လူငယ်တွေ နိုင်ငံရေး လုပ်သင့်တဲ့ အချိန်
မောင်ဝံသ (၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် မှာဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ )
လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားဖို့
လိုတယ်၊ လူငယ်တွေ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ် ရှိကြဖို့လိုတယ်
စသည်ြဖင့် ယနေ့ခေတ် နိုင်ငံရေး သမားတွေက ပြောနေကြတာဟာ အလကား အားအားယား
ယားပြောနေတာ မဟုတ်ပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ အနာဂတ်ကို
တွေးပူမိလို့ ပြောနေ ကြတာပါ။ ဒီပြဿနာက တစ်နိုင်ငံ၊ နှစ်နိုင်ငံ ပြဿနာ
မဟုတ်ဘူး။ နိုင်ငံ အတော်များများ ကြုံနေ ရတယ်လို့ သတင်းတွေထဲ
ဖတ်လိုက်ရတယ်။
လူငယ်တွေ ရေသာခိုနေလျှင်

အရည်အချင်း ရှိသူတွေက နိုင်ငံရေး၊
တိုင်းပြည်ရေးကို စိတ်မ၀င်စားဘဲ ကိုယ်နဲ့ မဆိုင်သလို နေကြရင် အရည်အချင်း
မရှိသူတွေက အဲဒီကွက်လပ်ထဲ ဝင်နေရာ ယူကြတော့ မှာပေါ့။ လူ့အန္ဓတွေရဲ့
အုပ်ချုပ်မှုကို နိုင်ငံရေး စိတ်မ၀င်စားဘူး ဆိုတဲ့ လူတွေ ကျေကျေနပ်နပ်ကြီး
ခံကြပေါ့။ ဒါပေမယ့် အဲသလို သည်းခံနိုင်ကြတာ မဟုတ်ဘူး။ စိတ်ဆင်းရဲစွာနဲ့
အတင်းအဖျင်း တွေပဲ ထိုင်ပြောနေကြမှာ မြင်ယောင် သေးတယ်ဗျာ။
နိုင်ငံရေးလုပ်ခိုင်းတာလား
သတင်းဂျာနယ် တစ်စောင်နဲ့ ကျွန်တော်
တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှာ လူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားကြပါလို့
ကျွန်တော် ရေးခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်နဲ့ ပတ်သက်ပြီး သတင်းထောက်က
မေးခွန်းထုတ်တယ်။ ”လူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားဖို့ ပြောတာဟာ
နိုင်ငံရေး လုပ်ကြဖို့ တိုက်တွန်း တာပဲလား’’ တဲ့။ ကျွန်တော်က လူငယ်တွေ ကို
နိုင်ငံရေး လုပ်ဖို့ မဆိုလိုတဲ့ အကြောင်း၊ စိတ်ဝင်စားဖို့ ပြောခြင်း
ဖြစ်ကြောင်း ပြန်ရှင်းပြ လိုက်ရတယ်။
မြန်မာ ဗုဒ္ဓဘာသာ အဆုံးအမမှာ ရှိတယ်
မဟုတ်လားဗျာ။ ပထမ အရွယ်မှာ ပညာရှာ၊ ဒုတိယ အရွယ်မှာ ဥစ္စာရှာ၊ တတိယ အရွယ်မှာ
တရား ဘာဝနာ လုပ်ဖို့ဆိုတာ။
ကျွန်တော်က အဲဒီ အဆုံးအမကို မှီငြမ်းပြီး
ပထမ အရွယ်မှာ ပညာရှာ၊ ဒုတိယ အရွယ်မှာ ဥစ္စာလည်းရှာ၊ နိုင်ငံရေးလည်း
လုပ်ကြပါလို့ တိုက်တွန်း ချင်တာပါ။
ယနေ့ခေတ်မှာ ကျန်းမာရေး အသိပို၍
ရှိလာကြတာကြောင့် လူတွေ အသက်ပိုရှည် လာတယ်။ ဒါကြောင့် ဒုတိယ အရွယ်ဆိုတာ
အသက် (၄ဝ)ကနေ (၆ဝ-၇ဝ) လောက် အထိတောင် ပြောနိုင်တယ်။ အဲဒီ အရွယ်ပိုင်းဟာ
နိုင်ငံရေး လုပ်ဖို့ အကောင်းဆုံး ပဲဗျ။
အသက် (၂၅) နှစ်လောက် ကစပြီး ပညာရေး
ပြီးဆုံးကာ လက်တွေ့ လုပ်ငန်းခွင်ထဲ ၀င်မယ်။ (၁၅) နှစ်လောက် အသက်မွေး ပညာ
အသီးသီးဖြင့် ဥစ္စာရှာခြင်းကို လုပ်ဆောင်ပြီးရင် ထိုက်သင့်သလောက် အခြေတကျ
ဖြစ်လာမယ်။ အဲဒီအချိန်မှာ မျက်နှာလွှဲလို့ ဖြစ်တဲ့ စီးပွားရေး
လုပ်ငန်းတွေကို မျက်နှာလွှဲပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုး စီးပွားအတွက်
မိမိရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းကို ပေးလှူသော အားဖြင့် နိုင်ငံရေး
လုပ်သင့်တယ်လို့ ကျွန်တော် ဆိုလိုတာပါ။ နိုင်ငံရေးကို ကာယကံမြောက်
ဝင်မလုပ်ခင် လူငယ်ဘဝ တစ်လျှောက်လုံးမှာ နိုင်ငံရေးကို စိတ်ဝင်စားပြီး
လေ့လာသုံးသပ်နေဖို့ အလွန် လိုအပ်တယ်။ ဒါမှသာ ကိုယ်တိုင် ၀င်လုပ်တဲ့ အခါ
ဝမ်းစာ ပြည့်ပြီးသား လူတစ်ယောက် အဖြစ် လုပ်ကိုင်နိုင်မှာ ဖြစ်တယ်ဗျ။
စင်ကာပူနိုင်ငံကို ကမ္ဘာ့စီးပွားရေး
နိုင်ငံဖြစ်အောင် ရှေ့ဆောင် လမ်းပြ လုပ်ခဲ့တဲ့ မစ္စတာ လီကွမ်ယူက စင်ကာပူမှာ
အသက် (၄ဝ)ဝန်းကျင် ပညာတတ် နိုင်ငံရေး မျိုးဆက်သစ်များ ပျိုးထောင်ရေး
စီမံချက်ရေး ဆွဲဖို့ စင်ကာပူ ၀ါရင့်နိုင်ငံရေး သမားများနဲ့ လက်ရှိ
အစိုးရကို ဖိအားပေး တိုက်တွန်းခဲ့တယ်။
အသက် ၄ဝသည် ဘဝရဲ့အလယ်ပိုင်း
လီကွမ်ယူက နိုင်ငံရေး မျိုးဆက်သစ်ကို အသက် ၄ဝ ဝန်းကျင်လို့ သတ်မှတ်တာဟာ အဓိပ္ပာယ် အများကြီး ရှိတယ်။ အလယ်ကောင်ကို ရွေးတဲ့ သဘောဖြစ်တယ်။ အရင် အနှစ် ၂၀နဲ့ နောက်အနှစ် ၂ဝကို ကွင်းဆက် ယူထားတာ ဖြစ်တယ်ဗျ။ သူက နိုင်ငံရေး မျိုးဆက်သစ်ဟာ ပညာတတ်တွေ ဖြစ်ရမယ်၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်း အတွေ့အကြုံ ဆည်းပူး ပြီးသူတွေ ဖြစ်ရမယ်လို့ ဆိုတယ်။
စင်ကာပူဟာ အခြားအာရှ နိုင်ငံတွေလို
အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု၊ လက်နက်ကိုင် တော်လှန်ရေး စတာတွေ
မရှိခဲ့လေတော့ လီကွမ်းယူရဲ့ စိတ်ကူးစိတ်သန်းဟာ သူ့နိုင်ငံ အတွက်တော့
အံဝင်ခွင်ကျ ပဲပေါ့။
ပညာနည်းတော့ ဆင်ခြင်မှုအားနည်း
အခြား အာရှနိုင်ငံတွေ ကတော့ ဗြိတိသျှ၊
ပြင်သစ်၊ စပိန်၊ ဒတ်ခ်ျ၊ ပေါ်တူဂီစတဲ့ ကိုလိုနီ သမားတွေ လက်အောက်ကနေ
လွတ်မြောက်ရေး စစ်ပွဲတွေ ဆင်နွှဲခဲ့ရတယ်။ လူငယ်တွေဟာ ပညာရေးပြီးဆုံးအောင်
မသင်ခဲ့ရတဲ့ အလယ်တန်းပညာ၊ အထက်တန်း ပညာလောက်နဲ့ တော်လှန်ရေးထဲ ပါဝင်ခဲ့ရာက
နိုင်ငံရေးသမား တွေ ဖြစ်လာခဲ့ကြတယ်။ တိုင်းပြည် လွတ်လပ်ရေး ရတဲ့အခါ
သူတို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်တွေ ဖြစ်လာရတယ်။ သို့ပေမယ့် ပညာရေး
အခြေခံ နည်းပါးလေတော့ စဉ်းစားဆင်ခြင်မှု အပိုင်းမှာ အားနည်း ကြတယ်။
ရင့်ကျက်မှု နည်းပါးကြတယ်။ ဒီလိုနဲ့ နိုင်ငံ တည်ဆောက်ရေးမှာ လွဲချော်မှုတွေ
ရှိခဲ့တဲ့ သာဓကတွေ အများကြီးပဲဗျာ။
နိုင်ငံရေး ပျိုးထောင်မယ်ဆိုရင်
ဒီတော့ လီကွမ်ယူ စိတ်ကူးမျိုးကို လက်တွေ့
ကျင့်သုံးမယ် ဆိုရင်တောင် ယနေ့ခေတ် လူငယ်တွေကို ငယ်စဉ် တောင်ကျေး ကလေးဘဝ
ကတည်းက နိုင်ငံရေး ပျိုးထောင် ပေးဖို့လို လိမ့်မယ်။ လူငယ်တွေ အတွက်
အဆင့်ဆင့် လေ့ကျင့် ကွင်းဆင်းဖို့ ကျောင်းသား ဘဝမှာကို အဖွဲ့အစည်းနဲ့
လုပ်တတ် ကိုင်တတ်တဲ့ အကျင့်၊ အများရဲ့ ယုံကြည် ကိုးစားမှုကို ခံယူနိုင်မှ
ခေါင်းဆောင် ဖြစ်နိုင်တယ် ဆိုတဲ့ အသိတွေကို သွတ်သွင်း ပေးရမယ်။ ဆရာ ဆရာမ
အကြိုက်ကို လိုက်လုပ်ပေးရင် ခေါင်းဆောင် ဖြစ်တာပဲ ဆိုတဲ့ အသိမျိုး
မဝင်စေရဘူး။ အများရဲ့ဆန္ဒနဲ့ ရွေးကောက် တင်မြှောက်တဲ့ အခါ ပါဝင်ယှဉ်ပြိုင်
အရွေးခံမယ်။ ပြိုင်ဘက်တွေ အပေါ် မညစ်ရဘူး။ မတရား အခွင့်အရေး မယူဘူး။
မိမိရှုံးသွားရင် အရှုံးကို ပြုံးပြုံးရင်ဆိုင် ရမယ်။ နိုင်တဲ့ အခါမှာလဲ
ရှုံးသူအပေါ် မျှတမှု ရှိရမယ် စတဲ့ အလေ့အကျင့် တွေဟာ ရင့်ကျက်မှုကို
ပျိုးထောင် ပေးတာပါပဲ။
မောင်ဝံသ
သတင်းဆိုတာ ဘာလဲ (ပီတာအဲန်း)
သတင်းဆိုတာ ဘာလဲ
ပီတာအဲန်း
(တစ်သီပုဂ္ဂလ စာနယ်ဇင်းသမား)
ဘာသာပြန်
ထင်အောင်ကျော်
သတင်းစာဆရာရဲ့ အလုပ်က “သတင်းယူဖို့” ပါပဲ။ ဒါပေမဲ့ နိစ္စဓူဝ
အဖြစ်အပျက်တွေက အများကြီး။ အဲ့ဒါအားလုံးကို သတင်းအဖြစ်နဲ့ ရေးသားတင်ပြဖို့
မလိုအပ်ဘူး။ ဒီတော့ သတင်းဆိုတာဘာလဲ။ စာဖတ်ပရိသတ်က ဘယ်လို
သတင်းအချက်အလက်မျိုးကိုမှ လိုချင်တာလဲ။ပီတာအဲန်း
(တစ်သီပုဂ္ဂလ စာနယ်ဇင်းသမား)
ဘာသာပြန်
ထင်အောင်ကျော်
ဒါဟာ သတင်းစာဆရာတစ်ယောက် နေ့စဉ် စဉ်းစားဆုံးဖြတ်ရတဲ့ ကိစ္စပါပဲ။ သတင်းတစ်ပုဒ် စမလိုက်ခင်မှ “ဒါလူတွေ ပြောမယ့် အကြောင်းအရာလား”၊ “ဒါဟာ သူတို့သိချင်တဲ့ကိစ္စလား” ဆိုတာ ကိုယ့်ကိုယ်ကို အမြဲတမ်းမေးကြည့်ကြရတယ်။
သတင်းဆိုတာ လူအများစုကြီးအတွက် အရေးကြီးတဲ့ သူတို့စိတ်ဝင်စားတဲ့ အကြောင်းချင်းရာဖြစ်ပါတယ်။ ဒါဟာ နိစ္စဓူဝ ဖြစ်ပျက်နေတာမျိုးနဲ့ ကွာပါတယ်။
သတင်းဆိုတာ ဖြစ်ပျက်နေကျမျိုး မဟုတ်ပါဘူး။ သတင်းနဲ့ပတ်သက်ပြီး ထင်ရှားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကတော့ “ခွေးက လူကို ကိုက်တာ သတင်းမဟုတ်ဘူး၊ လူက ခွေးကို ကိုက်ရင်တော့ ဒါ သတင်းပဲ” လို့ ဆိုထားတယ်။ ဘန်ကောက်ပို့စ် သတင်းစာမျက်နှာဖုံးမှာ သူ့ခွေးရဲ့ လည်ကုပ်ကို ကိုက်တဲ့အတွက် အဖမ်းခံရတဲ့ လူတစ်ယောက်အကြောင်းကို ဖော်ပြခဲ့ဖူးပါတယ်။ အဲ့ဒီလူက သူဟာ သခင်ဆိုတာကို အကြောင်းပြဖို့အတွက် အဲ့ဒီလို ကိုက်ခဲ့တာ ဖြစ်ပါတယ်။
လူအများကြီးအပေါ်မှာ သက်ရောက်မှုရှိတဲ့အကြောင်းကိစ္စတစ်ခုဟာလည်း သတင်းဖြစ်ပါတယ်။ အဲ့ဒါမျိုးက အိမ်တွေ၊ သီးနှံတွေ ပျက်စီကုန်တဲ့ ရေလွှမ်းမိုးမှုမျိုး အကြောင်းပေါ့။ ဓာတ်ဆီဈေး တက်သွားတာမျိုးပေါ့။ အဲ့ဒါဆို မော်တော်ဆိုင်ကယ်တွေအတွက် စရိတ်တက်လာမယ်။ သတင်းကြီးတွေဆိုတာာ များသောအားဖြင့် လူအများကြီးအပေါ်မှာ သက်ရောက်မှုရှိတဲ့ အဖြစ်အပျက်ပါပဲ။
တခါတလေမှာတော့ အရေးကြီးပုဂ္ဂိုလ်၊ ဒါမှမဟုတ် ထင်ရှားကျော်ကြားသူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်က သတင်းဖြစ်နေတာမျိုး ရိုးရိုးရှင်းရှင်းကိစ္စမျိုးလည်း ရှိတတ်တယ်။ သတင်းစာဆရာတွေက ၀န်ကြီးချုပ်၊ သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့လို ထိပ်တန်းအရာရှိကြီးတွေနောက်လိုက်ပြီး သတင်းယူတတ်ကြတယ်။ ဒီပုဂ္ဂိုလ်တွေက သြဇာအာဏာကြီးတဲ့သူတွေဖြစ်တော့ သူတို့အမြင်က သာမန်လူတစ်ယောက်အမြင်ထက် သတင်းမှာပိုပြီး ထိရောက်တယ်။ လူအများက ချမ်းသာတဲ့၊ နာမည်ကြီးတဲ့သူတွေအကြောင်း စိတ်ဝင်စားတယ်ဆိုတာ သိတဲ့အတွက် ရုပ်ရှင်မင်းသား မင်းသမီးတွေနဲ့ တေးသံရှင်တွေအကြောင်း ဇောင်းပေးတဲ့ သတင်းစာဆရာတွေလည်း ရှိပါတယ်။
သတင်းမှာ အချိန်ကိုက် ဖြစ်ဖို့လိုတယ်။ သတင်းဆိုတာ ကုန်ခဲ့တဲ့ကာလ ဖြစ်ခဲ့တာကို ပြောတာမဟုတ်ပါဘူး။ ဒီကနေ့ လက်ငင်းဖြစ်နေတာကို ပြောတာ။ စာဖတ်ပရိသတ်က နောက်ဆုံးဖြစ်နေတာကို မြန်နိုင်သမျှ အမြန်ဆုံးသိချင်ကြတယ်။ မြို့ထဲမှာ အကြီးအကျယ်မီးလောင်မှုဖြစ်တယ်ဆိုရင် ရုပ်သံသတင်းသမားက အဲ့ဒီနေ့သတင်းမှာ ပါနိုင်အောင် အမြန်ဆုံးလှုပ်ရှားရမယ်။ သတင်းသမားက နောက်တစ်နေ့ မနက်သတင်းစာမှာ ပါအောင်ရေးရမယ်။
ပဋိပက္ခ အကြောင်းဟာလည်း သတင်းပါပဲ။ လူတွေရဲ့ နေ့စဉ်ဘ၀မှာ ပဋိပက္ခဖြစ်ရပ်တွေက အပြည့်၊ မြေယာအငြင်းပွားမှုတွေ ရှိတယ်။ အစိုးရဖွဲ့နိုင်ဖို့ နိုင်ငံရေးပါတီတွေချင်း အားပြိုင်တာရှိတယ်။ နိုင်ငံချင်း စစ်ဖြစ်ကြတယ်။
သတင်းတွေမှာ ဒေသန္တရရှု့ထောင့် ဆိုတာလည်းရှိပါတယ်။ လူတွေက သူတို့နေထိုင်တဲ့ နေရာဒေသက အဖြစ်အပျက်၊ ဒါမှ မဟုတ် ကိုယ့်အနီးအနားက အကြောင်းတွေကို သိချင်ကြတယ်။ ဗီယန်ကျင်းမြို့ထုတ် သတင်းစာတစ်စောင်ဟာ ဗီယန်ကျင်းနားက ရေကြီးမှုအကြောင်းကိုပဲ စိတ်ဝင်စားမယ်။ ပီကင်းမှာ ရေကြီးတဲ့ကိစ္စကို သိပ်စိတ်ဝင်စားမှာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံသားတွေရဲ့ အကြောင်းကို တခြားသူတွေ အကြောင်းထက် ပိုပြီး စိတ်ဝင်စားတတ်ကြတယ်။ လာအိုလူမျိုးတစ်ယောက်ဟာ နောက် လာအိုလူမျိုးတစ်ယောက်အကြောင်းကို စိတ်ဝင်စားမှုရှိတယ်။ တရုတ်နိုင်ငံမှာ လေယာဉ်ပျက်ကျတဲ့အကြောင်းကို လာအိုနိုင်ထုတ် သတင်စာတစ်စောင်မှာ သိပ်ပြီး အလေးထားဖော်ပြနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီလေယာဉ်ပေါ်မှာ လာအိုနိုင်ငံသား သုံးဦးပါသွားတယ်ဆိုရင်တော့ ဒါ တကယ့်သတင်းကြီး တစ်ပုဒ်အနေနဲ့ ပါလာပါလိမ့်မယ်။
တစ်ခါတစ်ရံမှာလည်း အသုံးဝင်တဲ့အချက်အလက် တွေက သတင်းဖြစ်နေတတ်တယ်။ ဥပမာ အလုပ်သစ်တစ်ခု ရနိုင်တဲ့ အကြောင်းမျိုးဖြစ်ပါတယ်။ ဒါမှမဟုတ် ကျန်းမာကြံ့ခိုင်ဖို့အတွက် ဘယ်လို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရမယ် ဆိုတာမျိုးပေါ့။
ပြီးတော့ ဖျော်ဖြေတဲ့သတင်းအချက်အလက်တွေ ဟာလည်း သတင်းပါပဲ။ ဒီသတင်းမျိုးထဲမှာ တိရစ္ဆာန်တွေအကြောင်း၊ လူတွေရဲ့ အပျော်အပြက်လုပ်ရပ်တွေ၊ ရုပ်ရှင်ဇာတ်ကားသစ် စသဖြင့် ဖြစ်ပါတယ်။
သတင်းကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ဆိုတာ မလွယ်လှဘူး။ သတင်းထောက်စလုပ်တဲ့ သူတစ်ယောက်ကို အယ်ဒီတာက “သတင်းတစ်ပုဒ် ရှာပြီးပြန်လာခဲ့” လို့ တန်းလွှတ်လိုက်ရင် သူ့အနေနဲ့ ဘာမှ လုပ်တတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အတွေ့အကြုံရလာတဲ့အခါမှာတော့ သတင်းထောက်က ဘယ်ဟာ သတင်းဖြစ်တယ်ဆိုတာ ချက်ချင်း သိမြင်လာပါလိမ့်မယ်။
နိုင်ငံပြုပညာနိဒါန်း
မိုးသန်း (စံပယ်ဖြူမဂ္ဂဇင်း အမှတ်-၄ ဇူလိုင် ၂၀၀၇)
လူတို့သည် ပုရွက်ဆိတ်များ၊ ပျားများကဲ့သို့
အစုအပေါင်း အသိုက်အမြုံနှင့်နေတက်သော သတ္တ၀ါများဖြစ်သည်။ မိမိတို့၏
ရှင်သန်ရပ်တည်နိုင်ရေးအတွက် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် အမှီသဟဲပြုရင်း
စနစ်ကျသည့် ဆက်ဆံရေးပုံစံအောက် တွင် ပေါင်းစုနေထိုင်ခြင်း၊ အရည်အသွေးပေါ်
မူတည်၍ တာဝန်အမျိုးမျိုး၊ တာဝန်ယူမှုအမျိုးမျိုးတို့ကို
ခွဲဝေထမ်းဆောင်ကြခြင်း ဖြင့် ကိုယ့်အစုအဝေးအသိုက်အမြုံအတွင်း
ရှင်သန်လှုပ်ရှားနေကြသည်။ သို့ရာတွင် လူသားနှင့် ပျားများ၊ ပုရွကက်ဆိတ်များ
ကဲ့သို့ပေါင်းသင်းဆက်ဆံရေး သတ္တ၀ါများအကြားတွင် ကြီးမားသော ကွာဟမှုရှိသည်။
အခြားသတ္တ၀ါများသည် ဗီဇ၏လွှမ်းမိုးမှု သက်သက်ဖြင့် သူတို့အသိုက်အမြုံ၏ အစဉ်အလာ
ဖွဲ့စည်းမှု စည်းကမ်းများအတိုင်း ရှင်သန်နေကြရခြင်းဖြစ်သည်။ သူတို့၏
ပုဂ္ဂလိကဘ၀သည် အရွှေ့အပြောင်းမရှိ၊ ရွေးချယ်ရန်အခွင့်အလမ်းမရှိကြချေ။
လူသားတို့မှာကား ထိုသို့မဟုတ်ပေ။ ရှေ့မျိုးဆက်မှ အတွေ့အကြုံများ၊
အသိတရားများကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းတတ်သည့်
အသိဥာဏ်ပိုင်ရှင်ဖြစ်သည်။ အသိဥာဏ်မြင့်မားသည့် အတွေးအခေါ်ရှင်ကြီးများသည်
သူတို့ဖြတ်သန်းခဲ့ရသော သမိုင်းခေတ်၏ နောက်ခံကားပေါ်တွင် အကောင်းဆုံး
လူမှုအဖွဲ့အစည်းပုံစံများ၊ လူမှုဆက်ဆရေးပုံစံများ၊
စံပြနိုင်ငံတော်ပုံစံအမျိုးမျိုးတို့ကို မတူညီသော ရှု့ထောင့်အသီးသီးမှ
တွေးခေါ်ကြံဆဖော်ထုတ်ခဲ့ကြသည်။ ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်ခံရင်း
လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေ့ရှု့ နိုင်ငံရေးကို
အာမခံနိုင်မည့်စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ်ချပေးခဲ့ ကြသည်။
ထိုသို့ဖြင့် လူ့သမိုင်းတလျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ
အတွေးအမြင်များသည် သိပ္ပံပညာရပ်ကြီး တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။
ယခုစာစုတွင် နိုင်ငံရေးသိပ္ပံပညာရပ်၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊
ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုသော
ချဉ်းကပ်ပုံနည်းနာများ၊ အကောက်အယူများကို တင်ပြသွား မည်ဖြစ်သည်။

နိုင်ငံရေးသိပ္ပံပညာ၏ အရေးပါမှု
နိုင်ငံရေသိပ္ပံသည်
အရေးကြီးသောပညာရပ်တစ်ခုဖြစ်သည်။ ၂၀ ရာစုအတွင်း သန်းပေါင်းများစွာသော
လူသားတို့သည် မတူညီသောနိုင်ငံရေးအယူဆများကို ယုံကြည်စွဲကိုင်ကြသော
အပြိုင်နိုင်ငံရေးအုပ်စုများ၊ အုပ်စိုးသူများ၏ ဒဏ်ကြောင့်
အသက်ဆုးရှုံးခဲ့ကြရသည်။ လူသားတို့၏ဘ၀သည် သူတို့နေထိုင်ရာနိုင်ငံ၏
အစိုးရများ၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ရပ်များ၏ အကျိုးသက်ရောက်မှုကို
ခံနေကြရပြီး သူတို့နေထိုင်ရာ လူ့အဖွဲ့အစည်း၏ လူမှုအဆောက်အအုံအပေါ်မူတည်၍
တာဝန်နှင့် ရပိုင်ခွင့်များ မတူညီကြပေ။ နိုင်ငံရေးသိပ္ပံပညာရှင်များသည်
နိုင်ငံသားများကို ပညာပေးခြင်း၊ နိုင်ငံခေါင်းဆောင် များကို အကြံပေးခြင်း၊
ဦးဆောင်လမ်းပြခြင်း၊ နိုင်ငံရေးအတွေးအမြင်မျိုးစုံပေါ်ပေါက်ရှင်သန်လာစေရန်
သုတေသနပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ကြသည်။ နိုင်ငံရေးတည်ငြိမ်မှုနှင့်
တော်လှန်ရေး၊ ဖိနှိပ်ခြင်းနှင့် လွတ်လပ်ခြင်း၊ ညီမျှမှုနှင့် မညီမျှမှု၊
စစ်နှင့် ငြိမ်းချမ်းရေးစသည့် နိုင်ငံရေးဆိုင်ရာ အကြောင်းခြင်းရာတို့၏
ရင်းမြစ်များနှင့် အကျိုးဆက်များကို နားလည်နိုင်စေရန်၊
နိုင်ငံရေးဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေးသိပ္ပံပညာ
အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။
နိုင်ငံရေးသိပ္ပံပညာ၏ ပညာရပ်ဆိုင်ရာနယ်ပယ်များ
နိုင်ငံရေးသိပ္ပံပညာ၏
ပညာရပ်ဆိုင်ရာနယ်ပယ်များကို အကြမ်းအားဖြင့် (၆) ပိုင်းခွဲခြားပြီး
တင်ပြသွားမည်ဖြစ်သည်။ (၁) နိုင်ငံရေးနှိုင်ယှဉ်လေ့လာမှု Comparative
Poloitics ၊ (၂) နိုင်ငံတာဆက်ဆံရေး International Relation ၊ (၃)
နိုင်ငံရေးသီအိုရီများ Political Theories ၊ (၄) လူထုအုပ်ချုပ်ရေး Public
Administration ၊ (၅) ပြည်သူလူထုနှင့် သက်ဆိုင်သော မူဝါဒများ Public Policy
၊ (၆) နိုင်ငံရေးဆိုင်ရာ အပြုအမူ Political Behavior စသဖြင့် ခွဲခြား
လေ့လာ နိုင်မည်ဖြစ်သည်။
(၁) နိုင်ငံရေးနှိုင်ယှဉ်လေ့လာမှု Comparative Poloitics
မတူညီသောနိုင်ငံများ၏ နိုင်ငံရေးရာများကို
နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။ အချို့သောပညာရှင်များသည် နိုင်ငံတစ်ခု၏
အခြေအနေများကို မတူညီသော အချိန်သတ်မှတ်ချက် နှစ်ခုပိုင်းခြား၍
နိုင်ယှဉ်လေ့လာကြသလို ယဉ်ကျေးမှုခြင်း ဆင်တူသည့် နိုင်ငံအုပ်စုများ (ဥပမာ
အရှေ့တောင်အာရှနိုင်ငံများ) ကို နှိုင်းယှဉ်လေ့လာကြသည်။ ထိုပညာရှင်တို့သည်
လေ့လာနေသောနိုင်ငံ သို့မဟုတ် နိုင်ငံအုပ်စုများ၏ ဘာသာစကား၊
သမိုင်းနောက်ခံအခြေအနေ၊ ယဉ်ကျေးမှုရေးရာတို့ကို ကျွမ်ကျင်ကြသူများဖြစ်သည်။
အချို့ပညာရှင်များသည် ယဉ်ကျေးမှုခြင်းမတူညီသော နိုင်ငံများကို လေ့လာကြပြီး
ထိုနိုင်ငံတို့၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကြသည်။
ထိုသို့လော့ခြင်းဖြင့်ရရှိလာသော တွေ့ရှိချက်များသည်
သမိုင်းသင်ခန်းစာများအဖြစ် ပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံရေးစနစ်
အပြောင်းအလဲလုပ်လိုသော နိုင်ငံများအတွက် ရင်ဆိုင်ရနိုင်သော
အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်နိုင်သလို၊ လိုအပ်ချက်များရှိနေပါကလည်း
ကြိုတင်ဖြည်းဆည်း နိုင်သည့်အတွက် များစွာအကျိုးရှိပေသည်။
(၂) နိုင်ငံတာဆက်ဆံရေး International Relation
နိုင်ငံတကာဆက်ဆံရေးပညာသည်
နိုင်ငံအချင်းချင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံစုံကျော်
ကော်ပိုရေးရှင်းကြီးများ၏ အပြန်အလှန် ဆက်ဆံမှုပုံစံများ၊
အကျိုးသက်ရောက်မှုများကို လေ့လာသည်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင်
နိုင်ငံရေး ပညာရှင်များအသုံးပြုသော အစဉ်အလာချဉ်းကပ်နည်း နှစ်ခုမှာ Realism
နှင့် Liberalism တို့ဖြစ်သည်။ Realism အစဉ် အလာအရ နိုင်ငံတကာစနစ်
International Order ၏ တည်ငြိမ်မှုကို ထိန်းထားနိုင်ရန် အင်အားထိန်းညှိရေး
Balance Of Power အယူအဆကို အသုံးပြုသည်။ Liberalism အစဉ်အလာအရ
ကြည့်မြင်သုံးသပ်မည်ဆိုလျှင်မူ နိုင်ငံအချင်းချင်းကြား ပေါ်ပေါက်လာသော
ပဋိပက္ခများ၊ တင်းမာမှုများကို ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ
အဖွဲ့အစည်းများကို ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏
ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုကို အားပေးသည်။
ထိုသို့ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း ဖြင့် နိုင်ငံတကာတည်ငြိမ်မှုနှင့်
ငြိမ်းချမ်းမှု တည်ဆောက်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။
(၃) နိုင်ငံရေးသီအိုရီများ Political Theories
နိုင်ငံရေးသိပ္ပံပညာရပ် စတင်ထွန်းကာခဲ့ရာ
ဂရိခေတ်မှစတင်၍ ယခုအချိန်အထိ ပေါ်ပေါက်ခဲ့သော နိုင်ငံရေးသီအိုရီများကို
လေ့လာခြင်းဖြစ်သည်။ နိုင်ငံရေးသီအိုရီများတွင် တရားမျှတမှု၊ ညီမျှမှု၊
လွတ်လပ်မှု၊ မှန်ကန်မှု၊ နိုင်ငံသားဖြစ်မှုစသည့် နိုင်ငံရေး၏ အရေးပါသော
အခြေခံအယူအဆများကို ဝေဖန်ဆန်းစစ်မှုများပါဝင်သည်။ ထို့ပြင်
နိုင်ငံရေးသိပ္ပံကို လေ့လာရာတွင် လိုအပ်သော ယုတ္တိဗေဒဆိုင်ရာ
အချက်အလက်များကိုလည်း နိုင်ငံရေးသီအိုရီများတွင် တွေ့မြင်နိုင်သည်။
နိုင်ငံရေးသီအိုရီများ သည် ဥပဒေနယ်ပယ်၊ ဒဿနိကနယ်ပယ်တို့နှင့်
ဆက်နွယ်လျက်ရှိသည်။ ယေဘုယျအားဖြင့် နိုင်ငံရေးသီအိုရီပိုင်ရှင်များသည်
လူသားနှင့် လူ့အဖွဲ့အစည်းတို့အတွက် အကောင်းဆုံးသော စံပြဖွဲ့စည်းပုံများကို
တင်ပြကြသလို၊ အုပ်စိုးသူနှင့် အုပ်စိုးခံများကြား ပဋိညာဉ်ပြုမှု
စသည်တို့ကို လေးနက်စွာ စဉ်းစားဖော်ထုတ်ကြခြင်းဖြစ်သည်။
နိုင်ငံရေးသီအိုရီများကို ဓမ္မဓိဌာန်စံနှုန်းများအတိုင်း
စဉ်းစားတွေးခေါ်တည်ဆောက်ထားသော Normative Theories များ၊ လူသား၏ သဘာဝကို
အခြေပြုစဉ်းစားထားသော Prudential Theories များနှင့် လူသားတို့၏
လွတ်လပ်မှုအခြေခံမှ စဉ်းစားသော Constructive Theories များဟူ၍
သုံးမျိုးခွဲခြားနိုင်သည်။ Normative သီအိုရီများသည် နိုင်ငံသားတို့၏
နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုနှင့် နိုင်ငံတော်၏ဥပဒေကို
လိုက်နာမှုတို့တွင် မည်သည့်အတွက် ထိုသို့လုပ်သင့်ခြင်းဖြစ်သည် တို့ကို
ကိုယ်ကျင့်တရားရှု့ထောင့်တို့မှ ဆန်းဆစ်ပြခြင်းဖြစ်သည်။ Prudential Theories
များမှာမူ ကိုယ်ကျင့်တရား၊ ဆင်ခြင်တုံတရားတို့ထက် လူသား၏
မိမိအကျိုးစီးပွားရှိမှုကို လိုလားသော သဘာဝကို အခြေပြုပြီး ဆန်းစစ်ထားသော
နိုင်ငံရေးသဘောတရားများဖြစ်သည်။ Constructive သီအိုရီရှင်များသည်
နိုင်ငံသားတို့ မည်သည့်အတွက် နိုင်ငံတော် အပေါ်သစ္စာစောင့်သိကြသည်ဆိုသည်ထက်
လိုအပ်မှုအရ နိုင်ငံတော်က အကောင်အထည်ဖော်နေသော စနစ်တို့အပေါ်တွင်
မည်သို့မည်ပုံ ပါဝင်ပတ်သက်သင့်သည်ဆိုသည်တို့ကို
ရှင်းလင်းပြခြင်းများဖြစ်သည်။ တစ်နည်းအားဖြင့် ရှိနှင့်ပြီးသား
အဆောက်အအုံတို့၏ လွှမ်းမိုးမှုထက်၊ ကိုယ်ပိုင်လွတ်လပ်မှုကို အသုံးချပြီး
လိုအပ်ပါက အဆောက်အအုံပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို
မည်သို့ဆောင်ရွက်သင့်သည်တို့ကို ဝေဖန်ဆန်းဆစ်ပိုင်းပြခြင်းများဖြစ်သည်။
(၄) လူထုအုပ်ချုပ်ရေး Public Administration
နိုင်ငံရေးသိပ္ပံပညာရှင်အချို့သည်
လူထုအုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အခြားသော
အစိုးရဌာနများ၏ ဆက်နွယ်မှုကို လေ့လာကြသည်။ ထိုအဖွဲ့အစည်းများ၏
လုပ်ငန်းလည်ပတ်ပုံကို လေ့လာခြင်းဖြင့် အားသာချက် အားနည်းချက်များကို
သိမြင်ကာ နိုင်ငံရေးပညာရှင်များသည် ပိုမိုတိုးတက်ကောင်းမွန်သော
လူထုဖွံ့ဖြိုးရေးစနစ်များကို ရှာဖွေ ဖော်ထုတ်ပေးနိုင်ပေသည်။
(၅) ပြည်သူလူထုနှင့် သက်ဆိုင်သော မူဝါဒများ Public Policy
ကျန်းမာရေးစောင့်ရှောက်မှု၊ လေထုညစ်ညမ်းမှု၊
စီးပွားရေးအခြေအနေစသည့် လူထုနှင့် တိုက်ရိုက်သက်ဆိုင်သော အရေးအရာများကို
လေ့လာကာ မည်သို့မည်ပုံ ပေါ်လစီများ ချမှတ်ဖြေရှင်းရမည်ဆိုသည်ကို
စဉ်းစားဝေဖန်ခြင်းဖြစ်သည်။ ထိုပညာရပ်သည် ပြည်သူ့ပေါ်လစီဆိုင်ရာအယူအဆများကို
နှိုင်းယှဉ်လေ့လာမှုများရှိသလို၊ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတော်လုံခြုံ
ရေးမူဝါဒများအတွက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှ အချက်အလက်များကို
အသုံးပြုလေ့လာသည်။ ပေါ်လစီများကို အသုံးပြုလေ့လာသည်။ ပေါ်လစီများချမှတ်ရာတွင်
လိုအပ်သော ကျင့်ဝတ်များကိုမူ နိုင်ငံရေးသီအိုရီများမှ ထုတ်ယူ အသုံးပြုသည်။
(၆) နိုင်ငံရေးဆိုင်ရာ အပြုအမူ Political Behavior
ပြည်သူတို့၏နိုင်ငံရေးဖြစ်စဉ်များ၊
လှုပ်ရှားမှုများတွင် ပါဝင်မှုစသည့်နိုင်ငံရေးဆိုင်ရာ အပြုအမူတို့ကို
လေ့လာသောပညာရပ်ဖြစ် သည်။ ထိုပညာရပ်သည် လူထု၏ မဲဆန္ဒပေးရာတွင် အခြားသော
လူမှုရေးဖိအားတို့၏ လွှမ်းမိုးမှုကင်းမကင်း၊ လူတို့၏စိတ်ပိုင်း ဆိုင်ရာ
အစွဲအလမ်းများ (ဥပမာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ) နိုင်ငံရေးဖြစ်စဉ်များတွင်
ပါဝင်ရာတွင် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ၊
အကျိုးစီးပွားအမြင်များသည် ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များနှင့် ပါတီတို့၏
မူဝါဒရေးဆွဲမှုများအပေါ် များစွာ အကျိုးပြုသည်။
နိုင်ငံရေးသိပ္ပံပညာရှင်တို့၏ ချဉ်းကပ်မှုဗျူဟာများ
နိုင်ငံရေးသိပ္ပံပညာရှင်များသည်
နိုင်ငံရေးဆိုင်ရာဖြစ်စဉ် ဖြစ်ရပ်များကို စနစ်တကျရှင်းပြနိုင်ရန်အတွက်
ရှု့ထောင့်သုံးမျိုးမှ ချဉ်းကပ်လေ့ရှိသည်။ ပထမဦးဆုးပုံစံမှာ လူ့သဘာဝကို
အခြေခံသော ဆင်ခြင်ရွေးချယ်မှုပုံစံ Rational Choice Model ဖြစ်သည်။
ထိုရှု့ထောင့်မှ လေ့လာမည်ဆိုလျှင် လူသားတို့သည် ယေဘုယျအားဖြင့်
မိမိတို့၏အကျိုးစီးပွားကို ရှေ့ရှု့တတ်သူများဖြစ်သည့်အားလျော်စွာ
မည်သည့်အခြေအနေတွင်မဆို မိမိတို့အတွက်အကျိုးဖြစ်ထွန်းနိုင်ဆုံးလမ်းကိုသာ
ရွေးချယ်ကြမည်ဖြစ်သည်။ နိုင်ငံရေးရာကိစ္စရပ်များတွင်လည်း မိမိတို့အတွက်
အကျိုးပြုနိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊
အစိုးရများကိုသာ ထောက်ခံကြမည်ဖြစ်သည်။ ဒုတိယချဉ်းကပ်မှုပုံစံမှာ
စနစ်ပိုင်းဆိုင်ရာ လိုအပ်မှုကို အခြေခံ သောပုံစံ Function Model ဖြစ်သည်။
လည်ပတ်လျက်ရှိသော စနစ်တစ်ခုသည် လူသားတို့၏ လိုအပ်မှုကို အပြည့်အ၀ဖြည့် ဆည်း
မပေးနိုင်တော့သည့်အချိန်တွင် ထိုစနစ်၏ အားနည်းချက်များကို
ရှာဖွေဆန်းဆစ်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထိုလှုပ်ရှားဆောင်ရွက်မှုများသည်
သမိုင်းဆိုင်ရာတိုးတက်မှုအတွက် အရေးပါသည့် ပြညွှန်းမှတ်များဖြစ်သည်။
တတိယချဉ်းကပ်မှုပုံစံမှာ လူသားတို့၏ တန်ဖိုးထားမှုများ၊ လောကအမြင်များကို
အခြေခံသော လေ့လာမှုပုံစံ Interpretive Model ဖြစ်သည်။ ထိုရှု့ထောင့်အရ
နိုင်ငံရေးဆိုင်ရာဖြစ်စဉ်များတွင်ပါဝင်သူတို့၏ ယုံကြည်မှုများ၊
တန်ဖိုးထားမှုများကို နားလည်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် ထိုဖြစ်ရပ်များ၏
အကြောင်းအရင်းများနှင့် အကျိုးဆက်များကို ခန့်မှန်းတွက် ချက်ရာတွင် မျာစွာ
အထောက်အကူပြုသည်။
နိုင်ငံရေးသိပ္ပံပညာရပ်၏ သုတေသနလုပ်နည်း လုပ်ဟန်များ
နိုင်ငံရေးသိပ္ပံပညာရပ်၏ သုတေသနလုပ်နည်း
လုပ်ဟန်များကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။ အချို့သော နိုင်ငံရေး
သုတေသီတို့သည် ကိန်းဂဏန်းပမာဏ အခြေပြုနည်းနာ Quantitative Method ကို
အသုံးပြု၍ နမူနာအုပ်စုငယ်များ အတွင်းလေ့လာတွေ့ရှိမှုများကို အခြေခံကာ
စည်းမျဉ်းဥပဒေသများ၊ သီအိုရီများကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြသည်။
သို့ရာတွင် လူသားတို့၏စိတ်သည် အစဉ်အမြဲပြောင်းလဲတတ်သည့်အလျောက်
နမူနာပုံစံငယ်များအတွင်း လေ့လာရရှိသော အချက်အလက်ရလဒ်များသည်
မိုမိုကျယ်ပြန့်သောလက်တွေ့ အခြေအနေများတွင် အံဝင်ခွင်ကျမဖြစ်နိုင်သည်များ
ရှိနိုင်ပေ သည်။ ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲသော လူတို့၏အပြုအမူများကို
ဖော်မျူလာသဘောများဖြင့် ချဉ်းကပ်၍ မရနိုင်သည်များ ရှိပေသည်။ ဥပမာ
မည်သည့်နိုင်ငံရေးသိပ္ပံပညာရှင်ကမျှ ၁၉၈၉ ခုနှစ်
ဆိုဗီယာက်ယူနီယံပြိုကွဲမှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် အချို့သောပညာရှင်တို့က ဖြစ်ရပ်တစ်ခုတည်းကို သီးသန့်လေ့လာမှု
Case Study များပြုလုပ်ခြင်းဖြင့်သာ ထိုလေလာနေသောဖြစ်ရပ်၏
လက်တွေ့ပြဿနာများနှင့် ပြဿနာဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု
ယူဆကြသည်။
ကိန်းဂဏန်းပမာဏအခြေပြုနည်းနာ Quantitative Method
ထိုသုတေသနနည်းနာတွင် လူထုသဘောထား
စစ်တမ်းကောက်ယူမှုနှင့် လေ့လာနေသောအုပ်စု သို့မဟုတ် လူ့အဖွဲ့အစည်း အပေါ်
ယေဘုယျဆန်းစစ်ချက်များ ပြုလုပ်မှုတို့ပါဝင်သည်။ သဘောထား
စစ်တမ်းကောက်ယူမှုပုံစံတွင် လေ့လာလိုသော အကြောင်းအချက်ပေါ် မူတည်၍
မေးခွန်းများကို လူထုထံသို့ချပေးကာ သဘောထားအမြင်ပေးစေခြင်းဖြစ်သည်။ ယေဘုယျ
ဆန်းစစ်ချက်များ ပြုလုပ်မှုပုံစံတွင် လူထု၏ဘ၀ရပ်တည်မှု အခြေအနေ၊
စာတတ်မြောက်မှုနှုန်း၊ ပျမ်းမျှသက်တမ်းစသည့် လူမှုရေးဆိုင်ရာ အခြေအနေတို့ကို
စနစ်တကျမှတ်တမ်းတင်၍ လေ့လာသောပုံစံဖြစ်သည်။ ထိုသို့လေ့လာခြင်းဖြင့် ထိုသေဒ
သို့မဟုတ် နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော နိုင်ငံရေးစနစ်နှင့်
လက်တွေ့အခြေအနေကြား ကွာဟမှုရှိ မရှိလေ့လာသိရှိနိုင်သည်။
ဖြစ်ရပ်တစ်ခုချင်း သီးသန့်လေ့လာခြင်း Case Study
ထိုသုတေသနနည်းနာအရ ထူးခြားသော
နိုင်ငံရေးဖြစ်ရပ်များ၊ (ဥပမာ- တော်လှန်ရေးဖြစ်ပွားမှု၊ စစ်ဖြစ်ပွားမှု၊
နိုင်ငံစီးပွားရေး တိုးတက်လာမှု) စသည့်တို့ကို ခွဲခြားစိတ်ဖြာ၍
အကြောင်းအရင်းများ၊ အကျိုးဆက်များကို လေ့လာခြင်းဖြစ်သည်။
ထိုသို့လေ့လာရာတွင် အစဉ်အလာသီအိုရီများ၊ စည်းမျဉ်းဥပဒေသများကို
အသုံးပြုခြင်းထက် လေ့လာနေသော ဖြစ်ရပ်၏ ထူးခြားသောပြဿနာများကို
စနစ်တကျနားလည်နိုင်ရန် ကြိုပမ်းခြင်းနှင့် ထိုပြဿနာများအတွက် လိုအပ်သော
ဖြေရှင်းမှုများကို ဦးစားပေးရှာဖွေရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ အသစ်သစ်သော
ပြဿနာများကို ချဉ်းကပ်ရာတွင် ထိုနည်းလမ်းသည်များစွာ အသုံးဝင်ပေသည်။
အခြားနည်းလမ်းများ The Other Methods
အထက်ပါနည်းလမ်း ၂ ခုအပြင် အခြေအနေ၏
လိုအပ်မှုအပေါ်မူတည်၍ အခြားပညာရပ်များတွင် အသုံးပြုလေ့ရှိသော
လက်တွေ့စမ်းသပ်မှုများအတိုင်း သုတေသနပြုလုပ်မှုများရှိသည်။
ဥပမာပေါ်လစီတစ်ခုကို ကာလအတိုင်းအတာတစ်ခု သတ်မှတ်၍
လက်တွေ့စမ်းသပ်ကျင့်သုံးကြည့်ကာ အကျိုးဆက်ကို လေ့လာခြင်း၊ ပေါ်လစီတစ်ခုကို
မတူညီသော နေရာနှစ်ခုတွင် စမ်းသပ်ကျင့်သုံးစေပြီး ထွက်ပေါ်လာသော ရလဒ်များကို
နှိုင်းယှဉ်လေ့လာကြည့်ခြင်းတို့ဖြစ်သည်။
မိုးသန်း
Ref
- “Living Political Ideal’s” By : Geoff
- “Modern Political Philosophy” By Richard Hudelson
- Encarta Reference 2007
- “Living Political Ideal’s” By : Geoff
- “Modern Political Philosophy” By Richard Hudelson
- Encarta Reference 2007
(ယခုစာစုသည်
အပြောကျယ်လှသောပညာသမုဒ်ပြင်ကျယ်ကြီးထဲမှ ရေစက်ကလေးတစ်စက်သဖွယ်သာဖြစ်ပါသည်။
နိုင်ငံရေးသိပ္ပံ၏ လေ့လာမှုနယ်ပယ်များနှင့် သဘောသဘာဝကို ခြုံငုံမိစေရန်
မိတ်ဆက်သဘောဖြင့် အကျဉ်းမျှတင်ပြခဲ့ခြင်း ဖြစ်ပါသည်။ ဆက်လက်၍လည်း
သက်ဆိုင်ရာပညာရပ် နယ်ပယ်များမှ စိတ်ဝင်စားစရာကောင်းသော
အတွေးအမြင်အယူအဆများကို တတ်စွမ်းသလောက် ဆက်လက်တင်ပြသွားပါမည်။ မိုးသန်း )
(ကျွန်တော်ဘလော့ခ်ကို ရောက်ရှိလာတဲ့
လူငယ်စာဖတ်ပရိသတ်တွေအတွက် ရည်ရွယ်ပြီး ဖတ်ခဲ့ဘူးတဲ့ စာတွေထဲက
အကျိုးရှိစေမယ့် စာတွေကို ပြန်လည်ရွေးချယ် တင်ပြတဲ့နေရာမှာ ၂၀၀၇ ခုနှစ်က
ထုတ်ဝေတဲ့ စံပယ်ဖြူမဂ္ဂဇင်းပါ ဆရာ မိုးသန်းကလောင်အမည်နဲ့ ဖော်ပြပါရှိခဲ့တဲ့
“နိုင်ငံပြုပညာနိဒါန်း” ဆောင်းပါးကို စာပြန်ရိုက်ပြီး
ဖြန့်ဝေပေးလိုက်ရပါတယ်။ ကျွန်တော်တို့နိုင်ငံက လူငယ်တွေအနေနဲ့
နိုင်ငံရေးသိပ္ပံပညာကို မသိမရှိမဖြစ်ရလေအောင် ရည်ရွယ်ပြီး ဒီဆောင်းပါးကို
ဖော်ပြပေးရခြင်း ဖြစ်ပါတယ်။ ပြန်လည်ကူးယူဖော်ပြလိုသူတွေအနေနဲ့လည်း
မူရင်းကိုးကားချက်ကိုဖော်ပြပြီး အတွေးအမြင်ကျယ်ပြန့်စေဖို့
ဆက်လက်ဖြန့်ဝေနိုင်ပါတယ်။ အံ့ဘုန်းမြတ်)
Mother of Democracy
ဗိုလ်ချုပ်အောင်ဆန်း အကြောင်း

**ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၁)**
အမှာ။ ။ကျွန်တော့်တွင် ၁၉၆၆ ခုနှစ် ဇူလိုင်လထုတ်(
လွန်ခဲ့သည့်နှစ်ပေါင်း ၄၆ နှစ်က) ကျုံပျော်စာပေက ထုတ်သော
ဗိုလ်ချုပ်အကြောင်းစာအုပ်လေးကို ဖတ်ကောင်းလွန်းလှသဖြင့် မိတ်ဆွေထံမှ
အပိုင်တောင်းရု် သိမ်းထားကာ သုံးလေးခေါက် ဖတ်ပြီးပေပြီ။
ဖတ်လို့မဝသေးသကဲ့သို့ ဖတ်တိုင်း ဗိုလ်ချုပ်ကို လေးစားအားကျခြင်းများလဲ
အစဉ်တိုးနေတတ်သည်။နောက်ပြီး မြန်မာပြည်လွတ်လပ်ရေးကို အသက် သွေး ချွေး ဇွဲ
ဝီရိယ လုံလ စိတ်ဓါတ်တို့ဖြင့် ရွတ်ရွတ်ချွံချွံ ပေးဆပ် ယူထားရသဖြင့်
ဗိုလ်ချုပ်အောင်ဆန်းသာမက အားလုံးသော ထင်ရှားသူေ၇ာ မထင်ရှားခဲ့ပဲ
ပေးဆပ်ခဲ့သူတွေရော အစဉ်လေးစား ဦးခိုက်မိသည်။ ထို့ကြောင့် ကျွန်တော်သည်
အားလပ်ချိန်ကလေးများ ရတိုင်း ကွန်ပြူတာရှေ့ထိုင်ရု် စာအုပ်မှ စာများကို
ရိုက်ကာ မိတ်ဆွေများကို ဝေငှချင်သည့် စေတနာများပေါက်လာကာ
ကိုယ်တိုင်၇ိုက်ပြီး ဝေငှပါသည်။ အကယ်ရု် ကှုစာအုပ်သည် ပြင်ပတွင်
လွယ်ကူစွာ ဖတ်ရှုနိုင်သော ( သို့မဟုတ်) အများစုဖတ်ပြီးသားများဖြစ်နေပါက
ကျွန်တော့ကို အကြောင်းပြန်ပေးပါရန်နှင့် ကှုစာအုပ်သည်
ရှားပါးစာအုပ်ထင်ရု်သာ အပင်ပန်းခံ ပြီး မျှဝေမိကြောင်း ရိုးသားစွာ
မဏာမတင်ပြအပ်ပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
ကိုစိုးနိုင်
.............................
**ဗိုလ်ချုပ်နှင့် ကျွန်တော်**
(ဗိုလ်တာရာ)
ဘဝ၏အစ။
ကျောင်းခန်းတစ်ခန်းလုံး
တိတ်ဆိတ်နေ၏။ ကျောင်းအုပ်ကြီး ဦးလှမောင်၏ ထက်မြက်ပိုင်နိုင်လှသော စကားပြေ
ရှင်းလင်းချက် အသံသာလျှင် လွှမ်းမိုးနေတော့၏ ။ ကျွန်တော်တို့
ပျဉ်းမနားမြို့ရှိ ကေ-ဘီ- အမ် အထက်တန်း ကျောင်းကြီး၏
ရှစ်တန်းသင်တန်းကျောင်း ခန်းတွင် ညနေပိုင်းနောက်ဆုံး အင်္ဂလိပ်ဘာသာ သင်တန်း
ပေးနေခိုက် ဖြစ်တော့သည်။
ဆရာကြီး ဦးလှမောင် (ဗိုလ်စင်္ကြာ ၏ဦးလေး
မစ္စတာ ဂလူ့စမင်း )က ကမ္ဘာကျော် ရှိတ်စပီးယား ကဗျာဆရာကြီး ရေးသားသည့်
ယိုမီယိုနှင့် ဂျူးလိယက် ပြဇာတ်ကို စကားပြေ အဓိပ္ပါယ်ရှင်းပြရု်
ကောင်းနေခိုက် ဖြစ်ပါသည်။
ကျွန်တော်၏ စိတ်ထဲဝယ် တစ်ချီတစ်ချီ
ရှိတ်စပီးယား၏ ကဗျာဂုဏ်နက်နဲမှု လှိုင်းဂယက်ထဲတွင် မြောကာ နစ်ကာ ပြဇာတ်၏
အရသာကို ခံစားရင်း တစ်ခါတစ်ခါ ကျောင်းခန်းထိပ်ရှိ နာရီကြီးကို ကြည့်မိ
မြင်မိသည် တွင် ညနေ လေးနာရီထိုးရန် နာရီဝက်သာ လိုတော့သည်ကြောင့်
ကျောင်းဆင်းလျှင် ကျွန်တော်၏ အလွန်ဝါသနာ ကြီးသည့် အလေးမ
လက်ဝှေ့ထိုးလေ့ကျင့်မှု တို့ကို ပြေးရု်စိတ်စောပြီး ပညာနှင့် ကစားခုံစား
မှုတို့ လွန်ဆွဲမှုအကြားတို့ဋ္ဌ် လူးလားတုန့်ပြန် ပါရှိနေလေသည်။
ယိုမီယို၏
ကြေကွဲဝမ်းနည်းဖွယ်ရာ မမှာတမ်းတစ်ပုဒ်ကို စိတ်ဝင်စားစွာလေ့လာရု်
အလွမ်း၏ အ၇သာလေးကို ခံစားနေခိုက်တွင် မမြှော်လင့်သော
ခြေသံပြင်းပြင်းကြောင့် စာအုပ်မှ မျက်နှာကို အသာခွာရု် ကြည့်လိုက်မိသည်။
အရပ်
၅ ပေ ၃ လက္မခန့်မြင့်ရု် ဘိုကေတိုတိုတွင် ဖိုးရိုးဖားရားဖြင့်
ဖီးလိမ်းပြုပြင်မှု ကင်းဝေးခဲ့ကြောင်းကို နီကြောင်ကြောင်အရောင်နှင့်
ထိုးထိုးထောင်ထောင် ဖြစ်ပျက်နေသည့် အဖြစ်က အတိုင်းသား ဝန်ခံရု်နေသော
အသားနီစပ်စပ် လူတစ်ယောက်ကို စာသင်ခန်းဝတွင် မပြုံးတပြုံးနှင့်
တွေ့ရပါတော့သည်။
ပင်နီကြမ်း အပေါ်ဖုံးအင်္ကျီကို ကဘိုကရိုဝတ်ရု်
အောက်ခံ ပေါ်ပလင် အဖြူအင်္ကျီမှာလည်း အရောင် သိတ်မပေါ်ပါ။ အောက်ပိုင်းမှ
ယောလုံချည်အနက် သာလျှင် အနက်ရောင်မပျက်ကောင်းရု် တော်တော်ဟောင်း
နေသည့်အဖြစ်နှင့် ခြေဖဝါးနှစ်ဖက်တွင် လေယဉ်ပျံဖိနပ်ကို စီးထားသည့်
ဧည့်သည်တစ်ယောက်ကို ခပ်ကြောင်ကြောင်နှင့် တွေ့ရတော့၏။ ထိုဧည့်သည်၏
ညာဘက်လက်တွင် ရှမ်းလွယ်အိတ်တစ်ခုကို ဆွဲကိုထားသည်ကို တွေ့ရပြီး ၄င်း၏
မျက်နှာမှာ ကရင်လိုလို ချင်းလိုလိုနှင့် သူကလွဲလျှင် အခြားလူများကို
ဂရုမစိုက်သည့် မျက်နှာပေါက်မျိုးကို အကဲခတ်ရု် ဧကန်တ ဒီလူဟာ
လယ်တီစံကျောင်း (ကျွန်တော်တို့ကျောင်း အနောက်ဘက်ဋ္ဌ် ကပ်လျှက်တည်ရှိသည်)ကို
လာဖူးရင်း ဒို့ကျောင်းသားတွေကို စာသင်ပုံမမြင်ဘူးရု် ခေတ္တဝင်ကြည့်သည့်
တောနယ်က ဧည့်သည်တစ်ယောက်ပဲ`` ဟုမှတ်ချက်ချကာ ခပ်အေးအေး နေလိုက်ပါသည်။
ကျောင်းအုပ်ကြီး
ဦးလှမောင်က စိတ်ပါလက်ပါ သင်ကြားနေသော အင်္ဂလိပ်ဘာသာကို ခေတ္တရပ်နားလိုက်ပြီး
မျက်မှန်ကို နေသားတစ်ကျပြန်လည်ရု နှာခေါင်းရိုးပေါ်သို့တင်ကာ အခန်းဝသို့
ခြေသံပြင်းပြင်းနှင့် ရဲရဲဝန့်ဝန့် လာရပ်ဝံ့သည့် ထိုဧည့်သည်လူထူးကို
စူးစူးစိုက်စိုက် လှည့်ကြည့်လိုက်တော့သည်။
ဆယ်စက္ကန့်လောက်ကြာမှ
ကျောင်းအုပ်ကြီးက ဗြုန်းကနဲ သတိရဟန် ဖြင့် အားရပါးရ ပြုံးလိုက်ပြီး
အခန်းဝဆီသို့ ခပ်သွက်သွက်လှမ်းသွားကာ ထိုဧည့်သည်၏ ပုခုံးကို ခပ်ဆတ်ဆတ်လေး
ပုတ်လျှက် ---
``မင်း ဘယ်တုန်းက ရောက်နေသလဲဟေ့---- အမယ်လေးကွာ --- ဘာသံမကြား ညာသံမကြားနဲ့``
``ခုဘဲ``
မျက်နှာ နီစပ်စပ်နှင့် အခန်းဝရှိ ဧည့်သည်က ခပ်တိုတို မပွင့်တပွင့်နှင့် ဖြေဆိုလိုက်သည်။
ကှုတွင် ဆရာကြီး ဦးလှမောင်က ``အေး အေး --နေဦး မင်းကို ငါ့တပည့်တွေနဲ့ မိတ်ဆက်ပေးရဦးမယ် ကိုင်း အထဲ လာစမ်း---``
သူ၏ဝါသနာ အတိုင်း ကျောင်းအုပ်ကြီးက ဝမ်းသာအားရနှင့် ထိုဧည့်သည်၏
ဘယ်ဘက်လက်ကို ဆွဲကိုက်ရု် အခန်း၏ အလယ်သို့ ဆွဲခေါ်ခဲ့ပြီး -
`` ဟေ့ ငါ့တပည့်တို့ ဒီဟာပေါ့ကွ--- သေသေချာချာ မှတ်ထား မင်းတို့
ကျောင်းသားတွေရဲ့ ခေါင်းဆောင် သခင်အောင်ဆန်းဆိုတာ ပေါ့ကွာ -- ဟဲ ဟဲ
ဟဲ``
ထိုအခါကျမှ ဟိုကရင်လိုလို ချင်းလိုလို မျက်နှာ နီစပ်စပ် တောကျကျ
ဧည့်သည်မှာ ကျွန်တော်တို့ ခေါင်းဆောင် ကိုအောင်ဆန်းမှန်းသိလိုက်ရတော့သည်။
သခင်အောင်ဆန်းကလည်း ကျွန်တော်တို့ကျောင်းသားတစ်သိုက်
ဘယ်ပြန်ညာပြန်ကြည့်ရု် မပြုံးတပြုံးနှင့် တဟဲဟဲ အရယ်ကလေးရယ်လိုက်တော့
သည်။ ကျောင်းသားတွေကလည်း ဘာသဘောမှန်းမသိ တဟဲဟဲ နှင့် ပြန်ရု်ရယ်သူရယ်
တခွီးခွီးနှင့် ပါးစပ်ပိတ်ရု် ရယ်သံများ၏ အသံများပါ ထွက်ပေါ်လာတော့သည်။
အနားရှိ ကျောင်းသားတစ်ယောက်က ``ဒါလားကွ ကျောင်းသား ခေါင်းဆောင် လူကြည့်ရတာ
ဘယ့်နှာကြီးမှန်း မသိဘူး အချိုးအစားမကျ ဂွကျကျကြီး``
ဟုမှတ်ချက်ချလိုက်သည်။
ကျွန်တော့
အဘို့မှာတော့သခင်အောင်ဆန်းအား လူထဲမှလူတစ်ယောက်အနေနှင့် တွေ့ရပြီး ဆက်ဆံပုံ
ဝတ်ပုံစားပုံ ထူးခြားချက် ဂွကျကျ အမူအရာ ကိုလက်ဦးဆုံး ပထမ
မှတ်သားမိလိုက်ရု် ``သြော် နိုင်ငံရေးသမားခေါင်းဆောင် ဆိုတာ ဒီလိုပါလား
``ဟူရု် မှတ်ချက်ချမိလိုက်ပါတော့သည်။
**နိုင်ငံရေးသံသရာ ၏ လမ်းကူး**
ကျွန်တော်ကား နိုင်ငံရေး ရောဂါ ရခဲ့ပေပြီ--------------။
ကျောင်းသားခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ခဲ့လေပြီ--------------။
ထိုမှ တစ်ဆင့် ခရိုင်ဒို့ဗမာအစည်းအရုံးဋ္ဌ်လည်း အမှုဆောင်တစ်ဦးအဖြစ်
နိုင်ငံရေးဇာတ်ခုံသို့ တတ်ရောက်မိတော့သည်။ ဗမာ့တပ်ရုံးတပ် ခရိုင်ရဲ
စည်းအုပ် တာဝန်ကိုလည်း သဘောတွေ့တွေ့ မနောခွေ့ ရု် ကျောင်းစာတွေမေ့ခမန်း
တာဝန်တွေယူမိပြန်သည်။
ထို့ကြောင့် ယခုအခါဋ္ဌ် ရန်ကုန်ဗဟိုလ်
ဒို့ဗမာအစည်းအရုံးသို့ သာယာဝတီမြို့တွင် ကျင်းပမည့် ညီလာခံကျင်းပရေး
စီစဉ်မှု အစည်းအဝေးသို့ တတ်ရောက်ရန် ပျဉ်းမနားအပိုင်မှ
ကိုယ်စားလှယ်အဖြစ်နှင့် သခင်သိန်းမောင် (ဖြုတ်ခွဲ)နှင့် ကျွန်တော်
ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်ခဲ့ပြန်သည်။
မီးရထားကကျပ်
ခရီးကလည်းရှည်ရု် ကျွန်တော်တို့ နှစ်ယောက်စလုံး
ပင်ပန်းနွမ်းနယ်နေကြးသည်---။ ရေကျော်ဘက်သို့ ကျွန်တော်တို့နှစ်ယောက်ကို
ဆွဲပြေးနေသော လန်ခြားကုလားကား ခြေကုန်နေပုံရအောင် နှေးသည့်အတွက်
ထမင်းဆာနေသည်ကြောင့် ဒေါသထွက်နေသူ သခင်သိန်းမောင်က``ဂျာလတီး ဂျာလတီး``ဟု
အတင်းနှင်နေသည်။ ဘေးမှ ကျွန်တော်က ``ဗျို့ဆရာ သိတ်ဂျာလတီးမနေနဲ့ ဘေးက
ကားတွေကိုလည်းကြည့်ဦး`` ဟုဝင်ရောက်ဖျောင်းဖျရင်း ရေကျော်ရှိ
ဒို့ဗမာအစည်းအရုံးသို့ ဟောဟော ဒိုင်းဒိုင်းဆိုက်ရောက်ခဲ့သည်။
ရုံးကြီးပေါ်တွင် ပုပုကွကွ၊ ရှည်ရှည် မဲမဲ ဖြူဖြူ ပုံသဏ္ဍန် အမျိုးမျိုးဖြင့်
ဗမာတစ်ပြည်လုံးရှိ သခင်ကိုယ်စားလှယ်တွေ ဆင်းချီ တတ်ချီနှင့်
ခြေရှုတ်နေကြလေသည်။

ကျွန်တော်တို့နှစ်ယောက်က ကိုယ့်သားရေအိတ် ကိုယ်ဆွဲရု် ရုံးကြီးပေါ်
သို့ တတ်ရောက်ခဲ့ပြီး စုံစမ်းရေးဋ္ဌာန ဧည့်ခံကော်မတီဟူသော
ဆိုင်းဘုတ်များရှိရာသို့ ခပ်သွက်သွက် ခြေလှမ်းခဲ့ပြီး ကျွန်တောတို့၏
သက်ဆိုင်ရာလက်မှတ်နှင့် အစီရင်ခံစာများကို တင်ပြလေသည်။
မျက်မှန်တဝင့်ဝင့်နှင့် အသက်သုံးဆယ်အတွင်း ရှိ ဆံပင်တိုတိုညှပ်ထားသော
စုံစမ်းရေးဋ္ဌာန တာဝန်ခံက ကျွန်တော်တို့ လက်မှတ်များကိုစစ်ဆေးပြီး ဧည့်ခံရေး
ဋ္ဌာနသို့ ပို့လေသည်။ ထိုဋ္ဌာန တာဝန်ခံက ကျွန်တော်တို့ကို ကြည့်ရု်
``ကောင်းပြီလေ---``ဟု ပါးစပ်မှ တစ်ခွန်းတည်း မှတ်ချက်ချလိုက်လေသည်။
ကျွန်တော်တို့က နေရာထိုင်ခင်း ချပေးလိမ့်မည်ဟူသော တွေးလုံးနှင့်
အသာစောင့်နေသည်။ သို့ရာတွင် နောက်ထပ်ဘာမှ နောက်ဆက်တွဲ မှတ်ချက်မပေါ်လာ။
ဆယ်မိနစ်ခန့်တိုင် သားရေအိတ်ကိုယ်စီကိုင်ကာ စောင့်နေရသော်လည်း
ဘာမှစကားပြန်မရသည့် အဆုံးတွင် ကျွန်တော်က ဧည့်ခံကော်မတီရဲဘော်ထံသို့
``ဘယ့်နှယ့်လဲဗျို့ လုပ်စမ်းပါဦး -- ကျွန်တော်တို့ ဘယ်မှာတည်းရမလဲ--``
ကှုတွင် ဧည့်ခံရဲဘော်ကြီးက ဘိုရှုးတိုတိုကလေးကို အသာကုတ်ကာ
စုံစမ်းရေးရဲဘော်ထံသို့ ``ဟောဒီမှာ သခင်လေးမောင် ---ပျဉ်းမနားရဲဘော်တွေက
မေးနေပြန်ပြီဗျ --။ ဟဲဟဲ သူတို့ သခင်ဆိုတဲ့အဓိပ္ပါယ် မသိကြသေးဘူးထင်တယ်
--ပြောရမှာ ခက်တယ်ဗျာ``ဟုညီးညီညူညူ ရယ်မောရင်း လှမ်းပြောလိုက်ပြီး ``ဟော
ဟိုဘက်ခန်းမှာ ကံကောင်းရင် နေရာလွတ်ကလေး ရှိပါလိမ့်မယ် ဒီလိုပေါ့ဗျာ
--ကြည့်ပြီးနေကြပေါ့``ဟု တစ်ဖက်ခန်းသို့ လက်ညှိုးထိုးပြသောကြောင့်
ကျွန်တော်တို့က ထွက်ခွာရန် ချေလှမ်း ပြင်လိုက်စဉ် -- သခင်လေးမောင်က
``ခင်ဗျားတို့ပစ္စည်းတွေ နေရာချထားပြီးရင် --အထွေထွေ အတွင်းရေးမှုး
ဆီသွားပြီး တစ်ဆိတ် အစီရင်ခံလိုက်ကြဦးဗျို့``ဟု လှမ်းပြောလိုက်သေး၏။
ကျွန်တော်တို့ နှစ်ယောက် စိတ်တိုတိုနှင့် အလုပ်အမှုဆောင်များ
အလုပ်လုပ်နေရာ ခန်းမကြီးသို့ ခပ်တင်းတင်း ဝင်ရောက်ခဲ့သည်--။ ဒေါင့်
တစ်ဒေါင့်ရှိ စားပွဲရှည်ကြီးတွင် မျက်မှန်ဝိုင်းကြီးဖြင့် သခင်စိုး။
စာကုန်းရေးနေသော သခင်သန်းထွန်း ။ သခင်စံထွန်းလှစသည့်
ဧရာမခေါင်းဆောင်ကြီးများကို တွေ့ရပြီး စားပွဲတစ်လုံးတွင် ရေးမှတ်နေသည့်
သခင်အောင်ဆန်းနှင့် အခြားရဲဘော်နှစ်ယောက်ကို တွေ့ရကာ --အထွေထွေ
အတွင်းရေးမှုး ဟူသော စာတမ်းကြောင့် သူတို့ စားပွဲရှိရာသို့
ချဉ်းကပ်မိခဲ့သည်။ ပြီးလျှင် ကျွန်တော်တို့က အစီရင်ခံစာများကိုထုတ်ရု်
သခင်အောင်ဆန်းရှေ့မှောက် တင်ပြလိုက်သည်။ တခဏတွင် သူက စာကုန်းရေးနေရာမှ
ဖျပ်ကနဲ မော့ကာ ကြည့်လိုက်ပြီး ----
``ခင်ဗျားတို့ ဘယ်ကလဲ ဆိုစမ်း``
``ကျွန်တော်က ပျဉ်းမနားခရိုင်ကလေဗျာ၊ ကဲ အစီရင်ခံစာ ဖတ်ကြည့်ပေတော့။
``ခင်ဗျားတို့ ရုံးဆင်းခါနီးမှ ဘာလို့လာသလဲ၊ သိပ်ဂွကျတဲ့ လူတွေ``
မဆီမဆိုင် သခင်အောင်ဆန်းက စရ်ျဆူပါတော့သည်။ သခင်သိန်းမောင်ကလည်း
နဂိုကပင် ကျွဲမြီးတိုနေရာ ပိုမိုဒေါပွလာပြီး ``ခုမှ မီးရထားဆိုက်တယ်၊ ခု
ခင်ဗျားတို့ဆီရောက်တယ်၊ ခုလို---ခင်ဗျားက အချောက်တိုက်
နောက်ကျတယ်လို့ဆူနေတာ ဘာကောင်းးသလဲဗျ``ဟု မခံမရပ်နိုင် ပြန်ပက်လေတော့၏။
သခင်အောင်ဆန်းကလည်း ရှူးရှူးရှဲရှဲ ဖြစ်လာပြီး---
``ဘာဖြစ်လို့ ခင်ဗျားတို့ ရက်စောစောကြိုမလာတာလဲ၊ ဒီမှာ ကျုပ်တို့တတွေ
ဘယ်လောက် ခင်ဗျားတို့အတွက် ခေါင်းရှုပ်နေရသလဲဆိုတာသိရဲ့လား``ဟု
ခုနှစ်မောင်းတင်လာပြန်တော့သည်---။ ကျွန်တော့်တွင် ``ဘယ်လိုလူစားတွေနဲ့
တွေ့ရပြန်ပြီလဲ`` ဟု နိုင်ငံရေးသမားမဟုတ်ဘဲ လူမိုက်ကန်းကန်းတွေလို
လူစားဟူသောအတွေးနှင့် ရှေ့စခန်းကို စဉ်းစားနေခိုက်တွင် စားပွဲကြီးမှ
သခင်စိုးက ကြားဝင်ရ်ျ ``ဒီမှာ---သခင်အောင်ဆန်း ဖြေးဖြေးမှ စကားပြောပါ၊
ဒီလူတွေ ခရီးပန်းလာကြတယ်ထင်တယ်၊ ရဲဘော်တို့ ထမင်းသွားစားကြအုန်း၊ ပြီးမှ
အေးအေးဆေးဆေးပြောကြပေါ့ဗျာ``ဟု ဖြန်ဖြေလိုက်သည်တွင်
အားလုံးသဘောတူပြေအေးသွားတော့၏။ ကျွန်တော်တို့နှစ်ယောက်လည်း
ကိုယ့်ပစ္စည်းများကို စနစ်တကျ ပြန်လည်ထားရှိရန်---တည်းခိုခန်းလုပ်ထားသော
အခန်းထဲသို့ စိတ်ဆိုးဆိုးနှင့် ပြန်ဝင်ခဲ့သည်။
ကျွန်တော်တို့နှစ်ယောက်က ရေမိုးချိုးပြီး အ၀တ်အစားလဲကာ -- ရေကျော်ရပ်ရှိ
အစည်းအရုံးနှင့် ခပ်နီးနီး ဗမာထမင်းဆိုင်တစ်ဆိုင်ရှိရာသို့
ခပ်သွက်သွက်ချေလှမ်းတင်ခဲ့၏။ သပ်သပ်းယပ်ယပ် ခင်းကျင်းထားသော လေးယောက်စား
စားပွဲများဖြင့် သန့်ရှင်းပုံရသည့် ရုပ်ချောချော မိန်းမသုံးဦးတို့
ရောင်းချနေသော ထမင်းဆိုင်ဝသို့ ချေစုံရပ်ကာ နေရာထိုင်ခင်းရှာမိသည်။
သို့ရာတွင် နေရာကွက်လပ် မရှိသလောက် ထမင်းစားချိန်ဖြစ်ရု် --
လူကျပ်နေသည့်အတွက် နောက်ပိုင်းသို့ ပြန်လှည့်မည်အလုပ်တွင် ---
``ဟေ့လူတွေ လာကြ ဒီမှာ နှစ်ယောက်စာ နေရာရှိတယ်``
ထမင်းပလုပ်ပလောင်းစားနေသည့် လူအုပ်ထဲမှ အသံတစ်သံကြောင့်
ခြေလှမ်းတွန့်သွားရာမှ ဂရုတစိုက်ဖိတ်ခေါ်ရာသို့ ပြန်ကြည့်မိသည်တွင်
ကျွန်တော်တို့နှစ်ယောက်ကို တမင်ကလာ ခေါ်နေသူမှာ ဗဟိုလ်ဒို့ဗမာ
အစည်းအရုံးကြီးမှ အထွေထွေအတွင်းေ၇းမှု ဘောက်ဆရာကြီး
သခင်အောင်ဆန်းဖြစ်နေတော့ သည်။ သူက ပါးစပ်က ခေါ်ရုံတွင်မကသေး
သူနှင့်ထမင်းလွေးနေသော သခင်စိုး ကပါ ကမန်းကတန်းထလာကာ အခန်းဒေါင့်ကျကျ
သူတို့ထိုင် နေရာတွင် ကုလားထိုင်နှစ်ခု ပြင်ဆင်ပေးနေမှုကြောင့်
ကျွန်တော်တို့နှစ်ယောက်မှာ အားနာစွာနှင့်ပင် ထမင်းဆိုင်ထဲသို့
စွတ်ဝင်ခဲ့မိသည်။ သခင်အောင်ဆန်းက ထမင်းရောင်းသူ မိန်းမငယ်တစ်ဦးကို
ထမင်းနှစ်ပွဲ ဝက်သားဟင်း စသည်တို့ကို လှမ်းမှာရင် ရယ်ရယ်မောမောနှင့်
ကျွန်တော်တို့ နှစ်ဦးအား နှုတ်ဆက်ရု် အလ္လာပ သလ္လာပ စကားပြောတော့၏။
ထိုအခါကျမှ သခင်သိန်းမောင် ပြုံးလာဘော်ရ၏။ ကျွန်တော့အဘို့ ယခင်
သခင်အောင်ဆန်းကို တွေ့စက တော်တော် အပေါက်ဆိုးသောလူ တစ်ယောက်ဟု
သဘောထားခဲ့သည့်နောက် ယခုထမင်းဆိုင် တွင် တော်တော်ဖော်ဖော်ရွေရွေ
တွေ့ရပြန်သဖြင့်---အစဉ်းစားရ ကျပ်ရလေ၏။
သခင်အောင်ဆန်းက
ကျွန်တော့ကို ဂရုတစိုက်ခြေဆုံးခေါင်းဆုံးကြည့်ကာ ``နေပါဦးဗျ ခင်ဗျားကို
ကျုပ်ဘယ်တုန်းကလဲမသိဘူး မြင်ဘူးပါတယ်```
``ခင်ဗျား
ကျုပ်တို့ ကေ-တီ-အမ် ကျောင်းလာတုန်းက ဖြစ်မှာပေါ့။ ဆရာကြီးလှမောင်နဲ့
လာတွေ့တုန်းကလေ`` ကျွန်တော်က ကူညီထောက်ပေးမှ---
``ဟား ဟား ဟား ဟုတ်တယ် ဟုတ်တယ် အခုမှ အမှတ်ရတယ် ၊ ဒါနဲ့နေပါဦး ၊ ခု ခင်ဗျား ကျောင်းနေတုန်း လား ``
``ခု ၁၀ တန်းမှာပေါ့ဗျ -- တဖက်က နိုင်ငံရေးလုပ်ပြီး တဖက်က ကျောင်းနေသေးတယ် --ဆိုစမ်းပါဦး ဘယ်လိုဝေဖန်ဦး မလို့လဲ``
``ကျုပ်က ဒီလိုလူမျိုးတွေ ရှာနေတာ ---- နေပါဦး ----
ခုခင်ဗျားအသက် ဘယ်လောက်လဲ--လူကောင်က ထွားသလောက် မျက်နှာက နုနေလို့ဘဲ---``
စူးစူး စိုက်စိုက် ဖြင့်ကြည့်ကာ ကျွန်တော့ကို စစ်တမ်းထုတ်ပြန်တော့သည်။
ကျွန်တော်က လက်ဆေးခွက်တွင် လက်ကိုဆေးကာ နှစ်ရင်း ``ဆယ့်ရှစ်နှစ် ထဲမှာဘဲ``ဟု ထမင်းဆာနေသည်ကြောင့် ခပ်တိုတိုဖြေလိုက်ပါသည်။
သို့ရာတွင် သခင်အောင်ဆန်း အလိုက်ကန်းဆိုးမသိပါ။ သူကထမင်းစားနေသော ဇွန်း ခရင်းကို ပစ်ချလိုက်ပြီး ဝမ်းသာအားရနှင့်----
``ဟေ့---- သခင် ခင်မောင်ဦး ခင်ဗျားကျုပ်ကို ကတိပေးရမယ်--
မပေးရင်မနေရဘူး သိလား ခင်ဗျားနိုင်ငံရေးကို ကျုပ်နဲ့အတူ မခွဲတမ်းလုပ်ရမယ်
ကျုပ်လုပ်သမျှ ခင်ဗျားလိုက်လုပ်ရမယ် ပြောစမ်း``
သူ၏
ညာဘက်လက်ကို ကျွန်တော့်ဆီသို့ ကမ်းပေးရင်း အတင်းကတိတောင်းသည်ကြောင့်
ကျွန်တော့်မှာ မတတ်သာသည့်အဆုံးတွင် လက်ဆေးနေသော ကျွန်တော်၏ ညာဘက်လက်ကို
ပြန်ရု် သူ့လက်တွင်းသို့ ပေးလိုက်ပြီး
``ကောင်းပါပြီဗျာ --- ခင်ဗျားခင်ဗျားဆန္ဒ အတိုင်း ပြည့်စုံပါစေ့မယ် ကျွန်တော် ကတိပေးအပ်ပါပြီ``
ဘေးမှ ထမင်းလွေးနေသော သခင်စိုး ၊ အလုပ်အမှုဆောင်အချို့နှင့် နယ်မှ
သခင်အပေါင်းတို့က ထမင်းစားပွဲများကို ပုတ်ကာ လက်သီးလက်မောင်းတန်းရု်
``ဒို့ဗမာကွ အောင်၇မယ်`` ဟူသော ဆူညံစွာ ကြွေးကြော် ချီးကျူးသံများက
ထမင်းဆိုင်ကလေးကို တခဏအတွင်း ဖုံးလွှမ်းလိုက်ပါသည်။
အငွေ့တထောင်းထောင်းနှင့် ကျွန်တော့ရှေ့လာချသော ထမင်းပန်းကန်ကို ကျွန်တော်က
ဆာလောင်စွာဖြင့်ကြည့်ရု် ဟင်းပန်းကန်အလာကို စောင့်မျှော်နေမိသည်။
ဗြုံးကနဲ သခင်အောင်ဆန်းက သူ့ထမင်းပန်းကန်ထဲက ဝက်သားတုံးကြီးတစ်တုံးကို
မပြောမဆိုနှင့် ကျွန်တော်၏ထမင်းပန်းကန် ထဲသို့ ထည့်ပေးရင်း ----
``စားဗျာ --- စားဗျာ---- ခင်ဗျားဆာနေရော့မယ်--``
သို့ရာတွင် ကျွန်တော် မှန်သည့်အတိုင်းဝန်ခံရလျှင်
ထမင်းစားချင်စိတ်ပျောက်သွားပါပြီ။ အကြောင်းမှာ သခင်အောင်ဆန်း
အနည်းငယ်ဖဲ့ထားပြီးသား ၀က်သားတုံးကို ကျွန်တော်စားလိုသည့်ဆန္ဒမရှိပါ။
ကျွန်တော်
ငယ်ငယ်ကတည်းက ကြောင်တတ်သောဗီဇ(၀ါ) ရွံတတ်မှုက
ကျွန်တော့်ကိုကောင်းကောင်းကြီး ဒုက္ခပေးလေ၏။ ဤကား သခင်အောင်ဆန်း၏
ဒုတိယမြောက် အလိုက်ကန်းဆိုး မသိမှုပင်။ ထို့ကြောင့် ဟင်းပန်းကန်လာချသည်တွင်
ကမန်းကတန်း ကျွန်တော်က ဟင်းတုံးတတုံးကိုဆယ်ကာ သူပေးထားသော ဟင်းတုံးလိုလို
အမှတ်တမဲ့စတင် စားသောက်ရင်း သခင်အောင်ဆန်း၏ ထမင်းစားရင်း
နားမညည်းတမ်းပြောနေသော ဗမာ့နိုင်ငံရေး သဘောတရားကို နားစွင့်မိပါတော့သည်။
(ဆက်လက်ဖော်ပြပါမည်)
**ကိုစိုးနိုင်**
........................................
**ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၂)**
**သခင်ဝါဒလှိုင်းယဉ်သာမှာ**
``ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို လေးစားပါ၊ ဒို့စကားကို လေးစားပါ။``
ဒို့ဗမာအစည်းအရုံး ဆောင်ပုဒ်ကြွေးကြော်သံကား
ဗမာပြည်တစ်ဝှမ်းလုံးလိုလိုပြန့်နှံ့မြူးကွန့်လျက် နိုင်ငံရေးတက်ကြွနေခိုက်
ဖြစ်တော့သည်။ ထိုလှိုင်းယဉ်သာဌ် ကျွန်တော်လည်း ဗမာ့လွတ်လပ်ရေးကို
လိုချင်ရမက်အားကြီးသူပြီပြီ၊ သခင်တစ်ယောက်အနေဖြင့်၎င်း၊
ဗမာ့လက်ရုံးတပ်သားတစ်ယောက်အနေဖြင့်၎င်း၊
ကျောင်းသားသမဂဂရဲဘော်တစ်ယောက်အနေဖြင့်တဖုံ ကူးသန်းကာ မြူးတူးရင်း
အထက်ပါဒို့ဗမာဆောင်ပုဒ်ကို အနုလုံပဋိလုံ နှလုံးသွင်းလျက်
သာယာဝတီညီလာခံကြီးသို့ သခင်အောင်ဆန်းတို့နောက်မှ တတ်ရောက်ခဲ့လေ သည်။
ဒို့ဗမာသီချင်းကို ဝိုင်- အမ်- ဘီ သခင်တင်က တရားစင်ထိတ်မှ
အာဘောင်အာရင်းသန်သန်ဖြင့် တိုင်ကာပေးလျှက် တရားစင်ရှေ့ဋ္ဌ် ပင်နီအင်္ကျ
ီအုံးခွန်ရောင် နီဝါဝါနှင့် ပါးစပ်တွင် ကွမ်းသွေးကြောင်းများနှင့်
အလွန်ထင်ရှားသော သခင်စိုးက ဒေါပါ မာန်ပါနှင့် လက်သီးလက်မောင်းတန်းကာ
လိုက်ဆိုလျှက် သခင်အောင်ဆန်းက ခပ်မှန်မှန် မျက်လုံးမှေးကာ စာရွတ်သလို
သီချင်းလိုက်ဆိုနေသည်ကို မှတ်သားလိုက်မိပါ၏။ သူတို့နောက်တွင်
ကျွဲကော်ကိုင်း မျက်မှန်ဖြင့် သခင်လှဖေ (ဗိုလ်လင်္ကျာ) ပင်နီအင်္ကျီ
ခပ်နုနုဖြင့် သခင်အောင်သန်း (ဗိုလ်စင်္ကြာ) တို့အပြင် သခင်သန်းဖေ
သခင်ဗသိန်းကြီးတို့တစ်သိုက် သီချင်း သံပြိုင်လိုက်နေသည်ကို ကြည့်ရင်း
ကျွန်တော်သည် ဗမာပြည်ကြီး လွတ်လပ်ရေးကို မရနေ လုပ်တော့မည် ဟူသော အဓိဋ္ဌာန်
ဆုံးဖြတ်ချက် ချလိုက်မိတော့သည်။
ညီလာခံဒုတိယနေ့တွင် ဟောဟော
ဒိုင်းဒိုင်း မိုးကြီးက ရွာချလိုက်သည်ကြောင့် မဏ္ဍပ်တွေမလုံဘဲ မိုးယိုရု်
တရားပွဲကို ခေတ္တရပ်နားလျှက် ဒို့ဗမာ ဗဟိုလ်အမှုဆောင် ရဲဘော်ကြီးများမှာ
ပြင်းထန်လှသော မိုးပေါက်ကြီးများ၏ ဒဏ်ကို အမြန်ဆုံးသင်ဖြူးဖျာများဖြင့်
ခေါင်းပေါ်တင်ကာ ကာကွယ်ရင်း ဒုက္ခစရိယာ ကျင့်နေသည်။
ထိုအခိုက်တွင်
ခပ်နောက်နောက်သခင်တစ်ဦးက ``ကဲ ကဲ ရဲဘော်တို့ မိုးတိတ်အောင် ဒို့ဗမာ
ကမ္မဝါ ဖတ်ကြစို့`` ဟုသတိပေးကာ သူကိုယ်တိုင်က ဒို့ဗမာသီချင်းကို
ကမ္မဝါစာဖတ်သလို ဋ္ဌာန် ကရိုဏ်းကျကျ ``တကောင်း အဘိရာဇာ အစချီရု် ``ဒို့ဗမာ
ကမ္မဝါဖတ်သည်တွင် သခင်အပေါင်းတို့လည်း ခေါင်းမြီးခြုံ သင်ဖျာများအောက်မှ
တညီတညွတ်တည်း ဒို့ဗမာ ကမ္မဝါကို မာန်ပါပါ ဋ္ဌာန်ကရိုဏ်းကျကျ
ဝိုင်းဖတ်ကြသည်ကို မဏ္ဍပ်တစ်ခုလုံး တဟားဟား ပွဲကျနေတော့၏.။
တစ်ညဉ့်
ဆွေးနွေးပွဲတွင် ကျွန်တော်ဝင်ရောက်ဆွေးနွေးရန် အလှည့်ကျလေ၏.။
လက်ရုံးတပ်သားတွေ အစောင့်ချထားသော ဆွေးနွေးခန်းထဲတွင် ကိစ္စတစ်ခုကို
အကြောက်အကန် ညင်းနေကြသော အမှုဆောင်လူကြီးများနှင့်
နယ်ကိုယ်စားလှယ်တစ်သိုက်ကို တွေ့ရသည်။ ကျွန်တော်က သူတို့အုပ်စုထဲသို့
ဝင်ရောက်ထိုင်မိသောအခါ ဆွေးနွေးပွဲအလယ်ကောင်တွင် မှောက်လျှက်အိပ်ကာ
တစ်စုံတစ်ခု စဉ်းစားလွန်နေသော သခင်အောင်ဆန်းကို တွေ့ရပါတော့သည်။
အမှုဆောင်တစ်ဦးက သခင်လှဖေဘက်သို့လှမ်းရု်`` ဘယ့်နှယ့်လဲ သခင်လှဖေ ---
သခင်အောင်ဆန်းရဲ့ ----အကြမ်းဖက်မှု လုပ်ငန်းစဉ်ကို လက်ခံနိုင်ပါ့မလား
``ဟုတွေဝေ စဉ်းစားနေသော သခင်လှဖေသို့ စကားစပေးလိုက်ပါသည်။
သခင်လှဖေက မျက်လုံးကလေးနှစ်ခု အသာပင့်ကာ ကျွန်တော့အားကြည့်လိုက်ပြီး
``ဒီမှာ သခင် ခင်မောင်ဦး ကျုပ်တို့ အတွင်းရေးမှုးလုပ်သူ သခင်အောင်ဆန်းက
ဗမာ့လွတ်လပ်မှုမှာ လက်နက်ကိုင် တော်လှန်ရေးဟာ အဓိကဖြစ်လို့ သခင်မှန်သမျှ
လက်နက်ကိုင်တပ် သဘောမျိုးဖြစ်အောင် ကြိုးပမ်းကြဘို့ အဆိုကို
သူကိုယ်တိုင်သွင်းမယ်လို့တဲ့။ သခင်ခင်မောင်ဦးသဘောကော ဘယ်လိုရသလဲ-----``
``ဒီနည်းဟာ ဗမာ့လွတ်လပ်ရေးရဘို့ သေချာတယ်ဗျို့ ---လက်နက်ကို
လက်နက်ချင်းယှဉ်ပြိုင်ဘို့ရှိတယ်------ ဗမာ့လွတ်လပ်ရေးမှာ အကြမ်းမဖက်ဘဲ
အောင်မြင်ဘို့ စိတ်မကူးလေနဲ့``
ကျွန်တော်က ဖြေလိုက်သည်တွင် ဘေးကအမှုဆောင်တသိုက်က သြဘာပေးလိုက်သည်။
``လုပ်ကွာ---ဘိုးအောင်ဆန်းလူတစ်ယောက် လာပြန်ပြီဟေ့``

သို့ရာတွင် ၀မ်းလျားမှောက်နေသော သခင်အောင်ဆန်းက မတုန်မလှုပ်၊ ဘေးကပရိသတ်ကို သူ့စိတ်ထဲဌ် ရှိသည်ဟူ၍ပင် ထင်ဟန်မတူ။
မနေနိုင်သော သခင်ပုကြီးက သခင်အောင်ဆန်း၏ လက်မောင်းကိုတို့ကာ
``ဟေ့---ရဲဘော်ရဲ့ မင်းရဲ့အဆိုကို ထပြီးတခါ ရှင်းပြစမ်းပါအုန်းကွ``
မျက်လုံးပေကလပ်ပေကလပ်နှင့်စဉ်းစားနေသော သခင်အောင်ဆန်းကား နမက္ပတိအရေးမစိုက်၊
သူ့ဘာသာ စဉ်းစား၍ကောင်းတုန်းပင်။ ဘေးက အမှုဆောင်တသိုက်ကသာ သူ့အဆိုကိုဝေဘန်ကာ ကုလားတိုက်ကျားကိုက်ခမန်း အခြေအတင်ဆွေးနွေးနေတော့သည်။
ည ၉ နာရီထိုးသည်အထိ သခင်အောင်ဆန်းကား ဝမ်းလျားမှောက်လျှက် စကား
ကားနတ္ထိ။ ဆွေးနွေးပွဲသာ အချိန်ကုန်ရု်ရုပ်သိမ်းလိုက်ရသည်။
သခင်အောင်ဆန်းကား မှောက်လျှက် မလှုပ်မရှက်။
တစ်ခါက
ဋ္ဌာနချုပ်တွင် သခင်အောင်ဆန်းနှင့် မျက်နှာချင်းဆုံမိပြန်သည်။ ဒီတချီတွင်
သူက စကားသွက်လှတော့၏။ သူက ကျွန်တော့ကို တော်တော်ချစ်နေသည်။
သူ့ညီကလေးလိုသဘောထားရု် သခင် ခင်မောင်ဦးအစား ``ဟေ့ ကောင်လေး``
ဟုနာမ်စားတပ်ကာ ကျွန်တော့ကို ခေါ်ဝေါ်နေပြန်သည်။
``တွေ့တွေ့ချင်း
---``ဟေ့ ကောင်လေး ငါ့ကို လဘက်ရည်တိုက်စမ်း ``ဟု ခပ်တည်တည်
အမိန့်ပေးသည်ကြောင့် ကျွန်တော်ကလည်း စေတနာ မတွန့်တိုပဲ ``လာလေဗျာ
ခင်ဗျား အဝနှိပ်ရမယ် နော် ----အလှမလုပ်နဲ့``
သူက ဟန်ဇားလုံခြည်
တစ်ပတ်နွမ်းကလေးကို ကဗျာကရာ ပြင်ဝတ်လိုက်ပြီး တဟီးဟီး ပြုံးပြုံးကြီးနှင့်
ကျွန်တော်တို့နှင့်အတူ လဘက်ရည်ဆိုင်သို့ တပြုံကြီးဝင်ရောက်ခဲ့ကြလေသည်။
`
ကျွန်တော်လည်း အစားကြီးသူဖြစ်ပါသည်။ ကာယ ဗလတောင့်တင်း
လေ့လာသူဖြစ်ရု် အစားကိုအရှုံးမပေးသလောက် ဒီ့ပြင်
ကျွန်တော့်ရဲဘော်များကိုလည်း စားစေလိုလှသည်။ ထို့ကြောင့်
သခင်အောင်ဆန်းတို့ကို မုံ့ လဘက်ရည်တို့ကို
ခွက်ဆင့်ဧည့်ခံလိုက်၏။ကျွန်တော်နှင့် မိတ်ဆွေတစ်ယောက် သခင်အောင်ဆန်းနှင့်
ရုံးအမှုဆောင်နှစ်ယောက် ပေါင်း ငါးယောက် မထတမ်း အဝစား အဝသောက်ကြသည်မှာ
နောက်ဆုံး ကျွန်တော် ငွေနှစ်ဆယ်ကျော် စာရင်းတွင် ပေးလိုက်ရတော့၏။ ကှုတွင်
ကိုယ်တော်မြတ်က မကျေနပ်သေး သူ့ရုံးခန်းထဲသို့ခေါ်ကာ တော်လှန်ရေးအဘိဓမ္မာကို
ကျွန်တော်နှင့် ကျွန်တော့မိတ်ဆွေကို အတင်းနားထောင်စေ၏ ဆွေးနွေးပွဲတုန်းက
တေမိလက်သစ် သခင်အောင်ဆန်းနှင့် ယခုလေဖောနေသော အောင်ဆန်းတို့၏ အဖြစ်ဘဝကား
ကွာခြားလွန်းလှ၏. သူ၏ တော်လှန်ရေးလမ်းစဉ်ကား မဆုံးတော့ပြီ။
ဗမာပြည်တော်လှန်ရေး အိန္ဒိယတော်လှန်ေ၇းတို့ကို မူတည်ရု်
ကမ္ဘာ့တော်လှန်ရေးကြီးပါ မကျန် အတင်းနားထောင်စေ၏။ ကျွန်တော်တို့တတွေ
လဘက်ရည် ခွက်ဆင့်ချခဲ့သည့် ဒဏ်ကြောင့် ဆီးကြောတွေ တင်းနေရု်
အပြင်တပိုတပါး သွားလိုသဖြင့် --ခေတ္တ မတ်တတ်ရပ်လိုက်သည်ကိုပင်
သခင်အောင်ဆန်းက ခွင့်မပေး။ `` ဟေ့ ကောင်လေး ထိုင်စမ်း
နားထောင်စမ်းကွ----------ဟိုတိုင်းပြည်က တော်လှန်ရေးခေါင်းဆောင်ဟာ ``
ဟုအစချီရု် တော်လှန်ရေး အဋိကာကြီး ဖွင့်နေပြန်တော့်၏။ ကျွန်တော်၏
မိတ်ဆွေကိုလည်း သူကချမ်းသာမပေး သူ့ခမျာ သခင်အောင်ဆန်းကိုအားနာရု်
အပေါ့အလေးပင် စွန့်ခွင့်မရ။ ကြာတော့ စားပွဲအောက်မှနေရု်
ကျွန်တော့်မိတ်ဆွေက ကျွန်တော့ကို လက်ကုတ်ရု ``ခက်ပြီလကွာ``ဟု
အချက်ပေးလေတော့၏ ။မည်မျှကြာအောင် တော်လှန်ရေးတရားတော်--- နားဆင်ရသည်မသိ။
တစ်ဖက်ခန်းမှ သခင်တင်မောင်က ``ဗျို့သခင်အောင်ဆန်း
ဒီ့ပြင်အိပ်နေတဲ့လူတွေကို တဆိတ်အားနာပါဦးဗျ-- အိပ်ချိန် လွန်သွားပြီ
ဟီးး----``
မတတ်သာသည့်အဆုံးတွင် ဘေးက အိပ်ချင်နေသော သခင်ဘစုက
ထကာ ပွက်တော့မှ သခင်အောင်ဆန်းက မကျေမနပ်ပုံဖြင့် ``သိပ်ခက်တဲ့လူတွေ
အိပ်ဘို့လောက် အားထားနေတဲ့လူတွေ ``ဟု မြည်တွန်ရင်း ကျွန်တော်တို့ကို
လူစုခွဲလိုက်ရတော့၏။ သူစကားပြောချိန်သိပ်မကြာ။ ညနေ လဘက်ရည်သောက်ပြီး
လေးနာရီမှ ည ၁၁ နာရီ လေးဆယ်မိနစ် အထိသာဖြစ်ပါသည်။
ကျွန်တော်၏
ရဲဘော်မှာ ဆီးစပ်သို့ ရှုံ့မဲ့မဲ့နှင့် နှိပ်ရင်း ``သောက်ကျိုးနဲ လူဗျာ--
သူ့ဖြင့် မမော မပန်း တခါတလေမှ မထဘဲစကားပြောနိုင်တယ်။ ခု ကျုပ်ဖြင့်
ဆီးအောင့်နေပြီ`` ဟု သခင်အောင်ဆန်း၏ ဇွဲကြီးပုံကို ရှုံ့ရှုံ့မဲ့မဲ့နှင့်
ချီးကျူးသံထွက်ပေါ်လာပြန်၏။
*****************************************************************************
**ဘဝအလယ်မှ ဟိုင်နန်ကျွန်း**
``ရဲရဲတောက် ဒို့ဗမာပြေ သတ္တိခဲတွေ ရာဇဝင် ထိုးလောက်အောင် စွန့်ပေ------``
ဗမာ့လက်ရုံးတပ် စစ်ချီစစ်တတ် သီချင်းသံကား ဂျပန်တို့၏
စစ်ချီသီချင်း ``မိရိုတိုခိုင်နော်`` နှင့် နပမ်းလုံးနေကြတော့၏။
ဟိုင်နန်ကျွန်း ``ဆန်းင``စစ်စခန်း တနေရာဠ်ကား ဗမစကား ဂျပန်စကား
သဒ္ဒါမမှန်သော အင်္ဂလိပ်စကားသံများဖြင့် မိုးမွှန်နေတော့သည်။
``လူတွေကြည့်တော့ နှုတ်ခမ်းမွှေး မုတ်ဆိတ်ဖားဖား အသားနက်မှောင်ရု်
ကုလားရုပ် ပြောတော့ဗမာစကား ဂျပန်စကားကို အင်္ဂလိပ်ဘာသာစွက်ရု်
ဘယ်လိုလူစားတွေလဲ မသိရအောင် ဝတ်ဆင်ထားတော့ ဂျပန်စစ်ဝတ်စစ်စားတွေမို့
ဒို့ကို မြင်ရတဲ့လူတွေကတော့ လူတစ်မျိုးတွေ လူမျိုးတစ်ရာ့တစ်ပါး မှာ ဒို့ပါ
တစ်ရာ့နှစ်ပါး လူမျိုးကွ``
တခါက ကျွန်တော်တို့ အဖြစ်အပျက်ကို
လေ့ကျင့်ခန်း ဆင်းရာဋ္ဌ်ဝေဖန်မိကြရင်း ဗိုလ်မြဒင်၏ မှတ်ချက်မှာ
ကျွန်တော်တို့၏ ဘဝမှန်ကို မှန်ထဲဋ္ဌ် အကွင်းသားပြနေသည်နှင့် တူတော့၏။
သခင်အောင်ဆန်း ဦးစီးသည့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး၏ အမြုတေတို့
စုဝေးပေါက်ဖွားရာ ဟိုင်နန်ကျွန်းစစ်စခန်းတစ်နေရာမှ ရဲဘော်သုံးကျိပ်တို့ကို
စိတ်ဓါတ်မကျဆင်းစေရန် သခင်အောင်ဆန်း သခင်အောင်သန်း သခင်လှဖေ တို့က
ကွပ်ကဲအားပေးနေခိုက်ပင်။
ကျွဲ နှင့် နွားနှင့် ပြိုင်ကာ
စစ်ပညာတတ်မြောက်မှုအတွက် အရွယ်နှင့်မလိုက်အောင် ပင်ပန်းနေကြသည်။ ဒိုင်းအိပန်
ဒိုင်းနီဟန် ဒိုင်းစံပန် (အမှတ် ၁ အမှတ်၂ အမှတ် ၃ တပ်ခွဲ)များအနက်
သခင်အောင်ဆန်းက ဒိုင်းစံပန် အမှတ် - ၃ တပ်ခွဲဋ္ဌ် စစ်ပညာသင်ယူရင်း တဖက်က
ဗမာ့လွတ်လပ်ရေး စီမံကိန်းကို ရေးဆွဲကာ တဖက်က ဂျပန်စစ်ဘက်
နိုင်ငံရေးထိတ်တန်းပုဂ္ဂိုလ်ကြီး များနှင့် နိုင်ငံရေး ပရိယာယ်
လွန်ပွဲကျင်းပရသေး၏။ တချီတချီ သူက ကှုချောင်ကျကျ အညတရ စစ်စခန်းမှ
ဂျပန်ပြည် တိုကျိုမြို့ပေါ်သို့ စစ်ရေးဆွေးနွေးပွဲ အတွက် ခရီးထွက်ရသေး၏။
ကျွန်တော်တို့ တတွေသာ ဟိုင်နန်ကျွန်း၏ ငှက်ဖျားတောထဲဠ် ခြင်ကိုက်
မှတ်ကိုက်ခံရင်း ရွံ့နွံ ဆူးရစ်ခြုံများမှနေရု် အမြောက်ကြီး
အမြောက်ကလေးတွေကို ကျောပိုးကာ ဗမာ့ လွတ်လပ်မှုဒဏ်ကို မချိတင်ကဲ ခံနေကြရ၏။
(ဗိုလ်စင်္ကြာ) သခင်အောင်သန်း ၊ ဗိုလ်လင်းယုံ၊ ဗိုလ်အောင်ဆန်းနှင့်
ကျွန်တော်တို့လေးယောက်မှာ ဂျပန်နှစ်ယောက်နှင့် တခြင်ထောင်ထဲတွင်
စုအိပ်ခဲ့ရသည်။ ကျွန်တော်နှင့် ဗိုလ်လင်းယုံသာ ခြင်ထောင်ခင်း အိပ်ရာသိမ်း
တာဝန်ယူရရု် သူတို့လူကြီးနှစ်ယောက်က ကျွန်တော်တို့ကို ``ကောင်ကလေးတွေ
ဒါတွေလုပ်ဦးကွ`` ဟုအတွင်သာ ခိုင်းလေ့ရှိသည်။ တချီတချီတွင် ကျွန်တော်တို့
ထမင်းချက်အလှည့်တွင် သခင်အောင်ဆန်းမှာ ကန့်လန့်ကန့်လန့် ပါလာသည့်အတွက်
ဂျပန်ဆရာတွေကို ကျွန်တော်တို့ခေါင်းဆောင်ကြီးအား ကှုသို့ထမင်းချက်
မခိုင်းရန် သွားရောက်တောင်းဆိုမိသည်။ ဂျပန်ဆရာများ ကရှုးရှုး ရှဲရှဲ ဒေါပွကာ
``ခေါင်းဆောင်ကော ဘာကော နားမလည်ဘူး ခုအချိန်ဟာ စစ်သားတွေပဲ စစ်သားမှန်ရင်
စစ်တပ်တာဝန်ကိုလုပ်ရမယ်`` ဟုပြတ်တောင်းစွာပြောဆိုသည်တွင်
ဗိုလ်ချုပ်အောင်ဆန်းက ကြားဝင်ရု် ``မင်းတို့ ဘာမှမပြောကြနဲ့ ဟုတ်တယ်
စစ်သားဟာ စစ်သားဘဲကွ``ဟု အတင်းဖြေရှင်းလိုက်သည်။

ထို့ကြောင့်သူ့ကို ကျွန်တော်တို့တတွေက ထမင်းချက်လုပ်ငန်းတွင်
အိနြေ္ဒအရဆုံး အသက်သာဆုံးဖြစ်သော ပန်းကန်ဆေး စားပွဲခင်းတာဝန်ကို ပေးအပ်ကာ
ကျွန်တော်တို့ လူတစ်စုမှာ ချွေးတလုံးလုံးနှင့် ထင်းပေါက် ရေခပ်
ထမင်းအိုးတည်နှင့် အတော်ကလေးပင်ပန်းလိုက်ရ၏။
လူနာတင်
ထမ်းစင်လိုလို စင်ကလေးတစ်ခုပေါ်တွင် ဆရာကြီးတွေအတွက် ထမင်းဟင်းများ ပုဂံ
တူ လက်သုတ်ပုဝါ အစုံဖြင့် ပြည့်နှက်နေအောင်ဆင်ပြီး အရှေ့မှ
လန်ကွတ်တီမှတပါး အခြားမဲ့ကိုယ်တုံးလုံးနှင့် သခင်အောင်ဆန်း နောက်က
ဗိုလ်အောင်ဒင်က စင်ကလေးကိုထိမ်းရင်း--------- စစ်မြေပြင် လူနာကောက်သလို
ဂျပန်ဆရာကြီးတွေ (ဗိုလ်ကြီးတွေ) ရှိရာသို့ ထမင်းပို့သွားသည်ကို သတိရမိ၏။
ဗိုလ်စောအောင်မှာ လေ့ကျင့်ခဏ်းက ပင်ပန်း စိတ်က ဆင်းရဲသည်ကြောင့်
ဆရာကြီးတွေထံ ထမင်းသွားပို့သည့် လုပ်ငန်းကို ဗမာပြည် အညာအရပ်က မသာကစားသလို
ထမ်းစင်လေးကို မြှင့်လိုက် ဆွဲလိုက် ကစားပြီး ပါးစပ်က မသာဆိုင်းတီးကာ
စိတ်ထင်ရာလုပ်နေသည်ကြောင့် ရှေ့မှ သခင်အောင်ဆန်းခမျာ မှာ အနေရ
အသွားရခက်ပြီး ``ဟေ့ တော်ပါတော့ကွ တော်တော်ကြာ မှောက်ကျကုန်လို့
သောက်စကားများကုန်မယ်`` ဟု တောင်းပန်သည်ကို ကျွန်တော်တို့တတွေမီးဖိုထဲမှ
မြင်ရရု် အူနှိပ်အောင် ရယ်မိကြပါသည်။
ဂျပန်ဆရာတွေမှစရု်
ဂျပန်စစ်ကျောင်းသားတွေကပါ ကျွန်တော်တို့ရဲဘော်သုံးကျိပ်
ဗမာကျောင်းသားတွေကို နည်းအမျိုးမျိုး ပုံအမျိုးမျိုးနှင့် နှိမ့်ချ
ညှင်းဆဲကြလေသည်။ အစားအသောက်က ဝက်စာကျွေးသလောက်မှ မဟန်သည့်အထဲတွင်
လေ့ကျင့်ခဏ်းက အဆမတန် ပြင်းထန်မှုအဆုံးတွင် ရဲဘော်တိုင်း၏ မျက်နှာမှာ
မခံရပ်နိုင် ။တစုံတခု ပြတ်ပြတ်သားသား လုပ်ချင်စိတ်များ အထင်းသား
ပေါ်လွင်နေတော့၏။ ကှုအချိန်တွင် သခင်အောင်ဆန်းက ဗမာရဲဘော်အားလုံးကို
အားလပ်ချိန်တွင် စုရုံးစေပြီး ``ငါ့ညီတိုက သတိထားကြပါကွာ ဒို့အကြံအစည်
အထမြောက်တော့မှာ သိတ်မဝေးတော့ဘူး -- သေရင်မြေကြီး ရှင်ရင် ရွှေထီးပေါ့
---သီးခံကြပါ ဒီတချီ ဒို့တတွေ စွမ်းဆောင်မှုသတ္တိ ၊ဂုဏ်ထူးနဲ့ ဗမာ့ရာဇဝင်
တခေတ်ပြောင်းလိုက်ကြရအောင် `` ဟုပြုံးပြုံးရွှင်ရွှင်နှင့်
သြဝါဒပေးမှုကြောင့် ကျွန်တော်တို့တတွေ၏ ဒေါသတွေ မကျေနပ်မှုတွေမှာ
သခင်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် အရေပျော်ကုန်တော့သည်။
ဂျပန်ကျောင်းသားတွေက ကျွန်တော်တို့အပေါ် စော်ကားမောက်မာမှု တိုးရု်
တိုးရု်လာသည်။ ကျွန်တော်တို့ လူငယ်ပိုင်းက သခင်အောင်ဆန်းတို့
လူကြီးပိုင်းတွေ အသိမပေးဘဲ တိတ်တဆိတ်စည်းဝေးကြပြီး ဂျပန်ကျောင်းသားထဲက
အစွာဆုံး ``နော်ဟာရား ၊ နမ်ဘ `` ကှုနှစ်ကောင်ကို ဗိုလ်မင်းခေါင်
ဗိုလ်ဇင်ယော်တို့နှင့် အစချီ ရန်ဖြစ်စေတော့၏။ ဗလုံးဗထွေး ဖြစ်နေခိုက်တွင်
ကျွန်တော်တို့ ဗမာကျောင်းသားတွေက ဘေးမှ ဖျဉ်သလိုလုပ်ပြီး
ဂျပန်နှစ်ကောင်ကို ဝိုင်းချုပ် ကိုင်ပေးလိုက်၏။
မကြာမီ
ကျောင်းအုပ်ကြီး ကာဝါရှီးမား ရှေ့မှောက် ဂျပန် ၊ ဗမာကျောင်းသားတွေ
အတန်းစီရောက်ရလေ၏။ ကျောင်းအုပ်ကြီးက သိတ်အရှည်မပြောပဲ ဗမာ
ဂျပန်ကျောင်းသားများ ညီအကိုများ ဖြစ်ကြရု် တစ်ဦးနှင့်တစ်ဦး သီးခံရန်
ဆုံးမကာ သခင်အောင်ဆန်းတို့ကို ချန်လှပ်ခဲ့ပြီး ကျွန်တော်တို့ကို
တန်းဖြုတ်ပြန်လွှတ်လိုက်သည်။
တခဏမျှကြာလျှင်
ဗမာကျောင်းသားများကို သခင်အောင်ဆန်းကစုပြီး လူငယ်ပိုင်းခေါင်းဆောင်
ဗိုလ်အောင် ဗိုလ်ရန်နိုင်နှင့် ကျွန်တော့်ကို မဲတင်းကာ ``မင်းတို့ ညံ့လို့
ဒီလိုရန်ဖြစ်၇တာ`` ဟုစွတ်စွဲရု် သဲသဲမဲမဲ ဖိကြိမ်းပါတော့သည်။
ဗိုလ်အောင်နှင့် ဗိုလ်ရန်နိုင်တို့ကား ခေါင်းကြီးတွေငိုက်ဆိုက်နှင့်
ဘာမှပြန်ရှင်းဘော်မ၇။ ကြာသော်မနေနိုင်သည့်အဆုံးတွင်
ကျွန်တော်က------``ကျွန်တော်တို့ကို စော်ကားလွန်းလို့
ကျွန်တော်တို့စီစဉ်ပြီး ပြန်ချလွှတ်လိုက်တယ် ခင်ဗျားတို့
လူကြီးတွေမကျေနပ်ရင် ကျွန်တော်တို့ကို ကြိုက်သလိုတီးပေတော့ --`` ဟု
သတိအနေနှင့် ရင်ကော့ကာ ခပ်ပြုံးပြုံးဖြေလိုက်မိပါတော့၏။ ကှုတွင်မှ
သခင်အောင်ဆန်းနှင့် သခင်လှဖေတို့က စိတ်ဆိုးရာမှ ဗြုံးကနဲ
ပြုံးပြုံးကြီးတွေဖြစ်လာပြီး ``မင်းတို့ တော်တော်ရှုတ်တဲ့ အကောင်လေးတွေ --
အချိန်မကျသေးဘူးကွ သူတို့ကို မလုပ်နဲ့အုန်း`` ဟု ဂျပန်-ဗမာ
ရုံးရင်းဆန်ခတ် မှုကြီး ပလပ်ခဲ့ကြလေသည်။
စစ်လောက တစ်ခုလုံးတွင်
ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်အမှတ်မိဆုံးအချိန်မှာ ဟိုင်နန်ကျွန်း၏
ကျွန်တော်တို့နောက်ဆုံးဘိတ် စစ်လေ့ကျင့်ခဏ်းဆင်းသည့်နေ့ပင်တည်း။ ဂျပန်
ဆရာကြီး ဆရာလေးလုပ်သူများက ဂျပန်-ဗမာကျောင်းသားတို့၏ စိတ်ဓါတ်
စစ်ပညာလေ့ကျင့်မှု ဇွဲ ရှိမရှိ စုံစမ်းရန် အထူးတလည်စီစဉ် ကာထားသော
ခရီးရှည် တိုက်ပွဲကြီးဖြစ်လေသည်။ နံနက် ၅ နာရီမှ တပ်ခွဲ သုံးခွဲ ခွဲကာ
ကျောင်းအုပ်ကြီးကိုယ်တိုင် မြင်းများစီးရု် ကွပ်ကဲ အုပ်ချုပ်ကြပြီး
ဟိုင်နန်ကျွန်း၏ အရှေ့ပိုင်း ရေတပ်စခန်းမှစရု် တိုက်စစ်ဆင်စေ၏။
ဗိုလ်မင်းခေါင်နှင့် ဗိုလ်ဘုန်းမြင့်တို့က အရှေ့ဖျားကင်းထောက် ။
ကျွန်တော်က ရှေ့ဖျားတပ်ခွဲ တပ်စိပ်မှုးအဖြစ်နှင့် တပ်ခွဲမှုးအဖြစ်
သခင်အောင်ဆန်းက အုပ်ချုပ်ရု် ချီတတ်တိုက်ခိုက်ကြသည်။ ဆရာတွေ
ပြောပုံဆိုပုံအရ စစ်ကြောင်းခရီးမှာ မိုင်လေးဆယ်ဟု သိလိုက်ရရု် ကျွန်တော်
မျက်လုံးပြူးသွားပါသည်။
ရှေးဦးဆုံးရန်သူကင်းနှင့်
ကျွန်တော်တို့တပ်ဖွဲ့များ စတင်တွေ့ရှိရု် တိုက်ခိုက်ကြပြီးနောက်
-ဗိုလ်မင်းခေါင်နှင့် ရှေ့ဖျားကင်းတပ် ဂျပန်ဆရာတို့ ရန်ဖြစ်ကြတော့၏။
ဂျပန်ဆရာက သူထင်တိုင်းခိုင်းမ၇ရု် ဗိုလ်မင်းခေါင်ကို ဆဲသည်။
ဗိုလ်မင်းခေါင်က မောပန်းနေရာတွင် ဆဲရမည်လားဟု ဆရာကို ဆဲရုံမက
သေနတ်နှင့်ရိုက်မည် ပြုသည်ကြောင့် ၄င်းကို ကျွန်တော့်နေရာသို့ပို့ပြီး
ကျွန်တော့မှာ အချောက်တိုက် အရှေ့ဖျားကင်းနေရာကို ယူလိုက်ရ၏။
ခ၇ီးကာ ၁၅ မိုင်လောက်ပေါက်ခဲ့လေပြီ။ ထုံးစံအတိုင်း ဟိုင်နန်ကျွန်းနေသည်
မညှမတာ ပူတော့၏။ တချီတွင်နောက်ပိုင်းတပ်မသို့ ပြန်ရု်
သတင်းပို့ရောက်ခဲ့သည်။ ဗိုလ်လင်္ကျာတစ်ယောက် ၁၀ မိုင်အလွန်တွင် အမောဆို့
မေ့မြောကျန်ရစ်ကြောင်းသိရသည်။ ဂျပန်လေးယောက်လဲ ထိုနည်းတူစွာပင်။
သခင်အောင်ဆန်းကို မြင်ရသည်မှာ မသက်သာ။ ဟန်သာရှိတော့သည်။ လက်တစ်ဖက်က
ဓါးလွတ်ကိုကိုင်ကာ ပါးစပ်မှ အမြှုတ်ထွက်နေအောင် စစ်မိန့်ပေးနေ၏။
ကျွန်တော်လည်းမောနေပါ၏။ သို့ရာတွင် ကျွန်တော်ကား ကာယသမား
လူကြမ်းတစ်ယောက်ဖြစ်ရု် ခံနိုင်စွမ်းရှိ၏။ သခင်အောင်ဆန်းခမျာ
ရှေ့သို့တအားလွှားရု် ကိုက်အစိတ် အတင်းတတ်လိုက်ရာ ခလုပ်တိုက်ကာ
ဂျွန်းထိုးမှောက်ခုံနှင့် လဲကျပြီး မထနိုင်တော့ပါ။ ကှုတွင် ကျွန်တော့မှာ
မနေသာဘဲ သူလဲကျနေရာသို့ အပြေးရောက်သွားမိပြီး သူ့ကို ထူမကာယပ်ခပ်ပေးမိ၏။
ကျွန်တော့နောက်ကျောသို့ တစ်စုံတစ်ယောက် ခပ်ဆတ်ဆတ်ကလေး တစ်စုံတစ်ခုနှင့်
ရိုက်လိုက်သည်ကြောင့် သခင်အောင်ဆန်းကိုပွေ့ထားရာမှ မော့ကြည့်လိုက်သည်။
မျက်နှာဆိုးဆိုးနှင့် စိတ်မနှံ့တနှံ့ ဂျပန်ဆရာ ``နော်ဆေး``ဆိုသူက
အပြစ်တင်သည့်အမူအရာဖြင့် ``မကောင်းဘူး မင်းဒီကိုလာပြီး ကူညီတာ မကောင်းဘူး
။ရှေ့တတ်ပါ မင်းတာဝန်မဟုတ်ဘူး။ သူသေရင်လဲ ဘာဖြစ်သလဲ -- ခုထွက်
ခုတတ်---``
ကျွန်တော် ပူထူသွားသည်။ လှံစွတ်တပ်ထားသော
ရိုင်ဖယ်ကိုဆုတ်ကိုင်ကာ ဗိုလ်မင်းခေါင်ထက်ဆိုးသော အလုပ်ကို
ရှေ့ရှုလိုက်သည်။ တုံရီနေသော လက်တစ်ဖက်က ကျွန်တော့လက်မောင်းကို
ဆွဲလိုက်တော့သည်။ မှေးမှိန် ရီဝေနေသော မျက်လုံးဖြင့် သခင်အောင်ဆန်းက
ကျွန်တော့်ကို အပြစ်တင် တားဆီးသည့်ဟန်နှင့် ကြည့်ရု် ခေါင်းခါပြတော့သည်။
ကှုတွင် ဂျပန်ဆရာကိုရော သူ့ကိုရော ဒီလောက်သီးခံရပါမည်လား ဟုရောနှော
အပြစ်တင်ကာ စိတ်ဆိုးလွန်းသဖြင့် ဝုန်းကနဲ ထရု် ရှေ့သို့ အပြေးတတ်ခဲ့သည်။
ထိုနေ့ ခ၇ီးရှည်တိုက်ပွဲသည် ည ၉ နာရီမှ ပြီဆုံးသည်။ တပ်စခန်းသို့
ပြန်ရောက်နိုင်သူ ဗမာကျောင်းသား ဗိုလ်လင်းယုံ ဗိုလ်ဇင်ယော် ဗိုလ်ရန်နိုင်
ဗိုလ်တာရာ ဗိုလ်ဥာဏ ဗိုလ်မြင့်အောင်နှင့် ဂျပန်ကျောင်းသား လေးယောက်
ပေါင်း ဆယ်ယောက်သာ ရှိသည်။ ခေတ္တ သတင်းပို့စဉ် သတိအနေမပျက်အောင်
မနည်းဒုက္ခခံကာ ချူပ်တီးထားလိုက်၇၏ ။ ကျန်စစ်ကျောင်းသားများကို
ကားနှင့်ပြန်တိုက်ယူရသည်။ လေ့ကျင့်ခဏ်း သုံးရက် အနားပေးယူရသည်။
မပေးရု်လည်း မဖြစ်ပါ။ ကျောင်းသားအားလုံး ဆေးရုံတတ်ယူရသောကြောင့်တည်း။
သခင်အောင်ဆန်းက ဆေးရုံထဲ ကျွန်တော်ဝင်လာစဉ်-----
``ဟေ့-------- ကောင်လေး----------သတိထားနော်-----သီးခံစမ်းပါကွာ ``ဟု ခပ်ပြုံးပြုံးကြီး ပြော၇င်း သူ့ကို နှိပ်ခိုင်းတော့သည်။
..............................................
**ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၃)****စစ်လောက ခရီးကြမ်းဝယ်**
ဘန်ကောက်တမြို့လုံး ဂျပန်စစ်တပ်တွေ ဒင်းကြမ်းနှင့်
ယိုးဒယားပြည်တစ်ပြည်လုံး နီပွန်အလံများ လွှမ်းမိုးလျှက်
ကမ္ဘာ့အရှေ့ပိုင်းတစ်ခုလုံး ဂျပန်စစ်ဘီလူးကြီးက ဝါးမြိုထားခိုက်ဖြစ်တော့သည်။
ဗိုလ်အောင်ဆန်းခေါ် ဗိုလ်တေဇ၊ တချိန်တခါက အညတသခင်အောင်ဆန်းဖြစ်ခဲ့သူ
ဦးစီးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဋ္ဌာနကြီးကား
---ဘန်ကောက်မြို့အရှေ့တောင်ဒေါင့်ရှိ ဇရပ်နီရပ်ကွက်ခေါ် ဆာလာဒင်ရပ်
နိုင်ငံခြားသားများသံရုံးတစ်ခုလုံးဋ္ဌ် ခန့်ညားစွားစခန်းချလျှက်
စစ်ရေးပြင်နေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းကား ဒုတိယစစ်သေနာပတိအဖြစ် နှင့်
တိုက်ရေးခိုက်ရေးမှစရု် တပ်မတော် ဖွဲ့စည်းရေးပါမကျန်
တာဝန်ခံယူရသည်ဖြစ်သဖြင့် စိတ်ပန်းလူပန်းဖြစ်နေပုံရလေသည်။
ကျွန်တော်စခန်းချသော အမေရိကန် သံအမတ်အိမ်ဋ္ဌ် ကြီးကျယ်လှသည့်
စာဖတ်ခန်းမကြီးထဲမှ စစ်နှင့် ပတ်သတ်သောစာအုပ်များကို အားလပ်ခွင့်ရတိုင်း
မွှေနှောက် အမြတ်ထုတ်ရု် ကျွန်တော်က စာဂျပိုးလုပ်နေမိ၏။ တစ်နေ့တွင်
အခန်းတစ်ခန်းထဲမှ ကျွန်တော့ခြေထောက်နှင့်တိုင်းချုပ်ထားသလို အံကိုက်နေသော
TOP BOOTS ဒူးဆစ်အထိရှည်ရု် ပထမတန်းသားရေနှင့်
ချုပ်ထားသည့်စစ်ဖိနပ်တစ်ရံ ကို ကျွန်တော်တွေ့ရှိရု် ကျကျနနဆေးတိုက်ပြီး
အိပ်ရာထိပ်ဋ္ဌ် စနစ်တကျ ထောင်ထား၏။ ညနေ စစ်လေ့ကျင့်ခဏ်းမှ အပြန်တွင်
ကျွန်တော် အလွန်နှစ်သက်လှသော ဘိနပ်အရှည်ကြီး ကြက်ပျောက် ငှက်ပျောက်
ပျောက်နေတော့၏။ အိပ်ခန်းစောင့်ရဲဘော်တစ်ဦးကို ခေါ်ယူစစ်ဆေးသည်တွင်
-----ဗိုလ်ချုပ်အောင်ဆန်း က အိမ်ခန်းများကို လာရောက်စစ်ဆေးသည်တွင်
ကျွန်တော့်ဘိနပ်ကို တွေ့သွားသဖြင့် ဘာမပြော ညာမပြောနှင့်
အသင့်စီးထွက်သွားကြောင်း အစစ်ခံလေတော့သည်။
သူ့ဋ္ဌာနချုပ်ရုံးခန်းထဲဋ္ဌ် စမတ်ကျကျ ကျွန်တော့ဘိနပ်ကို အခံ့သားစီးကာ
မြေပုံတွေကြည့်နေသော ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ရရု ဒေါသဖြစ်နေသော
ကျွန်တော်က အလေးပြုလိုက်ပြီး-----
``ခင်ဗျား --- ဒီဘိနပ်ကို --- ဘာလို့မပြောဆိုဘဲ ယူသွားသလဲ---``
``ငါ စီးချင်လို့ကွ`` သူကခပ်တည်တည် ၊ခပ်အေးအေး အမှုမထားသလို ပြန်ဖြေသည်တွင်----------
``ခင်ဗျားတို့ လူကြီးတွေ ဘာမှစည်းကမ်းမရှိဘူး ၊ သိပ်ခက်တယ်---``
ဒေါပွပွ နှင့် ကျွန်တော် နင်းဆူပါတော့သည်။
သူက စိတ်ဆိုးသည့်အခါ စီးကရက်ကို အားရပါးရ ဖွာလိုက်ပြီး
ပြုံးဖြဲဖြဲကြီးနှင့် ကျွန်တော့်ဆီသို့ ဆေးလိပ်ငွေ့များမှုတ်ထုတ်လျှက်---
``ကွာ----- ငါ့ညီကလည်း--- ငါ့ညီဘိနပ်ကို စီးစရာမရှိလို့ ငါယူစီးတယ်၊ မင့်ဘိနပ်ဟာ ငါ့ဘိနပ်ဘဲကွ
၊
ပြီးတော့ ငါနေရတာက စစ်သေနာပတိရာထူးယူထားရတော့ တကယ်လို့
ငပုတွေ(ဂျပန်စစ်ဋ္ဌာနချုပ်)နဲ့ စကားပြောတဲ့အခါမှာ--- ငါ့ကို အထင်သေးခံရရင်
မင်းတို့ကို အထင်သေးခံရတာနဲ့ အတူတူပဲ --မဟုတ်လား--၊ ပြီးတော့ ငါ့ညီဘိနပ်
ပြန်ယူပေါ့ကွာ-- စိတ်ချပါ။ ငါပြောလိုတဲ့အဓိပ္ပါယ်
ရှင်းရဲ့မဟုတ်လား--လူကြီးစိတ်ထားစမ်းဟေ့--- ကောင်ကလေး-``
ကှုတွင် ကျွန်တော့မှာ သူ၏အဖြစ်ကို ဒေါသဖြစ်ရာမှ သနားလာပြီး
သူပြောဆိုသည့် ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိကို ဂျပန်တွေ
အထင်သေးမခံစေရမှု ရည်ရွယ်ချက်၊ အကြောင်းပြချက်။ ခိုင်လုံနေသောကြောင့်
အဆုံးတွင် ``ကောင်းပါပြီဗျား--- ခင်ဗျားစီးပြီးတော့ ပြန်ပေးနော်``
``အင်း``
သူက ကျေနပ်စွာ တစ်ခွန်းတည်း ဖြေဆိုလျှက် -- ကျွန်တော့ကို သေနင်္ဂဗျူဟာနှင့် နည်းပရိယာယ်အကြောင်း တိုင်ပင်ဆွေးနွေးစေပါသည်။
ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဋ္ဌာနချုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေပါသည်။
ထိန်ထိန်သာသာ ယိုးဒယားပြည်၏ ညခင်းက
ကျွန်တော်တို့ရဲဘော်သုံးကျိပ်ဝင်တို့ကို သာယာမှုရင်ခွင်ဆီသို့
ညို့ယူခေါ်ဆောင်သွားပါသည်။ တိုက်ကြီး၏ အထက်ထပ် အောက်ထပ်တွင်
မီးတွေလင်းနေသလောက် ကင်းစောင့်ရဲဘော်များနှင့် ကျွန်တော်သာ ကျန်ရစ်ခဲ့သည်။
စစ်လောကတွင်းက စစ်သားတွေပီပီ မသေမီ ပျော်သလိုသာနေလိုက်
ကိုယ့်လူရေ--ဆိုသလို ရဲဘော်သုံးကျိပ်ဝင်တို့သည် ပြင်ပ ယိုးဒယားညနန်းသို့
ခပ်မူးမူးနှင့် ခြေကုန်သုတ်သွားကြသည်။ ကျွန်တော်သာ လက်ရွေးစဉ်ရှာဖွေထားသော
စစ်သေနင်္ဂဗျူဟာ အခြေခံစာအုပ်ကို အလွန်စိတ်ဝင်စားစွာ
လေ့လာနေခိုက်ဖြစ်လေသည်။
``ဟေ့ ကောင်လေး ဘာတွေဖတ်နေသလဲကွ``
လန့်ဖျန့်သွားအောင် အသံသြကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်းကမေးရင်း
ကျွန်တော့အနား ဝင်ထိုင်လိုက်သည်။ သို့ရာတွင် ကျွန်တော်က ဖတ်ကောင်းတုန်း
မို့စကားပြန် မပေးလိုက်ပါ။
သူက ``ပြစမ်းပါဦးကွ -- မင့်စာအုပ် ခဏလေး --`` ပြောပြောဆိုဆိုနှင့် ကျွန်တော်ဖတ်နေသောစာအုပ်ကို အတင်းဆွဲယူပါတော့သည်။
ကျွန်တော်က သတိရပြီး ``ဟင် အကိုကြီး တစ်ယောက်လဲ ကျန်ရစ်ခဲ့သကိုး ----``
``အေးပေါ့ကွာ--- အလကားဟာတွေ---ပိုနေတာဘဲ``
သူက အရေးမကြီးပုံနှင့် ပါးစပ်ကသာ ဖြေရု် မျက်စေ့က စာမျက်နှာတွေနှင့် ကမန်းကတန်း မိတ်ဖွဲ့နေပါသည်။
``သိပ်ကောင်းတဲ့စာအုပ်ဗျ ကျွန်တော်တော့ ပွတာဘဲ```
သို့ရာတွင် သူ့ဆီက လုံးဝစကားပြန်မ၇တော့ချေ။ ဆယ့်ငါးမိနစ်ခန့်ကြာအောင် သူက စာသားများကို ဖတ်နေပြီး ---
``ဒီစာအုပ်ကို ငါ့ပေးလိုက်လကွာ--- သိတ်ကောင်းတယ်ဟေ့---``
``ဟာဗျာ--- ခင်ဗျားကြီးကလဲ တခါလာ ဘိနပ်ယူ ၊စာအုပ်ယူနဲ့ သိတ်ဗိုလ်ကျတာဘဲ--``
``မင်း ဘာနားလည်လို့လဲ --မင်းတို့က ရှေ့ဆုံးချီတတ်၇မယ့်
တပ်မှုးတွေကွ စစ်မြေပြင်မှာ ဒီစာအုပ်ဟာ တိုက်ရင်း ခိုက်ရင်းပျောက်သွားရင်
ဒို့အဘို့ ဘယ်လောက် နစ်နာမလဲ ။ ငါက စစ်ဋ္ဌာနချုပ်ကို
အုပ်စီးပြီးလိုက်ရမှာမို့ ငါယူခဲ့မယ်။ ဗမာပြည်ရောက်တော့ ဆက်ဆက်
မင့်စာအုပ်ကို ပြန်ရစေ့မယ်``
ကှုသို့နှင့်ပင်
ဗိုလ်ချုပ်အောင်ဆန်းထံသို့ ကျွန်တော်၏ စစ်ဘိနပ်ရော အလွန်မြတ်နိုးလှသော
စစ်ကျမ်းစာအုပ်ရော ပေးလိုက်ရ၏။ ရန်ကုန်တွင်ဆုံမိကြသောအခါ ကျွန်တော်က
အကြွေးတောင်းသလို အတင်းပူဆာသည်တွင် သူက---``ငါ ဘယ်နားသိမ်းမိမှန်း
မသိဘူးကွ နောက်မှ ငါရှာပေးမယ် စိတ်ချနေ`` ဟုခြေရာဖျောက်ပြောကာ
ခေါင်းရှောင်ခဲ့၏။ ယခုထိ ဘိနပ်နှင့် စာအုပ် ဇာတ်ဆုံးခဲ့ရတော့၏။
``လူ နီနီ ဘောင်းဘီဝတ်ပါလို့ ဒါးစလွယ်ငွေကွပ်လို့ ပြေညွတ်အောင် လာချည်သေးခ၇ဲ့ ဘိုးတော်ကြီး မြေး``
ကှုတဘောင်ကား မှန်မမှန် မပြောတတ်ချေ။ ကျွန်တော်တို့
ဗိုလ်ချုပ်ကြီး ဗိုလ်တေဇနှင့် ဗိုလ်ချုပ် ဗိုလ်မိုးကြိုးတို့ ဦးစီးကာ
ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးအား နီပွန်စစ်တပ်များနဲ့အတူ ဗမာပြည်တွင်းသို့
ဗြိတိသျှ နယ်ချဲ့သမားများကို ဒါး လှံစွတ် ကျည်ဆန် ဗုံးဆန်
အမြောက်ဆန်တို့ဖြင့် လမ်းရှင်းပြီး ဝင်ရောက်ခဲ့နိုင်၏။
ဘန်ကောက်မြို့တော်ကို ဗြိတိသျှလေကြောင်းမှ တန်ပြန်ထိုးစစ်ဆင်သည့်
ပထမညဦးပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝတ်စစ်စား အပြည့်အစုံဖြင့်
ဂျပန်ဓါးရှည်ကို ခါးတွင်ပတ်ကာ ပုန်းရှောင်ရကောင်းမှန်းမသိ သည့်အလား
နေရာတပ်ဖွဲ့အနှံ့အပြား ပြေးလွှားရု် ရဲဘော်များကို
ရှောင်းရှားအကာအကွယ်ယူရန် အမိန့်ပေးနေ၏။ ရန်သူ့လေယဉ်ပျံများက ချထားသော
မီးကျည်အလင်းရောင် တွင် သူက ဘိုင်စကုတ်အ၇ိုက်ခံရမည့် ဇာတ်လိုက်မင်းသားပမာ
ဆလိုက်ထိုးထားသည့် အလင်းရောင်အောက်တွင် မကြောက်မရွံ့ တပ်များကို ကွတ်ကဲ
အမိန့်ပေးသည်ကို ဘေးမှမြင်ရသော ဂျပန်အရာရှိများက နေရာမယူရကောင်းလားဟု
အပြစ်တင်နေကြသည်။အမှန်မှာ ရန်သူလေယဉ်ပျံများက ဗုံးချရုံသာ မဟုတ်သေး
။စက်သေနတ်နှင့် ထင်ရာမြင်ရာ ပစ်ခတ်နေသောကြောင့်တည်း။

**လောကီဇာတ်ခုံပေါ်က ဗိုလ်ချုပ်**
``ရာဇဝင် အထုပ္ပတ္တိလည်းရှိရမယ်--- မော်ကွန်းလဲထိုးလောက်တဲ့--မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်-----``
ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်ချုပ်အောင်ဆန်း၏ မင်္ဂလာ
အခမ်းအနားအတွင်းမှ ပဲ့တင်ပေါ်ထွက်လာသော ဗိုလ်ချုပ်အောင်ဆန်းအား ချီးကျူး
ထားသည့် သီချင်းသံမှာ ဗမာပြည်တဝှမ်းလုံးသို့ တခဏခြင်းဝဲပျံ
လွှမ်းမိုးပြီးသားဖြစ်သွား၏။ တခါက ဗြိတိသျှ နယ်ချဲ့သမား၏ လက်ပါးစေ
မျက်နှာဖြူ အရေးပိုင်တစ်ဦး၏ ဆုတော်ငွေ ငါးကျပ်တိတိ ထုတ်ကာ
ဖမ်းဆီးသတင်းပေးရန် အရေးကြီးခဲ့သော တရားခံအောင်ဆန်းကား ယခုအခါဋ္ဌ်
ဗမာ့ကာကွယ်ရေးတပ်မတော် သို့မဟုတ် ကျွန်ခောတ်မှ သခင်ခေတ်သို့
ပို့ဆောင်နိုင်ခဲ့သူ ၏ဘခင်ကြီးအဖြစ် ကောင်းမြတ်သော ဘိသိတ်မင်္ဂလာ
အခါတော်ယူခိုက်ဖြစ်၇ု် လောကီဇာတ်လမ်းတစ်ခုကို ကပြရန် လောကဇာတ်ခုံအပေါ်ဋ္ဌ်
သူ၏ချစ်သူ ဒေါ်ခင်ကြည်နှင့် စုလျားရစ်ပတ် လက်ထပ်ချိန်ကြီးပင် ဖြစ်တော့သည်။
ဗိုလ်ချုပ်အောင်ဆန်းက သူမိန်းမယူသည့်ကိစ္စနှင့်
ပတ်သတ်ရု်ကျွန်တော်တို့ထံ ဝေဖန်ချက်များတောင်း၏။ သူက သူ့ညီငယ်များ၏ ဆန္ဒကို
အထူးသိလိုသည့်အတွက်ကြိုးစားခဲ့၏။ ကျွန်တော့အလှည့်တွင် ``ခင်ဗျား
သဘောကျလို့---
ခင်ဗျားကြိုက်လို့--ခင်ဗျားယူတယ်--ခင်ဗျားကျေနပ်လျှင်ပြီးတာပဲ``ဟု
ဝေဖန်ချက်ပေးပြီး နောက်ပိုင်းတွင် ခပ်နောက်နောက် ``ဂွတ်တယ်ထင်၇င်
ဒူးသာဒူးပေါ့`` ဟုအဆုံးသတ် အဖြေပေးလိုက်၏။
မိန်းမယူဘို့
အချစ်ကိစ္စလက်ခံဘို့ တခါကမှ စိတ်မကူး-- မစဉ်းစားနိုင်ခဲ့သော ကျွန်တော့မှာ
ချစ်သူသက်လယ်နှင့် တွေ့မိတော့သည်။ တနေ့တွင် ဗိုလ်မှုးကြီးစင်္ကြာနှင့်
စေတနာဝန်ထမ်းသတင်း ပို့ချက်ကြောင့် ကျွန်တော့အချစ်ရေး သတင်းပို့ချက်ကို
ဗိုလ်ချုပ်အောင်ဆန်းထံ ပေါက်ရောက်သွားတော့၏။ သူကမဆိုင်းမတွနှင့်
ကျွန်တော့်ကိုခေါ်ကာ မေးမြန်းသည်တွင် ဝါသနာအတိုင်း ကျွန်တော်ကလည်း
ဘွင်းဘွင်းပင် ဟုတ်မှန်ကြောင်း အစစ်ခံလိုက်၏။
ကျွန်တော့ကို
ခြေဆုံးခေါင်းဆုံးကြည့်ကာ ``ဟေ့ ကောင်လေး တာရာ--- ဒီကိစ္စကို မင့်သဘောအရ
အရမ်းလုပ်လို့ ဘယ်ဖြစ်မလဲ ---ဒို့နဲ့ တိုင်ပင်မှပေါ့ကွ``
``ဗျာ--- လူ့အခွင့်အရေးကို ခင်ဗျားက ဘာလို့ဝင်ပြီး
ချုပ်ချယ်ချင်သလဲ---ခင်ဗျားလဲ ဂွတ်တယ်ထင်လို့ ဒူးလိုက်တယ်မဟုတ်လား
----ဗိုလ်ချုပ်``
``အံမာ-- မင်းက နိုင်ငံရေးစကားတွေ
ဘာတွေနဲ့ ဟုတ်ပေ့ကွာ ။ ဘာပဲဖြစ်ဖြစ် ဒို့လူကြီးတွေခေါ်ပြီး
မင့်ဇနီးလောင်းကို စစ်ဆေးအုန်းမယ် --- မင်းဒို့စကား နားထောင်ရမယ် ၊ ဒါဟာ
ငါ့အမိန့်ဘဲ ``
ခပ်တင်းတင်းပြောရင်း ကျွန်တော့ဇနီးလောင်း
ဗဟိုလ်စစ်ဆေးရုံကြီးမှ ဆရာမစောချစ်ဦးကို စစ်ဦးစီးအဖွဲ့ဝင်ဗိုလ်ချုပ်တို့
ခေါ်ယူရု် နောက်ပိုင်း ရာဇဝင်နှင့် ကျွန်တော့အပေါ် သဘောထားပုံများကို
စစ်ဆေးလျှက် အမျိုးမျိုး ထုတ်လိုက်ပါသေး၏။ နောက်မျ ကျွန်တော်တို့
လက်ထပ်ခွင့် အမိန့်ပြန်တမ်း ကိုတပါတည်း ထုတ်ပေးလိုက်ပြီး သူတို့ကိုယ်တိုင်
အိမ်ကိုလာကြရု် တဟားဟား ပွဲကျအောင် ဟိုကနောက် ဒီကနောက်နှင့်
လုပ်ကြတော့၏။
ဆိုင်းသံ ဗုံသံတို့ဆူညံနေသော
သီတင်းကျွတ်ပွဲတော်သို့ ဆိုက်ရောက်ခဲ့သည်။ ဗိုလ်ရဲထွဋ် ဗိုလ်ဇင်ယော်
ဗိုလ်မင်းရောင် အစချီရု် ကျွန်တော်ကပါ ကန်တော့စရာ လက်ဆောင်များနှင့်
ဗိုလ်ချုပ်အောင်ဆန်း ၏နေအိမ် ယခုပျဉ်းမနားမြို့
ရှမ်းကန်အနောက်မြောက်ဒေါင့် သို့ နံနက်စောစော ဝင်သွားတော့သည်။ သူက
ဆိုဖာပေါ်တွင် စာအုပ်တစ်အုပ်ကို အခံ့သားဖတ်နေ၏။
ကျွန်တော်တို့
သူ့ကို တန်းစီအလေးပြုလိုက်ကြသည်။ သူက ဖတ်နေသော စာအုပ်ကို
အသာဘေးဖယ်လိုက်ပြီးနောက် ကျွန်တော်တို့ တတွေကို စူးစူးဝါးဝါးကြီး
မျက်နှာထားတင်းတင်းနှင့် ကြည့်နေပါတော့၏။ ပြီးမှ---
``ဟေ့ကောင်တွေ မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်စမ်း`` ဟုငေါက်လိုက်သည်။
ကျွန်တော်တို့မှာ ဗမာ့အခါတော်ဖြစ်ရု် ယူနီဖောင်းအစား ဗမာပြီပြီ ----
ပိုးလုံခြည် တိုက်ပုံအင်္ကျီနှင့် အတော်စတိုင်ထုတ်ပြီး
ကန်တော့လာခိုက်ဖြစ်သည်---။ ပြီးမှ ``ထွီ``ဟု ဆောင့်ကြီး အောင့်ကြီးနှင့်
တံတွေးထွေးလိုက်ပြီး ``မင်းတို့ တပ်မှုးကြီးတွေ လုပ်နေတယ် ဘာမှမစဉ်းစားဘူး
-- ရဲဘော်လေးတွေမှာတော့ ယူနီဖောင်းအစုတ်စုတ် ၊ မင်းတို့ကတော့
ပိုးလုံးခြည်တပြောင်ပြောင် သူတို့စိတ်ထဲ ဘယ်လိုနေကြမလဲ စဉ်းစားကြည့်စမ်း
``
ကှုတွင်မှ ကျွန်တော်တို့မှာ ကိုယ့်ချို့ယွင်းချက် အမှားကို သိရသဖြင့် မျက်နှာမထားတတ်အောင် ဖြစ်သွားကြ၏။
``ခု သွား ငါ့အိမ်ခန်းထဲမှာ -ငါ့ယူနီဖောင်းတွေ သွားဝတ်ပြီးမှ
ငါ့ကို လာကန်တော့ ကိုင်း------အခုသွားလဲကြ။ မင်းတိုက လုံခြည် အင်္ကျီတွေ
အကုန်ချွတ်ပြစ်ခဲ့--``
ဗိုလ်ချုပ်အမိန့်ကြောင့်
အခန်းထဲသို့ အမြန်လစ်ခဲ့ရတော့၏ သူ၏ ဘီရိုသေတ္တာကို အမြန်ဖွင့်ရု်နေသော
ဗိုလ်မင်းရောင်က နှာခေါင်းတရှုံ့ရှုံ့နှင့် ဖြစ်နေပြီး ``ဟေ့
ချဉ်စော်ကြီး နံနေတယ်ကွ``
ဘီရိုထဲမှ စုပုံထားသော
ဖြစ်ကတတ်ဆန်း ဗိုလ်ချုပ်၏ ယူနီဖောင်းများကို အနံ့ဆိုးစွာဖြင့်
ဗိုလ်မင်းရောင်က ဆွဲယူရု် ကျွန်တော်တို့ဆီကို ပစ်ပေးလိုက်ပြီးနောက်
``ဟီး ဟီး ကြည့်သာ ဝတ်ကြပေတော့ကွာ ချဉ်စော်နံတာ လက်စသတ်တော့
ငမိုးအဝတ်အစားတွေကကိုး--``
ကျွန်တော်တို့ဘာမှမတတ်နိုင်
သူ့သဘောအတိုင်း မလျှော်မဖွတ်ဘဲ ဂရုမစိုက်ထားသည့်
ချဉ်စော်နံ``ယူနီဖောင်းများကို မတန့်တတန် ဝတ်ကာ ကြာလျှင်နောက်ပိုင်းက
မီးတောက်မည့် နိမိတ်လက္ခဏာကြောင့် ဝတ်ဆင့်ပြီး ဗိုလ်ချုပ်ရှေ့သို့
တန်းစီခဲ့သည်။
သူက မျက်မှောင်ကုတ်ရာမှ
ခပ်ပြုံးပြုံးကြီးဖြစ်လာပြီး ``အေး ကန်တော့ကြ ကန်တော့ကြ ပြီးရင်
ဒီအတိုင်းပြန် မင်းတို့သောက်သုံးမကျတဲ့ လုံခြည်တွေ တခုမှပြန်မယူနဲ့
ကြားလား--``
ကန်တော့ ကောင်းလွန်းရု် ကျွန်တော်တို့
ပိုးလုံခြည် အင်္ကျီတွေ ဆုံးခဲ့ရတော့၏။ အချိုးမကျ ဂွှတတ မတန့်တတန်
ယူနီဖောင်းတွေကြောင့် ဗိုလ်ချုပ်ကားကို ကမန်းကတန်းစီးကာ ကိုယ့်အိမ်အေ၇ာက်
လေ၏လျှင်မြန်နှုံးနှုင့်အတူ သုတ်ခြေတင်ခဲ့ရလေသည်။
ကျွန်တော့အား အထက်ဗမာပြည်သို့ ဗိုလ်ဇေယျတပ်ရင်းနှင့် ပို့လိုက်သည်။ ယခင်က
ကျွန်တော်အလုပ် အထူးကြိုးစားလုပ်ခဲ့သည်နှင့် အမျှ ဗိုလ်ချုပ်က နှုတ်ဖြင့်
စာဖြင့် ချီးကျူး၏။ အားပေးခြင်းခံရ၏။ ယခုမှာမူ ခါတိုင်းထက်
ကျွန်တော်အလုပ်ကြိုးစားခဲ့သည်။ သို့ရာတွင် သူ့ဆီက ``ဟေ့ ကောင်လေး
မင်းအလုပ်ဂရုစိုက်စမ်း သိပ်နေရာမကျဘူး--``ဟု တွေ့တိုင်း ဆူနေတော့၏။
တခါလည်းမဟုန် နှစ်ခါလည်းမဟုတ် ခဏခဏဆူလွန်းသည့်အဆုံးတွင် ကျွန်တော်က သူ့ဆီ
စာေ၇းလိုက်၏။ ``ခင်ဗျား ဒီလောက်ဆူနေရင် ကျွန်တော် ဘာမှမလုပ်တော့ဘူး
ထိုင်နေမယ် ``ဟု ဘုကျကျ အစီရင်ခံလိုက်သည်။ စစ်ဋ္ဌာနချုပ်မှုး
ဗိုလ်မှုးကြီးလကျာင်္က ကျွန်တော့ကိုခေါ်ပြီး ``မင်းစာကို ဗိုလ်ချုပ်ရတယ်
လို့ပြောတယ် မင်းသူ့ကို ဘုရေးတယ်လို့ပြောတယ်။ သူက မင့်ကို ခဏခဏဆူတာ
မင်းကောင်းဘို့ဘဲကွ။ အ၇င်တုန်းက မင်းလူပျိုဘဝဆိုတော့ မင့်ကို
မြှောက်ပေးတယ်။ မင်းမိန်းမရပြီးတော့ သူက မင့်စိတ်ပေါ့သွားမှာ စိုးလို့
ခဏခဏဆူပေးတာပါတဲ့ --တကယ်ဆိုတော့ မင့်ရဲ့ဆောင်ရွက်မှု တွေဟာ
အတော်တိုးတတ်နေတယ် ``ဟုဗိုလ်ချုပ်၏ ကျွန်တော့်အပေါ် သံယောဇဉ်ကြီးမှုအမှန်ကို
သိရပါတော့၏။
ဗမာပြည်အတွင်းသို့ လက်ဝဲဝါဒမုန်တိုင်း သည်
တဟောဟော ကျဆင်းဆိုက်ရောက်လာတော့၏ ကှုတွင် တပ်မတော်အတွင်းမှ ဗိုလ်များ
အကြပ်များ တပ်သားများမှာ ထိုလက်ဝဲမုန်တိုင်းဒဏ်သင့်ကာ မာ့ခ် ဝါဒ
မြူမှုံတွေ လူးကပ်လျှက် လက်ဝဲဝါဒ အတွင်းသို့ဝင်ရောက်ခဲ့၏။ကျွန်တော်လည်း
ထိုအထဲတွင် တစ်ယောက်အပါအဝင် ဖြစ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏
စကားပြောတိုင်းဋ္ဌ် လက်ဝဲစကားလုံးများ ပါဝင်နေမှုကြောင့် ကျွန်တော်က
ဗိုလ်ချုပ်ကို ကျွန်တော်ကဲ့သို့ လက်ဝဲဝါဒ သမားတစ်ဦး ဖြစ်နေပြီဟု ထင်မိ၏။
ဒါကြောင့်လည်း ကျွန်တော်က သူလုပ်သလို သူယူဆသလို လိုက်နာမိတော့၏။
``စံပြလည်းမသွားနှင့် မံသလည်း မစားနှင့်`` ဟူသောစကားအတိုင်း
ကျွန်တော်မှာ စံပြတပ်ရင်းသို့ ခြေလျှင်တပ်ခွဲမှုးတာဝန်ဖြင့်
ကူးပြောင်းခဲ့ရ၏။ ဗိုလ်ကျော်ဇောက တပ်၇င်းမှုး ဗိုလ်ဘုန်းမြင့်က
စိန်ပြောင်းတပ်ခွဲမှုး ကျွန်တော်က ခြေလျှင်တပ်ခွဲမှုး ဗိုလ်ဗလက အရာရှိသင်တန်း
တပ်ခွဲမှုးများ အဖြစ်တာဝန်ယူရင်း ကျွန်တော် လက်ဝဲဝါဒကို အတော်လေ့လာ
လိုက်စားရာမှ သက်ဝင်ယုံကြည်ခဲ့၏။ ``စံပြသွားလျှင် ဖားတတ်သည်---မံသစားလျှင်
ယားတတ်သည် ``ဟူသော စကားပုံအဖြေအတိုင်း ကျွန်တော်က စစ်တာဝန်များကို တဖက်က
တာဝန်ကျေပြွန်စွာလုပ်ဆောင်ကာ တဖက်က ရဲဘော်များကို တပ်ရင်းမှုး လုပ်သူနှင့်
နားလည်မှုယူရု် ဖက်ဆစ် ဆန့်ကျင်ရေးလုပ်ငန်း လမ်းစဉ်များ ချမှတ်
ပေးအပ်ခဲ့ကာ ဖက်ဆစ်တော်လှန်ရေးကြီးဆီသို့ တရိပ်ရိပ် ကူးပြောင်းခဲ့တော့၏။
ဗိုလ်ချုပ်အောင်ဆန်းထံ မကြာခဏသွားတွေ့စဉ် ကျွန်တော့ကို သူ၏လက်ဝဲဝါဒကို
အလွန်အကျူးမလိုက်စားရန် နှင့် တဖက်သတ် သက်ဝင်ယုံကြည်မှုမရှိရန် သတိပေးခဲ့၏။
**ဘဝ၏ အဆုံး**
ကျွန်တော်သည် လက်ဝဲဝါဒ ကွန်မြူနစ်တစ်ယောက် ဖြစ်ခဲ့သော်လည်း
ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းအား ကွန်မြူနစ်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု
ထင်ခဲ့၏။ သည်လို သူ့အနေနှင့် အမျိုးသားတပ်ပေါင်းစု ဖ-ဆ-ပ-လ အဖွဲ့တွင်
ကျန်ရစ်ခဲ့၏ ။ ထိုအခိုက်တွင် ဝါဒလှိုင်းဂယက် ပြင်းထန်စွာ ပုတ်ခတ်
ဝေဖန်မှုကြောင့် ဖ-ဆ-ပ-လ နှင့် ကွန်မြူနစ်ပါတီတို့ ကွဲခဲ့ရ၏.။
အခါကောင်းယူနေသော ဗြိတိသျှ နယ်ချဲ့သမားများက ကွန်မြူနစ်ပါတီကို
ဖိနှိပ်ရု် နိုင်ငံရေးသမားများကို ရက်ရက်စက်စက် သတ်ဖြတ်ကြလေ၏။ ဖ-ဆ-ပ-လ
အဖွဲ့ကြီးသည်လည်း ဗမာပြည်လွတ်လပ်မှုကို အကောင်အထည်ဖော်နိုင်ရန်
ရွေးကောက်ပွဲကြီး ကျင်းပဘို့ ကြိုးပမ်းနေကြလေသည်။

တစ်နေ့တွင် ကွန်မြူနစ်တို့၏ အခြေခံစခန်း ပျဉ်းမနားနယ်သို့
ဗိုလ်ချုပ်အောင်ဆန်း မဲတရားဟော လာလိမ့်မည်ဟူသော သတင်းရောက်ရှိခဲ့၏။
ထိုအချိန်က ဗမာပြည်အုပ်ချုပ်ရေးမှာ တောခိုကာ လက်နက်ကိုင်ရု် နယ်ချဲ့သမား
ဗြိတိသျှတပ်များနှင့် တိုက်ခိုက်နေခိုက်ဖြစ်သည်။ ထို ဗိုလ်ချုပ်လာမည့်
သတင်းရသည့်အတွက် ကျွန်တော်က တောတွင်းရှိ လက်နက်ကိုင်တပ်များကို
မော်တော်ကားလမ်းနှင့် ဝေးသည်ထက်ဝေးအောင် စီမံလျှက်
ဗိုလ်ချုပ်လာမည့်လမ်းခရီး သာယာဘေးကင်းမှုကို တာဝန်ယူမိသည်။ သူသည် ဗဟို
ဖ-ဆ-ပ-လ ဥက္ကဋ္ဌဖြစ်ရု် ကျွန်တော်က ကွန်မြူနစ်တစ်ဦးဖြစ်သော်လည်း
ကျွန်တော့အနေဖြင့် စိတ်ထားမပြောင်း ဗိုလ်ချုပ်သည် ကျွန်တော့ဗိုလ်ချုပ်။
ကျွန်တော့အကိုကြီးဟု အစဉ်အောက်မေ့ ယုံကြည်ခဲ့၏။
ဗိုလ်ချုပ်တို့ကားများ တောင်ငူမှ ပျဉ်းမနားနယ်စပ်သို့ ကူးလာစဉ်
မော်တော်ကားဒရိုင်ဘာလုပ်သူက တောတွင်းဝယ် အန္တရာယ်ကိုကြောက်ရွံ့ရု် မျက်နှာ
ပျက်နေစဉ် နောက်ပိုင်း ကားအတွင်းရှိ ဗိုလ်ချုပ်က ဒရိုင်ဘာရဲဘော်သို့
``ဟေ့ စိတ်ချလက်ချမောင်းပါကွ ဒို့ကို တောထဲကအကောင်တွေ ဘာမှမလုပ်ပါဘူး။
တာရာဟာ ငါ့ကို သစ္စာမဖောက်ပါဘူး`` ဟု ရယ်မောရင်းပြောလိုက် ကြောင်းကို
ကားမောင်းသူမှတဆင့် ကျွန်တော်သို့ သတင်းပို့ရု် ကျွန်တော် ထခုန်ခမန်း
ဝမ်းသာသွားတော့၏။
သို့ရာတွင် ပျဉ်းမနားမြို့ မဲတရားပွဲတွင်
ဗိုလ်ချုပ်က ပရိတ်သတ်အလယ်တွင် ``တာရာဟာ ကျုပ်တပည့်
ဒီကောင်ကျပ်မပြည့်ဘူး``ဟု ကျွန်တော့ကို ဆော်ထည့်ပါသည်။ ကျွန်တော့အဘို့
မတုန်လှုပ်တော့ပါ``တဟားဟား သာရယ်ပြီး ``အဘက ဆဲလှချည်လားကွ``
ဟုဝေဖန်ချက်ပေးမိ၏။ ဖ-ဆ-ပ-လ အဖွဲ့သို့ အာဏာလွှဲပြောင်းခါနီး
စပ်ကူးမပ်ကူးအချိန်တွင် ဗြိတိသျှအစိုးရက ကျွန်တော်တို့ လွတ်လပ်သော
ပြင်ပလောကတွင် မနေနိုင်အောင် နိုင်ငံရေးဥပဒေနှင့် ဖမ်းကာ
လက်စဆုံးဖျောက်မည့် သတင်းကို ခိုင်လုံစွာရရှိသည်ကြောင့် ကျွန်တော်တို့
တောခိုခဲ့ရတော့၏။
ထိုအချိန်မှစရု်
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော်တို့ကြားဝယ် အကန့်အသက်မရှိသော
တံတိုင်းကြီးက တားဆီးခြားနားနေတော့သည်။ သို့ရာတွင် သတင်းစာကို
တောတွင်းသို့ကောင်းကောင်း မွန်မွန် ရောက်အောင်ယူစေပြီး သူ့သတင်းတွေကို
အာရုံစိုက်၏ လုပ်ငန်းစဉ်ကို ဝေဖန်၏။ ဆွေးနွေး၏ သူ့ဓါတ်ပုံကို အရိုအသေ
ခေါင်းရင်းတွင်ချိတ်ထားမှုကြောင့် ကွန်မြူနစ်ဆရာကြီးများနှင့် ကျွန်တော်
မကြာခဏ စကားစစ်ထိုးရလေသည်။
တောပြင်ကို ကျောထင်ရု် အိပ်ခဲ့၏
တောင်လွှာကို ရှောင်ကာ ဖြတ်ကူး ရင်း စစ်ရေးဆင်ခဲ့၏။
ဗြိတိသျှနယ်ချဲ့တပ်များကို အချက်ပိုင်ပိုင် အနိုင်စီးရု်
ကျွန်တော်၏တပ်ဖွဲ့များကို လက်နက်တပ်ဆင်နိုင်ခဲ့၏ သို့ရာတွင် ကျွန်တော်၏
ညီအကို ရဲဘော်များပါသော ဗမာ့တပ်မတော် တပ်ရင်း ၄ နှင့်
ရင်ဆိုင်၇မည့်အလှည့်တွင် စစ်ေ၇းရှောင်ကာ တိုက်ပွဲလွှဲခဲ့၏ တပ်ရင် ၄ ကလည်း
ကျွန်တော့အပေါ် သံယောဇဉ်ကြီးလှစွာ ဖြင့် ငြိမ်းချမ်းရေးကို မကြာခဏ
လက်ကမ်းနေတော့၏
တစ်နေ့သောအခါ သခင်တင်ထွန်း စခန်းသို့
ရောက်လာ၏။ သူက ရန်ကုန်က ပြန်လာသည်မှာ ၂ ရက် ၃ရက်သာ ရှိသေးရု်
ရန်ကုန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ခဲ့ကြသည်။ ဗိုလ်ချုပ်က
ကျွန်တော့အကို သခင်တင်ထွန်းကို ကျွန်တော့အကြောင်းမေးပြီး တောခိုနေမှုမှ
ပြန်လည်ရု် အလင်းသို့ ဝင်ခဲ့ရန် မှာကြားသည်မှာ--
``ကျုပ်တော့ ဒီကောင်လေးကြောင့် ခက်နေတယ်။ တာရာကလည်း ကျုပ်လိုပဲ တယူသန်
မို့-- အင်းလေ ကျုပ်ကလည်း ကျုပ်ရဲ့ ရဲဘော်ရဲဘက်တွေကို မေ့နေခဲ့တာ
သူ့အပြစ်ချည်းလဲမဟုတ်ဘူး ကောင်းပြီ ကွဲပြားနေတဲ့ ကျုပ်ညီရဲဘော်တွေကို
အမြန်ဆုံးပြန်စုမယ်။ တာရာကို ဆက်ဆက်ပြောလိုက်ပါတဲ့။ ``
အကိုကြီးအောင်ဆန်း၏ မျက်နှာဖြင့် ကျွန်တော့်အပေါ်အလိုလိုခင်ပုံကို
ချက်ချင်းလိုလိုမြင်လာပြီး ``ဘာဘဲဖြစ်ဖြစ် ငါသွားပြီး အတွေ့ခံမယ်
ငါ့ကိုလုပ်ချင်သလိုလုပ် ၊သူ့ရှေ့မှာ ရဲဘော်ပြီးပြီ လည်စင်းပေးလိုက်မယ်
သူအဓိပ္ပါယ်ရှင်းတော့မှ သူနဲ့အတူ ဗမာပြည်သစ်တည်ထောင်မယ်`` ဟု
အဓိဋ္ဌာန်ပြုလိုက်၏
ဗိုလ်ချုပ်နှင့် ကျွန်တော်တို့နှစ်ဦးစလုံး နောင်တရကြပေပြီ------------
ပျဉ်းမနား အနောက်ဘက် ၁၀ မိုင်ကွာ ကျဉ်းမြောင်းစခန်းကား-----
နေ့၁၀
နာရီ ခန်ကရှိ နေအတော်ပူပြင်းနေပေပြီ ချိုးကူသံများသည်
တစ်စခန်းလုံးဆူညံနေပါသည်။ ထိုအခိုက်တွင် မြို့ချေစခန်းရှိ
ဗိုလ်ကြီးလှကြည်က ရဲဘော်တစ်သိုက်နှင့် ကျွန်တော့စခန်းသို့
မျက်နှာပျက်ပျက်ဖြင့် --ရောက်လာကြသည်။ ကျွန်တော်က သူတို့စခန်းဋ္ဌ်
ကြီးကျယ်နစ်နာချက်ကြီးတစ်ခု ဖြစ်ပြီဟု တွက်ချက်မိ၏။ ကျွန်တော်နှင့်
နှစ်ကိုယ်ချင်းဆုံမိသောအခါ လေသံကလေးမှာ လည်ချောင်းထဲမှ
မထွက်နိုင်ရှာပဲ---
``ဗိုလ်ချုပ်တို့ --- ဆုံးပြီဗျ --``
ကျွန်တော်က ရုတ်တရက် နားမလည်လိုက်ရု် ``ဘာတုန်းဗျ ကျယ်ကျယ်ပြောစမ်းပါ----``
``ဗိုလ်ချုပ်တို့ အသတ်ခံရပြီ``
``ဗျာ အမလေး `` ဟုကျွန်တော့မှာ နားရင်းနှစ်ဖက်ကို
လက်ဖဝါးများဖြင့်ပိတ်ကာ ---နားတွင်းသို့ မိုးကြိုးစက်ကျသည်
ထင်လိုက်မိရု် ကျွန်တော့်လက်ချောင်းတွေမှာလဲ တဆတ်ဆတ်တုန်နေသည်ကို
တခဏကြာမှ သတိပြုလိုက်မိ၏။ ကျွန်တော်သတ္တိမကြောင်ပါ။ စစ်ပွဲတိုင်း နွဲခဲ့သော
လက်နက်ဘေး ရန်သူ့ဘေးမှ မသေရု် ယခုစာရေးသည်အထိ အသက်ရှင်နိုင်ခဲ့သော
ကျွန်တော့်အဖို့မှာ ပူဆွေးခြင်း ဝမ်းနည်းခြင်း စိုးရိမ်ခြင်းတို့က
ချယ်လှယ်နေကြသည်။
ကျွန်တော်က ချက်ချင်းအသေခံရဲသော ဗမာ့တပ်မတော်ဟောင်း ကြီးနှစ်ဦးကို တိတ်တဆိတ်ရန်ကုန်သို့ စုံစမ်းရန်လွှတ်လိုက်၏။
သုံးရက်ကြာသည့်နောက်တွင် မျက်ရည်ပေါက်ကြီးတွေနှင့် ကျွန်တော့်ရဲဘော်နှစ်ယောက် ပြန်ရောက်လာပြီး---------
``ဗိုလ်ချုပ်တို့ အသတ်ခံရပြီ ဗိုလ်မှုး ---ဗမာပြည်အဘို့တော့
သွားပြီဗျ ---`` ဟုသတင်းလည်းပို့ ချုံးချရု်လည်း ငိုကြွေးလိုက်ပါသည်။
ကျွန်တော်လည်း မရှက်နိုင်တော့ပါ ။ စွဲကိုင်ထားသော ဓါးရှည်ကို မြေပေါ်
သို့ပင်ချလိုက်ပြီး ကျွန်တော်တို့၏ ဘခင်ကြီး ၊အကိုကြီးအတွက် အားရပါးရ
ငိုကြွေးလိုက်သည်။ မင်္ဂလာဆောင်စဉ်--------- သတို့သမီး၏ အဘ
အနေနှင့်လည်းကောင်း ၊ အကိုကြီးအနေနှင့် လည်းကောင်း၊ ဦးဆောင်မှုပေးခဲ့သည့်
ဗိုလ်ချုပ်အောင်ဆန်းအတွက် ကျွန်တော်၏ဇနီး စောချစ်ဦးလည်း မြေဋ္ဌ်
လူးလှိမ့်ကာ ငိုကြွေးနေသည်ကြောင့် သွားရောက် ဖျောင်းဖျလိုက်ရပါသည်။
အလင်းသို့ ထွက်လာခဲ့သော ကျွန်တော့အဘို့ ကျွန်တော်၏အဖေ
အသက်ရှင်နေသော ဗိုလ်ချုပ်အောင်ဆန်းအစား သူပြုစုဦးဆောင်ခဲ့သော--
လွတ်လပ်ရေးကျောက်တိုင်ကြီးနှင့် သူ၏လွတ်လပ်ရေး ဆုလဒ်ကြီး ----
အာဇာနည်ဗိမာန်တို့ကသာ ကျွန်တော့်ကို ဝမ်းနည်းကျေကွဲစွာဖြင့်
---ဆီးကြိုနှုတ်ဆက်နေကြသယောင် ရှိတော့၏။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော်တို့ နောင်တမှာကား---- အချိန်လွန်
ဘဝခြားမှ သေကွဲကွဲရု် ယခုဘဝတွင် ပြန်လည် မဆုံစည်းနိုင်အောင်
ရာဇဝင်ဆောင်စေသည့် နောင်တစ်ခါမှ တမ်းတပူဆွေးစေသည့် နောင်တများသာလျှင်
ဖြစ်တော့သတည်။ ။
၇ွှန်လန်းချမ်းမြေ့ကြပါစေ။။။
** ကိုစိုးနိုင်**
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၈)---- ဤသို့ လုပ်ကြံခဲ့သည်

**ဤသို့ လုပ်ကြံခဲ့သည်**
(ဗိုလ်ဥတ္တမကျော်)
။။။။။(အောက်ပါ
အကြောင်းအရာများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော်
ခေါင်းဆောင်ကြီးများ အား လုပ်ကြံသတ်ဖြတ်မှုတွင် ကိုယ်တိုင်ကိုယ်ကျ
ပါဝင်ခဲ့သော တရားခံ ``ရန်ကြီးအောင်`` ခေါ် မောင်လှထွန်း၏
ပြောပြချက်များဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ
ထိုစဉ်က မည်သို့ ရေတိမ်တွင် နစ်မွန်း ဆုံးရှုံးခဲ့ရကြောင်း ပြန်ပြောင်း
သတိရနိုင်စေရန် ကှုအချက်ကို ပြန်ပြောင်း ဖော်ပြလိုက်ရခြင်း
ဖြစ်ပါကြောင်း)။။။။။
အမည်။ ။ရန်ကြီးအောင်(ခေါ်)မောင်လှထွန်း
အသက်။ ။ ၁၈ နှစ်
လူမျိုး။ ။ မြန်မာ
ကိုးကွယ်သည့်ဘာသာ။ ။ ဗုဒ္ဓဘာသာ
အဘအမည်။ ။ ကိုမောင်ထွန်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများအား
လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သော ကျွန်တော်သည် ခွေလောက်နီးပါး
မိုက်တွင်းနက်မိပါသည်။ ကျွန်တော်တို့ မည်သို့ ကြံစည်ဆောင်ရွက်ခဲ့ သည်ကို
သိရှိနိုင်ရန် ကျွန်တော် အဖြစ်အပျက်များကို ပြောပြလိုပါကြောင်း ။
ကျွန်တော်သည် အုတ်ဖိုမြို့ အရှေ့ အလယ်ကုန်းရွာတွင် လွန်ခဲ့သည့် ၉
-နှစ် ၁၀ -နှစ်လောက်က စပြီး နေထိုင်ပါသည်။ ကျွန်တော် မွေးသည့်အရပ်မှာ
အုတ်ဖိုမြို့ဖြစ်ပါသည်။ ငယ်စဉ်က ကျွန်တော်သည် အုတ်ဖိုမြို့ ဦးစံလှ၏
မြန်မာစာသင်ကျောင်းတွင် တတိယအတန်းထိ စာသင်ဖူးပါသည်။ လွန်ခဲ့သော ၄-လလောက်က
ဂဠုန်ဦးစော အုတ်ဖိုမြို့သို့ လာသောအခါ မင်းတိုင်ပင် အမတ်ဟောင်း ဦးဘရင်၏
နေအိမ်တွင် တည်းခိုပါသည်။ ဦးစော ၏နှမဝမ်းကွဲတော်သူ မတင်ညိုက ကျွန်တော့အား
``နင့်ဦးလေး ဦးစောရောက်နေတယ်-- တစ်ခါမှ မင့်ကို မမြင်ဘူးသေးဘူး။
သွားကြည့်အုံး`` ဟု ပြောပါသည်။ ကျွန်တော်လည်း ဦးဘရင်၏နေအိမ်သို့ သွားရာ
ဦးစောကို တွေ့ရပါသည်။ ဦးစောက ``မင်း ဘယ်ကလဲ``ဟု မေးပါသည်။ ထိုအခါ
ကျွန်တော်က ``အလယ်ကုန်းက ကိုမောင်ထွန်းသား ဖြစ်သည်`` ဟု ပြောရာ ဦးစောက
``မင်း ငါ့ဆီလိုက်နေမလား``ဟု မေးပါသည်။ ကျွန်တော်ကလည်း ``လိုက်နေပါမည်``ဟု
ပြောလိုက်ပါသည်။
နောက်တစ်နေ့တွင် ဦးစော မင်းလှသို့
တရားဟောရန်သွားပါသည်။ ညနေကြတော့ ဦးစောသည် မော်တော်ကားဖြင့်
အုတ်ဖိုမြို့သို့ ပြန်လာပါသည်။ နောက်တစ်နေ့ နံနက် ဝေလီဝေလင်းတွင် အုတ်ဖိုက
ကားသုံးစီးနှင့် ဦးစော ရန်ကုန်မြို့သို့ပြန်လာသည်။ ကျွန်တော်လည်း
သူနှင့်အတူ ရန်ကုန်လိုက်လာပါသည်။ ကျွန်တော်တို့သည် ဦးစော၏ အေဒီလမ်း
ရှိနေအိမ်သို့ ညနေဘက်တွင်ရောက်ရှိပါသည်။ ထိုအိမ်ဋ္ဌ် ကျွန်တော် လည်း ကိုစိန်
ကိုမောင် မြအုန်း တင်ရွှေ ကိုစိုး ကိုကြီးငွေ ရင်ဖေ ရင်မောင်
ခင်မောင်ရင် တို့ကို တွေ့ရ ပါသည်။ ၄င်းတို့နှင့် အတူ နေရပါသည်။
နောက်တစ်နေ့တွင် ရင်ဖေမှာ သူ့အိမ်သူပြန်သွားပါသည်။ တစ်လ လောက်
ဦးစောအိမ်တွင် နေပြီးလျှင် ကျွန်တော်သည် ကျွန်တော်၏ရွာ (အလယ်ကုန်း)သို့
ခေတ္တပြန်ပါသည်။ ရွာတွင် သုံးရက်ခန့်နေပြီး အပြန်တွင် ရန်ကြီးနိုင် ခေါ်
မောင်ထွန်းရှိန်အား အတူလိုက်နေရန် ခေါ်လာခဲ့ပါသည်။ နောက်တစ်လခန့် ကြာသောအခါ
ကိုသက်နှင်း ကိုသုခ တို့ရောက်လာပါသည်။ ကိုဘညွန့်လည်း လာပါသည်။ ထိုအခါက
ကိုဘညွန့်သည် ဦးစော၏ အိမ်တွင် ကြာကြာမနေပါ။ သွားချည် လာလှည့် နေပါသည်။
ကိုသက်နှင်းနှင့် ကိုသုခက ကျိုက်လတ်က ဟုပြောပါသည်။ ကိုဘညွန့်ကတော့
အိုးသည်ကုန်းက ဖြစ်သည်။ ရန်ကြီးနိုင် စိန်မောင်နှင့် ကျွန်တော်တို့သည်
ဦးစောအိမ် နောက်ဖေး အဖီကလေးမှာ နေရပါသည်။
ကျွန်တော်တို့
ဦးစောအိမ်ရောက်ပြီး နှစ်လလောက် ကြာသောအခါ ဦးစောက ကျွန်တော်နှင့်တကွ
ကိုသက်နှင်း ကိုသုခ ရန်ကြီးနိုင် ကိုစိုး ကိုစိန် ခင်မောင်ရင် တင်ရွှေ
စိန်မောင် မောင်မြအုန်းတို့အား ဘုရားကျောင်း ဆောင်သို့ ခေါ်သွားပြီးလျှင်
ငါးပါးသီလ ခံယူစေပါသည်။ ၄င်းနောက် ကိုသုခ ဆိုသည့်အတိုင်း လိုက်ဆိုရပါသည်။
အတိုချုပ်ကတော့ တိုင်းပြည် ဘာသာ သာသနာအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ပါ
မည်။ သစ္စာဖောက်ပါက ငရဲပြည်ရောက်ပါစေ ဟု ပါပါသည်။ ကိုသုခ ရှေ့မှ
ချပေးသည့်အတိုင်း လိုက်ဆိုပြီးလျှင် ကျွန်တော်တို့ အားလုံး
သစ္စာရေသောက်ရပါသည်။ ၄င်းနောက် ``ကျွန်တော်သစ္စာဖောက်မိသဖြင့် ကျွန်တော်၏
ကိုယ်ကို ကျွန်တော် အဆုံးစီရင်လိုက်ပါသည်`` ဟု
ကျွန်တော်ကိုယ်တိုင်ရေးပြီး လက်မှတ်ထိုးရု် ဦးစောလက်သို့ ပေးအပ်ရပါသည်။
ကှုကိစ္စများ ပြီးသည့်နောက် ဦးစောကိုယ်တိုင် ကျွန်တော့အား စတင်းဂန်း
နှစ်လုံးပူး ခြောက်လုံးပူး သေနတ်များ အပစ်သင်ပေးပါသည်။ ကိုခင်မောင်ရင်နှင့်
အခြား သေနတ်ပစ်တတ်သည့် လူများကိုလည်း ဦးစောက ထပ်မံသင်ကြားပေးပါသည်။
ကျွန်တော်သည် အစမ်းသဘောဖြင့် ဓါတ်ဆီပုံး။ ရေနံဆီပုံး လွတ်တို့ကို ချိန်ပြီး
စတင်းဂန်း နှစ်လုံးပူး ခြောက်လုံးပူးတို့ကို အစမ်းအပစ်လေ့ကျင့်ရပါသည်။
။။။။။။။။။ကှုသို့ အပျော်တမ်းစစ်တပ် တစ်ခုသဖွယ် တဒိုင်းဒိုင်း
သေနတ်ပစ်သံများ ကို ထိုအခါက တာဝန်ရှိသူများ မသိရော့သလား ။ သိလျှင်
ဘာကြောင့် ထိုကတည်းက အရေးမယူခဲ့သည်မှာ အတွေးရ ခက်လှပါသည်။။။။။။။။။။
လွန်ခဲ့သည့် တစ်လလောက်က နံနက် ၉ -နာရီလောက်တွင် ကိုဘညွန့်၊
မောင်စိန်၊ မောင်နီ၊ ရန်ကြီးနိုင်၊ တင်ရွှေ၊ လှထွန်း နှင့်
ထွန်းရှိန်တို့သည် လောလီတစ်စင်းနှင့် အေ-အို-ဒီ သို့သွားရောက်ပြီး
ဘရင်းဂန်း အလက်၂၀၀ လောက်ထုတ်ယူလာသည်ကို တွေ့ရပါသည်။ ထိုအခါက ကိုဘညွန့်သည်
ကာကီအင်္ကျီနှင့် ကာကီဘောင်းဘီများကိုဝတ်ရု် ပုခုံးတွင် ပုလိပ်တံဆိပ်များ
တပ်ထားသည်ကို တွေ့ရပါသည်။ မောင်စိန်ကလည်း ပုလိပ်အဝတ်အစား ဘောင်းဘီအင်္ကျ
ီများကိုဝတ်ရု် လက်မောင်းတွင် အရစ်အဖြူ သုံးတန်း တပ်ထားပါသည်။
ကျန်လူများကလည်း ယူနီဖောင်း ဝတ်ထားပါသည်။ ထိုလူများ ယူလာသည့်
ဘရင်းဂန်းများ တင်ထားသော လောလီကားကြီးကို ဦးစော အိမ်ရှေ့ သရက်ပင်အောက်တွင်
ထားပါသည်။ နောက် ထိုကားမှ ဘရင်းဂန်းများကို ဦးစော ဆင်ဝင်အောက်တွင်
ချထားပါသည်။ ၄င်းနောက် ကျွန်တော်တို့သည် ဘရင်းဂန်း သေနတ်များကို အမဲဆီ
သုတ်လိမ်းရပါသည်။ အချို့ဘရင်းဂန်း သေနတ်များကို အသင့်ရှိသော သံစည်များ တွင်
ထည့်ရု် ၈ -နာရီလောက်တွင် ဦးစောအိမ်အနီး ရေကန်ထဲသို့ ချထားကြပါသည်။

။။။။။ထိုလက်နက်များကို (Capt. Bivan ) ၏ အကူအညီနှင့် ကိုဘညွန့်က (I.P) ယူနီဖောင်း ဝတ်လျှက် ထုတ်ယူခဲ့သည်။။။။။။
ကျန်ဘရင်းဂန်း
သေနတ်များကို စိတ်အထင် ထင်းရှုးသေတ္တာ ၇-လုံးခန့်ထဲတွင် ထည့်သွင်းထားသည်
ကိုတွေ့ရပါသည်။ ၄င်းသေတ္တာများကို အိမ်တွင်ထားရှိ ရု် နောက်ထပ် ကျန်သေးသော
ဘရင်းဂန်းသေနတ်များ ကိုလည်း နောက်ထပ်ရောက်ရှိလာသော ထင်းရှုးသေတ္တာများတွင်
ထည့်ကြရပါသည်။ ထင်းရှုးသေတ္တာများတွင် ဘရင်းဂန်းသေနတ်များကို ထည့်ပြီးနောက်
တစ်နေ့တွင်မောင်စိန်က လောလီကားကြီးကိုမောင်းလျှက် တင်ရွှေ ထွန်းရှိန်
မောင်စိုးတို့က ကားပေါ်တွင် စီးလိုက်လျှက် ဘရင်းဂန်းထည့်ထားသော သေတ္တာ ၁၅
လုံးခန့်ကို လော်လီကားကြီးနှင့် တင်ယူသွားပါသည်။ ခင်မောင်ရင်ကလည်း
ဖို့ဒ်ဆင်း ကားမောင်းလျှက် ကိုထွန်းရင် နှင့် အတူ လော်လီကားနောက်က
လိုက်ပါသွားပါသည်။
၎င်းဘရင်းဂန်းများကို
ပြည်လမ်းတစ်လျှောက်ရှိ ဂဠုန်တပ်ခွဲများသို့ သွားရောက်ပို့ဆောင်ထား ကြောင်း
နောင်သောအခါတွင် ကျွန်တော် သိရပါသည်။
နောက် ၁၀-ရက်လောက်
ကြာသောအခါတွင်လည်း ပြည်လမ်း ၁၆ -မိုင်ရှိ အင်္ဂလိပ်စစ်တပ် ခဲရမ်းမီးကျောက်
သိုလှောင်ရေးဋ္ဌာနမှ ယန်းတောင့်သေတ္တာများကို သွားရောက်ထုတ်ယူလာကြပါသည်။ ၄င်း
ယမ်းတောင့်သေတ္တာများကို စိန်မောင် ရန်ကြီးနိုင်နှင့် ကျွန်တော်တို့
ဦးစော၏ အမိန့်အရ ရေကန်ထဲသို့ ချထားရပါသည်။ `
ဇူလိုင်လ ၁၈ ရက်နေ့
ညစာထမင်းစားပြီး ၇ -နာရီခန့်အကြာတွင် ဦးစောက ကျွန်တော့အား
သူ့အိပ်ခန်းသို့ ခေါ်သွားပါသည်။ ၄င်းနောက် ဦးစောက ``မင်းကို ကိုစိုး
ကိုစိန်တို့နဲ့ ထည့်လိုက်မယ် လိုက်သွားပါ-- သူတို့က အပစ်ခိုင်းသည့်အခါ
မင်းကပစ်ရမယ်-- မင်းလိုက်သွားတဲ့အခါ တော်မီဂန်း တစ်လက် ယူသွား ``ဟု
ပြောပါသည်။ ကျွန်တော်ကလည်း ``ဟုတ်ကဲ့`` ဟုပြောရု် ကျွန်တော်၏အိပ်ယာသို့
ပြန်ပြီး အိပ်ပါသည်။`
``ဇူလိုင်လ ၁၉ -ရက်နေ့ နံနက် ၉ နာရီလောက်တွင်
ဦးစောသည် ကျွန်တော်၏ အိပ်ယာတွင် လာပြီး ကျွန်တော့အား ယူနီဖောင်း
ဘောင်းဘီ အင်္ကျီတို့ကို ဝတ်ခိုင်းပါသည်။ ကျွန်တော်လည်း ရန်ကြီးနိုင်၏
ယူနီဖောင်းအစိမ်း တစ်ခုကို အနီးရှိ ကြိုးတန်းပေါ်မှ အဆင်သင့်ဆွဲပြီး
ဝတ်ဆင်ပါသည်။ ထို့နောက် ဦးစောက အိမ်ရှေ့ အင်းယားကန်စပ်သို့ ခေါ်လာပါသည်။
ကန်စပ်တွင်ရှိသော သံစည်ထဲမှ စတင်းဂန်း တစ်လက်ကို ထုတ်ယူခိုင်းရု်
ထုတ်ယူပြီး ဦးစောနှင့်အတူ အိမ်ဘက်သို့တဖန်ပြန်သွားကြပါသည်။
။။။။။။။။ဇူလိုင်လ
၁၉ -ရက်နေ့ နံနက် ၁၀ နာရီတွင် ဝန်ကြီးအဖွဲ့ အစည်းအဝေး ကျင်းပမည်ကို
ဦးစောက ကြိုတင်သတင်းရရှိထားပြီးဖြစ်နေ၏။ ထိုသတင်းမည်သို့ ရရှိပါသည်
ဟူရု်လည်း ဦးစောကဖွင့်ဟ မသွားခဲ့ချေ။။။။။။။
ဦးစော၏ အိမ်ရှေ
့ခန်းတွင် ကိုစိုး ၊ကိုသက်နှင်း ၊ကိုစိန် ၊ကိုသုခ ၊ ကိုဘညွန့် ၊
ကိုနီတို့ကို တွေ့ရပါသည်။ ကိုစိုး ကိုသက်နှင်း ကိုစိန် ကိုသုခ တို့မှာ
ကျွန်တော်ကဲ့သို့ ယူနီဖောင်း အစိမ်းဝတ်ထားပါ သည်။ ကိုဘညွန့်နှင့်
ကိုနီတို့ကတော့ ရိုးရိုးအရပ်ဝတ် အရပ်စား ဝတ်ဆင်ထားပါသည်။ ကျွန်တော်ဝတ်ဆင်
ထားသော ကာကီ အစိမ်းယူနီဖောင်းသည် ယခု တရားသူကြီးရှေ့ရှိ သက်သေခံပစ္စည်း
အမှတ် ၄ -နှင့်တူပါသည်။ ကျွန်တော့ကိုယ်ပိုင် ပစ္စည်း မဟုတ်ရု် သေချာစွာ
မပြောနိုင်ပါ။
ထို့နောက် ကိုစိုးက ကျွန်တော့အင်္ကျီပုခုံး
တစ်ဖက်တစ်ချက်တွင် ခြင်္သေ့တံဆိပ် ပါရှိသော အဝတ်စကို တပ်ဆင်ပေးပါသည်။
ကိုစိုး ကိုစိန် ကိုသက်နှင်း တို့၏ အင်္ကျီ ပုခုံးများဋ္ဌ်လည်း ထိုကဲ့သို့
ခြင်္သေံ့တံဆိပ်တပ်ထားပါသည်။ ကိုသုခ ၏ယူနီဖောင်းတွင် ခြင်္သေ့တံဆိပ်
ကိုမတွေ့မိပါ။ ခြင်္သေ့တံဆိပ် တပ်ပြီးနောက် ကိုစိုးက ဦးထုပ်အပျော့
တစ်လုံးကိုဆောင်းပေးပါသည်။ ကျွန်တော့ကို ဆောင်းပေးသော ဦးထုပ်သည် ယခု
တရားသူကြီးရှေ့ရှိ သက်သေခံပစ္စည်း အမှတ် ၅ နှင့် ဆင်တူပါသည်။
ထို့နောက် ဦးစော၏ အမိန့်အရ ဦးစော၏ အိပ်ခန်းထဲသို့ဝင်ရု် ဦးစော၏ အင်္ကျ
ီချိတ် အောက်က မဂ္ဂဇင်း ဘောက်နှစ်ခုကိုယူလာပြီး အိမ်ရှေ့
ခန်းသို့ပြန်လာပါသည်။ အိမ်ရှေ့ခန်းသို့ ကျွန်တော် ပြန်ရောက်သောအခါ ကိုစိုး
ကိုစိန်နှင့် ကိုသက်နှင်းတို့မှာ တော်မီဂန်းတစ်လက်စီ ကိုင်ထားသည်ကို
တွေ့ရပါသည်။ ကျွန်တော်က သူတို့အား ဘယ်သွားမလဲဟု မေးရာ ကိုစိုးက ``မြို့ထဲ
လိုက်ခဲ့ရမယ်-- ဟိုကျတော့ ငါပစ်ခိုင်းတဲ့အတိုင်း ပစ်ရမယ်-`` ဟုပြောပါသည်။
နံနက် ၁၀ နာရီ အချိန်လောက်တွင် ဦးစောက ကျွန်တော်တို့အား`` အချိန်စေ့ပြီ
သွားကြ သွားကြ `` ဟုပြောပါသည်။ ထိုအခါ ကိုသုခ ကိုစိုး ကိုစိန်
ကိုသက်နှင်း နှင့် ကျွန်တော်တို့သည် ဂျစ်ကားပေါ်သို့ တတ်ပါသည်။
ဂျစ်ကားကို ကိုသုခက မောင်းရု် ကိုစိုးက ကိုသုခ၏ ဘေးတွင် ထိုင်ပါသည်။
ကိုသက်နှင်း ကိုစိန်နှင့် ကျွန်တော်က နောက်မှ ထိုင်ပါသည်။
ဂျစ်ကားပေါ်သို့ရောက်သောအခါ ကိုစိုး ကိုစိန် ကိုသက်နှင်း တို့ သုံးယောက်က
မိုးကာ အင်္ကျီ ကိုခြုံလိုက်ပါသည်။ ကျွန်တော်က ကိုစိုး ကိုစိန် နှင့်
ကိုသက်နှင်းကြားထိုင်နေရု် မိုးကာအင်္ကျီမခြုံပါ။ ထိုအချိန်လောက်တွင်
ကိုဘညွန့် ကိုမောင်ညို ခင်မောင်ရင်တို့သည် မြို့ထဲသို့
ရောက်ရှိနေကြပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ အစည်းအဝေး ထိုင်နေကြကြောင်း
ဦးစောထံ တယ်လီဖုန်းဖြင့် သတင်းပေးပို့သည်ဟု နောင်သောအခါကျမှ ကျွန်တော်
သိရှိရပါသည်။
ကျွန်တော်တို့ ဂျစ်ကားထွက်လာမည် လုပ်သောအခါ
ဦးစောက ``ဂွတ် လဒ် ``ဟု နှုတ်ဆက်ပါသေးသည်။ ကိုစိုးကလည်း ပြန်ရု်
နှုတ်ဆက်ပါသေးသည်။ ထို့နောက် ဂျစ်ကားကို ကိုသုခက မြို့ဘက်သို့
မောင်းလာပါသည်.။ မြို့ထဲသို့ ဂျစ်ကားရောက်လာသောအခါ ကိုစိုး ကိုစိန်
ကိုသက်နှင်း တို့သည် မိုးကာ အင်္ကျီများကို ချွတ်လိုက်ကြပါသည်။
ကျွန်တော်တို့လည်း သေနတ်ဖြင့် ပစ်ရမည့်ရုံးတွင်းသို့ ဂျစ်ကားဖြင့်
ဝင်လာပါသည်။ ရုံးရှေ့လှေကားအနီးတွင် ဂျစ်ကားရပ်ရု် ကိုစိုး ကိုသက်နှင်း
ကိုစိန်နှင့် ကျွန်တော်က ကားပေါ်မှဆင်းပါသည်။ထို့နောက် ရုံးပေါ်သို့
ကိုစိုးက ရှေ့ဆောင်ရု် တတ်ပါသည်။ ကိုစိုးနောက် ကပ်လျှက် ကိုစိန်က
လိုက်ပါသည်။ ကိုစိန်၏နောက် တစ်လံလောက်တွင် ကိုသက်နှင်းက လိုက်ရု်
ကိုသက်နှင်း၏ နောက်မှ ကျွန်တော်က လိုက်ပါသည်။
ဝန်ကြီးတွေ
စည်းဝေးသော အခန်းသို့ ရောက်သောအခါ ကိုစိုး နှင့် ကိုစိန်တို့ ကရှေ့ဆုံးမှ
ဝင်သွားပါသည်။ ကိုစိုးနှင့် ကိုစိန်က အခန်းထဲသို့ဝင်လျှင်ဝင်ချင်း စရု်
၎င်းတို့တွင် ပါလာသော တော်မီဂန်း များနှင့် ရုံးခန်းထဲရှိ
ဝန်ကြီးများကို ပစ်ပါသည်။ ကျွန်တော်နှင့် ကိုသက်နှင်းကလည်း ကျွန်တော်တို့
လက်တွင် ပါလာသော သေနတ်များနှင့် ပစ်ပါသည်။ ကျွန်တော်က ထိုင်ပြီး
စတင်းဂန်းနှင့် ဝပ်နေသောသူများကို ပစ်ပါသည်။ ထို့နောက် အခန်းတွင်းမှ
ကျွန်တော်တို့ထွက်လာပါသည်။ ဝရံတာတွင် ခြောက်လုံးပူး ဖြင့်ရပ်နေသော
လူတစ်ယောက်တွေ့ရ ပါသည်။ ထိုအခါ ကျွန်တော်တို့ ထဲက လူတစ်ယောက်က
``ပစ်````ပစ်`` ဟု ပြောရာ ကျွန်တော်က ကျွန်တော်၏ စတင်းဂန်းနှင့်
တစ်ချက်ဆွဲလိုက်ပါသည်။ ကျည်ဆန် နှစ်ခုသုံးခု ထွက်ပြီး ထိုလူအား ထိပါသည်။
ထို့နောက် ကျွန်တော်တို့လည်း ရုံးပေါ်က ပြေးဆင်း လာကာ အသင့်ရပ်ထားသော
ဂျစ်ကားပေါ်သို့ တတ်စီးပြီး ရုံးဝင်းအတွင်းမှ မောင်းထွက်လာခဲ့ပါသည်။
ဦးစော၏
နေအိမ်သို့ ပြန်ရောက်ကြသောအခါ အိမ်ဝင်းတံခါးကို မောင်တင်ရွှေက
ဖွင့်ပေးနေစဉ် ကိုစိုးက ``မြန်မြန် ဖွင့် မြန်မြန်ဖွင့်``ဟု ကြိမ်းပါသည်။
အိမ်တွင် ဦးစော အသင့်စောင့်နေသည်ကို တွေ့ရပါသည်။ ဦးစောက ``ကိစ္စပြီးပလား
``ဟုမေးရာ ကျွန်တော်တို့အားလုံးက ``ပြီးပါပြီ``ဟု ပြန်ပြောလိုက်ပါသည်။
ထို့နောက် ကျွန်တော်တို့အားလုံး အဝတ်လဲရန် ကိုယ့်နေရာ အသီးသီးသို့
ပြန်သွားကြပါသည်။ လက်နက်များနှင့် အင်္ကျီ များကို ဂျစ်ကား ပေါ်တွင်
ထားခဲ့ပါသည်။ အင်္ကျီ များကို မောင်မြအုံး လာယူသွားရု် လက်နက်များကို
စိန်မောင်က ဘုရားကျောင်းဆောင် သို့ယူသွားပါသည်။ ဦးထုပ်များ တော့
ဘယ်သူယူသွားသည်ဟု မသိပါ။ ကျွန်တော်တို့ အင်္ကျီ လဲပြီးနောက် ကိုစိန်
ကိုစိုး ကိုသက်နှင်း ကိုသုခ တို့က အဖြစ်အပျက်ကို ပြောပြပါသည်။
ကှု်ကဲ့သို့ ပြောနေစဉ် ကိုခင်မောင်ရင်နှင့် ကိုဘညွန့်တို့လည်း
အိမ်သို့ပြန်ရောက် လာပါသည်။ နေ့ခင်းတစ်နာရီ ကျော်တွင် ကျွန်တော်တို့
အားလုံး အဖမ်းခံရပါသည်။ ။
ရေးသူ။ ။ဗိုလ်ဥတ္တမကျော်
ရွှင်လန်းချမ်းမြေ့ပါစေ။
**ကိုစိုးနိုင်**
မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ်
ကို ကြည့်မယ်ဆိုလျှင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။ (LuZein)
၁၃၀၀ ပုဂံနိုင်ငံပျက်
၁၃၀၁ တရုတ်က မြင်စိုင်းကို ရအောင် မသိမ်းနိုင်
၁၃၁၂ ပင်းယမြို့တည်
၁၃၆၂ ဗညားဦး ရွှေတိဂုံ စေတီ ဉာဏ်တော်ကို ၆၆ ပေထိမြှင့်
၁၃၆၄ ရှမ်းဖျက်လို့ ပင်းယ၊ စစ်ကိုင်းပျက်
၁၃၆၅ အဝမြို့တည်
၁၃၆၈ ဇီးတောဆည် ဆောက်၊ မိတ္ထီလာကန် ပြန်ဆည်
၁၃၆၉ မဒမ က နန်းတော်ကို ဗဂိုးပြောင်း
၁၃၇၄ ရခိုင်က မြန်မာမှာ နန်းလျာတောင်း
၁၃၉၀ - ၉၁ ဗောလောကျန်းတော သေ၊ မင်းရဲကျော်စွာ မွေး
၁၄၀၄ ရခိုင်မင်းတွေ ရခိုင်ဘွဲ့အပြင် မဟာမေဒင်ဘွဲ့ကိုလဲယူ
၁၄၃၃ မြို့ဟောင်း (မြောက်ဦး) တည်
၁၄၃၅ ပထမ ဥရောပတိုက်သား နိကိုလိုဒီကွန်တီ ဗဂိုးရောက်
၁၄၃၇ သံတွဲ ရခိုင် လက်အောက်ခံ စဖြစ်
၁၄၄၆ သိုဟန်ဘွား တရုတ်မှာ အညံ့ခံ
၁၄၅၀ ဗညားကျန် ရွှေတိဂုံစေတီ ဉာဏ်တော်ကို ပေ ၃၀၂ ထိမြှင့်
၁၄၅၃ တာ့ခ်တွေ ကွန်စတန်တီနိုပယ်မြို့တော်ကြီးကိုသိမ်း
၁၄၅၃ ရှင်ဥတ္တမကျော်၊ ရှင်သီလဝံသတို့ မွေးဖွား၊ မြန်မာစာပေ ကြီးပွား
၁၄၅၆ အဝက ကန္ဒီစွယ်တော်တိုက်ကို အဖူးအမျှော်သွား
၁၄၆၀ ရှင်စောပု ရွှေတိဂုံ စေတီ ရင်ပြင်တော်ကို ချဲ့
၁၄၇၂ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက ဗုဒ္ဓဂါယာကို အလှူတော် ပို့လွှတ်
၁၄၅၇ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက သာသနာ သန့်စင်ရေး အတွက် သီရိလင်္ကာနဲ့ ဆက်သွယ်၊ ကလျာဏီ
ကျောက်စာ ရေးထိုး
၁၄၉၀ ဗာ့စကိုဒဂါမက အိန္ဒိယ ရေလမ်းကို စပြီး တွေ့ရှိ
၁၅၀၃ တောင်ငူက ကျောက်ဆည်နယ်ကို သိမ်းယူ
၁၅၀၃ မိုးညှင်းက ရွှေဘိုနယ်ကိုသိမ်း
၁၅၀၇ လုဒိုဗိကိုဒီဗာသိမ ရောက်
၁၅၁၉ မဒမမှာ ပုတကေ (ဖုရတုဂုစေေ) တွေ ကုန်တိုက် လာဖွင့်
၁၅၂၃ သိုဟန်ဘွား အဝ မင်းဖြစ်
၁၅၃၉ တပင်ရွှေထီး ဗဂိုးသိမ်း၊ ဗဂိုးမှာ နန်းသစ်ဆောက်
၁၅၄၁ တပင်ရွှေထီး မဒမကိုသိမ်း
၁၅၄၄ တပင်ရွှေထီး မြင်းခြံ အထိ အညာမြန်မာကိုသိမ်း
၁၅၄၆ ငကြည်မြောင်း ဖောက်
၁၅၄၇ မြို့ဟောင်းကို တိုက်လာတဲ့ မြန်မာတပ်ကို မင်းဘင်က တွန်းလှန်
၁၅၄၈ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပထမ အကြိမ် ဝန်းရံတိုက်ခိုက်
၁၅၅၀ တပင်ရွှေထီး လုပ်ကြံခံရ၊ မွန်တွေက မြန်မာကို ဗဂိုးက နှင်
၁၅၅၁ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) ဗဂိုးရ၊ သမိန်ထောကို ကွပ်
၁၅၅၅ ကန္ဒီ စွယ်တော်တိုက်ကို ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က ပူဇော် ကန်တော့လွှတ်
၁၅၅၅ - ၅၉ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က အညာမြန်မာ၊ ရှင်းပြည်၊ မဏိပူရက လင်းဇင်း (ဗိယင်ချန်း)
ထိသိမ်း၊ သူပိုင်တဲ့ နယ်တွင်းမှာ နတ်ကို သားကောင်နဲ့ ယဇ်ပူဇော်တာ၊ လူစတေးတာ တွေကို တားမြစ် ပိတ်ပင်။
၁၅၆၄ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဒုတိယ အကြိမ် ဝန်းရံ၊ မြို့ကိုသိမ်း၊ တနင်္သာရီ မြန်မာ လက်အောက်ခံ
ဖြစ်လာ၊ ဗဂိုးကို မီးရှို့ ဖျက်ဆီး၊
၁၅၆၇ အကြေမြန်မာ (မြစ်ဝကျွန်းပေါ် ဒေသ) မှာ ငတ်မွတ် ခေါင်းပါးတဲ့ ဘေးဆိုက်
၁၅၆၉ အယုဒ္ဓယ (ယိုးဒယား)ကို မြန်မာက တတိယ အကြိမ် ဝန်းရံ၊
၁၅၇၄ - ၇၆ ဟံသာဝတီ ဆင်ဖြူရှင် သီရိလင်္ကာက သမီးကညာနဲ့ စွယ်တော်ရ
၁၅၈၀ခန့် ဓမ္မသတ်ကျော်နဲ့ ကိုးဆောင်ချုပ်ရေးပြီး
၁၅၈၇ - ၉၃ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက စတုတ္တ အကြိမ် ဝန်းရံ၊ ဘာမျှ အရာမရောက်
၁၆၀၀ ရခိုင်၊ ယိုးဒယား ပေါင်းပြီး ဗဂိုးကိုတိုက်၊ အကြေမြန်မာ (မြစ်ဝကျွန်းပေါ်) မှာ ငတ်မွတ် ခေါင်းပါးခြင်း ဘေးဆိုက်၊
နိုင်ငံ အစိတ်စိတ် ပြိုကွဲ၊ ဒီဗရစ်တို တညင်မှာ အခိုင်အမာနေ
၁၆၀၉ ရှင်မဖြူ (ဆာနဒဝိပ) ကျွန်းမှာ ထိဗောင် (ထိဗုာ) အခိုင်အမာ တပ်စွဲ
၁၆၁၃ အနောက်ဘက် လွန်မင်းက မင်းဆက်ကို ခိုင်ခံ့အောင် လုပ်ပြီး တညင်ကိုသိမ်း
၁၆၁၇ မင်းခမောင်းက ရှင်မဖြူ ကျွန်းကိုသိမ်း၊ မာ့ဘ်နဲ့ ပုတကေ (ဖုရတုဂရစေေ) ပေါင်းပြီး ဘင်္ဂလားဒေ့ကို တိုက်ခိုက်
၁၆၁၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ ကိုယ်စားလှယ် ဗဂိုးရောက်
၁၆၂၅ မာ့ဘ် - ပုတေကေ ပေါင်းပြီး ဒက္က (ဓာငငာ) ကို တိုက်
၁၆၂၇ ဒါ့ခ်ျနဲ့ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တွေက မြန်မာမှာ ကုန်တိုက်ဖွင့်
၁၆၂၈ တရုတ်က မြန်မာမင်းကို အခွန်ဘဏ္ဍာ ဆက်ချိန် တန်ပြီလို့ နှိုးဆော်ဖို့ သံစေလွှတ်
၁၆၃၀ မနုသာရ ရွှေမျှဉ်း ဓမ္မသတ် စီရင်
၁၆၃၅ အဝကို မြို့တော်ပြောင်း
၁၆၃၈ သာလွန်မင်းက စစ်တမ်းယူ
၁၆၅၂ - ၆၂ တရုတ်ဘက်က အညာ မြန်မာ နယ်တွေမှာ ဝင်ရောက် လုယက်
၁၆၆၀ ရခိုင်မှာ ပိုက်ဆံ (ဒင်္ဂါး) သွန်းပြီး သုံးစွဲမြဲသုံး
၁၆၆၁ မြို့ဟောင်းမှာ ရှားရှုဂျာ လုပ်ကြံခံရ
၁၆၆၂ ယုန်ဂ်လ အညံ့ခံ
၁၆၆၆ မိုဂါ (ုံဂုလ) တွေ စစ်တကောင်း သိမ်း၊ ဘင်္ဂလားကို မာဘဘ်နဲ့ ပုတကေ ပူးတွဲ ဖျက်ဆီး လုယက်ခြင်း ရပ်စဲ
၁၆၇၇ ဒါ့ခ်ျနဲ့ အင်္ဂလိပ် အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲတွေ မြန်မာနိုင်ငံက ရုပ်သိမ်း
၁၆၈၃ ဒါ့ခ်ျကုမ္ပဏီ တိုက်ခွဲ ရခိုင်က ရုပ်သိမ်း
၁၆၈၇ ဘိတ် (မြိတ်) မှာ အင်္ဂလိပ်တွေ အသတ်ခံရ
၁၆၈၈ ဘိတ် (မြိတ်) ကို ပြင်သစ်က ခေတ္တသိမ်းယူ၊ ပြင်သစ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာဖွင့်
၁၆၉၅ ဖလိဝုဒ့်နဲ့ ဆီလီတို့ အဝကိုရောက်
၁၇၀၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာ ပြန်ဖွင့်
၁၇၂၁ ကက်သလစ် သာသနာပြု လုပ်ငန်းစ
၁၇၂၄ - ၅၀ အညာ မြန်မာဘက် မဏိပူရမှာ လုယက်
၁၇၂၅ မြန်မာက ဇင်းမယ်ကို လက်လွှတ်
၁၇၄၀ ဗဂိုး၊ တညင်၊ မဒမ က မြန်မာတွေ ပြေးခဲ့ရ
၁၇၄၃ မြန်မာက တညင်ရ၊ ပြန်လက်လွတ်၊ မွန်က တညင်ရှိ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုန်တိုက်တွေကို မီးတိုက်
၁၇၄၇ အုတ်ဖိုကွေ့ရှမ်းက မဒရာရှိ မွန်တွေနဲ့ ပူးပေါင်း
၁၇၅၀ အဝမင်းက ယွန်နန်ကို အကူအညီတောင်း၊ မနုရင်း ဓမ္မသတ် ပြုစု
၁၇၅၁ ကျောက်ဆည်ကို မွန်တို့သိမ်း
၁၇၅၂ အဝကို မွန်တို့သိမ်း
၁၇၅၃ အဝက မွန်တို့ထွက်
၁၇၅၄ အဝကို မွန်တို့က အကြီးအကျယ် လာရောက် တိုက်ခိုက်တာကို အလောင်းမင်းတရားက တွန်းလှန်
၁၇၅၅ မွန်တို့က ဟံသာဝတီရောက် မင်းကို ရေမှာဖျောက်၊ အလောင်းမင်းတရား ပြေ၊ မြန်အောင်၊ ရန်ကုန်ကို သိမ်း၊
အင်္ဂလိပ် သင်္ဘောတွေကို ဖမ်း၊ ရန်ကုန်မှာ မီးလောင်၊ ကပ္ပတိန် ဗေကာ သံအဖြစ်နဲ့ အလောင်းမင်းတရားဆီ လာ၊ မဏိပူရကို
ပထမ အကြိမ် ဖျက်ဆီး ရှမ်းက အညံ့ခံ
၁၇၅၅ - ၅၆ တညင်ကို ရံ၊ ပြင်သစ် သင်္ဘောကို ဖမ်း
၁၇၅၆ မနုကျယ်ကို ပြုစု
၁၇၅၆ - ၅၇ ဗဂိုးကိုရံ၊ မွန်တို့ကို အပြီးတိုင်နိုင်
၁၇၅၇ လက်စတာ သံအဖြစ်နဲ့လာ၊ အင်္ဂလိပ်နဲ့ အလောင်းမင်းတရား ညှိနှိုင်းရေး အောင်မြင်
၁၇၅၈ - ၅၉ အလောင်းမင်းတရားက မဏိပူရကို အောင်နိုင်
၁၇၅၉ နာဂရစ် သတ်ပွဲ
၁၇၆၀ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပဉ္စမအကြိမ် ဝန်းရံ၊ တနင်္သာရီကို မြန်မာက သိမ်း၊ အဲဗ်စ်
သံအဖွဲ့ရောက်၊ ရန်ကုန်မှာ အရှေ့အိန္ဒိယ ကုန်တိုက်ဖွင့်
၁၇၆၃ လက်ဝဲသုန္ဒရက မဲဇာတောင်ခြေ ရတု ရေးသား စီကုံး
၁၇၆၄ မဏိပူရကို တိုက်ခိုက်လုယက်
၁၇၆၅ အဝကို မင်းနေပြည် ပြန်လုပ်၊ ဗျာကရိုဏ်းကျမ်း ရေး
၁၇၆၇ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဆဋ္ဌမ အကြိမ် ဝန်းရံသိမ်းယူ
၁၇၆၅ - ၆၉ တရုတ် ကျူးကျော်စစ်
၁၇၇၃ မွန်တွေ ထိုင်းလင်းဘက်မှာ ခိုလှုံ
၁၇၇၄ ဆင်ဖြူရှင်က ရွှေတိဂုံစေတီကို အခုလက်ရှိ ဉာဏ်တော် ၃၂၇ ပေထိ မြှင့်၊ မွန်မင်းကို သုတ်သင်
၁၇၆၈ - ၈၂ ဖြာတက်က ထိုင်းလင်း (ယိုးဒယား) က မြန်မာတွေကို တိုက်ထုတ်
၁၇၇၅ - ၇၇ ကချနဲ့ ဂျိမ်တိယ စစ်ကြောင်းချီတက်
၁၇၇၆ မြန်မာစာ သင်ပုန်းကြီးကို အီတလီမှာ ပုံနှိပ်
၁၇၈၀ မဟာဗန္ဓုလ မွေးဖွား
၁၇၈၃ အမရပူရကို မင်းနေပြည်လုပ်၊ ရန်ကုန်ကို မွန်တို့က ခေတ္တသိမ်း
၁၇၈၄ - ၈၅ ရခိုင်ကိုသိမ်း၊ အရပ်ရပ် ကျောက်စာတွေ စု
၁၇၈၄ စစ်တမ်းကောက်
၁၇၈၅ - ၈၆ ထိုင်းလင်း (ယိုးဒယား) ကိုတိုက်
၁၇၈၇ တရုတ်က မြန်မာကို သံလွှတ်
၁၇၉၀ - ၉၇ မင်းကွန်းမှာ ဘုရားတည်
၁၇၉၄ ရခိုင်မှာ သူပုန်ထ၊ မြန်မာက စစ်တကောင်း ဘက်ကိုဝင်
၁၇၉၅ - ၁၈၀၂ ထိုင်း သံအဖွဲ့ရောက်၊ ချင်းပျံ သူပုန်ထ၊ ရခိုင်တွေ စစ်တကောင်း ဘက်မှာ ခိုလှုံ၊ ကောက်
သံအဖွဲ့ရောက်
၁၈၀၂ သီရိလင်္ကာမှာ အမရပူရ သံဃာဂိုဏ်းရောက်
၁၈၀၃ ကျိုင်းရုံကြီးကို ယိုးဒယား ဘက်က ဝင်ရောက် လုယက် ကျိုင်းတုံက လူတွေ ဖမ်းသွား
၁၈၀၃ - ၁၈၀၉ - ၁၈၁၁ ကဲန်နဒ် သံအဖွဲ့ရောက်
၁၈၀၇ - ၁၆ အညာမြန်မာမှာ ငတ်မွတ်ခြင်းဘေး ဆိုက်ရောက်
၁၈၀၉ - ၁၁ မြန်မာက ကရာကျွန်းစက်နဲ့ ဂျန့်စီလုံကို သွားပြီး လုယက်
၁၈၁၀ ဗုဒ္ဓဂါယာကို မြန်မာက ဘုရားဖူးသွား
၁၈၁၃ မဏိပူရကို ချီတက်၊ ဂျပ်ဆင် မြန်မာနိုင်ငံကို ရောက်
၁၈၁၄ မဒမမှာ မွန်တွေ ပုန်ကန် ထိုင်းလင်းဘက်ကို ဝင်ရောက် ခိုလှုံ
၁၈၁၅ ချင်းပျံ ကွယ်လွန်
၁၈၁၆ အာသမ်ကို မြန်မာက တိုက်ခိုက် အောင်မြင်
၁၈၁၈ မြန်မာက ဘင်္ဂလားကိုလဲ ပိုင်ဆိုင်တယ်လို့ စပြော
၁၈၁၉ မြန်မာက မဏိပူရကို သိမ်း၊ မြန်မာက အာသမ်ကို သိမ်း
၁၈၂၃ အဝကို မင်းနေပြည် ပြန်လုပ်၊ ရှင်မဖြူ (ဆဟာဟပုရိ) ကျွန်းကို မြန်မာက သိမ်း
၁၈၂၄ - ၂၆ အင်္ဂလိပ် - မြန်မာ ပထမစစ် ဖြစ်ပွား၊ ရခိုင်နဲ့ တ နင်္သာရီကို အင်္ဂလိပ်ယူ
၁၈၅၂ အင်္ဂလိပ် - မြန်မာ ဒုတိယစစ် ဖြစ်ပွား၊ အကြေမြန်မာကို အင်္ဂလိပ်သိမ်း
၁၈၅၇ မန္ဈလေးမြို့ စတည်
၁၈၈၅ အင်္ဂလိပ် - မြန်မာ တတိယစစ် ဖြစ်ပွား၊ အညာမြန်မာကို အင်္ဂလိပ် သိမ်း
မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ် ဖြစ်ပါတယ်။
သန်းထွန်း
၂၅၊ ၁၁၊ ၂၀၀၀။
မှတ်ချက်။ ၂၀၀၁ ခုနှစ်၊ ဧပြီလမှာ မုံရွေး စာအုပ်တိုက်က ထုတ်ဝေ ဖြန့်ချိတဲ့ 'ဒေါက်တာ သန်းထွန်း ဖုကုအိုကသွား မှတ်တမ်း'
စာအုပ်က ဒေါက်တာ သန်းထွန်း ရေးသားတဲ့ "မြန်မာသစ်" စာတမ်းမှ ပြန်လည်ကောက်နှုတ်ဖော်ပြပါသည်။ (Lu Zein)
ဗိုလ်ချုပ်အောင်ဆန်း အကြောင်း

**ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၁)**
အမှာ။ ။ကျွန်တော့်တွင် ၁၉၆၆ ခုနှစ် ဇူလိုင်လထုတ်( လွန်ခဲ့သည့်နှစ်ပေါင်း ၄၆ နှစ်က) ကျုံပျော်စာပေက ထုတ်သော ဗိုလ်ချုပ်အကြောင်းစာအုပ်လေးကို ဖတ်ကောင်းလွန်းလှသဖြင့် မိတ်ဆွေထံမှ အပိုင်တောင်းရု် သိမ်းထားကာ သုံးလေးခေါက် ဖတ်ပြီးပေပြီ။ ဖတ်လို့မဝသေးသကဲ့သို့ ဖတ်တိုင်း ဗိုလ်ချုပ်ကို လေးစားအားကျခြင်းများလဲ အစဉ်တိုးနေတတ်သည်။နောက်ပြီး မြန်မာပြည်လွတ်လပ်ရေးကို အသက် သွေး ချွေး ဇွဲ ဝီရိယ လုံလ စိတ်ဓါတ်တို့ဖြင့် ရွတ်ရွတ်ချွံချွံ ပေးဆပ် ယူထားရသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသာမက အားလုံးသော ထင်ရှားသူေ၇ာ မထင်ရှားခဲ့ပဲ ပေးဆပ်ခဲ့သူတွေရော အစဉ်လေးစား ဦးခိုက်မိသည်။ ထို့ကြောင့် ကျွန်တော်သည် အားလပ်ချိန်ကလေးများ ရတိုင်း ကွန်ပြူတာရှေ့ထိုင်ရု် စာအုပ်မှ စာများကို ရိုက်ကာ မိတ်ဆွေများကို ဝေငှချင်သည့် စေတနာများပေါက်လာကာ ကိုယ်တိုင်၇ိုက်ပြီး ဝေငှပါသည်။ အကယ်ရု် ကှုစာအုပ်သည် ပြင်ပတွင် လွယ်ကူစွာ ဖတ်ရှုနိုင်သော ( သို့မဟုတ်) အများစုဖတ်ပြီးသားများဖြစ်နေပါက ကျွန်တော့ကို အကြောင်းပြန်ပေးပါရန်နှင့် ကှုစာအုပ်သည် ရှားပါးစာအုပ်ထင်ရု်သာ အပင်ပန်းခံ ပြီး မျှဝေမိကြောင်း ရိုးသားစွာ မဏာမတင်ပြအပ်ပါသည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ
ကိုစိုးနိုင်
.............................
**ဗိုလ်ချုပ်နှင့် ကျွန်တော်**
(ဗိုလ်တာရာ)
ဘဝ၏အစ။
ကျောင်းခန်းတစ်ခန်းလုံး တိတ်ဆိတ်နေ၏။ ကျောင်းအုပ်ကြီး ဦးလှမောင်၏ ထက်မြက်ပိုင်နိုင်လှသော စကားပြေ ရှင်းလင်းချက် အသံသာလျှင် လွှမ်းမိုးနေတော့၏ ။ ကျွန်တော်တို့ ပျဉ်းမနားမြို့ရှိ ကေ-ဘီ- အမ် အထက်တန်း ကျောင်းကြီး၏ ရှစ်တန်းသင်တန်းကျောင်း ခန်းတွင် ညနေပိုင်းနောက်ဆုံး အင်္ဂလိပ်ဘာသာ သင်တန်း ပေးနေခိုက် ဖြစ်တော့သည်။
ဆရာကြီး ဦးလှမောင် (ဗိုလ်စင်္ကြာ ၏ဦးလေး မစ္စတာ ဂလူ့စမင်း )က ကမ္ဘာကျော် ရှိတ်စပီးယား ကဗျာဆရာကြီး ရေးသားသည့် ယိုမီယိုနှင့် ဂျူးလိယက် ပြဇာတ်ကို စကားပြေ အဓိပ္ပါယ်ရှင်းပြရု် ကောင်းနေခိုက် ဖြစ်ပါသည်။
ကျွန်တော်၏ စိတ်ထဲဝယ် တစ်ချီတစ်ချီ ရှိတ်စပီးယား၏ ကဗျာဂုဏ်နက်နဲမှု လှိုင်းဂယက်ထဲတွင် မြောကာ နစ်ကာ ပြဇာတ်၏ အရသာကို ခံစားရင်း တစ်ခါတစ်ခါ ကျောင်းခန်းထိပ်ရှိ နာရီကြီးကို ကြည့်မိ မြင်မိသည် တွင် ညနေ လေးနာရီထိုးရန် နာရီဝက်သာ လိုတော့သည်ကြောင့် ကျောင်းဆင်းလျှင် ကျွန်တော်၏ အလွန်ဝါသနာ ကြီးသည့် အလေးမ လက်ဝှေ့ထိုးလေ့ကျင့်မှု တို့ကို ပြေးရု်စိတ်စောပြီး ပညာနှင့် ကစားခုံစား မှုတို့ လွန်ဆွဲမှုအကြားတို့ဋ္ဌ် လူးလားတုန့်ပြန် ပါရှိနေလေသည်။
ယိုမီယို၏ ကြေကွဲဝမ်းနည်းဖွယ်ရာ မမှာတမ်းတစ်ပုဒ်ကို စိတ်ဝင်စားစွာလေ့လာရု် အလွမ်း၏ အ၇သာလေးကို ခံစားနေခိုက်တွင် မမြှော်လင့်သော ခြေသံပြင်းပြင်းကြောင့် စာအုပ်မှ မျက်နှာကို အသာခွာရု် ကြည့်လိုက်မိသည်။
အရပ် ၅ ပေ ၃ လက္မခန့်မြင့်ရု် ဘိုကေတိုတိုတွင် ဖိုးရိုးဖားရားဖြင့် ဖီးလိမ်းပြုပြင်မှု ကင်းဝေးခဲ့ကြောင်းကို နီကြောင်ကြောင်အရောင်နှင့် ထိုးထိုးထောင်ထောင် ဖြစ်ပျက်နေသည့် အဖြစ်က အတိုင်းသား ဝန်ခံရု်နေသော အသားနီစပ်စပ် လူတစ်ယောက်ကို စာသင်ခန်းဝတွင် မပြုံးတပြုံးနှင့် တွေ့ရပါတော့သည်။
ပင်နီကြမ်း အပေါ်ဖုံးအင်္ကျီကို ကဘိုကရိုဝတ်ရု် အောက်ခံ ပေါ်ပလင် အဖြူအင်္ကျီမှာလည်း အရောင် သိတ်မပေါ်ပါ။ အောက်ပိုင်းမှ ယောလုံချည်အနက် သာလျှင် အနက်ရောင်မပျက်ကောင်းရု် တော်တော်ဟောင်း နေသည့်အဖြစ်နှင့် ခြေဖဝါးနှစ်ဖက်တွင် လေယဉ်ပျံဖိနပ်ကို စီးထားသည့် ဧည့်သည်တစ်ယောက်ကို ခပ်ကြောင်ကြောင်နှင့် တွေ့ရတော့၏။ ထိုဧည့်သည်၏ ညာဘက်လက်တွင် ရှမ်းလွယ်အိတ်တစ်ခုကို ဆွဲကိုထားသည်ကို တွေ့ရပြီး ၄င်း၏ မျက်နှာမှာ ကရင်လိုလို ချင်းလိုလိုနှင့် သူကလွဲလျှင် အခြားလူများကို ဂရုမစိုက်သည့် မျက်နှာပေါက်မျိုးကို အကဲခတ်ရု် ဧကန်တ ဒီလူဟာ လယ်တီစံကျောင်း (ကျွန်တော်တို့ကျောင်း အနောက်ဘက်ဋ္ဌ် ကပ်လျှက်တည်ရှိသည်)ကို လာဖူးရင်း ဒို့ကျောင်းသားတွေကို စာသင်ပုံမမြင်ဘူးရု် ခေတ္တဝင်ကြည့်သည့် တောနယ်က ဧည့်သည်တစ်ယောက်ပဲ`` ဟုမှတ်ချက်ချကာ ခပ်အေးအေး နေလိုက်ပါသည်။
ကျောင်းအုပ်ကြီး ဦးလှမောင်က စိတ်ပါလက်ပါ သင်ကြားနေသော အင်္ဂလိပ်ဘာသာကို ခေတ္တရပ်နားလိုက်ပြီး မျက်မှန်ကို နေသားတစ်ကျပြန်လည်ရု နှာခေါင်းရိုးပေါ်သို့တင်ကာ အခန်းဝသို့ ခြေသံပြင်းပြင်းနှင့် ရဲရဲဝန့်ဝန့် လာရပ်ဝံ့သည့် ထိုဧည့်သည်လူထူးကို စူးစူးစိုက်စိုက် လှည့်ကြည့်လိုက်တော့သည်။
ဆယ်စက္ကန့်လောက်ကြာမှ ကျောင်းအုပ်ကြီးက ဗြုန်းကနဲ သတိရဟန် ဖြင့် အားရပါးရ ပြုံးလိုက်ပြီး အခန်းဝဆီသို့ ခပ်သွက်သွက်လှမ်းသွားကာ ထိုဧည့်သည်၏ ပုခုံးကို ခပ်ဆတ်ဆတ်လေး ပုတ်လျှက် ---
``မင်း ဘယ်တုန်းက ရောက်နေသလဲဟေ့---- အမယ်လေးကွာ --- ဘာသံမကြား ညာသံမကြားနဲ့``
``ခုဘဲ``
မျက်နှာ နီစပ်စပ်နှင့် အခန်းဝရှိ ဧည့်သည်က ခပ်တိုတို မပွင့်တပွင့်နှင့် ဖြေဆိုလိုက်သည်။
ကှုတွင် ဆရာကြီး ဦးလှမောင်က ``အေး အေး --နေဦး မင်းကို ငါ့တပည့်တွေနဲ့ မိတ်ဆက်ပေးရဦးမယ် ကိုင်း အထဲ လာစမ်း---``
သူ၏ဝါသနာ အတိုင်း ကျောင်းအုပ်ကြီးက ဝမ်းသာအားရနှင့် ထိုဧည့်သည်၏ ဘယ်ဘက်လက်ကို ဆွဲကိုက်ရု် အခန်း၏ အလယ်သို့ ဆွဲခေါ်ခဲ့ပြီး -
`` ဟေ့ ငါ့တပည့်တို့ ဒီဟာပေါ့ကွ--- သေသေချာချာ မှတ်ထား မင်းတို့ ကျောင်းသားတွေရဲ့ ခေါင်းဆောင် သခင်အောင်ဆန်းဆိုတာ ပေါ့ကွာ -- ဟဲ ဟဲ ဟဲ``
ထိုအခါကျမှ ဟိုကရင်လိုလို ချင်းလိုလို မျက်နှာ နီစပ်စပ် တောကျကျ ဧည့်သည်မှာ ကျွန်တော်တို့ ခေါင်းဆောင် ကိုအောင်ဆန်းမှန်းသိလိုက်ရတော့သည်။
သခင်အောင်ဆန်းကလည်း ကျွန်တော်တို့ကျောင်းသားတစ်သိုက် ဘယ်ပြန်ညာပြန်ကြည့်ရု် မပြုံးတပြုံးနှင့် တဟဲဟဲ အရယ်ကလေးရယ်လိုက်တော့ သည်။ ကျောင်းသားတွေကလည်း ဘာသဘောမှန်းမသိ တဟဲဟဲ နှင့် ပြန်ရု်ရယ်သူရယ် တခွီးခွီးနှင့် ပါးစပ်ပိတ်ရု် ရယ်သံများ၏ အသံများပါ ထွက်ပေါ်လာတော့သည်။ အနားရှိ ကျောင်းသားတစ်ယောက်က ``ဒါလားကွ ကျောင်းသား ခေါင်းဆောင် လူကြည့်ရတာ ဘယ့်နှာကြီးမှန်း မသိဘူး အချိုးအစားမကျ ဂွကျကျကြီး`` ဟုမှတ်ချက်ချလိုက်သည်။
ကျွန်တော့ အဘို့မှာတော့သခင်အောင်ဆန်းအား လူထဲမှလူတစ်ယောက်အနေနှင့် တွေ့ရပြီး ဆက်ဆံပုံ ဝတ်ပုံစားပုံ ထူးခြားချက် ဂွကျကျ အမူအရာ ကိုလက်ဦးဆုံး ပထမ မှတ်သားမိလိုက်ရု် ``သြော် နိုင်ငံရေးသမားခေါင်းဆောင် ဆိုတာ ဒီလိုပါလား ``ဟူရု် မှတ်ချက်ချမိလိုက်ပါတော့သည်။
**နိုင်ငံရေးသံသရာ ၏ လမ်းကူး**
ကျွန်တော်ကား နိုင်ငံရေး ရောဂါ ရခဲ့ပေပြီ--------------။
ကျောင်းသားခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ခဲ့လေပြီ--------------။
ထိုမှ တစ်ဆင့် ခရိုင်ဒို့ဗမာအစည်းအရုံးဋ္ဌ်လည်း အမှုဆောင်တစ်ဦးအဖြစ် နိုင်ငံရေးဇာတ်ခုံသို့ တတ်ရောက်မိတော့သည်။ ဗမာ့တပ်ရုံးတပ် ခရိုင်ရဲ စည်းအုပ် တာဝန်ကိုလည်း သဘောတွေ့တွေ့ မနောခွေ့ ရု် ကျောင်းစာတွေမေ့ခမန်း တာဝန်တွေယူမိပြန်သည်။
ထို့ကြောင့် ယခုအခါဋ္ဌ် ရန်ကုန်ဗဟိုလ် ဒို့ဗမာအစည်းအရုံးသို့ သာယာဝတီမြို့တွင် ကျင်းပမည့် ညီလာခံကျင်းပရေး စီစဉ်မှု အစည်းအဝေးသို့ တတ်ရောက်ရန် ပျဉ်းမနားအပိုင်မှ ကိုယ်စားလှယ်အဖြစ်နှင့် သခင်သိန်းမောင် (ဖြုတ်ခွဲ)နှင့် ကျွန်တော် ရန်ကုန်ဘူတာကြီးသို့ ဆိုက်ရောက်ခဲ့ပြန်သည်။
မီးရထားကကျပ် ခရီးကလည်းရှည်ရု် ကျွန်တော်တို့ နှစ်ယောက်စလုံး ပင်ပန်းနွမ်းနယ်နေကြးသည်---။ ရေကျော်ဘက်သို့ ကျွန်တော်တို့နှစ်ယောက်ကို ဆွဲပြေးနေသော လန်ခြားကုလားကား ခြေကုန်နေပုံရအောင် နှေးသည့်အတွက် ထမင်းဆာနေသည်ကြောင့် ဒေါသထွက်နေသူ သခင်သိန်းမောင်က``ဂျာလတီး ဂျာလတီး``ဟု အတင်းနှင်နေသည်။ ဘေးမှ ကျွန်တော်က ``ဗျို့ဆရာ သိတ်ဂျာလတီးမနေနဲ့ ဘေးက ကားတွေကိုလည်းကြည့်ဦး`` ဟုဝင်ရောက်ဖျောင်းဖျရင်း ရေကျော်ရှိ ဒို့ဗမာအစည်းအရုံးသို့ ဟောဟော ဒိုင်းဒိုင်းဆိုက်ရောက်ခဲ့သည်။ ရုံးကြီးပေါ်တွင် ပုပုကွကွ၊ ရှည်ရှည် မဲမဲ ဖြူဖြူ ပုံသဏ္ဍန် အမျိုးမျိုးဖြင့် ဗမာတစ်ပြည်လုံးရှိ သခင်ကိုယ်စားလှယ်တွေ ဆင်းချီ တတ်ချီနှင့် ခြေရှုတ်နေကြလေသည်။

ကျွန်တော်တို့နှစ်ယောက်က ကိုယ့်သားရေအိတ် ကိုယ်ဆွဲရု် ရုံးကြီးပေါ် သို့ တတ်ရောက်ခဲ့ပြီး စုံစမ်းရေးဋ္ဌာန ဧည့်ခံကော်မတီဟူသော ဆိုင်းဘုတ်များရှိရာသို့ ခပ်သွက်သွက် ခြေလှမ်းခဲ့ပြီး ကျွန်တောတို့၏ သက်ဆိုင်ရာလက်မှတ်နှင့် အစီရင်ခံစာများကို တင်ပြလေသည်။ မျက်မှန်တဝင့်ဝင့်နှင့် အသက်သုံးဆယ်အတွင်း ရှိ ဆံပင်တိုတိုညှပ်ထားသော စုံစမ်းရေးဋ္ဌာန တာဝန်ခံက ကျွန်တော်တို့ လက်မှတ်များကိုစစ်ဆေးပြီး ဧည့်ခံရေး ဋ္ဌာနသို့ ပို့လေသည်။ ထိုဋ္ဌာန တာဝန်ခံက ကျွန်တော်တို့ကို ကြည့်ရု် ``ကောင်းပြီလေ---``ဟု ပါးစပ်မှ တစ်ခွန်းတည်း မှတ်ချက်ချလိုက်လေသည်။ ကျွန်တော်တို့က နေရာထိုင်ခင်း ချပေးလိမ့်မည်ဟူသော တွေးလုံးနှင့် အသာစောင့်နေသည်။ သို့ရာတွင် နောက်ထပ်ဘာမှ နောက်ဆက်တွဲ မှတ်ချက်မပေါ်လာ။
ဆယ်မိနစ်ခန့်တိုင် သားရေအိတ်ကိုယ်စီကိုင်ကာ စောင့်နေရသော်လည်း ဘာမှစကားပြန်မရသည့် အဆုံးတွင် ကျွန်တော်က ဧည့်ခံကော်မတီရဲဘော်ထံသို့ ``ဘယ့်နှယ့်လဲဗျို့ လုပ်စမ်းပါဦး -- ကျွန်တော်တို့ ဘယ်မှာတည်းရမလဲ--``
ကှုတွင် ဧည့်ခံရဲဘော်ကြီးက ဘိုရှုးတိုတိုကလေးကို အသာကုတ်ကာ စုံစမ်းရေးရဲဘော်ထံသို့ ``ဟောဒီမှာ သခင်လေးမောင် ---ပျဉ်းမနားရဲဘော်တွေက မေးနေပြန်ပြီဗျ --။ ဟဲဟဲ သူတို့ သခင်ဆိုတဲ့အဓိပ္ပါယ် မသိကြသေးဘူးထင်တယ် --ပြောရမှာ ခက်တယ်ဗျာ``ဟုညီးညီညူညူ ရယ်မောရင်း လှမ်းပြောလိုက်ပြီး ``ဟော ဟိုဘက်ခန်းမှာ ကံကောင်းရင် နေရာလွတ်ကလေး ရှိပါလိမ့်မယ် ဒီလိုပေါ့ဗျာ --ကြည့်ပြီးနေကြပေါ့``ဟု တစ်ဖက်ခန်းသို့ လက်ညှိုးထိုးပြသောကြောင့် ကျွန်တော်တို့က ထွက်ခွာရန် ချေလှမ်း ပြင်လိုက်စဉ် -- သခင်လေးမောင်က ``ခင်ဗျားတို့ပစ္စည်းတွေ နေရာချထားပြီးရင် --အထွေထွေ အတွင်းရေးမှုး ဆီသွားပြီး တစ်ဆိတ် အစီရင်ခံလိုက်ကြဦးဗျို့``ဟု လှမ်းပြောလိုက်သေး၏။
ကျွန်တော်တို့ နှစ်ယောက် စိတ်တိုတိုနှင့် အလုပ်အမှုဆောင်များ အလုပ်လုပ်နေရာ ခန်းမကြီးသို့ ခပ်တင်းတင်း ဝင်ရောက်ခဲ့သည်--။ ဒေါင့် တစ်ဒေါင့်ရှိ စားပွဲရှည်ကြီးတွင် မျက်မှန်ဝိုင်းကြီးဖြင့် သခင်စိုး။ စာကုန်းရေးနေသော သခင်သန်းထွန်း ။ သခင်စံထွန်းလှစသည့် ဧရာမခေါင်းဆောင်ကြီးများကို တွေ့ရပြီး စားပွဲတစ်လုံးတွင် ရေးမှတ်နေသည့် သခင်အောင်ဆန်းနှင့် အခြားရဲဘော်နှစ်ယောက်ကို တွေ့ရကာ --အထွေထွေ အတွင်းရေးမှုး ဟူသော စာတမ်းကြောင့် သူတို့ စားပွဲရှိရာသို့ ချဉ်းကပ်မိခဲ့သည်။ ပြီးလျှင် ကျွန်တော်တို့က အစီရင်ခံစာများကိုထုတ်ရု် သခင်အောင်ဆန်းရှေ့မှောက် တင်ပြလိုက်သည်။ တခဏတွင် သူက စာကုန်းရေးနေရာမှ ဖျပ်ကနဲ မော့ကာ ကြည့်လိုက်ပြီး ----
``ခင်ဗျားတို့ ဘယ်ကလဲ ဆိုစမ်း``
``ကျွန်တော်က ပျဉ်းမနားခရိုင်ကလေဗျာ၊ ကဲ အစီရင်ခံစာ ဖတ်ကြည့်ပေတော့။
``ခင်ဗျားတို့ ရုံးဆင်းခါနီးမှ ဘာလို့လာသလဲ၊ သိပ်ဂွကျတဲ့ လူတွေ``
မဆီမဆိုင် သခင်အောင်ဆန်းက စရ်ျဆူပါတော့သည်။ သခင်သိန်းမောင်ကလည်း နဂိုကပင် ကျွဲမြီးတိုနေရာ ပိုမိုဒေါပွလာပြီး ``ခုမှ မီးရထားဆိုက်တယ်၊ ခု ခင်ဗျားတို့ဆီရောက်တယ်၊ ခုလို---ခင်ဗျားက အချောက်တိုက် နောက်ကျတယ်လို့ဆူနေတာ ဘာကောင်းးသလဲဗျ``ဟု မခံမရပ်နိုင် ပြန်ပက်လေတော့၏။ သခင်အောင်ဆန်းကလည်း ရှူးရှူးရှဲရှဲ ဖြစ်လာပြီး---
``ဘာဖြစ်လို့ ခင်ဗျားတို့ ရက်စောစောကြိုမလာတာလဲ၊ ဒီမှာ ကျုပ်တို့တတွေ ဘယ်လောက် ခင်ဗျားတို့အတွက် ခေါင်းရှုပ်နေရသလဲဆိုတာသိရဲ့လား``ဟု ခုနှစ်မောင်းတင်လာပြန်တော့သည်---။ ကျွန်တော့်တွင် ``ဘယ်လိုလူစားတွေနဲ့ တွေ့ရပြန်ပြီလဲ`` ဟု နိုင်ငံရေးသမားမဟုတ်ဘဲ လူမိုက်ကန်းကန်းတွေလို လူစားဟူသောအတွေးနှင့် ရှေ့စခန်းကို စဉ်းစားနေခိုက်တွင် စားပွဲကြီးမှ သခင်စိုးက ကြားဝင်ရ်ျ ``ဒီမှာ---သခင်အောင်ဆန်း ဖြေးဖြေးမှ စကားပြောပါ၊ ဒီလူတွေ ခရီးပန်းလာကြတယ်ထင်တယ်၊ ရဲဘော်တို့ ထမင်းသွားစားကြအုန်း၊ ပြီးမှ အေးအေးဆေးဆေးပြောကြပေါ့ဗျာ``ဟု ဖြန်ဖြေလိုက်သည်တွင် အားလုံးသဘောတူပြေအေးသွားတော့၏။ ကျွန်တော်တို့နှစ်ယောက်လည်း ကိုယ့်ပစ္စည်းများကို စနစ်တကျ ပြန်လည်ထားရှိရန်---တည်းခိုခန်းလုပ်ထားသော အခန်းထဲသို့ စိတ်ဆိုးဆိုးနှင့် ပြန်ဝင်ခဲ့သည်။
ကျွန်တော်တို့နှစ်ယောက်က ရေမိုးချိုးပြီး အ၀တ်အစားလဲကာ -- ရေကျော်ရပ်ရှိ အစည်းအရုံးနှင့် ခပ်နီးနီး ဗမာထမင်းဆိုင်တစ်ဆိုင်ရှိရာသို့ ခပ်သွက်သွက်ချေလှမ်းတင်ခဲ့၏။ သပ်သပ်းယပ်ယပ် ခင်းကျင်းထားသော လေးယောက်စား စားပွဲများဖြင့် သန့်ရှင်းပုံရသည့် ရုပ်ချောချော မိန်းမသုံးဦးတို့ ရောင်းချနေသော ထမင်းဆိုင်ဝသို့ ချေစုံရပ်ကာ နေရာထိုင်ခင်းရှာမိသည်။ သို့ရာတွင် နေရာကွက်လပ် မရှိသလောက် ထမင်းစားချိန်ဖြစ်ရု် -- လူကျပ်နေသည့်အတွက် နောက်ပိုင်းသို့ ပြန်လှည့်မည်အလုပ်တွင် ---
``ဟေ့လူတွေ လာကြ ဒီမှာ နှစ်ယောက်စာ နေရာရှိတယ်``
ထမင်းပလုပ်ပလောင်းစားနေသည့် လူအုပ်ထဲမှ အသံတစ်သံကြောင့် ခြေလှမ်းတွန့်သွားရာမှ ဂရုတစိုက်ဖိတ်ခေါ်ရာသို့ ပြန်ကြည့်မိသည်တွင် ကျွန်တော်တို့နှစ်ယောက်ကို တမင်ကလာ ခေါ်နေသူမှာ ဗဟိုလ်ဒို့ဗမာ အစည်းအရုံးကြီးမှ အထွေထွေအတွင်းေ၇းမှု ဘောက်ဆရာကြီး သခင်အောင်ဆန်းဖြစ်နေတော့ သည်။ သူက ပါးစပ်က ခေါ်ရုံတွင်မကသေး သူနှင့်ထမင်းလွေးနေသော သခင်စိုး ကပါ ကမန်းကတန်းထလာကာ အခန်းဒေါင့်ကျကျ သူတို့ထိုင် နေရာတွင် ကုလားထိုင်နှစ်ခု ပြင်ဆင်ပေးနေမှုကြောင့် ကျွန်တော်တို့နှစ်ယောက်မှာ အားနာစွာနှင့်ပင် ထမင်းဆိုင်ထဲသို့ စွတ်ဝင်ခဲ့မိသည်။ သခင်အောင်ဆန်းက ထမင်းရောင်းသူ မိန်းမငယ်တစ်ဦးကို ထမင်းနှစ်ပွဲ ဝက်သားဟင်း စသည်တို့ကို လှမ်းမှာရင် ရယ်ရယ်မောမောနှင့် ကျွန်တော်တို့ နှစ်ဦးအား နှုတ်ဆက်ရု် အလ္လာပ သလ္လာပ စကားပြောတော့၏။
ထိုအခါကျမှ သခင်သိန်းမောင် ပြုံးလာဘော်ရ၏။ ကျွန်တော့အဘို့ ယခင် သခင်အောင်ဆန်းကို တွေ့စက တော်တော် အပေါက်ဆိုးသောလူ တစ်ယောက်ဟု သဘောထားခဲ့သည့်နောက် ယခုထမင်းဆိုင် တွင် တော်တော်ဖော်ဖော်ရွေရွေ တွေ့ရပြန်သဖြင့်---အစဉ်းစားရ ကျပ်ရလေ၏။
သခင်အောင်ဆန်းက ကျွန်တော့ကို ဂရုတစိုက်ခြေဆုံးခေါင်းဆုံးကြည့်ကာ ``နေပါဦးဗျ ခင်ဗျားကို ကျုပ်ဘယ်တုန်းကလဲမသိဘူး မြင်ဘူးပါတယ်```
``ခင်ဗျား ကျုပ်တို့ ကေ-တီ-အမ် ကျောင်းလာတုန်းက ဖြစ်မှာပေါ့။ ဆရာကြီးလှမောင်နဲ့ လာတွေ့တုန်းကလေ`` ကျွန်တော်က ကူညီထောက်ပေးမှ---
``ဟား ဟား ဟား ဟုတ်တယ် ဟုတ်တယ် အခုမှ အမှတ်ရတယ် ၊ ဒါနဲ့နေပါဦး ၊ ခု ခင်ဗျား ကျောင်းနေတုန်း လား ``
``ခု ၁၀ တန်းမှာပေါ့ဗျ -- တဖက်က နိုင်ငံရေးလုပ်ပြီး တဖက်က ကျောင်းနေသေးတယ် --ဆိုစမ်းပါဦး ဘယ်လိုဝေဖန်ဦး မလို့လဲ``
``ကျုပ်က ဒီလိုလူမျိုးတွေ ရှာနေတာ ---- နေပါဦး ---- ခုခင်ဗျားအသက် ဘယ်လောက်လဲ--လူကောင်က ထွားသလောက် မျက်နှာက နုနေလို့ဘဲ---``
စူးစူး စိုက်စိုက် ဖြင့်ကြည့်ကာ ကျွန်တော့ကို စစ်တမ်းထုတ်ပြန်တော့သည်။
ကျွန်တော်က လက်ဆေးခွက်တွင် လက်ကိုဆေးကာ နှစ်ရင်း ``ဆယ့်ရှစ်နှစ် ထဲမှာဘဲ``ဟု ထမင်းဆာနေသည်ကြောင့် ခပ်တိုတိုဖြေလိုက်ပါသည်။
သို့ရာတွင် သခင်အောင်ဆန်း အလိုက်ကန်းဆိုးမသိပါ။ သူကထမင်းစားနေသော ဇွန်း ခရင်းကို ပစ်ချလိုက်ပြီး ဝမ်းသာအားရနှင့်----
``ဟေ့---- သခင် ခင်မောင်ဦး ခင်ဗျားကျုပ်ကို ကတိပေးရမယ်-- မပေးရင်မနေရဘူး သိလား ခင်ဗျားနိုင်ငံရေးကို ကျုပ်နဲ့အတူ မခွဲတမ်းလုပ်ရမယ် ကျုပ်လုပ်သမျှ ခင်ဗျားလိုက်လုပ်ရမယ် ပြောစမ်း``
သူ၏ ညာဘက်လက်ကို ကျွန်တော့်ဆီသို့ ကမ်းပေးရင်း အတင်းကတိတောင်းသည်ကြောင့် ကျွန်တော့်မှာ မတတ်သာသည့်အဆုံးတွင် လက်ဆေးနေသော ကျွန်တော်၏ ညာဘက်လက်ကို ပြန်ရု် သူ့လက်တွင်းသို့ ပေးလိုက်ပြီး
``ကောင်းပါပြီဗျာ --- ခင်ဗျားခင်ဗျားဆန္ဒ အတိုင်း ပြည့်စုံပါစေ့မယ် ကျွန်တော် ကတိပေးအပ်ပါပြီ``
ဘေးမှ ထမင်းလွေးနေသော သခင်စိုး ၊ အလုပ်အမှုဆောင်အချို့နှင့် နယ်မှ သခင်အပေါင်းတို့က ထမင်းစားပွဲများကို ပုတ်ကာ လက်သီးလက်မောင်းတန်းရု် ``ဒို့ဗမာကွ အောင်၇မယ်`` ဟူသော ဆူညံစွာ ကြွေးကြော် ချီးကျူးသံများက ထမင်းဆိုင်ကလေးကို တခဏအတွင်း ဖုံးလွှမ်းလိုက်ပါသည်။
အငွေ့တထောင်းထောင်းနှင့် ကျွန်တော့ရှေ့လာချသော ထမင်းပန်းကန်ကို ကျွန်တော်က ဆာလောင်စွာဖြင့်ကြည့်ရု် ဟင်းပန်းကန်အလာကို စောင့်မျှော်နေမိသည်။ ဗြုံးကနဲ သခင်အောင်ဆန်းက သူ့ထမင်းပန်းကန်ထဲက ဝက်သားတုံးကြီးတစ်တုံးကို မပြောမဆိုနှင့် ကျွန်တော်၏ထမင်းပန်းကန် ထဲသို့ ထည့်ပေးရင်း ----
``စားဗျာ --- စားဗျာ---- ခင်ဗျားဆာနေရော့မယ်--``
သို့ရာတွင် ကျွန်တော် မှန်သည့်အတိုင်းဝန်ခံရလျှင် ထမင်းစားချင်စိတ်ပျောက်သွားပါပြီ။ အကြောင်းမှာ သခင်အောင်ဆန်း အနည်းငယ်ဖဲ့ထားပြီးသား ၀က်သားတုံးကို ကျွန်တော်စားလိုသည့်ဆန္ဒမရှိပါ။ ကျွန်တော်
ငယ်ငယ်ကတည်းက ကြောင်တတ်သောဗီဇ(၀ါ) ရွံတတ်မှုက ကျွန်တော့်ကိုကောင်းကောင်းကြီး ဒုက္ခပေးလေ၏။ ဤကား သခင်အောင်ဆန်း၏ ဒုတိယမြောက် အလိုက်ကန်းဆိုး မသိမှုပင်။ ထို့ကြောင့် ဟင်းပန်းကန်လာချသည်တွင် ကမန်းကတန်း ကျွန်တော်က ဟင်းတုံးတတုံးကိုဆယ်ကာ သူပေးထားသော ဟင်းတုံးလိုလို အမှတ်တမဲ့စတင် စားသောက်ရင်း သခင်အောင်ဆန်း၏ ထမင်းစားရင်း နားမညည်းတမ်းပြောနေသော ဗမာ့နိုင်ငံရေး သဘောတရားကို နားစွင့်မိပါတော့သည်။
(ဆက်လက်ဖော်ပြပါမည်)
**ကိုစိုးနိုင်**
........................................
**ဗိုလ်ချုပ်အောင်ဆန်း အကြောင်း (၂)**
**သခင်ဝါဒလှိုင်းယဉ်သာမှာ**
``ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို လေးစားပါ၊ ဒို့စကားကို လေးစားပါ။``
ဒို့ဗမာအစည်းအရုံး ဆောင်ပုဒ်ကြွေးကြော်သံကား ဗမာပြည်တစ်ဝှမ်းလုံးလိုလိုပြန့်နှံ့မြူးကွန့်လျက် နိုင်ငံရေးတက်ကြွနေခိုက် ဖြစ်တော့သည်။ ထိုလှိုင်းယဉ်သာဌ် ကျွန်တော်လည်း ဗမာ့လွတ်လပ်ရေးကို လိုချင်ရမက်အားကြီးသူပြီပြီ၊ သခင်တစ်ယောက်အနေဖြင့်၎င်း၊ ဗမာ့လက်ရုံးတပ်သားတစ်ယောက်အနေဖြင့်၎င်း၊ ကျောင်းသားသမဂဂရဲဘော်တစ်ယောက်အနေဖြင့်တဖုံ ကူးသန်းကာ မြူးတူးရင်း အထက်ပါဒို့ဗမာဆောင်ပုဒ်ကို အနုလုံပဋိလုံ နှလုံးသွင်းလျက် သာယာဝတီညီလာခံကြီးသို့ သခင်အောင်ဆန်းတို့နောက်မှ တတ်ရောက်ခဲ့လေ သည်။
ဒို့ဗမာသီချင်းကို ဝိုင်- အမ်- ဘီ သခင်တင်က တရားစင်ထိတ်မှ အာဘောင်အာရင်းသန်သန်ဖြင့် တိုင်ကာပေးလျှက် တရားစင်ရှေ့ဋ္ဌ် ပင်နီအင်္ကျီအုံးခွန်ရောင် နီဝါဝါနှင့် ပါးစပ်တွင် ကွမ်းသွေးကြောင်းများနှင့် အလွန်ထင်ရှားသော သခင်စိုးက ဒေါပါ မာန်ပါနှင့် လက်သီးလက်မောင်းတန်းကာ လိုက်ဆိုလျှက် သခင်အောင်ဆန်းက ခပ်မှန်မှန် မျက်လုံးမှေးကာ စာရွတ်သလို သီချင်းလိုက်ဆိုနေသည်ကို မှတ်သားလိုက်မိပါ၏။ သူတို့နောက်တွင် ကျွဲကော်ကိုင်း မျက်မှန်ဖြင့် သခင်လှဖေ (ဗိုလ်လင်္ကျာ) ပင်နီအင်္ကျီ ခပ်နုနုဖြင့် သခင်အောင်သန်း (ဗိုလ်စင်္ကြာ) တို့အပြင် သခင်သန်းဖေ သခင်ဗသိန်းကြီးတို့တစ်သိုက် သီချင်း သံပြိုင်လိုက်နေသည်ကို ကြည့်ရင်း ကျွန်တော်သည် ဗမာပြည်ကြီး လွတ်လပ်ရေးကို မရနေ လုပ်တော့မည် ဟူသော အဓိဋ္ဌာန် ဆုံးဖြတ်ချက် ချလိုက်မိတော့သည်။
ညီလာခံဒုတိယနေ့တွင် ဟောဟော ဒိုင်းဒိုင်း မိုးကြီးက ရွာချလိုက်သည်ကြောင့် မဏ္ဍပ်တွေမလုံဘဲ မိုးယိုရု် တရားပွဲကို ခေတ္တရပ်နားလျှက် ဒို့ဗမာ ဗဟိုလ်အမှုဆောင် ရဲဘော်ကြီးများမှာ ပြင်းထန်လှသော မိုးပေါက်ကြီးများ၏ ဒဏ်ကို အမြန်ဆုံးသင်ဖြူးဖျာများဖြင့် ခေါင်းပေါ်တင်ကာ ကာကွယ်ရင်း ဒုက္ခစရိယာ ကျင့်နေသည်။
ထိုအခိုက်တွင် ခပ်နောက်နောက်သခင်တစ်ဦးက ``ကဲ ကဲ ရဲဘော်တို့ မိုးတိတ်အောင် ဒို့ဗမာ ကမ္မဝါ ဖတ်ကြစို့`` ဟုသတိပေးကာ သူကိုယ်တိုင်က ဒို့ဗမာသီချင်းကို ကမ္မဝါစာဖတ်သလို ဋ္ဌာန် ကရိုဏ်းကျကျ ``တကောင်း အဘိရာဇာ အစချီရု် ``ဒို့ဗမာ ကမ္မဝါဖတ်သည်တွင် သခင်အပေါင်းတို့လည်း ခေါင်းမြီးခြုံ သင်ဖျာများအောက်မှ တညီတညွတ်တည်း ဒို့ဗမာ ကမ္မဝါကို မာန်ပါပါ ဋ္ဌာန်ကရိုဏ်းကျကျ ဝိုင်းဖတ်ကြသည်ကို မဏ္ဍပ်တစ်ခုလုံး တဟားဟား ပွဲကျနေတော့၏.။
တစ်ညဉ့် ဆွေးနွေးပွဲတွင် ကျွန်တော်ဝင်ရောက်ဆွေးနွေးရန် အလှည့်ကျလေ၏.။ လက်ရုံးတပ်သားတွေ အစောင့်ချထားသော ဆွေးနွေးခန်းထဲတွင် ကိစ္စတစ်ခုကို အကြောက်အကန် ညင်းနေကြသော အမှုဆောင်လူကြီးများနှင့် နယ်ကိုယ်စားလှယ်တစ်သိုက်ကို တွေ့ရသည်။ ကျွန်တော်က သူတို့အုပ်စုထဲသို့ ဝင်ရောက်ထိုင်မိသောအခါ ဆွေးနွေးပွဲအလယ်ကောင်တွင် မှောက်လျှက်အိပ်ကာ တစ်စုံတစ်ခု စဉ်းစားလွန်နေသော သခင်အောင်ဆန်းကို တွေ့ရပါတော့သည်။
အမှုဆောင်တစ်ဦးက သခင်လှဖေဘက်သို့လှမ်းရု်`` ဘယ့်နှယ့်လဲ သခင်လှဖေ --- သခင်အောင်ဆန်းရဲ့ ----အကြမ်းဖက်မှု လုပ်ငန်းစဉ်ကို လက်ခံနိုင်ပါ့မလား ``ဟုတွေဝေ စဉ်းစားနေသော သခင်လှဖေသို့ စကားစပေးလိုက်ပါသည်။
သခင်လှဖေက မျက်လုံးကလေးနှစ်ခု အသာပင့်ကာ ကျွန်တော့အားကြည့်လိုက်ပြီး ``ဒီမှာ သခင် ခင်မောင်ဦး ကျုပ်တို့ အတွင်းရေးမှုးလုပ်သူ သခင်အောင်ဆန်းက ဗမာ့လွတ်လပ်မှုမှာ လက်နက်ကိုင် တော်လှန်ရေးဟာ အဓိကဖြစ်လို့ သခင်မှန်သမျှ လက်နက်ကိုင်တပ် သဘောမျိုးဖြစ်အောင် ကြိုးပမ်းကြဘို့ အဆိုကို သူကိုယ်တိုင်သွင်းမယ်လို့တဲ့။ သခင်ခင်မောင်ဦးသဘောကော ဘယ်လိုရသလဲ-----``
``ဒီနည်းဟာ ဗမာ့လွတ်လပ်ရေးရဘို့ သေချာတယ်ဗျို့ ---လက်နက်ကို လက်နက်ချင်းယှဉ်ပြိုင်ဘို့ရှိတယ်------ ဗမာ့လွတ်လပ်ရေးမှာ အကြမ်းမဖက်ဘဲ အောင်မြင်ဘို့ စိတ်မကူးလေနဲ့``
ကျွန်တော်က ဖြေလိုက်သည်တွင် ဘေးကအမှုဆောင်တသိုက်က သြဘာပေးလိုက်သည်။
``လုပ်ကွာ---ဘိုးအောင်ဆန်းလူတစ်ယောက် လာပြန်ပြီဟေ့``

သို့ရာတွင် ၀မ်းလျားမှောက်နေသော သခင်အောင်ဆန်းက မတုန်မလှုပ်၊ ဘေးကပရိသတ်ကို သူ့စိတ်ထဲဌ် ရှိသည်ဟူ၍ပင် ထင်ဟန်မတူ။
မနေနိုင်သော သခင်ပုကြီးက သခင်အောင်ဆန်း၏ လက်မောင်းကိုတို့ကာ ``ဟေ့---ရဲဘော်ရဲ့ မင်းရဲ့အဆိုကို ထပြီးတခါ ရှင်းပြစမ်းပါအုန်းကွ``
မျက်လုံးပေကလပ်ပေကလပ်နှင့်စဉ်းစားနေသော သခင်အောင်ဆန်းကား နမက္ပတိအရေးမစိုက်၊
သူ့ဘာသာ စဉ်းစား၍ကောင်းတုန်းပင်။ ဘေးက အမှုဆောင်တသိုက်ကသာ သူ့အဆိုကိုဝေဘန်ကာ ကုလားတိုက်ကျားကိုက်ခမန်း အခြေအတင်ဆွေးနွေးနေတော့သည်။
ည ၉ နာရီထိုးသည်အထိ သခင်အောင်ဆန်းကား ဝမ်းလျားမှောက်လျှက် စကား ကားနတ္ထိ။ ဆွေးနွေးပွဲသာ အချိန်ကုန်ရု်ရုပ်သိမ်းလိုက်ရသည်။ သခင်အောင်ဆန်းကား မှောက်လျှက် မလှုပ်မရှက်။
တစ်ခါက ဋ္ဌာနချုပ်တွင် သခင်အောင်ဆန်းနှင့် မျက်နှာချင်းဆုံမိပြန်သည်။ ဒီတချီတွင် သူက စကားသွက်လှတော့၏။ သူက ကျွန်တော့ကို တော်တော်ချစ်နေသည်။ သူ့ညီကလေးလိုသဘောထားရု် သခင် ခင်မောင်ဦးအစား ``ဟေ့ ကောင်လေး`` ဟုနာမ်စားတပ်ကာ ကျွန်တော့ကို ခေါ်ဝေါ်နေပြန်သည်။
``တွေ့တွေ့ချင်း ---``ဟေ့ ကောင်လေး ငါ့ကို လဘက်ရည်တိုက်စမ်း ``ဟု ခပ်တည်တည် အမိန့်ပေးသည်ကြောင့် ကျွန်တော်ကလည်း စေတနာ မတွန့်တိုပဲ ``လာလေဗျာ ခင်ဗျား အဝနှိပ်ရမယ် နော် ----အလှမလုပ်နဲ့``
သူက ဟန်ဇားလုံခြည် တစ်ပတ်နွမ်းကလေးကို ကဗျာကရာ ပြင်ဝတ်လိုက်ပြီး တဟီးဟီး ပြုံးပြုံးကြီးနှင့် ကျွန်တော်တို့နှင့်အတူ လဘက်ရည်ဆိုင်သို့ တပြုံကြီးဝင်ရောက်ခဲ့ကြလေသည်။
` ကျွန်တော်လည်း အစားကြီးသူဖြစ်ပါသည်။ ကာယ ဗလတောင့်တင်း လေ့လာသူဖြစ်ရု် အစားကိုအရှုံးမပေးသလောက် ဒီ့ပြင် ကျွန်တော့်ရဲဘော်များကိုလည်း စားစေလိုလှသည်။ ထို့ကြောင့် သခင်အောင်ဆန်းတို့ကို မုံ့ လဘက်ရည်တို့ကို ခွက်ဆင့်ဧည့်ခံလိုက်၏။ကျွန်တော်နှင့် မိတ်ဆွေတစ်ယောက် သခင်အောင်ဆန်းနှင့် ရုံးအမှုဆောင်နှစ်ယောက် ပေါင်း ငါးယောက် မထတမ်း အဝစား အဝသောက်ကြသည်မှာ နောက်ဆုံး ကျွန်တော် ငွေနှစ်ဆယ်ကျော် စာရင်းတွင် ပေးလိုက်ရတော့၏။ ကှုတွင် ကိုယ်တော်မြတ်က မကျေနပ်သေး သူ့ရုံးခန်းထဲသို့ခေါ်ကာ တော်လှန်ရေးအဘိဓမ္မာကို ကျွန်တော်နှင့် ကျွန်တော့မိတ်ဆွေကို အတင်းနားထောင်စေ၏ ဆွေးနွေးပွဲတုန်းက တေမိလက်သစ် သခင်အောင်ဆန်းနှင့် ယခုလေဖောနေသော အောင်ဆန်းတို့၏ အဖြစ်ဘဝကား ကွာခြားလွန်းလှ၏. သူ၏ တော်လှန်ရေးလမ်းစဉ်ကား မဆုံးတော့ပြီ။ ဗမာပြည်တော်လှန်ရေး အိန္ဒိယတော်လှန်ေ၇းတို့ကို မူတည်ရု် ကမ္ဘာ့တော်လှန်ရေးကြီးပါ မကျန် အတင်းနားထောင်စေ၏။ ကျွန်တော်တို့တတွေ လဘက်ရည် ခွက်ဆင့်ချခဲ့သည့် ဒဏ်ကြောင့် ဆီးကြောတွေ တင်းနေရု် အပြင်တပိုတပါး သွားလိုသဖြင့် --ခေတ္တ မတ်တတ်ရပ်လိုက်သည်ကိုပင် သခင်အောင်ဆန်းက ခွင့်မပေး။ `` ဟေ့ ကောင်လေး ထိုင်စမ်း နားထောင်စမ်းကွ----------ဟိုတိုင်းပြည်က တော်လှန်ရေးခေါင်းဆောင်ဟာ `` ဟုအစချီရု် တော်လှန်ရေး အဋိကာကြီး ဖွင့်နေပြန်တော့်၏။ ကျွန်တော်၏ မိတ်ဆွေကိုလည်း သူကချမ်းသာမပေး သူ့ခမျာ သခင်အောင်ဆန်းကိုအားနာရု် အပေါ့အလေးပင် စွန့်ခွင့်မရ။ ကြာတော့ စားပွဲအောက်မှနေရု် ကျွန်တော့်မိတ်ဆွေက ကျွန်တော့ကို လက်ကုတ်ရု ``ခက်ပြီလကွာ``ဟု အချက်ပေးလေတော့၏ ။မည်မျှကြာအောင် တော်လှန်ရေးတရားတော်--- နားဆင်ရသည်မသိ။ တစ်ဖက်ခန်းမှ သခင်တင်မောင်က ``ဗျို့သခင်အောင်ဆန်း ဒီ့ပြင်အိပ်နေတဲ့လူတွေကို တဆိတ်အားနာပါဦးဗျ-- အိပ်ချိန် လွန်သွားပြီ ဟီးး----``
မတတ်သာသည့်အဆုံးတွင် ဘေးက အိပ်ချင်နေသော သခင်ဘစုက ထကာ ပွက်တော့မှ သခင်အောင်ဆန်းက မကျေမနပ်ပုံဖြင့် ``သိပ်ခက်တဲ့လူတွေ အိပ်ဘို့လောက် အားထားနေတဲ့လူတွေ ``ဟု မြည်တွန်ရင်း ကျွန်တော်တို့ကို လူစုခွဲလိုက်ရတော့၏။ သူစကားပြောချိန်သိပ်မကြာ။ ညနေ လဘက်ရည်သောက်ပြီး လေးနာရီမှ ည ၁၁ နာရီ လေးဆယ်မိနစ် အထိသာဖြစ်ပါသည်။
ကျွန်တော်၏ ရဲဘော်မှာ ဆီးစပ်သို့ ရှုံ့မဲ့မဲ့နှင့် နှိပ်ရင်း ``သောက်ကျိုးနဲ လူဗျာ-- သူ့ဖြင့် မမော မပန်း တခါတလေမှ မထဘဲစကားပြောနိုင်တယ်။ ခု ကျုပ်ဖြင့် ဆီးအောင့်နေပြီ`` ဟု သခင်အောင်ဆန်း၏ ဇွဲကြီးပုံကို ရှုံ့ရှုံ့မဲ့မဲ့နှင့် ချီးကျူးသံထွက်ပေါ်လာပြန်၏။
*****************************************************************************
**ဘဝအလယ်မှ ဟိုင်နန်ကျွန်း**
``ရဲရဲတောက် ဒို့ဗမာပြေ သတ္တိခဲတွေ ရာဇဝင် ထိုးလောက်အောင် စွန့်ပေ------``
ဗမာ့လက်ရုံးတပ် စစ်ချီစစ်တတ် သီချင်းသံကား ဂျပန်တို့၏ စစ်ချီသီချင်း ``မိရိုတိုခိုင်နော်`` နှင့် နပမ်းလုံးနေကြတော့၏။ ဟိုင်နန်ကျွန်း ``ဆန်းင``စစ်စခန်း တနေရာဠ်ကား ဗမစကား ဂျပန်စကား သဒ္ဒါမမှန်သော အင်္ဂလိပ်စကားသံများဖြင့် မိုးမွှန်နေတော့သည်။
``လူတွေကြည့်တော့ နှုတ်ခမ်းမွှေး မုတ်ဆိတ်ဖားဖား အသားနက်မှောင်ရု် ကုလားရုပ် ပြောတော့ဗမာစကား ဂျပန်စကားကို အင်္ဂလိပ်ဘာသာစွက်ရု် ဘယ်လိုလူစားတွေလဲ မသိရအောင် ဝတ်ဆင်ထားတော့ ဂျပန်စစ်ဝတ်စစ်စားတွေမို့ ဒို့ကို မြင်ရတဲ့လူတွေကတော့ လူတစ်မျိုးတွေ လူမျိုးတစ်ရာ့တစ်ပါး မှာ ဒို့ပါ တစ်ရာ့နှစ်ပါး လူမျိုးကွ``
တခါက ကျွန်တော်တို့ အဖြစ်အပျက်ကို လေ့ကျင့်ခန်း ဆင်းရာဋ္ဌ်ဝေဖန်မိကြရင်း ဗိုလ်မြဒင်၏ မှတ်ချက်မှာ ကျွန်တော်တို့၏ ဘဝမှန်ကို မှန်ထဲဋ္ဌ် အကွင်းသားပြနေသည်နှင့် တူတော့၏။
သခင်အောင်ဆန်း ဦးစီးသည့် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီး၏ အမြုတေတို့ စုဝေးပေါက်ဖွားရာ ဟိုင်နန်ကျွန်းစစ်စခန်းတစ်နေရာမှ ရဲဘော်သုံးကျိပ်တို့ကို စိတ်ဓါတ်မကျဆင်းစေရန် သခင်အောင်ဆန်း သခင်အောင်သန်း သခင်လှဖေ တို့က ကွပ်ကဲအားပေးနေခိုက်ပင်။
ကျွဲ နှင့် နွားနှင့် ပြိုင်ကာ စစ်ပညာတတ်မြောက်မှုအတွက် အရွယ်နှင့်မလိုက်အောင် ပင်ပန်းနေကြသည်။ ဒိုင်းအိပန် ဒိုင်းနီဟန် ဒိုင်းစံပန် (အမှတ် ၁ အမှတ်၂ အမှတ် ၃ တပ်ခွဲ)များအနက် သခင်အောင်ဆန်းက ဒိုင်းစံပန် အမှတ် - ၃ တပ်ခွဲဋ္ဌ် စစ်ပညာသင်ယူရင်း တဖက်က ဗမာ့လွတ်လပ်ရေး စီမံကိန်းကို ရေးဆွဲကာ တဖက်က ဂျပန်စစ်ဘက် နိုင်ငံရေးထိတ်တန်းပုဂ္ဂိုလ်ကြီး များနှင့် နိုင်ငံရေး ပရိယာယ် လွန်ပွဲကျင်းပရသေး၏။ တချီတချီ သူက ကှုချောင်ကျကျ အညတရ စစ်စခန်းမှ ဂျပန်ပြည် တိုကျိုမြို့ပေါ်သို့ စစ်ရေးဆွေးနွေးပွဲ အတွက် ခရီးထွက်ရသေး၏။ ကျွန်တော်တို့ တတွေသာ ဟိုင်နန်ကျွန်း၏ ငှက်ဖျားတောထဲဠ် ခြင်ကိုက် မှတ်ကိုက်ခံရင်း ရွံ့နွံ ဆူးရစ်ခြုံများမှနေရု် အမြောက်ကြီး အမြောက်ကလေးတွေကို ကျောပိုးကာ ဗမာ့ လွတ်လပ်မှုဒဏ်ကို မချိတင်ကဲ ခံနေကြရ၏။
(ဗိုလ်စင်္ကြာ) သခင်အောင်သန်း ၊ ဗိုလ်လင်းယုံ၊ ဗိုလ်အောင်ဆန်းနှင့် ကျွန်တော်တို့လေးယောက်မှာ ဂျပန်နှစ်ယောက်နှင့် တခြင်ထောင်ထဲတွင် စုအိပ်ခဲ့ရသည်။ ကျွန်တော်နှင့် ဗိုလ်လင်းယုံသာ ခြင်ထောင်ခင်း အိပ်ရာသိမ်း တာဝန်ယူရရု် သူတို့လူကြီးနှစ်ယောက်က ကျွန်တော်တို့ကို ``ကောင်ကလေးတွေ ဒါတွေလုပ်ဦးကွ`` ဟုအတွင်သာ ခိုင်းလေ့ရှိသည်။ တချီတချီတွင် ကျွန်တော်တို့ ထမင်းချက်အလှည့်တွင် သခင်အောင်ဆန်းမှာ ကန့်လန့်ကန့်လန့် ပါလာသည့်အတွက် ဂျပန်ဆရာတွေကို ကျွန်တော်တို့ခေါင်းဆောင်ကြီးအား ကှုသို့ထမင်းချက် မခိုင်းရန် သွားရောက်တောင်းဆိုမိသည်။ ဂျပန်ဆရာများ ကရှုးရှုး ရှဲရှဲ ဒေါပွကာ ``ခေါင်းဆောင်ကော ဘာကော နားမလည်ဘူး ခုအချိန်ဟာ စစ်သားတွေပဲ စစ်သားမှန်ရင် စစ်တပ်တာဝန်ကိုလုပ်ရမယ်`` ဟုပြတ်တောင်းစွာပြောဆိုသည်တွင် ဗိုလ်ချုပ်အောင်ဆန်းက ကြားဝင်ရု် ``မင်းတို့ ဘာမှမပြောကြနဲ့ ဟုတ်တယ် စစ်သားဟာ စစ်သားဘဲကွ``ဟု အတင်းဖြေရှင်းလိုက်သည်။

ထို့ကြောင့်သူ့ကို ကျွန်တော်တို့တတွေက ထမင်းချက်လုပ်ငန်းတွင် အိနြေ္ဒအရဆုံး အသက်သာဆုံးဖြစ်သော ပန်းကန်ဆေး စားပွဲခင်းတာဝန်ကို ပေးအပ်ကာ ကျွန်တော်တို့ လူတစ်စုမှာ ချွေးတလုံးလုံးနှင့် ထင်းပေါက် ရေခပ် ထမင်းအိုးတည်နှင့် အတော်ကလေးပင်ပန်းလိုက်ရ၏။
လူနာတင် ထမ်းစင်လိုလို စင်ကလေးတစ်ခုပေါ်တွင် ဆရာကြီးတွေအတွက် ထမင်းဟင်းများ ပုဂံ တူ လက်သုတ်ပုဝါ အစုံဖြင့် ပြည့်နှက်နေအောင်ဆင်ပြီး အရှေ့မှ လန်ကွတ်တီမှတပါး အခြားမဲ့ကိုယ်တုံးလုံးနှင့် သခင်အောင်ဆန်း နောက်က ဗိုလ်အောင်ဒင်က စင်ကလေးကိုထိမ်းရင်း--------- စစ်မြေပြင် လူနာကောက်သလို ဂျပန်ဆရာကြီးတွေ (ဗိုလ်ကြီးတွေ) ရှိရာသို့ ထမင်းပို့သွားသည်ကို သတိရမိ၏။ ဗိုလ်စောအောင်မှာ လေ့ကျင့်ခဏ်းက ပင်ပန်း စိတ်က ဆင်းရဲသည်ကြောင့် ဆရာကြီးတွေထံ ထမင်းသွားပို့သည့် လုပ်ငန်းကို ဗမာပြည် အညာအရပ်က မသာကစားသလို ထမ်းစင်လေးကို မြှင့်လိုက် ဆွဲလိုက် ကစားပြီး ပါးစပ်က မသာဆိုင်းတီးကာ စိတ်ထင်ရာလုပ်နေသည်ကြောင့် ရှေ့မှ သခင်အောင်ဆန်းခမျာ မှာ အနေရ အသွားရခက်ပြီး ``ဟေ့ တော်ပါတော့ကွ တော်တော်ကြာ မှောက်ကျကုန်လို့ သောက်စကားများကုန်မယ်`` ဟု တောင်းပန်သည်ကို ကျွန်တော်တို့တတွေမီးဖိုထဲမှ မြင်ရရု် အူနှိပ်အောင် ရယ်မိကြပါသည်။
ဂျပန်ဆရာတွေမှစရု် ဂျပန်စစ်ကျောင်းသားတွေကပါ ကျွန်တော်တို့ရဲဘော်သုံးကျိပ် ဗမာကျောင်းသားတွေကို နည်းအမျိုးမျိုး ပုံအမျိုးမျိုးနှင့် နှိမ့်ချ ညှင်းဆဲကြလေသည်။ အစားအသောက်က ဝက်စာကျွေးသလောက်မှ မဟန်သည့်အထဲတွင် လေ့ကျင့်ခဏ်းက အဆမတန် ပြင်းထန်မှုအဆုံးတွင် ရဲဘော်တိုင်း၏ မျက်နှာမှာ မခံရပ်နိုင် ။တစုံတခု ပြတ်ပြတ်သားသား လုပ်ချင်စိတ်များ အထင်းသား ပေါ်လွင်နေတော့၏။ ကှုအချိန်တွင် သခင်အောင်ဆန်းက ဗမာရဲဘော်အားလုံးကို အားလပ်ချိန်တွင် စုရုံးစေပြီး ``ငါ့ညီတိုက သတိထားကြပါကွာ ဒို့အကြံအစည် အထမြောက်တော့မှာ သိတ်မဝေးတော့ဘူး -- သေရင်မြေကြီး ရှင်ရင် ရွှေထီးပေါ့ ---သီးခံကြပါ ဒီတချီ ဒို့တတွေ စွမ်းဆောင်မှုသတ္တိ ၊ဂုဏ်ထူးနဲ့ ဗမာ့ရာဇဝင် တခေတ်ပြောင်းလိုက်ကြရအောင် `` ဟုပြုံးပြုံးရွှင်ရွှင်နှင့် သြဝါဒပေးမှုကြောင့် ကျွန်တော်တို့တတွေ၏ ဒေါသတွေ မကျေနပ်မှုတွေမှာ သခင်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် အရေပျော်ကုန်တော့သည်။ ဂျပန်ကျောင်းသားတွေက ကျွန်တော်တို့အပေါ် စော်ကားမောက်မာမှု တိုးရု် တိုးရု်လာသည်။ ကျွန်တော်တို့ လူငယ်ပိုင်းက သခင်အောင်ဆန်းတို့ လူကြီးပိုင်းတွေ အသိမပေးဘဲ တိတ်တဆိတ်စည်းဝေးကြပြီး ဂျပန်ကျောင်းသားထဲက အစွာဆုံး ``နော်ဟာရား ၊ နမ်ဘ `` ကှုနှစ်ကောင်ကို ဗိုလ်မင်းခေါင် ဗိုလ်ဇင်ယော်တို့နှင့် အစချီ ရန်ဖြစ်စေတော့၏။ ဗလုံးဗထွေး ဖြစ်နေခိုက်တွင် ကျွန်တော်တို့ ဗမာကျောင်းသားတွေက ဘေးမှ ဖျဉ်သလိုလုပ်ပြီး ဂျပန်နှစ်ကောင်ကို ဝိုင်းချုပ် ကိုင်ပေးလိုက်၏။
မကြာမီ ကျောင်းအုပ်ကြီး ကာဝါရှီးမား ရှေ့မှောက် ဂျပန် ၊ ဗမာကျောင်းသားတွေ အတန်းစီရောက်ရလေ၏။ ကျောင်းအုပ်ကြီးက သိတ်အရှည်မပြောပဲ ဗမာ ဂျပန်ကျောင်းသားများ ညီအကိုများ ဖြစ်ကြရု် တစ်ဦးနှင့်တစ်ဦး သီးခံရန် ဆုံးမကာ သခင်အောင်ဆန်းတို့ကို ချန်လှပ်ခဲ့ပြီး ကျွန်တော်တို့ကို တန်းဖြုတ်ပြန်လွှတ်လိုက်သည်။
တခဏမျှကြာလျှင် ဗမာကျောင်းသားများကို သခင်အောင်ဆန်းကစုပြီး လူငယ်ပိုင်းခေါင်းဆောင် ဗိုလ်အောင် ဗိုလ်ရန်နိုင်နှင့် ကျွန်တော့်ကို မဲတင်းကာ ``မင်းတို့ ညံ့လို့ ဒီလိုရန်ဖြစ်၇တာ`` ဟုစွတ်စွဲရု် သဲသဲမဲမဲ ဖိကြိမ်းပါတော့သည်။ ဗိုလ်အောင်နှင့် ဗိုလ်ရန်နိုင်တို့ကား ခေါင်းကြီးတွေငိုက်ဆိုက်နှင့် ဘာမှပြန်ရှင်းဘော်မ၇။ ကြာသော်မနေနိုင်သည့်အဆုံးတွင် ကျွန်တော်က------``ကျွန်တော်တို့ကို စော်ကားလွန်းလို့ ကျွန်တော်တို့စီစဉ်ပြီး ပြန်ချလွှတ်လိုက်တယ် ခင်ဗျားတို့ လူကြီးတွေမကျေနပ်ရင် ကျွန်တော်တို့ကို ကြိုက်သလိုတီးပေတော့ --`` ဟု သတိအနေနှင့် ရင်ကော့ကာ ခပ်ပြုံးပြုံးဖြေလိုက်မိပါတော့၏။ ကှုတွင်မှ သခင်အောင်ဆန်းနှင့် သခင်လှဖေတို့က စိတ်ဆိုးရာမှ ဗြုံးကနဲ ပြုံးပြုံးကြီးတွေဖြစ်လာပြီး ``မင်းတို့ တော်တော်ရှုတ်တဲ့ အကောင်လေးတွေ -- အချိန်မကျသေးဘူးကွ သူတို့ကို မလုပ်နဲ့အုန်း`` ဟု ဂျပန်-ဗမာ ရုံးရင်းဆန်ခတ် မှုကြီး ပလပ်ခဲ့ကြလေသည်။
စစ်လောက တစ်ခုလုံးတွင် ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်အမှတ်မိဆုံးအချိန်မှာ ဟိုင်နန်ကျွန်း၏ ကျွန်တော်တို့နောက်ဆုံးဘိတ် စစ်လေ့ကျင့်ခဏ်းဆင်းသည့်နေ့ပင်တည်း။ ဂျပန် ဆရာကြီး ဆရာလေးလုပ်သူများက ဂျပန်-ဗမာကျောင်းသားတို့၏ စိတ်ဓါတ် စစ်ပညာလေ့ကျင့်မှု ဇွဲ ရှိမရှိ စုံစမ်းရန် အထူးတလည်စီစဉ် ကာထားသော ခရီးရှည် တိုက်ပွဲကြီးဖြစ်လေသည်။ နံနက် ၅ နာရီမှ တပ်ခွဲ သုံးခွဲ ခွဲကာ ကျောင်းအုပ်ကြီးကိုယ်တိုင် မြင်းများစီးရု် ကွပ်ကဲ အုပ်ချုပ်ကြပြီး ဟိုင်နန်ကျွန်း၏ အရှေ့ပိုင်း ရေတပ်စခန်းမှစရု် တိုက်စစ်ဆင်စေ၏။ ဗိုလ်မင်းခေါင်နှင့် ဗိုလ်ဘုန်းမြင့်တို့က အရှေ့ဖျားကင်းထောက် ။ ကျွန်တော်က ရှေ့ဖျားတပ်ခွဲ တပ်စိပ်မှုးအဖြစ်နှင့် တပ်ခွဲမှုးအဖြစ် သခင်အောင်ဆန်းက အုပ်ချုပ်ရု် ချီတတ်တိုက်ခိုက်ကြသည်။ ဆရာတွေ ပြောပုံဆိုပုံအရ စစ်ကြောင်းခရီးမှာ မိုင်လေးဆယ်ဟု သိလိုက်ရရု် ကျွန်တော် မျက်လုံးပြူးသွားပါသည်။
ရှေးဦးဆုံးရန်သူကင်းနှင့် ကျွန်တော်တို့တပ်ဖွဲ့များ စတင်တွေ့ရှိရု် တိုက်ခိုက်ကြပြီးနောက် -ဗိုလ်မင်းခေါင်နှင့် ရှေ့ဖျားကင်းတပ် ဂျပန်ဆရာတို့ ရန်ဖြစ်ကြတော့၏။ ဂျပန်ဆရာက သူထင်တိုင်းခိုင်းမ၇ရု် ဗိုလ်မင်းခေါင်ကို ဆဲသည်။ ဗိုလ်မင်းခေါင်က မောပန်းနေရာတွင် ဆဲရမည်လားဟု ဆရာကို ဆဲရုံမက သေနတ်နှင့်ရိုက်မည် ပြုသည်ကြောင့် ၄င်းကို ကျွန်တော့်နေရာသို့ပို့ပြီး ကျွန်တော့မှာ အချောက်တိုက် အရှေ့ဖျားကင်းနေရာကို ယူလိုက်ရ၏။
ခ၇ီးကာ ၁၅ မိုင်လောက်ပေါက်ခဲ့လေပြီ။ ထုံးစံအတိုင်း ဟိုင်နန်ကျွန်းနေသည် မညှမတာ ပူတော့၏။ တချီတွင်နောက်ပိုင်းတပ်မသို့ ပြန်ရု် သတင်းပို့ရောက်ခဲ့သည်။ ဗိုလ်လင်္ကျာတစ်ယောက် ၁၀ မိုင်အလွန်တွင် အမောဆို့ မေ့မြောကျန်ရစ်ကြောင်းသိရသည်။ ဂျပန်လေးယောက်လဲ ထိုနည်းတူစွာပင်။ သခင်အောင်ဆန်းကို မြင်ရသည်မှာ မသက်သာ။ ဟန်သာရှိတော့သည်။ လက်တစ်ဖက်က ဓါးလွတ်ကိုကိုင်ကာ ပါးစပ်မှ အမြှုတ်ထွက်နေအောင် စစ်မိန့်ပေးနေ၏။ ကျွန်တော်လည်းမောနေပါ၏။ သို့ရာတွင် ကျွန်တော်ကား ကာယသမား လူကြမ်းတစ်ယောက်ဖြစ်ရု် ခံနိုင်စွမ်းရှိ၏။ သခင်အောင်ဆန်းခမျာ ရှေ့သို့တအားလွှားရု် ကိုက်အစိတ် အတင်းတတ်လိုက်ရာ ခလုပ်တိုက်ကာ ဂျွန်းထိုးမှောက်ခုံနှင့် လဲကျပြီး မထနိုင်တော့ပါ။ ကှုတွင် ကျွန်တော့မှာ မနေသာဘဲ သူလဲကျနေရာသို့ အပြေးရောက်သွားမိပြီး သူ့ကို ထူမကာယပ်ခပ်ပေးမိ၏။ ကျွန်တော့နောက်ကျောသို့ တစ်စုံတစ်ယောက် ခပ်ဆတ်ဆတ်ကလေး တစ်စုံတစ်ခုနှင့် ရိုက်လိုက်သည်ကြောင့် သခင်အောင်ဆန်းကိုပွေ့ထားရာမှ မော့ကြည့်လိုက်သည်။ မျက်နှာဆိုးဆိုးနှင့် စိတ်မနှံ့တနှံ့ ဂျပန်ဆရာ ``နော်ဆေး``ဆိုသူက အပြစ်တင်သည့်အမူအရာဖြင့် ``မကောင်းဘူး မင်းဒီကိုလာပြီး ကူညီတာ မကောင်းဘူး ။ရှေ့တတ်ပါ မင်းတာဝန်မဟုတ်ဘူး။ သူသေရင်လဲ ဘာဖြစ်သလဲ -- ခုထွက် ခုတတ်---``
ကျွန်တော် ပူထူသွားသည်။ လှံစွတ်တပ်ထားသော ရိုင်ဖယ်ကိုဆုတ်ကိုင်ကာ ဗိုလ်မင်းခေါင်ထက်ဆိုးသော အလုပ်ကို ရှေ့ရှုလိုက်သည်။ တုံရီနေသော လက်တစ်ဖက်က ကျွန်တော့လက်မောင်းကို ဆွဲလိုက်တော့သည်။ မှေးမှိန် ရီဝေနေသော မျက်လုံးဖြင့် သခင်အောင်ဆန်းက ကျွန်တော့်ကို အပြစ်တင် တားဆီးသည့်ဟန်နှင့် ကြည့်ရု် ခေါင်းခါပြတော့သည်။ ကှုတွင် ဂျပန်ဆရာကိုရော သူ့ကိုရော ဒီလောက်သီးခံရပါမည်လား ဟုရောနှော အပြစ်တင်ကာ စိတ်ဆိုးလွန်းသဖြင့် ဝုန်းကနဲ ထရု် ရှေ့သို့ အပြေးတတ်ခဲ့သည်။
ထိုနေ့ ခ၇ီးရှည်တိုက်ပွဲသည် ည ၉ နာရီမှ ပြီဆုံးသည်။ တပ်စခန်းသို့ ပြန်ရောက်နိုင်သူ ဗမာကျောင်းသား ဗိုလ်လင်းယုံ ဗိုလ်ဇင်ယော် ဗိုလ်ရန်နိုင် ဗိုလ်တာရာ ဗိုလ်ဥာဏ ဗိုလ်မြင့်အောင်နှင့် ဂျပန်ကျောင်းသား လေးယောက် ပေါင်း ဆယ်ယောက်သာ ရှိသည်။ ခေတ္တ သတင်းပို့စဉ် သတိအနေမပျက်အောင် မနည်းဒုက္ခခံကာ ချူပ်တီးထားလိုက်၇၏ ။ ကျန်စစ်ကျောင်းသားများကို ကားနှင့်ပြန်တိုက်ယူရသည်။ လေ့ကျင့်ခဏ်း သုံးရက် အနားပေးယူရသည်။ မပေးရု်လည်း မဖြစ်ပါ။ ကျောင်းသားအားလုံး ဆေးရုံတတ်ယူရသောကြောင့်တည်း။ သခင်အောင်ဆန်းက ဆေးရုံထဲ ကျွန်တော်ဝင်လာစဉ်-----
``ဟေ့-------- ကောင်လေး----------သတိထားနော်-----သီးခံစမ်းပါကွာ ``ဟု ခပ်ပြုံးပြုံးကြီး ပြော၇င်း သူ့ကို နှိပ်ခိုင်းတော့သည်။
..............................................
**ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၃)****စစ်လောက ခရီးကြမ်းဝယ်**
ဘန်ကောက်တမြို့လုံး ဂျပန်စစ်တပ်တွေ ဒင်းကြမ်းနှင့် ယိုးဒယားပြည်တစ်ပြည်လုံး နီပွန်အလံများ လွှမ်းမိုးလျှက် ကမ္ဘာ့အရှေ့ပိုင်းတစ်ခုလုံး ဂျပန်စစ်ဘီလူးကြီးက ဝါးမြိုထားခိုက်ဖြစ်တော့သည်။
ဗိုလ်အောင်ဆန်းခေါ် ဗိုလ်တေဇ၊ တချိန်တခါက အညတသခင်အောင်ဆန်းဖြစ်ခဲ့သူ ဦးစီးသည့် ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဋ္ဌာနကြီးကား ---ဘန်ကောက်မြို့အရှေ့တောင်ဒေါင့်ရှိ ဇရပ်နီရပ်ကွက်ခေါ် ဆာလာဒင်ရပ် နိုင်ငံခြားသားများသံရုံးတစ်ခုလုံးဋ္ဌ် ခန့်ညားစွားစခန်းချလျှက် စစ်ရေးပြင်နေတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းကား ဒုတိယစစ်သေနာပတိအဖြစ် နှင့် တိုက်ရေးခိုက်ရေးမှစရု် တပ်မတော် ဖွဲ့စည်းရေးပါမကျန် တာဝန်ခံယူရသည်ဖြစ်သဖြင့် စိတ်ပန်းလူပန်းဖြစ်နေပုံရလေသည်။
ကျွန်တော်စခန်းချသော အမေရိကန် သံအမတ်အိမ်ဋ္ဌ် ကြီးကျယ်လှသည့် စာဖတ်ခန်းမကြီးထဲမှ စစ်နှင့် ပတ်သတ်သောစာအုပ်များကို အားလပ်ခွင့်ရတိုင်း မွှေနှောက် အမြတ်ထုတ်ရု် ကျွန်တော်က စာဂျပိုးလုပ်နေမိ၏။ တစ်နေ့တွင် အခန်းတစ်ခန်းထဲမှ ကျွန်တော့ခြေထောက်နှင့်တိုင်းချုပ်ထားသလို အံကိုက်နေသော TOP BOOTS ဒူးဆစ်အထိရှည်ရု် ပထမတန်းသားရေနှင့် ချုပ်ထားသည့်စစ်ဖိနပ်တစ်ရံ ကို ကျွန်တော်တွေ့ရှိရု် ကျကျနနဆေးတိုက်ပြီး အိပ်ရာထိပ်ဋ္ဌ် စနစ်တကျ ထောင်ထား၏။ ညနေ စစ်လေ့ကျင့်ခဏ်းမှ အပြန်တွင် ကျွန်တော် အလွန်နှစ်သက်လှသော ဘိနပ်အရှည်ကြီး ကြက်ပျောက် ငှက်ပျောက် ပျောက်နေတော့၏။ အိပ်ခန်းစောင့်ရဲဘော်တစ်ဦးကို ခေါ်ယူစစ်ဆေးသည်တွင် -----ဗိုလ်ချုပ်အောင်ဆန်း က အိမ်ခန်းများကို လာရောက်စစ်ဆေးသည်တွင် ကျွန်တော့်ဘိနပ်ကို တွေ့သွားသဖြင့် ဘာမပြော ညာမပြောနှင့် အသင့်စီးထွက်သွားကြောင်း အစစ်ခံလေတော့သည်။
သူ့ဋ္ဌာနချုပ်ရုံးခန်းထဲဋ္ဌ် စမတ်ကျကျ ကျွန်တော့ဘိနပ်ကို အခံ့သားစီးကာ မြေပုံတွေကြည့်နေသော ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ရရု ဒေါသဖြစ်နေသော ကျွန်တော်က အလေးပြုလိုက်ပြီး-----
``ခင်ဗျား --- ဒီဘိနပ်ကို --- ဘာလို့မပြောဆိုဘဲ ယူသွားသလဲ---``
``ငါ စီးချင်လို့ကွ`` သူကခပ်တည်တည် ၊ခပ်အေးအေး အမှုမထားသလို ပြန်ဖြေသည်တွင်----------
``ခင်ဗျားတို့ လူကြီးတွေ ဘာမှစည်းကမ်းမရှိဘူး ၊ သိပ်ခက်တယ်---``
ဒေါပွပွ နှင့် ကျွန်တော် နင်းဆူပါတော့သည်။
သူက စိတ်ဆိုးသည့်အခါ စီးကရက်ကို အားရပါးရ ဖွာလိုက်ပြီး ပြုံးဖြဲဖြဲကြီးနှင့် ကျွန်တော့်ဆီသို့ ဆေးလိပ်ငွေ့များမှုတ်ထုတ်လျှက်---
``ကွာ----- ငါ့ညီကလည်း--- ငါ့ညီဘိနပ်ကို စီးစရာမရှိလို့ ငါယူစီးတယ်၊ မင့်ဘိနပ်ဟာ ငါ့ဘိနပ်ဘဲကွ
၊ ပြီးတော့ ငါနေရတာက စစ်သေနာပတိရာထူးယူထားရတော့ တကယ်လို့ ငပုတွေ(ဂျပန်စစ်ဋ္ဌာနချုပ်)နဲ့ စကားပြောတဲ့အခါမှာ--- ငါ့ကို အထင်သေးခံရရင် မင်းတို့ကို အထင်သေးခံရတာနဲ့ အတူတူပဲ --မဟုတ်လား--၊ ပြီးတော့ ငါ့ညီဘိနပ် ပြန်ယူပေါ့ကွာ-- စိတ်ချပါ။ ငါပြောလိုတဲ့အဓိပ္ပါယ် ရှင်းရဲ့မဟုတ်လား--လူကြီးစိတ်ထားစမ်းဟေ့--- ကောင်ကလေး-``
ကှုတွင် ကျွန်တော့မှာ သူ၏အဖြစ်ကို ဒေါသဖြစ်ရာမှ သနားလာပြီး သူပြောဆိုသည့် ဗမာ့လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိကို ဂျပန်တွေ အထင်သေးမခံစေရမှု ရည်ရွယ်ချက်၊ အကြောင်းပြချက်။ ခိုင်လုံနေသောကြောင့် အဆုံးတွင် ``ကောင်းပါပြီဗျား--- ခင်ဗျားစီးပြီးတော့ ပြန်ပေးနော်``
``အင်း``
သူက ကျေနပ်စွာ တစ်ခွန်းတည်း ဖြေဆိုလျှက် -- ကျွန်တော့ကို သေနင်္ဂဗျူဟာနှင့် နည်းပရိယာယ်အကြောင်း တိုင်ပင်ဆွေးနွေးစေပါသည်။
ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်ဋ္ဌာနချုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်နေပါသည်။ ထိန်ထိန်သာသာ ယိုးဒယားပြည်၏ ညခင်းက ကျွန်တော်တို့ရဲဘော်သုံးကျိပ်ဝင်တို့ကို သာယာမှုရင်ခွင်ဆီသို့ ညို့ယူခေါ်ဆောင်သွားပါသည်။ တိုက်ကြီး၏ အထက်ထပ် အောက်ထပ်တွင် မီးတွေလင်းနေသလောက် ကင်းစောင့်ရဲဘော်များနှင့် ကျွန်တော်သာ ကျန်ရစ်ခဲ့သည်။ စစ်လောကတွင်းက စစ်သားတွေပီပီ မသေမီ ပျော်သလိုသာနေလိုက် ကိုယ့်လူရေ--ဆိုသလို ရဲဘော်သုံးကျိပ်ဝင်တို့သည် ပြင်ပ ယိုးဒယားညနန်းသို့ ခပ်မူးမူးနှင့် ခြေကုန်သုတ်သွားကြသည်။ ကျွန်တော်သာ လက်ရွေးစဉ်ရှာဖွေထားသော စစ်သေနင်္ဂဗျူဟာ အခြေခံစာအုပ်ကို အလွန်စိတ်ဝင်စားစွာ လေ့လာနေခိုက်ဖြစ်လေသည်။
``ဟေ့ ကောင်လေး ဘာတွေဖတ်နေသလဲကွ``
လန့်ဖျန့်သွားအောင် အသံသြကြီးနှင့် ဗိုလ်ချုပ်အောင်ဆန်းကမေးရင်း ကျွန်တော့အနား ဝင်ထိုင်လိုက်သည်။ သို့ရာတွင် ကျွန်တော်က ဖတ်ကောင်းတုန်း မို့စကားပြန် မပေးလိုက်ပါ။
သူက ``ပြစမ်းပါဦးကွ -- မင့်စာအုပ် ခဏလေး --`` ပြောပြောဆိုဆိုနှင့် ကျွန်တော်ဖတ်နေသောစာအုပ်ကို အတင်းဆွဲယူပါတော့သည်။
ကျွန်တော်က သတိရပြီး ``ဟင် အကိုကြီး တစ်ယောက်လဲ ကျန်ရစ်ခဲ့သကိုး ----``
``အေးပေါ့ကွာ--- အလကားဟာတွေ---ပိုနေတာဘဲ``
သူက အရေးမကြီးပုံနှင့် ပါးစပ်ကသာ ဖြေရု် မျက်စေ့က စာမျက်နှာတွေနှင့် ကမန်းကတန်း မိတ်ဖွဲ့နေပါသည်။
``သိပ်ကောင်းတဲ့စာအုပ်ဗျ ကျွန်တော်တော့ ပွတာဘဲ```
သို့ရာတွင် သူ့ဆီက လုံးဝစကားပြန်မ၇တော့ချေ။ ဆယ့်ငါးမိနစ်ခန့်ကြာအောင် သူက စာသားများကို ဖတ်နေပြီး ---
``ဒီစာအုပ်ကို ငါ့ပေးလိုက်လကွာ--- သိတ်ကောင်းတယ်ဟေ့---``
``ဟာဗျာ--- ခင်ဗျားကြီးကလဲ တခါလာ ဘိနပ်ယူ ၊စာအုပ်ယူနဲ့ သိတ်ဗိုလ်ကျတာဘဲ--``
``မင်း ဘာနားလည်လို့လဲ --မင်းတို့က ရှေ့ဆုံးချီတတ်၇မယ့် တပ်မှုးတွေကွ စစ်မြေပြင်မှာ ဒီစာအုပ်ဟာ တိုက်ရင်း ခိုက်ရင်းပျောက်သွားရင် ဒို့အဘို့ ဘယ်လောက် နစ်နာမလဲ ။ ငါက စစ်ဋ္ဌာနချုပ်ကို အုပ်စီးပြီးလိုက်ရမှာမို့ ငါယူခဲ့မယ်။ ဗမာပြည်ရောက်တော့ ဆက်ဆက် မင့်စာအုပ်ကို ပြန်ရစေ့မယ်``
ကှုသို့နှင့်ပင် ဗိုလ်ချုပ်အောင်ဆန်းထံသို့ ကျွန်တော်၏ စစ်ဘိနပ်ရော အလွန်မြတ်နိုးလှသော စစ်ကျမ်းစာအုပ်ရော ပေးလိုက်ရ၏။ ရန်ကုန်တွင်ဆုံမိကြသောအခါ ကျွန်တော်က အကြွေးတောင်းသလို အတင်းပူဆာသည်တွင် သူက---``ငါ ဘယ်နားသိမ်းမိမှန်း မသိဘူးကွ နောက်မှ ငါရှာပေးမယ် စိတ်ချနေ`` ဟုခြေရာဖျောက်ပြောကာ ခေါင်းရှောင်ခဲ့၏။ ယခုထိ ဘိနပ်နှင့် စာအုပ် ဇာတ်ဆုံးခဲ့ရတော့၏။
``လူ နီနီ ဘောင်းဘီဝတ်ပါလို့ ဒါးစလွယ်ငွေကွပ်လို့ ပြေညွတ်အောင် လာချည်သေးခ၇ဲ့ ဘိုးတော်ကြီး မြေး``
ကှုတဘောင်ကား မှန်မမှန် မပြောတတ်ချေ။ ကျွန်တော်တို့ ဗိုလ်ချုပ်ကြီး ဗိုလ်တေဇနှင့် ဗိုလ်ချုပ် ဗိုလ်မိုးကြိုးတို့ ဦးစီးကာ ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးအား နီပွန်စစ်တပ်များနဲ့အတူ ဗမာပြည်တွင်းသို့ ဗြိတိသျှ နယ်ချဲ့သမားများကို ဒါး လှံစွတ် ကျည်ဆန် ဗုံးဆန် အမြောက်ဆန်တို့ဖြင့် လမ်းရှင်းပြီး ဝင်ရောက်ခဲ့နိုင်၏။ ဘန်ကောက်မြို့တော်ကို ဗြိတိသျှလေကြောင်းမှ တန်ပြန်ထိုးစစ်ဆင်သည့် ပထမညဦးပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်ဝတ်စစ်စား အပြည့်အစုံဖြင့် ဂျပန်ဓါးရှည်ကို ခါးတွင်ပတ်ကာ ပုန်းရှောင်ရကောင်းမှန်းမသိ သည့်အလား နေရာတပ်ဖွဲ့အနှံ့အပြား ပြေးလွှားရု် ရဲဘော်များကို ရှောင်းရှားအကာအကွယ်ယူရန် အမိန့်ပေးနေ၏။ ရန်သူ့လေယဉ်ပျံများက ချထားသော မီးကျည်အလင်းရောင် တွင် သူက ဘိုင်စကုတ်အ၇ိုက်ခံရမည့် ဇာတ်လိုက်မင်းသားပမာ ဆလိုက်ထိုးထားသည့် အလင်းရောင်အောက်တွင် မကြောက်မရွံ့ တပ်များကို ကွတ်ကဲ အမိန့်ပေးသည်ကို ဘေးမှမြင်ရသော ဂျပန်အရာရှိများက နေရာမယူရကောင်းလားဟု အပြစ်တင်နေကြသည်။အမှန်မှာ ရန်သူလေယဉ်ပျံများက ဗုံးချရုံသာ မဟုတ်သေး ။စက်သေနတ်နှင့် ထင်ရာမြင်ရာ ပစ်ခတ်နေသောကြောင့်တည်း။

**လောကီဇာတ်ခုံပေါ်က ဗိုလ်ချုပ်**
``ရာဇဝင် အထုပ္ပတ္တိလည်းရှိရမယ်--- မော်ကွန်းလဲထိုးလောက်တဲ့--မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ်-----``
ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်ချုပ်အောင်ဆန်း၏ မင်္ဂလာ အခမ်းအနားအတွင်းမှ ပဲ့တင်ပေါ်ထွက်လာသော ဗိုလ်ချုပ်အောင်ဆန်းအား ချီးကျူး ထားသည့် သီချင်းသံမှာ ဗမာပြည်တဝှမ်းလုံးသို့ တခဏခြင်းဝဲပျံ လွှမ်းမိုးပြီးသားဖြစ်သွား၏။ တခါက ဗြိတိသျှ နယ်ချဲ့သမား၏ လက်ပါးစေ မျက်နှာဖြူ အရေးပိုင်တစ်ဦး၏ ဆုတော်ငွေ ငါးကျပ်တိတိ ထုတ်ကာ ဖမ်းဆီးသတင်းပေးရန် အရေးကြီးခဲ့သော တရားခံအောင်ဆန်းကား ယခုအခါဋ္ဌ် ဗမာ့ကာကွယ်ရေးတပ်မတော် သို့မဟုတ် ကျွန်ခောတ်မှ သခင်ခေတ်သို့ ပို့ဆောင်နိုင်ခဲ့သူ ၏ဘခင်ကြီးအဖြစ် ကောင်းမြတ်သော ဘိသိတ်မင်္ဂလာ အခါတော်ယူခိုက်ဖြစ်၇ု် လောကီဇာတ်လမ်းတစ်ခုကို ကပြရန် လောကဇာတ်ခုံအပေါ်ဋ္ဌ် သူ၏ချစ်သူ ဒေါ်ခင်ကြည်နှင့် စုလျားရစ်ပတ် လက်ထပ်ချိန်ကြီးပင် ဖြစ်တော့သည်။
ဗိုလ်ချုပ်အောင်ဆန်းက သူမိန်းမယူသည့်ကိစ္စနှင့် ပတ်သတ်ရု်ကျွန်တော်တို့ထံ ဝေဖန်ချက်များတောင်း၏။ သူက သူ့ညီငယ်များ၏ ဆန္ဒကို အထူးသိလိုသည့်အတွက်ကြိုးစားခဲ့၏။ ကျွန်တော့အလှည့်တွင် ``ခင်ဗျား သဘောကျလို့--- ခင်ဗျားကြိုက်လို့--ခင်ဗျားယူတယ်--ခင်ဗျားကျေနပ်လျှင်ပြီးတာပဲ``ဟု ဝေဖန်ချက်ပေးပြီး နောက်ပိုင်းတွင် ခပ်နောက်နောက် ``ဂွတ်တယ်ထင်၇င် ဒူးသာဒူးပေါ့`` ဟုအဆုံးသတ် အဖြေပေးလိုက်၏။
မိန်းမယူဘို့ အချစ်ကိစ္စလက်ခံဘို့ တခါကမှ စိတ်မကူး-- မစဉ်းစားနိုင်ခဲ့သော ကျွန်တော့မှာ ချစ်သူသက်လယ်နှင့် တွေ့မိတော့သည်။ တနေ့တွင် ဗိုလ်မှုးကြီးစင်္ကြာနှင့် စေတနာဝန်ထမ်းသတင်း ပို့ချက်ကြောင့် ကျွန်တော့အချစ်ရေး သတင်းပို့ချက်ကို ဗိုလ်ချုပ်အောင်ဆန်းထံ ပေါက်ရောက်သွားတော့၏။ သူကမဆိုင်းမတွနှင့် ကျွန်တော့်ကိုခေါ်ကာ မေးမြန်းသည်တွင် ဝါသနာအတိုင်း ကျွန်တော်ကလည်း ဘွင်းဘွင်းပင် ဟုတ်မှန်ကြောင်း အစစ်ခံလိုက်၏။
ကျွန်တော့ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ ``ဟေ့ ကောင်လေး တာရာ--- ဒီကိစ္စကို မင့်သဘောအရ အရမ်းလုပ်လို့ ဘယ်ဖြစ်မလဲ ---ဒို့နဲ့ တိုင်ပင်မှပေါ့ကွ``
``ဗျာ--- လူ့အခွင့်အရေးကို ခင်ဗျားက ဘာလို့ဝင်ပြီး ချုပ်ချယ်ချင်သလဲ---ခင်ဗျားလဲ ဂွတ်တယ်ထင်လို့ ဒူးလိုက်တယ်မဟုတ်လား ----ဗိုလ်ချုပ်``
``အံမာ-- မင်းက နိုင်ငံရေးစကားတွေ ဘာတွေနဲ့ ဟုတ်ပေ့ကွာ ။ ဘာပဲဖြစ်ဖြစ် ဒို့လူကြီးတွေခေါ်ပြီး မင့်ဇနီးလောင်းကို စစ်ဆေးအုန်းမယ် --- မင်းဒို့စကား နားထောင်ရမယ် ၊ ဒါဟာ ငါ့အမိန့်ဘဲ ``
ခပ်တင်းတင်းပြောရင်း ကျွန်တော့ဇနီးလောင်း ဗဟိုလ်စစ်ဆေးရုံကြီးမှ ဆရာမစောချစ်ဦးကို စစ်ဦးစီးအဖွဲ့ဝင်ဗိုလ်ချုပ်တို့ ခေါ်ယူရု် နောက်ပိုင်း ရာဇဝင်နှင့် ကျွန်တော့အပေါ် သဘောထားပုံများကို စစ်ဆေးလျှက် အမျိုးမျိုး ထုတ်လိုက်ပါသေး၏။ နောက်မျ ကျွန်တော်တို့ လက်ထပ်ခွင့် အမိန့်ပြန်တမ်း ကိုတပါတည်း ထုတ်ပေးလိုက်ပြီး သူတို့ကိုယ်တိုင် အိမ်ကိုလာကြရု် တဟားဟား ပွဲကျအောင် ဟိုကနောက် ဒီကနောက်နှင့် လုပ်ကြတော့၏။
ဆိုင်းသံ ဗုံသံတို့ဆူညံနေသော သီတင်းကျွတ်ပွဲတော်သို့ ဆိုက်ရောက်ခဲ့သည်။ ဗိုလ်ရဲထွဋ် ဗိုလ်ဇင်ယော် ဗိုလ်မင်းရောင် အစချီရု် ကျွန်တော်ကပါ ကန်တော့စရာ လက်ဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း ၏နေအိမ် ယခုပျဉ်းမနားမြို့ ရှမ်းကန်အနောက်မြောက်ဒေါင့် သို့ နံနက်စောစော ဝင်သွားတော့သည်။ သူက ဆိုဖာပေါ်တွင် စာအုပ်တစ်အုပ်ကို အခံ့သားဖတ်နေ၏။
ကျွန်တော်တို့ သူ့ကို တန်းစီအလေးပြုလိုက်ကြသည်။ သူက ဖတ်နေသော စာအုပ်ကို အသာဘေးဖယ်လိုက်ပြီးနောက် ကျွန်တော်တို့ တတွေကို စူးစူးဝါးဝါးကြီး မျက်နှာထားတင်းတင်းနှင့် ကြည့်နေပါတော့၏။ ပြီးမှ---
``ဟေ့ကောင်တွေ မင်းတို့ကိုယ်မင်းတို့ ပြန်ကြည့်စမ်း`` ဟုငေါက်လိုက်သည်။ ကျွန်တော်တို့မှာ ဗမာ့အခါတော်ဖြစ်ရု် ယူနီဖောင်းအစား ဗမာပြီပြီ ---- ပိုးလုံခြည် တိုက်ပုံအင်္ကျီနှင့် အတော်စတိုင်ထုတ်ပြီး ကန်တော့လာခိုက်ဖြစ်သည်---။ ပြီးမှ ``ထွီ``ဟု ဆောင့်ကြီး အောင့်ကြီးနှင့် တံတွေးထွေးလိုက်ပြီး ``မင်းတို့ တပ်မှုးကြီးတွေ လုပ်နေတယ် ဘာမှမစဉ်းစားဘူး -- ရဲဘော်လေးတွေမှာတော့ ယူနီဖောင်းအစုတ်စုတ် ၊ မင်းတို့ကတော့ ပိုးလုံးခြည်တပြောင်ပြောင် သူတို့စိတ်ထဲ ဘယ်လိုနေကြမလဲ စဉ်းစားကြည့်စမ်း ``
ကှုတွင်မှ ကျွန်တော်တို့မှာ ကိုယ့်ချို့ယွင်းချက် အမှားကို သိရသဖြင့် မျက်နှာမထားတတ်အောင် ဖြစ်သွားကြ၏။
``ခု သွား ငါ့အိမ်ခန်းထဲမှာ -ငါ့ယူနီဖောင်းတွေ သွားဝတ်ပြီးမှ ငါ့ကို လာကန်တော့ ကိုင်း------အခုသွားလဲကြ။ မင်းတိုက လုံခြည် အင်္ကျီတွေ အကုန်ချွတ်ပြစ်ခဲ့--``
ဗိုလ်ချုပ်အမိန့်ကြောင့် အခန်းထဲသို့ အမြန်လစ်ခဲ့ရတော့၏ သူ၏ ဘီရိုသေတ္တာကို အမြန်ဖွင့်ရု်နေသော ဗိုလ်မင်းရောင်က နှာခေါင်းတရှုံ့ရှုံ့နှင့် ဖြစ်နေပြီး ``ဟေ့ ချဉ်စော်ကြီး နံနေတယ်ကွ``
ဘီရိုထဲမှ စုပုံထားသော ဖြစ်ကတတ်ဆန်း ဗိုလ်ချုပ်၏ ယူနီဖောင်းများကို အနံ့ဆိုးစွာဖြင့် ဗိုလ်မင်းရောင်က ဆွဲယူရု် ကျွန်တော်တို့ဆီကို ပစ်ပေးလိုက်ပြီးနောက် ``ဟီး ဟီး ကြည့်သာ ဝတ်ကြပေတော့ကွာ ချဉ်စော်နံတာ လက်စသတ်တော့ ငမိုးအဝတ်အစားတွေကကိုး--``
ကျွန်တော်တို့ဘာမှမတတ်နိုင် သူ့သဘောအတိုင်း မလျှော်မဖွတ်ဘဲ ဂရုမစိုက်ထားသည့် ချဉ်စော်နံ``ယူနီဖောင်းများကို မတန့်တတန် ဝတ်ကာ ကြာလျှင်နောက်ပိုင်းက မီးတောက်မည့် နိမိတ်လက္ခဏာကြောင့် ဝတ်ဆင့်ပြီး ဗိုလ်ချုပ်ရှေ့သို့ တန်းစီခဲ့သည်။
သူက မျက်မှောင်ကုတ်ရာမှ ခပ်ပြုံးပြုံးကြီးဖြစ်လာပြီး ``အေး ကန်တော့ကြ ကန်တော့ကြ ပြီးရင် ဒီအတိုင်းပြန် မင်းတို့သောက်သုံးမကျတဲ့ လုံခြည်တွေ တခုမှပြန်မယူနဲ့ ကြားလား--``
ကန်တော့ ကောင်းလွန်းရု် ကျွန်တော်တို့ ပိုးလုံခြည် အင်္ကျီတွေ ဆုံးခဲ့ရတော့၏။ အချိုးမကျ ဂွှတတ မတန့်တတန် ယူနီဖောင်းတွေကြောင့် ဗိုလ်ချုပ်ကားကို ကမန်းကတန်းစီးကာ ကိုယ့်အိမ်အေ၇ာက် လေ၏လျှင်မြန်နှုံးနှုင့်အတူ သုတ်ခြေတင်ခဲ့ရလေသည်။
ကျွန်တော့အား အထက်ဗမာပြည်သို့ ဗိုလ်ဇေယျတပ်ရင်းနှင့် ပို့လိုက်သည်။ ယခင်က ကျွန်တော်အလုပ် အထူးကြိုးစားလုပ်ခဲ့သည်နှင့် အမျှ ဗိုလ်ချုပ်က နှုတ်ဖြင့် စာဖြင့် ချီးကျူး၏။ အားပေးခြင်းခံရ၏။ ယခုမှာမူ ခါတိုင်းထက် ကျွန်တော်အလုပ်ကြိုးစားခဲ့သည်။ သို့ရာတွင် သူ့ဆီက ``ဟေ့ ကောင်လေး မင်းအလုပ်ဂရုစိုက်စမ်း သိပ်နေရာမကျဘူး--``ဟု တွေ့တိုင်း ဆူနေတော့၏။ တခါလည်းမဟုန် နှစ်ခါလည်းမဟုတ် ခဏခဏဆူလွန်းသည့်အဆုံးတွင် ကျွန်တော်က သူ့ဆီ စာေ၇းလိုက်၏။ ``ခင်ဗျား ဒီလောက်ဆူနေရင် ကျွန်တော် ဘာမှမလုပ်တော့ဘူး ထိုင်နေမယ် ``ဟု ဘုကျကျ အစီရင်ခံလိုက်သည်။ စစ်ဋ္ဌာနချုပ်မှုး ဗိုလ်မှုးကြီးလကျာင်္က ကျွန်တော့ကိုခေါ်ပြီး ``မင်းစာကို ဗိုလ်ချုပ်ရတယ် လို့ပြောတယ် မင်းသူ့ကို ဘုရေးတယ်လို့ပြောတယ်။ သူက မင့်ကို ခဏခဏဆူတာ မင်းကောင်းဘို့ဘဲကွ။ အ၇င်တုန်းက မင်းလူပျိုဘဝဆိုတော့ မင့်ကို မြှောက်ပေးတယ်။ မင်းမိန်းမရပြီးတော့ သူက မင့်စိတ်ပေါ့သွားမှာ စိုးလို့ ခဏခဏဆူပေးတာပါတဲ့ --တကယ်ဆိုတော့ မင့်ရဲ့ဆောင်ရွက်မှု တွေဟာ အတော်တိုးတတ်နေတယ် ``ဟုဗိုလ်ချုပ်၏ ကျွန်တော့်အပေါ် သံယောဇဉ်ကြီးမှုအမှန်ကို သိရပါတော့၏။
ဗမာပြည်အတွင်းသို့ လက်ဝဲဝါဒမုန်တိုင်း သည် တဟောဟော ကျဆင်းဆိုက်ရောက်လာတော့၏ ကှုတွင် တပ်မတော်အတွင်းမှ ဗိုလ်များ အကြပ်များ တပ်သားများမှာ ထိုလက်ဝဲမုန်တိုင်းဒဏ်သင့်ကာ မာ့ခ် ဝါဒ မြူမှုံတွေ လူးကပ်လျှက် လက်ဝဲဝါဒ အတွင်းသို့ဝင်ရောက်ခဲ့၏။ကျွန်တော်လည်း ထိုအထဲတွင် တစ်ယောက်အပါအဝင် ဖြစ်လေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ စကားပြောတိုင်းဋ္ဌ် လက်ဝဲစကားလုံးများ ပါဝင်နေမှုကြောင့် ကျွန်တော်က ဗိုလ်ချုပ်ကို ကျွန်တော်ကဲ့သို့ လက်ဝဲဝါဒ သမားတစ်ဦး ဖြစ်နေပြီဟု ထင်မိ၏။ ဒါကြောင့်လည်း ကျွန်တော်က သူလုပ်သလို သူယူဆသလို လိုက်နာမိတော့၏။
``စံပြလည်းမသွားနှင့် မံသလည်း မစားနှင့်`` ဟူသောစကားအတိုင်း ကျွန်တော်မှာ စံပြတပ်ရင်းသို့ ခြေလျှင်တပ်ခွဲမှုးတာဝန်ဖြင့် ကူးပြောင်းခဲ့ရ၏။ ဗိုလ်ကျော်ဇောက တပ်၇င်းမှုး ဗိုလ်ဘုန်းမြင့်က စိန်ပြောင်းတပ်ခွဲမှုး ကျွန်တော်က ခြေလျှင်တပ်ခွဲမှုး ဗိုလ်ဗလက အရာရှိသင်တန်း တပ်ခွဲမှုးများ အဖြစ်တာဝန်ယူရင်း ကျွန်တော် လက်ဝဲဝါဒကို အတော်လေ့လာ လိုက်စားရာမှ သက်ဝင်ယုံကြည်ခဲ့၏။ ``စံပြသွားလျှင် ဖားတတ်သည်---မံသစားလျှင် ယားတတ်သည် ``ဟူသော စကားပုံအဖြေအတိုင်း ကျွန်တော်က စစ်တာဝန်များကို တဖက်က တာဝန်ကျေပြွန်စွာလုပ်ဆောင်ကာ တဖက်က ရဲဘော်များကို တပ်ရင်းမှုး လုပ်သူနှင့် နားလည်မှုယူရု် ဖက်ဆစ် ဆန့်ကျင်ရေးလုပ်ငန်း လမ်းစဉ်များ ချမှတ် ပေးအပ်ခဲ့ကာ ဖက်ဆစ်တော်လှန်ရေးကြီးဆီသို့ တရိပ်ရိပ် ကူးပြောင်းခဲ့တော့၏။ ဗိုလ်ချုပ်အောင်ဆန်းထံ မကြာခဏသွားတွေ့စဉ် ကျွန်တော့ကို သူ၏လက်ဝဲဝါဒကို အလွန်အကျူးမလိုက်စားရန် နှင့် တဖက်သတ် သက်ဝင်ယုံကြည်မှုမရှိရန် သတိပေးခဲ့၏။
**ဘဝ၏ အဆုံး**
ကျွန်တော်သည် လက်ဝဲဝါဒ ကွန်မြူနစ်တစ်ယောက် ဖြစ်ခဲ့သော်လည်း ကျွန်တော်က ဗိုလ်ချုပ်အောင်ဆန်းအား ကွန်မြူနစ်တစ်ယောက်ဖြစ်လာလိမ့်မည်ဟု ထင်ခဲ့၏။ သည်လို သူ့အနေနှင့် အမျိုးသားတပ်ပေါင်းစု ဖ-ဆ-ပ-လ အဖွဲ့တွင် ကျန်ရစ်ခဲ့၏ ။ ထိုအခိုက်တွင် ဝါဒလှိုင်းဂယက် ပြင်းထန်စွာ ပုတ်ခတ် ဝေဖန်မှုကြောင့် ဖ-ဆ-ပ-လ နှင့် ကွန်မြူနစ်ပါတီတို့ ကွဲခဲ့ရ၏.။ အခါကောင်းယူနေသော ဗြိတိသျှ နယ်ချဲ့သမားများက ကွန်မြူနစ်ပါတီကို ဖိနှိပ်ရု် နိုင်ငံရေးသမားများကို ရက်ရက်စက်စက် သတ်ဖြတ်ကြလေ၏။ ဖ-ဆ-ပ-လ အဖွဲ့ကြီးသည်လည်း ဗမာပြည်လွတ်လပ်မှုကို အကောင်အထည်ဖော်နိုင်ရန် ရွေးကောက်ပွဲကြီး ကျင်းပဘို့ ကြိုးပမ်းနေကြလေသည်။

တစ်နေ့တွင် ကွန်မြူနစ်တို့၏ အခြေခံစခန်း ပျဉ်းမနားနယ်သို့ ဗိုလ်ချုပ်အောင်ဆန်း မဲတရားဟော လာလိမ့်မည်ဟူသော သတင်းရောက်ရှိခဲ့၏။ ထိုအချိန်က ဗမာပြည်အုပ်ချုပ်ရေးမှာ တောခိုကာ လက်နက်ကိုင်ရု် နယ်ချဲ့သမား ဗြိတိသျှတပ်များနှင့် တိုက်ခိုက်နေခိုက်ဖြစ်သည်။ ထို ဗိုလ်ချုပ်လာမည့် သတင်းရသည့်အတွက် ကျွန်တော်က တောတွင်းရှိ လက်နက်ကိုင်တပ်များကို မော်တော်ကားလမ်းနှင့် ဝေးသည်ထက်ဝေးအောင် စီမံလျှက် ဗိုလ်ချုပ်လာမည့်လမ်းခရီး သာယာဘေးကင်းမှုကို တာဝန်ယူမိသည်။ သူသည် ဗဟို ဖ-ဆ-ပ-လ ဥက္ကဋ္ဌဖြစ်ရု် ကျွန်တော်က ကွန်မြူနစ်တစ်ဦးဖြစ်သော်လည်း ကျွန်တော့အနေဖြင့် စိတ်ထားမပြောင်း ဗိုလ်ချုပ်သည် ကျွန်တော့ဗိုလ်ချုပ်။ ကျွန်တော့အကိုကြီးဟု အစဉ်အောက်မေ့ ယုံကြည်ခဲ့၏။
ဗိုလ်ချုပ်တို့ကားများ တောင်ငူမှ ပျဉ်းမနားနယ်စပ်သို့ ကူးလာစဉ် မော်တော်ကားဒရိုင်ဘာလုပ်သူက တောတွင်းဝယ် အန္တရာယ်ကိုကြောက်ရွံ့ရု် မျက်နှာ ပျက်နေစဉ် နောက်ပိုင်း ကားအတွင်းရှိ ဗိုလ်ချုပ်က ဒရိုင်ဘာရဲဘော်သို့ ``ဟေ့ စိတ်ချလက်ချမောင်းပါကွ ဒို့ကို တောထဲကအကောင်တွေ ဘာမှမလုပ်ပါဘူး။ တာရာဟာ ငါ့ကို သစ္စာမဖောက်ပါဘူး`` ဟု ရယ်မောရင်းပြောလိုက် ကြောင်းကို ကားမောင်းသူမှတဆင့် ကျွန်တော်သို့ သတင်းပို့ရု် ကျွန်တော် ထခုန်ခမန်း ဝမ်းသာသွားတော့၏။
သို့ရာတွင် ပျဉ်းမနားမြို့ မဲတရားပွဲတွင် ဗိုလ်ချုပ်က ပရိတ်သတ်အလယ်တွင် ``တာရာဟာ ကျုပ်တပည့် ဒီကောင်ကျပ်မပြည့်ဘူး``ဟု ကျွန်တော့ကို ဆော်ထည့်ပါသည်။ ကျွန်တော့အဘို့ မတုန်လှုပ်တော့ပါ``တဟားဟား သာရယ်ပြီး ``အဘက ဆဲလှချည်လားကွ`` ဟုဝေဖန်ချက်ပေးမိ၏။ ဖ-ဆ-ပ-လ အဖွဲ့သို့ အာဏာလွှဲပြောင်းခါနီး စပ်ကူးမပ်ကူးအချိန်တွင် ဗြိတိသျှအစိုးရက ကျွန်တော်တို့ လွတ်လပ်သော ပြင်ပလောကတွင် မနေနိုင်အောင် နိုင်ငံရေးဥပဒေနှင့် ဖမ်းကာ လက်စဆုံးဖျောက်မည့် သတင်းကို ခိုင်လုံစွာရရှိသည်ကြောင့် ကျွန်တော်တို့ တောခိုခဲ့ရတော့၏။
ထိုအချိန်မှစရု် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော်တို့ကြားဝယ် အကန့်အသက်မရှိသော တံတိုင်းကြီးက တားဆီးခြားနားနေတော့သည်။ သို့ရာတွင် သတင်းစာကို တောတွင်းသို့ကောင်းကောင်း မွန်မွန် ရောက်အောင်ယူစေပြီး သူ့သတင်းတွေကို အာရုံစိုက်၏ လုပ်ငန်းစဉ်ကို ဝေဖန်၏။ ဆွေးနွေး၏ သူ့ဓါတ်ပုံကို အရိုအသေ ခေါင်းရင်းတွင်ချိတ်ထားမှုကြောင့် ကွန်မြူနစ်ဆရာကြီးများနှင့် ကျွန်တော် မကြာခဏ စကားစစ်ထိုးရလေသည်။
တောပြင်ကို ကျောထင်ရု် အိပ်ခဲ့၏ တောင်လွှာကို ရှောင်ကာ ဖြတ်ကူး ရင်း စစ်ရေးဆင်ခဲ့၏။ ဗြိတိသျှနယ်ချဲ့တပ်များကို အချက်ပိုင်ပိုင် အနိုင်စီးရု် ကျွန်တော်၏တပ်ဖွဲ့များကို လက်နက်တပ်ဆင်နိုင်ခဲ့၏ သို့ရာတွင် ကျွန်တော်၏ ညီအကို ရဲဘော်များပါသော ဗမာ့တပ်မတော် တပ်ရင်း ၄ နှင့် ရင်ဆိုင်၇မည့်အလှည့်တွင် စစ်ေ၇းရှောင်ကာ တိုက်ပွဲလွှဲခဲ့၏ တပ်ရင် ၄ ကလည်း ကျွန်တော့အပေါ် သံယောဇဉ်ကြီးလှစွာ ဖြင့် ငြိမ်းချမ်းရေးကို မကြာခဏ လက်ကမ်းနေတော့၏
တစ်နေ့သောအခါ သခင်တင်ထွန်း စခန်းသို့ ရောက်လာ၏။ သူက ရန်ကုန်က ပြန်လာသည်မှာ ၂ ရက် ၃ရက်သာ ရှိသေးရု် ရန်ကုန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ခဲ့ကြသည်။ ဗိုလ်ချုပ်က ကျွန်တော့အကို သခင်တင်ထွန်းကို ကျွန်တော့အကြောင်းမေးပြီး တောခိုနေမှုမှ ပြန်လည်ရု် အလင်းသို့ ဝင်ခဲ့ရန် မှာကြားသည်မှာ--
``ကျုပ်တော့ ဒီကောင်လေးကြောင့် ခက်နေတယ်။ တာရာကလည်း ကျုပ်လိုပဲ တယူသန် မို့-- အင်းလေ ကျုပ်ကလည်း ကျုပ်ရဲ့ ရဲဘော်ရဲဘက်တွေကို မေ့နေခဲ့တာ သူ့အပြစ်ချည်းလဲမဟုတ်ဘူး ကောင်းပြီ ကွဲပြားနေတဲ့ ကျုပ်ညီရဲဘော်တွေကို အမြန်ဆုံးပြန်စုမယ်။ တာရာကို ဆက်ဆက်ပြောလိုက်ပါတဲ့။ ``
အကိုကြီးအောင်ဆန်း၏ မျက်နှာဖြင့် ကျွန်တော့်အပေါ်အလိုလိုခင်ပုံကို ချက်ချင်းလိုလိုမြင်လာပြီး ``ဘာဘဲဖြစ်ဖြစ် ငါသွားပြီး အတွေ့ခံမယ် ငါ့ကိုလုပ်ချင်သလိုလုပ် ၊သူ့ရှေ့မှာ ရဲဘော်ပြီးပြီ လည်စင်းပေးလိုက်မယ် သူအဓိပ္ပါယ်ရှင်းတော့မှ သူနဲ့အတူ ဗမာပြည်သစ်တည်ထောင်မယ်`` ဟု အဓိဋ္ဌာန်ပြုလိုက်၏
ဗိုလ်ချုပ်နှင့် ကျွန်တော်တို့နှစ်ဦးစလုံး နောင်တရကြပေပြီ------------
ပျဉ်းမနား အနောက်ဘက် ၁၀ မိုင်ကွာ ကျဉ်းမြောင်းစခန်းကား-----
နေ့၁၀ နာရီ ခန်ကရှိ နေအတော်ပူပြင်းနေပေပြီ ချိုးကူသံများသည် တစ်စခန်းလုံးဆူညံနေပါသည်။ ထိုအခိုက်တွင် မြို့ချေစခန်းရှိ ဗိုလ်ကြီးလှကြည်က ရဲဘော်တစ်သိုက်နှင့် ကျွန်တော့စခန်းသို့ မျက်နှာပျက်ပျက်ဖြင့် --ရောက်လာကြသည်။ ကျွန်တော်က သူတို့စခန်းဋ္ဌ် ကြီးကျယ်နစ်နာချက်ကြီးတစ်ခု ဖြစ်ပြီဟု တွက်ချက်မိ၏။ ကျွန်တော်နှင့် နှစ်ကိုယ်ချင်းဆုံမိသောအခါ လေသံကလေးမှာ လည်ချောင်းထဲမှ မထွက်နိုင်ရှာပဲ---
``ဗိုလ်ချုပ်တို့ --- ဆုံးပြီဗျ --``
ကျွန်တော်က ရုတ်တရက် နားမလည်လိုက်ရု် ``ဘာတုန်းဗျ ကျယ်ကျယ်ပြောစမ်းပါ----``
``ဗိုလ်ချုပ်တို့ အသတ်ခံရပြီ``
``ဗျာ အမလေး `` ဟုကျွန်တော့မှာ နားရင်းနှစ်ဖက်ကို လက်ဖဝါးများဖြင့်ပိတ်ကာ ---နားတွင်းသို့ မိုးကြိုးစက်ကျသည် ထင်လိုက်မိရု် ကျွန်တော့်လက်ချောင်းတွေမှာလဲ တဆတ်ဆတ်တုန်နေသည်ကို တခဏကြာမှ သတိပြုလိုက်မိ၏။ ကျွန်တော်သတ္တိမကြောင်ပါ။ စစ်ပွဲတိုင်း နွဲခဲ့သော လက်နက်ဘေး ရန်သူ့ဘေးမှ မသေရု် ယခုစာရေးသည်အထိ အသက်ရှင်နိုင်ခဲ့သော ကျွန်တော့်အဖို့မှာ ပူဆွေးခြင်း ဝမ်းနည်းခြင်း စိုးရိမ်ခြင်းတို့က ချယ်လှယ်နေကြသည်။
ကျွန်တော်က ချက်ချင်းအသေခံရဲသော ဗမာ့တပ်မတော်ဟောင်း ကြီးနှစ်ဦးကို တိတ်တဆိတ်ရန်ကုန်သို့ စုံစမ်းရန်လွှတ်လိုက်၏။
သုံးရက်ကြာသည့်နောက်တွင် မျက်ရည်ပေါက်ကြီးတွေနှင့် ကျွန်တော့်ရဲဘော်နှစ်ယောက် ပြန်ရောက်လာပြီး---------
``ဗိုလ်ချုပ်တို့ အသတ်ခံရပြီ ဗိုလ်မှုး ---ဗမာပြည်အဘို့တော့ သွားပြီဗျ ---`` ဟုသတင်းလည်းပို့ ချုံးချရု်လည်း ငိုကြွေးလိုက်ပါသည်။ ကျွန်တော်လည်း မရှက်နိုင်တော့ပါ ။ စွဲကိုင်ထားသော ဓါးရှည်ကို မြေပေါ် သို့ပင်ချလိုက်ပြီး ကျွန်တော်တို့၏ ဘခင်ကြီး ၊အကိုကြီးအတွက် အားရပါးရ ငိုကြွေးလိုက်သည်။ မင်္ဂလာဆောင်စဉ်--------- သတို့သမီး၏ အဘ အနေနှင့်လည်းကောင်း ၊ အကိုကြီးအနေနှင့် လည်းကောင်း၊ ဦးဆောင်မှုပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းအတွက် ကျွန်တော်၏ဇနီး စောချစ်ဦးလည်း မြေဋ္ဌ် လူးလှိမ့်ကာ ငိုကြွေးနေသည်ကြောင့် သွားရောက် ဖျောင်းဖျလိုက်ရပါသည်။
အလင်းသို့ ထွက်လာခဲ့သော ကျွန်တော့အဘို့ ကျွန်တော်၏အဖေ အသက်ရှင်နေသော ဗိုလ်ချုပ်အောင်ဆန်းအစား သူပြုစုဦးဆောင်ခဲ့သော-- လွတ်လပ်ရေးကျောက်တိုင်ကြီးနှင့် သူ၏လွတ်လပ်ရေး ဆုလဒ်ကြီး ---- အာဇာနည်ဗိမာန်တို့ကသာ ကျွန်တော့်ကို ဝမ်းနည်းကျေကွဲစွာဖြင့် ---ဆီးကြိုနှုတ်ဆက်နေကြသယောင် ရှိတော့၏။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော်တို့ နောင်တမှာကား---- အချိန်လွန် ဘဝခြားမှ သေကွဲကွဲရု် ယခုဘဝတွင် ပြန်လည် မဆုံစည်းနိုင်အောင် ရာဇဝင်ဆောင်စေသည့် နောင်တစ်ခါမှ တမ်းတပူဆွေးစေသည့် နောင်တများသာလျှင် ဖြစ်တော့သတည်။ ။
၇ွှန်လန်းချမ်းမြေ့ကြပါစေ။။။
** ကိုစိုးနိုင်**
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း (၈)---- ဤသို့ လုပ်ကြံခဲ့သည်

**ဤသို့ လုပ်ကြံခဲ့သည်**
(ဗိုလ်ဥတ္တမကျော်)
။။။။။(အောက်ပါ အကြောင်းအရာများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံတော် ခေါင်းဆောင်ကြီးများ အား လုပ်ကြံသတ်ဖြတ်မှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သော တရားခံ ``ရန်ကြီးအောင်`` ခေါ် မောင်လှထွန်း၏ ပြောပြချက်များဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ထိုစဉ်က မည်သို့ ရေတိမ်တွင် နစ်မွန်း ဆုံးရှုံးခဲ့ရကြောင်း ပြန်ပြောင်း သတိရနိုင်စေရန် ကှုအချက်ကို ပြန်ပြောင်း ဖော်ပြလိုက်ရခြင်း ဖြစ်ပါကြောင်း)။။။။။
အမည်။ ။ရန်ကြီးအောင်(ခေါ်)မောင်လှထွန်း
အသက်။ ။ ၁၈ နှစ်
လူမျိုး။ ။ မြန်မာ
ကိုးကွယ်သည့်ဘာသာ။ ။ ဗုဒ္ဓဘာသာ
အဘအမည်။ ။ ကိုမောင်ထွန်း
ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်သော ကျွန်တော်သည် ခွေလောက်နီးပါး မိုက်တွင်းနက်မိပါသည်။ ကျွန်တော်တို့ မည်သို့ ကြံစည်ဆောင်ရွက်ခဲ့ သည်ကို သိရှိနိုင်ရန် ကျွန်တော် အဖြစ်အပျက်များကို ပြောပြလိုပါကြောင်း ။
ကျွန်တော်သည် အုတ်ဖိုမြို့ အရှေ့ အလယ်ကုန်းရွာတွင် လွန်ခဲ့သည့် ၉ -နှစ် ၁၀ -နှစ်လောက်က စပြီး နေထိုင်ပါသည်။ ကျွန်တော် မွေးသည့်အရပ်မှာ အုတ်ဖိုမြို့ဖြစ်ပါသည်။ ငယ်စဉ်က ကျွန်တော်သည် အုတ်ဖိုမြို့ ဦးစံလှ၏ မြန်မာစာသင်ကျောင်းတွင် တတိယအတန်းထိ စာသင်ဖူးပါသည်။ လွန်ခဲ့သော ၄-လလောက်က ဂဠုန်ဦးစော အုတ်ဖိုမြို့သို့ လာသောအခါ မင်းတိုင်ပင် အမတ်ဟောင်း ဦးဘရင်၏ နေအိမ်တွင် တည်းခိုပါသည်။ ဦးစော ၏နှမဝမ်းကွဲတော်သူ မတင်ညိုက ကျွန်တော့အား ``နင့်ဦးလေး ဦးစောရောက်နေတယ်-- တစ်ခါမှ မင့်ကို မမြင်ဘူးသေးဘူး။ သွားကြည့်အုံး`` ဟု ပြောပါသည်။ ကျွန်တော်လည်း ဦးဘရင်၏နေအိမ်သို့ သွားရာ ဦးစောကို တွေ့ရပါသည်။ ဦးစောက ``မင်း ဘယ်ကလဲ``ဟု မေးပါသည်။ ထိုအခါ ကျွန်တော်က ``အလယ်ကုန်းက ကိုမောင်ထွန်းသား ဖြစ်သည်`` ဟု ပြောရာ ဦးစောက ``မင်း ငါ့ဆီလိုက်နေမလား``ဟု မေးပါသည်။ ကျွန်တော်ကလည်း ``လိုက်နေပါမည်``ဟု ပြောလိုက်ပါသည်။
နောက်တစ်နေ့တွင် ဦးစော မင်းလှသို့ တရားဟောရန်သွားပါသည်။ ညနေကြတော့ ဦးစောသည် မော်တော်ကားဖြင့် အုတ်ဖိုမြို့သို့ ပြန်လာပါသည်။ နောက်တစ်နေ့ နံနက် ဝေလီဝေလင်းတွင် အုတ်ဖိုက ကားသုံးစီးနှင့် ဦးစော ရန်ကုန်မြို့သို့ပြန်လာသည်။ ကျွန်တော်လည်း သူနှင့်အတူ ရန်ကုန်လိုက်လာပါသည်။ ကျွန်တော်တို့သည် ဦးစော၏ အေဒီလမ်း ရှိနေအိမ်သို့ ညနေဘက်တွင်ရောက်ရှိပါသည်။ ထိုအိမ်ဋ္ဌ် ကျွန်တော် လည်း ကိုစိန် ကိုမောင် မြအုန်း တင်ရွှေ ကိုစိုး ကိုကြီးငွေ ရင်ဖေ ရင်မောင် ခင်မောင်ရင် တို့ကို တွေ့ရ ပါသည်။ ၄င်းတို့နှင့် အတူ နေရပါသည်။ နောက်တစ်နေ့တွင် ရင်ဖေမှာ သူ့အိမ်သူပြန်သွားပါသည်။ တစ်လ လောက် ဦးစောအိမ်တွင် နေပြီးလျှင် ကျွန်တော်သည် ကျွန်တော်၏ရွာ (အလယ်ကုန်း)သို့ ခေတ္တပြန်ပါသည်။ ရွာတွင် သုံးရက်ခန့်နေပြီး အပြန်တွင် ရန်ကြီးနိုင် ခေါ် မောင်ထွန်းရှိန်အား အတူလိုက်နေရန် ခေါ်လာခဲ့ပါသည်။ နောက်တစ်လခန့် ကြာသောအခါ ကိုသက်နှင်း ကိုသုခ တို့ရောက်လာပါသည်။ ကိုဘညွန့်လည်း လာပါသည်။ ထိုအခါက ကိုဘညွန့်သည် ဦးစော၏ အိမ်တွင် ကြာကြာမနေပါ။ သွားချည် လာလှည့် နေပါသည်။ ကိုသက်နှင်းနှင့် ကိုသုခက ကျိုက်လတ်က ဟုပြောပါသည်။ ကိုဘညွန့်ကတော့ အိုးသည်ကုန်းက ဖြစ်သည်။ ရန်ကြီးနိုင် စိန်မောင်နှင့် ကျွန်တော်တို့သည် ဦးစောအိမ် နောက်ဖေး အဖီကလေးမှာ နေရပါသည်။
ကျွန်တော်တို့ ဦးစောအိမ်ရောက်ပြီး နှစ်လလောက် ကြာသောအခါ ဦးစောက ကျွန်တော်နှင့်တကွ ကိုသက်နှင်း ကိုသုခ ရန်ကြီးနိုင် ကိုစိုး ကိုစိန် ခင်မောင်ရင် တင်ရွှေ စိန်မောင် မောင်မြအုန်းတို့အား ဘုရားကျောင်း ဆောင်သို့ ခေါ်သွားပြီးလျှင် ငါးပါးသီလ ခံယူစေပါသည်။ ၄င်းနောက် ကိုသုခ ဆိုသည့်အတိုင်း လိုက်ဆိုရပါသည်။ အတိုချုပ်ကတော့ တိုင်းပြည် ဘာသာ သာသနာအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ပါ မည်။ သစ္စာဖောက်ပါက ငရဲပြည်ရောက်ပါစေ ဟု ပါပါသည်။ ကိုသုခ ရှေ့မှ ချပေးသည့်အတိုင်း လိုက်ဆိုပြီးလျှင် ကျွန်တော်တို့ အားလုံး သစ္စာရေသောက်ရပါသည်။ ၄င်းနောက် ``ကျွန်တော်သစ္စာဖောက်မိသဖြင့် ကျွန်တော်၏ ကိုယ်ကို ကျွန်တော် အဆုံးစီရင်လိုက်ပါသည်`` ဟု ကျွန်တော်ကိုယ်တိုင်ရေးပြီး လက်မှတ်ထိုးရု် ဦးစောလက်သို့ ပေးအပ်ရပါသည်။ ကှုကိစ္စများ ပြီးသည့်နောက် ဦးစောကိုယ်တိုင် ကျွန်တော့အား စတင်းဂန်း နှစ်လုံးပူး ခြောက်လုံးပူး သေနတ်များ အပစ်သင်ပေးပါသည်။ ကိုခင်မောင်ရင်နှင့် အခြား သေနတ်ပစ်တတ်သည့် လူများကိုလည်း ဦးစောက ထပ်မံသင်ကြားပေးပါသည်။ ကျွန်တော်သည် အစမ်းသဘောဖြင့် ဓါတ်ဆီပုံး။ ရေနံဆီပုံး လွတ်တို့ကို ချိန်ပြီး စတင်းဂန်း နှစ်လုံးပူး ခြောက်လုံးပူးတို့ကို အစမ်းအပစ်လေ့ကျင့်ရပါသည်။
။။။။။။။။။ကှုသို့ အပျော်တမ်းစစ်တပ် တစ်ခုသဖွယ် တဒိုင်းဒိုင်း သေနတ်ပစ်သံများ ကို ထိုအခါက တာဝန်ရှိသူများ မသိရော့သလား ။ သိလျှင် ဘာကြောင့် ထိုကတည်းက အရေးမယူခဲ့သည်မှာ အတွေးရ ခက်လှပါသည်။။။။။။။။။။
လွန်ခဲ့သည့် တစ်လလောက်က နံနက် ၉ -နာရီလောက်တွင် ကိုဘညွန့်၊ မောင်စိန်၊ မောင်နီ၊ ရန်ကြီးနိုင်၊ တင်ရွှေ၊ လှထွန်း နှင့် ထွန်းရှိန်တို့သည် လောလီတစ်စင်းနှင့် အေ-အို-ဒီ သို့သွားရောက်ပြီး ဘရင်းဂန်း အလက်၂၀၀ လောက်ထုတ်ယူလာသည်ကို တွေ့ရပါသည်။ ထိုအခါက ကိုဘညွန့်သည် ကာကီအင်္ကျီနှင့် ကာကီဘောင်းဘီများကိုဝတ်ရု် ပုခုံးတွင် ပုလိပ်တံဆိပ်များ တပ်ထားသည်ကို တွေ့ရပါသည်။ မောင်စိန်ကလည်း ပုလိပ်အဝတ်အစား ဘောင်းဘီအင်္ကျီများကိုဝတ်ရု် လက်မောင်းတွင် အရစ်အဖြူ သုံးတန်း တပ်ထားပါသည်။ ကျန်လူများကလည်း ယူနီဖောင်း ဝတ်ထားပါသည်။ ထိုလူများ ယူလာသည့် ဘရင်းဂန်းများ တင်ထားသော လောလီကားကြီးကို ဦးစော အိမ်ရှေ့ သရက်ပင်အောက်တွင် ထားပါသည်။ နောက် ထိုကားမှ ဘရင်းဂန်းများကို ဦးစော ဆင်ဝင်အောက်တွင် ချထားပါသည်။ ၄င်းနောက် ကျွန်တော်တို့သည် ဘရင်းဂန်း သေနတ်များကို အမဲဆီ သုတ်လိမ်းရပါသည်။ အချို့ဘရင်းဂန်း သေနတ်များကို အသင့်ရှိသော သံစည်များ တွင် ထည့်ရု် ၈ -နာရီလောက်တွင် ဦးစောအိမ်အနီး ရေကန်ထဲသို့ ချထားကြပါသည်။

။။။။။ထိုလက်နက်များကို (Capt. Bivan ) ၏ အကူအညီနှင့် ကိုဘညွန့်က (I.P) ယူနီဖောင်း ဝတ်လျှက် ထုတ်ယူခဲ့သည်။။။။။။
ကျန်ဘရင်းဂန်း သေနတ်များကို စိတ်အထင် ထင်းရှုးသေတ္တာ ၇-လုံးခန့်ထဲတွင် ထည့်သွင်းထားသည် ကိုတွေ့ရပါသည်။ ၄င်းသေတ္တာများကို အိမ်တွင်ထားရှိ ရု် နောက်ထပ် ကျန်သေးသော ဘရင်းဂန်းသေနတ်များ ကိုလည်း နောက်ထပ်ရောက်ရှိလာသော ထင်းရှုးသေတ္တာများတွင် ထည့်ကြရပါသည်။ ထင်းရှုးသေတ္တာများတွင် ဘရင်းဂန်းသေနတ်များကို ထည့်ပြီးနောက် တစ်နေ့တွင်မောင်စိန်က လောလီကားကြီးကိုမောင်းလျှက် တင်ရွှေ ထွန်းရှိန် မောင်စိုးတို့က ကားပေါ်တွင် စီးလိုက်လျှက် ဘရင်းဂန်းထည့်ထားသော သေတ္တာ ၁၅ လုံးခန့်ကို လော်လီကားကြီးနှင့် တင်ယူသွားပါသည်။ ခင်မောင်ရင်ကလည်း ဖို့ဒ်ဆင်း ကားမောင်းလျှက် ကိုထွန်းရင် နှင့် အတူ လော်လီကားနောက်က လိုက်ပါသွားပါသည်။
၎င်းဘရင်းဂန်းများကို ပြည်လမ်းတစ်လျှောက်ရှိ ဂဠုန်တပ်ခွဲများသို့ သွားရောက်ပို့ဆောင်ထား ကြောင်း နောင်သောအခါတွင် ကျွန်တော် သိရပါသည်။
နောက် ၁၀-ရက်လောက် ကြာသောအခါတွင်လည်း ပြည်လမ်း ၁၆ -မိုင်ရှိ အင်္ဂလိပ်စစ်တပ် ခဲရမ်းမီးကျောက် သိုလှောင်ရေးဋ္ဌာနမှ ယန်းတောင့်သေတ္တာများကို သွားရောက်ထုတ်ယူလာကြပါသည်။ ၄င်း ယမ်းတောင့်သေတ္တာများကို စိန်မောင် ရန်ကြီးနိုင်နှင့် ကျွန်တော်တို့ ဦးစော၏ အမိန့်အရ ရေကန်ထဲသို့ ချထားရပါသည်။ `
ဇူလိုင်လ ၁၈ ရက်နေ့ ညစာထမင်းစားပြီး ၇ -နာရီခန့်အကြာတွင် ဦးစောက ကျွန်တော့အား သူ့အိပ်ခန်းသို့ ခေါ်သွားပါသည်။ ၄င်းနောက် ဦးစောက ``မင်းကို ကိုစိုး ကိုစိန်တို့နဲ့ ထည့်လိုက်မယ် လိုက်သွားပါ-- သူတို့က အပစ်ခိုင်းသည့်အခါ မင်းကပစ်ရမယ်-- မင်းလိုက်သွားတဲ့အခါ တော်မီဂန်း တစ်လက် ယူသွား ``ဟု ပြောပါသည်။ ကျွန်တော်ကလည်း ``ဟုတ်ကဲ့`` ဟုပြောရု် ကျွန်တော်၏အိပ်ယာသို့ ပြန်ပြီး အိပ်ပါသည်။`
``ဇူလိုင်လ ၁၉ -ရက်နေ့ နံနက် ၉ နာရီလောက်တွင် ဦးစောသည် ကျွန်တော်၏ အိပ်ယာတွင် လာပြီး ကျွန်တော့အား ယူနီဖောင်း ဘောင်းဘီ အင်္ကျီတို့ကို ဝတ်ခိုင်းပါသည်။ ကျွန်တော်လည်း ရန်ကြီးနိုင်၏ ယူနီဖောင်းအစိမ်း တစ်ခုကို အနီးရှိ ကြိုးတန်းပေါ်မှ အဆင်သင့်ဆွဲပြီး ဝတ်ဆင်ပါသည်။ ထို့နောက် ဦးစောက အိမ်ရှေ့ အင်းယားကန်စပ်သို့ ခေါ်လာပါသည်။ ကန်စပ်တွင်ရှိသော သံစည်ထဲမှ စတင်းဂန်း တစ်လက်ကို ထုတ်ယူခိုင်းရု် ထုတ်ယူပြီး ဦးစောနှင့်အတူ အိမ်ဘက်သို့တဖန်ပြန်သွားကြပါသည်။
။။။။။။။။ဇူလိုင်လ ၁၉ -ရက်နေ့ နံနက် ၁၀ နာရီတွင် ဝန်ကြီးအဖွဲ့ အစည်းအဝေး ကျင်းပမည်ကို ဦးစောက ကြိုတင်သတင်းရရှိထားပြီးဖြစ်နေ၏။ ထိုသတင်းမည်သို့ ရရှိပါသည် ဟူရု်လည်း ဦးစောကဖွင့်ဟ မသွားခဲ့ချေ။။။။။။။
ဦးစော၏ အိမ်ရှေ့ ခန်းတွင် ကိုစိုး ၊ကိုသက်နှင်း ၊ကိုစိန် ၊ကိုသုခ ၊ ကိုဘညွန့် ၊ ကိုနီတို့ကို တွေ့ရပါသည်။ ကိုစိုး ကိုသက်နှင်း ကိုစိန် ကိုသုခ တို့မှာ ကျွန်တော်ကဲ့သို့ ယူနီဖောင်း အစိမ်းဝတ်ထားပါ သည်။ ကိုဘညွန့်နှင့် ကိုနီတို့ကတော့ ရိုးရိုးအရပ်ဝတ် အရပ်စား ဝတ်ဆင်ထားပါသည်။ ကျွန်တော်ဝတ်ဆင် ထားသော ကာကီ အစိမ်းယူနီဖောင်းသည် ယခု တရားသူကြီးရှေ့ရှိ သက်သေခံပစ္စည်း အမှတ် ၄ -နှင့်တူပါသည်။ ကျွန်တော့ကိုယ်ပိုင် ပစ္စည်း မဟုတ်ရု် သေချာစွာ မပြောနိုင်ပါ။
ထို့နောက် ကိုစိုးက ကျွန်တော့အင်္ကျီပုခုံး တစ်ဖက်တစ်ချက်တွင် ခြင်္သေ့တံဆိပ် ပါရှိသော အဝတ်စကို တပ်ဆင်ပေးပါသည်။ ကိုစိုး ကိုစိန် ကိုသက်နှင်း တို့၏ အင်္ကျီ ပုခုံးများဋ္ဌ်လည်း ထိုကဲ့သို့ ခြင်္သေံ့တံဆိပ်တပ်ထားပါသည်။ ကိုသုခ ၏ယူနီဖောင်းတွင် ခြင်္သေ့တံဆိပ် ကိုမတွေ့မိပါ။ ခြင်္သေ့တံဆိပ် တပ်ပြီးနောက် ကိုစိုးက ဦးထုပ်အပျော့ တစ်လုံးကိုဆောင်းပေးပါသည်။ ကျွန်တော့ကို ဆောင်းပေးသော ဦးထုပ်သည် ယခု တရားသူကြီးရှေ့ရှိ သက်သေခံပစ္စည်း အမှတ် ၅ နှင့် ဆင်တူပါသည်။
ထို့နောက် ဦးစော၏ အမိန့်အရ ဦးစော၏ အိပ်ခန်းထဲသို့ဝင်ရု် ဦးစော၏ အင်္ကျီချိတ် အောက်က မဂ္ဂဇင်း ဘောက်နှစ်ခုကိုယူလာပြီး အိမ်ရှေ့ ခန်းသို့ပြန်လာပါသည်။ အိမ်ရှေ့ခန်းသို့ ကျွန်တော် ပြန်ရောက်သောအခါ ကိုစိုး ကိုစိန်နှင့် ကိုသက်နှင်းတို့မှာ တော်မီဂန်းတစ်လက်စီ ကိုင်ထားသည်ကို တွေ့ရပါသည်။ ကျွန်တော်က သူတို့အား ဘယ်သွားမလဲဟု မေးရာ ကိုစိုးက ``မြို့ထဲ လိုက်ခဲ့ရမယ်-- ဟိုကျတော့ ငါပစ်ခိုင်းတဲ့အတိုင်း ပစ်ရမယ်-`` ဟုပြောပါသည်။ နံနက် ၁၀ နာရီ အချိန်လောက်တွင် ဦးစောက ကျွန်တော်တို့အား`` အချိန်စေ့ပြီ သွားကြ သွားကြ `` ဟုပြောပါသည်။ ထိုအခါ ကိုသုခ ကိုစိုး ကိုစိန် ကိုသက်နှင်း နှင့် ကျွန်တော်တို့သည် ဂျစ်ကားပေါ်သို့ တတ်ပါသည်။ ဂျစ်ကားကို ကိုသုခက မောင်းရု် ကိုစိုးက ကိုသုခ၏ ဘေးတွင် ထိုင်ပါသည်။ ကိုသက်နှင်း ကိုစိန်နှင့် ကျွန်တော်က နောက်မှ ထိုင်ပါသည်။ ဂျစ်ကားပေါ်သို့ရောက်သောအခါ ကိုစိုး ကိုစိန် ကိုသက်နှင်း တို့ သုံးယောက်က မိုးကာ အင်္ကျီ ကိုခြုံလိုက်ပါသည်။ ကျွန်တော်က ကိုစိုး ကိုစိန် နှင့် ကိုသက်နှင်းကြားထိုင်နေရု် မိုးကာအင်္ကျီမခြုံပါ။ ထိုအချိန်လောက်တွင် ကိုဘညွန့် ကိုမောင်ညို ခင်မောင်ရင်တို့သည် မြို့ထဲသို့ ရောက်ရှိနေကြပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ အစည်းအဝေး ထိုင်နေကြကြောင်း ဦးစောထံ တယ်လီဖုန်းဖြင့် သတင်းပေးပို့သည်ဟု နောင်သောအခါကျမှ ကျွန်တော် သိရှိရပါသည်။
ကျွန်တော်တို့ ဂျစ်ကားထွက်လာမည် လုပ်သောအခါ ဦးစောက ``ဂွတ် လဒ် ``ဟု နှုတ်ဆက်ပါသေးသည်။ ကိုစိုးကလည်း ပြန်ရု် နှုတ်ဆက်ပါသေးသည်။ ထို့နောက် ဂျစ်ကားကို ကိုသုခက မြို့ဘက်သို့ မောင်းလာပါသည်.။ မြို့ထဲသို့ ဂျစ်ကားရောက်လာသောအခါ ကိုစိုး ကိုစိန် ကိုသက်နှင်း တို့သည် မိုးကာ အင်္ကျီများကို ချွတ်လိုက်ကြပါသည်။ ကျွန်တော်တို့လည်း သေနတ်ဖြင့် ပစ်ရမည့်ရုံးတွင်းသို့ ဂျစ်ကားဖြင့် ဝင်လာပါသည်။ ရုံးရှေ့လှေကားအနီးတွင် ဂျစ်ကားရပ်ရု် ကိုစိုး ကိုသက်နှင်း ကိုစိန်နှင့် ကျွန်တော်က ကားပေါ်မှဆင်းပါသည်။ထို့နောက် ရုံးပေါ်သို့ ကိုစိုးက ရှေ့ဆောင်ရု် တတ်ပါသည်။ ကိုစိုးနောက် ကပ်လျှက် ကိုစိန်က လိုက်ပါသည်။ ကိုစိန်၏နောက် တစ်လံလောက်တွင် ကိုသက်နှင်းက လိုက်ရု် ကိုသက်နှင်း၏ နောက်မှ ကျွန်တော်က လိုက်ပါသည်။
ဝန်ကြီးတွေ စည်းဝေးသော အခန်းသို့ ရောက်သောအခါ ကိုစိုး နှင့် ကိုစိန်တို့ ကရှေ့ဆုံးမှ ဝင်သွားပါသည်။ ကိုစိုးနှင့် ကိုစိန်က အခန်းထဲသို့ဝင်လျှင်ဝင်ချင်း စရု် ၄င်းတို့တွင် ပါလာသော တော်မီဂန်း များနှင့် ရုံးခန်းထဲရှိ ဝန်ကြီးများကို ပစ်ပါသည်။ ကျွန်တော်နှင့် ကိုသက်နှင်းကလည်း ကျွန်တော်တို့ လက်တွင် ပါလာသော သေနတ်များနှင့် ပစ်ပါသည်။ ကျွန်တော်က ထိုင်ပြီး စတင်းဂန်းနှင့် ဝပ်နေသောသူများကို ပစ်ပါသည်။ ထို့နောက် အခန်းတွင်းမှ ကျွန်တော်တို့ထွက်လာပါသည်။ ဝရံတာတွင် ခြောက်လုံးပူး ဖြင့်ရပ်နေသော လူတစ်ယောက်တွေ့ရ ပါသည်။ ထိုအခါ ကျွန်တော်တို့ ထဲက လူတစ်ယောက်က ``ပစ်````ပစ်`` ဟု ပြောရာ ကျွန်တော်က ကျွန်တော်၏ စတင်းဂန်းနှင့် တစ်ချက်ဆွဲလိုက်ပါသည်။ ကျည်ဆန် နှစ်ခုသုံးခု ထွက်ပြီး ထိုလူအား ထိပါသည်။ ထို့နောက် ကျွန်တော်တို့လည်း ရုံးပေါ်က ပြေးဆင်း လာကာ အသင့်ရပ်ထားသော ဂျစ်ကားပေါ်သို့ တတ်စီးပြီး ရုံးဝင်းအတွင်းမှ မောင်းထွက်လာခဲ့ပါသည်။
ဦးစော၏ နေအိမ်သို့ ပြန်ရောက်ကြသောအခါ အိမ်ဝင်းတံခါးကို မောင်တင်ရွှေက ဖွင့်ပေးနေစဉ် ကိုစိုးက ``မြန်မြန် ဖွင့် မြန်မြန်ဖွင့်``ဟု ကြိမ်းပါသည်။ အိမ်တွင် ဦးစော အသင့်စောင့်နေသည်ကို တွေ့ရပါသည်။ ဦးစောက ``ကိစ္စပြီးပလား ``ဟုမေးရာ ကျွန်တော်တို့အားလုံးက ``ပြီးပါပြီ``ဟု ပြန်ပြောလိုက်ပါသည်။ ထို့နောက် ကျွန်တော်တို့အားလုံး အဝတ်လဲရန် ကိုယ့်နေရာ အသီးသီးသို့ ပြန်သွားကြပါသည်။ လက်နက်များနှင့် အင်္ကျီ များကို ဂျစ်ကား ပေါ်တွင် ထားခဲ့ပါသည်။ အင်္ကျီ များကို မောင်မြအုံး လာယူသွားရု် လက်နက်များကို စိန်မောင်က ဘုရားကျောင်းဆောင် သို့ယူသွားပါသည်။ ဦးထုပ်များ တော့ ဘယ်သူယူသွားသည်ဟု မသိပါ။ ကျွန်တော်တို့ အင်္ကျီ လဲပြီးနောက် ကိုစိန် ကိုစိုး ကိုသက်နှင်း ကိုသုခ တို့က အဖြစ်အပျက်ကို ပြောပြပါသည်။ ကှု်ကဲ့သို့ ပြောနေစဉ် ကိုခင်မောင်ရင်နှင့် ကိုဘညွန့်တို့လည်း အိမ်သို့ပြန်ရောက် လာပါသည်။ နေ့ခင်းတစ်နာရီ ကျော်တွင် ကျွန်တော်တို့ အားလုံး အဖမ်းခံရပါသည်။ ။
ရေးသူ။ ။ဗိုလ်ဥတ္တမကျော်
ရွှင်လန်းချမ်းမြေ့ပါစေ။
**ကိုစိုးနိုင်**
မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ်
၁၃၀၁ တရုတ်က မြင်စိုင်းကို ရအောင် မသိမ်းနိုင်
၁၃၁၂ ပင်းယမြို့တည်
၁၃၆၂ ဗညားဦး ရွှေတိဂုံ စေတီ ဉာဏ်တော်ကို ၆၆ ပေထိမြှင့်
၁၃၆၄ ရှမ်းဖျက်လို့ ပင်းယ၊ စစ်ကိုင်းပျက်
၁၃၆၅ အဝမြို့တည်
၁၃၆၉ မဒမ က နန်းတော်ကို ဗဂိုးပြောင်း
၁၃၇၄ ရခိုင်က မြန်မာမှာ နန်းလျာတောင်း
၁၃၉၀ - ၉၁ ဗောလောကျန်းတော သေ၊ မင်းရဲကျော်စွာ မွေး
၁၄၀၄ ရခိုင်မင်းတွေ ရခိုင်ဘွဲ့အပြင် မဟာမေဒင်ဘွဲ့ကိုလဲယူ
၁၄၃၃ မြို့ဟောင်း (မြောက်ဦး) တည်
၁၄၃၅ ပထမ ဥရောပတိုက်သား နိကိုလိုဒီကွန်တီ ဗဂိုးရောက်
၁၄၃၇ သံတွဲ ရခိုင် လက်အောက်ခံ စဖြစ်
၁၄၄၆ သိုဟန်ဘွား တရုတ်မှာ အညံ့ခံ
၁၄၅၀ ဗညားကျန် ရွှေတိဂုံစေတီ ဉာဏ်တော်ကို ပေ ၃၀၂ ထိမြှင့်
၁၄၅၃ တာ့ခ်တွေ ကွန်စတန်တီနိုပယ်မြို့တော်ကြီးကိုသိမ်း
၁၄၅၃ ရှင်ဥတ္တမကျော်၊ ရှင်သီလဝံသတို့ မွေးဖွား၊ မြန်မာစာပေ ကြီးပွား
၁၄၅၆ အဝက ကန္ဒီစွယ်တော်တိုက်ကို အဖူးအမျှော်သွား
၁၄၆၀ ရှင်စောပု ရွှေတိဂုံ စေတီ ရင်ပြင်တော်ကို ချဲ့
၁၄၇၂ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက ဗုဒ္ဓဂါယာကို အလှူတော် ပို့လွှတ်
၁၄၅၇ ရာမာဓိပတိ (ဓမ္မစေတီ) မင်းက သာသနာ သန့်စင်ရေး အတွက် သီရိလင်္ကာနဲ့ ဆက်သွယ်၊ ကလျာဏီ
ကျောက်စာ ရေးထိုး
၁၄၉၀ ဗာ့စကိုဒဂါမက အိန္ဒိယ ရေလမ်းကို စပြီး တွေ့ရှိ
၁၅၀၃ တောင်ငူက ကျောက်ဆည်နယ်ကို သိမ်းယူ
၁၅၀၃ မိုးညှင်းက ရွှေဘိုနယ်ကိုသိမ်း
၁၅၀၇ လုဒိုဗိကိုဒီဗာသိမ ရောက်
၁၅၁၉ မဒမမှာ ပုတကေ (ဖုရတုဂုစေေ) တွေ ကုန်တိုက် လာဖွင့်
၁၅၃၉ တပင်ရွှေထီး ဗဂိုးသိမ်း၊ ဗဂိုးမှာ နန်းသစ်ဆောက်
၁၅၄၁ တပင်ရွှေထီး မဒမကိုသိမ်း
၁၅၄၄ တပင်ရွှေထီး မြင်းခြံ အထိ အညာမြန်မာကိုသိမ်း
၁၅၄၆ ငကြည်မြောင်း ဖောက်
၁၅၄၇ မြို့ဟောင်းကို တိုက်လာတဲ့ မြန်မာတပ်ကို မင်းဘင်က တွန်းလှန်
၁၅၄၈ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပထမ အကြိမ် ဝန်းရံတိုက်ခိုက်
၁၅၅၀ တပင်ရွှေထီး လုပ်ကြံခံရ၊ မွန်တွေက မြန်မာကို ဗဂိုးက နှင်
၁၅၅၁ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) ဗဂိုးရ၊ သမိန်ထောကို ကွပ်
၁၅၅၅ ကန္ဒီ စွယ်တော်တိုက်ကို ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က ပူဇော် ကန်တော့လွှတ်
၁၅၅၅ - ၅၉ ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) က အညာမြန်မာ၊ ရှင်းပြည်၊ မဏိပူရက လင်းဇင်း (ဗိယင်ချန်း)
ထိသိမ်း၊ သူပိုင်တဲ့ နယ်တွင်းမှာ နတ်ကို သားကောင်နဲ့ ယဇ်ပူဇော်တာ၊ လူစတေးတာ တွေကို တားမြစ် ပိတ်ပင်။
၁၅၆၄ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဒုတိယ အကြိမ် ဝန်းရံ၊ မြို့ကိုသိမ်း၊ တနင်္သာရီ မြန်မာ လက်အောက်ခံ
ဖြစ်လာ၊ ဗဂိုးကို မီးရှို့ ဖျက်ဆီး၊
၁၅၆၇ အကြေမြန်မာ (မြစ်ဝကျွန်းပေါ် ဒေသ) မှာ ငတ်မွတ် ခေါင်းပါးတဲ့ ဘေးဆိုက်
၁၅၆၉ အယုဒ္ဓယ (ယိုးဒယား)ကို မြန်မာက တတိယ အကြိမ် ဝန်းရံ၊
၁၅၇၄ - ၇၆ ဟံသာဝတီ ဆင်ဖြူရှင် သီရိလင်္ကာက သမီးကညာနဲ့ စွယ်တော်ရ
၁၅၈၀ခန့် ဓမ္မသတ်ကျော်နဲ့ ကိုးဆောင်ချုပ်ရေးပြီး
၁၅၈၇ - ၉၃ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက စတုတ္တ အကြိမ် ဝန်းရံ၊ ဘာမျှ အရာမရောက်
၁၆၀၀ ရခိုင်၊ ယိုးဒယား ပေါင်းပြီး ဗဂိုးကိုတိုက်၊ အကြေမြန်မာ (မြစ်ဝကျွန်းပေါ်) မှာ ငတ်မွတ် ခေါင်းပါးခြင်း ဘေးဆိုက်၊
နိုင်ငံ အစိတ်စိတ် ပြိုကွဲ၊ ဒီဗရစ်တို တညင်မှာ အခိုင်အမာနေ
၁၆၀၉ ရှင်မဖြူ (ဆာနဒဝိပ) ကျွန်းမှာ ထိဗောင် (ထိဗုာ) အခိုင်အမာ တပ်စွဲ
၁၆၁၃ အနောက်ဘက် လွန်မင်းက မင်းဆက်ကို ခိုင်ခံ့အောင် လုပ်ပြီး တညင်ကိုသိမ်း
၁၆၁၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ ကိုယ်စားလှယ် ဗဂိုးရောက်
၁၆၂၅ မာ့ဘ် - ပုတေကေ ပေါင်းပြီး ဒက္က (ဓာငငာ) ကို တိုက်
၁၆၂၇ ဒါ့ခ်ျနဲ့ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တွေက မြန်မာမှာ ကုန်တိုက်ဖွင့်
၁၆၂၈ တရုတ်က မြန်မာမင်းကို အခွန်ဘဏ္ဍာ ဆက်ချိန် တန်ပြီလို့ နှိုးဆော်ဖို့ သံစေလွှတ်
၁၆၃၀ မနုသာရ ရွှေမျှဉ်း ဓမ္မသတ် စီရင်
၁၆၃၅ အဝကို မြို့တော်ပြောင်း
၁၆၃၈ သာလွန်မင်းက စစ်တမ်းယူ
၁၆၅၂ - ၆၂ တရုတ်ဘက်က အညာ မြန်မာ နယ်တွေမှာ ဝင်ရောက် လုယက်
၁၆၆၀ ရခိုင်မှာ ပိုက်ဆံ (ဒင်္ဂါး) သွန်းပြီး သုံးစွဲမြဲသုံး
၁၆၆၁ မြို့ဟောင်းမှာ ရှားရှုဂျာ လုပ်ကြံခံရ
၁၆၆၂ ယုန်ဂ်လ အညံ့ခံ
၁၆၆၆ မိုဂါ (ုံဂုလ) တွေ စစ်တကောင်း သိမ်း၊ ဘင်္ဂလားကို မာဘဘ်နဲ့ ပုတကေ ပူးတွဲ ဖျက်ဆီး လုယက်ခြင်း ရပ်စဲ
၁၆၇၇ ဒါ့ခ်ျနဲ့ အင်္ဂလိပ် အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲတွေ မြန်မာနိုင်ငံက ရုပ်သိမ်း
၁၆၈၃ ဒါ့ခ်ျကုမ္ပဏီ တိုက်ခွဲ ရခိုင်က ရုပ်သိမ်း
၁၆၈၇ ဘိတ် (မြိတ်) မှာ အင်္ဂလိပ်တွေ အသတ်ခံရ
၁၆၈၈ ဘိတ် (မြိတ်) ကို ပြင်သစ်က ခေတ္တသိမ်းယူ၊ ပြင်သစ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာဖွင့်
၁၆၉၅ ဖလိဝုဒ့်နဲ့ ဆီလီတို့ အဝကိုရောက်
၁၇၀၉ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီ တိုက်ခွဲ တညင်မှာ ပြန်ဖွင့်
၁၇၂၁ ကက်သလစ် သာသနာပြု လုပ်ငန်းစ
၁၇၂၄ - ၅၀ အညာ မြန်မာဘက် မဏိပူရမှာ လုယက်
၁၇၂၅ မြန်မာက ဇင်းမယ်ကို လက်လွှတ်
၁၇၄၃ မြန်မာက တညင်ရ၊ ပြန်လက်လွတ်၊ မွန်က တညင်ရှိ အင်္ဂလိပ် အရှေ့အိန္ဒိယ ကုန်တိုက်တွေကို မီးတိုက်
၁၇၄၇ အုတ်ဖိုကွေ့ရှမ်းက မဒရာရှိ မွန်တွေနဲ့ ပူးပေါင်း
၁၇၅၀ အဝမင်းက ယွန်နန်ကို အကူအညီတောင်း၊ မနုရင်း ဓမ္မသတ် ပြုစု
၁၇၅၁ ကျောက်ဆည်ကို မွန်တို့သိမ်း
၁၇၅၂ အဝကို မွန်တို့သိမ်း
၁၇၅၃ အဝက မွန်တို့ထွက်
၁၇၅၄ အဝကို မွန်တို့က အကြီးအကျယ် လာရောက် တိုက်ခိုက်တာကို အလောင်းမင်းတရားက တွန်းလှန်
၁၇၅၅ မွန်တို့က ဟံသာဝတီရောက် မင်းကို ရေမှာဖျောက်၊ အလောင်းမင်းတရား ပြေ၊ မြန်အောင်၊ ရန်ကုန်ကို သိမ်း၊
အင်္ဂလိပ် သင်္ဘောတွေကို ဖမ်း၊ ရန်ကုန်မှာ မီးလောင်၊ ကပ္ပတိန် ဗေကာ သံအဖြစ်နဲ့ အလောင်းမင်းတရားဆီ လာ၊ မဏိပူရကို
ပထမ အကြိမ် ဖျက်ဆီး ရှမ်းက အညံ့ခံ
၁၇၅၅ - ၅၆ တညင်ကို ရံ၊ ပြင်သစ် သင်္ဘောကို ဖမ်း
၁၇၅၆ မနုကျယ်ကို ပြုစု
၁၇၅၆ - ၅၇ ဗဂိုးကိုရံ၊ မွန်တို့ကို အပြီးတိုင်နိုင်
၁၇၅၇ လက်စတာ သံအဖြစ်နဲ့လာ၊ အင်္ဂလိပ်နဲ့ အလောင်းမင်းတရား ညှိနှိုင်းရေး အောင်မြင်
၁၇၅၈ - ၅၉ အလောင်းမင်းတရားက မဏိပူရကို အောင်နိုင်
၁၇၅၉ နာဂရစ် သတ်ပွဲ
၁၇၆၀ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ပဉ္စမအကြိမ် ဝန်းရံ၊ တနင်္သာရီကို မြန်မာက သိမ်း၊ အဲဗ်စ်
သံအဖွဲ့ရောက်၊ ရန်ကုန်မှာ အရှေ့အိန္ဒိယ ကုန်တိုက်ဖွင့်
၁၇၆၃ လက်ဝဲသုန္ဒရက မဲဇာတောင်ခြေ ရတု ရေးသား စီကုံး
၁၇၆၄ မဏိပူရကို တိုက်ခိုက်လုယက်
၁၇၆၅ အဝကို မင်းနေပြည် ပြန်လုပ်၊ ဗျာကရိုဏ်းကျမ်း ရေး
၁၇၆၇ အယုဒ္ဓယ (ယိုးဒယား) ကို မြန်မာက ဆဋ္ဌမ အကြိမ် ဝန်းရံသိမ်းယူ
၁၇၇၃ မွန်တွေ ထိုင်းလင်းဘက်မှာ ခိုလှုံ
၁၇၇၄ ဆင်ဖြူရှင်က ရွှေတိဂုံစေတီကို အခုလက်ရှိ ဉာဏ်တော် ၃၂၇ ပေထိ မြှင့်၊ မွန်မင်းကို သုတ်သင်
၁၇၆၈ - ၈၂ ဖြာတက်က ထိုင်းလင်း (ယိုးဒယား) က မြန်မာတွေကို တိုက်ထုတ်
၁၇၇၅ - ၇၇ ကချနဲ့ ဂျိမ်တိယ စစ်ကြောင်းချီတက်
၁၇၇၆ မြန်မာစာ သင်ပုန်းကြီးကို အီတလီမှာ ပုံနှိပ်
၁၇၈၀ မဟာဗန္ဓုလ မွေးဖွား
၁၇၈၃ အမရပူရကို မင်းနေပြည်လုပ်၊ ရန်ကုန်ကို မွန်တို့က ခေတ္တသိမ်း
၁၇၈၄ - ၈၅ ရခိုင်ကိုသိမ်း၊ အရပ်ရပ် ကျောက်စာတွေ စု
၁၇၈၄ စစ်တမ်းကောက်
၁၇၈၅ - ၈၆ ထိုင်းလင်း (ယိုးဒယား) ကိုတိုက်
၁၇၈၇ တရုတ်က မြန်မာကို သံလွှတ်
၁၇၉၀ - ၉၇ မင်းကွန်းမှာ ဘုရားတည်
၁၇၉၄ ရခိုင်မှာ သူပုန်ထ၊ မြန်မာက စစ်တကောင်း ဘက်ကိုဝင်
၁၇၉၅ - ၁၈၀၂ ထိုင်း သံအဖွဲ့ရောက်၊ ချင်းပျံ သူပုန်ထ၊ ရခိုင်တွေ စစ်တကောင်း ဘက်မှာ ခိုလှုံ၊ ကောက်
သံအဖွဲ့ရောက်
၁၈၀၂ သီရိလင်္ကာမှာ အမရပူရ သံဃာဂိုဏ်းရောက်
၁၈၀၃ ကျိုင်းရုံကြီးကို ယိုးဒယား ဘက်က ဝင်ရောက် လုယက် ကျိုင်းတုံက လူတွေ ဖမ်းသွား
၁၈၀၃ - ၁၈၀၉ - ၁၈၁၁ ကဲန်နဒ် သံအဖွဲ့ရောက်
၁၈၀၇ - ၁၆ အညာမြန်မာမှာ ငတ်မွတ်ခြင်းဘေး ဆိုက်ရောက်
၁၈၀၉ - ၁၁ မြန်မာက ကရာကျွန်းစက်နဲ့ ဂျန့်စီလုံကို သွားပြီး လုယက်
၁၈၁၀ ဗုဒ္ဓဂါယာကို မြန်မာက ဘုရားဖူးသွား
၁၈၁၄ မဒမမှာ မွန်တွေ ပုန်ကန် ထိုင်းလင်းဘက်ကို ဝင်ရောက် ခိုလှုံ
၁၈၁၅ ချင်းပျံ ကွယ်လွန်
၁၈၁၆ အာသမ်ကို မြန်မာက တိုက်ခိုက် အောင်မြင်
၁၈၁၈ မြန်မာက ဘင်္ဂလားကိုလဲ ပိုင်ဆိုင်တယ်လို့ စပြော
၁၈၁၉ မြန်မာက မဏိပူရကို သိမ်း၊ မြန်မာက အာသမ်ကို သိမ်း
၁၈၂၃ အဝကို မင်းနေပြည် ပြန်လုပ်၊ ရှင်မဖြူ (ဆဟာဟပုရိ) ကျွန်းကို မြန်မာက သိမ်း
၁၈၂၄ - ၂၆ အင်္ဂလိပ် - မြန်မာ ပထမစစ် ဖြစ်ပွား၊ ရခိုင်နဲ့ တ နင်္သာရီကို အင်္ဂလိပ်ယူ
၁၈၅၂ အင်္ဂလိပ် - မြန်မာ ဒုတိယစစ် ဖြစ်ပွား၊ အကြေမြန်မာကို အင်္ဂလိပ်သိမ်း
၁၈၅၇ မန္ဈလေးမြို့ စတည်
၁၈၈၅ အင်္ဂလိပ် - မြန်မာ တတိယစစ် ဖြစ်ပွား၊ အညာမြန်မာကို အင်္ဂလိပ် သိမ်း
မြန်မာနိုင်ငံ (၁၃၀၀ - ၁၈၈၅) ဖြစ်ပေါ် တိုးတက်မှု အကျဉ်းချုပ် ဖြစ်ပါတယ်။
သန်းထွန်း
၂၅၊ ၁၁၊ ၂၀၀၀။
စာအုပ်က ဒေါက်တာ သန်းထွန်း ရေးသားတဲ့ "မြန်မာသစ်" စာတမ်းမှ ပြန်လည်ကောက်နှုတ်ဖော်ပြပါသည်။ (Lu Zein)
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း ပြည်ထောင်စုနေ့
ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။သမိုင်း
မြန်မာ့သမိုင်း တစ်လျှောက်လုံး၌ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရား ဤမင်းသုံးပါး လက်ထက်တွင်သာ မြန်မာတနိုင်ငံလုံး တစ်ပေါင်းတစ်စည်းတည်း ရှိခဲ့ဖူသည်။ ဗြိတိသျှအစိုးရ လက်အောက်တွင်မူ တိုင်းရင်းသားများအား ခွဲခြားအုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ်ရေး ပရိယာယ်ကြောင့် တိုင်းရင်းသားအချင်းချင်း ရင်းရင်းနှီးနှီး မရှိပဲ သွေးကွဲမှုပင် ရှိခဲ့သည်။ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေးကို အနှစ် ၇၀ မျှကာလပတ်လုံး အမျိုးမျိုး အဖုံဖုံ ကြိုးပမ်းရာ၌ လွင်ပြင်သားနှင့် တောင်တန်းသားတို့ တစ်ကြိမ်မျှ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးသည် မရှိပေ။ သို့သော် ဖက်ဆစ်ဂျပန်ကို တော်လှန်ကြရာတွင် တိုင်းရင်းသားအားလုံး ညီညွတ်ခဲ့သည်။ သွေးစည်းပူးပေါင်း၍ ဂျပန်ကို တွန်းထုတ်နိုင်ခဲ့သည်။
ဂျပန်တို့လက်အောက်မှ လွတ်မြောက်ပြီးနောက် လွတ်လပ်ရေးကို ဆက်လက်ကြိုးပမ်းသည့်အခါတွင်လည်း လွင်ပြင်သား၊ တောင်တန်းသား မခွဲခြားပဲ တိုင်းရင်းသားပေါင်းစုံ သွေးစည်းမှုကို ရှာကြံခဲ့ကြသည်။ ဤသို့ဖြင့် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကြောင့် မြန်မာ့လွတ်လပ်ရေးကို မျှော်မှန်းနိုင်သည့်အခါသို့ပင် ဆိုက်ရောက်ခဲ့လေသည်။ သို့တိုင်အောင် ဗြိတိသျှနယ်ချဲ့တို့သည် တောင်တန်းသားများအား မိမိတို့လက်အောက်မှ မလွတ်စေလိုသေးပေ။ ထို့ကြောင့် တောင်တန်းသားများအား အမျိုးမျိုး နားလှည့်ခဲ့ကြသည်။
၁၉၄၆-ခုနှစ် ဇန္နဝါရီလအတွင်း ရွှေတိဂုံဘုရား ကုန်းတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံး လက်တွဲ၍ ဆောင်ရွက်ပြီးလျှင် အတူတကွ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံ ထူထောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အတိုင်း ဖြစ်မြောက်နိုင်ရန် မြန်မာခေါင်းဆောင်ကြီးများ ကြိုးပမ်းခဲ့ကြသည်။
ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်း ဗဟိုချက်တွင်ရှိသော ပင်လုံမြို့ကလေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို ၁၉၄၆ ခုနှစ် ဇန္နဝါရီလအတွင်းမှာပင် ကျင်းပခဲ့ရာ မြန်မာခေါင်းဆောင်ကြီးများဖြစ်ေ
၁၉၄၇ ခုနှစ် ဇန္နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်တော်အဖွဲ့သည့
ဗိုလ်ချုပ်အောင်ဆန်းတို့ကမူ တောင်တန်းဒေသများ မပါသော လွတ်လပ်ရေးသည် မြန်မာနိုင်ငံအတွက် အဓိပ္ပာယ်မရှိသော လွတ်လပ်ရေး ဖြစ်သဖြင့် တောင်တန်းဒေသများကို ပြည်မကြီးနှင့်တပြိုင်တည်း လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် ဗြိတိသျှအစိုးရတို့ ဗိလပ်၍ ဆွေးနွေးနေစဉ် ဗြိတိသျှနယ်ချဲ့တို့က မြန်မာနိုင်ငံ၍ တောင်တန်းသားများ နှင့် လွင်ပြင်သားများ အစေးမကပ်ကြသယောင် ဝါဒဖြန့်ကြသည်။ ထို့ကြောင့် မြန်မာ့ခေါင်းဆောင်ကြီးများသည် တောင်တန်း ဒေသများသို့ သွားရောက်ကာ တိုင်းရင်းသား စည်းလုံးရေးကို ဟောပြောလှုံ့ဆော်ခဲ့ကြသည်။
ဗိလပ်တွင် ဆွေးနွေးလျက်ရှိသော လွတ်လပ်ရေးကိစ္စတွင် ဗြိတိသျှတို့က ပရိယာယ်သုံးကာ တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူပါက ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးမည်၊ ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေးကို တောင်တန်းသားများက ယင်းတို့ဘာသာ ဆုံးဖြတ်ပါစေဟု ပြောဆိုပြီးလျှင် ယင်းသဘောတရပ် သက်ဝင်သော အောင်ဆန်း အက်တလီ စာချုပ်ကို ချုပ်ဆိုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ဆိုက်ရောက်လာသည်။ ထို့နောက် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးကို ဆွေးနွေးကြသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညနေတွင် မြန်မာတိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုကို ရရှိခဲ့သည်။ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁)ဦးတို့သည် တိုင်းရင်းသား သွေးစည်းမှု အဆောက်အအုံကို တည်ဆောက်ပေးသည့် တောင်တန်းဒေသများက ပြည်မကြီးနှင့် ပူးပေါင်းရန် သဘောတူညီသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးကြသည်။ ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏ သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ကို ‘‘ပြည်ထောင်စုနေ့’’ ဟူ၍ ခေါ်ဝေါ်သမုတ်ခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။
ဗြိတိသျှအစိုးရသည်လည်း ပြည်မကြီးရော တောင်တန်းဒေသများပါ တပြိုင်တည်း လွတ်လပ်ရေးပေးရန် သဘောတူညီ ရလေသည်။ ဤသို့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးကို ထိုနေ့တွင် အုတ်မြစ်ချခဲ့သဖြင့် ပြည်ထောင်စု တိုင်းရင်းသားတိုင်း မမေ့လျော့အပ်သော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။
အထိမ်းအမှတ်ပွဲများ ကျင်းပ
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ‘‘ပြည်ထောင်စုနေ့’‘ဟူ၍ မြန်မာနိုင်ငံတော် အစိုးရက အသိအမှတ်ပြုပြီး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။ ‘‘ပြည်ထောင်စုနေ့’’ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့သည်။ ၁၉၄၈ နှင့် ၄၉ ခုနှစ်များတွင် ‘‘ပြည်ထောင်စုနေ့’‘ သဘင်ကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီးလျှင် ၁၉၅၀ ပြည့်နှစ်မှစ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ပြည်ထောင်စုနေ့သဘင်ကို ကျင်းပသည့်အခါ ကချင်၊ ရှမ်း၊ ကရင်၊ ချင်း၊ နာဂ၊ ကယား၊ ဆလုံစသော ပြည်နယ်အသီးသီးမှ ဧည့်သည်တော်များကို ဖိတ်ကြား တက်ရောက်စေသည်။ ထိုဧည့်သည်တော်များကလည်း မိမိတို့၏ ယဉ်ကျေးမှု အကများဖြင့် ပြန်လည်ဧည့်ခံကြသည်။
၁၉၅၄ ခုနှစ်မှစတင်၍ ထူးခြားချက်မှာ ပြည်ထောင်စု အလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့သဘင် ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူစေခြင်းပင်ဖြစ်သည်။ ထိုနှစ်တွင် တိုင်းရင်းသား လူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူလာပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ ပေးအပ်ခဲ့သည်။
ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၁) အပိုင်း(၁)
အခန်း(၁)
လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီ
Human Society and Democracy
ဒီမိုကရေစီသည် နိုင်ငံရေးအတွေးအခေါ် တရပ်မဟုတ်ပါ။ ၀ါဒ တရပ်မဟုတ်ပါ။ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်ကို အုပ်ချုပ်ရာတွင်ကျင့်သုံးသော အုပ်ချူပ်ရေးစနစ် တရပ်သာဖြစ်သည်။ Aristocracy, Autocracy, Bureaucracy စသောဝေါဟာရများ၏ အဆုံးသတ် “cracy” ဟူသော ဝေါဟာရသည် အုပ်ချုပ်ရေးဟု အဓိပ္ပါယ်ရသည်။ ဒီမိုကရေစီစနစ် သို့မဟုတ် ဒီမိုကရေစီနိုင်ငံရေးစနစ်ဟု ပြောဆိုသုံးစွဲရာတွင်လည်း ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အခြေခံသော နိုင်ငံရေးစနစ်ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။
ဒီမိုကရေစီကို နိုင်ငံရေးစနစ် တစ်ရပ်အဖြစ် ရှုမြင်ရန်မဟုတ်ဘဲ နိုင်ငံရေးစနစ်ကြီး တခုလုံးထဲမှ ပြည်သူများ အများသဘောတူညီ လက်ခံသည့် နိုင်ငံရေးသီအိုရီဖြစ်သော အုပ်ချုပ်ရေးစနစ်အဖြစ်သာ ရှုမြင်ရန် ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီသည် အုပ်ချုပ်ရေးစနစ် တရပ်သာဖြစ်သည်။
Democracy ဟူသော ဝေါဟာရသည် ဂရိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး demos နှင့် kratia (kratia မှတဆင့် cracy) ကို ပေါင်းစပ်ခြင်းဖြစ်သည်။ demos ၏ အဓိပ္ပါယ်မှာ ပြည်သူများဖြစ်ပြီး kratia ၏ အဓိပ္ပါယ်မှာ အုပ်ချုပ်ခြင်း သို့မဟုတ် အာဏာဟု၍ အဓိပ္ပါယ်ရသည်။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုက အုပ်ချုပ်ခြင်းစနစ်ဟု အဓိပ္ပါယ်ရသည်။ ယင်း အဓိပ္ပါယ်မှာ ဒီမိုကရေစီ၏ အရိုးအရှင်းဆုံးနှင့် ရှေးအကျဆုံး အဓိပ္ပါယ်ဖြစ်သည်။ မျက်မှောက်ခေတ်တွင် ဒီမိုကရေစီကျင့်သုံးခြင်းနှင့် အဓိပ္ပါယ်ကောက်ယူရာတွင် ကွဲပြားခြားနားမှုများ ရှိလာပါသည်။ ပြည်သူများဆိုသည်မှာ မည်သူတို့နည်း။ ၄င်းတို့ကို မည်သူတို့က ကိုယ်စားပြုသနည်း။ အာဏာသို့မဟုတ်အုပ်ချုပ်ရေးဆိုသည်ကို မည်သူတို့က မည်သို့ ကျင့်သုံးကြသနည်း။ စသည့် အဓိပ္ပါယ်ကောက်ယူမှု ကွဲပြားခြင်းအပေါ် ကမ္ဘာပေါ်တွင် ဒီမိုကရေစီကို အကွဲကွဲပြားပြား ကျင့်သုံးနေသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီကို အထူးပြုနာမ၀ိသေသန တလုံးလုံးနှင့် တွဲဖက်အသုံးပြုကြခြင်းဖြစ်သည်။ မည်သို့ပင် ကွဲပြားခြားနားသော နာမ၀ိသေသနှင့် တွဲဖက်ထားသည့် ဒီမိုကရေစီဟူသော ဝေါဟာရပါရှိသရွေ့ ရေဘုယျတူညီမည့် သဘောတရား (Basic Concept) ကား အတူတူသာ ဖြစ်ရပေမည်။
ဒီမိုကရေစီကို BC ငါးရာစုခန့်တွင် ဂရိမြို့ပြနိုင်ငံငယ်လေးများ (City States) တွင် စတင်ကျင့်သုံး ခဲ့သည်။ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်အောက်တွင် အေသင်မြို့သားများ (Athenians) အတွက် ဥပဒေရှေ့မှောက်တွင် အခွင့်အရေးတူညီမှု၊ လွှတ်တော်အတွင်း၌ ပြောရေးဆိုခွင့် ညီတူညီမျှ ရှိမှု တို့ကို ဖော်ဆောင်ထားကြသည်။ ပြည်သူများဟု အဓိပ္ပါယ်ရသော demos သည် ပြည်သူလူထုအား အုပ်ချုပ်မည့် ဥပဒေများ ရေးဆွဲပြဌာန်းသူများ ဖြစ်သဖြင့် ပြည်သူများသည် အချုပ်အခြာ အာဏာရှိသော အုပ်ချုပ်သူများ ဖြစ်လာသည်။ ထို့ကြောင့် ဒီမိုကရေစီသည် လူအနည်းစု ကလေးကသာ အုပ်ချုပ်သော စနစ်များဖြစ်သည့် အရစ္စတိုကရေစီ (Aristocracy) အော်လီဂါခီ (Oligarchy) တို့နှင့်လည်းကောင်း၊ လူတဦးတယောက်တည်းက အုပ်ချုပ်သော စနစ်များဖြစ်သည့် သက်ဦးဆံပိုင်ဘုရင်စနစ် (Monarchy) အော်တိုကရေစီ (Autocracy) တို့နှင့် လည်းကောင်း ခြားနားသည့် ပြည်သူတို့ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်များဖြစ်စေ ပါဝင်နေသည်။ ထို့ကြောင့် ဒီမိုကရေစီသည် အာဏာရှိသူတို့ကသာ အုပ်ချုပ်ရေးယန္တယား အားလုံးကို ထိန်ချုပ်ထားသည့် စနစ်များဖြစ်သည့် အာဏာပိုင် အာဏာရှင်ဝါဒ (Authoritarianism) တပါတီအာဏာရှင် စနစ် (Totallitarianism) တို့အတွင်း၌ ဖြစ်ပေါ်၍ မရနိုင်သည့် အုပ်ချုပ်ရေး စနစ်မျိုးဖြစ်သည်။
Demos ဟူသော ပြည်သူများတွင် မည်သူတို့ပါဝင်သည်ဟူသော အချက်နှင့်ပတ်သက်၍ ဒီမိုကရေစီ သမိုင်းတလျှောက် ကွဲပြားမှု၊ ပြောင်းလဲမှုများရှိခဲ့သည်။ BC ခြောက်ရာစုနှင့် ခုနှစ်ရာစုတွင် ပြည်သူများစူသော ဝေါဟာရ၏ ပရ၀ုဏ်အတွင်း ပါဝင်သော လူစုသည် ဒီမိုကရေစီ စတင်ထွန်းကားသော BC ငါးရာစုတွင် ပြည်သူများဟု ရည်ညွှန်းသော ဝေါဟာရ၏ ဘောင်အတွင်းရှိ လူစုထက် ကျဉ်းမြောင်းသည်။ နိုင်ငံရေးတွင်းပူးပေါင်းဆောင်ရွက်နိုင်သော အခွင့်အရေး၊ မဲပေးနိုင်သော အခွင့်အရေးများသည် မျက်မှောက်ခေတ် အနေအထားတွင်ရှိသော အခြေအနေသို့အဆင့်ဆင့် ကျော်ဖြတ်ပြောင်းလဲခဲ့ရသည်။ ထိုပြောင်းလဲမှု ဖြစ်စဉ်တလျှောက်တွင် မည်သူတို့သည် ပြည်သူများဖြစ်သည်ဆိုသည့် မေးခွန်းကို ရှုထောင့်ပေါင်းစုံမှ မချေအတင် ဆွေးနွေးခြင်း၏ အကျိုးဆက်များအဖြစ် မြင်တွေ့ခဲ့ရသည်။ ယနေ့အချိန်အထိ အသက် (၁၈) နှစ်မပြည့်သေးသူများသည် မဲပေးခွင့်၊ နိုင်ငံရေးတွင် ပူးပေါင်းဆောင်ရွက်ခွင့် မရကြသေးပေ။ ထိုသူများသည် နိုင်ငံတခု သို့မဟုတ် လူ့အဖွဲ့အစည်းတခု၏ ပြည်သူများဖြစ်သော်လည်း ဒီမိုကရေစီ ဝေါဟာရက ရည်ညွှန်းသော မဲပေးခွင့်ရ ပြည်သူများကား မဟုတ်သေးပေ။
တိုက်ရိုက်ဒီမိုကရေစီ
(Direct Democracy)
ပြည်သူအုပ်ချုပ်ရေး လုပ်ငန်းများ ချမှတ်ရာတွင် နိုင်ငံရေးပါတီ အစရှိသော ကြားခံအဆင့်မရှိဘဲ ပြည်သူလူထုကြီး တရပ်လုံးအာဏာပိုင်းစိုးကာ ၀င်ရောက်လုပ်ဆောင်ခြင်းကို တိုက်ရိုက် ဒီမိုကရေစီဟု ခေါ်သည်။ ဒီမိုကရေစီ စတင်ထွန်းကားခဲ့သော ဂရိမြို့နိုင်ငံငယ်လေးများတွင် BC ငါးရာစုက ကျင့်သုံးခဲ့သော ဒီမိုကရေစီသည် တိုက်ရိုက်ဒီမိုကရေစီဖြစ်သည်။ လူဦးရေနည်းပြီး အချင်းချင်းဆက်ဆံရေးပြုလုပ်ရန် လွယ်ကူသော လူ့အဖွဲ့အစည်းအတွင်း၌သာ တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးနိုင်ကြသည်။ အမေရိကန်တွင် ၁၇-၁၈ ရာစုနှစ်များအတွင်းက မြို့ပြအစည်းအဝေးများ ပြုလုပ်ကြရာတွင် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးခဲ့သည်။ လူ့အဖွဲ့အစည်းသည် သေးငယ်ပြီး ဆက်ဆံရေးလွယ်ကူသော ကမ္ဘာအချို့ အရပ်ဒေသများတွင် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးနေဆဲဖြစ်သည်ကို တွေ့ရသည်။ အင်္ဂလန်အချို့ဒေသများနှင့် ဝေလနယ်တွင်းလည်းကောင်း၊ အမေရိကန်ပြည်ထောင်စု အချို့ ပြည်နယ်များတွင် လည်းကောင်း၊ ဆွစ်ဇာလန်ပြည်ထောင်စု၏ အချို့ကန်တွန် (Canton- ဆွစ်ဇာလန် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်) များတွင်လည်းကောင်း ကျင့်သုံးဆဲဖြစ်သည်။
လူဦးရေများပြားသော နိုင်ငံကြီးများအားလုံးလိုလို ကိုယ်စားပြုဒီမိုကရေစီကို ကျင့်သုံးကြသည်။ သို့သော် အချို့နိုင်ငံများတွင် အချို့သော ကိစ္စများ ပြည်သူလူထုက တိုက်ရိုက်ပါဝင် ပတ်သက်နိုင်သော ဒီမိုကရေလုပ်ဟန်များကို ကျင့်သုံးနေကြသည်။ ထိုလုပ်ဟန်ကား လူထုဆန္ဒခံယူပွဲ (Referendum) ပင်ဖြစ်သည်။ ဆွစ်ဇာလန်၊ ပြင်သစ် ၊ ဒိန်းမတ်၊ သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စု၏ အချို့ပြည်နယ်များတွင် ကျင့်သုံးလတက်ရှိကြသည်။ ထိုလူထုဆန္ဒခံယူပွဲများသည် သက်ဆိုင်ရာ နိုင်ငံရေးကိစ္စရပ်များအတွက် တိုက်ရိုက်ဒီမိုကရေစီဖြင့် ဆုံးဖြတ်ချက်ခံယူခြင်း ဖြစ်သည်။
ကိုယ်စားပြု ဒီမိုကရေစီ
(Representative Democracy)
လူဦးရေများပြားသော နိုင်ငံများတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးရာတွင် ပြည်သူများအားလုံး တိုက်ရိုက်ပါဝင်ကျင့်သုံးရန် အခက်အခဲ များစွာရှိသဖြင့် စစ်မှန်သော ကိုယ်စားလှယ် များမှတဆင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ကျင့်သုံးခြင်းကို ကိုယ်စားပြု ဒီမိုကရေစီဟု ခေါ်သည်။
ကိုယ်စားပြု ဒီမိုကရေစိအုပ်ချုပ်ရေးစနစ် ထွန်းကားလာရခြင်း၏ အဓိကအကြောင်းအရင်းသည် လူဦးရေး များပြားလာခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ဒီမိုကရေစီကို ကိုယ်စားလှယ်များမှတဆင့် ကျင့်သုံးခြင်းဖြစ်ရာ ဒီမိုကရေစီကို မထိခိုက်စေနိုင်သော ကိုယ်စားပြုစေနိုင်သည့် ယန္တယားများကို ဖော်ဆောင်ရေးမှာ အထူးအရေးကြီးသော ကိစ္စဖြစ်လာသည်။
ကိုယ်စားပြုအုပ်ချုပ်ရေး ယန္တယား အဆင့်ဆင့်တွင် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်နေရန် လိုအပ်သည်။ ထိုယန္တယား အဆင့်ဆင့်၌ ပါဝင်သူများမှ ပြည်သူ့ကိုယ်စားလှယ်မဟုတ်ဘဲ အာဏာပိုင်များကိုယ်တိုင် သို့မဟုတ် အာဏာပိုင်များ၏ ကိုယ်စားလှယ်များသာ ဖြစ်ပါက အာဏာရှင်စနစ်သို့ ဦးတည်သွားပေလိမ့်မည်။ တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးနေသေးကြောင်း အထက်တွင် တင်ပြခဲ့သည်မှတပါး ကမ္ဘာ့အရပ်ဒေသ အားလုံးတွင် ကိုယ်စားပြု ဒီမိုကရေစီကို ကျင့်သုံးလျက်ရှိကြသည်။ ထိုကြောင့် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်အကြောင်း လေ့လာပါက လေ့လာမှု အများစုသည် ကိုယ်စားပြုဒီမိုကရေစီအတွင်း၌ ရှိသည်။ တနည်းအားဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အကြောင်းလေ့လာရာတွင် စစ်မှန်သောကိုယ်စားပြုခြင်း ဟုတ် မဟုတ်၊ ထိုသို့ ကိုယ်စားပြုနိုင်ရန် ရုပ်ပတ်ဝန်းကျင် ရှိ မရှိ တို့အပေါ် အခြေတည်လေ့လားခြင်းဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ စစ်မှန်မှု မရှိကို ခန့်မှန်းကြရသည်။ ထိုကြောင့် စစ်မှန်သော ကိုယ်စားပြုခြင်း၊ ထိုသို့ ကိုယ်စားပြုနိုင်ရန် ရုပ်ပတ်ဝန်းကျင် ရှိခြင်းတို့နှင့် ဒီမိုကရေစီကို ဆက်စပ်ရုပ်လုံးဖော်သွားနိုင်ပေမည်။
ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။
လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီ
Human Society and Democracy
ဒီမိုကရေစီသည် နိုင်ငံရေးအတွေးအခေါ် တရပ်မဟုတ်ပါ။ ၀ါဒ တရပ်မဟုတ်ပါ။ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်ကို အုပ်ချုပ်ရာတွင်ကျင့်သုံးသော အုပ်ချူပ်ရေးစနစ် တရပ်သာဖြစ်သည်။ Aristocracy, Autocracy, Bureaucracy စသောဝေါဟာရများ၏ အဆုံးသတ် “cracy” ဟူသော ဝေါဟာရသည် အုပ်ချုပ်ရေးဟု အဓိပ္ပါယ်ရသည်။ ဒီမိုကရေစီစနစ် သို့မဟုတ် ဒီမိုကရေစီနိုင်ငံရေးစနစ်ဟု ပြောဆိုသုံးစွဲရာတွင်လည်း ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို အခြေခံသော နိုင်ငံရေးစနစ်ကိုသာ ရည်ညွှန်းခြင်းဖြစ်သည်။
ဒီမိုကရေစီကို နိုင်ငံရေးစနစ် တစ်ရပ်အဖြစ် ရှုမြင်ရန်မဟုတ်ဘဲ နိုင်ငံရေးစနစ်ကြီး တခုလုံးထဲမှ ပြည်သူများ အများသဘောတူညီ လက်ခံသည့် နိုင်ငံရေးသီအိုရီဖြစ်သော အုပ်ချုပ်ရေးစနစ်အဖြစ်သာ ရှုမြင်ရန် ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီသည် အုပ်ချုပ်ရေးစနစ် တရပ်သာဖြစ်သည်။
Democracy ဟူသော ဝေါဟာရသည် ဂရိဘာသာမှ ဆင်းသက်လာခြင်းဖြစ်ပြီး demos နှင့် kratia (kratia မှတဆင့် cracy) ကို ပေါင်းစပ်ခြင်းဖြစ်သည်။ demos ၏ အဓိပ္ပါယ်မှာ ပြည်သူများဖြစ်ပြီး kratia ၏ အဓိပ္ပါယ်မှာ အုပ်ချုပ်ခြင်း သို့မဟုတ် အာဏာဟု၍ အဓိပ္ပါယ်ရသည်။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုက အုပ်ချုပ်ခြင်းစနစ်ဟု အဓိပ္ပါယ်ရသည်။ ယင်း အဓိပ္ပါယ်မှာ ဒီမိုကရေစီ၏ အရိုးအရှင်းဆုံးနှင့် ရှေးအကျဆုံး အဓိပ္ပါယ်ဖြစ်သည်။ မျက်မှောက်ခေတ်တွင် ဒီမိုကရေစီကျင့်သုံးခြင်းနှင့် အဓိပ္ပါယ်ကောက်ယူရာတွင် ကွဲပြားခြားနားမှုများ ရှိလာပါသည်။ ပြည်သူများဆိုသည်မှာ မည်သူတို့နည်း။ ၄င်းတို့ကို မည်သူတို့က ကိုယ်စားပြုသနည်း။ အာဏာသို့မဟုတ်အုပ်ချုပ်ရေးဆိုသည်ကို မည်သူတို့က မည်သို့ ကျင့်သုံးကြသနည်း။ စသည့် အဓိပ္ပါယ်ကောက်ယူမှု ကွဲပြားခြင်းအပေါ် ကမ္ဘာပေါ်တွင် ဒီမိုကရေစီကို အကွဲကွဲပြားပြား ကျင့်သုံးနေသည်ကို တွေ့ရသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီကို အထူးပြုနာမ၀ိသေသန တလုံးလုံးနှင့် တွဲဖက်အသုံးပြုကြခြင်းဖြစ်သည်။ မည်သို့ပင် ကွဲပြားခြားနားသော နာမ၀ိသေသနှင့် တွဲဖက်ထားသည့် ဒီမိုကရေစီဟူသော ဝေါဟာရပါရှိသရွေ့ ရေဘုယျတူညီမည့် သဘောတရား (Basic Concept) ကား အတူတူသာ ဖြစ်ရပေမည်။
ဒီမိုကရေစီကို BC ငါးရာစုခန့်တွင် ဂရိမြို့ပြနိုင်ငံငယ်လေးများ (City States) တွင် စတင်ကျင့်သုံး ခဲ့သည်။ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်အောက်တွင် အေသင်မြို့သားများ (Athenians) အတွက် ဥပဒေရှေ့မှောက်တွင် အခွင့်အရေးတူညီမှု၊ လွှတ်တော်အတွင်း၌ ပြောရေးဆိုခွင့် ညီတူညီမျှ ရှိမှု တို့ကို ဖော်ဆောင်ထားကြသည်။ ပြည်သူများဟု အဓိပ္ပါယ်ရသော demos သည် ပြည်သူလူထုအား အုပ်ချုပ်မည့် ဥပဒေများ ရေးဆွဲပြဌာန်းသူများ ဖြစ်သဖြင့် ပြည်သူများသည် အချုပ်အခြာ အာဏာရှိသော အုပ်ချုပ်သူများ ဖြစ်လာသည်။ ထို့ကြောင့် ဒီမိုကရေစီသည် လူအနည်းစု ကလေးကသာ အုပ်ချုပ်သော စနစ်များဖြစ်သည့် အရစ္စတိုကရေစီ (Aristocracy) အော်လီဂါခီ (Oligarchy) တို့နှင့်လည်းကောင်း၊ လူတဦးတယောက်တည်းက အုပ်ချုပ်သော စနစ်များဖြစ်သည့် သက်ဦးဆံပိုင်ဘုရင်စနစ် (Monarchy) အော်တိုကရေစီ (Autocracy) တို့နှင့် လည်းကောင်း ခြားနားသည့် ပြည်သူတို့ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်များဖြစ်စေ ပါဝင်နေသည်။ ထို့ကြောင့် ဒီမိုကရေစီသည် အာဏာရှိသူတို့ကသာ အုပ်ချုပ်ရေးယန္တယား အားလုံးကို ထိန်ချုပ်ထားသည့် စနစ်များဖြစ်သည့် အာဏာပိုင် အာဏာရှင်ဝါဒ (Authoritarianism) တပါတီအာဏာရှင် စနစ် (Totallitarianism) တို့အတွင်း၌ ဖြစ်ပေါ်၍ မရနိုင်သည့် အုပ်ချုပ်ရေး စနစ်မျိုးဖြစ်သည်။
Demos ဟူသော ပြည်သူများတွင် မည်သူတို့ပါဝင်သည်ဟူသော အချက်နှင့်ပတ်သက်၍ ဒီမိုကရေစီ သမိုင်းတလျှောက် ကွဲပြားမှု၊ ပြောင်းလဲမှုများရှိခဲ့သည်။ BC ခြောက်ရာစုနှင့် ခုနှစ်ရာစုတွင် ပြည်သူများစူသော ဝေါဟာရ၏ ပရ၀ုဏ်အတွင်း ပါဝင်သော လူစုသည် ဒီမိုကရေစီ စတင်ထွန်းကားသော BC ငါးရာစုတွင် ပြည်သူများဟု ရည်ညွှန်းသော ဝေါဟာရ၏ ဘောင်အတွင်းရှိ လူစုထက် ကျဉ်းမြောင်းသည်။ နိုင်ငံရေးတွင်းပူးပေါင်းဆောင်ရွက်နိုင်သော အခွင့်အရေး၊ မဲပေးနိုင်သော အခွင့်အရေးများသည် မျက်မှောက်ခေတ် အနေအထားတွင်ရှိသော အခြေအနေသို့အဆင့်ဆင့် ကျော်ဖြတ်ပြောင်းလဲခဲ့ရသည်။ ထိုပြောင်းလဲမှု ဖြစ်စဉ်တလျှောက်တွင် မည်သူတို့သည် ပြည်သူများဖြစ်သည်ဆိုသည့် မေးခွန်းကို ရှုထောင့်ပေါင်းစုံမှ မချေအတင် ဆွေးနွေးခြင်း၏ အကျိုးဆက်များအဖြစ် မြင်တွေ့ခဲ့ရသည်။ ယနေ့အချိန်အထိ အသက် (၁၈) နှစ်မပြည့်သေးသူများသည် မဲပေးခွင့်၊ နိုင်ငံရေးတွင် ပူးပေါင်းဆောင်ရွက်ခွင့် မရကြသေးပေ။ ထိုသူများသည် နိုင်ငံတခု သို့မဟုတ် လူ့အဖွဲ့အစည်းတခု၏ ပြည်သူများဖြစ်သော်လည်း ဒီမိုကရေစီ ဝေါဟာရက ရည်ညွှန်းသော မဲပေးခွင့်ရ ပြည်သူများကား မဟုတ်သေးပေ။
တိုက်ရိုက်ဒီမိုကရေစီ
(Direct Democracy)
ပြည်သူအုပ်ချုပ်ရေး လုပ်ငန်းများ ချမှတ်ရာတွင် နိုင်ငံရေးပါတီ အစရှိသော ကြားခံအဆင့်မရှိဘဲ ပြည်သူလူထုကြီး တရပ်လုံးအာဏာပိုင်းစိုးကာ ၀င်ရောက်လုပ်ဆောင်ခြင်းကို တိုက်ရိုက် ဒီမိုကရေစီဟု ခေါ်သည်။ ဒီမိုကရေစီ စတင်ထွန်းကားခဲ့သော ဂရိမြို့နိုင်ငံငယ်လေးများတွင် BC ငါးရာစုက ကျင့်သုံးခဲ့သော ဒီမိုကရေစီသည် တိုက်ရိုက်ဒီမိုကရေစီဖြစ်သည်။ လူဦးရေနည်းပြီး အချင်းချင်းဆက်ဆံရေးပြုလုပ်ရန် လွယ်ကူသော လူ့အဖွဲ့အစည်းအတွင်း၌သာ တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးနိုင်ကြသည်။ အမေရိကန်တွင် ၁၇-၁၈ ရာစုနှစ်များအတွင်းက မြို့ပြအစည်းအဝေးများ ပြုလုပ်ကြရာတွင် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးခဲ့သည်။ လူ့အဖွဲ့အစည်းသည် သေးငယ်ပြီး ဆက်ဆံရေးလွယ်ကူသော ကမ္ဘာအချို့ အရပ်ဒေသများတွင် တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးနေဆဲဖြစ်သည်ကို တွေ့ရသည်။ အင်္ဂလန်အချို့ဒေသများနှင့် ဝေလနယ်တွင်းလည်းကောင်း၊ အမေရိကန်ပြည်ထောင်စု အချို့ ပြည်နယ်များတွင် လည်းကောင်း၊ ဆွစ်ဇာလန်ပြည်ထောင်စု၏ အချို့ကန်တွန် (Canton- ဆွစ်ဇာလန် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်) များတွင်လည်းကောင်း ကျင့်သုံးဆဲဖြစ်သည်။
လူဦးရေများပြားသော နိုင်ငံကြီးများအားလုံးလိုလို ကိုယ်စားပြုဒီမိုကရေစီကို ကျင့်သုံးကြသည်။ သို့သော် အချို့နိုင်ငံများတွင် အချို့သော ကိစ္စများ ပြည်သူလူထုက တိုက်ရိုက်ပါဝင် ပတ်သက်နိုင်သော ဒီမိုကရေလုပ်ဟန်များကို ကျင့်သုံးနေကြသည်။ ထိုလုပ်ဟန်ကား လူထုဆန္ဒခံယူပွဲ (Referendum) ပင်ဖြစ်သည်။ ဆွစ်ဇာလန်၊ ပြင်သစ် ၊ ဒိန်းမတ်၊ သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စု၏ အချို့ပြည်နယ်များတွင် ကျင့်သုံးလတက်ရှိကြသည်။ ထိုလူထုဆန္ဒခံယူပွဲများသည် သက်ဆိုင်ရာ နိုင်ငံရေးကိစ္စရပ်များအတွက် တိုက်ရိုက်ဒီမိုကရေစီဖြင့် ဆုံးဖြတ်ချက်ခံယူခြင်း ဖြစ်သည်။
ကိုယ်စားပြု ဒီမိုကရေစီ
(Representative Democracy)
လူဦးရေများပြားသော နိုင်ငံများတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးရာတွင် ပြည်သူများအားလုံး တိုက်ရိုက်ပါဝင်ကျင့်သုံးရန် အခက်အခဲ များစွာရှိသဖြင့် စစ်မှန်သော ကိုယ်စားလှယ် များမှတဆင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ဖော်ဆောင်ကျင့်သုံးခြင်းကို ကိုယ်စားပြု ဒီမိုကရေစီဟု ခေါ်သည်။
ကိုယ်စားပြု ဒီမိုကရေစိအုပ်ချုပ်ရေးစနစ် ထွန်းကားလာရခြင်း၏ အဓိကအကြောင်းအရင်းသည် လူဦးရေး များပြားလာခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်၍ ဒီမိုကရေစီကို ကိုယ်စားလှယ်များမှတဆင့် ကျင့်သုံးခြင်းဖြစ်ရာ ဒီမိုကရေစီကို မထိခိုက်စေနိုင်သော ကိုယ်စားပြုစေနိုင်သည့် ယန္တယားများကို ဖော်ဆောင်ရေးမှာ အထူးအရေးကြီးသော ကိစ္စဖြစ်လာသည်။
ကိုယ်စားပြုအုပ်ချုပ်ရေး ယန္တယား အဆင့်ဆင့်တွင် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်နေရန် လိုအပ်သည်။ ထိုယန္တယား အဆင့်ဆင့်၌ ပါဝင်သူများမှ ပြည်သူ့ကိုယ်စားလှယ်မဟုတ်ဘဲ အာဏာပိုင်များကိုယ်တိုင် သို့မဟုတ် အာဏာပိုင်များ၏ ကိုယ်စားလှယ်များသာ ဖြစ်ပါက အာဏာရှင်စနစ်သို့ ဦးတည်သွားပေလိမ့်မည်။ တိုက်ရိုက်ဒီမိုကရေစီကို ကျင့်သုံးနေသေးကြောင်း အထက်တွင် တင်ပြခဲ့သည်မှတပါး ကမ္ဘာ့အရပ်ဒေသ အားလုံးတွင် ကိုယ်စားပြု ဒီမိုကရေစီကို ကျင့်သုံးလျက်ရှိကြသည်။ ထိုကြောင့် ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်အကြောင်း လေ့လာပါက လေ့လာမှု အများစုသည် ကိုယ်စားပြုဒီမိုကရေစီအတွင်း၌ ရှိသည်။ တနည်းအားဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အကြောင်းလေ့လာရာတွင် စစ်မှန်သောကိုယ်စားပြုခြင်း ဟုတ် မဟုတ်၊ ထိုသို့ ကိုယ်စားပြုနိုင်ရန် ရုပ်ပတ်ဝန်းကျင် ရှိ မရှိ တို့အပေါ် အခြေတည်လေ့လားခြင်းဖြင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်၏ စစ်မှန်မှု မရှိကို ခန့်မှန်းကြရသည်။ ထိုကြောင့် စစ်မှန်သော ကိုယ်စားပြုခြင်း၊ ထိုသို့ ကိုယ်စားပြုနိုင်ရန် ရုပ်ပတ်ဝန်းကျင် ရှိခြင်းတို့နှင့် ဒီမိုကရေစီကို ဆက်စပ်ရုပ်လုံးဖော်သွားနိုင်ပေမည်။
ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။
ဒီမိုကရေစီ လေ့လာရေး စာစဉ် အခန်း(၁) အပိုင်း(၂)
(History of
Representative Practices)
ကိုယ်စားပြုခြင်းစနစ် ပေါ်ပေါက်ခြင်း သမိုင်းကြောင်းနှင့် စပ်လျဉ်း၍ အငြင်းပွားဖွယ် အချက်များ ရှိနေသည်။ ဒီမိကုရေစီသည် ရှေးခေတ် ဂရိနိုင်ငံနှင့် ရောမမြို့တို့တွင်ထွန်းကားခဲ့သော်လည်း နိုင်ငံရေးအရ ကိုယ်စားပြုခြင်းစနစ်ကို ဂရိနှင့်ရောမမြို့သားများ သဘောပေါက် မပေါက်ကို မည်သူမျှမသိချေ။ ယခုလူသိများသော အင်္ဂလိပ်ဝေါဟာရ Representative သည် လက်တင်ဘာသာစကား Representare
က
ဆင်းသက်လာခြင်းဖြစ်ပြီး
ရှေ့ခေတ်
ဂရိနိုင်ငံရေးစကားလုံးများတွင်မှုကား မတွေ့ရကြောင်း သုတေသီများက
ထောက်ပြကြသည်။
အလယ်ခေတ်ဥရောပ (Medieval
Europe) နိုင်ငံများတွင် ကိုယ်စားပြုခြင်းစနစ်ကို စတင်ကျင့်သုံး လာသည်ကို တွေ့ရသည်။ ဘုရင့်တရားရုံးများနှင့် ဘုရားရှိခိုးကျောင်းများတွင် အမှုအခင်းများကို ကြားနာသောအခါ ကိုယ်စားလှယ်မျးဖြင့် ဆောင်ရွက်လာကြသည်။ ထိုသို့သော အနှစ်သာရအရ ကိုယ်စားပြုခြင်းစနစ်ကို မြို့ပြ စည်ပင်သာယာရေးကိစ္စများတွင် ကျင့်သုံးလာကြသည်။ ထိုမှတဆင့် နိုင်ငံရေးနယ်နမိတ်ထဲ ၀င်ရောက်လာပြီး ပုဂ္ဂိုလ်တဦးချင်းစီ၏ အကျိုးစီးပွားကို ကိုယ်စားပြုနိုင်သူများဖြင့် စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့များကို ဖော်ဆောင်လာကြသည်။ ဤအဆင့်သို့ ရောက်ရှိလာခြင်းကြောင့်လည်း နိုင်ငံရေးအရ တိုးတတ်မှုဟု ဆိုနိုင်သကဲ့သို့ လူဦးရေ တိုးတက်များပြားလာခြင်းကြောင့်လည်း ဖြစ်သည်ဟု ဆိုရမည်သာ။ ထိုအချိန်က ကိုယ်စားပြုအဖွဲ့များတွင် မင်းမျိုးမင်နွယ်တို့၏ ကိုယ်စားလှယ်များ စသည်ဖြင့် စုပေါင်းပါဝင်နေကြသည်။ ထိုသူအားလုံးတို့သည် မျက်မှောက်ခေတ် နိုင်ငံရေးအရ နှိုင်းယှဉ်ကြည့်လျှင် အားလုံးသည ပြည်သူ့ကိုယ်စားလှယ် စစ်စစ် များဖြစ်ကြသည်ဟုကား မဆိုနိုင်။ ကိုယ်စားပြုခြင်းစနစ်ကို အလယ်ခေတ်ကတည်းက ဥရောပတွင် စတင်ခဲ့သည်ဟုသာ လေ့လာသိရှိနိုင်သည်။ ထို့ကြောင့် ထိုအချိန်က အစိုးရများကို ကိုယ်စားပြု အစိုးရ (Representative
Government) များဖြစ်သည်ဟု ပြောရန်ကားခက်သည်။
ယနေ့ခေတ်ကာလတွင် လက်ခံထားသော ကိုယ်စားပြုခြင်းစနစ်သည် ၁၆-၁၇ ရာစုနှစ်များ အတွင်းက တည်ရှိခဲ့သော အကြွင်းမဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုယှဉ်ပြိုင်အံတုရာမှ ပေါ်ထွက်လာ ခဲ့ခြင်းဖြစ်သည်။ အဓိက အနှစ်သာရသည် အာဏာကန့်သတ်အစိုးရ (Limited
Government) များဖော်ဆောင်ရေးဖြစ်သည်။ “အစိုးရများသည် ပြည်သူလူထုကို အလုပ်အကြွေးပြုရန်သာဖြစ်သည်။ မည်သည့်နည်းနှင့်မျှ ပြည်သူလူထု၏ အရှင်သခင်သဖွယ် မဖြစ်အံ့ပါ” ဟု သုတေသီ ဘရင့် (A.H.Brich) ကရေးသားခဲ့ဖူးသည်။ အစိုးရများသည် ၄င်းတို့ နှစ်သက်ရာ ပေါ်လစီကို ရွေးချယ်ခြင်းထက် အအုပ်ချုပ်ခံ (ပြည်သူ) များက မည်သည့်အရာများသည် ၄င်းတို့၏ အကျိုးစီးပွားဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့် ဆိုဖော်ပြ သည့် ကိစ္စများအား လေးစားသညါ့ ပေါ်လစီများ ချမှတ်ရန်သာဖြစ်သည်။ ၁၆-၁၇ ရာစုနှစ်များ အတွင်းတွင် မည်သည့်အရာတို့သည် ပြည်သူလူထု အကျိုးစီးပွားဖြစ်ကြောင်း အလေးပေးတွေးခေါ် ထုတ်ဖော်သူ နည်းလှသေးသည်။ မည်သို့ပင်ဖြစ်စေ ၁၆-၁၇ ရာစုက စတင်ခဲ့သော ပြည်သူ့အကျိုးစီးပွားအကြောင်း တွေးခေါ်မှုသည် ယနေ့ခေတ် ကိုယ်စားပြု အစိုးရတရပ် စစ်မှန်မှု ရှိ မရှိ စဥ်းစားချိန်ထိုရာတွင် စံထားရသည့် အတွေးအခေါ် ဖြစ်လာပါသည်။ သို့ရာတွင် ထိုရာစုနှစ်များ၏ ကိုယ်စားလှယ်ဆိုသူများသည်လည်း မင်းမျိုးမင်းနွယ်နှင့် ဘုရားရှိခိုးကျောင်းများ၏ ကိုယ်စားလှယ်များ ဖြစ်နေသေးသည် ကိုလည်းတွေ့ရသည်။ ထိုသူတို့သည် ဘုရင်ကို အကြံပေးရသည့် အဖွဲ့အဖြစ် တည်ရှိ နေကြသည်။
နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပေးနှင့်အညီသာ အုပ်ချုပ်ရမည်ဟူသော အတွေးအခေါ် ထွန်းကားလာ သောအခါ အလယ်ခေတ်နှင့် ၁၆-၁၇ ရာစုနှစ်များက ကိုယ်စားပြုစနစ်ရှိ အားနည်းချက်များကို ထုတ်ပယ်စပ်လိုက်နိုင်ကြသည်။ ထိုအခြေအနေမျိုးတွင် ဘုရင်သည် နိုင်ငံကို ကိုယ်စားပြုရသူ အနေနှင့်သာ ကျန်ရှိပြီး နိုင်ငံရေးရာကိစ္စများသည် အမှန်တကယ် ပြည်သူကို ကိုယ်စားပြုနိုင်သူများ၏ လက်အတွင်းသို့ ရောက်ရှိသွားတော့သည်။ ဤအဆင့် ရောက်သောအခါ ကိုယ်စားပြုမှုစနစ်နှင့် အများဆန္ဒအရ အုပ်ချုပ်ခြင်းစနစ် ပေါင်းစပ်ကာ ကိုယ်စားပြုဒီမိုကရေစီ ထွန်းကားလာခဲ့သည်။ သို့ဖြင့် အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်စေသောစနစ် (Constitutionalism) နှင့်ကိုယ်စားပြု ဒီမိုကရေစီစနစ်တို့သည် ယှဉ်တွဲထွန်းကား လာခဲ့ကြသည်။ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် ပါလီမန်သည်လည်း ကိုယ်စားလှယ်တဦးချင်းစီ အနေဖြင့် ၄င်းတို့ ကိုယ်စားပြုရသော မဲဆန္ဒနယ်ကို ထောက်ငဲ့ရသကဲ့သို့ တခုလုံး အကျိုးစီးပွားဖြစ်သော တစ်နိုင်ငံလုံး အကျိုးစီးပွားကိုလည်း ရှေ့တန်းတင် စဉ်းစားပေးလာရသည်။
ခေတ်သစ်လစ်ဘရယ်အတွေးအခေါ်
ထွန်းကားလာခြင်း (၁၈-၁၉
ရာစု)
(The Rise of Modern
Liberalism, 18-19 Century)
၁၈-၁၉ ရာစုများတွင် လစ်ဘရယ်အတွေးခေါ်များ ထွန်းကားလာခြင်းသည် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ခိုင်မာရေးကို များစွာ အထောက်အကူပြုလျက်ရှိသည်။ အာဏာကန့်သတ် အစိုးရများ ဖော်ဆောင်ရေး၊ အခြေခံဥပဒေနှင့်အညီ အုပ်ချုပ်သောစနစ်များ ဖော်ဆောင်ရေး၊ လူပုဂ္ဂိုလ်တဦးချင်းစီ၏ အခွင့်အရေးများ အာမခံချက်ရှိသော လူ့အဖွဲ့အစည်း တည်ဆောက်ရေး တို့သည် လစ်ဘရယ်ဝါဒ၏ အဓိကကျသော အတွေးအခေါ်များဖြစ်လာသည်။ ယနေ့အခါ ဒီမိုကရေစီအစိုးရတရပ် ဟုတ် မဟုတ်ကို အကဲဖြတ်ရာတွင်ပင် အဆိုပါအချက်များနှင့် နှိုင်းယှဉ် ချိန်ထိုးကြရသည်။ ထို့်ကြောင့် ယနေ့ထွန်းကားနေသော ဒီမိုကရေစီကို လစ်ဘရယ် ဒီမိုကရေစီ (Liberal
Democracy) ဟုခေါ်ကြသည်။ ဒီမိုကရေစီကို ကျင့်သုံးရာတွင် လစ်ဘရယ်ဝါဒ၏ အခြခံသော ဒီမိုကရေစီဟု ရေဘုယျအားဖြင့် ပြောဆိုနေသော ဒီမိုကရေစီသည လစ်ဘရယ် ဒီမိုကရေစီဟုပင် နားလည်ရပေမည်။ ထို့သို့ ဒီမိုကရေစီကို လစ်ဘရယ်ဟူသော ဝေါဟာရနှင့် ယှဉ်တွဲပြောဆိုရန် ရှိလာသည့်အခါ ၄င်း၏ နှိုင်းယှဉ်ဘက်များအဖြစ် ပြည်သူ့ ဒီမိုကရေစီ (People
Democracy) ဟူ၍ လည်းကောင်း၊ ဒီမိုကရေစီသစ် (New
Democracy) ဟူ၍လည်းကောင်း ပေါ်ပေါက်လာရသည်။
လစ်ဘရယ် အတွေးအခေါ်သည် ၁၈ ရာစုနှောင်းပိုင်း ပြစ်သစ်တော်လှန်ရေးနှင့် အမေရိကန တော်လှန်ရေးအပြီးတွင် စတင်ထွန်းကားခဲ့သည်ဟု ဆိုနိုင်သော်လည်း အခိုင်အမာ ပေါ်ထွန်းလာသော ကာလမှာ ၁၉ ရာစု လယ်ကာလဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် လူလတ်တန်းစားများ တိုးတက်များပြားသောအခါ ၄င်းတို့သည် ဘုရင်၏လုပ်ပိုင်ခွင့် အာဏာများကို ယှဉ်ပြိုင်အံတုရင်း တသီးပုဂ္ဂလ လွတ်လပ်ခွင့်များကို ဖော်ထုတ်ခြင်းဖြင့် ၁၉ ရာစု လယ်ကာလများတွင် လစ်ဘရယ် အတွေးအခေါ်များ ထွန်းကားလာခဲ့သည်။ ၁၉ ရာစုအထိ အင်္ဂလန်နိုင်ငံရေးတွင် နိုင်ငံရေး ကိုယ်စားပြုမှုကို အုပ်ချုပ်ရေး၊ စီးပွားရေး အစစအရာရာ ချုပ်ကိုင်ထားနိုင်သော ပဒေသရာဇ် မျိုးနွယ်များကသာ ထိန်းချုပ်ထားနိုင်ခဲ့သည်။ စက်မှုလုပ်ငန်းများ တိုးတက်ထွန်းကားလာပြီး အတတ်ပညာရှင်၊ အသိပညာရှင်၊ အလုပ်သမားစသည့် လူတန်းစားစုံသည် အင်္ဂလန်တွင် ၁၉ ရာစု နှစ်လယ်ပိုင်းတွင် ပေါ်ထွန်းလာသောအခါ ပဒေသရာဇ်များ၏ နိုင်ငံရေး လက်ဝါးကြီးအုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်ရင်းဖြင့် လစ်ဘရယ်အတွေးအခေါ် ခိုင်မာလာခဲ့သည်။ ထို့ကြောင့် လစ်ဘရယ် အတွေးခေါ်သည် အခွင့်အလမ်းအရာတွင် လူသားအချင်းချင်း အတန်းအစားမရွေး ညီမျှမှုကို ဖော်ဆောင်မည့ တဦးချင်းလွတ်လပ်မှုကို ဦးထိပ်ထားသော အတွေးအခေါ်ဖြစ်သည်။
ဒီမိုကရေစီသည် လူတန်းစားမခွဲခြားဘဲ လူပုဂ္ဂိုလ်တဦးချင်းစီ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်း ညီတူမျှတူဖြစ်မှုကို အာမခံချက်ပေးသည်။ လစ်ဘရယ် ဒီမိုကရေစီသည်သာ လူ့အဖွဲ့အစည်းနှင့်ကိုက်ညီဆုံးသော အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ် ဖြစ်သဖြင့် ကမ္ဘာကြီးတွင်နောက်ဆုံး၌ လစ်ဘရယ်ဒီမိုကရေစီသည် နိုင်ငံရေး၌ အားလုံးကို အစားထိုး နေရာယူသွားမည်သာဖြစ်သည်ဟု အမေရိကန်သုတေသီ ဖူကူယားမား (Francis Fukuyama) က သမိုင်းလမ်း ဆုံးလော (The End of History? 1989) စာအုပ်တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစာအုပ်ပါ အချို့အချက်များနှင့် ပတ်သက်၍ကား ပညာရှင်များအကြားတွင် အငြင်းပွားဆဲဖြစ်သည်။ အနောက်နိုင်ငံများတွင် လူတိုင်းအတွက် နိုင်ငံရေးအခွင့်အလမ်း ညီမျှကို အာမခံသော ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို လစ်ဘရယ်ဝါဒ သဘောတရားများက များစွာ အထောက်အကပြုလျက် ရှိသည်ကိုးကား တွေ့ရသည်။
ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။
ဒီမိုကရေစီသည် လူတန်းစားမခွဲခြားဘဲ လူပုဂ္ဂိုလ်တဦးချင်းစီ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်း ညီတူမျှတူဖြစ်မှုကို အာမခံချက်ပေးသည်။ လစ်ဘရယ် ဒီမိုကရေစီသည်သာ လူ့အဖွဲ့အစည်းနှင့်ကိုက်ညီဆုံးသော အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေးစနစ် ဖြစ်သဖြင့် ကမ္ဘာကြီးတွင်နောက်ဆုံး၌ လစ်ဘရယ်ဒီမိုကရေစီသည် နိုင်ငံရေး၌ အားလုံးကို အစားထိုး နေရာယူသွားမည်သာဖြစ်သည်ဟု အမေရိကန်သုတေသီ ဖူကူယားမား (Francis Fukuyama) က သမိုင်းလမ်း ဆုံးလော (The End of History? 1989) စာအုပ်တွင် ဖော်ပြခဲ့သည်။ သို့သော် ထိုစာအုပ်ပါ အချို့အချက်များနှင့် ပတ်သက်၍ကား ပညာရှင်များအကြားတွင် အငြင်းပွားဆဲဖြစ်သည်။ အနောက်နိုင်ငံများတွင် လူတိုင်းအတွက် နိုင်ငံရေးအခွင့်အလမ်း ညီမျှကို အာမခံသော ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို လစ်ဘရယ်ဝါဒ သဘောတရားများက များစွာ အထောက်အကပြုလျက် ရှိသည်ကိုးကား တွေ့ရသည်။
ဆက်လက်ဖေါ်ပြသွားပါမည်။
ABSDF မှထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်မှ ကူးယူဖေါ်ပြပါသည်။
လူငယ် တွေနဲ့ အင်တာနက်
အလုပ်အကိုင်မရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ အလုပ်လိုချင်တဲ့ အတွက်မိုက်ကရိုဆောဖ့် ကုမ္ပဏီမှာ ရုံးအကူ တစ်နေရာအတွက် အလုပ် သွားလျှောက် ပါတယ်
…. သက်ဆိုင်ရာ ခန့်ခွဲမှု မန်နေဂျာက သူ့ကို အင်တာဗျူး လုပ်ပါတယ်..
ပြီးတော့ ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ခိုင်းပြီး သူ့ကို စမ်းသပ်
စစ်ဆေး ပါတယ်…
စမ်းသပ်လို့ သူ့လုပ်ရည် ကိုင်ရည်ကို ကျေနပ်သွားတဲ့အခါ မန်နေဂျာက
ကောင်လေးကို “ကဲ.. မင်းကို အလုပ်ခန့်လိုက်ပါပြီ… မင်းရဲ့ အီးမေလ်း လိပ်စာ
ထားခဲ့… မင်း အီးမေလ်းထဲကို အလုပ်ခန့်လွှာပို့လိုက်မယ်.. မင်းက အဲဒီထဲမှာ
လိုအပ်တဲ့ အချက်အလက်တွေဖြည့်ရမယ်.. ပြီးရင် မင်း အလုပ်
စ၀င်နိုင်မဲ့ရက်ကို ဖြည့်ပြီး တို့ဆီကို ပြန်ပို့လိုက် ” လို့
ပြောပါတယ်..
ကောင်လေးက “ကျွန်တော့်မှာ ကွန်ပျူတာမရှိပါဘူးခင်ဗျာ..သုံးလဲ
မသုံးတတ်ပါဘူး.. ပြီးတော့ အီမေလ်းလိပ်စာလဲ မရှိပါဘူး” လို့
ပြန်ပြော လိုက်ပါတယ်..
“အေး .. ဒါဆိုရင်တော့ ၀မ်းနည်းပါတယ်ကွာ.. မင်းမှာ အီးမေလ်းလိပ်စာလေး
တစ်ခုတောင် မရှိဘူးဆိုတဲ့ သဘောက မင်းလဲ ဒီကမ္ဘာမှာ မရှိဘူး ဆိုတဲ့ သဘော
ဘဲကွာ…. ဒီကမ္ဘာလောကကြီးမှာ မရှိတဲ့ လူတစ်ယောက်ကို တို့ကုမ္ပဏီက
အလုပ်ခန့်ဖို့ ရည်ရွယ်ချက် မရှိပါဘူး.. မင်း သွားလို့ ရပါပြီ..” လို့
မန်နေဂျာက သူ့ကို ပြောလိုက်ပါတယ်..
ကောင်လေးက စိတ်ပျက် အားငယ်စွာ၊ မျှော်လင့်ချက် ကင်းမဲ့စွာနဲ့
မိုက်ကရိုဆောဖ့် ကုမ္ပဏီကြီးကနေ ထွက်ခွာလာပါတယ်.. သူ့လက်ထဲမှာလည်း ၁၀ တန်
ဒေါ်လာ တစ်ရွက်သာ ရှိပါတယ်.. ဒီငွေနဲ့ သူ့ဘ၀ ဘယ်လိုများ
ရှေ့ဆက်ရပ်တည်ရမှာပါလိမ့်.. လမ်းလျှောက်နေရင်း အတန်ကြာ သူ စဉ်းစား
နေမိပါတယ်.. ဘာဆက်လုပ်ရမလဲ……
စဉ်းစားလို့ရသွားပြီဖြစ်တဲ့သူ… သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ အတူ စူပါ
မားကက်ကို သွားပါတယ်…. အဲဒီမှာ ခရမ်းချဉ်သီး ၁၀ ကီလိုဂရမ်ပါတဲ့
တစ်သေတ္တာကို ၀ယ်လိုက် ပါတယ်.. ပြီးတော့ တစ်အိမ်တက်ဆင်း အိမ်တွေမှာ
လိုက်လံရောင်းချပါတယ်.. မယုံနိုင်စရာ ၂နာရီမပြည့်ခင်လေးမှာ သူ့ငွေက ၂ဆ
ဖြစ်သွားခဲ့ပါပြီ.. ၃ကြိမ်မြောက် ၀ယ်ယူပြီး ပြန်ရောင်းချလို့ အကုန်မှာ
ဒေါ်လာ ၆၀နဲ့ အတူ အိမ်ကို ပြန်နိုင်ခဲ့ပါတယ်...
ကောင်လေး ကောင်းမွန်စွာ သဘောပေါက်သွားခဲ့ပါပြီ… သူ့ဘ၀ရပ်တည်ရေးအတွက်
ဒီနည်းနဲ့ သူ လုပ်ဆောင်နိုင်တယ် ဆိုတာ ကောင်းကောင်း နားလည်သွားပြီ..
မနက်တိုင်း မနက်တိုင်း စောစောစီးစီး ထတယ်… ဆိုင်မှာ ခရမ်းချဉ်သီး မှအစ
စားသောက်ဖွယ်ရာတွေ ၀ယ်ပြီး အိမ်တိုင်းကို လိုက်လံရောင်းချတယ်.. ညနက်မှ
အိမ်ပြန် ရောက်တယ်.. ဒီလိုနဲ့ သူ့ငွေတွေဟာ နေ့တိုင်းနေ့တိုင်းကို
၂ဆ ၃ဆ တိုးပွားလာပါတယ်..
မကြာခင်မှာဘဲ… တွန်းလှည်းလေး တစ်စီးကို ၀ယ်ယူနိုင်ခဲ့ပြီ…….
ထို့နောက်တော့ ထရပ်ကားတစ်စီး….. ထို့နောက် မှာတော့ စားသောက်စရာတွေကို
တင်ဆောင် ဖြန့်ချီ ရောင်းချနိုင်တဲ့ ကိုယ်ပိုင်ယာဉ် အုပ်စုလိုက်ကို
ပိုင်ဆိုင်သွားခဲ့ပါပြီ….
၅နှစ်အကြာမှာ… အဲဒီကောင်လေးဟာ အမေရိကားရဲ့ အစားအသောက် လက်လီရောင်းချတဲ့
အကြီးဆုံး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်လာ ပါတော့တယ်… ချမ်းသာလာတဲ့
ကောင်လေးဟာ သူ့မိသားစု နောင်ရေးအတွက် အသက် အာမခံထားဖို့
ဆုံးဖြတ်လိုက်ပါတယ်..
သူဟာ အသက်အာမခံ လုပ်ငန်းက ကိုယ်စားလှယ် တစ်ဦးကို ခေါ်ယူတွေ့ဆုံပြီး
စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို မေးမြန်းစုံစမ်းပါတယ်..
စကားပြောဆို စုံစမ်းလို့ ပြီးတဲ့အခါမှာ… ကိုယ်စားလှယ်က သူဌေးကို
အီမေလ်းလိပ်စာ တောင်းပါတယ်.. သူဌေးက “ကျုပ်မှာ ဘာအီမေလ်းလိပ်စာမှ
မရှိပါဘူး.. ကွန်ပျူတာလဲ မသုံးတတ်ပါဘူး” လို့ပြန်ပြောတယ်..
ကိုယ်စားလှယ်က အံ့အားသင့်တဲ့လေသံနဲ့ သူဌေးကို မေးပါတယ်… “ခင်ဗျားမှာ
အီမေလ်း လိပ်စာမရှိ၊ ကွန်ပျူတာ မသုံးတတ်ဘဲနဲ့တောင် ဒီလောက် အောင်မြင်တဲ့
စီးပွားရေး အင်ပါယာကို တည်ထောင် ထားနိုင်တယ်နော်..
ခင်ဗျားမှန်းကြည့်စမ်းပါ…. တကယ်လို့ ကွန်ပျူတာကို ကျွမ်းကျွမ်း
ကျင်ကျင်လဲ သုံးတတ်မယ်… လူတိုင်းနဲ့ ဆက်သွယ်လို့ရမဲ့ အီမေလ်း
လိပ်စာလဲရှိခဲ့မယ် ဆိုရင် ခင်ဗျား ဒီထက်ကို ဘယ်လောက် အောင်မြင်
ကြီးကျယ်လာမလဲလို့….”
သူက ခနတော့စဉ်းစားလိုက်ပြီး အဖြေပြန်ပေးလိုက်ပါတယ်..
“ကျုပ်သာ ကွန်ပျူတာ တတ်မယ်..အီမေလ်းလိပ်စာသာရှိခဲ့မယ်ဆိုရင် ခုချိန်မှာ
မိုက်ကရိုဆောဖ့်ကုမ္ပဏီမှာ ရုံးအကူဘ၀နဲ့ ရှိနေပါလိမ့်မယ်” တဲ့
ဒီ story လေးက ပေးချင်တဲ့ သင်ခန်းစာလေးကတော့ လူတွေ အရူးအမူး
ဖြစ်နေကြတဲ့ အင်တာနက်တို့ ကွန်ပျူတာတို့ဆိုတာဟာ ဘ၀ရဲ့ အခက်အခဲ
မှန်သမျှကို ဖြေရှင်းပေးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး… အထူးသဖြင့်
ကျွန်တော်တို့ မြန်မာပြည်က လူငယ်လေးတွေမှာ လူတိုင်းလူတိုင်း ကွန်ပျူတာ
အင်တာနက် ဆိုတာ ပိုင်ဆိုင်နိုင်ဖို့ အခွင့်အလမ်း နည်းပါးလွန်း
နေပါသေးတယ်.. ဒီလိုလူတွေ အားမငယ်ကြဖို့ ဒီပို့စ်လေးကို တွန်းအားလေးတစ်ခု
အနေနဲ့ ဘာသာ ပြန်ဖြစ်ပါတယ် အင်တာနက်၊ ကွန်ပျူတာ တို့နဲ့
အလှမ်းဝေးနေသေးရင် ကိုယ်နဲ့ နီးစပ်ရာ၊ ဖြစ်နိုင်ချေရှိတဲ့ အလုပ်တွေမှာ
ကြိုးကြိုးစားစား လုပ်ကိုင်မယ်ဆိုရင် ချမ်းသာနိုင်တဲ့ အခွင့် အလမ်းတွေ
ရှိနေပါသေးတယ်.. အခွင့်အလမ်းကိုတော့ မြင်တတ် တွက်တတ် ရပါမယ်..
ကြီးပွားချင်တဲ့ စိတ်ရှိဖို့ရယ်.. ကြိုးစားချင်တဲ့ စိတ်ရှိဖို့ရယ် အဓိက
ကျပါတယ်…. ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ကြိုးစား ကြည့်ကြပါလို့ တိုက်တွန်း
လိုက်ပါရစေခင်ဗျာ..။
လေးလေးကြီး Email မှ နှစ်သစ်ကူးလက်ဆောင်အဖြစ်ဘာသာပြန်ဆောင်းပါးတိုလေးကိုပြန်လည်ဖေါ်ပြသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com