
Monday, March 12, 2012
မတ်လ ၁၅ ရက်နေ့မှ စပြီး ipay (ယာဉ်စီးခကို ကြိုးမဲ့စနစ်ဖြင့် ငွေပေးသွင်း နိုင်သည့်) စနစ်ကို စတင်အသုံးပြုမည်

ရွေးကောက်ပွဲဝင် ပါတီများ မဲစာရင်းပြဿနာနှင့် ရင်ဆိုင်နေရ

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် ပါတီ တွေထဲက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (အန်ဒီအက်ဖ်)ရဲ့ ပါတီ ကိုယ်စားလှယ် လောင်းတချို့ လက်ရှိကြုံတွေ့နေရတာ တွေကို ပါတီခေါင်း ဆောင် တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပြ ပါ တယ်။
“ဒဂုံဆိပ်ကမ်းမြို့နယ်ပေါ့။ သူတို့ဆီမှာ မဲစာရင်းနာမည်တွေ လွဲတာတွေ၊ နိုင်ငံသားစိစစ်ရေး ကတ်တွေမှာ နံပါတ်မတူတာ၊ လွဲနေတာတွေ ရှိတယ်။ နောက် စာရင်းမပါတာတွေလည်း ရှိတယ်။ ဒီထက် ပိုဆိုးတာက တောင် ဥက္ကလာက လူတွေက ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စာရင်း လာပါ နေတယ် ဆိုတာ သိရတယ်။”
အန်ဒီအက်ဖ် ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ခုမှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၄၈ခုစလုံး ၀င်ရောက် ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ပါတီ ကတော့ မဲစာရင်း ပြသာနာတွေကို ၀င်ပြိုင်မယ့် ၄၈နေရာလုံးမှာ ကြုံတွေ့နေရတယ်လို့ ပါတီအတွင်းရေးမှူး အဖွဲ့ဝင် ဦးဟံသာမြင့် က ပြောပါတယ်။
“မဲဆန္ဒနယ် ၄၈ နေရာစလုံးမှာ မဲစာရင်းမှားတာတွေရှိတယ်။ အသေးစိတ် ပြောပါ ဆိုရင်လည်း အများကြီးပဲ၊ ဘယ်လိုမှားနေတယ်ဆိုတာ ပြောရမယ်။ တကယ်မရှိတဲ့သူတွေ အများကြီး ပါနေတယ်။ မှတ်ပုံတင်နံပါတ် တခုထဲမှာ လူ ၁ထောင် ကျော်လောက် ဖြစ်နေတာတို့၊ အဲဒါ တွေက တက်တက်စင် လွဲနေတာပေါ့။ အဲဒါတွေ တွေ့ရတယ်။”
မဲစာရင်းမှားနေတာတွေကို ရပ်ကွက်ကော်မရှင်ထံ ၇ ရက်အတွင်း တင်ပြပြီး ဖြေရှင်းဖို့ ဆောင် ရွက် ထားပြီး၊ ရွေးကောက်ပွဲ မကျင်းပခင် အချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၂၂ဦး ၀င်ရောက် ယှဉ်ပြိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)အ နေနဲ့တော့ အခုထိ မဲစာရင်းပြသာနာ တင်ပြ လာတာ မတွေ့ရသေးဘဲ၊ တွေ့ကြုံလာရင်လဲ ဆောင်ရွက်ဖို့ ညွှန်ကြားထားပုံကို ပါတီ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဟန်ရွှေက ပြောပြပါတယ်။
“သက်ဆိုင်ရာမဲစာရင်းတွေကို သေချာကြည့်ပါ။ လိုအပ်ရင် ကူးယူပါ။ ပြီးလို့ရှိရင် အဲဒီမှာ စာရင်းတွေအနေနဲ့ မှားတာ ယွင်းတာ ပါလာတာ ရှိရင် သက်ဆိုင်ရာ ကော်မရှင်ကို အမြန်ဆုံးပြောပြီး ပြင်ဆင် ဆောင်ရွက်ပါ ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ ဒီလိုပြောထားတာ ရှိတဲ့ အတွက် အခုထိတော့ ဒါနဲ့ပတ်သက်ပြီး ကျနော်တို့ ဗဟိုကော်မတီဆီကို အောက်ခြေကနေ တင်ပြလာတဲ့ အနေအထား မရှိသေးပါဘူး။
တစညပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၂ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း နေရာ ၆၄ခု အနိုင်ရ ထားတဲ့ ပါတီ ဖြစ်ပါတယ်။
အန်ဒီအက်ဖ်ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ အခုလို မဲစာရင်း ပြသာနာတွေ မဖြေရှင်းနိုင်ရင်တော့ ကြားဖြတ် ရွေးကောက်ပွဲ ဟာ တရားမျှတမှုရှိဖို့ ခက်လိမ့်မယ်လို့ ပြောသွားပါတယ်။
“မဲစာရင်းလုပ်တဲ့ အာဏာပိုင်အဆင့်ဆင့်၊ တာဝန်ပေးထားတဲ့ အောက်ခြေ အဖွဲ့အစည်းတွေက အခုထိ မဲစာရင်းဟောင်းတွေနဲ့ပဲ ဆက်လုပ် နေတယ်ဆိုရင် မျှတဖို့ဆိုတာ တော်တော်ခက်တယ်။ ဒါကိုတော့ အချိန်မီ အကြောင်းကြားမှပဲ။ သို့သော်လည်း ဘယ်လောက်ထိ ကိုင်တွယ် ဖြေရှင်းနိုင်မယ်ဆိုတာ ကော်မရှင်နဲ့ အောက်ခြေ ကိုင်တွယ်ဖြေရှင်းမယ့် အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်က ဘယ်လောက်ထိ လုပ် ပေးနိုင်တယ်ဆိုတာ မူတည်ပါတယ်။ သန့်ရှင်း တာကတော့ ကျနော်တို့ ထင်သာမြင်သာ တွေ့ရမှာဖြစ်ပြီး မျှတတာကတော့ ထင်သာမြင် သာဖြစ်အောင် အတော် ကြိုးပမ်း ရဦးမယ်လို့ ပြောချင်ပါတယ်။”
ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄၈နေရာအတွက် ပါတီ၁၇ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ တသီးပုဂ္ဂလိက ကိုယ်စားလှယ် ၆ ဦးတို့ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပြီးစီး ခဲ့သော လွှတ်တော် အဆောက်အအုံ ၃၃ လုံး၊ သမ္မတအိမ်တော်နှင့် ဒုတိယ သမ္မတအိမ်တော် ခုနှစ်လုံးအတွက် ငွေကျပ် ၂၈ ဘီလျံကျော် သုံးစွဲခဲ့ပြီး ရေရရှိရေးအတွက် ၂ ဒသမ ၃၆ ဘီလျံ သုံးစွဲခဲ့ကြောင်း သိရ
Sunday, 11 March 2012 11:05 |
![]() ![]()
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများကို တွေ့ရစဉ်
ထို့ပြင် ဌာနဆိုင်ရာ(လျှပ်စစ်၊ ဆက်သွယ်ရေး၊ ဆောက်လုပ် ရေး)အတွက် ၆ ဒသမ ၇၁ ဘီလျံ၊ အမြတ်ခွန်နှင့် အမြတ်ငွေ ၁၄ ဒသမ ၈၆ ဘီလျံနှင့် စာရင်းစစ် ဆေးမှုအရ အပြီးသတ် စာရင်းရှင်းရန်ငွေနှင့် နိုင်ငံတော်သို့ Withholding Tax နှစ်ရာခိုင်နှုန်း ပေးသွင်းရန် ၄၆ ဒသမ ၉၁ ဘီလျံ ကုန်ကျခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပြောကြားခဲ့သည်။ |
တိုင်ရီစက်ရုံ အခြေခံ အလုပ်သမား သမဂ္ဂ (ယာယီ) ဖွဲ့စည်းရေး ကော်မတီ သတင်းစာ ရှင်းလင်းပွဲ

တိုင်ရီစက်ရုံ အခြေခံ အလုပ်သမားသမဂ္ဂ (ယာယီ) ဖွဲ့စည်းရေးကော်မတီ သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသူ မစုစုနွေး
မတ်လ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲကို လူအခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးနဲ့ တိုင်ရီစက်ရုံ အလုပ်သမားတွေ၊ အလုပ်သမား၊ လယ်သမားရေးရာ အဖွဲ့အစည်းတွေ၊ ဗ က သ အဖွဲ့ဝင်တွေ၊
ဥပေဒ အကြံပေးတွေနဲ့ မီဒီယာအသီးသီးမှ သတင်းထောက်တွေ တက်ရောက် ခဲ့ကြပါတယ်။ တိုင်ရီစက်ရုံ အခြေခံ အလုပ်သမား သမဂ္ဂ (ယာယီ) ဖွဲ့စည်းရေး ကော်မတီကို အလုပ်အမှုဆောင် ယာယီအဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းထား
တာဖြစ်ပြီး အလုပ်သမား အခွင့်အရေး ကာကွယ်ပေးရေး၊ အလုပ်သမားထု သွေးစည်းညီညွတ်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကော်မတီကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
အာဏာရှင်စနစ် ပြန်ဖြစ်လာ မလာ မသေချာသေးဟု ဒေါ်စု သတိပေး

မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ပြန်လှည့်မသွားဘဲ ဒီမိုကရေစီလမ်းကြောင်းကို မှန်မှန်လျှောက်လှမ်းနိုင်ဖို့ အတွက် ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ လုပ်သွားရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မွန်ပြည်နယ် ဒေသခံလူထုကို ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီး တရားဥပဒေစိုးမိုးမှု ရှိလာမှာသာ ပြည်သူလူထုတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အဆင်ပြေနိုင်မယ်လို့ ပြောလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် မြန်မာနိုင်ငံတ၀ှမ်းကို သွားရောက်ပြီးတော့ မဲဆွယ်စည်းရုံးမှုတွေကို တောက်လျှောက် လုပ်နေတာဖြစ်ပြီး ဒီကနေ့မှာဆိုရင်လည်း မွန်ပြည်နယ် မော်လမြိုင်ကို သွားရောက်ပြီးတော့ ဒေသခံလူထုကို မဲဆွယ်စည်းရုံး ဟောပြောခဲ့ပါတယ်။
စစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်းများစွာရှိလာခဲ့ပြီး မနှစ်ကမှ အရပ်သားအစိုးရ တရပ် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆိုတာ မရှိသေးဘဲ အာဏာရှင်စနစ် ပြန်ဖြစ်လာမယ် မလာဘူး ဆိုတာကလည်း မရေရာသေးကြောင်း၊ ဒါကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ကို မှန်မှန်ဦးတည်ပြီး သွားနိုင်ဖို့ လူထုရဲ့ ထောက်ခံမှုလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။
“ကျမတို့ ဒီမိုကရေစီစနစ် ဆိုတာ ဒီနိုင်ငံမှာ တကယ်တော့ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင် အစိုးရတွေ တက်ရေး မတက်ရေး ဆိုတာကလည်း၊ ပြန်ပြီးတော့ ပေါ်လာရေး မပေါ်လာရေး ဆိုတာကလည်း မရေရာတဲ့ကိစ္စတစ်ခုပဲ အခုထိ ဖြစ်နေသေးပါတယ်။”
ဒါ့အပြင် မြန်မာပြည်သူ လူထုတွေဟာလည်း လူ့အခွင့်အရေးကို အပြည့်အ၀ မခံစားရသေးကြောင်း၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ပြည်သူတွေအနေနဲ့ မိမိတိုရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အဆင်ပြေနိုင်မယ့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြည်သူတွေအတွက် မလိုလားအပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်ဖို့အတွက် လွှတ်တော် အမတ်နေရာ အတော်များများ အနိုင်ရဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။
“လွှတ်တော်ထဲမှာ နေရာများနိုင်သလောက် များအောင်လုပ်ဖို့ လိုတယ်။ အဲဒီတော့မှ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းတွေကို ကျမတို့ ဖယ်ရှားဖို့ ကြိုးစားရမယ်။ ပြည်သူတွေကို တိုးတက်အောင် ကူညီမယ့် ဥပဒေတွေကို ပြဌာန်းဖို့ ကြိုးစားရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားရမယ်။ အရေးကြီးဆုံးကတော့ ပြည်သူ့အသံကို တကမ္ဘာလုံးက ကြားနိုင်အောင်လုပ်ဖို့ ကျမတို့ ကြိုးစားသွားရမယ်။”
ဒါ့အပြင် ပြည်သူလူထုတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားတာဝန်တွေကို အပြည့်အ၀ထမ်းဆောင်ပြီး တိုင်းပြည်စည်းလုံးညီညွှတ်ရေး တည်ဆောက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြား သွားခဲ့ပါတယ်။
“နိုင်ငံ တနိုင်ငံရဲ့ သွေးစည်းညီညွတ်မှု ဆိုတာ အထက်က ဥပဒေနဲ့ လုပ်ယူလို့ မရပါဘူး။ အောက်က ပြည်သူလူထုရဲ့ ၀ိုင်းဝန်းပါဝင်မှုနဲ့ပဲ လုပ်ယူလို့ရတယ်။ အဲဒါကြောင့်မိုလို့ အချင်းချင်း ဒီလို သွေးစည်းညီညွတ်မှု ဆောက်တည်နိုင်တဲ့ ပြည်နယ်မှာ ကိုယ့်ရဲ့ နိုင်ငံသား တာဝန်တစ်ခုအနေနဲ့ လုပ်ပြီးတော့ ကြိုးစားကြပါ။ သွေးစည်း ညီညွတ်ရေးအတွက် ကြိုးစားကြပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။”
ဒီကနေ့ မနက် ၉ နာခွဲကနေ ၁၀ နာရီကျော်အထိ မော်လမြိုင် ကျိုက်မရော ကားလမ်းဘေးက ကျွဲခြံ ၆ မိုင်ကျေးရွာ ဘောလုံးကွင်းမှာ ဒေသခံလူထုနဲ့ တွေဆုံခဲ့တာ ဖြစ်ပြီး မော်လမြိုင်ဒေသခံတွေအပြင် တခြားဒေသက လူထုအင်အား သောင်းနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲ အတွက် မွန်ပြည်နယ်တဝှမ်း နှစ်ရက်တိုင်တိုင် လှည့်လည် မဲဆွယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ပါဝင် လုပ်ဆောင်သွားမယ်လို့ မော်လမြိုင်မြို့၊ Strand ဟိုတယ်မှာ ကျင်းပြုတဲ့ ညစာစားပွဲမှာ ပြောဆိုခဲ့ပြီးတော့ အဲဒီညစာ စားပွဲကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာ အစည်းအရုံး (DKBA)၊ မွန်ပြည်သစ်ပါတီ၊ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ၀င်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်ကတော့ ဒေါ်ခင်ဌေးကြွယ်ဖြစ်ပြီး သူနဲ့ အပြိုင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတွေကလည်း မော်လမြိုင်မှာ ၀င်ပြိုင်မှာဖြစ်တယ်လို့ ဒေါ်ခင်ဌေးကြွယ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မော်လမြိုင်မြို့ကနေ မနက် ၁၀ နာရီခွဲမှာ ရန်ကုန်ကို ပြန်လည် ထွက်ခွာလာခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ် မီးလောင်မှုဖြစ်ပွါး
ဗိုလ်ချုပ်ကြီးများနေထိုင်ရာ အိမ်ရာများပတ်ဝန်းကျင်တွင် အိမ်ဈေးနှုံးမှာ သိန်းရာဂဏန်းနဲ့တော့အနည်းဆုံးပေးရမယ်ထင်ပါတယ်။
ဓါတ်ပုံထဲတွင်မြင်နေရသောမီးတောက် နဲ့ အချိန်တနာရီခွဲကြာလောင်ကျွမ်းခဲ့တဲ့မီးနဲ့ ဆုံးရှုံးခဲ့တဲ့ ဖေါ်ပြမှု့ငွေတန်ဖိုးဟာ ဖြစ်နိုင်ချေရှိပါ့မလား။ နောက်ဆက်တွဲ မတရားရှာထားတဲ့ တရားမဝင်ငွေကျေးပိုင်ဆိုင်မှု့တွေ အလိမ်တွေပေါ်ကုန်မှာစိုးလို့ မြန်မာကျပ်ငွေ ၈သိန်းခန့်လို့ လိမ်လည်ဖေါ်ပြမှန်း
သိသာလှပေသည်။(ဗိုလ်ချုပ်ကြီးများသတင်းသုံးသပ်ချက်)
![]() |
ဓါတ်ပုံ-(googleimages) |
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဝင်များ၊ တပ်မတော် အကြီးတန်းအရာရှိကြီးများ အများစုနေထိုင်ရာ မရမ်းကုန်းမြို့ နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ
ကမ္ဘာအေးဗီလာအိမ်ရာတွင် ယနေ့ (မတ် ၁၂ ရက် ) နံနက် ၃နာရီ ခွဲခန့် မှ ၅နာရီ ခန့် အထိ မီးလောင်ခဲ့ကြွမ်းခဲ့ကြောင်း မီးသတ်ဦးစီးဌာန နှင့် မျက်မြင်သက်သေများထံမှ သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာတွင် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့်ပတ်သတ်၍ မီးသတ်ဦးစီးဌာနသို့ The Voice Weekly က ဆက်သွယ်မေးမြန်းခဲ့ရာ ကမ္ဘာအေးဗီလာ အိမ်အမှတ် ( C-3 ) ဒေါ်တိုးရီ၏
အလျားပေ ၆၀ ၊ အနံ ပေ ၆၀ ရှိ အာစီ ၂ထပ်ခွဲတိုက် မီးလောင်ခဲ့ရာ မြန်မာငွေ တန်ဖိုး ကျပ်၈သိန်းခန့် ဆုံးရှုံး ခဲ့ကြောင်း ပြန်လည်ဖြေကြားသည်။
မရမ်းကုန်းမြို နယ် ၈ မိုင်လမ်းဆုံ အနီး၌ နေထိုင်သူများကမူ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်(ငြိမ်း) အိမ်ဖြစ်ကြောင်း သိရသည်။
The Voice Weekly
ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တက်ရောက်လေ့လာ
ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ရုပ်သံရိုက်ကူးရန် နေပြည်တော်သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈နာရီ ၄၅မိနစ်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်လည်းကောင်း၊ ကိုးနာရီခွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လည်းကောင်း အသီးသီး တွေ့ ဆုံခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
လွှတ်တော် ဥက္ကဋ္ဌများနှင့် သီးသန့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ အစည်းအဝေး ကျင်းပပုံကို မိနစ် ၃၀ နီးပါးကြာ တက်ရောက်လေ့လာခဲ့ပြီး ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် နေပြည်တော်လွှတ်တော် ခန်းမ အဆောက်အအုံအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly
မြစ်ဆုံစီမံကိန်း ပြန်စတင်လည်ပတ်ရန် ကြိုးပမ်းနေကြောင်း China Daily က 2012-03-11 07:56 တွင်ဖော်ပြ
Monday, March 12, 2012
Posted by Co2zeиith အကြောင်းအရာ သတင်း
Restart the hydro plant, Myanmar govt urged ခေါင်းစဉ်ဖြင့် တရုတ်သတင်း website တွင်ဖော်ပြပါရှိခြင်း
ဖော်ပြထားသည့် သတင်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
Some
senior Chinese political consultants on Saturday called for the
Myanmar government to resume the suspended Myitsone hydropower plant,
stressing that it' is a legitimate project that is in the interest of
both countries, as well as local residents.ဖော်ပြထားသည့် သတင်းအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
China is participating in the Myitsone dam project at Myanmar's invitation after the two countries' top leaders witnessed the signing of the agreement, Zhang Guobao, former head of the National Energy Administration, said at a news briefing, as part of the plenary sessions now going on.
Zhang, a member of the Chinese People's Political Consultative Conference National Committee, said the project would help ease Myanmar's critical power shortage and propel its economic growth.
The country, with a population of more than 40 million, has the capacity to generate only 3 million kilowatts, according to Zhang.
The $3.6 billion dam project, which has an installed capacity of 6,000 megawatts, can generate about 29,400 million kilowatt hours a year after completion, which is expected in 2019.
More importantly, Zhang said it is a good project that will bring local residents a better life.
He urged further consultation over the resumption of the project, even though China respects Myanmar's previous decision to suspend the project.
Last September the government halted construction of the hydro-electric power station, a joint venture of the China Power Investment Group, Myanmar's Ministry of Electric Power-1 and a local private company, partly due to local protests over the feared environmental impact of the dam.
Myanmar did not provide a timetable to resume the project.
China Power Investment Corp went through all the legitimate procedures and feasibility surveys to ensure the safety of the project before starting it in 2009, said Lu Qizhou, the company's president.
"Myanmar
is our friendly neighbor we hope to restart the project as quickly as
possible," said Lu, who is also a CPPCC National Committee member.
Addressing
environmental concerns raised by Chinese hydro-electric power
projects, Lu said that China will further develop hydropower, as it is
the most economical among all renewable energies.But the company will do everything possible to avoid negative impact of such projects on the environment, ensure the safety of local residents, and limit the effects on their daily life.
Hydropower dams in China, like elsewhere in the world, have raised fears from academic critics and the public on the possible impact on ecology.
Lu said planned hydropower projects will continue and the designs of the projects will address all these concerns.
At the news conference, Wang Binghua, chairman of China's State Nuclear Power Technology Corporation, also showed his strong support for the controversial construction of inland nuclear power stations, saying that inland regions, Central China in particular, lack primary energy resources and have to develop nuclear power plants to meet the energy demand.
These inland nuclear power stations strictly adhere to all national and international safety standards, Lu said.
zhouyan@chinadaily.com.cn
(China Daily 03/11/2012 page3)
ယခုဖော်ပြထားသောသတင်းတွင် မြစ်ဆုံစီမံကိန်းသည်တရုတ်နိုင်ငံအတွက်မည်မျှအရေးပါကြောင်းဖော်ပြထားသည်။
။ရေအားလျှပ်စစ်စီမံကိန်းအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံသည် တရုတ်တို့၏ ရင်းနှီးသော အိမ်နီးချင်းကောင်း နိုင်ငံဖြစ်ကြောင်း အတတ်နိုင်ဆုံးမြန်မြန် ပြန်လည်ပတ်ဆောင်ရွက်ချင်သည် ဖြစ်ကြောင်းCPPCC National Committee member ၀င်တစ်ဦးဖြစ်သူ လု ဆိုသူကပြောကြားသည် ဟုဖော်ပြပါရှိပါသည်။
ထိုသတင်းဖော်ပြသည့် url လိပ်စာက ဒီမှာ ဖြစ်ပါသည်။
မြစ်ဆုံဆည် ပြန်စရေး တရုတ် ကုမ္ပဏီ လေသံပစ်
![]() |
ဧရာဝတီ မြစ်ဆုံ |
သမ္မတကြီး ဦးသိန်းစိန် အမိန့်ဖြင့် ၂၀၁၁
ခုနှစ် စက်တင်ဘာလက ရပ်နားခဲ့သော ဧရာဝတီ မြစ်ဆုံဆည် ပြန်လည် တည်ဆောက်
လိုကြောင်း တရုတ်အစိုးရ အာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ နိုင်ငံတကာ
သတင်းမီဒီယာ များတွင် ဖော်ပြထားသည်။
မြန်မာ့ သတို့သမီး ဧရာဝတီမြစ်ဖျားတွင်
မြစ်ဆုံဆည် ပြန်လည် တည်ဆောက်ရေး တရုတ် China Power Investment Corp က
ပြန်လည် ဆွေးနွေးရန် တက်ကြွနေပြီး မြစ်ဆုံဆည်ကို ဖြစ်နိုင်သမျှ စောစီးစွာ
ပြန်လည် စတင်လိုကြောင်း ယင်းကုမ္ပဏီ ဥက္ကဋ္ဌ Lu Qizhou ၏ ပြောဆိုချက်ကို The
Wall Street Journal အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
သမ္မတကြီး ဦးသိန်းစိန် အနေနှင့် ၄င်း၏
သက်တမ်းအတွင်း ဆည်တည်ဆောက်ခြင်း ခွင့်ပြုမည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး
တရုတ် ကုမ္ပဏီက ယင်းကိစ္စကို တရားဥပဒေကြောင်း အရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်း
ပြန်လည် တုံ့ပြန် ပြောဆိုခဲ့သည်။
ရပ်ဆိုင်းလိုက်သည့် စီမံကိန်းမှာ
မြစ်ဆုံတွင် ဆောက်လုပ်မည့် ဆည်တစ်ခုတည်းသာ ဖြစ်ပြီး မေခ၊ မလိခ မြစ်ညာ
မြစ်ဝှမ်းရှိ ဆည်များကိုမူ ရပ်ဆိုင်းထားခြင်း မရှိကြောင်း ပတ်ဝန်းကျင်
ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူက The Voice Weekly သို့ ပြောကြားသည်။
" ပြန်စချင်လည်း စနိုင်တာပေါ့။ သူတို့က ဘယ်လို သဘောတူညီချက်တွေ ယူထားလဲမှ မသိတာ " ဟု ၎င်းက ဆိုသည်။
ဧရာဝတီ မြစ်ဆုံ၊ မေခ၊ မလိခ၊ မြစ်ညာ
မြစ်ဝှမ်း ရေအားလျှပ် စစ်စီမံကိန်းများတွင် မြစ်ဆုံ၊ ချီဗွေ၊ ချီဗွေငယ်၊
ဝူဆောက်၊ ခေါင်လန်ဖူး၊ ယီနန်၊ ဖီဇော၊ လိုင်ဇာ စသည့် ရေအားလျှပ်စစ်
စီမံကိန်း ရှစ်ခု ပါဝင်ပြီး စုစုပေါင်း စက်တပ်ဆင် အင်အား ၁၈၄၉၉ မဂ္ဂါဝပ်
ရှိသည်။
ကချင်ပြည်နယ် မြစ်ဆုံအနီး ခေါင်လန်ဖူး
အနီးရှိ တန်ဖဲ ရွာဟောင်းတွင် နေထိုင်သူများနှင့် ဈေးရောင်းချသူ များကို
ဆယ်ရက်အတွင်း ပြောင်းရွေ့ကြရန် မြစ်ကြီးနား ခရိုင် အုပ်ချုပ်ရေးမှူး၏က မတ်လ
၆ ရက်နေ့တွင် ညွန်ကြားခဲ့ (The Voice Weekly – Vol.8/ No.13) သည်။
အာဏာရှင်ဟောင်းဦးသန်းရွှေ မိသားစု ၄င်းတို့ ပိုင်စီးပွါးရေးလုပ်ငန်းများမှာ လျှပ်စစ်မီးခမပေးပဲသုံးစွဲနေ
![]() |
ဦးသန်းရွှေ မိသားစုကို အိန္ဒိယမှာတွေ့ ရစဉ် |
နေပြည်တော်တွင်
ဦးသန်းရွှေ ၏ သား/သမီးများဗိုလ်ကျစိုးမိုးနေဆဲဖြစ်ကြောင်း၊
အောက်ပါအကြောင်းအရာများနှင့်အတူတင်ပြလိုက်ပါသည်။
အသုံးမကျသော အမှတ်(၂)
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၀န်ကြီးအပါအ၀င်
အင်ဂျင်နီယာများကိုလည်း
ရှုံ့ချလိုက်ပါသည်။ လက်ရှိနေပြည်တော်တွင် ဦးသန်းရွှေ သားသမီးများလုပ်ကိုင်နေသော
စည်းပွားရေးလုပ်ငန်းများဖြစ်သည့်----
၁။ မြတ်မင်္ဂလာဟိုတယ်တွင်
1000 KVA Transfer
(၁)လုံး
၂။
ဟိုတယ်အမှတ်(၂၂)(ဒက္ခိဏသီရိဟိုတယ်ဇုံ) တွင် (1000) KVA Transfer (၁) လုံး၊
၃။ မြေကွက်အမှတ် (၄၃)
(ဒက္ခိဏသီရိမြို့နယ်)တွင် (500) KVA Transfer (၁) လုံး
စုစုပေါင်း (၃)လုံးအား ၄င်းတို့ဖခင်အရှိန်အ၀ါသုံး၍ ခိုင်းစေမှုကြောင့်အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၀န်ကြီးအပါအ၀င် အင်ဂျင်နီယာ(ထိုလူသိသလောက်ပြောပြသော)
အောက်ဖော်ပြပါ ဇယားမှ စတပ်ဆင်သည့်အချိန်မှ လက်ရှိ အချိန်(ခန့်မှန်းခြေ စုစုပေါင်း
၂ နှစ်ကျော်) မီတာခဆောင်ရန်မလိုပဲ ဇယားအတွင်းမှ အချို့သောအင်ဂျင်နီယာများ
ကိုယ်တိုင်ဦးစီး၍ ဌာနပိုင်ပစ္စည်းနှင့်လူအင်အားစိုက်၍ တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း
သိရှိရပါသည်။
၎င်း Transfer (၃) လုံး၏ လစဉ်သုံးစွဲမှု တန်ဖိုးမှာ ယခင်မီတာခများမတက်ခင်ကပင်
ကျပ်ငွေ သိန်းတစ်ရာ ၀န်းကျင်ရှိကြောင်း ၊ ယခုဈေးနှုံးနှင့်ဆိုလျှင် သိန်း တစ်ရာ အထက်
တွင်ရှိကြောင်း၊ ၄င်းငွေပမာဏသည် ဌာနမှ လစဉ်အနစ်နာခံနေသော်လည်း အမှန်တစ်ကယ်တွင် ပြည်သူလူထုမှ နစ်နာနေခြင်းလည်းဖြစ်ပါသည်။
လစဉ် ၄င်းတို့ဗိုလ်ကျ၍ မီတာခမဆောင်သော ငွေပမာဏကို ဖွံ့ဖြိုးမှုအားနည်းသော
ဒေသများတွင် အသုံးချလျှင် တော်တော် အကျိုးရှိမည်ဖြစ်သည်။ သာမန်ပြည်သူ လျှပ်စစ်မီး ခိုးသုံးလျှင် ဌာနမှ လျော်ကြေးငွေအား အောက်ပါတိုင်းတွက်
ချက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
စုစုပေါင်း (၃)လုံးအား ၄င်းတို့ဖခင်အရှိန်အ၀ါသုံး၍ ခိုင်းစေမှုကြောင့်အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ၀န်ကြီးအပါအ၀င် အင်ဂျင်နီယာ(ထိုလူသိသလောက်ပြောပြသော)
အောက်ဖော်ပြပါ ဇယားမှ စတပ်ဆင်သည့်အချိန်မှ လက်ရှိ အချိန်(ခန့်မှန်းခြေ စုစုပေါင်း
၂ နှစ်ကျော်) မီတာခဆောင်ရန်မလိုပဲ ဇယားအတွင်းမှ အချို့သောအင်ဂျင်နီယာများ
ကိုယ်တိုင်ဦးစီး၍ ဌာနပိုင်ပစ္စည်းနှင့်လူအင်အားစိုက်၍ တပ်ဆင်ပေးထားခြင်းဖြစ်ကြောင်း
သိရှိရပါသည်။
၎င်း Transfer (၃) လုံး၏ လစဉ်သုံးစွဲမှု တန်ဖိုးမှာ ယခင်မီတာခများမတက်ခင်ကပင်
ကျပ်ငွေ သိန်းတစ်ရာ ၀န်းကျင်ရှိကြောင်း ၊ ယခုဈေးနှုံးနှင့်ဆိုလျှင် သိန်း တစ်ရာ အထက်
တွင်ရှိကြောင်း၊ ၄င်းငွေပမာဏသည် ဌာနမှ လစဉ်အနစ်နာခံနေသော်လည်း အမှန်တစ်ကယ်တွင် ပြည်သူလူထုမှ နစ်နာနေခြင်းလည်းဖြစ်ပါသည်။
လစဉ် ၄င်းတို့ဗိုလ်ကျ၍ မီတာခမဆောင်သော ငွေပမာဏကို ဖွံ့ဖြိုးမှုအားနည်းသော
ဒေသများတွင် အသုံးချလျှင် တော်တော် အကျိုးရှိမည်ဖြစ်သည်။ သာမန်ပြည်သူ လျှပ်စစ်မီး ခိုးသုံးလျှင် ဌာနမှ လျော်ကြေးငွေအား အောက်ပါတိုင်းတွက်
ချက်ခြင်းဖြစ်ကြောင်းသိရှိရသည်။
လုပ်ငန်းသုံးအတွက် ၂၀၀၀
ဝပ်(2kW)ပမာဏ လျှပ်စစ်မီးခိုးသုံးနေလျှင် တွက်ချက်ပုံမှာ-
(2kW/1kWh)x12 hr x 365
days x 75 Ks = 657000 Ks( ခြောက်သိန်းငါးသောင်း
ခုနစ်ထောင်ကျပ်)1000 KVA(800 KW) Transfer (၁) လုံးဖြင့် လျှပ်စစ်မီး တရားမ၀င်သုံးစွဲလျှင် ပေးဆောင်ရမည် လျော်ကြေးငွေမှာ-
ခုနစ်ထောင်ကျပ်)1000 KVA(800 KW) Transfer (၁) လုံးဖြင့် လျှပ်စစ်မီး တရားမ၀င်သုံးစွဲလျှင် ပေးဆောင်ရမည် လျော်ကြေးငွေမှာ-
(800 kW /1kWh) x 12 hr
x 365 days x 75 Ks = 262800000 ( နှစ်ထောင့်ခြောက်ရာ နှစ်ဆယ့်ရှစ်သိန်း)ဟု ၄င်း
ပုဂ္ဂိုလ်ပြောပြ၍ သိရှိရသည်။
Transfer (၃) လုံးအတွက် နှင့် (၂) နှစ်ကျော် မီတာခ မဆောင်သော ငွေပမာဏကို
အများပြည်သူများ ကိုယ်တိုင်တွက်သာကြည့်ပေတော့..ကျွန်တော်ကတော့ရင်နာလွန်း
လို့မတွက်တော့ပါ..မယုံကြည်သူများ ကျွန်တော်ပြထားသော အင်ဂျင်နီယာများထံသို့ သက်ဆိုင်ရာဖုန်းနံပါတ်များဖြင့် စုံစမ်းကြည့်နိုင်ပါသည်.. ၄င်းအင်ဂျင်နီယာများ..
အရှက်ရှိလျှင် အမှန်တိုင်းဖြေဆိုလိမ့်မည်..အရှက်မရှိသော အင်ဂျင်နီယာများသာလျှင် အကြောင်းအမျိုးမျိုးပြဖြေလိမ့်မည်.. ဒီ ဘလော့ ကိုဖတ်သူများထဲမှ ဒီမတရာမှုကြီးကို အများပြည်သူများအတွက် ဖြေရှင်းပေးနိုင်မဲ့သူပါ ပါစေလို့ဆိုတောင်းလျှက်.....
Sky Star
အပြည့်အစုံကိုPDF File မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။
EngineersTransfer (၃) လုံးအတွက် နှင့် (၂) နှစ်ကျော် မီတာခ မဆောင်သော ငွေပမာဏကို
အများပြည်သူများ ကိုယ်တိုင်တွက်သာကြည့်ပေတော့..ကျွန်တော်ကတော့ရင်နာလွန်း
လို့မတွက်တော့ပါ..မယုံကြည်သူများ ကျွန်တော်ပြထားသော အင်ဂျင်နီယာများထံသို့ သက်ဆိုင်ရာဖုန်းနံပါတ်များဖြင့် စုံစမ်းကြည့်နိုင်ပါသည်.. ၄င်းအင်ဂျင်နီယာများ..
အရှက်ရှိလျှင် အမှန်တိုင်းဖြေဆိုလိမ့်မည်..အရှက်မရှိသော အင်ဂျင်နီယာများသာလျှင် အကြောင်းအမျိုးမျိုးပြဖြေလိမ့်မည်.. ဒီ ဘလော့ ကိုဖတ်သူများထဲမှ ဒီမတရာမှုကြီးကို အများပြည်သူများအတွက် ဖြေရှင်းပေးနိုင်မဲ့သူပါ ပါစေလို့ဆိုတောင်းလျှက်.....
Sky Star
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)၏ သား/ သမီးများပိုင်ဆိုင်သော စည်းပွားရေးလုပ်ငန်းများသို့ လျှပ်စစ်ဓာတ်အားကိုအလကားတိုက်ရိုက်ပေးထားခြင်းအား ၀န်ကြီးအပါအ၀င် ကိုယ်တိုင်ဆောင်ရွက်ပေးသောအင်ဂျင်နီယာများနှင့်သိရှိသော်လည်းအရေးမယူသော အင်ဂျင်နီယာများ |
||||
စဉ် | အမည် | ရုံးအမည် | ဖုန်းနံပါတ် | |
၁ | ရာထူး | Minister | ရုံးအမှတ်(၂၇) | 067-414139 |
၂ | ဦးအောင်သန်းဦး | Vice Minister | ရုံးအမှတ်(၂၇) | 09-8303200 |
၃ | ဦးခင်မောင်ဇော် | Director General | ရုံးအမှတ်(၂၇) | 067-410483 |
၎ | ဦးညိုမြင့် | Head Officer | ရုံးအမှတ်(၂၇) | 09-8603003 |
၅ | ဦးမြင့်အောင် | Mananging Director | ရုံးအမှတ်(၅၃) | 09-8600134 |
၆ | ဦးအောင်မြင့် | Chief Engineer | ရုံးအမှတ်(၅၃) | 067-440064 |
၇ | ဦးကျော်ငြိမ်း | Deputy Chief Engineer | တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး | 09-8302992 |
၈ | ဦးမြင့်သန်း | Superindentent Engineer | တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး | 09-49202881 |
၉ | ဦးမျိုးသန့်ထွန်း | Superindentent Engineer | ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၁) | 09-49202897 |
၁၀ | ဦးသက်ပိုင်မျိုး | Superindentent Engineer | ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) | 09-49202896 |
၁၁ | ဦးအောင်မျိုးသွင် | Executive Engineer | မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၁) | 09-49202883 |
၁၂ | ဦးခန့်ထက် | Executive Engineer | မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) | 09-49202895 |
၁၃ | ဦးလှဖုန်း | Executive Engineer | တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး | 09-2018504 |
၁၄ | ဦးဝင်းလွင်ရှိန် | Assitant Engineer | တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး | 067-414839 |
၁၅ | ဦးဆန်းနိုင် | Assitant Engineer | တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး | 067-414839 |
၁၆ | ဦးစိုးထွဋ်ခိုင် | Assitant Engineer | တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး | 067-414839 |
၁၇ | ဦးအောင်သက်ဝေ | Assitant Engineer | တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး | 09-8302787 |
၁၈ | ဦးကြည်မြင့် | Assitant Engineer | ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) | 09-49344574 |
၁၉ | ဦးတင်မျိုးအောင် | Sub-Assitant Engineer | တိုင်းလျှပ်စစ်အင်ဂျင်နီယာရုံး | 09-49213842 |
၂၀ | ဦးစိုးပိုင်ထွန်း | Sub-Assitant Engineer | ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) | 09-49220318 |
၂၁ | ဦးဆန်းလင်းထွန်း | Sub-Assitant Engineer | ဓာတ်အားခွဲရုံအမှတ်(၄) | 09-43079297 |
၂၂ | ဦးဇေယျာလင်း | Sub-Assitant Engineer | ဓာတ်အားခွဲရုံအမှတ်(၅) | 067-419097 |
၂၃ | ဦးအောင်ကျော်ငြိမ်း | Sub-Assitant Engineer | ဓာတ်အားခွဲရုံအမှတ်(၆) | 067-413252 |
၂၄ | ဦးခိုင်မင်းဦး | Sub-Assitant Engineer | ဓာတ်အားခွဲရုံအမှတ်(၇) | 067-414521 |
၂၅ | ဦးဇော်မင်း | Sub-Assitant Engineer | မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး(၂) |
Subscribe to:
Posts (Atom)