Thursday, June 14, 2012

စစ်တွေမှာ လေးခွများနှင့် ဒုတ်များကို ကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိ


ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေသော ဒုက္ခသည်များကို စီးပွားရေး လုပ်ငန်းရှင်များနှင့် စာပေအနုပညာရှင်များက ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်နေသည်ကို ဇွန်လ ၁၃ ရက်နေ့က တွေ့မြင်ရစဉ်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းကို ထိန်းသိမ်းနိုင်ရန်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သား များက ရခိုင်တိုင်းရင်းသားများထံတွင် ရှိနေသော လေးခွများနှင့် ဒုတ်များကို ကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိကြောင်း ရခိုင်တိုင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦးက ပြောကြားသည်။

စစ်တွေတွင် တုတ်၊ဓါး လက်နက် မကိုင်ရ အမိန့်ထုတ်

နိရဉ္စရာ
ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားနေသော စစ်တွေတွင် တုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်၍ လမ်းများပေါ်တွင် မသွားလာရဟု ယနေ့ နံနက်က အာဏာပိုင်များက အမိန့်ထုတ်ကြောင်း သိရသည်။

၎င်းအမိန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်ပြီး ယနေ့နံနက်က အသံချဲ့စက်ဖြင့် မြို့ကို ပတ်ကာ ကျေညာ သွား သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် ကုလ ကိုယ်စားလှယ် ရခိုင်ပြည်နယ်အရေး ဆွေးနွေး

လင်းသန်
ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများကြောင့် အရေးပေါ်အခြေအနေ ကြေညာထားသည့်ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ် ဘီယားနှင့် သမ္မတ ဦးသိန်းစိန်တို့ ယမန်နေ့က နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် ဒုက္ခသည်များအရေး ကုလသမဂ္ဂ ကူညီမည်

ကျော်ခ
ရခိုင်ပြည်နယ် အတွင်း အဓိကရုဏ်းများ ဖြစ်ပွားမှုကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရသော ဒုက္ခသည်များ အရေးကို မြန်မာအစိုးရနှင့် ပူးပေါင်း ကူညီ သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘီဂျေ နမ်ဘီ ယာက ယနေ့ ပြောဆိုလိုက်ကြောင်း သိရသည်။