Tuesday, March 27, 2012

မြန်မာဒုက္ခသည် ဂျပန် တိုးမြှင့်ခေါ်ယူမည်


(Photo: Courtesy of Free Burma Rangers)
စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများကြောင့် တောင်ငူနှင့် ညောင်လေးပင်ခရိုင်မှ ခြေလျင်ပြေးလာသော ကရင်ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများကို တောတွင်းတနေရာ မိုးရေထဲတွင် တွေ့ရပုံ ဖြစ်ပါသည်။



ဂျပန်နိုင်ငံရဲ့ လက်ရှိ မြန်မာဒုက္ခသည် ခေါ်ယူနေရာ ချထားရေး အစီအစဉ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ဒုက္ခသည်တွေ ဆက်လက် လက်ခံသွားမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

သမ္မတကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများသို့  ရဲတပ်ဖွဲ့ ဝင်တဦး၏(ပေးစာ)




ကျွန်တော်ဟာရဲတပ်ဖွဲ.ဝင်တစ်ယောက်ပါ။ကျွန်တော်တို့ရဲတပ်ဖွဲ.ကိုဝင်ေ၇ာက်စဉ်က
ရဲတပ်ဖွဲ.မှာအနည်းဆုံး(၅)နှစ်တာဝန်ထမ်းဆောင်ရမယ်။လုပ်သက်(၅)နှစ်ပြည့်လို့မှ
ဆက်မလုပ်ချင်ဘူးဆို၇င်ရဲတပ်ဖွဲ.မှနှုတ်ထွက်နိုင်တယ်ဆိုပြီးဝန်ခံလက်မှတ်ရေးထိုး
ရပါတယ်။
ဒါပေမယ့်အခုရဲတပ်ဖွဲ.မှာကျင့်သုံးနေတာကလုပ်သက်(၅)နှစ်ပြည့်ရုံမပြောနဲ့ ၊ လုပ်သက်(၃၀)ပြည့်တာတောင်လုံးဝထွက်လို့မ၇ပါဘူး။လုပ်ချင်သည်ဖြစ်စေ၊
 မလုပ်ချင်သည်ဖြစ်စေဆက်လက်တာဝန်ထမ်းဆောင်ရပါတယ်။

လွတ်လပ်တဲ့ နိုင်ငံသား အခွင့်အရေး ပိုင်ဆိုင်ခွင့် ရှိသည်ဟု ကိုမင်းကိုနိုင် ဆို

မိန့်ခွန်း ပြောကြားနေသော   ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်
ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီ သွားဖို့ ခြေလှမ်း ပြင်နေဆဲမှာ နိုင်ငံတော်သမ္မတ ကိုယ်တိုင်က မိဘ ပြည်သူများ ခင်ဗျာ ဆိုပြီးတော့ ပြည်သူလူထုကို
လက်ကမ်းနေတဲ့ အချိန်မှာ မြို့နယ်အဆင့် ဒေသဆိုင်ရာ အဆင့်လောက်ကနေပြီးတော့ ပြည်သူ့ ခေါင်းကို ပြည်သူ့ လည်ပင်းကို အမိန့် အာဏာတွေနဲ့ တက်နင်းထားတဲ့ အပြု အမူမျိုးကိုတော့ လုံးဝ လက်မခံပါနဲ့လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က နာဂစ်ဒဏ်ခံ ဧရာဝတီတိုင်း
လပွတ္တာမြို့နယ် အမှတ် ၉ ရပ်ကွက် ကိုးနဝင်း ပရိယတ္တိ စာသင်တိုက်မှာ ပြုလုပ်တဲ့ မဇ္ဈိမအလင်း ပညာဒါန အင်္ဂလိပ်စာ သင်တန်းကျောင်း ဖွင့်လှစ်ပွဲ အခမ်းအနားတွင် တိုက်တွန်း ပြောကြား လိုက်ပါတယ်။
ဗီဒီယိုဖိုင်ကိုဆက်ကြည့်ရန်-

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေနှင့် စပ်လျဉ်းပြီး ကြေငြာချက် ထုတ်ပြန်



နာမည်ကျော်များ NLD ကို မဲပေးကြမယ်

အိမ့်သံစဉ် ရေးသားသည်
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာလိုပါတော့တယ်။ ဒီလိုအချိန်မှာ လူသိရှင်ကြား ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေက NLD ပါတီကို မဲပေးကြမယ်ဆိုတာ အတိအလင်းပြောနေကြပါတယ်။

ဒီအထဲမှာ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ လူမင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမပေးပါဘူး။
ဘာကြောင့် ၂၀၁၀ တုန်းက ဆန္ဒမဲ မပေးခဲ့ရတာကိုလည်း The Ladies ဂျာနယ်မှာ လူမင်းက “မဲမပေးဘူးဆိုတာက သိပ်လည်း စိတ်မ၀င်စားဘူး။ ပြီးရင် ဒီလိုဘဲ ဖြစ်မယ်ဆိုတာ ကြိုသိနေတော့ မဲပေးခြင်း၊ မပေးခြင်းအပေါ် စိတ်လည်း မ၀င်စားဘူး။ ထင်ထဲအတိုင်းဘဲ ဖြစ်သွားတာဘဲ”လို့ ဖြေကြားထားတယ်။

ကလေးငယ်ကို လစ်လျူရှူကြတဲ့ တာဝန်မဲ့တဲ့ ဗဟန်းရဲစခန်းက ရဲတွေကို အရေးယူပေးပါ။

တာဝန်မဲ့တဲ့ ဗဟန်းရဲစခန်းက ရဲတွေကို အရေးယူပေးပါ။

ယနေ့  (၂၅.၃.၂၀၁၂) ရက်နေ့  တနင်္ဂနွေ နေ့ တွင် ဗဟန်းမြုံနယ်၊ ရေတာရှည်လမ်းဟောင်း၊ ဗဟန်းရဲစခန်းအနီး၌ အသက် (၈) နှစ်ခန့် ကလေးငယ်တစ်ဦး ဒဏ်ရာများနှင့် လမ်းဘေးတွင် လဲကျနေသဖြင့် ရွှေဂုံတိုင်ဂိတ်မှ အနှေးယာဉ်လုပ်သား ကိုသံချောင်းဆိုသူက ဗဟန်းရဲ စခန်းသို့  ပို့ အပ်အကြောင်းကြားရာ၊ ဗဟန်းရဲစခန်းရှိ တာဝန်ကျရဲအရာရှိမှ ၄င်းတို့ တာဝန်မယူနိုင်ကြောင်းနှင့် မဆောင်ရွက်ပေးနိုင်ကြောင်း ပြောလွှတ်သဖြင့် ကိုသံချောင်းမှ ကလေးငယ်အား လမ်းဘေးတွင် ပြန်လည်စွန့် ပစ်ထားရစဉ် ဥပေက္ခာ မပြုနိုင်သော လမ်းသွားလမ်းလာများမှ ငွေကြေး စုဖွဲ့  ကောက်ခံကာ ရန်ကုန်ဆေးရုံကြီးသို့  အငှားယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ရသည်။

မြန်မာပြည်မြေပေါ်က အဖိုးတန် သဘာဝပစ္စည်းတွေ ဘယ်ရောက်ကုန်ကြပြီလည်း။





မြန်မာပြည်ရဲ့  သဘာဝသစ်ပင်ကြီးတွေထဲက ၀က်သစ်ချပင်အကြောင်း အကျဉ်းချူပ်ပြောရရင် ၀က်သစ်ချပင်(oak tree) ဟာ နွေဦးမှာ အထူးသဖြင့် မေလမှာ သစ်ရွက်တွေ စိမ်းစိမ်းစိုစိုနဲ့ ဆောင်းဦးမှာ အရွက်တွေခြောက်သွားရင်တောင် ကြွေမကျဘဲ အင်မတန်ခိုင်န့် တဲ့ သစ်ပင်ကြီးမျိုး ဖြစ်ပါတယ်။ ၀က်သစ်ချပင် အခက်လေးတွေကို အိမ်တွေမှာ ကျန်းမာစေတယ် လာဘ်ရွှင်စေတယ်ဆိုတဲ့ ယုံကြည်မှုနဲ့  ဆောင်ထားလေ့ရှ်ိကြပါတယ်။

မြန်မာပြည်ရဲ့  တန်ဖိုးမဖြတ်နိုင်တဲ့ သစ်ပင်ကြီးမျိုးတစ်ခုဖြစ်တဲ့ ၀က်သစ်ချပင်ကြီးတပင်ရဲ့  အင်မတန်ကြီးမားလှတဲ့ ပင်စည်အမြစ်ကြီးကို ဒီလဆန်းပိုင်းမှာ တူးဖေါ်ရရှိခဲ့ပါတယ်။