Thursday, October 13, 2011

Thursday, October 13, 2011

ဦးဂမ္ဘီရ ထောင်ထဲမှာပင် ရှိနေသေးဟု မိခင်ဖြစ်သူပြော

(သတင်း)ကိုဝိုင်း
ရွှေဝါရောင် တော်လှန် ရေးကို ဦးဆောင်သော သံဃာတော် တပါး ဖြစ်သူ ဦးဂမ္ဘီရ၏ မိခင်ဖြစ်သူ ဒေါ်ရေးက ဗုဒ္ဓဟူးနေ့ နံနက်တွင် ကလေး အကျဉ်းထောင် အရာ ရှိကို ဆက်သွယ် မေးမြန်း ချက်အရ အရှင် ဂမ္ဘီရမှာ အကျဉ်း ထောင်ထဲ မှာပင် ရှိနေ သေးသည်ဟု သိရသည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်က မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ စတင်လွှတ်ပေးသူများအနက် အသက် ၃၂ နှစ်အရွယ် ဦးဂမ္ဘီရလည်း ပါဝင်သည်ဟုဆို၍ မဇ္ဈိမက ဒေါ်ရေးကို ဆက်သွယ်မေးမြန်းခဲ့ရာတွင်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း စစ်ကိုင်းတိုင်း ကလေးထောင်မှ ဦးဂမ္ဘီရလည်း လွတ်မြောက်နိုင်သည် ဆိုသော ကောလလများကြောင့် မန္တလေးတိုင်း မိထ္တီလာမြို့နေ မိခင်ဖြစ်သူက လမ်းစားရိတ် ငွေကျပ်ငါးသောင်းကို ထောင်အာဏာပိုင်များထံ တနင်္လာနေ့ ကပင် ငွေလွှဲပေးခဲ့သည်ဟု ဆိုသည်။

Thursday, October 13, 2011

မြစ်ဆုံ အတွက် တရုတ်ကို နစ်နာကြေးပေးမည်

(သတင်း)ခင်ဦးသာ on October 13, 2011
ဧရာဝတီ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်း ဆိုင်းငံ့ လိုက်ရခြင်း ကြောင့် မြန်မာ နိုင်ငံ ဘက်က တရုတ် နိုင်ငံသို့ နစ်နာကြေး အရ တခြား သော စီမံကိန်းများ လုပ်ဆောင် ပေးသွား ဖွယ်ရှိကြောင်း သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ် က ပြောဆိုသည်။

“ဒီလို ရပ်ဆိုင်း လိုက်ရတဲ့ အတွက် နစ်နာမှု တော့ရှိ တာပေါ့၊ ဒီအတွက် လည်းပဲ တခြား စီမံကိန်း၊ လုပ်ငန်း တခုခုတော့ ဆောင်ရွက် ပေးသွား ဖို့ရှိ ပါတယ်၊ ငွေကြေး အလုံး အရင်းနဲ့ လျော်ပေး ရတာ မျိုးတော့ မရှိပါဘူး”တရုတ် ကုမ္ပဏီ များ၏ နစ်နာမှု အတွက် မြန်မာ ဘက်က လုပ်ဆောင် ပေးသွား မည်ဟု ဆိုသော်လည်း မည်ကဲ့သို့ စီမံကိန်း၊ လုပ်ငန်း အမျိုးအစား များဖြင့် ဖြေရှင်း ပေးသွားမည် ဆိုသည်ကိုမူ ပြောဆိုခြင်း မရှိပေ။

Thursday, October 13, 2011


ဇာဂနာလွတ်ပြီး ပြည်တော်ပြန်တော့မည့် သီးနှစ်းသီး

(သတင်း)ရိုင်မရော့၊ လွတ်လပ်သော မွန်သတင်းအေဂျင်စီ

နိုင်ငံကျော် လူရွှင်တော် ဇာဂနာ (ခေါ်) ကိုသူရ ထောင်မှ လွတ်လာပြီး ထိုင်း နိုင်ငံတွင် ကျန်ရှိ နေသည့် သီးလေး သီးအ ဖွဲ့ဝင် လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစပယ်ငုံတို့ မြန်မာ ပြည်ပြန် တော့မည်ဖြစ် သည်။

ပန်းသီးက “ကိုသူရ လွတ်လာ ပြီဆိုတော့ ကျနော်တို့ ပြန်မယ် ဒါပေမယ့် လောလောဆယ် ဘာမှ မစီစဉ် ရသေးဘူး ကိုသူရနဲ့ ဆွေးနွေး ရအုံးမယ်၊ ပြန်တော့ ပြန်မှာပါ”

နိုင်ငံရေး အကျဉ်းသား အဖြစ် ဖမ်းဆီးခံ ထားရသူ ကိုဇာဂနာ အပါအဝင် တခြား နိုင်ငံရေး အကျဉ်း သားများ ထောင်မှ လွတ်မြောက် လာသည်ကို သူတို့ အနေနှင့် အတိုင်း မသိ ဝမ်းသာ မိကြောင်း ၄င်းက ပြောသည်။

မင်းသမီး မြစပယ်ငုံကလည်း “ဗမာ ပြည်ပြန် ရောက်ရင် ကျမတို့ ကိုသူရ နဲ့အတူ သီးလေး သီးအဖွဲ့ ဝင်တွေနဲ့ အနု ပညာ လောကို ဆက်လက် လှုပ်ရှား သွားမှာပါ” ဟု ပြောသည်။

ကိုဌေးကြွယ် ၊ ကိုဇော်သက်ထွေး ၊ မစုစုနွေး အပါအ၀င် နိုင်ငံရေးအကျဉ်းသား ချို့လွတ်မြောက်

ကိုဌေးကြွယ်

မစုစုနွေး
အင်းစိန်ထောင်ရှေ့ မှာစောင့်ဆိုင်းနေတဲ့ အကျဉ်းသားမိသားစုဝင်များ


ယနေ့နံနက် ၉ နာရီခန့်က သာယာဝတီထောင်မှ ကိုဇော်သက်ထွေး၊ မော်လမြိုင် မှ မဖြိုးဖြိုးမောင်၊ ဘူးသီးတောင် မောင်းတောမှကိုဌေးကြွယ်၊ ခန်းတီးမှ မစုစု နွေး၊ ကိုကိုကြီး (၈၈ ) ရွေဝါရောင်တော်လှန်ရေးမှ အရှင်နန္ဒ၀န်သတို့ လွတ်မြောက်လာပြီဖြစ်ကြောင်းနှင့် သာယာဝတီ ထောင်မှ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၉ ယောက်နှင့် အင်းစိန်မှ ၂၉ယောက်လွတ်မြောက်လာကြောင်းသိရပါတယ်။
ဦးခွန်ထွန်းဦး လည်း လွတ်ငြိမ်းချမ်းသာခွင့်စရင်းမှာပါဝင်တယ်လို့ဆိုပါတယ်။
မန္တလေးအိုးဘိုအကျဉ်းထောင်မှ လွတ်ငြိန်းချမ်းသာခွင့်ရအကျဉ်းသား ငါးဆယ်ဝန်းကျင်ကို ယခုနံနက်ပိုင်းအချိန်တွင် ဌာနဆိုင်ရာကားများဖြင့် ရှမ်းပြည်နယ်သို့ လိုက်လံပို့ဆောင်ပေးနေကြောင်း လည်း သတင်းရရှိပါတယ်။
ကျိုင်းတုံထောင်ထဲမှသတင်းစကားပါးလိုက်တဲ့ကိုမင်းကိုနိုင်

လွတ်ငြိမ်းချမ်းသာခွင့်မရသေးသော ၈၈ရဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
ကျိုင်းတုံအကျဉ်းထောင်တွင်ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က သူ့အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ပြောသည့် တိုင်းပြည်ကောင်းစားရေး အတွက် မည်သူနှင့် မဆိုပူးပေါင်းဆောင်ရွက်မည်ဆိုသည့်သဘောထားကိုအလေးအနက်အပြည့်အ၀ထောက် ခံကြောင်း၊NLDပါတီတရားဝင်မှတ်ပုံတင်ပြီးရွေးကောက်ပွဲဝင်မည်ဆိုလျှင်လည်းထောက် ခံကြောင်းနှင့်ဒေါ်အောင်ဆန်းစုကြည် ယခုသွားနေသော လမ်းကြောင်းကိုထောက်ခံကြောင်း ကိုမင်းကိုနိုင်နှင် အတူကျိုင်းတုံအကျဉ်းထောင်တွင်အတူအကျဉ်းကျခံခဲ့ရပြီးယမန်နေ့နံနက်ကပြန်လွတ်လာသူနိုင်ငံရေးသမားတစ်ဦးက The Messenger ဂျာနယ်မှသတင်းထောက်ကို ၁၂.၁၀.၂၀၁၁ နေ့ ည ဒေသစံတော်ချိန် ၈း၂၀ နာရီခန့်တွင် တရားဝင်တွေ့ဆုံပြောကြားခဲ့သည်။



 နိုင်ငံရေးအကျဉ်းသားဟောင်းများကန်တော့ပွဲ ကျင်းပ
တာရာဝေယံ၊ အောက်တိုဘာ ၁၃၊ ၂၀၁၁
ယမန်နေ့မနက်ပိုင်းရန်ကုန်မြို့ရွှေဂုံတိုင်ရှိတော်ဝင်နှင်းဆီသီရိခန်းမမှာနိုင်ငံရေးအကျဉ်းသားများရဲ့ပထမဆုံးအကြိမ်ကန်တော့ပွဲကို ကျင်းပခဲ့ပါတယ်။
 အဲသည် ဂါရ၀ပြုပွဲမှာဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦး၊ ဦးဝင်းတင်တို့ကိုနိုင်ငံရေးအကျဉ်းသားဟောင်းတွေကစုဝေးပြီးကန်တော့ခဲ့ကြရာမှာနိုင်ငံရေးအကျဉ်းသားဟောင်း ၆၀၀ကျော်တက်ရောက်ခဲ့ကြပါတယ်။အခမ်းအနားမှူးအဖြစ်ကိုဘိုဘိုဦးကဆောင်ရွက်ပြီးကိုကျော်ထွေးက အစီအစဉ်များကိုကြေညာခဲ့ပါတယ်။ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းတင်တို့က သြ၀ါဒစကားများ ပြောကြားခဲ့ပါတယ်။
ထိုနေ့တရက်တွင်ပင်လက်ရှိအစိုးရကလွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ပြီး နိုင်ငံရေးအကျဉ်းသားအချို့အပါအ၀င် အခြားအကျဉ်းသား ၆၀၀၀ ကျော်ကို လွှတ်ပေးခဲ့သည်။



စီပွားရေးပိတ်ဆို့မှု့များသည်ဦးတေဇာအား အကျိုးသက်ရောက်မှု့မဖြစ်
 
စီးပွားရေးပိတ်ဆို့တာ ဦးတေဇ မမှုပါ
အောက်တိုဘာ ၁၃၊ ၂၀၁၁

မြန်မာပြည်မှ သူဌေးကြီး ဦးတေဇသည် အနောက်နိုင်ငံတို့၏ ပိတ်ဆို့မှုကိုခံနေရသော်လည်း ကြွယ်ဝမှုများ တိုးလာသည်ဟု အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားတွင် ယနေ့ ထုတ်လွှင့်သွားသည်။

ဦးတေဇတွင် ၀န်ထမ်းပေါင်း လေးသောင်းဝန်းကျင် ရှိသည်ဟု ယခုလထုတ် ဖို့မဂဇင်း
တွင် ရေးထားသော်လည်း အယ်လ်ဂျာဇီးယားကမူ ဦးတေဇတွင် ၀န်ထမ်းပေါင်း ခြောက်သောင်းထက်မက ရှိသည်ဟု ဆိုသည်။
စစ်ဗိုလ်ချုပ်ဟောင်းများ ကြီးစိုးသည့် မြန်မာအစိုးရက စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန် အဆက်မပြတ် တောင်းဆိုလျက် ရှိသည်။
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှုများ ဆက်လက် ထားရှိစေလိုသည်ဟု ဆိုသည်။

ကိုမင်းကိုနိုင်သတင်းမကြားသိရသေး



ရှမ်းပြည်နယ် ကျိုင်းတုံထောင်ရှေ့တွင် ယနေ့ တွေ့ရသော ကိုမင်းကိုနိုင်၏ နှမ ဒေါ်သန္တာညွှန့်၊ အစ်မ ဒေါ်ကြည်ကြည်ညွှန့် (ဓာတ်ပုံ - Messenger ဂျာနယ်) မင်းကိုနိုင်၏မိသားစု ကျိုင်းတုံတွင် ထောင်ဝင်စာ သွားရောက် တွေ့ဆုံ
ဓာတ်ပုံသတင်း
အောက်တိုဘာ ၁၃၊ ၂၀၁၁

ကိုဇာဂနာ၏စိတ်ဓါတ်နှင့်ခံယူချက်

Picture
ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို ထွက်ခဲ့ကြတာမဟုတ်ပါဘူး။
လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ် လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။
ကျွန်တော် သုံးသပ်တာကအကျဉ်းသားလွှတ်တဲ့ ကိစ္စမျိုးပဲ။
ဒါမျိုးမှာ မကျေနပ်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့
  ရင်ကြားစေ့ရေး ဆိုတဲ့အစီအစဉ်မှာ ကောင်းအောင် အရမ်းအော်ထားတယ်။  ဂျာနယ်တွေထဲမှာ
စာစောင်တွေထဲမှာ ဖော်ပြထားတယ်။

  လွတ်တော်ကိုယ်စားလှယ်တွေ တင်ပြတာကို တပ်မတော် ကိုယ်စားလှယ်တွေက ထောက်ခံတယ်။ လူလေး သုံးလေးယောက်ပဲ လွှတ်တာ ကျန်တာတွေ ဘာလို့ မလွှတ်သေးတာလဲ။  ကျွန်တော်တို့က ဆိုမာလီ ပင်လယ်ဓားပြတွေ လက်ထဲ ရောက်နေတဲ့လူတွေလို  ဖြစ်နေတယ်။ အဲဒီတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး နဲ့ ရင်ကြားစေ့ရေးအတွက်  အကုန် လွှတ်လိုက်တော့ ဘာဖြစ်သွားမှာလဲ။ အဲဒီအတွက် စိတ်ထဲ မကောင်းဘူး။  ဒါကိုတော့ သမ္မတကို တိုက်ရိုက်ပြောချင်တယ်။ ဘာလို့ ဒီလိုလုပ်ရတာလဲ။
အိတ်ထဲက စိုက်ပေးရတာမှ မဟုတ်တာ။
ကို ဇာဂနာက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံး လွှတ်မြောက်ခြင်း မရှိသည့်အတွက် ၎င်း၏ လွတ်မြောက်မှုကိုပင် ကျေနပ်ခြင်း မရှိကြောင်း၊ ဦးသိန်းစိန်၏ အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ ယင်းကိစ္စကို တောင်းဆိုသွားမည် ဖြစ်ကြောင်း ပြောဆိုပါသည်။


ကိုဇာဂနာ၏ဖြစ်ရပ်မှန်ဟာသအမှု့

ဦးဇဂနာနဲ့ အမေးအဖြေ
Yangon Press International
ကိုဇာဂနာ၏အိမ်အပြန်လမ်း(ဓါတ်ပုံ၊ အဲလဲဗင်း)
YPI၊ ဦးဇာဂနာကို ဘာလို့လွှတ်ပေးတာလဲ။
ဖြေ၊ အဲဒါတော့ ဦးသိန်းစိန် သွားမေးမှ သိမယ်။ ကျွန်တော်လည်း ဘယ်လိုလုပ် သိမလဲ။ မထူးဆန်းလှပါဘူး၊ ကျွန်တော့်ကို ထောင်ချကတည်းက ချမှတ်တဲ့ ပုဒ်မတွေကို ပြောရင်ရယ်စရာကြီး၊ ဟာသအနေနဲ့ ပြောရရင် ဥပမာ ကျွန်တော့်ကိုချတော့ ဗီဒီယို အက် ဆိုတာပါတယ်။

အဲဒီဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲလို့ ကျွန်တော်မေးတော့ နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့တဲ့၊ မုန်တိုင်းတိုက်တာနေတာ ဘာလို့လဲ ၊ ဆင်ဆာမတင်လို့တဲ့၊ မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား၊ ကျွန်တော်ပြောတာ မုန်တိုင်းတိုက်တဲ့ အလုပ်ကို ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။

နောက်တမှု ၅၀၅ (ခ) က ဘုန်းကြီးဆွမ်းကပ်လို့တဲ့ ၊ ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ အဲဘုန်းကြီးတွေက လမ်းပေါ်လမ်းလျှောက်တယ်တဲ့၊ လမ်းလျှောက်တာတွေ ကျွန်တော်မသိဘူး၊

ဘုန်းကြီးဆွမ်းကပ်တာ ကျွန်တော့်အမြင်ဆို ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်၊ မွတ်ဆလင်လုပ်မယ်၊ ဒီတော့ ဒီအမှုက သဘာဝမကျတော့ဘူး၊

နောက်အင်တာနက်ပုဒ်မ အားလုံး အင်တာနက် သုံးတဲ့သူတွေပါ၊ ဒီအင်တာနက် ပုဒ်မမှာ ကျွန်တော့်ကို အမိန့်ချတဲ့ တရားသူကြီးက အင်တာနက်ဆိုတာ မသိဘူး။

ရယ်စရာဘယ်လောက်ကောင်းလဲ ဆို၊ ခင်ဗျား မိုးသီးဇွန်တို့ အောင်ဒင်တို့နဲ့ ဘယ်မှာချက်လဲဆိုတော့ မီးဘိုမှာချက်တယ်လို့ ပြောတယ်။ စိတ်ဆိုးတယ်။ meebo ဆိုတဲ့ ၀က်ဆိုက်က နာမည်လို့ ပြောတာ၊ ညနေမှ ကျွန်တော် မသိလို့ပြောမိတာတဲ့၊ ကွန်ပျူတာတောင် မကိုင်ဘူးတဲ့ အဲလိုလူက အမိန့်ချတာ၊ ကျွန်တော်ဘယ်လို နားလည်ရမလဲ။

အစိုးရရှေ့နေက တရားရုံးမှာ ကိုဇာဂနာ ရှင့်အီးမေးလ် ပြောတဲ့၊ thura61@gmail.com ပေးတော့ ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူးတဲ့၊ အဲလို ဘာမဟုတ်တဲ့ အမှုတွေအတွက် ကျွန်တော် သုံးနှစ်ကျော် နေရတာ များတောင် များသေးတယ်။

ဒီပုဒ်မတွေနဲ့ အီးမေးလ် စာတစောင်ကို ၁၅ နှစ်နဲ့ချလိုက်တာ၊ ကြားမကြားဖူးဘူး၊ ကျွန်တော့်ဆီ ရောက်လာရင် ကြည့်ရမှာပေါ့၊ ဘာကြောင့်လွှတ်လဲဆိုရင် ဒီလိုနေရတာတောင် ပိုများသေး။

နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်လွတ်မြောက်လာ

2011-10-12  သတင်း( RFA )
သမ္မတဦးသိန်းစိန်ရဲ့ အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့်အရ ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ လွှတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ပါဝင်တယ်လို့ ထိုင်းအခြေစိုက် နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) (AAPP) က သတင်းထုတ်ပြန်ပါတယ်။

ည​နေ​လေး​နာရီထိ NLD မှရရှိထားသော လွတ်မြောက် နိုင်ငံရေးအကျဉ်းသားစာရင်း

 အင်တာနက် email မှ ရရှိသောသတင်းများအတိုင်းပြန်လည်ဖေါ်ပြတာပါ


Subject: ည​နေ​လေး​နာရီထိ NLD မှရရှိထားသော လွတ်မြောက် နိုင်ငံရေးအကျဉ်းသားစာရင်း
ဒီ ​နေ့ ည​နေ​လေး​နာရီထိ တနိုင်ငံလုံး​မှာရှိတဲ့​အကျဉ်း​ထောင်အသီး​သီး​က
နိုင်ငံ​ရေး​အကျဉ်းသား​၁၈၄
ဦး​လွတ်​မြောက်လာ​ကြောင်း​သတင်း​ရတယ်လို့​အမျိုး​သား​ဒီမိုက​ ရေစီအဖွဲ့ချုပ်က
သတင်း​ထုတ်ပြန်ပါတယ်။

ကိုဇာဂနာ၏သီးလေးသီးအပေါ်ဆုံးဖြတ်ချက်

ကိုဇာဂနာ DVB ကို ပြောတဲ့ “ပုပ်နေတဲ့ နှစ်သီးကို ဂေါ်ပြား ကော်ခြင်း”







ကိုဇာဂနာထောင်တွင်းရှိနေစဉ် သီးလေးသီးပြည်ပနိုင်ငံများအသီးသီးတွင် အနုပညာနှင့်ပြည်သူဘက်တော်သားယောင်ဆောင်မှု့များအပေါ်



ကိုဇာဂနာ၏ပြတ်သားစွာ DVB သို့ပြောကြားသောအသံဖိုင်ကှို audio player




ကိုနှိပ်၍နားဆင်ကြည့်နိုင်ပါသည်။



ပြန်လည်လွတ်မြောက်နိုင်ငံရေးအကျဉ်းသား လတ်တလောအခြေအနေသတင်းတို



ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဗိုလ်ချုပ်ဆေထင် (SNLD) သည် စစ်တွေထောင်တွင် ထောင်ဒဏ် ၁၀၅ နှစ် ကျခံနေရာမှ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာခဲ့ပြီး ယနေ့ညနေ ၄ နာရီခန့်တွင် စစ်တွေမှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရသည်။

( The Voice Weekly)
ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အထိ စုံစမ်းရရှိသော သတင်းများအရ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ လွတ်မြောက်လာသူများတွင် ၈၈ မျိုးဆက် ကျောင်းသား   ခေါင်းဆောင်များ ဖြစ်ကြသော ကိုဌေးကြွယ်၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး (တောင်ဥက္ကလာ) တို့ မပါဝင်သေးကြောင်း၊ လွတ်ပေးသည့်စနစ်ကိုလည်း မသိရှိရသေးဘဲ အသုတ်လိုက် ခွဲလွှတ်သည့် စနစ်ဖြစ်ပါက နောက်ပိုင်းရက်များတွင် လွတ်မြောက်လာနိုင်ဖွယ် ရှိကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းမှ လေ့လာစောင့်ကြည့်သူများက ခန့်မှန်းကြသည်။
( The Voice Weekly )
The Voice Weekly
ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့တွင် ဘူးသီးတောင် အကျဉ်းထောင် အကျဉ်းကျခံနေရသူများ အနက်မှ ကိုသန်းထွန်းဇင်၊ ကိုကိုကြီး (စမ်းချောင်း) နှင့် အခြား တစ်ဦး စုစုပေါင်း သုံးဦး ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင်မှ သိရသည်။

ထောင်ကထွက်လျှင်ထွက်ခြင်းကိုဇာဂနာ၏ ပျက်လုံးများ

မြစ်ကြီးနားထောင်က ထွက်လာတဲ့နေ့မှာ ပြောပြတဲ့ ဇာဂနာရဲ့ ပျက်လုံးများ
အောက်တိုဘာ ၁၂၊ ၂၀၁၁

ဇာဂနာနဲ့ ဗီဒီယိုအက်ဥပဒေ
ဇာဂနာ - ဗီဒီယိုအက်က ဘာလို့ ၃ နှစ်ချလဲ။
တရားသူကြီး - နာဂစ်မုန်တိုင်း ဓါတ်ပုံပါလို့။ ဆင်ဆာမတင်လို့။
ဇာဂနာ - မုန်တိုင်း တိုက်တာကို ဆင်ဆာတင်ရဦးမှာလား။ မုန်တိုင်းတိုက်တာ ခဏရပ်ထားဦး ရိုက်ကူးရေး သွားတင်ပါရစေဦးလို့ ပြောလို့မရဘူးလေ။
တရားသူကြီး - ကိန်။
ဇာဂနာ နဲ့ ဘုန်းကြီးလမ်းလျှောက်မှု
ဇာဂနာ - ဘုန်းကြီးဆွမ်းကပ်တာ ဘာအပြစ်လဲ။
တရားသူကြီး - အဲဒီ ဘုန်းကြီးတွေက လမ်းပေါ် လမ်းလျှောက်တယ်။
ဇာဂနာ - ဒီအမှုက သဘာဝမကျတော့ဘူး၊ ကျွန်တော်ဒီနေ့ ဗုဒ္ဓဘာသာကနေ ထွက်မယ်။
တရားသူကြီး - ထွက်မနေပါနဲ့ကွာ၊ ထွက်လည်း ထောင်ဒဏ်တွေ ပေး ... အုံး... မှာ...။

ဆွဲချနဲ့ အီးမေးပြဿနာ
အစိုးရရှေ့နေ - ကိုဇာဂနာ ရှင့်အီးမေးလ် ပြော။
ဇာဂနာ - thura61@gmail.com
အစိုးရရှေ့နေ - ကျွန်မ ပြောနေတာ အီးမေးလ် နော်၊ ဂျီမေးလ် မဟုတ်ဘူး။
ဇာဂနာ - ကျွန်တော်မျိုးကြီး သေသင့်ပါတယ်။
ဇာဂနာ နဲ့ နိုင်ငံရေးအကျဉ်းသား
ဇာဂနာ - အတူတူ ထောင်ထဲမှာ နေခဲ့ရတဲ့ ဘုန်းကြီး ၄ ပါးရှိတယ်၊ အဲဒီဘုန်းကြီး ၄ ပါးလည်း လွတ်စေချင်တာပဲ၊ ဟိုး တောင်သာက ကြည်စိုးလည်း လွတ်စေချင်တာပဲ၊ မျိုးမင်းသန်းဆိုတဲ့ ပုဂံက ကောင်လေးကော၊ ဘိုကလေးက သီဟသက်ဇင်ကော၊ နာမည်ကြီးတဲ့ ဦးဂမ္ဘီရကော အကုန်၊ အကုန်လွတ်စေချင်တာပဲ။ အဲဒီလိုပဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လွတ်စေချင်တာပဲ။
ဧရာဝတီသတင်းဌာန - ဘာဖြစ်လို့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို လွတ်စေချင်တာလဲ၊ သူက နိုင်ငံရေးအကျဉ်းသား မို့လို့လား။
ဇာဂနာ - နိုင်ငံရေးအကျဉ်းသားလို့ ကျနော် မပြောပါဘူး။ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ရှိလို့လား။

ကိုဇာဂနာပြန်လည်လွတ်မြောက်မှု့အတွက်ပြည်သူများသောင်းသောင်းဖျဖျ

ကိုဇာဂနာပြန်လည်လွတ်မြောက်လာခြင်းအတွက်ပြည်သူတွေဘယ်လောက်စိတ်လှုပ်ရှားမှု့ဖြစ်ခဲ့သနည်း
ဒါဟာဘာကြောင့်လည်း-ပြည်သူ့ဘက်ကရပ်တည်သူတစ်ယောက်အတွက် ပြည်သူများကချစ်သောကြောင့်
ဖြစ်တယ်။
        ကိုဇာဂနာကိုဝိုင်းကြိုဆိုကြပုံကို ဗီဒီယိုတွင်ကြည့်ရှု့နိုင်ပါတယ်။

ကိုဇာဂနာ နှင့် မစုစုနွေးပြန်လွတ်လည်လွတ်မြောက်လာ

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်မှု သတင်းများ (ခိုင်မာသော အတည်ပြုချက် ရရှိပြီးသည်နှင့် မိနစ်အလိုက် ဖော်ပြသွားပါမည်။ )
Wednesday, 12 October 2011 08:37
8:00 AM
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။

"လွတ်လာတာတော့ သေချာပါပြီ။ ကိုသူရနဲ့ တိုက်ရိုက် အဆက်အသွယ်တော့ မရသေးပါဘူး။ အဆက်အသွယ်ရဖို့ လုပ်နေပါတယ်။ ထောင်က တာဝန်ရှိသူတွေနဲ့ စကားပြောပြီးပါပြီ။ အခုပဲ ထောင်ဗူးဝ ရောက်နေပြီလို့ ပြောပါတယ်" ဟု ယနေ့နံနက် ၈ နာရီ အချိန်တွင် မငြိမ်းက ပြောကြားခဲ့ပါသည်။

မြစ်ကြီးနားတွင်ရှိနေသော ဒေသခံတစ်ဦးကလည်း ဇာဂနာ လွတ်မြောက်လာသည့် အဆိုပါ သတင်းကို အတည်ပြု ပြောကြားပေးခဲ့ပါသည်။ မြစ်ကြီးနား အကျဉ်းထောင် အကျဉ်းသား ၈၀ကျော် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောပြပါသည်။

"မြစ်ကြီးနားကနေ စုစုပေါင်း ၈၇ ဦးလွတ်တယ်လို့ ကြားထားတယ်။ ကိုဇာဂနာကတော့ အထင်ရှားဆုံးပါပဲ"ဟု မြစ်ကြီးနားဒေသခံက နံနက်၈နာရီ ၁၀မိနစ်အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ကိုဇာဂနာသည် ၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်းက စမ်းချောင်းရှိနေအိမ်၌ အဖမ်းခံခဲ့ရခြင်း ဖြစ်ပြီး ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါသည်။ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလတွင် အမှုသုံးမှုအတွက် တစ်မှုလျှင် ၈နှစ်စီဖြင့်  ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ရာ ထောင်ဒဏ် ၃၅နှစ် အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ယခု ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပါသည်။
ထပ်မံရရှိသော သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။
9:00 AM
စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ ) လွတ်မြောက်လာကြောင်း သိရှိရပါသည်။

9:36 AM
ကိုမင်းကိုနိုင်နှင့် ကိုဌေးကြွယ်တို့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် မပါဝင်သေးကြောင်း ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ယနေ့နံနက် ၉ နာရီတွင် ပြောကြားသည်။

9:40 AM
အင်းစိန်ထောင်ရှေ့တွင် နံနက် (၄)နာရီ အချိန်မှစတင်ပြီး လာရောက်စောင့်ကြိုနေသူ (၇၀၀) ခန့် ရှိနေပြီး ထူးခြားချက် မရှိသေးကြောင်း သိရပါသည်။ သိရှိရသော သတင်းများအရ အင်စိန်ထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ အမျိုးသား (၂၅၀) ကျော် အမျိုးသမီး (၁၀) ဦးကျော် စုစုပေါင်း (၂၆၀) ကျော် ရှိနေကြောင်း သိရှိရပါသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ယနေ့နံနက် ပြန်လည် လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် (၆) ဦးလည်း ပါဝင်ကြောင်းသိရသည်။

9:55 AM
တောင်ကြီးအကျဉ်းထောင်မှ  ဦးရွှေထူး ၊စစ်တွေအကျဉ်းထောင်မှ  ကိုဝင်းမော် ၊ ဘူးသီးတောင်အကျဉ်းထောင်မှ ကိုကိုကြီး (စမ်းချောင်း) ၊ ရွှေဘိုအကျဉ်းထောင်မှ မလင်းလင်းမော် တို့ ဆက်လက် လွတ်မြောက်လာကြောင်း သိရှိရပါသည်။
10:00 AM
ဘူးသီးတောင်ထောင်မှ  ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ ၊  ဦးအောင်စိုး တို့လွတ်မြောက်လာကြောင်း သိရှိရပါသည်။
10:08 AM
အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင်(12.10.2011) ကျား ၅၆၄ ဦး၊ မ ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
10:17 AM
နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြုကန်တော့ပွဲကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင်  ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပရန်စီစဉ်ထားပြီး ယခုအခါ စီစဉ်သူများ၊ နိုင်ငံရေးအကျဉ်းသားများ ၊ ထောက်ခံသူများနှင့် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ ဦးတင်ဦး ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ကို ဂါရ၀ပြုကန်တော့ကြမည် ဖြစ်သည်။
10:22 AM
၂၀၀၅ ခုနှစ်က ၀န်ထမ်းများ လစာနည်းပါးမှုနှင့် ပတ်သက်၍ မဲဆောက်ရှိ ILO အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သူ အမျိုးသမီး မအေးသီခိုင် ၊မအေးချမ်း ၊မယဉ်ကြည် ၊ ဒေါ်သန်းသန်းဌေး တို့  အင်းစိန်ထောင်မှ လွတ်မြောက်လာကြောင်း သိရပါသည်။
10:23 AM
ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူ NLD ပါတီဝင် ဦးဘတင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။
10:24 AM
ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ရာကျော်လွှတ်ပေးမည်ဖြစ်သော်လည်း အဆိုပါ လွတ်မြောက်မည့်သူများတွင် ကိုပေါ်ဦး (ခေါ်) ကိုမင်းကိုနိုင် မပါဝင်သေးကြောင်း ကျိုင်းတုံအကျဉ်းထောင်မှာ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ ကိုမင်းကိုနိုင်သည် ထောင်ဒဏ် ၆၅နှစ် ကျခံနေရသူဖြစ်ပါသည်။ မည်သည့်နေ့ရက်တွင် ကိုမင်းကိုနိုင် ပြန်လည်လွတ်မြော က်မည်ကို မသိရှိရသေးကြောင်းလည်း ကျိုင်းတုံအကျဉ်းထောင်မှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
10:30 AM
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။
သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ သာယာဝတီ အကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။
10:42 AM

သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။

မန္တလေးထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိပါသည်။
10:50 AM
ဂါရဝပြုအခမ်းအနားသို့ ဦးဝင်းတင် ၁၀း၅၀ မိနစ်တွင် ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ မိနစ်ပိုင်းအတွင်း ရောက်ရှိမည်။
11:00 AM
အင်းစိန်အကျဉ်းထောင်ရှေ့ လမ်းမပေါ်တွင် လွတ်မြောက်လာသူများကို လာရောက်စောင့်ဆိုင်းသူများ အယောက် ၁၀၀၀ ကျော် ရှိနေကြောင်းနှင့် အဆိုပါလမ်းကို ယာယီပိတ်ထားကြောင်း သိရသည်။ NDF ပါတီဝင်အချို့က လွတ်မြောက်လာသူများအား ၀မ်းမြောက်စွာကြိုဆိုကြောင်း စာတန်းကို ကိုင်ဆောင် ကြိုဆိုနေကြောင်း သိရသည်။ အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို အစားအသောက်များ ကျွေးမွေးခြင်း၊ လိုအပ်သော ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်ခြင်းကိုလည်း လာရောက် စောင့်စားကြည့်ရှုနေသည့် လူအများက ကူညီပြုလုပ်ပေးနေကြောင်း သိရှိရပါသည်။
11:08 AM
ကိုဇာဂနာ မြစ်ကြီးနားလေဆိပ်မှ စတင်ထွက်ခွာလာပြီဖြစ်သည်။ ကိုဇာဂနာနှင့် အင်တာဗျူးကို ဆက်လက်ဖော်ပြသွားပါမည်။
11:22 AM
"ကိုဇာဂနာနှင့်အင်တာဗျူး"
မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုသူရ(ခေါ်)ကိုဇာဂနာအား ရန်ကုန်သို့  လာရောက်ရန် လေယာဉ်ပေါ် မတက်မီအချိန်အတွင်း Eleven Media Group မှ မေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။

မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။

မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့် အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။

မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။
ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။

မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။

မေး- နိုင်ငံရေးအလုပ် ဆက်လုပ်မယ်ဆိုတာက လက်ရှိအခင်းအကျင်းထဲကနေ ပါတီတစ်ခု၊ ပါတီဝင် တစ်ဦးအနေနဲ့ ၀င်ပါမှာကို ပြောတာလား။
ဖြေ- ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ လေယာဉ်ပေါ်တက်ရတော့မယ်။
12:40AM
yangon-web
အင်းစိန်ထောင်ရှေ့မြင်ကွင်း
mdy-web
မန္တလေး အိုးဘိုထောင်ရှေ့မြင်ကွင်း
12:45 PM
ယနေ့ လွတ်မြောက်လာသူများတွင် ကိုနေဘုန်းလတ် ပါဝင်လာခဲ့ခြင်း မရှိသေးကြောင်း သိရပါသည်။ ကိုနေဘုန်းလတ်(ခေါ်) ကိုနေမျိုးကျော် သည် ၂၀၀၈ခုနှစ် ဇန်န၀ါရီလက ဖမ်းဆီးခံခဲ့ရပြီး ဘားအံအကျဉ်းထောင်၌ ထောင်ဒဏ် ၁၂နှစ်ကျခံနေရသူ ဖြစ်ပါသည်။
1:13 PM
နောက်ဆုံးရရှိသော သတင်းအရ  အရှင်ဂမ္ဘီရ ကလေးထောင်မှ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရှိရသည်။
1:30 PM
ကိုဇာဂနာ ရန်ကုန်မြို့ စမ်းချောင်းရှိ နေအိမ်သို့ ပြန်လည်ရောက်နေပြီး သတင်းထောက်များနှင့် တွေ့ဆုံကြောင်းသိရ
2:30 PM
မန္တလေး အိုးဘိုအကျဉ်းထောင်မှ  ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ပြန်လည်လွတ်မြောက်လာသည့် သူများထဲတွင် NLD ပါတီဝင် ၃ ဦးသာပါရှိကြောင်းနှင့် ပုဒ်မ ၅(ည) ၁၇ (၁)တို့ဖြင့် ၁၉၈၈ ခုနှစ်ကတည်းက   ဖမ်းဆီးခံခဲ့ရပြီး နှစ် ၃၀ ပြစ်ဒဏ်ချမှတ်ခံရသူ ဦးသုန္ဒရ လည်းပြန်လည်လွတ်မြောက် လာသည်ကို တွေ့ရသည်။
4:40 PM
ကလေးမြို့ အကျဉ်းထောင်မှ အကျဉ်းသားလေးရာကျော် လွတ်မြောက်ခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရသူ (၆) ဦးပါဝင်


နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာမှု အစီအစဉ်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းသား (၆၃၅၉) ဦး လွတ်မြောက်မှုများအနက်မှ ကလေးထောင်တွင် အကျဉ်းသား (၄၄၈) ဦး လွတ်မြောက်ခဲ့ပြီး အဆိုပါ အကျဉ်းသားများအထဲမှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ (၆)ဦး ပါဝင်ခဲ့သည်ဟု သတင်းရရှိပါသည်။
အဆိုပါ(၆) ဦးမှာ

၁။ ဟင်္သတမြို့နယ်မှ ကိုမြင့်နိုင်

၂။ ကိုမျိုးကြီး (ခ) ကိုလှိုင်မျိုး  တာမွေလေး (ရန်ကုန်)
၃။ ဦးသိန်းလွင်ဦး  - မြောက်ဥက္ကလာ (ရန်ကုန်)

၎။ ဦးအေးချို  ။ပျော်ဘွယ်မြို့

၅။ ကိုမင်းအောင် ။ တောင်ကုတ်နှင့်
၆။ ကိုအောင်အောင် (ခ) ဗွေထန်း- ချင်းလွတ်မြောက်ရေးတပ်ဦး (CNF) တို့ဖြစ်ကြသည်။

4:45 PM
မြိတ်အကျဉ်းထောင်မှ အကျဉ်သား ၅၆ ဦး လွတ်မြောက်လာ

အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အစီစဉ်အရ တစ်နိုင်ငံလုံးတွင် အကျဉ်းသားများအား လွတ်ပေးလျက်ရှိရာ မြိတ်အကျဉ်းထောင်တွင်လည်း ယနေ့ ၁၂.၁၀.၂၀၁၁ နေ့နံနက် ၈ နာရီတွင် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးခဲ့ကြောင်း သိရသည်။

“အကျဉ်းသားအားလုံး ၅၆ဦးရှိမယ်လို့ အကြမ်းဖျဉ်း သိရပါတယ်။ ဒီနေ့မနက်ပဲ လွတ်ပေးလိုက်ပါပြီ။ အကျဉ်းသားစာရင်း အတိကျကိုတော့ ထပ်မံထုတ်ပေးသွားပါမယ်။တိုင်းအနေနှင့်ရော မြိတ်ခရိုင်အနေနှင့်ပါ ထပ်မံဆက်သွယ်ပေးပါမယ်”လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးခြင်းရှိ။မရှိကို ဖြေကြားခြင်းမရှိသော်လည်း ပြီးခဲ့သည့် သြဂုတ်လက ထောက်ဒဏ် ၄ လကျခံခဲ့ရသော မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဦးစံမှာ လွတ်မြောက်ရန် နှစ်လကျန်သေးသော်လည်း လွတ်မြောက်လာသူစာရင်းတွင် ပါလာခဲ့ခြင်း မရှိသေးကြောင်း သိရသည်။ ဦးစံမှာ နိုင်ငံရေးအမှုနှင့်မဟုတ်ဘဲ ရန်ပွဲဖြစ်မှုဖြင့် ထောင်ဒဏ် ၄ လ ကျခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
6:00 PM
ခန္တီးအကျဉ်းထောင်မှ ယုံကြည်ချက်ဖြင့် အကျဉ်းကျခံသူ စုစုပေါင်း ခြောက်ဦး လွတ်မြောက်လာခြင်းဖြစ်ပြီး ထိုသူများ၌ မစုစုနွေးပါဝင်လာခြင်းဖြစ်သည်။ မစုစုနွေးသည် ၂၀၀၇ခုနှစ် နိုဝင်ဘာလက အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ထောင်ဒဏ် ရှစ်နှစ် ခြောက်လကျခံခဲ့ရခြင်း ဖြစ်ပါသည်။ ခန္တီးမှ ရန်ကုန်သို့ လာရောက်မှုတွင် အစောဆုံး စနေနှင့် နောက်အကျဆုံး တနင်္ဂနွေနေ့တွင် ရောက်ရှိမည်ဟု ထပ်မံ သိရပါသည်။