Thursday, April 19, 2012

ဦးခင်ညွန့် ပြည်ပ မီဒီယာတွေ နှင့် တွေ့ ဆုံရင် ပြန်ဖမ်းမည်

ဦးခင်ညွန့် လူဝတ်လဲပြီး တွေ့ ရစဉ် (ဓါတ်ပုံ-ပေါ်ပြူလာဂျာနယ်)
ယခင် စစ်အစိုးရက ဖျက်သိမ်းခဲ့ပြီဖြစ်တဲ့ ထောက်လှမ်းရေး
ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အနေနဲ့
ပြည်ပမီဒီယာတွေနဲ့ တွေ့ဆုံပါက ခံဝန်ကတိဖေါက်ဖျက်မှုဖြင့် ပြန်လည်
အကျဉ်းကျခံရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့မှ
အမည်မဖော်လိုသူ ရဲမှူးတစ်ဦးက ပြောပါတယ်။

မြန်မာ အတွက် ဂျပန် ဖွံ့ဖြိုးရေး အကူအညီ ပြန်ပေးတော့မည်


Burmese President Thein Sein delivers his speech at Parliament in Naypyitaw, Burma, March 1, 2012.
ဓာတ်ပုံ AP
မြန်မာ သမ္မတ ဦးသိန်းစိန်

ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ချေးငွေ အထောက်အပံ့တွေ ပြန်ပေးနိုင်ရေးကိစ္စ မြန်မာနဲ့ဂျပန်နိုင်ငံတို့က သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆွေးနွေးနေကြတာဟာ နောက်ဆုံးအဆင့်ရောက်နေပါပြီ။ သောကြာနေ့ စတင်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်း

နော်ဝေရောက်ဝန်ကြီးဦးအောင်မင်းအား DVBမှ တွေ့ဆုံမေးမြန်း(ဗီဒီယို)သတင်း

နော်ဝေနိုင်ငံ အော်စလိုမြို့ရောက် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း - နော်ဝေနိုင်ငံခြားရေးဝန်ကြီးတို့ ကို ဒီဗွီဘီ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က တွေ့ဆုံမေးမြန်းထားတဲ့အင်တာဗျုး ဗီဒီယိုကို တင်ပြလိုက်ပါတယ်။

ပြည်သူများ၏အခက်အခဲများရိုင်းပင်းကူညီလက်တွဲကာဖြေရှင်းစို့

ဖယ်ခုံမြို့ နယ်.. လှဝှဲကျေးရွာ ရှိ ကယား ကယန်း ရှမ်း တိုင်းရင်းသားတောင်ယာလုပ်ကိုင်စားသောက်သူတွေရဲ့ ရင်ဖွင့်စကားများနှင့် ၈၈မျိုးဆက်ကျောင်းသားများ....( ကိုမြအေး)
Mya Aye
၁၉ ဧပြီလ ၂၀၁၂
ဖယ်ခုံမြို့ နယ် လှဝှဲကျေးရွာရှိ တောင်ယာခင်းတွေဟာ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်ခဲ့သော တောင်ယာကွက်များဖြစ်တယ်.. အခု ဒီတောင်ယာတွေကို စစ်တပ်ကသိမ်းပြီး ပြန်ပြီးဒီတောင်သူတွေကိုဘဲ တစ်လကို ၅၀၀၀ကျပ်ဖြင့် အငှားချခဲ့တယ်.. ကိုယ်ပိုင်တဲ့ယာမြေကို ကိုယ်က ပြန်ပြီး စာရင်းငှားဘ၀ဖြင့် ပြန်လုပ်နေရတယ်.. ဒီအခက်အခဲတွေကို ရွာသူရွာသားတွေကိုယ်တိုင် ကျွန်တော်တို့ကို တင်ပြနေတာဖြစ်တယ်....

သမ္မတဦးသိန်းစိန် ကမ္ဘာလွှမ်းမိုးမှု့အရှိဆုံး ပုဂ္ဂိုလ် များစာရင်းတွင် အမှတ်စဉ် ၆၇ နေရာတွင်ပါဝင်



TIME မဂ္ဂဇင်းက ထုတ်ပြန်လိုက်သည့် ကမ္ဘာပေါ်ဝယ် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်း

TIME 100
၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်ဝယ် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို အမေရိကန်ပြည်ထောင်စုမှ အပတ်စဉ်ထုတ် TIME မဂ္ဂဇင်းက ယနေ့ထုတ်ပြန်လိုက်သည်။ယင်းစာရင်းဝယ် မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန် တစ်ဦးတည်းသာပါဝင်ပြီး အမှတ်စဉ် ၆၇ နေရာတွင်ပါရှိသည်။
သူ့အောက်မှာ အီရန်ဘာသာရေးခေါင်းဆောင် အယာသွလ်လာ အလီ ခါမေနီက အဆင့် ၆၈ နဲ့ ရှိနေပါတယ် ။
အမေရိကန် သမ္မတ အိုဘားမားက အမှတ်စဉ် ၆၁ နေရာတွင်ပါရှိကာ၊ ဟီလာရီကလင်တန်က အမှတ်စဉ် ၈၈ နေရာတွင်ပါရှိသည်။
ဘောလုံးသမားတွေထဲမှာတော့ လီယွန်နယ်မက်ဆီ တစ်ယောက်ထဲသာပါပြီး အဆင့် ၈၆ မှာ ရှိပါတယ် ။ လက်ရှိ မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်ဂျုံအွန်းကတော့ အဆင့် ၉၇   ၊ တာလီဘန်ခေါင်းဆောင် မူလာမုဟမ္မဒ် အိုမာ က အဆင့် ၉၈ နဲ့ ဆီးရီးယားခေါင်းဆောင် ဘာရှားအယ် အာဆတ်ကတော့ အဆင့် ၁၀၀ မှာ ရှိပါတယ် ။ စာရင်း အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

မူယင်း Time Magazine ကိုသွားရောက်ကြည့်ချင်သူများအတွက်လင့်ကိုဖေါ်ပြထားပါတယ်။ 
စာမျက်မှာ လေးခု ကိုဖေါ်ပြထားပါတယ်။ 
Time အယ်ဒီတာအာဘော်စာမျက်နှာ 
Time Magazine သို့  
http://www.time.com/time/specials
သမ္မတဦးသိန်းစိန်အကြောင်း -သန်းမြင့်ဦးမှ တိုင်းမဂ္ဂဇင်းတွင်ဖေါ်ပြသည့်စာမျက်နှာ