Wednesday, May 30, 2012

ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး

မြန်မာနိုင်ငံထဲ လတ်တလော ဖြစ်နေတဲ့  ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ကြ ဖို့  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ဒီကနေ့ နိုင်ငံရေးပါတီတချို့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာမှာ နိုင်ငံရေးပါတီ တချို့က ၀င်ရောက် စွက်ဖက်မှုတွေ ရှိနေတယ်လို့  အလုပ်သမား ၀န်ကြီးဌာနကို တိုင်ကြားလာတာတွေ ရှိတဲ့အတွက် အခုလို ခေါ်ယူ တွေ့ဆုံရတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်၊

ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းမှတ် မိန့်ခွန်းပြောမည်


ဓာတ်ပုံ ASSOCIATED PRESS

မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ အထူး အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း အိန္ဒိယ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အနေ နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပါဝင် လုပ်ဆောင်နိုင် တာတွေ ရှိပြီး အိန္ဒိယနဲ့ ဆက်ဆံရေး ပိုပြီး နီးကပ်လာမယ့် အလားအလာအပေါ် ၀မ်းသာမိပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည် ကလည်း ပြောခဲ့ပါ တယ်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လုံခြုံရေးပူးပေါင်းဆောင်ရွက်မည်။



အိန္ဒိယ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းဟာ မနေ့တုန်းက မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကိစ္စတွေကို အလေးပေးဆွေးနွေးသွားပါတယ်။ ဒါ့အပြင် အိန္ဒိယအနေ နဲ့ မြန်မာနိုင်ငံတွင်း IT နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးရော နည်းပညာအရပါ ကူညီသွားဖို့ အိန္ဒိယ၀န်ကြီးချုပ်က ကတိပြုခဲ့ပါတယ်။

ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား

RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက လျှပ်စစ်မီးရရှိရေးနှင့် အလုပ်သမားအခွင့်အရေးတောင်းဆိုမှုကိစ္စအား ဆွေးနွေးနေစဉ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ၀ိုင်းဝန်း ကူညီပါဝင်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပန်ကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး



RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အနှစ်နှစ်ဆယ်ကျော် ကာလ အတွင်း မြန်မာပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးပြည်ပ ခရီးစဉ် အဖြစ်ထိုင်းနိုင်ငံသို့ထွက်ခွာ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ဗန်ကောက်သို့ ထွက်ခွာရန် ယနေ့ ညနေ၆း၄၅မိနစ်တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။, ဒေါ်အောင်ဆန်းစုကြည်သည် TG-306 လေယာဉ်ဖြင့် Business Class တွင် လိုက်ပါကြောင်းသိရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် အမတ် ဒေါ်စန္ဒာမင်း ၊ ကိုယ်ရေး အရာရှိ ဒေါက်တာ ဒေါ်ငယ်ငယ် ၊ကိုစိုးဝင်း (လုံခြုံရေးအရာရှိ) တို့လိုက်ပါသွားကြောင်း သိရသည်။ ဦးခွန်သာမြင့် သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ကြိုတင်ရောက်ရှိ ကာ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ ကို လာရောက် ကြိုဆိုမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း


(Please find the English version of this article at the end of this Burmese version.)
တရုတ်နယ်စပ်မှ ကချင်ပြည်နယ်ရှိ Strip Mine သတ္တုတွင်း တစ်ခုအကြောင်း
မကြာသေးခင်က ဂူဂယ်အပ် (Google Earth) internet မြေပုံမှာ ၂၀၁၀ ခုနှစ်၊ မေလက ဂြိုဟ်တုမှ ရိုက်ထားသော စက်တလိုက် satellite ဓါတ်ပုံထဲမှာ စိတ်ဝင်စားဖွယ်ရာ နေရာ (site) တစ်ခုကို မြင်လိုက်ရမိသည်။ ထိုနေရာတွင် ကွန်တို (ခေါ်) လှေခါးထစ် သဖွယ် တောင်ကုန်းများကို ဖြတ်ဖေါက်ထားသော သတ္တုတွင်း (contour strip mine) ကို မြင်နေရသည်။ တောင်ကုန်း တောင်တန်း အတွင်းရှိ မြေအောက် သတ္တုကြောကို ထိအောင် အပေါ်ယံ မြေသားကို လှန်ထပ် ဖယ်ရှားကာ မြေပြင်ကို လှေခါးထစ် အဖြစ် ဖေါက်တည်ထားသည်။

ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ သတင်းအချက်အလက် ထုတ်ပြန်မှု အလွန်နည်းပါး

ဘုန်းသော်ဇင် | အင်္ဂါနေ့၊ မေလ ၂၉ ရက် ၂၀၁၂

မြန်မာနိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများမှ တရားဝင် လွှင့်တင်ထားသော အင်တာနက် ဝက်ဘ် စာမျက်နှာအများစုမှာ သတင်းအချက်အလက် ထုတ်ပြန်မှု မရှိသလောက် နည်းပါးကြောင်း လေ့လာ တွေ့ရှိ ရသည်။

ယခုအစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာနပေါင်း ၃၄ ခုရှိပြီး အဆိုပါ ဝန်ကြီးဌာနများအနက် ကာကွယ်ရေး၊ နယ်စပ်ရေးရာ၊ ပြန်ကြားရေး နှင့် အမှတ်(၂) လျှပ်စစ် ဝန်ကြီးဌာန ၄ ခုတို့မှာ သတင်း ထုတ်ပြန် ရန် အင်တာနက် ဝက်ဘ်စာမျက်နှာပင် တရားဝင် လွှင့်တင်ထားခြင်း မရှိ ပေ။

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ

ကျော်ခ on May 29, 2012

Yangon Crown သံမဏိ စက်ရုံမှ အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြ နေသည်ကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦး အထိ ရှိသွားပြီ ဖြစ် ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။ အခြေခံလစာ တိုး မြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယ မြောက် နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ

ပါဖောမန့်ပြသူ အနုပညာရှင်များ တရားစွဲခံရ

Tuesday, May 29, 2012

မန်းသားလေး on May 29, 2012
နှစ်နိုင်ငံအနုပညာဖလှယ်ရေး အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပါဖောမန့် ပြသနေသည့် မြန်မာ အနုပညာရှင် မိုးစက် (ဓာတ်ပုံ - မိုးစက်၏ facebook မှ)

မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပါဖောမန့်စ် (Performance) ပြခဲ့သည့် အနုပညာရှင် ၇ ဦးအား ယနေ့ တရားစွဲကာ ၃၁ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။