သတင်း- မြထွန်းအောင်(ကျောက်ဖြူ)
မုဒိန်းကျင့် လုယက် အသတ်ခံလိုက်ရသော သီတာထွေး အမှုနှင့် ပတ်သတ်ပြီး ထိမ်းသိမ်း ခံထား ရသော သုံးယောက် ထဲက ထက်ထက်(ခ) ရော်ချီး ဆိုသူကို (9/6/2012) နေ့ ညနေ မြန်မာ (၅) နာရီ အချိန်မှာ မိမိဝတ်ထားတဲ့ (လုံချည်) ကို ကြိုးကျစ်ကာ ဆွဲကြိုးချ သေဆုံး သွားပြီ ဖြစ်ကြောင်း ကျောက်ဖြူ အကျဉ်း ဦးစီး ဌာနက နာမည် မဖေါ်လိုသော တာဝန်ရှိ တယောက်က လေးဝတီကို ပြောကြား ပါသည်။
လူမဆန်စွာ လုယက် မုဒိန်းကျင့် နေစဉ် အတွင်း ဗွီဒီယို mp4 နှင့် သူရို့ အချင်းချင်း မှတ်တမ်းတင် ထားချက် တခုကိုလည်း စစ်ဆေး တွေ့ရှိထား ကြောင်းလည်း အတည် မပြုနိုင်သေးသော သီးခြား သ တင်း အချက် အလက် တခုအရ သိရှိရသည်။