လူပေါင်း ၆၀၀ ကျော်မှ လက်မှတ်ရေးထိုးပြီး တောင်းဆိုသော အရေးကိစ္စ တစ်ခုကို ဖြေရှင်းနိုင်ရေး အတွက် ရခိုင်ပြည်နယ် အစိုးရသည် မေလ ၁၁ ရက်နေ့က အဆိုပါ နေရာသို့ သွားရောက် ကွင်း ဆင်း စစ်ဆေးခဲ့သည်။
" သူတို့က ဒီလ ၁၁ ရက်နေ့က ကျွန်တော်တို့ အောင်ဒိုင် ကျေးရွာကို ရောက်ရှိလာပါတယ်။ ရွာသားတွေကို ခေါ်ယူ စစ်ဆေး မေးမြန်းပါ တယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ အ ခက်အခဲတွေကို တင်ပြကြပါတယ်။ သူတို့က သဘောပေါက် သွား ပါတယ်" ဟု အောင်ဒိုင်မှ ကိုငယောင်းချေက ပြောသည်။