Google + တွင်ပါဝင်သည့်သေးငယ်ပြီး အလွန်အသုံးတည့်တည့်အချက်(၁၀) ချက်
Wednesday, 14 September 2011 23:46 |
Google ကလွှင့်တင်လိုက်တဲ့ Google+ လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက်မှာ Circles, Google Takeout, Sparks စသည်တို့ အပါအဝင် အလွန်ကောင်းမွန်တဲ့ feature တွေ ပါဝင်လာပါတယ်။ ဒီ feature တွေကို အသုံးပြုသူ အားလုံးနီးပါး သိပြီးသားဖြစ်ပေမယ့် သေးငယ်ပြီး အလွန်အသုံးတည့်တဲ့ အခြား feature တွေလည်း Google+ လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက်မှာ ရှိနေပါသေးတယ်။ ဒါကြောင့် သေးငယ်ပြီး အလွန်အသုံးတည့်စေမယ့်အချက် (၁၀)ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁) ဓာတ်ပုံများကို ဖုန်းမှ အလိုအလျောက် Upload လုပ်ခြင်း။
Google+ Android app ရဲ့ setting မှာ lnstant Upload ကို enable ပြုလုပ်ခြင်းဟာ သင့်ရဲ့ဖုန်းနဲ့ Google+ အသုံးပြုနည်းကို လုံးဝပြောင်းလဲသွားစေပါတယ်။ ရိုက်ကူးထားသမျှ ဓာတ်ပုံများကို Google+ ရဲ့ ကိုယ်ပိုင် အယ်လ်ဘမ်မှာ တစ်ပြိုင်နက် sync ပြုလုပ်ပေးနိုင်ပါတယ်။ Click တစ်ချက်နှိပ်ရုံနဲ့ ဝေမျှမှုများကို ပြုလုပ်နိုင်ပြီး ဝေမျှလိုခြင်းမရှိတဲ့ အရာတွေကိုလည်း ဖုန်းရှိ သိုလှောင်မှုအတွင်း ရှာဖွေကာ ပြုလုပ်ထားနိုင်ပါတယ်။
(၂) Picasa တွင် ဓာတ်ပုံများကို အကန့်အသတ်မရှိ သိုလှောင်ထားနိုင်ခြင်း။
Google+ ကို အသုံးပြုသူများရဲ့ ဓာတ်ပုံဝေမျှမှု ပြုလုပ်နိုင်တဲ့ နေရာတစ်ခုအဖြစ် အသုံးပြုနိုင်ပါတယ်။ Picasa မှာ ဓာတ်ပုံသိုလှောင်မှုအတွက် အကန့်အသတ်မရှိ ထောက်ပံ့ပေးထားတာကြောင့် Google+ အသုံးပြုသူများအနေနဲ့ ဓာတ်ပုံများ ရိုက်ကူးခြင်းနဲ့ ဝေမျှခြင်းတို့ကို အထပ်ထပ်အခါခါ ပြုလ်ုနိုင်ပါတယ်။
(၃) ဓာတ်ပုံများကို လွယ်ကူလျင်မြန်စွာ ပြင်ဆင်နိုင်ခြင်း။
Google+ မှာပါဝင်တဲ့ ဓာတ်ပုံများကို စစ်ထုတ်ခြင်းနဲ့ ပြင်ဆင်ခြင်း feature တွေဟာ အလွန်အသုံးတည့်ပါတယ်။ ဓာတ်ပုံတစ်ပုံရဲ့ အောက်ဘက်မှာ Action ခလုတ်၊ ဓာတ်ပုံကို လှည့်နိုင်မယ့် ratation tool တွေအပြင် Editing Photo တို့ ပါဝင်လာပါတယ်။ ညာဘက်ခြမ်းမှာ ရှိတဲ့ ဓာတ်ပုံပြင်ဆင်နိုင်မယ့် sidebar pops up မှာ အဖြူအမည်း၊ auto-color နဲ့ auto-constrast တို့ဖြင့် ပြင်ဆင်နိုင်ပြီး ဓာတ်ပုံနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိသူများ အနေနဲ့လည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံရဲ့အလင်းနဲ့ အရောင်ကို မှန်ကန်စွာ ချိန်ညှိပေးမယ့် l’m Feeling Lucky ခလုတ်ကလည်း အလွန်အသုံးတည့်စေပါတယ်။
(၄) Google Profiles ဖြင့် ရှာဖွေမှုများ ပြုလုပ်နိုင်ခြင်း။
Google+ အသုံးပြုသူများဟာ တိကျပြည့်စုံတဲ့ Profiles တွေကို ချိတ်ဆက်ခြင်းနဲ့ ရှာဖွေခြင်းတို့အတွက် Google မှ အစောပိုင်းက ထောက်ပံ့ပေးထားတဲ့ Google Profiles ကို အခြေခံ tool အဖြစ် သုံးနိုင်ပါတယ်။
(၅) Built-in keyboard shortcut ဖြင့် သုံးနိုင်ခြင်း။
Google ရဲ့ အခြားထုတ်ကုန်တွေလိုပဲ Google+ မှာပါတဲ့ built-in keyboard shortcut ဟာ stream item များကို ဖတ်ရှုခြင်း၊ Post အသစ် ဖန်တီးခြင်းနဲ့ navigate လုပ်ခြင်းတို့ကို mouse နဲ့ trackpad မလိုဘဲ သုံးနိုင်ပါတယ်။
(၆) YouTube ဗီဒီယိုကို တစ်ပြိုင်နက်ကြည့်ရှုနိုင်ခြင်း။
Google+ ရဲ့ group video chat Hangout ဟာ အသုံးပြုသူရဲ့ အာရုံစိုက်ခံရမှု အများဆုံးရရှိတဲ့ feature တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Skpe group chat ကဲ့သို့ လုပ်ဆောင်နိုင်တဲ့ Hangout ဟာ YouTube ဗီဒီယိုကို တစ်ပြိုင်နက်ကြည့်ရှုစေနိုင်ပြီး မှတ်ချက်ပေးခြင်းကိုလည်း စာသား၊ အသံတို့ဖြင့် ပြုလုပ်နိုင် ပါတယ်။
(၇) Drag-and-drop ဖြင့် ဝေမျှခြင်း။
Facebook နဲ့ Twitter တို့မှာ ဝက်ဘ်စာမျက်နှာများကို ဝေမျှလိုတဲ့အခါ link များကို copy လုပ်ပြီး ဝေမျှရပါတယ်။ ဒါပေမယ့် Google+ မှာ ဝေမျှမှု ပြုလုပ်တဲ့အခါ ဓာတ်ပုံ၊ link နဲ့ YouTube ဗီဒီယိုစသည်တို့ကို drag လုပ်ရုံနဲ့ ဝေမျှနိုင်ပါတယ်။
(၈) ဘက်စုံသုံးနိုင်တဲ့ Google toolbar ပါဝင်ခြင်း။
Google+ ကိုစတင်အသုံးပြုပြီဆိုတာနဲ့ Google Web Service အားလုံးနီးပါးကို ဖော်ပြပေးမယ့် အနက်ရောင် Google Toolbar ကို window တိုင်းရဲ့ ထိပ်ဘက်ပိုင်းမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ယင်း toolbar ဟာ Google+ stream တွင် လျင်မြန်စွာတင်ခြင်း၊ အသုံးပြုသူရဲ့ Google+ profile ကို လျင်မြန်စွာ ကြည့်ရှုနိုင်ခြင်း တို့ကို ပြုလုပ်နိုင်ပါတယ်။
(၉) အသုံးတည့်စေမည့် chat client ပါဝင်ခြင်း။
Google+ မှာ Gmail တွင် ထည့်သွင်းပေးထားသကဲ့သို့ built-in Gmail/AlM chat window ကို ဘယ်ဘက်ထောင့်မှာထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် chatting ပြုလုပ်ခြင်းနဲ့ အခမဲ့ဖုန်းခေါ်ဆိုမှုတို့ကို ပြုလုပ်လိုတဲ့အခါမှာ Gmail သို့ သွားစရာမလိုဘဲ Google+ ကနေပြုလုပ်နိုင်ပါတယ်။
(၁၀) တင်ပြီးသားပို့စ်များကို ပြင်ဆင်နိုင်ခြင်း။
Twitter နဲ့ Facebook အပါအဝင် လူမှုရေးကွန်ရက်ဝက်ဘ်ဆိုက် အတော်များများမှာ ပို့စ်တစ်ခုတင်လိုက်တဲ့အခါမှာ စကားလုံးများပြင်ဆင်ခြင်း၊ ဓာတ်ပုံများ ဖယ်ရှားခြင်း တို့ကို ပြုလုပ်၍မရဘဲ ပို့စ်တစ်ခုလုံးကို ဖျက်ခြင်းဖြင့်သာ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ Google+ မှာတော့ တင်ထားသမျှ ပို့စ်အားလုံးကို ပြင်ဆင်နိုင်ဖို့အတွက် ပို့စ်တွေရဲ့ ညာဘက်အပေါ်မှာ drop down ဖြည့်ထည့်သွင်းပေးထားပါတယ်။
--------------------------------------------------------------
css ဆိုတာကို နားမလည်ပဲ မဖန်တီးတတ်သူများအတွက် Top Style v4.0
TopStyle contains powerful tools for building standards-compliant web sites. TopStyle allows you to save your document ANSI-encoded (the TopStyle 3.x default), or Unicode-encoded (UTF-8 or UTF-16). When you open an existing document, TopStyle will auto-detect the encoding for the document you're trying to open. The new FTP Explorer Panel allows you to edit online documents via FTP. When you save your document, it is automatically uploaded to your FTP site. TopStyle comes with a new, user-configurable HTML toolbar that is displayed above the editor. Simply drag-n-drop any snippet from this HTML toolbar into your document. TopStyle includes new CSS definitions for IE8 (Microsoft Internet Explorer 8), FF3 (Mozilla FireFox 3), and SF3 (Apple Safari 3).
Main features:
-» Preview CSS while you write it
-» Easily create pleasant color schemes for your site
-» Style Checker validates your CSS syntax against multiple browsers
-» Use Site Reports to see at-a-glance where CSS styles are used in your site
-» Style Upgrade quickly replaces all outdated HTML code with equivalent CSS stylingWhat's new in TopStyle 4?
* Unicode. TopStyle allows you to save your document ANSI-encoded (the TopStyle 3.x default), or Unicode-encoded (UTF-8 or UTF-16). When you open an existing document, TopStyle will auto-detect the encoding for the document you're trying to open.
* Live FTP editing. The new FTP Explorer Panel allows you to edit online documents via FTP. When you save your document, it is automatically uploaded to your FTP site.
* HTML toolbar. TopStyle comes with a new, user-configurable HTML toolbar that is displayed above the editor. Simply drag-n-drop any snippet from this HTML toolbar into your document.
* New CSS definitions. TopStyle includes new CSS definitions for IE8 (Microsoft Internet Explorer 8), FF3 (Mozilla FireFox 3), and SF3 (Apple Safari 3).
* Script Insight. TopStyle includes Script Insight for ASP (both JavaScript and VBScript), PHP, and ColdFusion.
* Bookmarks. TopStyle contains new powerful commands for navigating your documents, including 10 bookmarked locations for each document.
* iPhone (and iPod touch) webapp development. TopStyle includes iWebKit, a simple and advanced development framework for iPhone (and iPod touch) webapp development. In addition to iWebKit, TopStyle includes new CSS definitions for iPhone OS 1.1 and iPhone OS 2.0. Last but not least, TopStyle includes a new *internal* preview for Apple Safari.
* Improved inline style. Inline style attributes (eg. style="") support CSS color-coding and CSS Insight (Ctrl+Space).
* IE8 document compatibility. TopStyle allows you to switch IE8 document compatibility mode easily, and compare different IE8 document compatibility modes in it's side-by-side preview.
* Improved CSS Insight. CSS shorthand (sub)property values are grouped. Insight includes recently used colors (CSS color properties only).
* Live spelling (HTML only). TopStyle identifies spelling errors as you type with wavy red underlines, and allows you to act upon each identified problem with a new context menu.
* Support for the latest web browsers. TopStyle auto-detects the latest web browsers, including Mozilla Firefox, Apple Safari, Opera, and GoogleChrome.
ဖိုင်ကိုဒေါင်းလုပ်လုပ်ရန်>>
-----------------------------------------------------------
G mail တွင် ပို့ပြီးသား မေးလ်များကို ပြန်ဖျက်နိုင်ပြီ
Google သုတေသန Lab မှ G-Mail အသုံးပြုသူများ၎င်းတို့ ပို့ထားသည့် Mail များကို
ပြန်ဖျက် ပစ်နိုင်သည့် Feature တခုကို ထည့်သွင်းပေးလိုက်ကြောင်း သိရှိရသည်။
Undo Send ဟုအမည် ပေးထားသော အဆိုပါ Featureကြောင့် အမှားပါသော Mail
များကို ပြန်ဖျက်ပစ်နိုင်မည့် အခွင့်အရေး ရလာမည်ဟု Google ကဆိုသည်။မူလက
G-Mail ပို့ပြီးနောက် ထို Mail များကို ပေးပို့သူများ အနေနှင့် ပြန်မဖျက်ပစ်
နိုင်ချေ။ယခု Feature အရ Mail ပို့ပြီး (၅)စက္ကန့်မျှ အတောအတွင်း Undo ဖြင့်
ဖျက်ပစ်နိုင်သလို နောက်ပိုင်း အချိန်ကြာမှ ဖျက်ပစ် လိုပါကလည်း Sent Mail
ထဲရှိ မိမိပို့ထားသော Mailကို Undo ပြုလုပ်ခြင်းဖြင့် ဖယ်ရှား နိုင်မည်ဖြစ်သည်။
ထို Feature ကို အသုံးပြု လိုပါကG-Mail Account ထဲရှိ Setting တွင် Undo Send
ဆိုသော နေရာလေးအား Enable ကလစ်လုပ်ပါ...။
Setting > Labs > Undo Send > Enable > Save Changes ဆိုရင် ရပါပြီ..။
Gtalk ထဲမှာ တစ်ဖက်လူရဲ့ နိုင်ငံအမှန်ကို ရှာရအောင်
G talk မှာ မိမိထံ မေးပို့လာတဲ့သူဟာ ဘယ်နိုင်ငံကလဲ location ကို ညာပြောထားတာလား အမှန်ပြောတာလား ဖမ်းရအောင်ဗျာ....။ ပထမဆုံးကတော့ မိမိရဲ့ မေးထဲကို ၀င်လိုက်ပါ ....။ ပြီးရင် ကိုယ်သိချင်တဲ့ လူ ပို့ထားတဲ့ မေးကို ဖွင့်လိုက်ပါ...။ ညာဘက် အပေါ်နားလေးက Reply ဘေးနားကို click လိုက်ပါ .....။ show original ကိုဆက်လက် click ပါ ။ Original page မှာ ctrl+f အကူအညီနဲ့ Received: ဆိုတာလေး ကို ရှာလိုက်ပါ...။ နောက်ကတော့ သူ့ရဲ့ IP address ပေါ့ ....။ Received by ဆိုတဲ့ နောက်က တော့ သူ့ရဲ့ IP address ပေါ့ သူ့ရဲ့ location ကို သိချင်ရင်တော့ http://www.whatismyipaddress.com/ မှာ သွားကြည့်လိုက်ပေါ့ ...။
Gtalk chatting box ထဲကို ရုပ်ပြောင်လေးတွေ(My Theme)၊ နောက်ခံလေးတွေ ထည့်မယ်ဆိုရင်
G-Talk နှင့် စာရိုက် ဆက်သွယ်ရာတွင် ပျော်ရွှင်ကြည်နူးစရာ ပုံလေးတွေ ပေးပို.ထည့်သွင်းပေးပို. ပေးနိုင်မဲ့ အောက်ပါ နည်းလမ်းလေးကို အနည်းငယ်မျှ အပင်ပန်းခံပြီ မိမိအသုံးပြုနေသော စက်မှာ ပြုလုပ် ပေးလိုက်ပါ။
(၁၅) မိနစ် စာ အလုပ်လေးပါ။
အောက်မှာ ညွှန်ပြထားတဲ့ အတိုင်းသာ လုပ်သွားပါ။
Virus မပါ ကြောင်း
နှင့် ကိုယ်တိုင် လုပ်ထားပြီးကြောင်း ကြိုတင် ပြောပြ လိုပါတယ်။
နဲနဲ လေး အပင်ပန်းခံတာ နဲ. များများကြီး ကြည်နူး ပျော်ရွှင် ရပါလိမ့်မယ်။
သူ့ရဲ့ အသုံးပြုပုံကတော့ အောက်မှာပေးထားတဲ့
Attachment: MyTheme.exe ကိုဒေါင်းပြီး run လိုက်ပါ ..။
ပြီးရင် gtalk > settings
> Appearnce > Chat theme > my theme
ကိုရွေးပေးလိုက်ပြီး အိုကေပေးလိုက်ရင် ပြီးသွားပါပြီ ။ ပြီးရင် ကိုယ့်gtalk ကို singout ပြန်လုပ်ပြီး ပြန်ဖွင့်လိုက်တဲ့အခါ :haha , :atb , :ilu , :imu , :tc ဆိုပြီးရိုက်လိုက်ရင် အခုလို
ရုပ်ပြောင်လေးတွေရလာပါပြီ ..... ။ ကွန်မန့်တွေကို Start >All program >Dash > MyTheme > Help
မှာကြည့်နိုင်ပါတယ် ။
နောက်ခံပုံလေးတွေချိန်းတာကတော့ Start >All program >Dash > MyTheme >Sample Images မှာ ကိုယ်ကြိုက်တဲ့ပုံကို ကူးထည့်လိုက်ပါ ။ ပြီးရင် Start >All program >Dash > MyTheme >Change Background မှာ ကိုယ်ကူးထားတဲ့ပုံလေးကို ရွေးပြီး အိုကေပေးလိုက်ရင် အိုကေသွားပါပြီ .....။ အသုံးတည့်မယ်လို့ထင်ပါတယ်ဗျာ ... ။
How to use smileys ? ( Smiley လေးတွေဘယ်လိုသုံးကြမလဲ ? )
( ဖိုင်လေးနဲ့ လိုချင်ရင်တော့ အောက်မှ Attachment: G-Talk themes.txt လေးကိုနှိပ်လိုက်ပါ..။)
* G-Talk နှင့် စာရိုက် ဆက်သွယ်ရာတွင် Smiley လေး ထည့်သုံးချင်ရင်
"Shift" သုံးပြီး " : " အရင်နှိပ်ပါ။ ထို.နောက် အောက်ပါ အညွှန်းမှ Eng:
စာလုံးလေးများ ဖြည့်စွက် ရိုက်ပေးပါက G-Talk တွင် လှပဆန်းသစ်သော
Smiley လေးများ ထည့်သွင်း ဆက်သွယ်နိုင်ပါမည်......... ။
အကြောင်းအရာ ရိုက်ရန် မြန်မာလို All the Best :atb (သိပ်ကောင်းတယ်) Angel :angel (နတ်သမီးလေး) Angry :angry (စိတ်ဆိုးတယ်) Applause :clap (အားပေးပါတယ်) Bath :bath (ရေချိုးနေတယ်) Blushing :blush (မျက်နှာနီအောင်ရှက်တယ်) Call me :callme (ဆက်သွယ်ပါ) Cool :cool (အေးအေးဆေးဆေးပါ) Crying :waa (ငိုနေတယ်) Day Dreaming :dream (နေ.လည်ခင်းအိပ်မက်) Dislike :naa (မကြိုက်ပါ) Do Not Disturb :dnd (မနှောက်ယှက်ပါနှင့်) Game :game (ကစားမယ်) Ghoting :ghoting (စဉ်းစားနေတယ်) Good Morning :gm (ကောင်းသောနံနက်ခင်းပါ) Good night :gn (ကောင်းသောညပါ) Heart :heart (အချစ်) Hi :hi (နှုတ်ဆက်တယ်) Hai :hai (နှုတ်ဆက်တယ်) Hug :hug (ပွေ.ဖက်မယ်) I am Mad :mad (ငါရူးတော့မယ်) I love you :ilu (မင်းကိုချစ်တယ်) I miss you :imu (မင်းကိုသတိယနေတယ်) Idea :idea (အကြံရပြီ) Kissing :kiss (နမ်းမယ်) Laughing :ha (ရီရတယ်) Laughing :haha (ဟားတိုက်ရီရတယ်) Love struck :love (ချစ်ကြောင်းပြောမယ်) Mess :mess (စားမယ်) Movie :movie (တီးထည့်လိုက်ရမလား) News :news (သတင်း) No :no (မ_ဘူး) Not talking :calm (မပြောဘူး) Now :now (ယခု) On Phone :call (Ph နှင့်ပြောမယ်) Pray :pray (ဆုတောင်းနေတယ်) Raised Eyebrow :cha (မျက်ခုံးတွန်.ပြီး နောက်ပြောင်) Secret/Silent :shh (တိတ်တိတ်နေ) Shut Up :shutup (ပါးစပ်ပိတ်ထားပါ) Sleep :sleep (အိပ်နေတယ်) Sleepy :zz (အိပ်ချင်ပြီ) Smug :mm (မျက်ခုံးပင့်ပြီး နောက်ပြောင်ခြင်း) Sorry :sry (၀မ်းနည်းပါတယ်) Stop shouting :stop (နားပိတ်ထားတယ်) Surprised h (အံသြတယ်) Take care :tc (ဂရုစိုက်ပါ) Thanks :thanx (ကျေးဇူးတင်ပါတယ်) Wait :wait (ခဏစောင့်ပေးပါ) Waving :bye (နှုတ်ဆက်ပါတယ်) Worried :wor (စိတ်ပူနေတယ်) Yahooooo :yahoo ( ရှာကြည့်ပါ) Yes :yes (ကောင်းပါပြီ)
Gtalk ဖွင့်ထားပြီး Idel ဖြစ်နေတယ်လို့ ညာရအောင်
ဒီsoftwareလေးကျနော့်မှာရှိနေတာတော့ကြာပါပြီး။သိတဲ့လူလဲတော်တော်သိနေကြပါပြီး
ဒါပေမယ့်အခုတလောဘာရေးရမှန်မသိတာနဲ့ရေးလိုက်တာပါသိပြီးသားဆိုရင်တော့ဆောရီးပါနော်
softwareက119kbပဲရှိတာပါပြီးရင်Installလုပ်လွယ်ပါတယ်Install လုပ်ပြီးတာနဲ့ Task bar ပေါ်က GTalk Icon ကို ညာဘက်ကလစ် နှိပ်လိုက်ရင် Always Idle, Normal Idle, Never Idle ဆိုပြီး ပေါ်လာပါပြီ။ Always Idle ကို ရွေးလိုက်ရင် ကိုယ်ရဲ့ GTalk Account ဟာ အမြဲတမ်း Idle ဖြစ်ကရော။
သူများတွေကတော့အဟုတ်မှတ်နေမှာပေါ့။ကွန်ပျူတာရှေ့မှာမရှိဘူးလို့။သူငယ်ချင်းတွေကိုအရူးလုပ်ဖို့နဲ့
ကိုကိုယ်တိုင်အညာမခံရစေဖို့ပါ။သုံး တာမသုံးတာကကိုယ့်သဘောပေါ့/
gAlwaysIdle ရဲ့ Always Idle ကို ဖွင့်ထားရင် GTalk ရဲ့ မူလပါတဲ့ Check Mail Now Function ကို သုံးလို့ မရတော့ဘူး။ Normal Idle ကို ပြန်ပြောင်းလိုက်မှ သုံးလို့ရလိမ့်မယ်။ နောက်ပြီး Kaspersky လို Antivirus Software တွေကို Install လုပ်ထားခဲ့ရင် gAlwaysIdle Install လုပ်ပြီးစမှာ သူက Window ရဲ့ Registery ကို သွားပြင်တာမို့ Antivirus Software က ခွင့်ပြုချက် တောင်းပါလိမ့်မယ်။ ခွင့်ပြုလိုက်ပေါ့။ ဒါပါပဲ။ gAlwaysIdle ဟာ စမ်းသပ်ဆဲပါတဲ့။ နောက်ထပ်ထွက်မယ့် Version တွေမှာ ဘာတွေများ ထပ်တိုးလာမယ်တော့ မသိပါဘူး။ အခု Version ကို Window XP နဲ့ Vista OS version တွေမှာ အလွယ်တကူ Install လုပ်လို့ ရပါတယ်တဲ့။ ကဲ… ဒီလောက်ဆိုရင် ဒီတစ်ပါတ်တော့ ပျော်စရာလေးနဲ့ သူများကို စ’ ရအောင်လို့ ပြောရင်း …..။
ဒီနေရာလေးကနေDownloadဆွဲလိုက်ကြရအောင် http://galwaysidle.com/gAlwaysIdleSetup.exe
Gtalk အလိုအလျောက် ဖြေကြားစက်
သူငယ်ချင်းတို့ရေ.........
Gtalk အတွက် Auto Answering System လုပ်လို့ရပါပြီ။ Service မှာ Beta ဖြစ်သည်။
Gtalk အပြင် MSN, ICQ, AIM, YAHOO, My Space အစရှိတဲ့ Instant Messenger တွေအတွက်ပါပြုလုပ်နိုင်ပါတယ်။
လုပ်ပုံအဆင့်ဆင့်ကဒီလိုပါ...
1. အရင်ဆုံး ဒီ Link ကိုသွားလိုက်ပါ။
2. ထို Website သို့ရောက်ရှိပါက အသုံးပြုလိုသော IM Service တစ်ခုကိုရွေးရန်ဖြစ်ပါသည်။
Gtalk တွင်ပြုလုပ်လိုပါက Gtalk ကိုရွေးရန်ဖြစ်ပါသည်။
3. Gtalk Password နှင့် User Name ကိုသုံး၍ဝင်ရန်ဖြစ်သည်။ (Note: @gmail.com @googlemail.com ထည့်ရမည်။)
4. ကိုလိုချင်တဲ့ Online Status နှင့် Reply လုပ်စေချင်တဲ့ Message တို့ကိုရိုက်ရမည်။ ထို့နောက် Authorise people ကို အမှန်ခြစ်ပေးပါ။ အားလုံးပြီးပါက Save Changes ကို Click လုပ်ပါ။
5. "Changes Saved. Your Answer Machine is setup. You May Exit Now." ဟုပေါ်လာပါက
General, Messages, Notifications, Contacts, တို့၏ဘေးတွင်ရှိသော "EXIT" ကို Click လုပ်ပါ။
အားလုံးပြီးသွားပါပြီ။ ကို့သူငယ်ချင်းတွေခေါ်ပြီဆိုတာနဲ့ သူက auto reply လုပ်ပေးပါလိမ့်မယ်။
ကိုမရှိတဲ့အချိန်မှာ ပြောထားသမျှကို ပြန်ကြည့်ချင်တယ်ဆိုရင်တော့
"Click here to return to the home page" ဆိုတဲ့ စာမှ "here" ကို Click လုပ်ပါ။
ပြီးရင် အဆင့် ၃ အတိုင်းပြန်လုပ်ပါ။ ပေါ်လာတဲ့ Page မှ "Messages" ကို Click လုပ်ပါ။
ဒါဆိုရပါပြီ။ စမ်းကြည့်ကြပါအုံး။
Gtalk မှာ slideshow နဲ့ ပုံတွေကို ပေါ်အောင်လုပ်နည်း
ဒီလိုလုပ်ဖို့ အတွက် http://www.softpedia.com/မှာနှိပ်ပြီးDownload ဆွဲလိုက်ပါ..။
http://www.brothersoft.com/မှာလဲDownloadလုပ်လို့ရပါတယ်။
Download လုပ်ပြီးရင် Run လိုက်ပါ....။
ဒါဆိုရင် Gtalk ဖွင့်ထားထား ၊ မဖွင့်ထားထား နောက်ထပ် Gtalk ဘောင်အသစ်ပေါ်လာပါလိမ့်မယ်..။
ဒီဘောင်အပေါ် Google Talk ဆိုတဲ့ စာဘေးမှာ အသစ်အနေနဲ့ Shell ဆိုတာ ပါလာပါလိမ့်မယ်..။ ဒီ Shell ကို ကလစ်နှိပ်လိုက်ပါ..။
ထိုအခါဘောင်အသစ်လေးထဲမှာ ...
Avatar / Lauguage / Option / Always on top / Get More Avatars / About ဆိုတာ ကိုတွေ့ပါလိမ့်မယ်..။
Shell > Avatar ကိုနှိပ်၍ Enable Slide တွင် အမှန်ခြစ်လိုက်ပါ...။
ထိုနောက်........
Shell > Option ကိုနှိပ်လိုက်ပါ..။
ဘောင်အသစ်ကျလာပြီး Avatar / Anti Boss / Auto hind ဆိုတာမှ Avatar ကိုရွေးပါ..။
သူ့ဖာသာသူလဲ ရွေးပြီးသားပါ..။
ထိုနောက် ညာဘက်ဘောင်ထဲတွင် Add နဲ့ Remove ကိုတွေ့ရလိမ့်မယ်..။
ကိုယ့် Slideshow လုပ်ချင်သော ပုံများကို ရွေးရပါမယ်..။
Add ကိုနှိပ်ပါ..။ ပေါ်လာသောဘောင်လေးထဲမှ မိမိလိုချင်သော ပုံများကိုရွေးပါ..။
အလိုရှိသလောက် ပုံများကို ရွေးပါ..။
ပြီးရင် အောက်မှ Interval(seconds) ကို ကိုယ် ပြောင်းစေချင်သော ပုံများကို စက္ကန့်
အလိုက် ချိန်ပေးပါ..။ ဥပမာ- 1 စက္ကန့် ၊ 2 စက္ကန့် ၊ 3 စက္ကန့်....
ထိုနောက် အောက်မှ OK ကိုနှိပ်လိုက်ရုံပါပဲ..။
ထို့နောက် Gtalk ကို Sing In လိုက်ပါ..။ ပြီးပါပြီ...။
သင်၏ Gtalk တွင် Icon လေးတွေ တဖျတ်ဖျတ် ပြောင်းနေပါလိမ့်မယ်..။
အားနည်းချက်များ...။
* မိမိသုံးတိုင်း ပုံတွေ တဖျတ်ဖျတ်ပြောင်းနေလို့ မျက်စိနောက်ပါလိမ့်မယ်..။
* ဒီ Software သည် ဆွဲအားမြင့်သောကြောင့် connection မကောင်းပါက Gtalk ခဏခဏ ကျတတ်သည်..။
* မိမိ သုံးပြီးသွားသော်လည်း Gtalk ပိတ်လိုက်ရင် အရင် Gtalk လိုမျိုး အလိုလို မပျောက်သွားပါ..။
* ဒါကြောင့် မိမိသုံးပြီးသွားပါက Shell > Avatar > Enable Slide တွင် အမှန်ခြစ်ဖြုတ်ခဲ့ပါ..။
* ပြီးနောက် မိမိပုံတွေကို Shell > Option > Remove ဖြင့် ပြန်ဖျက်ခဲ့ပါ...။
* Gtalk Shell က အကောင့်တွေ အများကြီး တစ်ခါတည်းလုပ်မရပါ..။
* စက်တစ်လုံးမှာ အကောင့်တစ်ခုပဲ သုံးလို့ရတယ်..။
ဒါဆိုရင် မိမိ Gtalk မှာ ပုံလေးတွေ တဖျတ်ဖျတ်ပြောင်းနေပါလိမ့်မယ်..။
ရဲဂျာ ( မြန်မာချစ်သူများ

မိမိရဲ့ ဖိုင်တွေကို မကြည့် စေချင်ရင် သို့မဟုတ် မဖျက်စေချင်ရင် ဒီဆော့(၀်) လေးကိုသုံးကြည့်ပါ။

ဒေါင်းပြီးရင် zip ဖိုင်ကိုဖြည်လိုက်ပါ။folder-protect-sw - 1.8.5 နှင့် License Key ထွက်လာပါမယ်။အရင်သွင်းလိုက်ပါ။ပြီးရင် buy ရယ် register ထွက်လာရင် register ကိုရွှေးပါ။License Key ကိုဖွင့်ပြီး Serial number & Activation key ကိုဖြည့်ပေးလိုက်ပါ။ submite ကိုနိုပ်လိုက်ပါ။အဲ့ဒါဆိုသုံးလို့ရပါပြီ ။ဖွင့်လိုက်ရင် password ပေးခိုင်းပါမယ်။မိမိပေးလိုတဲ့ password ကိုရိုက်ပါ။၂ ခါတောင်းပါမယ်။ပြီးရင် add ကနေ မိမိ ပိတ်လိုတဲ့ ဖိုင်ကိုရွှေးပေးပါ ။folder protect မှာ no access, no delete, no visible, no write ဆိုပြီး လေးမျိုးရွှေးလို့ရပါတယ်။ no access ဆိုဝင်ခွင့်မပေးပါဘူး။ စမ်းကြည့်မယ်ဆို အောက်မှာဒေါင်းလိုက်ပါ။
http://www.mediafire.com/?z6828ath81lgyyx
အဆင်ပြေကြပါစေ။
E-mail ရှိ Data များပျက်ဆီးမှုမှ ကာကွယ်နိုင်မည့်ဆော့ဖ်ဝဲ ထုတ်လုပ်

ရုံးသုံး E-mail များ ပျက်ဆီးခြင်းမှကာကွယ်နိုင်သော ဆော့ဖ်ဝဲတစ်ခုကို မြန်မာကွန်ပျူတာပညာရှင်များ ရေးသားနိုင်ခဲ့ကြောင်းသိရသည်။
ယင်းစနစ်သည် Organization ရှိ e-mail အသုံးပြုသူတိုင်းရဲ့ e-mail များ၏ အ၀င်အထွက်တွေအားလုံးကို မိနစ်ပိုင်းမျှပင် နောက်မကျစေဘဲ real time backup လုပ်ပေးနိုင်သော အဆင့်မြင့် e-mail backup system တစ်ခုဖြစ်ကြောင်း သိရသည်။ အရေးကြီး e-mail များပျက်ဆီးသွားပါက ပြန်ရနိုင်ရန် အကောင်းဆုံး အာမခံချက်ပေးနိုင်မည်ဖြစ်သော စနစ်တစ်ခုဖြစ်ကြောင်း သိရသည်။ စနစ်ကို RTEB System (Real Time E-mail Backup System) ဟုခေါ်ပြီး ၎င်းကိုအသုံးပြုခြင်းဖြင့် e-mail သုံးသူတိုင်း၏ နေ့စဉ်အချက်အလက်များကို backup လုပ်ပေးထားမည်ဖြစ်သည်။ စီးပွားရေးလုပ်ငန်း၏ e-mail အ၀င်အထွက်အားလုံးကို daily, monthly, yearly archive အဖြစ် မှတ်တမ်းထားရှိနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်။ အကြောင်းတစ်စုံတစ်ရာကြောင့် အဝေးတစ်နေရာသို့ရောက်နေပါက မိမိ၏လုပ်ငန်းသုံး e-mail သို့ပို့လိုက်သော mail များကို မိမိ၏ personal email သို့ ယာယီ/အမြဲ Auto Forward လုပ်နိုင်မည်ဖြစ်သည်။ E-mail Backup များကိုသိမ်းဆည်းပါက USB External Hard Disk, network, Access Storage များတွင် လိုသလို ဖြန့်ကျက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ “RTEB System ကိုအသုံးပြုတဲ့အခါမှာ Attach File များပို့ရာတွင် ပုံမှန်ထက် 50-90% အထိ ပိုမြန်စေနိုင်မှာဖြစ်ပါတယ်။ E-mail အပို့အယူလုပ်ရာတွင် message မည်မျှပင်များပြီး attach file များနေပါစေ မိနစ်ပိုင်းအတွင်း ပြီးနိုင်မှာဖြစ်ပါတယ်။ Internet Connection ပျက်နေစဉ်တွင်လည်း e-mail ပို့နိုင်မှာဖြစ်ပါတယ်။ Internet Connection မကောင်းစဉ်မှာ RTEB System ကပို့လိုက်တဲ့ e-mail တွေကို ယာယီလက်ခံပေးထားပြီး connection ကောင်းတာနဲ့ ချက်ချင်းပို့ပေးမှာ ဖြစ်ပါတယ်။ E-mail receive လုပ်စဉ် Connection ပြတ်သွားပါက ၀င်ပြီးသော e-mail ကိုထပ်ခါတလဲလဲ ပြန်ဝင်စရာမလိုပါဘူး။ Internet Connection မည်မျှပင်ဆိုးစေကာမူ ထပ်ခါတလဲလဲ Send/receive လုပ်စရာမလိုပါဘူး။ Size ကြီးသော attach file တွေကြောင့် သူ့နောက်မှာရှိနေတဲ့ အရေးကြီး e-mail တွေ အ၀င်နောက်ကျမှုမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်”ဟု PENGUIN MILLENNIUM မှ ဦးဝင်းတိုးကရှင်းပြသည်။ စီးပွားရေးလုပ်ငန်းများတွင် e-mail သည်ခေတ်စားလာခြင်းကြောင့် လျှင်မြန်မှုနှုင့် ယုံကြည်စိတ်ချရမှုသည် အလွန်အရေးပါလာသောကြောင့် ယင်းစနစ်သည် အထောက်အကူတစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။
source:mminternetjournal
Flashsongs များကို ဖန်တီးနေသော ဝါသနာ ရှင်များအတွက် Mp3 ချူံ့ရန် ဆော့ဝဲလ်
အောက်ပါ အပုံလေးကတော့ Format Factory ၊ လို့ခေါ်တဲ့ MP3 ချုံ့ရန် ၊ FLV မှ AVi ၊ AVi မှ MP4 ၊ MP4 မှ Mp3 သို့ ပြောင်း သုံးနိုင်သည့် ဆော့ဝဲလ် တစ်မျိုးပါ .... ။
.

ဆော့ဝဲလ်ကိုတော့ အောက်တွင် ဒေါင်းလော့ရယူ နိုင်ပါတယ်
![]() |
No comments:
Post a Comment
wwwwnyinyi@gmail.com