Friday, September 23, 2011

လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မယ်ဆိုရင် ကြိုဆိုမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

RFA သတင်းကိုတိုက်ရိုက်ပြန်လည်ဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင်ပါဝင်လျှင်ကြိုဆိုမည်ဖြစ်သော သတင်းသည်ပြည်သူအများသိထိုက်သော

သတင်းတပုဒ်အဖြစ်ရွေးချယ်တင်ပြခြင်းဖြစ်ပါသည်။

2011-09-20
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် နိုင်ငံရေးမှာ ပါဝင်လာမယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် အကြီးအကဲ ဦးခင်အောင်မြင့်က ပြောကြား လိုက်ပါတယ်။
RFA
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် အာဆီယံ ပါလီမန် အမတ်များ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် အာဆီယံ ပါလီမန် အမတ်များ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က RFA လွတ်လပ်တဲ့ အာရှအသံနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ အခုလို ပြောသွားတာ ဖြစ်ပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ချစ်တဲ့ ဗိုလ်ချုပ်ရဲ့ သမီးပဲလေ။ သူသာ လွှတ်တော်ထဲဝင်လာရင် ကျနော်တို့က ကြိုဆိုပါတယ်။" ဒါ့အပြင် ဦးသိန်းစိန်အစိုးရ အဖွဲ့ အတွင်း ပျော့ပျောင်းသူတွေနဲ့ တင်းမာသူတွေအကြား အကွဲအပြဲ ပဋိပက္ခတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ဦးခင်အောင်မြင့်က ပြောပါတယ်။ အစိုးရအနေနဲ့ နိုင်ငံတည်ငြိမ်မှုကို အာမခံနိုင်တဲ့ အချိန်မှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမှာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အလိုအလျောက်ထည့်သွင်းထားတာကိုလည်း မလိုအပ်တော့တဲ့အချိန်မှာ ထည့်သွင်းမှာ မဟုတ်ကြောင်း၊ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရေး၊ မဖော်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ဦးခင်အောင်မြင့်က ပြောပါတယ်။
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ ကို အောက်ပါ RFAလင့်တွင်ဝင်ရောက်နားဆင်နိုင်ပါတယ်။
ဒီကိုနှိပ်ပြီးဝင်ရောက်နိုင်ပါတယ်။

RFA ရဲ့ သတင်းတခုကနေဖတ်လိုက်ရတာလေးကိုပြန်လည်ဖော်ပြပြီးစဉ်းစားကြည့်လိုက်ရင်-


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မနေ့က တရုတ် နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေ ညီလာခံ ကာလ အတွင်း အခုလို တွေ့ဆုံတာလို့ တရုတ်အစိုးရ ဆင်ဝှါသတင်းဌာနက ဒီကနေ့ ကြေညာပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီက တရုတ်မြန်မာ မဟာ ဗျူဟာမြောက် အကျိုးတူ ဆက်ဆံရေး တိုးတက်လာဖို့ ၂ နိုင်ငံ အဆင့်မြင့်အရာရှိချင်း စဉ်ဆက်မပြတ် ဆက်ဆံရေး ထားရှိဖို့ ၊ ၂ နိုင်ငံ အကျိုးတူ