Tuesday, October 11, 2011

အွန်လိုင်းcomment တခုမှ စင်္ကာပူတွင်ဖြစ်ရပ်လေးတခု

ဗမာများ၏ သရုပ်ကိုဖော်ပြခြင်း

» Posted on Apr 14, 2011 in စာဖတ်သူကဏ္ဍ | 8,261 views
မနေ့က ဤဝက်ဘ်ဆိုဒ်မှာ စာလာဖတ်တဲ့ မိတ်ဆွေ တစ်ဦးထံက Comment တစ်ခုဝင်လာပါတယ်။ သူ့ Comment က စင်္ကာပူမှာ ဖြစ်သွားတဲ့ မြန်မာတို့ရဲ့ သရုပ်ဖော် အကြောင်းအရာလေး တစ်ခုဖြစ်ပြီး၊ ပြည့်ပြည့်စုံစုံ တင်ပြထားတာမို့ အခြား စာဖတ်သူများလည်း ဝေဌ ဖတ်ရှုနိုင်ရန် Post အဖြစ် ပြန်ဖော်ပြ ပေးလိုက်ပါတယ်။ သူရေးပို့သည့် comment မှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
ကိုအောင်ရေ၊
ဟုတ်ပါတယ် ကျနော်တို့ မြန်မာလူမျိုးများရဲ့ စိတ်ဓာတ်တွေကတော့ တော်တော်ပြင်ရဦးမှာပါ။ ဥပမာပြောရရင်လောလောလတ်လတ် ပါဗျာ။ ၁၀-၄-၂၀၁၁ တုန်းက Singapore က Peninsula Plaza မှာ မြန်မာ သင်္ကြန်ပွဲ လုပ်ပါတယ်။ Singapore ဆိုတာက မြန်မာတွေ တော်တော်များတဲ့ နိုင်ငံဖြစ်တဲ့ အပြင် Peninsula Plaza ဆိုတာ ကလည်း မြန်မာတွေရဲ့ စုရပ်ဖြစ်နေတာပါ။

မဲခေါင်းမြစ်တွင်း(သို့)ရွှေတရိဂံ မူးရစ်ဆေးဝါးရှုတ်ထွေးပြဿနာများ

အင်တာနက်အီးမေးလ် သတင်းဖေါ်ပြချက်များကိုပြန်လည်ဖေါ်ပြခြင်းဖြစ်ပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့က ထိုင်းနိုင်ငံ Chiang Rai ပြည်နယ် Chiang Sean ခရိုင်အတွင်းရှိ မဲခေါင်မြစ်ထဲမှာ  လူသေအလောင်း ၁၂ လောင်းမျောပါလာတာကိုတွေ့ရပါတယ်။ အလောင်းအများစုကတော့ လက်နောက်ပြန် လက်ထိပ်ခတ်ထားရပြီး ထိုင်းရဲတပ်ဖွဲ့က Pol.Col.Popkorn Khuncharoensuk က  သေဆုံးသူများမှာ ၅ ရက်နေ့က Pha Muang တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်တဲ့ တရုတ်သင်္ဘောမှ သင်္ဘောသားတွေဖြစ်တယ်လို့ပြောပါတယ်။ ထိုင်းအာဏာပိုင်များက တရုတ်သံရုံးကို အကြောင်းကြားပြီး တရုတ်သံရုံးကလူးတွေ လာရောက်စစ်ဆေးပြီးတော့ ဒီတရုတ်သင်္ဘောတွေက ကုန်တင်သင်္ဘောတွေ ဖြစ်ပြီးတော့ ၅ ရက်နေ့ မတိုင်ခင်က မူးယစ်ဆေးဝါးရောင်းဝယ်သူတွေရဲ့ အပိုင်စီးတာကို ခံရတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးရောင်းသူတွေအနေနဲ့ မြန်မာနိုင်ငံ အတွင်းက မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ရာမှာ သင်္ဘောတွေကို သုံးလိုတာကြောင့် သတ်လိုက်တယ်လို့ ထိုင်းအာဏာပိုင်တွေက ယူဆကြပါတယ်။
ထိုင်း Pha Muang အဖွဲ့က အောက်တိုဘာလ ၅ရက်နေ့က မဲခေါင်မြစ်ထဲမှ ကုန်တင်သင်္ဘော နှစ်စင်းကိုစစ်ဆေးရန်အတွက် ရပ်တန့်စေခဲ့ရာ မရပ်ပဲ မောင်းပြေးသွားပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် Pha Muang အဖွဲ့က  ပြန်လည်ပစ်ခတ်ရာ တစ်ယောက်သေဆုံးပြီး ကျန်လူများ ရေထဲ ခုန်ချပြီး ထွက်ပြေးသွားပါတယ်။ ၄င်းသင်္ဘောနှစ်စီးကို စစ်ဆေးရာ စိတ်ကြွဆေးပြား ၅၆၀၀၀၀ ခန့် ကာလတန်ဘိုး ထိုင်းဘတ် သန်း ၁၀၀ ကျေုာ် သိမ်းဆည်းရမိခဲ့တယ်လို့ ပြောကြားပါတယ်။
စိတ်ကြွ မူးယစ်ဆေးဝါးများ
အမှတ် ၃ စစ်တိုင်းမှူး Lt.Gen.Wantipy က ဖမ်းမိသော မူးယစ်ဆေးဝါးတွေဟာ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ UWSA နဲ့  SSA (တောင်ပိုင်း) အဖွဲ့တို့မှ ပေးပို့တဲ့ဆေးပြားများ ဖြစ်တယ်လို့ ပြောပါတယ်။ ဆေးပြားများကိုတော့ ထိုင်း - မြန်မာနယ်စပ်ရှိ တရုတ်တစ်ဦးပိုင်သော လောင်းကစားရုံတွင် အရောင်းအ၀ယ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးပြားများကိုတော့ တရုတ်သင်္ဘောတွေက သယ်လာတာ ဟုတ် / မဟုတ်ကိုတော့ တိတိကျကျမသိသေးဘူးလို့ ပြောပါတယ်။ ထိုင်းအစိုးရအနေနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ဗိုလ်ချုပ်ပန်ဖဦးစီးသော SSA(တောင်ပိုင်း)အဖွဲ့အား စောင့်ကြည့်နေခြင်း အကျိုးကျေးဇူးအဖြစ် မူးယစ် ဆေးဝါးများအား ဖမ်းဆီးရမိခြင်းဖြစ်သည်။ တရုတ်အစိုးရဘက်မှလည်း နယ်စပ်ရှိ UWSA “၀”အဖွဲ့ ၏ လှုပ်ရှားမှုများအား မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နယ်စပ်ရေး အကဲခတ် ဦးအောင်မြင့်မှ ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းပေးဖို့ ဒေါ်စုပန်ကြား

  တနင်္လာ, 10 အောက်တိုဘာ 2011

နှစ်ပေါင်းများစွာ တရားဥပဒေစိုးမိုးရေး ကင်းမဲ့တဲ့ဒဏ်ကို ခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေ တရားဥပဒေစိုးမိုးမှုရဲ့ အသီးအပွင့်ဖြစ်တဲ့ ဒီမိုကရေစီ၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကိုရဖို့အတွက် နိုင်ငံတကာက ၀ိုင်းပြီးကူညီကြဖို့ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ မနေ့က စကျင်းပတဲ့ (၁၅) ကြိမ်မြောက် Forum 2000 အစည်းအဝေး တက်ရောက်လာသူတွေကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို မိန့်ခွန်းက တဆင့် ပန်ကြားလိုက်ပါတယ်။

သမ္မတဦးသိန်းစိန်၏လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကြေငြာစာ


မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသားများအနက်
အကျဉ်းသား (၆၃၅၉) ဦးကို  အောက်တိုဘာလ ၁၂ရကိ (သတင်းကျွတ်လပြည့်နေ့) မှစတင်ပြီး
လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏
အမိန့်ကြေညာချက်ဖြင့် နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ခဲ့ပါသည်။
နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သော အမိန့်ကြေငြာစာ အပြည့်အစုံမှ
အောက်ပါအတိုင်းဖြစ်ပါသည်။

နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၂ခုနှစ် သီတင်းကျွတ်လဆန်း
၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း
လက်ရှိသမ္မတဦးသိန်းစိန်

၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော
စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင်
ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ်
ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း
လုပ်ဆောင်လျက်ရှိပါသည်။

၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကို
ကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ
စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့်
အသက်အရွယ်ကြီးရင့်သူများ၊
ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င်
အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့်
အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော်အစိုးရသည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ
ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး
နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့်
နိုင်ငံသားများအဖြစ်သို့
ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။

၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့်
အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့်
သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏
မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊
ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊
ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ
တာဝန်ထမ်းဆောင်သွားနိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ
ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ  ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန်
ကျန်ရှိသော ပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့  ခရစ်သက္ကရာဇ်
၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို
လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။

ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Tuesday, October 11, 2011


နိုင်ငံရေး အကျဉ်းသားနဲ့ အကျဉ်သား စုစုပေါင်း ၆၃၅၉ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

 နိုင်ငံရေးအကျဉ်းသားတွေ လွှတ်လာမည်ဖြစ်ကြောင်း ပြည်တွင်းမှပြောပါတယ်။
MRTV 4က အကျဉ်းသား ၆၃၅၉ဦးကို ၁၂ အောက်တိုဘာမှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်
ပေးမည်ဟုကြားဖြတ်သတင်းကြေငြာ သွားခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသား မည်မျှလွှတ်
အင်းစိန်ထောင်ရှေ့
ပေးမည်ကို မသိရှိရသေးပါ။ အင်စိန်ထောင် ရှေ့ တွင်လူများပြည့်လျှံနေသည်ဟု
သိရှိရသည်။
မြန်မာရဲ့ နံမည်ကြီး ငရဲခန်း

ယနေ့ နေ့ခင်း ၁ နာရီ ကြေညာချက်အရ “နိုင်ငံတော် အစိုးရသည် ပြစ်ဒဏ်ကျခံနေရသော
အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်း
သည့် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့် အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက် နေ့မှ ပြစ်ဒဏ်မှ အသီးသီး လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ။ အဓိပ္ပါယ်မှာ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှ စလွှတ်ပေးမည့် သဘောဖြစ်သည်။

ဗန်းမော်ထောင်မှာ ၂၀၀၅ခုနှစ် ၆လပိုင်းကစပြီး အနှစ်(၂၀) အကျဉ်းကျခံနေရတဲ့ အလုံမြို့နယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ) ဦးဘမြင့်ရဲ့ သားဖြစ်သူ အလုံအဖွဲ့ချုပ်လူငယ်တာဝန်ခံ ကိုလူမော်မှသိရှိရပါတယ်။ဖခင်နဲ့ ပါတ်သက်လို့  မသိရှိရသေးပါဟု ဆိုသည်။

မနက်ဖန် ၁၂ ရက်နေ့ ကျမှ လွတ်လာမည့် နိုင်ငံရေးအကျဉ်းသားများ သတင်းကို
သိကြရမည်ဖြစ်ပြီး ယခုအချိန်အထိတော့ မသိရှိရသေးကြောင်း ပြည်တွင်း နိုင်ငံရေး
အသိုင်းအ၀ိုင်းမှ ပြောဆိုနေကြသည်။

__._,_.___

တနင်္လာနေ့၊ အောက်တိုဘာလ ၁၀၊ ၂၀၁၁


  မြစ်ဆုံစီမံကိန်း အပြီးရပ်တန့်ရေး လက်မှတ် ၁ သန်း တရုတ်အစိုးရထံပို့ဖို့ စီစဉ်။



မန္တလေး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ “မပြီးဆုံးသေးသော မြစ်ဆုံ” အမည်နဲ့ ဧရာဝတီနဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာများ ဟောပြောပွဲတရပ်ကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။


ဒီဟောပြောပွဲမှာ ဆရာဦးဝင်းမျိုးသူနဲ့ စာရေးဆရာ ကိုတာ တို့ ဟောပြောကြပြီး စိတ်ပါဝင်စားသူ လူ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

တနင်္လာနေ့၊ အောက်တိုဘာလ ၁၀၊ ၂၀၁၁

 တရုတ်နဲ့မြန်မာမြစ်ဆုံရေကာတာကိစ္စ ပြေလည်အောင်ဖြေရှင်းသွားမည်ဟုသဘောတူညီချက်ရ 

China, Myanmar agree to cooperate on suspended joint hydropower project
သတင်းဘာသာပြန်
BEIJING, Oct. 10 (Xinhua) -- China and Myanmar on Monday agreed to properly settle matters related a suspended joint hydropower project in Myanmar, and both sides pledged to increase cooperation and work toward bringing mutual benefits to the two nations.
တရုတ်ပြည်သူသမ္မတနိုင်ငံ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတို့ တို့မှ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဆိုင်းငံ့ခြင်းနှင့် သက်ဆိုင်သောကိစ္စရပ်များကို ပြေလည်စွာ ဖြေရှင်းရန်အတွက် တနင်္လာနေ့တွင် သဘောတူညီခဲ့ကြပါသည်။ နှစ်ဖက် ကိုယ်စားလှယ်များမှ ရှေ့ဆက်၍ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရန်နှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းနိုင်မှုကို ရှေ့ရှု၍ လုပ်ကိုင်ရန် ကတိပေးပြောကြားကြပါသည်။

The agreement was reached in Beijing during talks held between Chinese Foreign Minister Yang Jiechi and his Myanmar counterpart U Wunna Maung Lwin, who is visiting China as a special envoy of Myanmar President U Thein Sein.
ထိုသဘောတူညီချက်မှာ တရုတ်ပြည်သူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ယန်ဂျေချိ နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်မှ အထူးစေလွှတ်သော မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ပီကင်းမြို့တွင်း တွေ့ဆုံဆွေးနွေးရာမှာ ရရှိစေခဲ့ခြင်းဖြစ်ပါသည်။

According to a press release issued by the Chinese Foreign Ministry after the talks, the two sides have conducted a thorough consultation over the Myitsone hydropower plant project, which was ordered to be suspended by Myanmar's president.
တရုတ်ပြည်သူသမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှာ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် နှစ်ဖက်နိုင်ငံများမှ မြစ်ဆုံ ရေးအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ သေချာစွာ စီစစ်မှုများဖြင့် စတင်ခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှာ ထိုစီမံကိန်းကို ဆိုင်းငံ့ခဲ့ပါသည်။


The two foreign ministers also exchanged views on bilateral relations and other issues of common concern, with both voicing commitments to push forward the bilateral comprehensive and strategic partnership in a bid to achieve joint development, said the press release.

နှစ်ဖက် နိုင်ငံခြားရေးရာ ဝန်ကြီးများမှ နှစ်နိုင်ငံခြား ဆက်ဆံရေးနှင့် ပတ်သက်သော အမြင်များကို ဖလှယ်ဆွေးနွေး၍ ရှေ့တွင် ပူးပေါင်းပါဝင်ကာ လုပ်ကိုင်မည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရပ်များအတွက် ကတိကဝတ်များ အမြင်များ ရှေ့လုပ်ငန်းစဉ် များကို ချမှတ် နားလည်ခဲ့ပါသည်။
=========================
မြစ်ဆုံ ကို ဆက်လက် လုပ်ကိုင်မယ်လို့တော့ မပါပါဘူး။ ဒါပေမဲ့လည်း သံတမန် ဆက်ဆံရေးအရ ထုတ်ပြန်တာ ဖြစ်ပြီး ဒီပြသာနာအတွက် တဖက် နဲ့ တဖက် ဘာတွေ တစ်ယောက်နဲ့ တစ်ယောက် အလျော့ပေးရသလဲဆိုတာကိုတော့ ရှင်းလင်းစွာ မပြောထားတာ ဖြစ်ပါတယ် ခင်ဗျာ။ ပုံမှန်အားဖြင့်တော့ အခုလို ဆိုင်းငန့်ခြင်းက တစ်ခေါက်တည်းနဲ့ တော့ အဆင်မပြေတတ်ပါဘူး ဆက်လက်ပြီးတော့ စကားပြောရအုန်းမှာပါ။

ဘာသာပြန်သူ.. မောင်ခြိမ့်(MMCP)
မူရင်းhttp://news.xinhuanet.com/english2010/china/2011-10/10/c_131183217.htm