မြန်မာနိုင်ငံတွင်ပြည့်ဝသောဒီမိုကရေစီ စနစ်ပေါ်ထွန်းလာရေးသည်
့မြန်မာနိုင်ငံသားတိုင်းအရေးဖြစ်သည်။
ဧရာဝတီကိုအကြောင်းပြုလျှက် တရုပ်လူမျိုးများ ပြည်သူလူထုအပေါ်ဆက်ဆံမှု့များတင်းမာ၊
တရုပ်လူမျိုးများအကျင့်စရိုက်သည်နိုင်ငံကြီးသားမပီသသောသူများဖြစ်သည်။ စီမံကိန်းနှင့်မသက်ဆိုင်သော
နေရာဒေသများသွားရောက်လည်ပတ်ကာ တိုင်းပြည်လူထု ဆင်းရဲမှု့များအပေါ် မောက်မာသောဆက်ဆံ
ပြောဆိုမှု့များနှင့်ပြောဆိုဆက်ဆံကြောင်းသိရှိနေရ။တရုပ်လူမျိုးများသည် နိုင်ငံခြားသားများဖြစ်သဖြင့်၊
အခြားနိုင်ငံခြားသားများနည်းတူ မြန်မာပြည်မှ ဝယ်ယူသောပစ္စည်းများအပေါ် နိုင်ငံခြားငွေဖြင့်သာသုံးစွဲသင့်၊
တရုပ်နိုင်ငံသည် လက်ရှိစည်းပွားရေးတိုးတက်နေသည်မှာ မှန်သော်လည်း၊ တရုပ်ပြည်တွင် ဒေသပေါင်း
စုံ ဖွံ့ဖြိုးမှု့နှင့် လူတန်းစားညီမျှသော စီးပွားရေးမဟုတ်ပေ။ တရုပ်တိုင်းပြည်၏နည်းပညာ အဆင့်မှာလူ့အသက်၊
ကျမ်းမာရေး အပေါ်တွင်စိတ်ချယုံကြည်ရသော အဆင့်တွင်မရှိသေးပါ။ စားသောက်ကုန်ထုတ်လုပ်မှု့များတွင်
ရော၊ စက်မှု့နည်းပညာထုတ်လုပ်မှု့များတွင်၊ ခဏခဏ လူများစွာအသက်ဆုံးရှုံနေရသည်များကို မြန်မာနိုင်ငံ
တွင်နေထိုင်သော ပြည်သူများမှာ ပြည်ပသတင်းတီဗီ များမှမမြင်တွေ့နေရသောကြောင့်၊ အစိုးရ၏ သတင်း
ထုတ်ပြန်မှု့များ မဆောင်ရွက်ပေးမှု့ကြောင့် လွယ်ကူစွာမသိရှိသောကြောင့်သာဖြစ်သည်။
အခြားတိုင်းပြည်များတွင် နေထိုင်နေသော တီဗီသတင်းများတွင် တရုပ်ပြည်မှပို့လိုက်သောအစားအသောက်များ၊ စက်ပစ္စည်းများကြောင့်လူများစွာ အသက်ဆုံးရှုံးသောသတင်း
များမှာ အမြဲလို ကြားသိနေရသည်။တရုပ်ပြည်တွင်းတွင်လည်း ထို့အတူပင်ဖြစ်သည်။
တရုပ်ပြည်မှ ထုတ်လုပ်သော ခလေးနို့မှုံ့ များမှ ခလေးသူငယ်များသောက်သုံးမိမိကာ သေဆုံးခဲ့ရသော
သတင်းသည်လည်း ဟိုးလေးတကျော်ဖြစ်ခဲ့သည်။
ဂျပန်နိုင်ငံကို ယှဉ်ပြိုင်လိုသောကြောင့် မကြာသေးခင်က ဂျပန်နိုင်ငံမှ ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ရထားထက်
ပိုမြန်အောင်တရုပ်က ထုတ်လုပ်လိုက်သည်။ထို့နောက် ကမ္ဘာ့သတင်းများတွင်ထုတ်ပြန်ကြေငြာပြီးမကြာ
ခင်မှာ ရထားလမ်းထိမ်းသိမ်းညွန်ကြားမှု့ ညံ့ဖျင်းမှု့ကြောင့် တိုက်မိကာ လူအများသေဆုံးခဲ့ရသေးသည်။
အခြားများစွာသော အဖြစ်အပျက်များသည်တရုပ်နိုင်ငံတွင်ပြောမကုန်အောင်နေ့စဉ်ရှိသည်။
ထိုသို့သောနည်းပညာဖြင့် မြန်မာပြည် တွင်ကြီးမားသောဆည်များကို တရုပ်ပညာရှင်များလာတည်ဆောက်
သည်မှာ များစွာအန္တာရယ်ကြီးလှပေသည်။
မကြာခင်တရုပ်လူမျိုးများဥာဏ်ပညာကြီးမားပုံကို ဗီဒီယိုနှင့် တင်ပြပေးပါမည်။