နေတာကိုကမ္ဘာအရပ်ရပ်ရှိ
မြန်မာများကလည်းအွန်လိုင်းမှမြင်တွေ့ခဲ့ကြရပါတယ်။
ယခုနှစ် မြန်မာပြည်သင်္ကြန်သည်ကျွန်တော်တို့တမျိုးသားလုံးလေးစားချစ်မြတ်နိုးရသော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်ခြင်းကြောင့် ယခုနှစ်မြန်မာပြည်၏အခါသင်္ကြန်သည်ပိုမိုပြည့်စုံသော မဟာသင်္ကြန်ဖြစ်ခဲ့ရပါသည်။