Friday, March 30, 2012

အမျိုးသား နိုင်ငံရေးကိုသာ လုပ်မည်ဟု ဦးခင်ညွန့် ပြောကြား

အမျိုးသား နိုင်ငံရေးကိုသာ လုပ်မည်ဟု ဦးခင်ညွန့် ပြောကြားအမျိုးသား နိုင်ငံရေးသာ လုပ်မည် ဖြစ်ပြီး ပါတီ နိုင်ငံရေးကို ဘယ်တော့မှ လုပ်မည် မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး ဟောင်း ဦးခင်ညွန့်က မတ် ၂၁ ရက် နံနက်ပိုင်း တွင် သူ၏ နေအိမ်၌ ပြောကြားခဲ့ကြောင်း သိရသည်။
အမျိုးသား နိုင်ငံရေးအကြောင်း ဦးခင်ညွန့်က ပြောကြားရာတွင် " အမျိုးသား နိုင်ငံရေး ဆိုတာ ပြည်သူ ပြည်သားတွေ ကောင်းဖို့အတွက်လုပ် တာ၊ ပြည်သူ ပြည်သား တွေကို ထောက်ပံ့ဖို့ အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာတွေ အကူအညီပေးဖို့ ဖြစ်တယ်၊ ကျွန် တော်တို့နိုင်ငံမှာ ဆင်းရဲတဲ့ပြည်သူ တွေ အများကြီး ရှိတယ်၊ သူတို့အတွက် ရွှေမှော်ဝန်းဖောင်ဒေးရှင်းကို ကျွန်တော်တို့ ယုံကြည်ပြီးလေးစား တဲ့သူတွေ ကျောက်တန်းဒေသကို အခြေပြုပြီး လုပ်သွားမယ်၊ နောက် တော့တိုင်းပြည်အတိုင်းအတာနှင့် လုပ်သွားမှာပါ" ဟုပြောကြားခဲ့သည်။

NLD မဲဆွယ်စည်းရုံးပွဲကို သွားရောက်နေတဲ့ စစ်ကိုင်းတိုင်း ဝင်းကုန်းရွာ ရွာလုံးကျွတ် မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝင်းကုန်းရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ရွာလုံးကျွတ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ လူမင်း၊ ထွန်းအိန္ဒြာဗိုလ်၊ ရဲတိုက်၊ ဝိုင်း၊ ချစ်သုဝေ၊ လင်းလင်း၊ မာရဇ္ဇ စတဲ့ အနုပညာရှင်တွေက မဲပညာပေး စည်းရုံးရေးခရီးစဉ်နဲ့ ဖျော်ဖြေရေး ခရီးစဉ်အဖြစ် စစ်ကိုင်းတိုင်းကို လာရောက်ဖျော်ဖြေနေချိန်မှာ တရွာလုံး သွားရောက် အားပေးနေစဉ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြရန် ပြင်ဆင်သည့်​ အလုပ်သမား​များ​နှင့်​ အာဏာပိုင်များ​ ရုန်း​ရင်း​ဆန်ခတ်ဖြစ်

လုပ်အား​ခ တိုး​မြှင့်​ရရှိ​ရေး​ ဆန္ဒပြဖို့​ ရန်ကုန်တိုင်း​ဒေသကြီး​အတွင်း​ တိုင်ရီဖိနပ်စက်ရုံ အလုပ် သမား​တွေရဲ့​ ကြိုး​ပမ်း​မှုကို အုပ်ချုပ်​ရေး​ အာဏာပိုင်​တွေက တား​မြစ်မှုအပြီး​ ရုန်း​ရင်း​ဆန်ခတ်မှုဖြစ်ပွား​ရာမှာ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​ဖြစ်သူ ဒဏ်ရာအနည်း​ငယ် ရသွား​ပါတယ်။

ဒီအဖြစ်အပျက်နဲ့​ပတ်သက်ပြီး​ ကိုယ်တိုင်သွား​ကြည့်​သူ တဦး​ကို ​နေ့​လည် ၁၂ နာရီမှာ ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။

တရားခံထက်ထက်မိုးဦးအား ငွေဒဏ်ကျပ်တစ်ထောင် ပြစ်ဒဏ်ချမှတ်ခြင်းခံရ

ယခင်အမှုခြိမ်းများတွင် တရားရှေ့၌တွေ့ ရသော ထက်ထက်မိုးဦး
ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးနှင့် သတင်းထောက် မအေးသူစံတို့အကြား ဖြစ်ပွားခဲ့သည့် အမှုနှင့်ပတ်သတ်၍ အပြီးသတ် စီရင်ချက်ကို မတ်လ ၃၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးတွင် အမိန့်ချမှတ်ခဲ့ရာ တရားခံ ထက်ထက်မိုးဦးသည် ငွေဒဏ် တစ်ထောင်ကျပ်သာ ပြစ်ဒဏ်ချမှတ် ခြင်းခံခဲ့ရကြောင်း သိရသည်။

ထက်ထက်မိုးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃ဖြင့် အမိန့်ချမှတ်ခဲ့ရာ ဒဏ်ငွေကျပ်တစ်ထောင် ပေးဆောင်စေရန်နှင့် မပေးဆောင်ပါက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲအကြိုအခြေအနေ လက်ခံနိုင်ဖွယ် မရှိ


သောကြာနေ့သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းထောက်များ (၀၃-၃၀-၁၂)VOA သတင်း

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့်ရက် မတိုင်ခင် ဖြစ်နေခဲ့တဲ့အခြေအနေတွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် လက်ခံနိုင်တဲ့ အခြေအနေတွေ မဟုတ်ပါဘူးလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ စည်းကမ်း နည်းလမ်းမကျတာတွေ၊ တရားမ၀င်လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က လုပ်သင့်သလောက် တင်းတင်းကျပ်ကျပ် မလုပ်တာကလည်း စိတ်မကောင်းစရာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ဒေါ်အောင်ဆန်းစုကြည်သတင်းစာရှင်းလင်းပွဲကျင်းပမည်

Thursday, 29 March 2012


သတင်းစာရှင်းပွဲသို့သတင်းယူရန်အတွက် ပြည်တွင်း၊ပြည်ပသတင်းစာဆရာများဝင်ခွင့်ကဒ်ထုတ်ယူနေကြစဉ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းကြည်သည် ကျမ္မာရေးကြောင့် အနားယူနေရာမှ ကောင်းမွန်သက်သာလာပြီဖြစ်ကြောင်းသိရသည်။ မတ်လ(၃၀)ရက်နေ့ ယနေ့နံနက်(၉)နာရီအချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲသတင်းယူရန် ရောက်ရှိနေကြသော ပြည်ပမီဒီယာမှသတင်းစာဆရာများနှင့် ပြည်တွင်းမီဒီယာမှသတင်းစာဆရာများကို တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် သက်ဆိုင်သော သတင်းစာရှင်းပွဲပြုလုပ်မည်ဖြစ်သည်။

မြန်မာ့မြစ်ကြီး (၄) စင်းအနီး ကုန်ကြမ်းမရှာဖွေရအမိန့် ပတ်ဝန်းကျင်ထိန်းသူတွေကြို


Irrawaddy delta
ဓာတ်ပုံ CIA World Factbook




မြန်မာပြည်ရဲ့ အဓိက မြစ်ကြီး လေးစင်းရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မြစ်ကြောင်းအတွင်းနဲ့ မြစ်ကမ်းစပ်ကနေ ပေ (၃၀၀) အကွာ အတွင်းမှာ ကျောက်မျက်ရတနာ၊ ဓါတ်သတ္ထုနဲ့ စက်မှုတွင်းထွက် ကုန်ကြမ်းပစ္စည်းတွေကို စမ်းသပ် ရှာဖွေ ထုတ်လုပ်ခြင်းမလုပ်ဖို့ သတ္ထုတွင်းဝန်ကြီးက ဒီနေ့ အမိန့်ကြော်ငြာ စာထုတ်ပြန်လိုက်တဲ့အပေါ် သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက် နေသူတွေက သတိနဲ့ကြိုဆို လိုက်ပါ တယ်။
တဆက်တည်းမှာပဲ ဒီမြစ်ကြီးတွေ စဉ်ဆက်မပြတ်ဖွံဖြိုးဖို့ဆိုရင် တည်ဆောက်နေတဲ့ ရေကာတာတွေကို ပြန်လည်ဆန်းစစ်ဖို့နဲ့ တည်ဆောက်တာတွေ ရပ်တန့်ဖို့ လိုအပ်ကြောင်းလည်း ထောက်ပြကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာ ဖြစ်ပါတယ်။

လေးဖြူက ကြံ့ဖွံ့ပါတီကို မဲမပေးခဲ့၊ Envoy ဂျာနယ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်မည်


မတ် ၃၀၊ ၂၀၁၂(လေးဖြူ၏ သူငယ်ချင်း ဒီဇိုင်းဆရာ မျိုးဆွေသန်း၏ Facebook တွင် ရေးသားထားချက်များကို ကူးယူ ဖော်ပြပါသည်။)

လေးဖြူနဲ့ မြန်မာပြည်ဒီမိုကရေစီ
Envoy ဂျာနယ်မှာ ဖော်ပြထားတဲ့ လေးဖြူ နှင့် အင်တာဗျူး

ပြီးခဲ့တဲ့နှစ်ရက်လောက်က ဖေ့ဘွတ်ခ်မှာ သီချင်းဆိုတဲ့ကိုလေးဖြူနဲ့ပတ်သက်လို့ သတင်းတစ်ခု တက်လာပါတယ်။

Envoy Journal က လေးဖြူနဲ့အင်တာဗျူးဆိုပြီး ၂၀၁၀ မှာ ကိုလေးဖြူက ကြံ့ဖွတ်ပါတီကို မဲပေးခဲ့ကြောင်း
အခု ၂၀၁၂ မှာ ဘယ်ပါတီကိုမဲပေးရမလဲမဆုံးဖြတ်ရသေးကြောင်း ဆိုတဲ့သတင်းကို အကြောင်းပြုပြီး
IC တစ်ဖွဲ့လုံးနဲ့ဆန့်ကျင်လျက် လေးဖြူက ၂၀၁၀ မှာ ဖွတ်ကိုမဲပေးခဲ့ကြောင်း Envoy Journal မှာ
တရားဝင်ထုတ်ပြောပြီဟု ခေါင်းစဉ်တပ်ပြီး ထပ်ဆင့်သတင်းတင်လာပါတယ်။လေးဖြူကိစ္စ ကျွန်တော်နဲ့မဆိုင်ပေမယ့် သူငယ်ချင်းဖြစ်လို့ ဒီသတင်း အခြေအမြစ်မရှိကြောင်း
မဖြစ်နိုင်ကြောင်းကို မှတ်ချက်လေးပေးလိုက်ပါတယ်။


ရုပ်ရှင်အစည်းအရုံး ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြု

မတ်လ၂၃ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ပွဲတွင် အများဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ဥက္ကဌသစ် ဦးဇင်ဝိုင်းအား လက်ရှိပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှ အသိအမှတ်မပြုသည့်အပြင် ရုပ်ရှင်အစည်းအရုံးဥက္ကဌလုပ်ပိုင်ခွင့်များကို လွှဲပြောင်းပေးခြင်း မရှိသေးကြောင်း သိရှိရသည်။ 

ယခင်ဥက္ကဌဟောင်းဖြစ်သူ ၀န်ကြီးဦးကျော်ဆန်း၏လူရင်း ဦးမြင့်သိန်းဖေမှာ ဥက္ကဌအဖြစ် ပြန်လည်ရွေးကောက်မခံရသည့်အတွက် ၀န်ကြီး ဦးကျော်ဆန်းတစ်ယောက် အလွန်အမင်း မကျေမနပ်ဖြစ်နေကြောင်းနှင့် အဆိုပါအမှုဆောင်ကော်မတီသစ်ကိုလည်း ကန့်ကွက်ကြောင်း သိရှိရပါသည်။