Monday, October 10, 2011

ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဟု ဒု အကြိမ်တွေ့ဆုံပွဲ၌ မိုင်းလားတပ်ဖွဲ့သဘောတူ

ယမန်နေ့က ကျိုင်းတုံ၌ ဒုတိယအကြိမ်တွေ့ဆုံခဲ့ကြ သော မြန်မာအစိုးရနှင့်မိုင်းလား တပ်ဖွဲ့ကိုယ်စား လှယ် များကြား သဘောတူညီမှု ၇ ချက်ရှိ သည့် အနက် ပြည်ထောင်စုမှခွဲထွက်မည်မဟုတ်ဆိုသည့် အချက် လည်းပါဝင် ကြောင်း နယ်စပ် သတင်း ရပ်ကွက်က ဆိုပါသည်။
“မြန်မာအစိုးရကိုယ်စားလှယ်တွေ ၀ တပ်ဖွဲ့နဲ့  သဘောတူညီချက် ၈ ချက်ရတယ်။ ကျနော်တို့ မိုင်းလားတပ်ဖွဲ့နဲ့ ၇ ချက် ဘဲ။ ဒါပေမယ့် ကွာခြားချက်မရှိဘူး။ အားလုံးနီးပါးအတူတူဘဲ။ အဲ့ထဲကတချက်ကို ၂ ချက်ခွဲလုပ်လိုက် လို့သာ သူတို့ တချက် ပိုသွားတာပါ” မိုင်းလားအရာရှိများနှင့် နီးစပ်သူတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

sign-ndda
ပထမအကြိမ်တွေ့ဆုံပွဲ၌ မိုင်းလားကိုယ်စားလှယ်များလက်မှတ်ရေးထိုးနေစဉ်(ဓါတ်ပုံ- Myanmar.com)
အောက်တိုဘာ ၉ ရက် ကျိုင်းတုံမြို့ စစ်တိုင်းရုံး၌ ဆွေးနွေးခဲ့ကြပြီး မိုင်းလားတပ်ဖွဲ့တင်ပြသည့် အချက် ၁၄ ချက် အနက် ၇ ချက်ကို သဘောတူညီမှုရရှိခဲ့ကြကြောင်း သိရသည်။

မိုင်းလားဖက်မှ ဒု ဥက္ကဌ (၁) ဦးဆန်းပေ ဦးဆောင်သည့် ၁၀ ယောက်ပါ အဖွဲ့တက်ရောက်ခဲ့ပြီး ဆွေးနွေးချိန် ၃ နာရီ ခန့် ကြာ မြင့်ကြောင်း နှစ်ဦးနှစ်ဘက်နှင့် ဝင်ဆန့်သည့် တာချီလိတ်ရောက် ကုန်သည်တဦးကဤကဲ့သို့ ပြောပြသည်။

ဦးစိန်ကျော်လှိုင် ကြေညာချက်


ကျွန်တော် အဖမ်းမခံရပါ လေယာဉ်နဲ့ ရန်ကုန်မပြန်ပါ
ဧရာဝတီသတင်းဌာန၏ သတင်း မှားယွင်းကြောင်း ဦးစိန်ကျော်လှိုင်ထုတ်ပြန်
RFA (Radio Free Asia) သတင်းထောက် ဦးစိန်ကျော်လှိုင် ရန်ကုန်လေဆိပ်တွင် အဖမ်းခံရပြီး အောင်သပြေ စစ်ကြောရေးစခန်းတွင် အစစ်ဆေးခံနေရသည်ဆိုသည့် ၂၀၁၁ ခု စက်တင်ဘာ ၆ ရက်နေ့စွဲပါ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီသတင်းဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့သည့်သတင်း လုံးဝမှားယွင်းကြောင်း ဖြေရှင်း အသိပေးအပ်ပါသည်။
· RFA သတင်းထောက် ဦးစိန်ကျော်လှိုင်သည် RFA မှာ တာဝန်ထမ်းဆောင်ချိန်မှ ယခု သတင်းထုတ် ပြန်ချိန်ထိ မည်သည့် လေကြောင်းခရီးစဉ်နှင့်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့ သို့ သွားရောက်ခဲ့ခြင်း မရှိခဲ့ပါ။

တရုတ်အတွက်ကျောခင်းပေးနေသောမြန်မာပြည်


တရုတ်နိုင်ငံအတွက်အကြီးမားဆုံးအခွင့်အရေး..မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ဆုံးရှုံးမှု့

လက်ရှိမြန်မာနိုင်ငံ၏စီးပွားရေးတည်ဆောက်နေသော ရင်းနှီးမြှုတ်နှံမှု့များအပေါ်တရုတ် နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ ပါဝင်ကူညီဆောင်ရွက်နေသည်ဟုလုံးဝမြင်စရာအကြောင်း၊ထင်စရာအကြောင်းမရှိပါ။လက်ရှိတိုင်းပြည်ကိုဦးဆောင်
မြန်မာဥာဏ်ကြီးရှင်များကြောင့်တရုတ်မှ အပျော်ကြီးပျော်နေပုံ
နေသော
စစ်အစိုးရ၏ အတင်းအားဓမ္မ ဆောင်ရွက်မှု့များသည် တိုင်းပြည်လူထုအတွက်များစွာ ဆုံးရှုံးရသည်။ ထို့ထက်ပိုပြောလျှင် နားကျည်းစရာကောင်းသောလုပ်ရပ်များကိုလုပ်ဆောင်နေကြသည်။မြန်မာပြည် နယ်တခုဖြစ်သောရခိုင်ဒေသကမ်းလွန်မှထွက်သော ရွှေသဘာဝဓါတ်ငွေ့ဟုတင်စားအမည်ပေးရလောက်
အောင်ဈေးကွက်တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံဟု ဆိုထားသည်။
မြန်မာနိုင်ငံသည်လောင်စာ စွမ်းအင်လိုအပ်နေသော နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သော တရုတ်၊အိန္ဒိယ ကြားတွင် လတ်တလောသဘာဝဓါတ်ငွေ့ ရတနာသိုက်ကြီးကို ရှာဖွေတွေ့ရှိသွားသောနိုင်ငံဖြစ်သည့်အလျှောက် တရုတ်နှင့် အိန္ဒိယသည် သူ့ထက်ငါ အပြိုင်အဆိုင် ဝယ်ယူလိုကြသည်။
အိန္ဒိယနှင့်တရုတ်သည် ဖွံဖြိုးစ တိုင်းပြည်များဖြစ်လာသည့်အလျှောက် စွမ်းအင်ကို အရေးတကြီးလိုအပ်နေသည်။မကြာခဏဆိုသလို ထိုနှစ်နိုင်ငံသည် ကမ္ဘာနိုင်ငံများတွင် လောင်စာစွမ်းအင်ကို အပြိုင်အဆိုင်လိုက်လံရှာဖွေနေရသည့်နိုင်ငံများဖြစ်သည်။ တရုတ်သည်အိန္ဒိယအပေါ်အမြဲ အသာရရှိနေခဲ့သည်။
     ယခုအချိန်တွင်လည်းမြန်မာပြည်မှ ရွှေဂက်စ် ကိုအပြိုင်အဆိုင်ဝယ်ယူဖိုကြိုးစားရာတွင် တရုတ်ကအသာရခဲ့သည်။
ယခုအခါတရုတ်ပြည်အတွက်မြန်မာပြည်သည် လမ်းခင်းပေးသည့်အပြင်လမ်းစရိတ်ပါထုတ်ပေးနေရသည့်ဂက်စ်ဖြစ်သည်။

ထိုသည်မှာ တရုတ်အတွက် မဟာအခွင့်အရေးတရပ်ဖြစ်သွားသည်။မြန်မာနိုင်ငံသည် တရုတ်၏လိုအပ်နေသော ရေနံနှင့်သဘာဝ ဓါတ်ငွေ့များကိုဖြည့်ဆည်းပေးမည့်အပြင်၊ တရုတ်သည်လက်ရှိ
သူ့နိုင်ငံအတွက် ၈၀%ကျော်ကို မလ္လကားရေလက်ကြားကို ဖြတ်ပြီးသယ်ဆောင်နေရသည်။ မလ္လကားရေလက်ကြားသည် ပင်လယ်ရေကြောင်းဖြတ်လမ်းတခုဖြစ်သလို၊ အရေးပါလှသော ပင်လယ်ရေလက်ကြားတခုဖြစ်ခြင်း၊ပင်လယ်ဓပြ များခြိမ်းခြောက်မှု့အန္တာရယ်ရင်ဆိုင်ရခြင်း၊ နိုင်ငံတကာရေလမ်းကြောင်းအငြင်းပွားပြဿနာများကို ကြုံတွေ့နေရသည်။အကယ်၍အကြောင်းမျိုးမျိုးကြောင့် ရေလက်ကြားသွားလာမှု့ပြဿနာပေါ်ပေါက်ခဲ့သော်
အနီစက်မျဉ်းကြောင်းသည်တရုတ်ပြည်ကိုပြည်ပတိုင်းပြည်များမှပတ်၍သယ်ဆောင်ရသောရေလမ်းကြောင်းဖြစ်သည်။

တရုတ်၏ စက်မှု့လုပ်ငန်းများရပ်တန့်သွားပြီး တိုင်းပြည်လုံခြုံရေးကိုပါထိခိုက်လာနိုင်သည်။
      ထို့အတွက် မြန်မာနိုင်ငံမှ လောင်စာဂက်စ်နှင့်ရေနံကိုပါ ရရှိမည့်အပြင် ရခိုင်ပြည်နယ်၏ ဒုတိယအကြီးဆုံးသော ကျောက်ဖြူ ဆိပ်ကမ်းကို တရုတ်သည်ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ပေးပြီးမှ မလ္လကားရေလက်ကြားကို ဖြတ်သယ်စရာမလိုတော့ပဲ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းကို ဖြတ်သယ်နိုင်ရန် အလွန်ပင် တရုတ်အတွက်အရေးပါသော အချက်ဖြစ်လေသည်။ လက်ရှိ ကျောက်ဖြူ ကမ်းလွန်ရွှေဂက်စ်
ကို လည်းပိုင်ဆိုင်ရအုံးမည်ဖြစ်သည်။
ထိုသို့သောအချက်များသည်တရုတ်နိုင်ငံအတွက် နိုင်ငံရေးအရ၊စီးပွားရေးအရပါ များစွာပြောင်းလည်းသွားသော်လည်း ၊အိမ်ရှင်နိုင်ငံဖြစ်သော မြန်မာပြည်မှ ပြည်သူများသည်ယနေ့တိုင် အိမ်ထောင်စုပေါင်းများစွာသည် မီးသွေး၊ထင်း ကိုသုံးနေသလို၊မဖြစ်စလောက် ဂက်စ် မီးဖိုလေးများကို သုံးစွဲနေပြီး၊ ယခုလိုတိုင်းပြည်၏ကြီးမားသောစီမံကိန်းများတွင် မြန်မာအလုပ်သမားများပါဝင်ဆောင်ရွက်ခွင့်၊ နေရာမရခြင်း၊
များ၊ တိုင်းပြည်အောက်ခြေပိုင်းအလုပ်လက်မဲ့များ၊ တိုင်းပြည်လူထုအခြေခံလူတန်းစားများအပေါ် အစိုးရ၏လျှစ်လျုရှုထားခြင်းကို ရင်နာစွာမြင်တွေ့နေရသည်။

စိတ်မပြောင်းခင် အခွင့်အရေးမဆုံးရှုံးစေရန် ခတ်မြန်ုမြန်လုပ်-တရုတ်

၂ဝဝ၉ခုနှစ် အောက်တိုဘာလမှ စတင် အကောင်အထည်ဖော်ခဲ့သည့် ရွှေဂတ်စ် စီမံကိန်းအတွင်း အာရှတွင် အကြီးဆုံး ဖြစ်လာမည့် အထူးစီးပွားရေးဇုံလည်း ပါဝင်ပြီး ဒေါ်လာဘီလီယံ ၂၀ ကုန်ကျမည့် ကျောက်ဖြူ- မူဆယ် လျှပ်စစ် ရထားလမ်း ဖောက်လုပ်မည့် အစီအစဉ်လည်း ပါဝင်သည်။ထိုစီစဉ်မှု့ သည်လည်းမြန်မာနိုင်ငံ လမ်းပန်းဆက်သွယ်ရေးနှင့် မြန်မာပြည်သူပြည်သားလွယ်ကူစွာသွားလာနိုင်ရန် ဦးတည်ဆောင်ရွက်ခြင်းမဟုတ်သည်ကို စာဖတ်သူများလွယ်ကူစွာနိုင်လည်နိုင်မည်ဖြစ်ပါတယ်။မြန်မာပြည်နှင့်အကျိုးတူစီးပွားထက် တရုတ်လိုအပ်ချက်များမှ ကြွင်းကျန်ရစ်သော အရာများကိုသာ မြန်မာပြည်သူများခံစားရမည်ဖြစ်ပါတယ်။

ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ရေနံ၊ သဘာဝဓာတ်ငွေ့ ပူးတွဲပိုက်လိုင်း သွယ်တန်းမှုများကို ၂ဝ၁၃ ခုနှစ် တွင် အပြီးသတ် ဆောက်လုပ်မည်ဖြစ်ကာ ကုန်စည်များ ပို့ဆောင် သယ်ယူရေး အတွက် လျှပ်စစ်ရထားလမ်းဖောက်လုပ်မှု ကိုမူ ၂ဝ၁၅ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်သွားမှာဖြစ်သည်။ 
                                              ပြည်သူ့အော်သံ 

သမ္မတ ဦးသိန်းစိန် အိန္ဒိယကို သွားမည်

2011-10-09(RFA သတင်း)မှ
သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် အောက်တိုဘာလ ၁၂ ရက် ကနေ ၁၅ ရက်နေ့အထိ အိန္ဒိယ နိုင်ငံကို သုံးရက်ကြာ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် သွားရောက်မယ်လို့ သိရပါတယ်။

(Photo: AFP / MRTV)
နေပြည်တော်တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန် (အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV)

ထလော့မြန်မာ၊မြန်မာထလော့

မြစ်ဆုံစီမံကိန်း အပြီးရပ်တန့်ရေး လက်မှတ် ၁ သန်း တရုတ်အစိုးရထံပို့ဖို့ စီစဉ်

2011-10-09(သတင်း RFA )
မြန်မာပြည်သူလူထု တရပ်လုံးဆီကနေ သဘောထားလက်မှတ် ၁ သန်း ကောက်ခံပြီး တရုတ်အစိုးရနဲ့ ပြည်သူတွေဆီကို ပေးပို့သွားမယ်လို့ မန္တလေးအခြေစိုက် “စိမ်းရောင်စို” လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။
မန္တလေး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ “မပြီးဆုံးသေးသော မြစ်ဆုံ” အမည်နဲ့ ဧရာဝတီနဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာများ ဟောပြောပွဲတရပ်ကို ဒီကနေ့ နေ့လည်၁နာရီက ကျင်းပခဲ့ရာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောသူ ဦးဝင်းမျိုးသူရဲ့ ဆွေးနွေးတင်ပြချက်ကို ကိုးကားပြီး ဦးငြိမ်းချမ်းက အခုလိုပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

သီလဝါစက်မှု့ဇုံ ကို မကြာခင်စတင်တော့မယ်။

သီလဝါစက်မှု့ဇုန် နှင့်ပတ်သက်သော ဥပဒေထုတ်ပြန်ပြီး ရင်းနှီးမြှပ်နှံမှု့ နှင့်တည်ဆောင်ရေးလုပ်ငန်း လုပ်ကိုင်မည့်သူများကို မကြာခင်ဖိတ်ခေါ်မယ်လို့ သိလိုက်ရပါတယ်။အဲဒီ အထဲတွင် ပြည်ပနိုင်ငံများမှ
ဂျပန်၊ပြင်သစ်အဖွဲ့တွေက လာရောက်ဆွေးနွေးတယ်လို့ဆိုပါတယ်။ဒေသတွင်းနိုင်ငံတွေလည်းလာရောက်
ဆွေးနွေးသလို တရုတ်ကလည်းပါဝင်နေပါတယ်။ ဧရာဝတ်ီနဲ့ပတ်သက်တဲ့ ကိစ္စကြောင့်တရုတ်ကချင့်ချိန်နေသလို မြန်မာလူတော်တော်များများကလည်း တရုတ်ကို လက်မခံလိုကြပါဘူး။တရုတ်ထက်စာလျှင် ဂျပန်နှင့် ဥရောပလိုနိုင်ငံများကိုလာရောက်လုပ်ကိုင်စေလိုကြောင်းသိရပါတယ်။(အွန်လိုင်းကွန်မင်းများအရ)
သတင်းအပြည့်အစုံက (အဲလဲဗင်းမီဒီယာမှ အခုလိုဖေါ်ပြထားပါတယ်)
သီလ၀ါ စက်မှုဇုန်နှင့် ပတ်သက်သော ဥပဒေ ထုတ်ပြန်ပြီးဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် တည်ဆောက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် ဖိတ်ခေါ်တော့မည်။

726 သီလ၀ါစက်မှုဇုန်နှင့် ပတ်သက်သော ဥပဒေတစ်ရပ်အား မကြာခင် က ထုတ်ပြန်လိုက်ပြီး ယင်းစက်မှုဇုန်တွင် ရင်းနှီးမြှုပ်နှံမည့်သူများနှင့် တည်ဆောက်ရေး လုပ်ငန်းလုပ်ကိုင်မည့် Developer များအား မကြာမီဖိတ် ခေါ်သွားတော့မည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလုပ်မှုလုပ်ငန်းရှင်များ အသင်းချုပ်(RUMFCCI) မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။