
Tuesday, June 19, 2012
သမ္မတကြီး၏ ပြုပြင် ပြောင်းလဲရေးနှင့် ပါတ်သတ်၍ ပြောကြားသည့် မိန့် ခွန်း အပြည်အစုံ

မြန်မာ့အရေး ပြည်တွင်းပြည်ပ ဆက်လက်လှုပ်ရှားဖို့ ဒေါ်စု တိုက်တွန်း
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အဆိုတော် ဘိုနို။

ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ ဒပ်ဗလင်မြို့ သို့သွားရောက်ရန် အတွက် အိုင်းရစ် အဆိုတော်ဘိုနို မှ သူ၏ ကိုယ်ပိုင် ဂျက်လေယာဉ် ပေးအပ်ခဲ့
ဂီတပွဲတော်အပြီး ဒပ်ဗလင်ရှိ ဂုဏ်ပြုရင်ပြင်တွင် အိုင်ယာလန်ပြည်သူများကို အမှတ်တရစကား ပြောကြားမည်ဖြစ်သည်။
ယနေ့မနက်နော်ဝေနိုင်ငံတွင် နှစ်စဉ်ကျင်းပသော Oslo Forumတွင် အိုင်းရစ်အဆိုတော်ဘိုနို တက်ရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ယနေ့ဒပ်ဗလင်မြို့သို့သွားရောက်ရန်အတွက် သူ၏ကိုယ်ပိုင်ဂျက်လေယာဉ်ကို ပေးအပ်ခဲ့ကြောင်း နော်ဝေနိုင်ငံရေးဝန်ကြီးဌာနက သတင်းတရားဝင်ထုတ်ပြန်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြန်စ
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများဖြစ်ပွား၍ ၉ ရက်ခန့် ရပ်ဆိုင်းနေသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး သည် ယ မန်နေ့က ပြန်လည် စတင်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
မြန်မာနိုင်ငံဘက်မှ ရေခဲရိုက် ငါး တန်ချိန် ၉၀ တင်ဆောင်လာသည့် ကုန်တင်သင်္ဘော တစီး ယမန်နေ့က ဘင်္ဂလားဒေ့ရှ် စံတော်ချိန် ည နေ ၅ နာရီခွဲ ခန့်တွင် တာ့ခ်နာဖ်(Teknaf) ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ကြောင်း United Land Port Teknaf Limited ၏ မန်နေဂျာ ချုပ် မစ္စတာ Abdul Mohaimen ၏ ပြောဆိုချက်အား ကိုးကား၍ The Daily Star သတင်းတွင် ယနေ့ ဖော်ပြ ထားသည်။
သတင်းစာ ဆရာကြီး လူထု စိန်ဝင်း ကွယ်လွန်
မြန်မာ နိုင်ငံမှ ၀ါရင့် သတင်းစာ ဆရာကြီး တစ်ဦးဖြစ်သူ ဆရာ လူထု ဦးစိန်ဝင်းသည် ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန် အနိစ္စ ရောက်သွားကြောင်း သိရပါသည်။
လူထု စိန်ဝင်းသည် ဇွန်လ ၁၇ ရက်နေ့ ည ၁၁ န ရီ ခွဲက ရန်ကုန်မြို့ SSC ဆေးရုံတွင် ရင်ကြပ် ရောဂါဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်း မိ သားစုများက အတည်ပြု ပြောကြားသည်။ ဆရာလူထု စိန်ဝင်းသည် ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီ ဖြစ်ကြာင်း သိရသည်။ ဆရာ လူထု စိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။
စစ်တွေကမ်းနား တလျှောက် လုံခြုံရေး တိုးမြှင့်ချထား၊ ဈေးနှင့် ကျောင်းများ ပိတ်ထားဆဲ
ကမ်းနားတစ်လျောက်တွင် လုံခြုံရေးများ တိုးမြှင့်ချထား |
စစ်တွေတွင် ယခင်က လုံခြုံရေးချထားခြင်းမရှိသေးသော နေရာများဖြစ်သည့်နေရာ အချို့တွင် လုံခြုံရေး တိုး မြှင့်ချထား မှုများ ပြုလုပ်လာခြင်းဖြစ်သည်။ မြစ်ကမ်းစပ်နှင့်ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ ရဲတပ်သားများ ည အချိန်တွင် ကင်းချ ထားကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောပြသည်။
သီတာထွေးအမှု တရားခံများ သေဒဏ်ချမှတ်
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာသူ မသီတာထွေးကို မုဒိမ်းကျင့် လုယက် သတ်ဖြတ်ခဲ့သော တရားခံ သုံးဦးကို ဇွန်လ ၁၈ရက်နေ့ နံနက် ၁၁နာရီ ၅၀မိန့်နစ်တွင် သေဒဏ် ပြစ်ဒဏ် ချမှတ် ချမှတ်လိုက်ပြီဖြစ်ကြောင်း ကျောက်ဖြူမြို့နယ်မှ ရှေ့နေတစ်ဦးက The Voice Weeklyသို့ ပြောကြားသည်။
Subscribe to:
Posts (Atom)