Thursday, March 22, 2012

မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်တရားစီရင်သည့် ဗီဒီယိုဖိုင်လင့်

မြန်မာ-ဘင်္ဂလားဒေ့ရှ် ပင်လယ်ရေပိုင်နက်ကိစ္စ နှင့်ပတ်သက်သောတရားစီရင်မှု့ပြုသည့်ဗီဒီယိုမှတ်တမ်း (ပြည်သူ့အော်သံ)
ပြည်သူလူထုနှင့်နောင် မျိုးဆက်(နောင်လာနောက်သားများအတွက် )သမိုင်းမှတ်တမ်းတခုအနေဖြင့်ကျန်ရစ်စေလိုပါတယ်။
  အမှန်မှာလက်ရှိ အစိုးရအနေဖြင့်ပြည်သူလူထုကို အကျယ်တဝင့် ရှင်းလင်းပြောဆိုသင့်ပါတယ်။ တိုင်းပြည်တခုနယ်နမိတ် သတ်မှတ်ရေးသည်တိုင်းပြည်တခုလုံးနှင့်သက်ဆိုင်သောပြောင်းလဲမှု့တခုဖြစ်ပါတယ်။

မြန်မာ့လွှတ်တော် နိုင်ငံတကာ လွှတ်တော်သမဂ္ဂ ၀င်ရန် ဆုံးဖြတ်

  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတကာလွှတ်တော်များနှင့် တွင်ကျယ်စွာ ဆက်ဆံနိုင်၊ အမြင်ချင်း၊ အတွေ့အကြုံ ချင်း ဖလှယ်နိုင်ခွင့် ပိုမိုရရှိလာစေရန် နိုင်ငံတကာပါလီမန်ဆိုင်ရာ သမဂ္ဂ (Int'l Parliamentary Union:- IPU) သို့ ၀င် မည်ဟု ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့ (၁၆-၃-၂၀၁၂) တွင် ဆုံးဖြတ် အတည်ပြုခဲ့သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ (ဓါတ်ပုံ-Google Images)

"နိုင်ငံတကာပါလီမန်အဖွဲ့အစည်း ဖြစ်တဲ့ အိုင်ပီယူ (IPU) သို့ မြန်မာနိုင်ငံ က အဖွဲ့ဝင်အဖြစ် ၀င်ရောက်ပါက နိုင်ငံ တကာပါလီမန် များနဲ့ ထိတွေ့ဆက်ဆံမှု တွင် ကျယ်နိုင်ပြီး အတွေ့အကြုံ၊ အမြင် ချင်းဖလှယ်ခွင့် ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ယင်းသို့ ထိတွေ့ ဆက်ဆံခြင်းဖြင့် လွှတ် တော်ကိုယ်စားလှယ်များရဲ့ လုပ်ငန်း ဆောင်ရွက်မှုအတွက် များစွာအထောက် အကူပြုနိုင်ပြီး မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုများကိုလည်း နိုင်ငံတကာ လွှတ်တော်များမှတစ်ဆင့်

မသမာမှုတွေအတွက် ကော်မရှင်နဲ့ အစိုးရက သတိပေးစာထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် အကြံပြု


Photo courtesy of AFP
၂၀၁၂ ခုနှစ် မတ်လ ၅ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် နေပြည်တော်သို့
 ရောက်ရှိလာစဉ်။


လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပခင် မသမာမှုတွေ တိုးများ ဖြစ်ပေါ်နေပြီး၊ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်အပြင် အစိုးရအနေနဲ့ပါ တရားဝင် စာထုတ်ပြန်ခြင်း၊ သတိပေးခြင်းတွေ ပြုလုပ်သင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က RFA ကို ပြောပါတယ်။

အနိုင်ရ ပင်လယ်ပြင် ပိုင်နက်သစ်တွင် ဘင်္ဂလား ရေတပ် စတင် ကင်းလှည့်ပြီ

မြန်မာ-ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်နောက်ဆက်တွဲသတင်းများ
သတင်း-နိရဉ္စရာ


နိုင်ငံ တကာပင်လယ်ပြင် ဆိုင်ရာ တရား ခုံရုံးမှ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပင်လယ်ပြင်နယ်နိမိတ်ကို လွန်ခဲ့သော အပတ် က တရားစီရင် ပိုင်းခြား သတ်မှတ် ပေးခဲ့ပြီးနောက် ဘင်္ဂလားဒေခ်ျ့ ရေတပ်မှ ၄င်း၏ ရေပြင်ပိုင်နက် သစ်အတွင်း ပထမဆုံး အကြိမ် အ ဖြစ် ကင်းလှည့်နေပြီဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံထုတ် The Daily Star သတင်းအရ သိရှိရသည်။

ဒီလူတွေနဲ့ မြန်မာပြည်ရဲ့ ပညာရေးကြီးကောင်းအောင် လုပ်နိုင်မယ်လို့ထင်သလား? အပိုင်း(၂)




ပညာရေးဝန်ကြီးဌာနက ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေရဲ့ မသမာတဲ့ ဈေးရောင်းပွဲတော်တွေ ကျင်းပနေ

အခြေခံပညာကျောင်းတွေမှာ ငွေကောက်ခံတာတွေ၊ ပစ္စည်းရောင်းတာတွေ မလုပ်ရဘူး ဆိုပြီး ပညာရေးဝန်ကြီးဌာနက အမိန့်ထုတ်ထားပါတယ်။ ကျောင်းအတွက် လိုအပ်မည့် သောက်ရေအိုး၊ တံမျက်စည်း ၀ယ်ဖို့အတွက် ကျောင်းအုပ်ကြီးတွေက ငွေကောက်မိလို့ ဗလာစာရောင်းမိလို့ နယ်ပြောင်းခံရတဲ့သူတွေ၊ ရာထူးချခံရတဲ့သူတွေ၊ အလုပ်ဖြုတ်ခံရ တဲ့သူတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ 

တရုတ် ရေလှောင်ကန်အနီး ဥယျာဉ်ခြံ မချဲ့ရ


ကျောက်ဖြူမြို့နယ် ပဒဲကျွန်းကျေးရွာ အုပ်စု ရွာမ ရွာမှာ အခြေပြုတဲ့ တရုတ် CNPC ကုမ္ပဏီက ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ သဘာဝဓာတ်ငွေ့နဲ့ ရေနံတွေ တင်ပို့မယ့် စက်ရုံတွေအတွက် လိုအပ်တဲ့ ရေချိုရရှိဖို့ ပြုလုပ်ထားတဲ့​ ​ရေလှောင်ကန်ဘေးမှာ ဥယျာဉ်ခြံအသစ် ထပ်မံလုပ်ကိုင်တာတွေ၊ ကျွဲနွား တိရိစ္ဆာန်တွေ မွေးမြူဖို့ ခွင့်မပြုတာတွေ၊ အဆောက်အဦနဲ့ ယာယီတဲတွေ ဆောက်လုပ်ဖို့ ခွင့်မပြုဘူး ဆိုပြီး ဒေသခံ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး က အမိန့်ထုတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တရုတ် CNPC ကုမ္ပဏီရဲ့ ရေလှောင်ကန်နံဘေးမှာ ဥယျာဉ်ခြံအသစ် ထပ်မံ လုပ်ကိုင်ခွင့်ကို တားမြစ်တဲ့ အမိန့် ထုတ်ပြန် လိုက်တာကြောင့် ဒေသခံ ဥယျာဉ်ခြံသမားတွေ အခက်တွေ့နေကြပါတယ်။