![]()
စီမံကိန်းစတင်မည့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသအား တွေ့ရစဉ်
နားလည်မှု စာချွန်လွှာအရ လေစွမ်းအင် လျှပ်စစ်ဓာတ်အား ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုရလဒ်ပေါ် အခြေခံ ၍ ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်နိုင်ရန်ပင် မျှော်မှန်းထားကြောင်း သိရှိရပါသည်။ အဆိုပါစီမံကိန်းမှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကောင်အထည်ဖော်မည့် စီမံကိန်းဖြစ်ပြီး MoU ထိုးပြီး ၂၄ လအတွင်း မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန် ပြည်နယ်တို့တွင် စီမံကိန်းဖြစ်မြောက်နိုင်စွမ်းနှင့် ပတ်သက်သည့် လေ့လာမှုလုပ်ငန်းများ စတင်ဆောင်ရွက်သွား မည်ဟု သိရှိရပါသည်။ ၂၀၀ မဂ္ဂါဝပ်စီ ထုတ်လုပ်နိုင်မည့် လုပ်ငန်းအဆင့်ငါးခုခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းပထမ အဆင့် ပြီးဆုံးချိန် ၂၀၁၅ တွင်၂၀၀ မဂ္ဂါဝပ်အား စီးပွားဖြစ်ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ Public Listed ကုမ္ပဏီဖြစ်သော Gunkul Engineering Public Co., Ltd မှ စီအီးအိုကိုဇေယျသူရမွန်က “စီးပွားရေးအရ မြန်မြန်ဆန်ဆန် ထုတ်လုပ်သုံးစွဲနိုင်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုဖြစ်ခြင်း၊ ဆိုးကျိုးသက်ရောက်မှု နည်းပါးတဲ့ ပတ်ဝန်းကျင်ကို မထိခိုက်နိုင်တဲ့ သဘာဝအရင်းအမြစ်ကို အသုံးပြုထား ခြင်း၊ စီမံကိန်း တည်ဆောက်ချိန်၊ လုပ်ငန်းလည်ပတ်ချိန်များမှာ ဒေသခံ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပြီး မဟာဓာတ်အားလိုင်းနဲ့ ဝေးလံတဲ့ ဒေသတွေမှာ လျှပ်စစ်ဓာတ်အား ရရှိနိုင်ခြင်း၊ ရင်း နှီးမြှုပ်နှံဖို့အတွက် အခွင့်အလမ်းရှိခြင်းနဲ့ နည်းပညာလွှဲပြောင်း ရရှိ နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်မှာဖြစ်တဲ့အတွက် ဒီစီမံကိန်းကို စတင်ခဲ့တာပါ”ဟုပြောကြားခဲ့သည်။ ထို့ပြင် စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ EIA ၊ SIA ဆန်းစစ်ခြင်း လုပ်ငန်းများကိုပါ တစ်ပါတည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရှိရသည်။ ယင်းစီမံကိန်းမှ လျှပ်စစ်ဓာတ် အား ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်ပါ က မြန်မာနိုင်ငံတောင်ပိုင်း ဒေသ၏ လူမှုစီးပွားရေးကဏ္ဍကို အထောက်အကူပြုနိုင်မည် ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်သည့် ကာဗွန်ဓာတ်ငွေ့ လျှော့ချရေး အတွက်လည်း အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ “အခုလို လေအားလျှပ်စစ် စွမ်းအင်ဟာ မိရိုးဖလာစွမ်းအင် အစားထိုးနည်းသစ်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အသက်သာဆုံးဖြစ်တယ်”ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အငြိမ်းစားဗိုလ်မှူးက ပြောပြခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်းဆိုင်ရာ ဂယက်များနှင့် ပတ်သက်၍ ယခုစီမံကိန်းစတင် အကောင်အထည် ဖော်သွားမည့် ထိုင်းနိုင်ငံကုမ္ပဏီ အဖွဲ့ဝင်ဖြစ်သည့် Gunkul Engineering Public Co., Ltd ၏စီအီးအိုက “ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ၂၀၀၉ ခုနှစ်မှာထိုင်း နိုင်ငံရဲ့ Public Listed ကုမ္ပဏီ အဖြစ် တိုးတက်ဖွဲ့စည်းခဲ့ပြီး နေစွမ်းအင်နဲ့ လေအားလျှပ်စစ် စီမံကိန်းတွေ ကို အောင်မြင်အောင် အကောင်အထည်ဖော် နိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ လေစွမ်းအင် အလားအလာ ကောင်းမွန်တဲ့ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင် ပြည်နယ်တွေမှာ စတင် အကောင်အထည်ဖော် နိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ |
Sunday, November 13, 2011
သဘာဝရင်းမြစ် ထိခိုက်မှု သက်သာစေသည့် ပထမဆုံး လေအားလျှပ်စစ် ထုတ်လုပ်ရန် ထိုင်းမှလာရောက် ရင်းနှီးမြှုပ်နှံ၊ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုရလဒ်ပေါ် အခြေခံ၍ ၂၀၁၈ ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်း
ဒေါ်အောင်ဆန်းစုကြည်ကိုဝိုင်းရံပေးပါ
|
ကမ္ဘာကြီးကို နိုင်ငံရေး အမြင်နဲ့ ဖြန့်ကျက် ကြည့် မယ် ဆိုရင် တချို့ ကိစ္စရပ် တွေမှာ လုံးလုံး မတူနိုင်သည့်တိုင်… အခြေ နေတွေ…ဖြစ်စဉ်တွေဟာ အနည်းနဲ့အများ တူညီနေတာတွေ ကိုတွေ့ရ တတ် ပါတယ်… ဒါကလည်း သိပ်မဆန်း ပေဘူး ပေါ့…. လူသားတွေ နေထိုင် နေကြ တဲ့… ဒီလောကကြီးမှာ….အသွင်ပြင် သဏ္ဍန်သာ ကွဲပြား ခြားနား နိုင်ပေမဲ့ အတွင်းအနှစ်သာရ ပိုင်းဖြစ် တဲ့ လောဘ၊ ဒေါသ ၊ မောဟ ထူပြောမှု့မှာ… .အနည်းနဲ့ အများဆို တော့ လူဟာ လူ ပါပဲလေ။
တောင်အာဖရိက နိုင်ငံက အသားရောင်ခွဲခြားမှု့ ဆန့်ကျင်ရေး လှုပ်ရှားမှု့ခေါင်းဆောင်လည်းဖြစ်
သို့သော် မသိသေးတဲ့ သူတွေအတွက် နိုင်ငံရေး အတွေ့အကြုံကို လက်ဆင့်ကမ်း ယူကြတာပေါ့…….စာရေးဆရာ အောင်သင်း ခနခဏ ပြောတဲ့ စကား ကိုပဲ ထပ်မံကိုးကား ပြောပရစေ..လူမိုက်ဆိုတာ ကိုယ်တိုင်မှားမှ နောင်တရတယ်တယ်တဲ့ လူလိမ္မာ ဆိုတာ သူများအမှားကို သင်ခန်းစာ ယူတယ်တဲ့….အလွန် မိုက်မဲသော သူများ က ကိုယ်တိုင် မှားတာ တောင် သံဝေဂ မယူကြဘူးတဲ့။ အဲဒီတော့ စောစောက ဟာခရီးဆက် ကြည့်ရ အောင် ဒီအကြောင်း မပြောခင် တောင်အာဖရိက လှုပ်ရှားမှု့ အကြောင်း လေး အကြမ်း သဘောတင်ပြ ချင် သေးတယ်
တောင်အာဖရိက နိုင်ငံမှာ လူဖြူ နဲ့လူမဲ ဆိုတာရှိပါတယ်…..ဒါပေမဲ့ လူနည်းစုက လူဖြူတွေဖြစ်ပြီး လူအများစုက လူမဲတွေပါ၊ လူနည်းစု ဖြစ်တဲ့ လူဖြူတွေ ဟာ နိုင်ငံတော် အာဏာကို နှစ်ပေါင်းများစွာ ချုပ်ကိုင် ထားပြီး လူမဲေ တွကို ဖိနှိပ်မှု့ တွေ ခွဲခြားဆက်ဆံမှု့တွေနဲ့ နှိပ်ကွပ်လာရာက အစ မခံနိုင်တော့တဲ့အဆုံး လူမဲတွေဟာ အသားရောင်ခွဲခြားမှု့ဆန့်ကျင်ရေး လှုပ်ရှားမှု့ တွေ
ကို လုပ်ဆောင်ခဲ့ ပါတယ်။ အဲဒီလှုပ်ရှား မှု့ကို အဓိက ဦးဆောင်ခဲ့တာ ကတော့ အေအင်စီ ပါတီ ဆိုတာပဲ ဖြစ် ပါတယ် ၊ နယ်လ်ဆင်မင်ဒရဲလား ဟာ အဲဒီ့ပါတီ ရဲ့ ခေါင်းဆောင် တဦးပါ။ လူဖြူ အစိုးရဟာ သူ့ကိုဖမ်းပြီး ထောင်သွင်းအကျဉ်းချထားလိုက်တာ ( ၂၇ ) နှစ်တောင်ကြာခဲ့ပါတယ်……ဒီလိုနဲ့ နေလာရင်းက အကျဉ်းစခမ်းထဲမှာ မင်ဒရဲလားဟာ စဉ်းစားလာတယ် တောင်အာဖရိကနိုင်ငံရဲ့ အသား ရောင် ခွဲခြား မှု့ ဆန့်ကျင်ရေး အပေါ်သုံးသပ် မိလာတယ်…… လူမဲတွေ အများစုဟာ သေကျေ ပျက်စီးခဲ့ ရပြီ ထောင်တွင်း မှာလည်း နှစ်ရှည်လများ အကျဉ်းချခံ နေရသူတွေ ဘ၀ပျက်သွား သူပျက် နေ သူ တွေဆိုတာ လည်းဒုနဲ့ဒေး၊ အခုထိလူမဲ လွတ်မြောက်ရေးလမ်းစ ဆိုတာ သဲသဲကွဲကွဲ မမြင်နိုင် သေးဘူး…… ကမ်းမမြင် လမ်းမမြင်ကူးခပ်နေဆဲ…. တဘက် လူဖြူအစိုးရကိုလည်းကြည့် အချိန်နဲ့ အမျှ လူမဲတွေရဲ့အနုနည်း အကြမ်းနည်းတွေနဲ့ ဆန့်ကျင်ခံရ မှု့ နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ ၀ိုင်းဝန်း ကဲ့ရဲ့ရှုတ်ချ ခံရမှု့ တိုင်းပြည်ရဲ့အထွေထွေ စီးပွားကျဆင်းမှု့ဒါတွေ အားလုံးဟာ နှစ်ဘက်စလုံး အတွက်အနှုတ် လက္ခဏာ ဆောင်သော ဖြစ်စဉ်တွေလို့ရှုမြင်မိလာတယ်……… .ရယ်ဒီကယ်လစ်ဇင် (တော်လှန်အမြစ်ဖြုတ်ဝါဒ) အပေါ်သံသယရှိလာတယ်..။ တိုက်ပွဲနဲ့အောင်ပွဲမှာတခုပဲရှိ
ဒီလိုနဲ့မင်ဒရဲလားဟာ.. အကျဉ်းထောင်အတွင်းက နေလူဖြူအစိုးရနဲ့ ဆက်ဆံရေးလမ်းကြောင်း ကိုစတင် ဖွင့်လှစ်ခဲ့တယ်…..။ ဘာပဲဖြစ်ဖြစ်အခက်အခဲ ဆိုတာ ရင်ဆိုင်ရမယ် ဆိုတာ သူက ကြိုတင် ခန့်မှန်းပြီး သားပါ…ဒေါသ တွေထွက်ခဲ့ရ တယ်…အံကြိတ်ခဲ့ရ တယ်… သီးခံခဲ့ရတယ်… ဇွဲရှိခဲ့ရ တယ်….. သူရဲ့ကြိုးစားမှု့တွေ ဟာ အတိုင်းတာ တခုမှာအရာထင်လာခဲ့တယ်… လူဖြူအစိုးရက သူ့နဲ့ လာရောက် ဆွေးနွေးမှု့တွေ စတင်လာခဲ့တယ်…… တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်း ကပွင့်လာပြီ… အဲဒီမှာပြသနာက….သူ့ရဲဘော်တွေကသူ
ဝင်နီမင်ဒရဲလားဟာ တောင်အာဖရိက လူမဲလူထုအပေါ်မှာ နိုင်ငံရေးသြဇာရှိ သူတယောက်ပါ… အထူးသ ဖြင့် လူမဲလူငယ်ထုရဲ့မိခင်ဖြစ်ခဲ့တယ်…
တကယ်တော့ ၀င်နီမင်ဒရဲလား ဟာ မင်ဒရဲလား ထောင်သွင်းအကျဉ်းကျခံနေရ ဆဲ ကာလ များမှာ အေအင်စီ ပါတီကို ဦးဆောင်ခဲ့သူ အသားရောင်ခွဲခြားမှု့ဆန့်ကျင်ရေး
သူတို့နှစ်ဦးလမ်းခွဲအပြီး သတင်းဌာန တွေကို ပြောကြ ဆိုကြတဲ့စကား တွေ တချို့က လည်း စိတ်ဝင်စားစရာပါ ။ ၀င်နီက ပြောတယ်………… “ကျမ…သူ့အပေါ်ကိုဘယ်လောက် အနစ်နာ ခံ ပေးဆပ်ခဲ့ သလည်း ဆိုတာ…. အားလုံး သိ ပါတယ်… လင်သား တယောက်အနေနဲ့ရော… ခေါင်းဆောင်တယောက် အနေ နဲ့ပါ…ရိုသေ လေးစားခဲ့ပါတယ်…ဒါပေမဲ့… လူဖြူအစိုးရ နဲ့ လက်ကမ်း ပြီး…စေ့စပ် ဆွေးနွေး အပေး အယူလုပ် ကထဲက သူ့ အပေါ်ကို ကျမ တော်တော် ငြိုငြင် မိတယ်….အဆိုးဆုံး ကတော့…ငြိမ်းချမ်းရေးနိုဘယ်ဆုကု
မင်ဒရဲလားကတော့ သိပ်ရှည်ရှည် ဝေးဝေး မပြောခဲ့ဘူး……ဒီအထဲက လိုရင်းလေး တချက်က သိပ်ကောင်းတယ်…..မျိုးချစ်မျက်
“ကျနော်အစပထမ မင်ဒရဲလားရဲ့လုပ်ဆောင်ချက် များ အပေါ်သံသယရှိခဲ့တယ်… သတိကြီး စွာနဲ့ စောင့်ကြည့်နေခဲ့တယ်…. တကယ်က သူ့ရဲ့လုပ်ရပ်ကမှန်ကန်တယ်ဗျ…… ဒီနေ့တောင် အာဖရိကမှာ အစစအရာရာ နိမ့်ကျ နေတဲ့….လူမဲထုရဲ့ ဘ၀ကို လက်တွေ့ ကျကျ မြှင့်တင် လိုတယ်…. အဲဒီလို မြှင့်တင်ဘို့ဆိုတာ… တော်လှန်ရေးနဲ့ တဘက်ကို တဘက် အမြစ်ပြတ် ချေမှုန်း သွားလို့ မဖြစ်နိုင် ဘူး… လူမဲ ပြည်သူတွေအနေနဲ့ ကလည်း ဒါတွေကို စိတ်ကုန် နေပါပြီဗျာ….. ကျနော် ကတော့… ၀င်နီမင်ဒရဲလား ရဲ့ Necklace တွေကိုကြည့်ပြီး…တော်တော် အော့နှလုံးနာမိတယ်….. ဒီနေ့လူထု လိုလား တာ… တန်းတူ အခွင့်ရေးတွေရ ဘို့နဲ့. နိမ့်ကျနေတဲ့ဘ၀တွေကို မြှင့်တင်ပေးဘို့ပဲ…ဒါတွေသာ ပြည့်စုံအောင်လုပ်ပေးနိုင်မယ်ဆု
အနှစ်ချုပ်အားဖြင့်တင်ပြလိုတာ ကတော့….. ယနေ့မြန်မာနိုင်ငံမှာလည်း…. ဒေါ်အောင်ဆန်းစုကြည် ဟာ. . လက်ရှိ
အစိုးရသစ် နဲ့ပူးပေါင်းဆွေးနွေး လုပ်ဆောင်ခြင်း အပေါ်….ဝေဖန် တိုက်ခိုက် နေသူများ လည်းရှိနေပါတယ်….ဒါကလည်းသူတို့
ပြည်သူလူထုတရပ်လုံးရဲ့တာဝန်က
ဒေါ်အောင်ဆန်းစုကြည် ကို ၀န်းရံပေးဘို့ပါပဲ………….
လူသားတိုင်းရပိုင်ခွင့် လူအခွင့်အရေးများ
လက်ရှိအစိုးရပိုင်သတင်းတွေကနေအသိပေး၊မယ်မထင်ပါဘူး။ကမ္ဘာမှာ လူတိုင်းခံစားနိုင်ခွင့်ရှိတဲ့အခွင့်အရေး
တွေပါ။မိမိသိရှိသောအကျိုးရှိစေမည့်အကြောင်းအရာများကို မသိသေးသောသူကိုဆက်လက်ဝေငှလိုက်ပါ။
မြန်မာပြည်ကိုမိမိတတ်နိုင်တာလေးတွေနဲ့ ကူညီစောင့်ရှောက်လိုက်ပါ။ထိုစောင့်ရှောက်လိုက်ခြင်းကြောင့်
အနာဂတ်ကို လက်ဆင့်ကမ်းယူမည့် ခလေးလူငယ်များဘဝတွင် လူအခွင့်အရေး လူတိုင်းဟာတန်းတူညီမျှတဲ့
ခံစားပိုင်ခွင့်တွေရလာမှာပါ။မြန်မာခလေးငယ်များအနာဂတ်ကိုလှပအောင် ယနေ့လူငယ်များနှင့်အတူလူကြီးများက ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပါ။မတရားမှု့အကြောက်တရားများ
ကင်းဝေးနိုင်ကြပါစေ။
ရန်ကုန်မြို့လယ်၌ ရုပ်ရှင်ဒါရိုက်တာတစ်ဦး အက်ရှင်ဇာတ်လမ်းဆန်ဆန် အသတ်ခံရ
![]() |
ရန်ကုန် ည မြင်ကွင်း |
ယင်းသို့ဖြစ်ခြင်းသည် ယခုလ ၂ ရက်နေ့တွင် သိမ်ကြီးဈေးရှိ စားသောက်ဆိုင်တစ်ခုတွင် အချင်းများရာမှ နောက်ဆက်တွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုဝင် ဦးဇင်ဝေလတ်က ပြောကြားသည်။
ရန်ကုန်မြို့ သိမ်ကြီးဈေးရှိ 369 စားသောက်ဆိုင်တွင် သေဆုံးသူဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းသည် သူငယ်ချင်းတစ်စုနှင့် အတူ ညစာစားသောက်နေစဉ် ည ၁၀ နာရီဝန်းကျင်၌ အနီးဝိုင်းရှိ အိန္ဒိယနွယ်ဖွား အမျိုးသားနှစ်ဦးနှင့် ဦးသန့်ဇင်လတ်တို့ဝိုင်းမှ သူငယ်ချင်းတို့ စကားများရန်ဖြစ်ခဲ့ကြောင်း၊ ၎င်း၏ သူငယ်ချင်းဖြစ်သူ ဦးသန်းထိုက်ကို ထိုးကြိတ်ကန်ကြောက်ခဲ့ပြီး အိန္ဒိယနွယ်ဖွား အမျိုးသားနှစ်ဦးမှာ ထွက်ပြေးခဲ့ကြောင်း၊ ဦးသန်းထိုက်မှာ ယင်းဆိုင်၌ပင် ဒဏ်ရာများနှင့် ကျန်ရှိခဲ့ပြီး ဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းသည် ၎င်းတို့နောက်သို့ လိုက်ရန်အတွက် သူငယ်ချင်းဦးနိုင်မိုးစီးလာသော အငှားယာဉ်ဖြင့် နောက်မှ လိုက်ပါခဲ့ရာ ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းထောင့်၌ ထွက်ပြေးသူနှစ်ဦး စီးသွားသော Super Custom ၈ဈ/၄၄၃၅ ကို မီလာသဖြင့် ဦးသန့်ဇင်လတ် (ခ) ဦးဇင်မင်းက အငှားယာဉ်ပေါ်မှ ဆင်းကာ ယာဉ်မောင်းဘက်ခြမ်းသို့ သွားရောက်ပြောဆိုမေးမြန်းစဉ် ၎င်းကို ယာဉ်မောင်းနှင်သူက လည်ပင်းမှချုပ်သိုင်းကာ ကားဖြင့် ဗိုလ်ချုပ်လမ်းနှင့် ၄၅ လမ်းထောင့်မှ ဗိုလ်ချုပ်လမ်းအတိုင်း ၄၅ လမ်း၊ ၄၆ လမ်းကို ကျော်လွန်ကာ ၄၈ လမ်းထိပ်အထိ တရွက်တိုက်ဆွဲခေါ်သွားရာ လမ်းမ၌ ရပ်နားထားသော ယာဉ်နှစ်စီးနှင့် တိုက်မိကာ ဖြုတ်ချခဲ့ပြီးထွက်ပြေးသွားကြောင်း အသတ်ခံရသူ ဦးသန့်ဇင်လတ်၏ ညီဖြစ်သူ ဦးဇင်ဝေလတ်က ပုဇွန်တောင်ရဲတပ်ဖွဲ့စခန်း၌ အမှုဖွင့်တိုင်ကြားစာပါ အချက်အလက်များကို ပြောကြားသည်။
'သူဆုံးတာ ၁၀ နာရီ ၄၅ မိနစ်၊ ဆေးရုံရောက်မှသိတာ။ ရင်ခွဲစစ်ဆေးချက်အရတော့ နံရိုးတွေကျိုးပြီး ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကလီစာတွေကိုစိုက်ပြီး ဆုံးတယ်လို့ပြောတယ်။ နံရိုးအကောင်းတစ်ချောင်းပဲကျန်တယ်' ဟု ၎င်းကဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုဇွန်တောင်ရဲတပ်ဖွဲ့ စခန်းက (ပ)၂၃၃/ ၂၀၁၁၊ ပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း၊ ယခုလ ၃ ရက်နေ့တွင် အမှုဖွင့်ထားပြီး အငှားယာဉ်ပေါ်လိုက်ပါလာသော သေဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ဦးနိုင်မိုး၏ ပြောဆိုချက်ကို ကိုးကားပြီး ဦးဇင်ဝေလတ်က ပြောကြားသည်။
"သူတို့ဘက်က ငွေအား၊ လူအားနဲ့ လာမယ်လို့သိရတယ်။ နောက်လူစားထိုးမယ်လို့လည်း ကြားတယ်။ ကျွန်တော်တို့ အနေနဲ့ တကယ့်တရားခံကို တရားဥပဒေအရ အရေးယူစေချင်တယ်" ဟု သေဆုံးသူ ဦးသန့်ဇင်လတ် (ခ) ဦးဇင်မောင်၏ ညီ ဦးဇင်ဝေလတ်နှင့် မိသားစုကဲ့သို့ ရင်းနှီးသူ တေးသံရှင်ဦးလင်းလင်းက ကဆိုသည်။
ယင်းနေ့က ထွက်ပြေးခဲ့သော ယာဉ်ကို ပြန်လည်တွေ့ရှိသိမ်းဆည်းရမိပြီး ယင်းကားနှင့် အတူလိုက်ပါသူတစ်ဦးကိုလည်း ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ပုဇွန်တောင်ရဲတပ်ဖွဲ့စခန်း၏ အသိပေးချက်ကို ကိုးကားပြီး ဦးဇင်ဝေလတ်နှင့် တေးသံရှင် ဦးလင်းလင်းက The Voice Weekly သို့ ယခုလ ၈ ရက်နေ့တွင် ပြောကြားသည်။
ယနေ့လူငယ်များ၏ခံစားချက်နှင့် မြန်မာ့နိုင်ငံရေးအခြေအနေ
ထပ်မံဖေါ်ပြလိုက်ခြင်းပါ။
မြန်မာလူငယ်နှစ်ဦးရဲ့ဖန်တီးထားချက်ပါ။youtube မှာတင်ထားတာဖြစ်ပါတယ်။
နိုဝင်ဘာ(၃)ရက်နေ့ကတင်ထားတာဖြစ်ပြီးယနေ့ထိကြည့်ရှု့ပြီးသူပေါင်း ၆၀၀၀နီးပါးရှိနေပါပြီ။ ကျော်သွားပါပြီ။
ဗိုလ်ချုပ်သန်းရွှေနဲ့ ဦးသိန်းစိန် အပါအဝင်လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို သရော်ထားတာဖြစ်ပါတယ်။တရုပ်၊အန္ဒိယနဲ့၊ကမ္ဘာပတ်ဝန်းကျင်နိုင်ငံများက မြန်မာ့အရေးကို ပါဝင်နေပုံကိုတင်ပြထားတာဖြစ်ပါတယ်။
နောက်ခံတေးဂီတကို kaung zone နဲ့ animation ဖန်တီးမှု့ကိုတော့ edo vader ကဖန်တီးထားတာဖြစ်ပါတယ်။
မြန်မာလူငယ်နှစ်ဦးရဲ့ယုံကြည်ချက်အပေါ်ဖန်တီးထားမှု့-You are You I am Me - Burma Story
နိုဝင်ဘာ(၃)ရက်နေ့ကတင်ထားတာဖြစ်ပြီးယနေ့ထိကြည့်ရှု့ပြီးသူပေါင်း ၆၀၀၀
ဗိုလ်ချုပ်သန်းရွှေနဲ့ ဦးသိန်းစိန် အပါအဝင်လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို သရော်ထားတာဖြစ်ပါတယ်။တရုပ်၊အန္ဒိယနဲ့၊ကမ္ဘာပတ်ဝန်းကျင်နိုင်ငံများက မြန်မာ့အရေးကို ပါဝင်နေပုံကိုတင်ပြထားတာဖြစ်ပါတယ်။
NLD ရွေးကောက်ပွဲဝင်ရေးအပေါ် ဦးဝင်းတင်အမြင်
By ကိုဇော်ဝင်းလှိုင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ ဘာမှ ပြောစရာမရှိပေမဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စကိုတော့ အများကြီး စဉ်းစားရလိမ့်မယ်လို့ NLD ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။ ရွေးကောက်ပွဲဝင်ရေး ကိစ္စဟာ ၂၀၀၈ အခြေခံဥပဒေအပေါ် သဘောထားနဲ့ သက်ဆိုင်တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
NLD ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ တပါတည်း ပါတီရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့် ဆိုတဲ့ အကြောင်းအရာတွေက မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ အခုတလော အတော်လေး လူပြောများလာနေတဲ့ ကိစ္စပါ။ ဒီကိစ္စကို NLD ဗဟိုကော်မီတီဝင်တွေ စည်းဝေးထိုင်ပြီးမှ ဆုံးဖြတ်မှာဖြစ်ပေမဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက် ဘာမှ အငြင်းပွားစရာ မရှိပေမဲ့ မှတ်ပုံတင်ပြီး နောက်ဆက်တွဲဖြစ်လာမယ့် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဆိုတဲ့ကိစ္စကတော့ အများကြီး စဉ်စားကြရမယ်လို့ ဗဟိုကော်မီတီဝင်တစ်ဦးဖြစ်သူ ဦးဝင်းတင်က သူ့သဘောထားကို အခုလို ထုတ်ဖော် ပြောဆိုလာတာပါ။
“ဒီကိစ္စက အပိုင်းနှစ်ပိုင်းရှိတယ်လို့ ကျနော် ယူဆတယ်။ တစ်ပိုင်းက မှတ်ပုံတင်ရေးကိစ္စ၊ တစ်ပိုင်းက ရွေးကောက်ပွဲဝင်ရေးကိစ္စပေါ့။ ရွေးကောက်ပွဲဝင်ရေးကိစ္စနဲ့ ပတ်သက်လာပြီဆိုရင်တော့ အတော်ကို စဉ်းစားရမယ့်ကိစ္စတွေ၊ စဉ်းစားစရာတွေ၊ မေးခွန်းထုတ်စရာတွေ၊ ဒွိဟ သံသယတွေ တော်တော်များများ ပေါ်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲဝင်တဲ့ကိစ္စက ကျနော်တို့က ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့ လက်ခံသလား၊ လက်မခံဘူးလား ဆိုတဲ့ဟာနဲ့ စဉ်းစားရမယ့်ဟာကိုး။ ဒါကတစ်ချက်။ နောက်တစ်ချက်က ကျနော်တို့တွေ ၀င်သွားမယ့်လွှတ်တော်ဆိုတော့ နေရာဒေသကလည်း ဘာပဲပြောပြော ၂၀၀၈ အခြေခံဥပဒေလွှမ်းမိုးနေတဲ့ နေရာဒေသဖြစ်တဲ့အခါကျတော့ ကျနော်တို့ အဲဒီလွှတ်တော်ထဲကို ၀င်သွားဖို့အတွက် ရွေးကောက်ပွဲ ၀င်ကြမယ်ဆိုတဲ့ကိစ္စမှာ ကျနော်တို့ ပါတီဝင်ထုကြားထဲမှာ အများကြီး စဉ်းစားတဲ့သူတွေ ဒွိဟ သံသယတွေ ပေါ်နိုင်တယ်လို့ ကျနော်ထင်တယ်။”
ရွေးကောက်ပွဲဝင်ရေးကိစ္စအတွက် ပါတီတွင်းမှာ ကွဲလွဲတဲ့ အယူအဆတွေ ရှိနိုင်တာကြောင့် သူ့အနေနဲ့ အခုလို ပြောတာဖြစ်တယ်လို့ ဦးဝင်းတင်က ဆက်ပြောပါတယ်။
“ကျနော် ပြောနိုင်တာတစ်ခုကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီ မှတ်ပုံတင်ကိစ္စရော၊ ရွေးကောက်ပွဲဝင်ရေး ကိစ္စရောမှာ သေချာတာတစ်ခုကတော့ ကျနော်တို့မှာ ကွဲလွဲတဲ့အယူအဆတွေ၊ ကွဲလွဲတဲ့ အမြင်တွေ၊ သဘောထားတွေ၊ ရပ်တည်ချက်တွေ၊ တောင်းဆိုချက်တွေ စသည်ဖြင့် အများကြီး ကွဲလွဲမှုတွေ ရှိနိုင်တယ်။ ဒါ သေချာတယ်။ ဒါကို ကျနော်တို့ ဘာမှငြင်းစရာမလိုဘူး။ သို့သော် အဲဒီကွဲလွဲမှုတွေ အားလုံးကို ကျနော်တို့ ပါတီရဲ့ အစဉ်အလာရှိတဲ့အတိုင်းပဲ ဆုံးဖြတ်ချက်မှာတော့ ကျနော်တို့ပါတီဟာ တညီတညွတ်တည်း ဆုံးဖြတ်နိုင်တဲ့အစဉ်အလာအတိုင်းပဲ ဆုံးဖြတ်လိမ့်မယ်လို့ ကျနော်ကတော့ ထင်မြင်တယ်ဗျာ။”
ပါတီမှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ မကြာခင်ရက်ပိုင်းအတွင်း ဗဟိုကော်မီတီ စည်းဝေးထိုင်ပြီး ဆုံးဖြတ်ဖို့ရှိတယ်ဆိုတာ သိရပေမဲ့ ဘယ်နေ့ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။
၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီများ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေစဉ်းမျဉ်းတွေအပေါ် သဘောမတူတဲ့အတွက် NLD က မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပေမဲ့ အခု အဲဒီဥပဒေတွေကို ပြီးခဲ့တဲ့လကုန်ပိုင်းအတွင်း ပြင်ဆင်ဖို့ လွှတ်တော်က ဆုံးဖြတ်ပြီး သမ္မတက လက်မှတ်ထိုးလိုက်ပြီ ဖြစ်တာကြောင့် ပါတီမှတ်ပုံတင်ရေး ကိစ္စအတွက်တော့ အလွယ်တကူ ဆုံးဖြတ်ချက် ကျနိုင်လိမ့်မယ်လို့ ဦးဝင်းတင်က ပြောပါတယ်။
“မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ကတော့ ကျနော်တို့တွေ အရင်တုန်းက ၂၀၁၀ တုန်းက ငြင်းဆန်ခဲ့တဲ့ ပါတီမှတ်ပုံတင်ခြင်း ဆိုတဲ့နေရာမှာ ရွေးကောက်ပွဲဥပဒေအရ သတ်မှတ်ထားတဲ့ စည်းကမ်းတွေပေါ့ဗျာ၊ စကားလုံးတွေ သက်သာအောင်လုပ်ပေးတဲ့ သက်သာပျော့ပြောင်းတဲ့ ပေါ့ဗျာ စည်းကမ်းချက်များ ဖြစ်တဲ့အတွက် ကျနော် ထင်တယ်၊ ကျနော်တို့ ပါတီဝင်ထုတွေကြားထဲမှာ ဒီကိစ္စက သိပ်ပြီးတော့ ပြဿနာရှိလိမ့်မယ်လို့ ကျနော် သိပ်မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေက ဒီမိုကရေစီပါတီ ဖြစ်တယ်၊ တောခိုမယ့်ပါတီလည်း မဟုတ်ဘူးဗျာ၊ မြေသျှိုးမယ့်ပါတီလည်း မဟုတ်ဘူးဆိုတဲ့အခါကျတော့ ကျနော်တို့ဟာ ဒီမိုကရေစီပါတီပီပီ ဥပဒေဘောင်အတွင်းမှာ နေချင်ကြတာပေါ့။”
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ပြောပြခဲ့တာပါ။
ပြည်နယ်တိုင်းတွေမှာရှိတဲ့ NLD အဖွဲ့ဝင်တွေက လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပြခဲ့တဲ့ သဘောထားတွေအရကတော့ မှတ်ပုံတင်ရေးကိစ္စအတွက် ပါတီဝင်အများစုက ယေဘုယျအားဖြင့် သဘောတူကြပေမဲ့ ရွေးကောက်ပွဲဝင်ရေး မ၀င်ရေးဆိုတဲ့ကိစ္စအပေါ်မှာ သဘောထားကွဲပြားမှုတွေ ရှိနေတယ် ဆိုတာကို ထုတ်ဖော် ပြောဆိုခဲ့ကြပါတယ်။
မြန်မာ့အသွင်ကူးပြောင်းရေး ခြေလှမ်းတိုးဖို့ အမေရိကန်တိုက်တွန်း
စနေ, 12 နိုဝင်ဘာ
By ကိုသားညွှန့်ဦး
ဓာတ်ပုံ Dewi Astuti
ဟာဝိုင်အီပြည်နယ် ဟိုနိုလူလူမှာကျင်းပနေတဲ့ APEC အစည်းအဝေး (နိုဝင်ဘာလ ၁၂၊ ၂၀၁၁)
မြန်မာနိုင်ငံတွင်းမှာ ကျယ်ပြန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်
ပေါ်လာစေရေးအတွက် အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ ဒီထက်ပို အားကောင်းလာတာကို
မြင်လိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြင်နေရပြီဆိုပေမဲ့ လူ့အခွင့်အရေး
အခြေအနေနဲ့ပတ်သက်လို့တော့ စိုးရိမ်မိတယ်လို့ အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးက မနေ့က APEC ညီလာခံအတွင်း သတင်းစာရှင်းလင်းပွဲမှာ
ပြောဆိုသွားတာပါ။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲအချို့ ခိုင်ခိုင်မာမာ တွေ့လာရပြီဆိုပေမဲ့ ဒီထက်ပိုပြီး လုပ်ဆောင်သွားဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က APEC အစည်းအဝေးတွင်းမှာ ပြောသွားတာပါ။ နိုဝင်ဘာလ ၁၁ ရက်နေ့ အမေရိကန်စံချိန် ညနေပိုင်းက အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ၀န်ကြီးများအဆင့် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုမြင်လာရတဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ ပိုပြီး အရှိန်ကောင်းကောင်းနဲ့ ဆောင်ရွက်သွားဖို့လိုမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။
“ပွင့်လင်းမြင်သာမှုနဲ့ လွတ်လပ်မှုတွေ ပိုရှိလာစေဖို့အတွက် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ မြန်မာအစိုးရကို တိုက်တွန်းနေပါတယ်။ အခြားလူတွေ ရရှိခံစားရသလို နိုင်ငံတကာသတ်မှတ်မှု စံနှုန်းတွေအတိုင်း မြန်မာလူထုဟာလည်း ဒီအခွင့်အရေးတွေ ရရှိဖို့လိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကျယ်ပြန့်တဲ့ တွေ့ဆုံဆွေးနွေးမှုတရပ် ပေါ်လာရေးအတွက် အားတက်ကျေနပ်စရာ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေ ပိုမို အားကောင်းလာတာကို မြင်လိုပါတယ်။ ဒီကတဆင့် မြန်မာလူထုအတွက် အကျိုးရှိစေမယ့် ပွင့်လင်းတဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ် တဖြည်းဖြည်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်။”
လက်ရှိ အနေအထားမှာတော့ အမေရိကန်ဘက်က အကြီးတန်းအရာရှိတွေ မြန်မာနိုင်ငံကို မကြာခဏ သွားရောက်လာတာမျိုး ရှိနေပြီး သူတို့တွေရဲ့ အစီရင်ခံမှုအပါအ၀င် အခြားနိုင်ငံတွေက မြန်မာကိုသွားတဲ့ တာဝန်ရှိသူတွေရဲ့ တုံ့ပြန်ချက်အရပါ မြန်မာနိုင်ငံမှာ ခိုင်မာတဲ့ အပြောင်းအလဲအချို့ မြင်လာရပြီလို့ ၀န်ကြီးကလင်တန်က ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ခိုင်ခိုင်မာမာ ရှိလာပါပြီ။ အလုပ်သမားဥပဒေသစ် ထုတ်ပြန်တာ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်တဲ့ဥပဒေကို ပြောင်းလဲပြင်ဆင်တာ အပါအ၀င် အရေးကြီးတဲ့ ဥပဒေပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကနဦးကြိုပမ်းမှုတွေကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ထောက်ခံပါတယ်။ ကျမတို့အနေနဲ့ကတော့ မြန်မာလူထုအနေနဲ့ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးမှာ အပြည့်အ၀ ပါဝင်နိုင်ခွင့်ရတာကို မြင်လိုပါတယ်။”
ဒီလို အပြောင်းအလဲတွေအပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အားပေးသလို တဘက်မှာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ စိုးရိမ်စရာ ရှိသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။
“ဒါပေမဲ့လည်း လုပ်စရာတွေ ပိုလုပ်ရပါလိမ့်ဦးမယ်။ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကျမတို့ စိုးရိမ်မိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဟာ နှစ်ရှည် ထိန်းသိမ်းခံနေရဆဲ ရှိနေပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တိုင်းရင်းသားလူနည်းစုဒေသတွေမှာ အကြမ်းဖက်မှုတွေကို အဆုံးသတ်စေဖို့ ကျမတို့ ဆက်ပြီး တောင်းဆိုပါတယ်။ မြောက်ကိုရီယားနဲ့ ဆက်ဆံရေးပိုင်းမှာလည်း ပွင့်လင်းမြင့်သာမှုရှိဖို့ တိုက်တွန်းပါတယ်။”
မြန်မာနိုင်ငံကို အမေရိကန်ဘက်က အကြီးတန်းအရာရှိတွေ ဒီလပိုင်းအတွင်း သွားရောက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေး လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ့စနာ (Michael Posner) နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell) တို့ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ မြန်မာပြည်ကိုသွားပြီး အစိုးရအာဏာပိုင်တွေရော၊ အတိုက်အခံတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခဲ့ပါတယ်။
အခု APEC အစည်းအဝေးအပြီးမှာလည်း အမေရိကန်သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်တို့အပါအ၀င် အမေရိကန် အကြီးတန်းသံတမန်တွေဟာ အင်ဒိုနီးရှား ဘာလီမှာကျင်းပမယ့် အာဆီယံနဲ့ နောက်ဆက်တွဲ အစည်းအဝေးတွေကို သွားရောက်မှာဖြစ်ပါတယ်။ အဲဒီမှာလည်း အမေရိကန် ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ မြန်မာဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ သီးခြား တွေ့ဆုံလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Subscribe to:
Posts (Atom)