Sunday, August 5, 2012

ရိုဟင်ဂျာကိစ္စကို မဟာဗျူဟာမြောက်တုန့်ပြန်ရန်လိုအပ်ခြင်း

ဖေ့ဘုတ်မှ ဖတ်ကောင်းသောသုံးသပ်ချက်ကိုပြန်လည်ဖေါ်ပြပါသည်.
Inline image 1
by Myo Set on Saturday, August 4, 2012 at 11:29pm ·
1982 နိုင်ငံသားဖြစ်မှု ဥပဒေကို ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကန်တားနားက ပြန်လည်သုံးသပ်ဖို့ ယနေ့ ၄၊ ၈လ၊ ၂ဝ၁၂ ခုနှစ် မြန်မာစံတော်ချိန် ခြောက်နာရီခန့်မှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတယ်။ အဲ့ဒီသတင်းကို ဖေ့စ်ဘုတ်မီဒီယာလောကမှာ တက်တက်လာချင်း မျိုးချစ်တွေက အဆဲအဆိုတွေနဲ့တုန့်ပြန်ကြတာကိုတွေ့ရပါတယ်။ ရိုဟင်ဂျာတွေရဲ့ စံနစ်တကျ ကျူးကျော်မှုတွေ၊ မွတ်စလင်နိုင်ငံတွေရဲ့ အမျုးမျိုးဝါဒဖြန့်မှုတွေကို မတုန့််ပြန်ဘဲနေနေတဲ့ အစိုးရအဖွဲ့ကို အားရခြင်းမရှိတဲ့ မိမိအနေနဲ့ ကိုယ့်လူတွေကို အနည်းငယ်မချင့်မရဲဖြစ်ရတယ်။

ရခိုင်ပြည်နယ်အရေး အဖြစ်မှန်ဖော်ထုတ်ဖို့ ကင်တားနားတိုက်တွန်း

2012-08-04
မောင်တောမှ ပြန်လာသော မစ္စတာ ကင်တားနားအား စစ်တွေ လေဆိပ်တွင် တွေ့ရစဉ် ( ဓါတ်ပုံ- အေပီ)
ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားက မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက် လေ့လာစုံစမ်းခဲ့တဲ့ မစ္စတာ ကင်တားနားက ခရီးစဉ်ပြီးဆုံးတဲ့နောက် အခုလို တိုက်တွန်း ပြောဆိုလိုက်တာပါ။

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရ

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။

သွေးလန့်တတ်သည်ဆိုသော ယခင် နစကမှူး ဗိုလ်မှူကြီး အောင်ကြီး (ဓါတ်ပုံ- နိရဉ္စရာ)

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။

ရန်ကုန်ရောက် ရခိုင်မျိုးချစ်များ UNHCR ရုံးရှေ့တွင် သမ္မတပြောစကားအား ထောက် ခံဆန္ဒထုတ်ဖေါ်

သဇင်ဥ
ရန်ကုန်မြို့ မြေနီကုန်းရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ရှေ့တွင် ရခိုင်အမျိုးသားများက သမ္မတကြီး ဦး သိန်း စိန် ဘင်္ဂလီများအား ထုတ်ဖေါ်ပြောဆိုမှုများအပေါ် တခဲနက် ထောက်ခံကြောင်း ယနေ့ ဆန္ဒပြနေကြသည်ဟု သိရှိရသည်။

UNHCRရုံးရှေ့တွင် ဆန္ဒထုတ်ဖေါ် ပြနေကြသည့် မျိုးချစ်ရခိုင်များမှာ အင်အား ၃၀ ကျော်ရှိကြောင်း နှင့် သမ္မတ ဦးသိန်းစိန်မှ ဘင်္ဂလီများကို စ ခန်းသွင်းထားရန်၊ UNHCR အကူအညီနှင့် တတိယနိုင်ငံတစ်ခုခုမှ လက်ခံလျင် ပို့ပေးရန်တို့အား ထောက်ခံသည့် ဆိုင်းဘုတ်များ၊ ကိုင်ဆောင် ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခြင်း ဖြစ်ကြောင်း မျက်မြင်တစ်ဦးက သတင်းပေးပို့သည်။

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ခြံစည်းရိုးခတ်ရုံနဲ့ မလုံခြုံနိုင်

နိရဉ္စရာ

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်မှာ နိုင်ငံတော် အစိုးရက ဒေသရဲ့ လိုအပ်ချက် အရ ဒေသန္တရ အုပ်ချုပ်ရေး စည်းမျဉ်း စည်းကမ်း တွေ ကိုအသီးသီး ချမှတ်ထားပေမယ့် အဲသလို ချမှတ်ထားတဲ့ အပေါ်မှာ နစက တာဝန်ရှိသူ အများအပြားဟာ လိုက်နာဖို့ ပျက်ကွက်ခဲ့ တဲ့ အတွက် မောင်တောနဲ့ ဘူးသီးတောင် ဒေသဟာ အထိန်းအကွပ် မရှိ ဖြစ်ချင်တိုင်း ဖြစ်နေတယ်လို့ မောင်တောမြို့ တရားရုံး ရှေ့နေ တစ်ဦး ကပြော ပါတယ်။

မြန်မာစစ်တပ်ကို အိန္ဒိယ ကူမည်

ဇာနည်မာန်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယသို့ ရောက်နေစဉ် အိန္ဒိယအစိုးရက အိမ်နီးချင်းမြန် မာ နိုင်ငံကို စစ်ရေးအရ ကူညီမှုများ တိုးမြှင့်ပေးအပ်ရန်ဆုံးဖြတ်လိုက်သည်။

“မဟာဗျူဟာကျသော လှုပ်ရှားမှုတရပ်အဖြစ် မြန်မာစစ်တပ်ကို သင်တန်းများတိုးမြှင့်ပေးရန်နှင့် လက်နက် မဟုတ်သော စစ်သုံးပစ္စည်းများ ပေးအပ်ရန် အိန္ဒိယက ဆုံးဖြတ်လိုက်သည်” ဟု အိန္ဒိယသတင်းစာ ဟင်ဒူ စတန် တိုင်းမ် ရေးသားထားသည်။

မတရားဖမ်းဆီး၍ မတရားစီရင်ခဲ့ကြောင်း ကိုဖြိုးဝေအောင် ရှင်းလင်းမည်

ကျော်ဖုန်းကျော်

မတရား ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ဖြစ်ကြောင်းကို သက်သေ အထောက်အထားများဖြင့် ရှင်းလင်းသွားမည်ဟုလွတ် ငြိမ်း ချမ်းသာခွင့်ဖြင့် သောကြာနေ့က အင်းစိန်ထောင်မှ လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ပြောသည်။

ဗုံးဖောက်ခွဲသည်ဟု စွပ်စွဲကာ သေဒဏ်၊ တသက်တကျွန်းနှင့် ထောက်ဒဏ် ၁၉ နှစ် တပေါင်းတည်း ကျခံရန်စီရင်ခြင်းခံရပြီးဆိုးရွားလှ သည့် ကျန်းမာရေး အခြေအနေကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ကိုဖြိုးဝေအောင် က ရန်ကုန်မြို့တွင် သတင်း ထောက်များကို ပြောကြားလိုက်ခြင်း ဖြစ်သည်။