Friday, May 4, 2012
ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်များ EU ပါလီမန်သို့ သွားရောက်လေ့လာမည်

(မြစ်မခ)
မေ(၂)ရက်၊၂၀၁၂ခုနှစ်။
မြန်မာ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဥရောပသမဂ္ဂပါလီမန်(EU ပါလီမန်)သို့ မေလ(၆) ရက်နေ့တွင် သွားရောက်လေ့လာမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံက သိရသည်။
ဂျာမနီ၊ ဘယ်ဂျီယံ၊ နော်ဝေး စသည့် နိုင်ငံသုံးနိုင်ငံ၏ လွှတ်တော်ဥက္ကဋ္ဌများ၏ ဖိတ်ကြားချက်အရ လွှတ်တော်ဖွဲ့စည်းပုံနှင့် စီးပွားရေးရင်းနှီးမြှပ်နှံမှုများ သွားရောက်လေ့လာမည်ဖြစ်ကြောင်းသိရသည်။
ဦးအောင်သောင်း၏ ဆောင်ရွက်ချက်အပေါ် KIO သံသယရှိ
ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဆွေးနွေး တင်ပြ ချက် များကို နေပြည်တော် ထိပ်ပိုင်း အရာရှိ များထံ တင်ပြမှု ရှိမရှိ သံသယ ဝင်နေကြောင်း KIO ပြောခွင့် ရသူ ဦးလနန်က ပြောသည်။
“အမှန်တကယ် အထက်ကို တင်ပြမှု ရှိသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ကျနော်တို့ အခုတလော စုံစမ်းရရှိတဲ့ သတင်းတွေ အရ နေပြည်တော်မှာ ရှိတဲ့ အထက်ပိုင်း လူကြီးတွေ ကျနော်တို့ KIO က တင်ပြတဲ့ ငြိမ်းချမ်းရေး အဆင့် သုံးဆင့်ကို မကြား သိရဘူး ဆိုတဲ့ သတင်းတွေ ထွက်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။
သံရုံးအချို့ နေပြည်တော် ပြောင်းမည်
ရန်ကုန်မြို့ ရှိ ဗြိတိန်သံရုံး(ဓါတ်ပုံ-Google Images) |
ပြည်ထဲရေးနှင့် ကညန ပေါင်းပြီးဂွင်ရိုက်ကြပြီ
![]() |
ယနေ့ မေလ(၃)ရက်နေ့  နေပြည်တော်မှာ ဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးနေစဉ် |
Subscribe to:
Posts (Atom)