Saturday, December 3, 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်တွေ့ဆုံစဉ် ဗီဒီယိုသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင်တွေ့ဆုံစဉ် ဗီဒီယိုသတင်းနှင့်
ဒေါ်အောင်ဆန်းစုကြည်နောက်ဆက်တွဲသတင်း

ဒီမိုကရေစီပန်းတိုင် အရောက် လှမ်းရတော့မယ် ဒေါ်အောင်ဆန်းစုကြည် ပြော

2011-12-02
မိမိတို့နဲ့တကွ မြန်မာနိုင်ငံ အစိုးရ၊ အမေရိကန် ပြည်ထောင်စုနဲ့ အပြည်ပြည် ဆိုင်ရာက မိတ်ဆွေ နိုင်ငံတွေ အတူတကွ ပူးပေါင်း လုပ်ဆောင်ကြမယ် ဆိုရင် ဒီမိုကရေစီ ပန်းတိုင် ချီတက်ရာ လမ်းကြောင်းဟာ နောက်ပြန်လှည့်လို့ မရတော့ဘဲ ရှေ့ ကို ဆက်လှမ်းရတော့မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။


အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် အတူ တွေ့ရစဉ်။
အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံ အပြီး သတင်းထောက်များကို ရှင်းလင်း ပြောကြားရာမှာ အခုလိုပြောတာပါ။ ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ဒါပေမယ့် ကျွန်မတို့ဟာ ဒီလမ်းကြောင်းပေါ်ကို မရောက်သေးပါဘူး။ ကျွန်မတို့ရဲ့ မိတ်ဆွေများ အကူအညီတွေ၊ စာနာ နားလည်မှုတွေနဲ့ ဒီလမ်းကြောင်းပေါ်ကို အမြန်ဆုံး ရောက်ရှိနိုင်လိမ့်မယ်လို့  မျှော်လင့်ပါတယ်” လို့လည်း ပြောဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း သတင်းထောက်များကို ပြောကြားရာမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်လာတာနဲ့ အမျှ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ အတွက် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ အတူတူ လက်တွဲ လုပ်ဆောင်လိုပါကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အတွက် လုပ်ဖေါ်ကိုင်ဖက် တစ်ဦး ဖြစ်လိုပါကြောင်း ပြောဆိုသွားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ အာရှနဲ့ အရှေ့ ဖျား ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Cambell၊ ဒီမိုကရေစီ လူ့ အခွင့်အရေးနဲ့ အလုပ်သမား ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Michael Posner၊ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Derek Mitchell နဲ့ အမေရိကန် သံရုံး ယာယီတာဝန်ခံ သံမှူးတို့နဲ့ နံနက် ၉ နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ကို ရောက်ရှိလာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်လည်း တက်ရောက်ပါတယ်။ အသေးစိတ်ကိုတော့ နှစ်ဘက်လုံးက ထုတ်ပြန်ခြင်း မရှိပါဘူး။ နံနက် ၁၀ နာရီ မိနစ် ၂၀ မှာတော့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အင်န်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ရော၊ CRPP အဖွဲ့နဲ့ရော တွေ့ဆုံပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးရဲ့  ဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က အခုလို ပြောပြပါတယ်။ “လွန်ခဲ့တဲ့ လအနည်းငယ်က သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပြီးတဲ့ နောက်ပိုင်းမှာ မြန်မာ့ နိုင်ငံရေးမှာ တိုးတက်မှု တချို့ ရရှိလာခဲ့တာ မှန်ပါတယ်။ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်နေပြီလို့ ပြောလို့ကတော့ မရသေးပါဘူး။ ပြုပြင် ပြောင်းလဲမှုတွေ အများအပြား တိုးမြှင့် လုပ်ဆောင်စရာတွေတော့ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံ တစ်ဝန်းလုံးမှာ ရှိတဲ့ အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဉ်းသားပေါင်း များစွာ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ နေပြည်တော်မှာ ဒီကိစ္စကို ဝန်ကြီး ကလင်တန် ဆွေးနွေးခဲ့ပြီး ဖြစ်မယ်လို့လည်း ယုံကြည်ပါတယ်။ တိုင်းရင်းသားများ မှီတင်း နေထိုင်ရာ ပြည်နယ် တချို့မှာ တောက်လောင်နေဆဲ စစ်မီးကို အမြန်ဆုံး ငြိမ်းသတ်နိုင်ရေး အတွက် ဆောင်ရွက်ပေးဖို့ လိုအပ်နေပါပြီ ဆိုတဲ့ အကြောင်းပါပဲ။ အဲဒီစစ်ကို အကြောင်းပြုပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ ကြားနေရလို့ များစွာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ဖို့ အမေရိကန် အနေနဲ့ မြန်မာ အစိုးရကို တိုက်တွန်း ပေးစေလိုပါတယ်။ လက်ရှိ မြန်မာ အစိုးရအပေါ် အမေရိကန် အစိုးရ အနေနဲ့ ချဉ်းကပ် ဆောင်ရွက်နေပုံကို နားလည် သဘောပေါက်ပြီး ထောက်ခံပါတယ် စသည်ဖြင့် ပြောပါတယ်။” CRPP အတွင်းရေးမှူး ဦးအေးသာအောင်က တိုင်းရင်းသားများ အရေးနဲ့ ပတ်သက်ပြီး ပင်လုံ စာချုပ် အခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖြစ်မြောက်ရေး လိုအပ်ကြောင်း ဆွေးနွေးကြပြီး ဦးပူကျင့်ထန်းနဲ့  ဦးနိုင်ငွေသိန်း တို့ကလည်း အလားတူ ဆွေးနွေးကြတယ်လို့ သိရပါတယ်။ ဟီလာရီ ကလင်တန်ဟာ ဆွေးနွေးပွဲ အပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ နေအိမ် ခြံဝင်းရှေ့ မှာ သတင်းမီဒီယာက ပုဂ္ဂိုလ် ၁၅၀ ခန့်ကို ရှင်းလင်း ပြောကြားပါတယ်။ သတင်းထောက် တစ်ဦးရဲ့အမေးကို ဖြေကြားရာမှာတော့ လုံလောက်တဲ့ တိုးတက်မှု ရှိရင် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ စဉ်းစားမယ် ဖြစ်ကြောင်း ဟီလာရီ ကလင်တန်က ဖြေကြားခဲ့ပါတယ်။

Transparency International အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု ကမ္ဘာ့ အဆိုးဆုံးမှာရှိ

  

နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်အရေးအဖွဲ့ကြီး (Transparency International) က နှစ်စဉ် ကမ္ဘာ့နိုင်ငံများရဲ့ အဂတိလိုက်စားမှု အခြေအနေကို အစီရင်ခံစာ ထုတ်ပြန်လေ့ရှိပြီး၊ ယခု ၂၀၁၁ ခုနှစ် နိုင်ငံပေါင်း ၁၈၂ နိုင်ငံအတွက် အစီရင်ခံစာကို ဒီဇင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
TI အဖွဲ့က ကမ္ဘာ့နိုင်ငံတွေရဲ့ ခြစားမှုအခြေအနေကို ဖော်ပြရာမှာ၊ ပြည်သူ့ဘဏ္ဍာငွေကို တစ်ဦးချင်းကိုယ်ကျိုးအတွက် အလွဲသုံးမှုများ၊ ရုံးဌာန လာဘ်ပေးလာဘ်ယူမှုများ၊ နိုင်ငံတကာလှုဒါန်းငွေ အလွဲသုံးမှုများ စတဲ့အချက်တွေပေါ် အခြေခံပြီး စစ်တမ်းကောက်ယူ ဖော်ပြထားခြင်းဖြစ်သည်။
နိုင်ငံ ၁၈၂ နိုင်ငံအတွက် အဂတိလိုက်စားမှု ညွှန်းကိန်းကို (၀) နှင့် (၁၀) ကြား သတ်မှတ်ထားသည်။ ရမှတ် (၀) ရှိတဲ့ နိုင်ငံက အဂတိလိုက်စားမှု အများဆုံးဖြစ်ပြီး၊ ရမှတ် (၁၀) ရှိတဲ့ နိုင်ငံက အဂတိလိုက်စားမှု အကင်းရှင်းဆုံး အသန့်ရှင်းဆုံးနိုင်ငံ ဟု သတ်မှတ်ထားသည်။
၎င်းညွှန်းကိန်းအရ နယူးဇီလန် (၉.၅)၊ ဒိန်းမတ် (၉.၄)၊ ဖင်လန် (၉.၄)၊ ဆွီဒင် (၉.၃)၊ စင်္ကာပူ (၉.၂) ငါးနိုင်ငံက ရမှတ်မြင့်မားပြီး အဂတိလိုက်စားမှု အကင်းရှင်းဆုံး ထိပ်ဆုံးငါးနိုင်ငံအဖြစ် သတ်မှတ်ခံရသည်။
၂၀၁၁ ခုနှစ်မှာ ရမှတ်အနည်းဆုံးနဲ့ အဂတိလိုက်စားမှု အဆိုးရွားဆုံး ဖြစ်နေတဲ့ အောက်ခြေ ငါးနိုင်ငံကတော့ ဥဇဘက်ကစ္စတန် (၁.၆)၊ အာဖဂန်နစ္စတန် (၁.၅)၊ မြန်မာ (၁.၅)၊ မြောက်ကိုရီးယား (၁)၊ ဆိုမားလီယား (၁) တို့ ဖြစ်သည်။
နိုင်ငံပေါင်း ၁၈၂ နိုင်ငံအတွက် အဂတိလိုက်စားမှုအဆင့် သတ်မှတ်ရာမှ မြန်မာနိုင်ငံက အောက်ဆုံး အဆင့် ၁၈၀ မှာရှိပြီး၊ ၄င်းအောက်မှာ နှစ်နိုင်ငံက မြောက်ကိုရီးယားနှင့် ဆိုမားလီးယား တို့သာ ရှိသည်။ စစ်ပွဲများဖြစ်နေသည့် အာဖဂန်နစ္စတန် ထက်ပင် မြန်မာက အဂတိလိုက်စားမှု ပိုများနေသေးသည်။
နောက် ကုလသမဂ္ဂက နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (ပညာရေး၊ ကျန်းမာရေး၊ တစ်ဦးချင်းဝင်ငွေ) နဲ့ တိုင်းတာလေ့ရှိသည်။ လူသားဖွံ့ဖြိုးမှု ညွန်းကိန်း (HDI) တွက်ချက်မှုမှာ ရမှတ် (၀) နဲ့ (၁) ကြား သတ်မှတ်ထားပြီး၊ ရမှတ် (၀) က အညံ့ဖျင်းဆုံး၊ (၁) မှာ အကောင်းဆုံးဖြစ်သည်။
၂၀၁၁ ခုနှစ့် မြန်မာနိုင်ငံရဲ့ HDI ရမှတ်မှာ (၀.၄) ဖြစ်ပြီး နိုင်ငံပေါင်း ၁၈၇ နိုင်ငံအနက် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှု အဆင့်က ၁၄၉ မှာ ရှိသည်။ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားသော၊ ဗုဒ္ဓသာသာနာ ထွန်းကားသော မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု ညွှန်းကိန်း ဖော်ပြချက်အရ ကမ္ဘာ့ပေါ်တွင် သူခိုးအပေါဆုံး နိုင်ငံဖြစ်နေပြီး၊၊ ဖွံ့ဖြိုးမှု ညွန်းကိန်းအရ (ကျန်းမာရေး၊ ပညာရေး၊ တစ်ဦးချင်းဝင်ငွေ စသည်) ကမ္ဘာ့အညံဖျင်းဆုံးနိုင်ငံ အုပ်စုထဲတွင် ရောက်ရှိနေသည်။
အောက်ပါဇယားတွင် နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုညွန်းကိန်းကို အလျားလိုက် ပြထားပြီး၊ လူသားဖွံ့ဖြိုးမှု ညွှန်းကိန်းကို ထောင်လိုက် ပြထားပါသည်။ နယူးဇီလန်၊ နော်ဝေ၊ စင်္ကာပူ တို့က မျဉ်းကွေးရဲ့ ထိပ်ဆုံးမှာ ရှိနေပြီး၊ မြန်မာ၊ ဆူဒန်၊ အာဖဂန်နစ္စတန်၊ ကွန်ဂိုတို့က မျဉ်းကွေး အောက်ဆုံးပိုင်းမှာ ရှိသည်။ မြန်မာပြည်ကို ချစ်သော ရွှေမြန်မာတိုင်း လက်ရှိ မြန်မာ့အခြေအနေကို ပကတိရှုမြင်ကြပါကုန်။

ဝင့်ထန်း
Source: Transparency International & UN & EIU

ငိုကျော်ဆန်း ကို စိန်ခေါ်သူများထဲမှကိုလွင်မိုး

ရုပ်ရှင်မင်းသားလွင်မိုးကိုဖွတ်နဲ့အတူပြေးပြီးဒေါင်းနှင့်အမှီလိုက်သူဟုတင်စားလိုက်ပါတယ်။

သန်းရွှေကောင်းစားစဉ်တုန်းက ကြံဖွံ့ကို မလွန်ဆန်နိုင်သူများကြံဖွံ့နှင့်ပေါင်းလျှင် အစဉ်ပြေမယ်။ကြံဖွံထဲဝင်လျှင်လုပ်ပိုင်ခွင့်ရမယ်လို့တွက်သူများ၊မိမိတကိုယ်ကောင်းဆန်တဘို့တည်းသမားများ

ယနေ့နိုင်ငံရေးအခြေအနေပြောင်းလဲမှု့များကြောင့်သာယာပြန်ကူးလာသူများ၊အခြေအနေကိုကြည့်ပြီးထမင်းမှန်

ဟန်မပျက်ရေးအတွက်ကြိုးစားနေသူများအထဲတွင်ရုပ်နှင့်လုပ်စားနေသောကိုလွင်မိုးလည်းပါကြောင်းသိလိုက်ရပါတယ်။



 

 

ငိုကျော်ဆန်း ကို စိန်ခေါ်သူများ



ယနေ့အမေစုနှင့် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ တွေ့ဆုံပွဲ
ငိုကျော်ဆန်းကို ရဲရဲကြီးစိန်ခေါ်သူများ
 ဖွတ်နှင့် အတူပြေး၍ ဒေါင်းနှင့်အတူ အမှီပြန်လိုက်မည့် ဘိတ်မြို့အထိသွားရောက်ပြီး ကြံ့ဖွတ်ပါတီကို မဲပဲကြောင်း ဗြောင်ကြေငြာခဲ့သည့်... ဒေါင်းယောင်ဆောင်သော ဖွတ်မိုး...
အပြောင်းအလဲတွေက မြန်ဆန်လွန်းလိုက်တာ... ရုပ်ရှင်ကြည့်နေရသလိုပါပဲ..။

ဗိုလ်မှူး​ချုပ်​ဟောင်း​ကျော်​ဇော​ ၉၂ နှစ်ပြည့်​မွေး​နေ့မှာ မြန်မာ့​ဒီမိုက​ရေစီ​ရေး​ ဆု​တောင်း​ပေး

ပီတာအောင်

ရဲ ​ဘော်သုံး​ကျိပ်ဝင် ဗိုလ်မှူး​ချုပ်​ဟောင်း​ကျော်​ဇောရဲ့​ အသက် ၉၂ နှစ်ပြည့်​မွေး​နေ့​ကို ဒီက​နေ့​တရုတ်-မြန်မာနယ်စပ်မှာ ကျင်း​ပသွား​တယ်လို့​မိသား​စုဝင်​တွေက ​ပြောပါတယ်။

မွေး​နေ့​ အထိမ်း​အမှတ်အဖြစ် သံဃာ​တော်​တွေကို ဆွမ်း​ကပ်လှူဒါန်း​တာနဲ့​ တရုတ်နိုင်ငံ ​ရွှေလီမြို့​မှာ လာ​ရောက် အလုပ်လုပ်ကိုင်​နေတဲ့​ မြန်မာ အလုပ်သမား​တွေကို ထမင်း​ထုတ်​တွေ ​ဝေငှလှူဒါန်း​တာ​တွေ ပြုလုပ်ခဲ့​တယ်လို့​ သိရပါတယ်။

ဗိုလ်မှူး ​ချုပ်​ဟောင်း​ကျော်​ဇောက​တော့​ မြန်မာနိုင်ငံနဲ့​ပြည်သူပြည်သား​တွေ ဒီမိုက​ရေစီ အမြန်ရပါ​စေလို့​ ဆု​တောင်း​ပေး​တဲ့​အ​ကြောင်း​ ဒီဗွီဘီကို ​ပြောပါတယ်။

ဒါ့​အပြင် သူ့​ရဲ့​လက်ရှိ ကျန်း​မာ​ရေး​ အ​ခြေအ​နေနဲ့​ ပတ်သက်ပြီး​ “ကျ​နော်ကျန်း​မာ ပါတယ်။ အား​လုံး​လည်း​ ကျန်း​မာကြပါ​စေလို့​ ဆု​တောင်း​ပါတယ်”လို့​ ​ပြောကြား​ခဲ့​ပါတယ်။

ဗိုလ်မှူး ​ချုပ်​ဟောင်း​ ​ကျော်​ဇောဟာ အိုမင်း​မစွမ်း​ ဖြစ်လာလို့​ မြန်မာပြည်သူ​တွေရဲ့​ လွတ်​မြောက်​ရေး​ ဆက်မလုပ်နိုင်​တော့​တဲ့​အတွက် စိတ်မ​ကောင်း​ ဖြစ်​နေတယ်လို့​လည်း​ သမီး​ဖြစ်သူ ​ဒေါက်တာလှ​ကျော်​ဇော်က ​ပြောပြပါတယ်။“ဗမာပြည်ရဲ့​ သတင်း​တွေထဲက သတင်း​ကောင်း​လေး​တွေလည်း​ ကြား​ရ​တော့​ ဝမ်း​သာပါတယ်။ သတင်း​တွေကို​တော့​ မပြတ် နား​ထောင်ပါတယ်။

သူက အိုမင်း​မစွမ်း​ ဖြစ်လာ​တော့​ ပြည်သူလူထု​တွေရဲ့​ လွတ်​မြောက်​ရေး​အတွက် ဘာမှ ဆက်မလုပ်နိုင်တာကို သူစိတ်မ​ကောင်း​ဘူး​။ ကျမတို့​ တမိသား​စုလုံး​၊​ နိုင်ငံခြား​ရောက်​နေတဲ့​ ရဲ​ဘော်​တွေ အား​လုံး​က ဗမာပြည်ကို သိပ်ကို ပြန်ချင်ပါတယ်။ တ​နေ့​ ပြန်​ရောက်လိမ့်​မယ်လို့​လည်း​ ယုံကြည်ပါတယ်။

ဒါ​ပေမယ့်​ အခုအ​ခြေအ​နေ​တော့​ မဟုတ်​သေး​ဘူး​။”ဗိုလ်မှူး​ချုပ်​ဟောင်း​ကျော်​ဇောဟာ မြန်မာ့​တပ်မ​တော်ကို ထူ​ထောင်ရာမှာ ဗိုလ်ချုပ် ​အောင်ဆန်း​နဲ့​ အတူပါဝင်ခဲ့​ပြီး​ ယ​နေ့​တိုင် သက်ရှိထင်ရှား​ရှိ​နေတဲ့​ ရဲ​ဘော်သုံး​ကျိပ်ဝင် ၂ ဦး​အနက် တဦး​ ဖြစ်ပါတယ်။၁၉၁၉ ခု ဒီဇင်ဘာ ၃ ရက်​နေ့​မှာ သာယာဝတီခရိုင် သုံး​ဆယ်မြို့​နယ် ဆိုင်း​စုရွာမှာ အဖဦး​ပန်း​ အမိ​ဒေါ်တင့်​တို့​က ​မွေး​ဖွား​ခဲ့​ပါတယ်။

၁၉၄၁ ခုနှစ်မှာ ဂျပန်ပြည်ကို စစ်ပညာသင်ကြား​ဖို့​ ရဲ​ဘော်သုံး​ကျိပ်ဝင်အဖြစ် လိုက်ပါသွား​ခဲ့​ပါတယ်။ ၁၉၅၃ ခုမှာ ကွန်မင်တန် တရုတ်ဖြူ တပ်များ​ ကျူး​ကျော်မှုကို ဦး​ဆောင် တွန်း​လှန် တိုက်ခိုက်ခဲ့​သူတဦး​ ဖြစ်ပါတယ်။၁၉ရ၆ ခုမှာ​တော့​ ဗမာပြည် ကွန်မြူနစ်ပါတီ အ​ခြေစိုက်ရာ တရုတ်နယ်စပ်ကို မိသား​စုနှင့်​အတူ ထွက်ခွာလာခဲ့​ပြီး​ ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်ကစပြီး​ ယူနန်ပြည်နယ် ကူမင်း​မြို့​မှာ ခုချိန်ထိ ခိုလှုံ​နေထိုင်​နေတာပါ။

မြန်မာ့ ​တပ်မ​တော်ကို ပြည်သူ့​တပ်မ​တော်အဖြစ် မကွယ်လွန်ခင် မြင်​တွေ့​လိုတဲ့​ အ​ကြောင်း​ အခါအား​လျော်စွာ တိုက်တွန်း​ ​ပြောကြား​လေ့​ ရှိပါတယ်။

စော်ကားခံရသူ၏တိုင်တန်းစာ

ယခုလိုကြားသိရတာစိတ်မချမ်းမြေ့စရာပါ။ဖြစ်ရတဲ့အကြောင်းရင်းအခြေခံများကိုစဉ်ချင်ကြည့်လိုက်ကြပါ။ဘာ

ကြောင့်ဒီလိုလူမဆန်သော လုပ်ရပ်များကျူးလွန်ရသနည်း။ပြုသူသည်အသိမဲ့သူ၊လူကျင့်ဝတ်ကိုနားမလည်သူ၊ဘာသာတရားမရှိသူလား။ဒီလိုဖြစ်

ရပ်တွေ၊အလားတူလူလူချင်းကျူးလွန်စော်ကားမူ့တွေ ဖြစ်နေတာ ကိုယ့်တိုင်းပြည်တခုထဲမဟုတ်ပေမဲ့။သူများတိုင်းပြည်များမှာ ကျူးလွန်တဲ့အခြေခံစိတ်ဓါတ်ပုံစံတွေကတော်တော်လေးကွဲပြားနေသလိုပါ။သူများတွေတိုင်းပြည်မှာစိတ်မထိမ်းနိုင်လို့

စော်ကားယင်၊ပြီးယင်လုပ်သမျှကိုခံရဲတယ်။ဥပဒေကလည်းလုပ်သမျှအတိုင်းထိုက်တန်မှု့နဲ့အရေးယူတယ်။

ဒီမှာကမိအေးနှစ်ခါနာလို့ဆိုစကားသာရှိ

ပေမဲ့တကယ်တမ်းဆယ်ခါမကနစ်နာရပါတယ်။ကာယကံရှင်ကပထမ ကျူးကျော်စော်ကားခြင်းကိုခံရတယ်။

နောက်စော်ကားခံရတာကို ကိုယ့်ရဲ့အုပ်ထိမ်းသူမိဘများကိုပြောဆိုတိုင်ကြားတယ်။မိခင်ကသိတော့ကိုယ့်သားသမီးကိုမတရားစော်ကားမှု့ကိုဖေါ်

ထုတ်တယ်။ဒါကိုထပ်မံတိုင်တမ်းရကောင်းလားဆိုအသတ်ခံရတယ်။အသတ်ခံလိုက်ရတဲ့မိခင်ရဲ့အဖြစ်ကို ဖခင်လုပ်သူက ကာကွယ်နိုင်ခွင့်မရအောင်၊ဥပဒေကို ငွေနဲ့ရင်း၊အာဏာရှိသူ၊အမှု့အခင်းကို ကိုင်တွယ်ဆရာကြီးလုပ်သူတွေကို ငွေခင်းပြီးအမှု့ကိုပြောင်းအောင်လီဆယ်ဖခင်ဖြစ်သူကမိခင်ဖြစ်သူလင်ငယ်

နေလို့သတ်ပါတယ်လို့စွဲချက်တင် မတရားဖမ်းဆီးခံရပြန်တယ်။ ဒီလိုအမှု့ကသက်ဆိုင်ရာတရားရုံးရောက်သွားလောက်အောင် အောက်ခြေက အမှု့စစ်ရဲ အရာရှိများ၊သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှုးများရဲ့စစ်ဆေးချက်က ပညာအရည်အချင်းနဲ့သမာဓိကအံ့သြလောက်အောင်ပါပဲ။ သူတပါးကိုကလိမ်ကကျစ်လုပ်ပြီးထောင်ထဲရောက်အောင်စဉ်းစားလိုက်ပုံကတော့ရုပ်ရှင်ဇတ်လမ်းလားလို့တောင်

ပါပဲဗျာ။

ယခုတရားရုံးတင်ထားတဲ့ထိုအမှု့ကို စစ်ဆေးကိုင်တွယ်ခြင်းမရှိသေးသောကြောင့်ကာယကံရှင်မိန်းခလေးက ရပ်မိရပ်ဖများအကူအညီဖြင့် အင်တာနက်သတင်းများမှတဆင့် ၄င်းအမှု့ကိစ္စကို ကူညီနိုင်သူပေါ်ပေါက်စေရန် ရင်ဖွင့်တိုင်းကြားနေခြင်းဖြစ်ပါတယ်။

အောက်ပါဗီဒီယိုဖိုင် က ခလေးမရဲ့ ရင်ဖွင့်တိုင်တမ်းချက်နဲ့တိုင်တမ်းစာကိုဖေါ်ပြလိုက်ပါတယ်။

(ပြည်သူများအတွက်ရပ်တည်ဆောင်ရွက်သောပြည်သူရေးဆွဲသောဥပဒေများပေါ်ပေါက်ရေး၊

ပြည်သူများအတွက်ရပ်တည်ဆောင်ရွက်သောပြည်သူ့ဝန်ထမ်းကောင်းများပေါ်ပေါက်အောင်ကြိုးစားဘို့လိုပါသည်။)

 

 

မုဒိမ်းကျင့် လူသတ်မှု တိုင်းကြားစာ

ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုမေသော်ရဲ့ အမှုဖြစ်စဉ်...
အစော်ကားခံရတဲ့ မိန်းကလေး
ငွေများတရားနိုင် အဖြစ်နဲ့ကြုံတွေ့နေရတဲ့ ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စုမှ မစုမေသော်ရဲ့ အမှုဖြစ်စဉ်...

မင်းတုန်းမင်းမှ ဟီလာရီ ကလင်တန် အထိ

ဘကောင်း

မြန်မာ – အမေရိကန် ဆက်ဆံရေး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သမိုင်းဝင် အလည်အပတ်ခရီး သွားချိန်နှင့် တဆက်တည်း အမေရိကန်-မြန်မာ ဆက်ဆံရေးကို ယှဉ်ထိုး လေ့လာနိုင်ရန် အတွက် နှစ်နိုင်ငံအကြား အဓိက ဖြစ်ထွန်းမှုများကို နှစ်အလိုက် ဖော်ပြလိုက်ပါသည်။

နိုဝင်ဘာ ၃၀ ရက်က စတင်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် အမေရိကန် ထိပ်တန်းသံအဖွဲ့နှင့် အတူ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်ပတ်ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ နိုဝင် ဘာ ၁၈ ရက်က အမေရိကန်သမ္မတ ဘားရက် အိုဘားမား ကြေညာလိုက်သော ထိုခရီးစဉ်သည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်း လဲမှုများပိုမိုဖြစ်ထွန်းလာစေရန် အားပေးသည့် ကြိုးပမ်းချက်တခုအဖြစ် ရှုမြင်နိုင်သည့်အပြင် အနောက်နိုင်ငံများနှင့် သံတမန်ရေး အရ အထီးကျန်ဆန်နေသော မြန်မာနိုင်ငံကို ကူညီအားပေးရာ လုပ်ရပ်တခုအဖြစ်လည်း ရှုမြင်ကြပါသည်။

စစ်တပ်နောက်ခံ အစိုးရသစ်သည် ကမ္ဘာ့ သြဇာတိက္ကမ အကြီးဆုံးနိုင်ငံနှင့် ‘ပုံမှန်’ ဆက်ဆံရေး ပြန်လည်ရရှိရန် ကြိုးပမ်းနေချိန်ဖြစ်သည်။

မြန်မာ – အမေရိကန် ဆက်ဆံရေး မှတ်တမ်း

၁၈၅၆ ခုနှစ် ။ ။ မင်းတုန်းမင်းသည် အမေရိကန်နိုင်ငံနှင့် နီးနီးကပ်ကပ်ဆက်ဆံချင်ကြောင်း အမေရိကန်သမ္မတ ဂျိမ်းစ် ဗြူကန်နန် ထံသို့ စာရေးသည်။

၁၈၅၇ ခုနှစ် ။ ။ ဗြူကန်နန်က အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးလိုလားကြောင်းနှင့် မြန်မာ့ အချုပ်ချာအာဏာကို ထိပါးစေမည့်ဖြစ်ရပ်များကို သူ မမြင်တွေ့လိုကြောင်း ထပ်လောင်းကတိပြုရင်း မင်းတုန်းမင်းထံသို့ ပြန် စာပို့သည်။ အမေရိကန်သမ္မတက မြန်မာဘုရင်မင်းမြတ်ထံသို့ စာအုပ်နှင့် ရေနွေးငွေ့သုံး မီးရထားပုံစံငယ်ကို လက်ဆောင်
အဖြစ် ဆက်သသည်။

၁၉၄၈ ခုနှစ် ။ ။ အမေရိကန်က မြန်မာ့လွတ်လပ်ရေးကို အသိအမှတ်ပြုသည်။ ရန်ကုန်တွင် သံရုံးဖွင့်ပြီး အောက်တိုဘာလတွင် ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ခန့်အပ်သည်။

၁၉၄၈-၅၃ ခုနှစ် ။ ။ အမေရိကန်သည် မြန်မာနိုင်ငံကို စီးပွားရေးအထောက်အပံ့ပေးသည့်အပြင် မြန်မာနိုင်ငံတွင်းခိုလှုံနေသော တရုပ်ကူမင်တန်(KMT) တပ်များကိုလည်း လျှို့ဝှက်ထောက်ပံ့ပေးသည်။ ထို အကူအညီသည် ၁၉၅၃-၅၄ ခုနှစ်တွင် ရပ်တန့်ခဲ့ပြီး ကူမင်တန်အများစု ထိုင်ဝမ်သို့ ပြန်ပို့ခံရသည်။

၁၉၅၀ ပြည့်နှစ် ။ ။ ဇွန်လတွင် တောင်ကိုရီးယားနိုင်ငံအား မြောက်ကိုးရီးယားက ၀င်ရောက်သိမ်းပိုက်မှုကို မြန်မာနိုင်ငံက ရှုတ် ချသည်။ ဇူလိုင်လတွင် ကမ္ဘာ့ကုလသမဂ္ဂ တုံ့ပြန်ချက်ကို ထောက်ခံသည့် မဲ ထည့်သည်။ ဇွန်လတွင်ပင် ဗြိတိသျှ ဓနသဟာယနိုင်ငံများ အဖွဲ့က မြန်မာကို ဗြိတိသျှ စတာလင်ပေါင် ၆ သန်းချေးရန် သဘောတူသော်လည်း စက်တင်ဘာလတွင် မြန်မာနိုင်ငံ က အမေရိကန်အစိုးရ၏ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့(TCA) ထံမှ အကူအညီရယူသည်။

၁၉၅၃ ခုနှစ် ။ ။ အမေရိကန် ဒု သမ္မတ ရစ်ချတ် နစ်ဆင်သည် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာအလည်အပတ်ခရီး ရောက်ရှိသည်။ ရန်ကုန်တွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများနှင့် ကြုံရသည်။ နယူးယောက် တိုင်းမ် သတင်းစာအဆိုအရ ပဲခူးတွင်“မြန်မာ နိုင်ငံသည် အမေရိကန်စစ်ဘီလူးများအတွက် နေရာမဟုတ်”ဟု ဖော်ပြသောစာတန်းနှင့်ဆန္ဒပြသူများက နစ်ဆစ်ကိုကြိုဆိုခဲ့ကြ သည်။

၁၉၅၅ ခုနှစ် ။ ။ ဖေဖော်ဝါရီတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဖော်စတာ ဒါးလက်စ် သည် ရန်ကုန်ကို အလည်ရောက်ရှိလာပြီး ၀န်ကြီးချုပ် ဦးနု အပါအ၀င် မြန်မာ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံသည်။

၁၉၅၅ ခုနှစ် ။ ။ ဇွန်လတွင် ဦးနုသည် ၀ါရှင်တန်သို့ တရားဝင် သွားရောက်လည်ပတ်ပြီး အမေရိကန် လွှတ်တော်တွင် မိန့်ခွန်းပြောသည်။ အမေရိကန်သမ္မတ ဒွိုက် အိုင်ဆင်ဟောင်ဝါနှင့် မြန်မာဝန်ကြီးချုပ် ပူးတွဲထုတ်ပြန်သောကြောညာချက်၌“ရန်ကုန်မြို့တော်တွင် လတ်တလော ကျင်းပနေသော ဆဋ္ဌမ သံဃာရတနာ တင်ပွဲသည် ဒေသတခုလုံးအတွက် အကျိုးကျေးဇူးဖြစ်ထွန်း စေ သည်”ဟု မှတ်ချက်ချခဲ့ပြီး ကွန်မြူနစ်တရုတ်နိုင်ငံတွင် အဖမ်းခံထားရသော အမေရိကန် လေယာဉ်မှူးများအရေးကိုလည်း ပြန် လည် သုံးသပ်ခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် အမေရိကန်နှင့် မြန်မာနိုင်ငံတို့၌ နိုင်ငံခြားတင်ပို့ရောင်းချမည့် ဆန်စပါးများ အဆမတန် ပိုလျှံခြင်းကြောင့် ဖြစ်ပေါ်လာသည့် “ရှုပ်ထွေးခက်ခဲသော စီးပွားရေးပြဿနာများ”များကိုလည်း ဆွေးနွေးခဲ့သည်။
၁၉၅၇ ခုနှစ် ။ ။ မြန်မာနိုင်ငံ သမ္မတ မန်းဝင်းမောင်သည် ဆေးကုသမှုခံယူရန်အတွက် အမေရိကန်နိုင်ငံသို့ သွားရောက်သည်။ ဒီဇင်ဘာ၂၃ရက်နေ့တွင် အမေရိကန်သမ္မတ အိုင်ဆင်ဟောင်ဝါနှင့် တွေ့ဆုံသည်။

၁၉၅၆-၆၄ ခုနှစ် ။ ။ မြန်မာနိုင်ငံသို့ အမေရိကန်က စားနပ်ရိက္ခာအထောက်အပံ့များ ၁၉၅၆ ခုနှစ်တွင် စတင်ပေးခဲ့သည်။ နောက်ပိုင်းတွင် ဗိုလ်ချုပ်ကြီး နေ၀င်းက ရပ်ဆိုင်းခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း အာဏာသိမ်းချိန်၌ အမေရိကန်တွင် စစ်ပညာ သင်ကြားနေသော မြန်မာ့တပ်မတော် အရာရှိပေါင်း ၁၀၀၀ ခန့် ရှိသည်။

၁၉၆၆ ခုနှစ် ။ ။ စက်တင်ဘာလတွင် ဗိုလ်ချုပ်နေ၀င်းသည် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည် ပတ် ပြီး သမ္မတ လင်ဒန် ဘီ ဂျွန်ဆင်နှင့် တွေ့ဆုံသည်။ တရားဝင်ထုတ်ပြန်ကြေညာချက်တွင် အမေရိကန်သမ္မတက မြန်မာနိုင်ငံ ၏ ဘက်မလိုက်မူဝါဒကို နားလည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး“နှစ်ပြည်ထောင် နိုင်ငံသားများ၏ အပြန်အလှန် အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာနားလည်မှုအကျိုး ထမ်းရွက်ရာတွင်”ရင်းနှီးသောဆက်ဆံရေးကို ပိုမိုခိုင်မာအောင်လုပ် ဆောင်သွားမည်ဟု နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက ထပ်လောင်းပြောဆိုခဲ့သည်။

၁၉၇၄ ခုနှစ် ။ ။ အမေရိကန်နှင့် မြန်မာအစိုးရသည် တရားမ၀င် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးသည်။ အမေရိကန်က Bell 205 ရဟတ်ယဉ်များ မြန်မာနိုင်ငံအား ထောက်ပံ့ရန်လည်း သဘောတူသည်။

၁၉၈၂ ခုနှစ် ။ ။ အမေရိကန်နိုင်ငံ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရန်ကုန်သို့ လာရောက် လည် ပတ် သည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်များကို ဆက်လက်ထောက်ပံ့ပေးမည်ဟု ပြောကြားသည်။

၁၉၈၈ ခုနှစ် ။ ။ နိုင်ငံတ၀န်း ဒီမိုကရေစီလူထုအုံကြွမှုကြီး ဖြစ်ပေါ်နေသော စက်တင်ဘာလတွင် အာရှနှင့်ပစိဖိတ်ရေးရာ ကော် မတီ ဥက္ကဌ အောက်လွှတ်တော်အမတ် စတီဖင် ဂျေ ဆိုလာ့ဇ် ရန်ကုန်သို့ လာရောက်လည်ပတ်ပြီး သမ္မတသစ် ဒေါက်တာ မောင်မောင်နှင့် တွေ့ဆုံသည်။ ဒေါ်အောင်ဆန်းစုကြည့် အပါအ၀င် အတိုက်အခံခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသည်။

၁၉၈၈ ခုနှစ် ။ ။ နိုဝင်ဘာလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဒန်နာ ရိုရာဘာချာသည် ထိုင်းမြန်မာနယ်စပ်အနီးရှိ သေဘောဘိုး ကျောင်းသားစခန်းသို့လာရောက်လည်ပတ်ပြီး ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်ကဖြိုခွင်း ခဲ့သဖြင့် ပြည်ပသို့ရောက်ရှိလာသူများအတွက် နိုင်ငံရေးထောက်ခံမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ကတိပေး ပြောကြား သည်။

၁၉၉၀ ပြည့်နှစ် ။ ။ အမေရိကန်က မြန်မာကိုပေးနေသော စီးပွားရေးနှင့် စစ်ရေးအကူအညီများ ဖြတ်တောက်လိုက်သည်။ နှစ် ပေါင်း၃၀အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အပြတ်အသတ်အနိုင်ရလိုက်သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်အား အသိအမှတ်မပြုသောကြောင့် သံတမန်ဆက်ဆံရေးအဆင့်ကို သံအမတ်အဆင့်မှ သံရုံးယာယီ တာဝန်ခံ အဆင့်သို့ ယနေ့အထိ လျှော့ချလိုက်သည်။

၁၉၉၄ ခုနှစ် ။ ။ ဖေဖော်ဝါရီလတွင် အမေရိကန်အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် သည် နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် တွေ့ဆုံခွင့်ရသည်။ အမေရိကန် သမ္မတ ဘီလ်ကလင်တန်က ဒေါ်အောင် ဆန်းစုကြည်အတွက် ပေးပို့သော စာတစောင်အား အောက်လွှတ်တော်အမတ် ဘီလ် ရစ်ချတ်ဆန် က ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပေးအပ်သည်။ အောက်လွှတ်တော်အမတ်သည် စစ်ထောက်လှမ်းရေးအကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့်လည်း
တွေ့ဆုံသည်။ ဘန်ကောက်မြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၏အနာဂတ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှစ်ဦးတည်းကသာ အဆုံးအဖြတ်ပေးမည်ဟု သူက ပြောဆိုသည်။

၁၉၉၅ ခုနှစ် ။ ။ စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး နောက်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ် လာသူ မက်ဒ်လင်း အောလ်ဘရိုက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့်တွေ့ဆုံသည်။ ဒု ဗိုလ်ချုပ်ကြီး ခင်ညွှန့် က ၎င်းတို့ အစိုးရသည် လူထုထောက်ခံမှုအများအပြားရရှိနေသည်ဟု အောလ်ဘရိုက်ကို ပြောဆိုသည်။ နောက်တနေ့တွင် မစ္စ အောလ်ဘရိုက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသည်။
၁၉၉၇ ခုနှစ် ။ ။ မြန်မာနိုင်ငံကို အရှေ့တောင်အာရှ နိုင်ငံများ အသင်းတွင် ၀င်ခွင့်ပြုခဲ့ခြင်းအပေါ် အမေရိကန်အစိုးရက ပြင်းပြင်း ထန်ထန် ကန့်ကွက်သည်။

၁၉၉၇ ခုနှစ် ။ ။ အမေရိကန် နိုင်ငံသားများ အနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို သမ္မတ ကလင်တန်က တားမြစ်ပိတ်ပင်သည်။ မြန်မာနိုင်ငံတွင် ငွေခ၀ါချခြင်း အား ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အမေရိကန်ပြည်ထောင်စုက တားမြစ်ပိတ်ပင်မှုချမှတ် လိုက်သည့်အပြင် တချို့သော မြန်မာစစ်တပ်အရာရှိများနှင့် မိသားစုဝင်များကိုလည်း ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ပိတ်ပင်သည်။

၂၀၀၃ ခုနှစ် ။ ။ မေလ ၃၀ ရက် မြန်မာနိုင်ငံအလယ်ပိုင်း ဒီပဲယင်းအရပ်တွင် NLD ယာဉ်တန်းအား အကြမ်းဖက် တိုက်ခိုက်မှုအပြီး ဇူလိုင်လတွင် သမ္မတ ဂျော့ရှ် ဒဗလျူ ဘုရှ်အစိုးရက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ် ချမှတ်သည်။ မြန်မာနိုင်ငံ လွတ်မြောက်မှုနှင့် ဒီမိုကရေစီ အက်ဥပဒေ နှင့် အမိန့်စာ အမှတ် ၁၃၃၁၀ အရ မြန်မာနိုင်ငံမှ ထုတ်ကုန် တင်သွင်းခြင်းကို တားမြစ်ခြင်း၊ မြန်မာနိုင်ငံအတွင်းသို့ ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို တားမြစ်ခြင်း၊ စစ်အစိုးရနှင့် မြန်မာနိုင်ငံခြား ကူး သန်းရောင်းဝယ်မှု အဖွဲ့သုံးဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည်။ ထိုဒဏ်ခတ်ပိတ်ဆို့မှုများအရ အမေရိ ကန် အစိုးရက နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများ၏ မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာထောက်ပံ့ကူညီမှုတိုင်းကို ကန့်ကွက်သွားမည် ဖြစ်သည်။

၂၀၀၅ ခုနှစ် ။ ။ သမ္မတ ဘုရှ်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် လျာထားသော ကွန်ဒိုလီဇာ ရိုက်စ်က မြန်မာနိုင်ငံကို“ကမ္ဘာတ၀န်း အာဏာရှင်များ၏ ခံကတုတ် ခြောက်ခုအနက်”တခုဖြစ်သည်ဟု ပြောဆိုသည်။

၂၀၀၇ ခုနှစ် ။ ။ အစိုးရက လောင်စာဆီဈေး ရုတ်တရက်မြှင့်တင်လိုက်သဖြင့် ရန်ကုန်နှင့် နေရာ အနှံ့အပြားတွင် လူထုဆန္ဒပြပွဲများဖြစ်ပေါ်လာသည်။ ဆန္ဒပြပွဲများကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွင်းလိုက်သည့်အတွက် သမ္မတ ဘုရှ်က လူ့ အခွင့်အရေး
ချိုးဖောက်မှုများနှင့် ပြည်သူ့ဘဏ္ဍာများကို အလွဲသုံးစားလုပ်မှုအတွက် တာဝန်ရှိသူဟု သတ်မှတ်ခံရသူ တဦးချင်းစီ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းသည့် အမိန့် ကြေညာချက် အမှတ် ၁၃၃၄၈ ကို ထုတ်ပြန်သည်။ ထို့အပြင် ၎င်းတာဝန်ရှိသူများအား ဘဏ္ဍာ ရေးနှင့် ရုပ်ဝထ္ထုပစ္စည်း အထောက်အပံ့ပေးသော လူပုဂ္ဂိုလ် တဦးချင်းနှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုကိုလည်း သိမ်းဆည်း ရန် ယင်း အမိန့်တွင်ပါဝင်သည်။ ယခင်ပြစ်ဒဏ်ခတ်မှုအား တိုးချဲ့ထားသော အမိန့်စာဖြစ်သည်။

၂၀၀၈ ခုနှစ် ။ ။ သမ္မတ ဘုရှ်သည် မြန်မာနိုင်ငံမှထွက်သော ကျောက်မျက် ရတနာများ တင်သွင်းခြင်းကို ကန့်သတ်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသောလက်ရှိ သွင်းကုန်ကန့်သတ်မှုအား တိုးချဲ့သော Burma Jade Act ကို လက်မှတ်ရေး ထိုး ထုတ်ပြန်သည်။ မြန်မာကုမ္ပဏီ ၁၀ ခုထက်မနည်း အဆိုပါ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခံရသည်။

၂၀၀၈ ခုနှစ် ။ ။ မေလတွင် ရဟတ်ယဉ်များ၊ ရေ နှင့်အစားအစာ တန်ပေါင်းများစွာ တင်ဆောင်လာသော အမေရိကန် လေ ယာဉ်တင် သဘောင်္(US Aircraft Carrier Essex)သည် ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းသင့်ပြည်သူများကို ကူညီရန် မြန်မာ အစိုးရထံမှ ခွင့်ပြုချက်ကို ကမ်းလွန်ပင်လယ်ပြင်တွင် ရက်သတ္တပတ် ၃ ပတ်ကြာစောင့်ဆိုင်းသည်။ မြန်မာအစိုးရက ကယ် ဆယ်ရေး အစီအစဉ်ကို ပယ်ချလိုက်သည်။ သို့သော် အမေရိကန်အစိုးရကို အမေရိကန်ဒေါ်လာ ၁ ဒဿမ၂ သန်းတန်ဖိုးနီးပါးရှိအစားအစာနှင့်နေထိုင်စရာအကူအညီများ 185 DOD C-130 ကုန်တင်လေယာဉ်များဖြင့် ရန်ကုန်သို့ သယ်ဆောင်ခွင့်ပြုသည်။

၂၀၀၈ ခုနှစ် ။ ။ သြဂုတ်လတွင် အမေရိကန် သမ္မတ ဂျော့ ဘုရှ်နှင့် ပြည်ပရောက် မြန်မာ အတိုက်အခံများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံသည်။ သမ္မတ ကတော် လော်ရာ ဘုရှ် က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော်ဆေးခန်းနှင့် ဒုက္ခသည် စခန်းများကို သွားရောက်သည်။

၂၀၀၉ ခုနှစ် ။ ။ သြဂုတ်လတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသဖြင့် ဆယ်စုနှစ်များစွာအတွင်း မြန်မာ စစ်ခေါင်းဆောင်နှင့်တိုက်ရိုက်ထိတွေ့ခွင့်ရခဲ့သော အဆင့်မြင့်ဆုံးအရာရှိဖြစ် သည်။ မြန်မာနိုင်ငံအတွင်း တရုတ်သြဇာလွှမ်းမိုးမှု ကြီးထွားလာနေခြင်းကို ထောက်ပြပြီး အမေရိကန်အစိုးရအား မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံရန် ဂျင်မ် ၀က်ဘ်က အပြင်းအထန် စည်းရုံးသည်။

၂၀၀၉ ခုနှစ် ။ ။ စက်တင်ဘာလတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းမရှိဘဲ မြန်မာအစိုးရ စစ်ခေါင်းဆောင်များနှင့် တိုက်ရိုက်ထိတွေ့မှုလုပ်ဆောင်ရန် ကြိုးပမ်း သွားမည်ဟု ဆိုသည်။

၂၀၀၉ ခုနှစ် ။ ။ နိုဝင်ဘာလက စင်ကာပူနိုင်ငံတွင် ကျင်းပသော အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် သမ္မတ အိုဘားမား က မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား လက်ဆွဲနှုတ်ဆက်သည်။

မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်မည်ဆိုပါက နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်မည်ဟု သမ္မတ အိုဘားမားက ပြောဆိုသည်။ ၁၄ နှစ် အတွင်း အဆင့်မြင့်ဆုံး အမေရိကန်အရာရှိအဖြစ် အမေရိကန်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည်။ ထိုခရီးစဉ်သည် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ်ချမှတ်သော မူဝါဒအသစ် တိုက်ရိုက် ထိတွေ့ဆက်ဆံရေး၏ တစိတ်တဒေသဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ။ ။ နိုဝင်ဘာလ ၇ ရက်နေ့က အနှစ်၂၀အတွင်း ပထမဆုံးအကြိမ် ကျင်းပသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ
အား “လွတ်လပ်မှု နှင့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲ”ဟု သမ္မတ အိုဘားမားက ရှုတ်ချသည်။ ရွေးကောက်ပွဲမှတဆင့် စစ်အရာရှိဟောင်းများ ဦးဆောင်သော အမည်ခံအရပ်သားအစိုးရထံသို့ စစ်အစိုးရက အာဏာလွှဲပြောင်းပေးသည်။

၂၀၁၁ ခုနှစ် ။ ။ ဧပြီလတွင် အမေရိကန်အစိုးရနှင့် မြန်မာအစိုးရ ခေါင်းဆောင်များအကြား ဆက်သွယ်ဆောင်ရွက်သူအဖြစ် ဒဲရစ် မစ်ချယ်ကို မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်အဖြစ် သမ္မတ အိုဘားမားက ခန့်အပ်သည်။

၂၀၁၁ ခုနှစ် ။ ။ စက်တင်ဘာ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အမေရိကန်နိုင်ငံခြားရေး ထိပ်တန်းအရာရှိများနှင့် ၀ါရှင်တန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သွားရောက်တွေ့ဆုံသည်။ နောက်တနေ့တွင် သမ္မတ ဦး သိန်းစိန်က မြန်မာနိုင်ငံမြောက်ဘက်ခြမ်းတွင် တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်နေသော မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအား ယာယီရပ်ဆိုင်းလိုက်သည်ဟု ထုတ်ပြန်ကြေညာသည်။ ၀ါရှင်တန်က အရေးပါပြီး အပြုသဘောဆောင်သော လုပ်ရပ်တခုအဖြစ် ကြိုဆိုလိုက်သည်။

၂၀၁၁ ခုနှစ် ။ ။ နိုဝင်ဘာတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ်ချယ်သည် သက်တမ်းနှစ်လ မပြည့်သေးသည့် အချိန်တွင် တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့သွားရောက်ပြီး မြန်မာအစိုးရခေါင်းဆောင်များအပါအ၀င် ဒေါ်အောင် ဆန်းစုကြည်နှင့်ပါ တွေ့ဆုံသည်။ မြန်မာနိုင်ငံမှ နောက်ထပ်ဖြစ်ပေါ်လာမည့် အပြုသဘောဆောင်သော အပြောင်း အလဲ များနှင့်အတူ အမေရိကန်အစိုးရကလည်း အပြန်အလှန်ဆောင်ရွက်သွားမည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ကြေညာ သည်။

၂၀၁၁ ခုနှစ် ။ ။ နိုဝင်ဘာ ၁၈ ရက်တွင် သမ္မတ အိုဘားမားက မြန်မာနိုင်ငံတွင် “တိုးတက်ပြောင်းလဲမှု အရိပ်အယောင်များ” ဖြစ် ပေါ်နေသည်ဟု ပြောဆိုလိုက်ပြီး “နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ တဦးချင်းအခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ် ငန်း များ ပိုမိုတိုးတက်လာစေရန် အမေရိကန်အနေဖြင့် ကူညီပေးနိုင်မှုများ” ရှာဖွေလေ့လာရန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကို ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့စေလွှတ်မည်ဟု ထုတ်ပြန်ကြေညာသည်။

မြန်မာအစိုးရက အမေရိကန်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အပြုသဘောဆောင်သည့် အပြောင်းအလဲများကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ပြောဆိုလိုက်ပြီး သမ္မတ အိုဘားမား၏ ကြေညာချက်ကို ကြိုဆိုလိုက်သည်။

၂၀၁၁ ခုနှစ် ။ ။ ဒီဇင်ဘာ ၁ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် နေပြည်တော်၌ တွေ့ဆုံသည်။ အမေရိကန်-မြန်မာ ဆက်ဆံရေး အခန်းကဏ္ဍသစ် တခုကို ရောက်ရှိပြီ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြော သည်။

သောကြာနေ့မှာ အမေရိကန်သံရုံး၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ခွင့်ရမည့် ပုဂ္ဂိုလ်(၁၀)ဦးတွင် ရွှေညဝါဆရာတော်ကြီး ပါဝင်...


မနက်ဖြန် သောကြာနေ့မှာ ရန်ကုန်မြို့ရှိ  မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ခွင့်ရမည့် ပုဂ္ဂိုလ်(၁၀)ဦးတွင် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်) ဆရာတော်ကြီးမှ တဦးတည်းသော သံဃာတပါးအနေနှင့် တွေ့ခွင့်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။

မနက်ဖြန် သောကြာနေ့ မနက် ၁၁နာရီ ၁၅မိနစ်၌ ရန်ကုန်မြို့ အမေရိကန်သံရုံး၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန်နှင့် ရွှေညဝါဆရာတော်၊ ဦးကျော်သူ၊ ကိုဇာဂနာအပါအဝင်.. ပုဂ္ဂိုလ်(၁၀)ဦးတွေ့ခွင့်ရမည် ဖြစ်ကြောင်းသိရှိရပါသည်...။ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၇)ရက်နေ့ကတည်းက ရန်ကုန်မြို့အမေရိကန် သံရုံးမှလာရောက် ဖိတ်ကြားခဲ့ပြီး... အဆိုပါနေ့၌ ဆရာတော်ကြွရောက်မည့် ကားနံပါတ်မှ အစမှတ်သား သွားကြောင်း သိရှိရပါသည်..။ ရန်ကုန်မြို့သို့ ရောက်ရှိနေတဲ့ နယူးယောက်တိုင်းမ် သတင်းဋ္ဌာနမှလည်း လာမည့် ၃ရက်နေ့ စနေနေ့၌ ဆရာတော်နှင့် အင်တာဗျူးရန် ကမ်းလှမ်းထားကြောင်း သိရှိရပါသည်..။

ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် ရွှေညဝါဆရာတော်ကြီးဟာ အမျိုးဘာသာ၊ သာသနာတော်အတွက် မေတ္တာစေတနာ ထားပြီးရဲရဲဝံ့ဝံ့ တရားတော်များအား ဟောကြားတော် မူသည့်အတွက် အာဏာပိုင်များမှ ပြည်တွင်း၌ တရားဟောခွင့် တနှစ်ပိတ်ထားခြင်း ခံရပါတယ်..။ လာမည့် ၂၀၁၂ခုနှစ် တရားဟောခွင့် ပြန်လည်ရရှိမည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဗိုလ်ချုပ်မွေးနေ့တွင် ဒီပဲယင်းမြို့၌ တရားဟောပြောရန် လက်ခံထားကြောင်း သိရှိရပါသည်..။


သတင်း.. ဒီမိုဝေယံ..