Tuesday, July 10, 2012

အဆိုတော် ဂျေညီညီ၏ကား နှင့် ဆယ်ဘီးကား မျက်နှာချင်းဆိုင်တိုက်ပြီး ဒဏ်ရာအပြင်းအထန်ရ


First Music Nnews ဂျာနယ်
ဇူလိုင် ၉၊ ၂၀၁၂



ကားတိုက်ခံရပြီး ဘ၀ပျက်သလောက် ဒဏ်ရာ ဒဏ်ချက် များနဲ့ အဆိုတော်ဂျေညီညီရဲ့ ရင်ဖွင့် စကားသံများ

အနုပညာ သမားအဖြစ် ရိုးသားသန့်ရှင်းစွာ ရပ်တည်ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ ထိခိုက် အနုပညာသမားအဖြစ် ရိုးသား သန့်ရှင်းစွာ ရပ်တည် ခဲ့သော ဂျေညီညီ၏ ဘဝပျက်စရာ ထိခိုက် နစ်နာဆုံးရှုံးမှုများအတွက် စာနယ် ဇင်းရှင်းလင်းပွဲကို ဒဏ်ရာ ဒဏ်ချက် ပေါင်းများစွာ နဲ့ ရောက်ရှိလာ တဲ့ ဂျေညီညီရဲ့ရင်ဖွင့်စကားသံတွေက...

ယနေ့ (ဇူလိုင်၉) ကျင်းပသော လွှတ်တော်အစည်းအဝေးသို့တက်ရောက်နေသော ဒေါ်အောင်ဆန်းစုကြည်။


ပထမအကြိမ်ပြည်သူ့လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့အစည်းအဝေးသို့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က
လွှတ်တော်အဆောက်အဦသို့ရောက်ရှိလာပြီး စတင်တက်ရောက်နေပြီဖြစ်ကြောင်း နေပြည်တော်မှ 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။လွှတ်တော်အစည်းအဝေးအစီအစဉ်များတွင် လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းနှင့် အဆို (၈)ခု
တင်သွင်းဆွေးနွေးမည့်အစီအစဉ်များပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များသည် ယနေ့ဆွေးနွေးမည့်အစီအစဉ်တွင် ပါဝင်ခြင်းမရှိသေးပေ။