Sunday, November 25, 2012
မြို့တော်ခန်းမရှေ့မှ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူကို တိုင်းရုံးသို့လွှဲပြောင်း
မြို့တော် ခန်းမရှေ့၌ ဦးအောင်ကြည်မြင့်မှ ကောလင်း ရဲစခန်း တာဝန်ရှိ သူများကို အရေးယူပေးပါ၊ ဥပဒေနှင့်အညီ တရားစီရင်ပါ အစရှိသည့် အချက်ပါ ဗွီနိုင်းကိုင်ဆောင်ကာ တကိုယ်တော် ဆန္ဒထုတ်ဖော် နေချိန် မိနစ်(၃၀)ခန့်ကြာတွင် ကျောက်တံတား ရဲစခန်းမှ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဒီးမော့ဆိုမြို့နယ်အတွင်း ဘိလပ်မြေစက်ရုံနှင့် ကျောက်ပြားစက်ရုံ တည်ဆောက်ရန် အစီအစဉ်ရှိ
ဒေသခံတွေဖွံ့ဖြိုးတိုးတက်ဖို့ ကိုအကြောင်းပြပြီး တောတောင်တွေ၊ လယ်ယာမြေတွေ ဖျက်ဆီး ဆုံးရှုံးခံ တည်ဆောက်တာတွေဟာ အမှန်တကယ် သတ်မှတ်ထားတဲ့အချိန်မှာ ပြီးဆုံးပြီး ဒေသခံ ပတ်ဝန်းကျင်ဟာ အမှန်တကယ်ပြောင်းလည်းတိုးတက်လာလျှင်(သို့)
ပြောင်းလည်းတိုးတက်သွားသော သာဓကများ ရှိခဲ့လျှင် မပြောသာပေ။
တောတောင်တွေ ကြားမှာ စီမံကိန်းစက်ရုံများတည်ဆောက် လူမသိသူမသိ တူးဖေါ်ထုတ်လုပ်ပြီး စီမံကိန်းဆောင်ရွက်မှု့ အကျိုးအမြတ်များ ဖေါ်ပြရှင်းလင်းခြင်းမရှိ၊ ဒေသခံ လူထုမှာလည်း
ဘာမှ တိုးတက်ထွန်းကားခြင်းမဖြစ်ပဲ စီမံကိန်း ဆောင်ရွက်သူများသာ၊ နောက်ဆုံး နိုင်ငံသားများအားလုံးနှင့်ဆိုင်
သော သယံဇာတ များခိုးရောင်းစားပြီးကြီးပွားချမ်းသာကုန်ကြပါတယ်။
တရုပ် စီမံကိန်းများဝင်ရောက်လာခြင်းကြောင့် တိုင်းပြည်လူထူရော တိုင်းပြည်ပါနစ်နာဆုံးရှုံးရပါတယ်။ မြန်မာနိုင်ငံ အတွက် တရုပ်ကြောင့် ပြောင်းလည်းတိုးတက်လာစရာအကြောင်းမရှိနိုင်ပါ။
မြန်မာနိုင်ငံမှ ရသော သယံဇာတ ပစ္စည်းများကြောင့်သာ တရုပ်က အကျိုးအမြတ် ရှိမှာ သာဖြစ်ပါတယ်။
တနင်္ဂနွေနေ့၊ နိုဝင်ဘာလ 25 ရက် 2012 ခုနှစ် ကန္တာရ၀တီတိုင်း(မ်) သတင်း
စက်ရုံတည်ဆောက်မည့် ဆောင်ဒူရွာသစ်အနီးရှိ မြင်ကွင်း (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်)

လက်ရှိ ကုမ္ပဏီမှ ရာထားသော မြေနေရာမှာ ဆောင်ဒူ အုပ်စုတွင်းမှာ ဖြစ်ပေမဲ့ အနီးနားမှာရှိတဲ့ ဒေါဘူးကူးအုပ် စု၊ ၀ါသောခိုအုပ်စု နှင့် ဆောင်ဒူအုပ်စု အတွင်းရှိဒေသခံတွေရဲ့ မြေယာများပါဝင်ထိခိုက်နိုင်တဲ့အတွက်ကြောင့် ဒေသခံအများစုက စက်ရုံ တည်ဆောက်မှုကို သဘောမတူကြပါဘူး။
ရွာသစ်ကြီးကျောင်းသစ်မှ ကျောင်းသား ၅၀၀ ခန့်က ဆက်လက် ဆန္ဒပြသွားမည်
ဖနိဒါ | သောကြာနေ့၊ နိုဝင်ဘာလ ၂၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၃ မိနစ်
ချင်းမိုင်(မဇ္စျိမ) ။ ။
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ တိုင်းရင်းသားများ
ဖွံဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်တွင် ပြန်လည် ပညာသင်ယူခွင့် မရမချင်း
စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးကျောင်းသစ်မှ ကျောင်းသား ၅၀၀ ခန့်က ဆက်လက်
ဆန္ဒပြသွားမည်ဟု သိရသည်။
ပြောင်းရွှေ့ခံရသော ရွာသစ်ကြီးတွင် နေထိုင်ရေး၊ ပညာသင်ကြားရေး
အဆင်မပြေမှုများ ရှိသဖြင့် ကြာသာပတေးနေ့ ည ၇ နာရီမှ စတင်ကာ ၎င်းတို့၏
ပစ္စည်းအထုပ်အပိုးများကို သယ်ဆောင်၍ မူလ ပြည်ကြီးတံခွန်
မြို့နယ်ရှိကျောင်းသို့ လမ်းလျှောက် ဆန္ဒပြခဲ့သည်။
Subscribe to:
Posts (Atom)