Sunday, April 15, 2012

မဟာသင်္ကြန်ကိုပြည်သူများနှင့်ဆင်နွဲပျော်ရွှင်နေသည့်အမေစု

၂၀၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့ သင်္ကြန်အကြတ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ BG သွေးကူညီရေးအဖွဲ့ သင်္ကြန်ဖျော်ဖြေရေးယာဉ်ဖြင့် လာရောက်ဖျော်ဖြေ။ ဒေါ်အောင်ဆန်းစုကြည်မှ သင်္ကြန်ရေပက်ကစားသော ပြည်သူများအား စတုဒီသာ အလှူဖြင့် ပြန်လည် ဧည့်ခံ။

ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


AFP
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို အခုလို မေတ္တာရပ်ခံ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖါးကန့်မြို့နဲ့ မကွေးတိုင်း ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံ လိုက်တာ ဖြစ်တယ်လို့ NLDပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ် တည်ထောင်မယ့် အချိန်အခါမျိုးမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ ယုံကြည်မှုနဲ့ ပတ်သက်တဲ့ဟာတွေ အငြင်းပွားနေမယ့်အစားကို တစ်ဦးပေါ် တစ်ဦး နားလည်မှု ရှိကြပါလို့ သူက အဲဒီလို ပြောပါတယ်။