Saturday, March 10, 2012

အလုပ်သမားသမဂ္ဂတွေ မှတ်ပုံတင်ပြီး တရားဝင် ဖွဲ့ စည်းနိုင်ပြီ

Saturday, March 10, 2012


 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးသည် အမိန့်ကြော်ငြာစာ အမှတ်၊ ၂၂/၂၀၁၂ ဖြင့် ၂၀၁၂ ခုနှစ် မတ်လ (၉) ရက် [၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၂) ရက်]နေ့တွင် အလုပ်သမားအဖွဲ့အစည်း ဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ စတင်အာဏာ တည်သည်ဟု သတ်မှတ်လိုက်ကြောင်း ၂၀၁၂ ခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 


အလုပ်သမားသမဂ္ဂတွေ မှတ်ပုံတင်ပြီး တရားဝင် ထောင်နိုင်ပြီ။
 (ရည်ညွှန်း-ကြေးမုံ၊ မတ် ၁၀၊ ၂၀၁၂)။

တပ်သားကျော်ဇင်ဝင်း၏နောက်ဆက်တွဲသတင်း

 ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီဟုကြားသိရ၍ ကလောNLDလူငယ်များကသွားရောက်တွေ့
ဆုံရာ မတွေ့ရှိခဲ့ရပဲ တပ်သား ကျော်ဇင်ဝင်းအား အင်းကောင်းအမြောက်တပ်၏မြေအောက်ခန်းထဲတွင် ပြောင်းရွှေ့ချုပ်နှောင်ခံထားရပြီးအသက်အန္တရာယ်ပါစိုးရိမ်ရသည့်အခြေအနေဖြစ်နေသည်ဟု စုံစမ်းသိရှိခဲ့ရသည်ဟု YPI သို့ပြောပါသည်။ 
 အင်းကောင်း အမြောက်တပ်သည် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း
ဗိုလ်ချုပ်ဟောင်း ဦးမြ၀င်း တပ်ရင်းမှူးလုပ်ခဲ့သည့် တပ်ဖြစ်သည်။  ယခုလ ၆ ရက်က တပ်သားကျော်ဇင်ဝင်းလွတ်မြောက်လာသည်ဟု သတင်းရသောကြောင့် NLD အဖွဲ့ဝင်များက လိုအပ်သည်များကူညီဖြည့်ဆည်းပေးရန် သွားရောက်တွေ့ဆုံခွင့်တောင်းရာ တွေ့ခွင့်မရခဲ့ဘဲ မြေအောက်ခန်းထဲတွင်ချုပ်နှောင်ထားသည်ကို သိရှိခဲ့ရကြောင်း တောင်ကြီးမြို့ NLD အဖွဲ့ဝင်တစ်ဦးကပြောသည်။
ဗိုလ်ချုပ်မြ၀င်းဖြစ်ပြီးလာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးအမတ်လောင်းတစ်ဦးဖြစ်သည်ဟုသိရှိရသည်။ တပ်သားကျော်ဇင်ဝင်းအားဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စအားကန့်ကွက်ကြောင်းနှင့် ထိုကိစ္စနှင့်ပါတ်သက်၍ဖြေရှင်းပေးပါရန်၊ အမှန်တကယ်ဖမ်းဆီးထားခြင်းမဟုတ်ပါကလည်း တွေ့ဆုံခွင့်ပေးပါရန် ကလောNLDလူငယ်များကပြည်နယ်ကော်မရှင်ရုံးသို့စာတင်မည်ဖြစ်ကြောင်းသိရှိရပါသည်။Yangon Press International

တချိန်က နိုင်ငံတော်အတွင်းရေးမှုးဘာတွေလုပ်ခဲ့သလဲ

အွန်လိုင်း မေးလ်များတွင် တချိန်က ဗိုလ်ချုပ်ခင်ညွန့်ဟာ တိုင်းပြည်ပြည်သူလူထုအပေါ်ဘယ်လို
စေတနာတွေထားခဲ့သနည်း။ပြည်သူလူထုကို ထောက်လှမ်းရေး နည်းပညာများနဲ့ ဘယ်လိုနှိပ်ကွပ်ခဲ့သနည်း။ ဆရာတော်သံဃာတော်ကြီးများပါ မကျန်မည်သို့လုပ်ဆောင်ခဲ့သည်ကို
ယခုအချိန်တွင် သိရှိခဲ့သူများ အီးလ်မေးလ်များတွင် ပြန်လည်ထုတ်ဖေါ်ရေးသားချက်အချို့ကို
အဖြစ်မှန်(သို့) ဝေဖန်သုံးသပ်နိုင်ရန်ဖေါ်ပြပါတယ်။
အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ - ၂ -

(ဦးခင်ညွှန့် သာဓုခေါ်စေရန်..)
http://photos-e.ak.fbcdn.net/hphotos-ak-snc7/404455_363546627005326_100000499765528_1354676_51633971_a.jpg
တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ ထံ ဦးအံ့မောင် လျောက်ထားချက်
ဦးခင်ညွှန့်က "ကျနော် မသိပါဘူး ဒီကိစ္စကို သူတို့တွေ စီစဉ်ပြီးမှ သိလိုက်ရတာပါ" ဆိုတဲ့ စကားတွေနှင့်တော့ မြန်မာပြည်သူတွေကို မရှင်းလေနဲ့။ ဦးခင်ညွှန် အတွက် နောက်ထပ် အချက်လက်ရှိပါသည်။ သာသနာရေး ညွန်ကြားရေးမှူးချုပ် ဦးအံ့မောင် ကိုယ်တိုင် တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ ကိုလျှောက်တင်တုန်းက 
"အရှင်ဘုရား လက်မှတ်ထိုးပြီး သပိတ်ကို ပြန်လှန်ပေးတော်မူပါ တပည့်တော်မှာ ရွေးချယ်စရာ လမ်းမရှိတော့ပါဘူးဘုရား။ ဒီကိစ္စကို ဗိုလ်ချုပ်ခင်ညွှန်ကိုယ်တိုင် ကိုင်နေတာ တပည့်တော်အနေနှင့် တာဝန်ပေးလာလို့ အရှင်ဘုရားကို ဖမ်းရတော့ပါမယ် ဘုရား" လို့လျှောက်တော့ တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ မှပြန်ပြီးမိန့်တော်မူတာက
" အံ့မောင် ငါဝိနည်းကို ဖျက်တာမဟုတ်ဘူး ၀ိနည်းနှင့် အညီလုပ်တာ၊ အမျိုးသာသာ သာသနာအတွက် ငါ့အနေနှင့်အလျှော့မပေးနိုင်ဘူး မင်းလုပ်ရမယ့် မင်းအလုပ်ကို မင်းဆက်သာလုပ်ပါ" လို့သာ သာသနာ့ အာဇာနည်ဆရာတော်ဘုရားကြီး မိန့်ခဲ့တာပါ။ ဒီစကားတွေကို ကျနော်ပြန်သိရတာလည်း အံ့သြမနေပါနဲ့။ ဦးအံ့မောင်နောက်မှာ ရုံးကိစ္စတွေ ကူလုပ်ပေးရတဲ့ သံဃာတွေရှိပါတယ်။ ဒီသံဃာတွေလည်း ဒီလို လျှို့ဝှက်ချက်တွေ အပြင်ကို ပေါက်ကြားလို့ ဆိုပြီး ထောင်ချလိုက်တာ အင်းစိန်ထောင် အမှတ်(၅) ဆောင်မှာ သီတင်းသုံးရတယ်။
ဦးအံမောင်ကိုယ်တိုင်ကလည်း ဘုန်းကြီးလူထွက်ဖြစ်ပြီး သူ့ရုံးခန်းမှာ တိပိဋကဓရ ဆရာတော်ကြီး ငါးပါးရဲ့ပုံတော်တွေ ချိတ်ထားပြီး နေ့စဉ်ကြည်ညိုနေတဲ့ လူတယောက်ဖြစ်သည့် အပြင် ဖမ်းဆီးရမယ့် တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ နှင့် ငယ်သူငယ်ချင်းလည်းဖြစ်တယ်လို့ သိရတယ်။ ဒီလောက်ဆိုရင်တော့ ဦးခင်ညွှန့် မှတ်မိလောက်မယ် ထင်ပါရဲ့။ ခေါ်လိုက်ပါ သာဓု သာဓု သာဓု လို့ သုံးကြိမ်တိတိ ခေါ်လိုက်ပါ။
တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခင်မှာ ပျံလွန်တော်မူရှာလေသည်။
(ဆရာတော်ကြီးအား ကျနော်မှားယွင်းပြီး သာသနာပိုင်ဆရာတော်ကြီးလို့ သုံးဆွဲထားမိပါသည်။ ခွင့်လွှတ်ပါရန်)
ထောင်တွင်း စိတ်ဓါတ်ဆင်ရေး
ထောင်တွင်း စိတ်ဓါတ် စစ်ဆင်ရေးအကြောင်းက ချန်ထားလို့ လုံးဝမဖြစ်ပါ။ ကျနော့်မှာ တာဝန်ကြီးပါသည်။ ကျနော်တို့တွေကို ထောင်ထဲမှာ အကျဉ်းချထားစဉ် အချိန်ကာလတွင်။ စစ်ထောက်လှမ်း အကြီးကဲဗိုလ်ချုပ်ခင်ညွှန့်သည် စိတ်ဓါတ် စစ်ဆင်ရေး ဖြင့် အတိုက်အခံများ အပေါ် ထိုးနှက် တိုက်ခိုက် ဖြိုခွင်းလေ့ရှိသည်ကို ကျနော်တို့တွေ လေ့လာသိရှိကြသည်။ စစ်ထောက်လှမ်းရေးများသည် တပ်ဆွယ်တခုထိုင်ပြီး အင်းစိန်ထောင် အုပ်ချုပ်ရေးတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သော ကိစ္စရပ်များတွင် တိုက်ရိုက်ကွပ်ကဲသည်။
ကျနော်တို့မှာ ခိုင်လုံသော သက်သေပြချက်များ ရှိသည်။ အကျဉ်းသားများ အချင်းချင်းကြားတွင် သတင်းပေးများဖြင့် ကျနော်တို့၏ နိုင်ငံရေး အမြင်များအား အမြဲကောက်ခံနေသည်ကို ကျနော်တို့ တွေ့ရှိရသည်။ ကျနော်တို့ကို ခင်ခင်မင်မင် လာရောက် ရောနှောပေါင်းသင်းသည့် စပိုင် အကျဉ်းသားက " အခုနေ လွတ်ပေးလိုက်ရင် ဘာတွေလုပ်ကြမလဲ" ဆိုတာမျိုးတွေ၊ "အခုညီလာခံကြီးခေါ်နေပြီ ဘယ်လိုသဘောရလဲ" "အကုန်လုံးအေးချမ်းတော့မှာ" "အကုန်လွှတ်ပေးတော့မှာ" "နိုင်ငံရေးက ပြီးတော့မှာပါ" ဆိုတဲ့ မေးခွန်းလိုလို၊ သတင်းလိုလိုဟာမျိုးတွေနဲ့ ၀ါဒဖြန့်သတင်းတွေယူလာပြီး ကျနော်တို့ထံမှာ စနည်းနာ ၀ါဒဖြန့်သည်။ ကျနော်တို့၏ အခြေအနေများကို အမြဲထောက်လှမ်းနေသည်။
ဒီလိုထောက်လှမ်းနေလို့လည်း န၀တ ညီလာခံကြီးစမည့် အကြိုကာလတွင် အင်းစိန်ထောင်တွင် စံပြအနေဖြင့် ကိုညီမွှေး၊ ကိုသန်းဆွေ၊ ကိုအောင်ရွှေ၊ ကိုသီဟ၊ ကိုခင်အောင်၊ ကိုမြင့်ထွန်းအောင်၊ ကိုဖိုးတုတ်၊ ကိုတင်ထွန်း၊ ကိုအောင်ထွန်း၊ ကိုမျိုးထွန်း နှင့် ကျနော် အပါဝင် နောက်ထပ် အမည်မေ့နေသူတဦးတို့အား ညသန်းခေါင်အချိန်တွင် အိပ်ဆောင်မှ ခေါင်းစွပ်များဖြင့် ခေါ်ထုက်ကာ စစ်ခွေးတိုက်ကို ညတွင်းချင်းပို့ပြီး အကြောင်းပြချက်မရှိ အပြစ်ဒဏ်ကျ အကျဉ်းသား အဖြစ်ချုပ်နှောင် အပြစ်ပေးသည်ကို နောက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသည်။
ဒီတော့ ဒီလိုကိစ္စတွေကို စစ်ထောက်လှမ်းရေးတွေ ကိုင်နေတာကို ကျနော်တို့ ကိုယ်တိုင်ခံစားရတဲ့ ကိုယ့်တွေ့တွေအရသိသလို အကျဉ်းဦးစီးဝန်ထမ်းတွေမှ ပြန်ပြီးရင်ဖွင့်တာတွေ ထွက်လာပါတယ်။ စစ်ထောက်လှမ်းရေးတွေ ၀င်တဲ့ရက်တွေ ဆိုရင် ထောင်ဝန်ထမ်းတွေက ထောင်ထဲ ပစ္စည်း ခိုးသွင်းလို့မရပါဘူး။ အဲဒါကို လမ်းကြောင်းပိတ်တယ်လို့ ခေါ်သည်။ အင်းစိန်ထောင်မှာ "နိုင်ငံတော်" လို့ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို လူတိုင်း မျှော်ပါသည်။ မှောင်ရိပ်ခိုမှုနှင့် ကျလာတဲ့ ထောင်သုံးလ ကျသူလည်း နိုင်ငံတော်ကို မျှော်သည်။ ဒီလိုမျှော်အောင်လည်း ၀န်ထမ်းတွေ အကျဉ်းသားအုပ်ချုပ်သူတွေထံမှာ ကောလဟာလတွေ ဖြန့်တယ်ဗျ။ အဲဒီကောလဟာလတွေက "ဂေါ်နိုက်စာရင်းတွေ တောင်းနေပြီ" "ထောက်လှမ်ရေးတွေက အပြင်မှာ ခန်းမတခုပြင်ဆင်နေပြီ" "လွတ်မယ့်အကျဉ်းသား မိသားစုကို ဆက်သွယ်ဖို့ အိမ်လိပ်စာတွေ စစ်နေပြီ" "ဘယ်နေ့အတွက် လွှတ်မယ်" "ဘယ်အစည်းအဝေး အတွက်လွှတ်မယ်" စသည်ဖြင့် သတင်းပေါင်းစုံကို ကြားနေရတယ်။  ဒါတွေကို ကျနော်တို့ လုံးဝ ခေါင်းထဲ မထည့်ပေမယ့် ရိုးရိုးသားသားနင့် ယုံကြည်သူတွေတော့ရှိသည်။ မိုးလင်းလို့ အိပ်ဆောင်ထချိန်မှာ အိပ်တဲ့နေရာက ထမလာတော့တဲ့ သူအချို့ အတွက် ကြားနေကြစကားအချို့က "လွတ်ကြောင်" (လွတ်ငြိမ်းချမ်းသားခွင့်ကိုမျော်သူ) ဖြစ်နေတာကြာပြီပဲတဲ့။ ဟုတ်ကဲ့ အင်းစိန်ထောင်က တကယ့် ဖြစ်ရပ်တွေပါ။
စိတ်ဓါတ်ဆင်ရေးနဲ့ ကိုရင်တင်မောင်
ကိုရင်လေးတပါးဟာ သက်တော်လည်းငယ် နယ်ဝေးကလည်း ဖြစ်ဆိုတော့ သူ့ခမြာ လွတ်ချင်ရှာလွန်းတော့  နိုင်ငံတော် မျှော်နေပါတယ်။ ကိုရင်လေးတင်မောင်က ရခိုင်မှ ကိုရင်လေး တပါးဖြစ်ပြီး၊ မျိုးချစ်စိတ်လည်း အင်မတန်မှ ပြင်းပြတော်မူတဲ့ ကိုရင်လေးပါ။ ရခိုင်လူမျိုးတွေ ရာဇ၀တ်မှုနဲ့ ထောင်ကျ လာသူများကိုပင် ကူညီပံ့ပိုးသူဖြစ်ပါတယ်။
နိုင်ငံတော်သတင်းများကြားရင်ဖြင့် အဲသည့် သတင်း ဟုတ်မဟုတ်၊  လိုက်မေးရ၊ သတင်းပါတ်သက်ပြီး သူ့ထင်မြင်ယူဆချက်တွေ လိုက်ပြောရ၊ သတင်းအပေါ် မျှော်လင့်ချက်တွေ ထားရနဲ့ မမောနိုင် မပန်းနိုင် လိုက်ပြောနေတဲ့ ကိုရင်လေး တင်မောင်ကို ကျနော်တို့တတွေက ဒါတွေကို စိတ်ထဲမှာ မထားဖို့၊ သက်သက်မဲ့ ကျနော်တို့တတွေကို မျှောင်လင့်ချက်တွေဖြစ်အောင်လုပ်ပြီး ဒုက္ခပေးနေတာမျိုးဖြစ်ကြောင်း သူနားလည်လွယ်နိုင်မယ့် စကားတွေနဲ့ ရှင်းပြပါတယ်။ ဒါပေမယ့်လည်း  သူကတော့ လွတ်ချင်စိတ်ကြောင့် ကျနော်တို့ ပြောတာကို မယုံကြည်ချင်ဘူး။ သူ့စိတ်က လက်မခံချင်ဘူး ဆိုပါတော့ဗျာ။
ကျနော်တို့ လျှောက်တင်တုန်းသာ အင်း... အင်း လုပ်လိုက်ပေမယ့် စိတ်ထဲမှာတော့ အဲသည့် အဆိပ်အတောက် ဝါဒဖြန့်မှုတွေကို အယုံကြီးယုံပြီး အမျှော်ကြီးကို မျှော်နေပါတော့တယ်။ လွတ်လပ်ရေးနေ့လား၊ ပြည်ထောင်စုနေ့လား၊ သင်္ကြန်ပြီးရင်ပဲ လွှတ်တော့မလိုလို၊ ဒီတခါ သတင်းကျွတ်က နောက်ဆုံးပဲဆိုတာမျိုး၊ နှစ်သစ်ကူးရင် ထွက်ရတော့မယ်...စတဲ့ ဦးခင်ညွန့်ရဲ့ စိတ်ဓါတ်စိတ်ဆင်ရေး ဝဲဂယက်ညွှတ်ကွင်းထဲမှာ ကိုရင်လေးခမြာ စိတ်ရောကိုယ်ပါ လိုက်ပါ ကူးခတ်ရင်းနဲ့ အချိန်တွေကြာလာတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာပါတော့တယ်။
သိတဲ့အတိုင်းပဲ ထောင်မှာဆိုတာက  ရောဂါဘယလည်း အင်မတန်မှ ထူပြောတဲ့အပြင် ကျွေးတဲ့ အစာအစားကလည်း တိရစ္ဆာန်တောင် မစားချင်တဲ့ဟာမျိုးဆိုတော့ အဟာရရှိဖို့ ဆိုတာ ဝေလာဝေးပေါ့။
ကူးစက်ရောဂါတွေကလည်း ထောင်တွင်းလေထုထဲမှာ မမြင်ရရုံတမယ်ပဲရှိတော့တယ်။  ထောင်ဆရာဝန်ပြဖို့ဆိုတာ ကျနော်တို့ နိုင်ငံရေးအမှုတွေအတွက် မစဉ်းစားချင်တဲ့ ကိစ္စပါ။ နောက်မှ ထောင်ဆေးဝါးကုသပုံကို အသေးစိတ်ပြောအုန်းပါမယ်။ ကိုရင်တင်မောင် ကိစ္စပြန်ဆက်ရအောင်။
ဒီလိုနဲ့  အခါကြီးရက်ကြီးတွေဆို နိုင်ငံတော်မျှော်တဲ့ ကိုရင်လေးတင်မောင်ဟာ စိတ်ထောင်းပြီး တရှောင်ရှောင်ဖြစ်လာပါတော့တယ်။ ကျနော်တို့လည်း မကြာခဏ ဖြောင်းဖြောင်းဖြဖြ လျှောက်ကြပေမယ့်  သူ့စိတ်တွင်းကို ချေဖျက်ပေးနိုင်တဲ့ အနေထားကိုရောက်မလာပါဘူး။ ဆရာတော်ကြီးတွေလည်း မိန့်တော်မူတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ကိုရင်တင်မောင် တပါး ချုချာလွန်းမက ချုချာလာတော့ ထောင်ဆေးရုံကို ရောက်သွားပါတော့တယ်။
ထောင်ဆေးရုံရောက်ပြီး သိပ်မကြာပါဘူး ကိုရင်လေးတင်မောင် ပျံလွန်တော်မူရှာလေတယ်။ စာဖတ်သူတို့တော့ ဘယ်လိုခံစားရမလဲ မသိဘူး။ ကျနော်တော့ အခုချိန်ထိ အသည်းနာတယ်။  အဲဒီအချိန်တုန်းကလည်း တော်တော်နာတယ်။ လူတွေကို ထောင်ချ၊ ခန္ဓာကိုယ်တွေကို နှိပ်စက်ညှင်းပမ်း ရုံမကဘူး၊  စိတ်တွေကိုပါ ညှင်းစဲပြီး သတ်ဖြတ်တတ်တဲ့ သူတို့ စစ်ထောက်လှမ်းရေး ဆိုတဲ့ အဖွဲ့အစည်းကို ပြောစရာ စကား၊ သုံးစရာ စကားလုံး မရှိတော့ဘူး။
ကိုရင်တင်မောင် ကိစ္စ ဘာသာရေးအရကြည့်ရင် ကံကုန်လို့ ပျံလွန်တော်မူရှာတာ ဖြေလို့ရပေမယ့်လည်း ရိုးသားတဲ့ ကိုရင်လေးတပါး စစ်ထောက်လှမ်းလို အဖွဲ့အစည်းရဲ့ ယုတ်မာတဲ့ စိတ်ဓါတ်စစ်ဆင်ရေးကြောင့် စိတ်ထောင်းလို့ ကိုယ်ကျေဖြစ်ပြီး ပျံလွန်တော်မူရတာကို ကျနော် စာဖတ်သူတို့ မြင်ရအောင် မရေးပြတတ်ဘူး။
(ကိုရင်တင်မောင် ပျံလွန်တော်မူသည့် ရက်လကို အတိကျဖေါ်ပြနိုင်အောင် အမှတ်မရသည့်ကျနော်ကို ခွင့်လွှတ်ပါ)
ကျနော်သိတာ ရိုးသားတဲ့ ရခိုင်ကိုရင်လေးတပါး လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ သတင်းလိမ်တွေ ကို မျှော်လင့်ပြီး ဘကြီးအောင် ညာတယ်ဆိုတဲ့ ပုံပြင်ထဲကလို မျှော်လင့်ချက်ကလေးအတိုင်း ဖြစ်မလာတော့ တိမ်းပါးသွားရတာပါပဲ။ တကယ်တော့ အဲဒီအချိန်ဟာ မြန်မာနိုင်ငံတခုလုံး ဗိုလ်ချုပ်ခင်ညွှန့်ရဲ့  ထိန်းချုပ်မှုအောက်မှာ ပြားပြားဝပ်နေတဲ့ (ငြိမ်ဝပ်ပိပြားရေးခေတ်)  ၁၉၉၂- ၁၉၉၃ ခုနှစ်အချိန်ပါပဲ။ ၁၉၉၃ ခုနှစ်မှာ သဘောထားရေးရာ အရမေးခွန်းတွေ စစ်ထောက်လှမ်းရေးက မေးပြီးလက်မှတ်ခံဝန်ထိုးကာ အချို့ကိုတော့ လွှတ်ပေးတာရှိပါတယ်။
ကိုရင်တင်မောင် တပါးမှာတော့ဖြင့် သူချစ်လှတဲ့ ရခိုင်လူမျိုးများ၊ သူချစ်လှတဲ့ ဆရာတော်ကြီးတွေနဲ့ ကျနော်တို့ကို အပြီးပိုင်စွန့်ခွာသွားလေပြီ။ ဘုရားဟောအတိုင်း မင်းဆိုးမင်းညစ်ကို သံဃာကံဆောင်တော်မူသည့် ဘုရားသားတော် ကိုရင်လေး တင်မောင် အတွက် ဂုဏ်ယူလိုက် ပါသည်။
--------------------------------------------------------------
ဦးခင်ညွှန့်ကို သင်ပုန်းချေမှု မချေမှုနဲ့ ကျနော်တင်ပြတာတွေနှင့် မဆိုင်ပါဘူး။ သင်ပုန်းချေနိုင်သူကို မအံ့သြသလို မကျေနပ်သူကိုလည်း အပြစ်မတင်ပါ။ သို့သော် သမိုင်းမှာ ရှိခဲ့တဲ့ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်ထားပြီး လက်ချင်းချိတ်ရမည်ဆိုသည့် မည်သည့်လူမျိုး၏ စိတ်ထားကိုမှ မျှတသည်ဟု ကျနော်မမြင်ပါ။ သန်း(၅၀)ကျော် ပြည်သူတွေ၏ မျက်ရည်၊ သားပျောက်အမေ သားပျောက်အဖေတို့၏ ပူဆွေးသောကမီးတွေ။ အမေ အဖေပျောက်တဲ့ သားသမီးတွေ၊ ရဟန်း မယ်တော် ခမည်းတော်တွေ၏  ဆုံးရှုံးမှုတွေ ကိုတော့ စကားလုံးလှလှပြောတက်တဲ့ ပါးစပ်က စကားလုံးတွေနှင့် အလွဲသုံးစား ပျက်ရယ်မပြုကြပါနှင့်လို့ တော့ ပြောလိုက်ချင်ပါရဲ့ဗျာ.....
ရဲမင်းထွန်း
------------------------------------
အချက်အလက်တွေအတွက် အမှတ်သုံးဆောင်မှ ဘွဲ့တော်ဖေါ်ခွင့်မရသည့် သံဃာတော်အရှင်သူမြတ်များ။ အမည်ဖေါ်ခွင့်မရသည့် ညီအကိုတော်များ နှင့်တကွ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးပညာဇောတ၏ မိန့်တော်မူချက်များ။ ကိုစည်သူဝင်း(နယူးယောက်) တို့အားကျေးဇူးတင်ရှိပါသည်။

အာရှ စီးပွားရေးမျက်နှာစာ မြန်မာ ရောက်နိုင်



သတင်း(လင်းသန့်)


မြန်မာနိုင်ငံသည် လာမည့် နှစ်အနည်းငယ် အတွင်း အာရှတိုက်၏ စီးပွားရေး မျက်နှာစာတွင် ရောက်ရှိလာ နိုင်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင် မြို့ Payap University ကစီးပွားရေး ပညာရှင် ဒေါက်တာ သိန်းဆွေက ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးရေးဆိုင်ရာ စွမ်းဆောင်ရည်တွေရှိပြီး အာရှမှာ မြန်မာဟာ နောက်ထပ် ထိပ်တန်း စီးပွားရေးမျက်နှာစာကို ရောက်လာနိုင်တယ်”ဟု ဒေါက်တာသိန်းဆွေက ဆိုသည်။

ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ချင်းမိုင် တက္ကသိုလ်တွင်ကျင်းပ ရာ ဦး ဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် ဒေါက်တာ သိန်းဆွေက ထို့ကဲ့သို့ ပြောခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်ကြောင်း၊ လူကြောင့်သာ ဆင်းရဲနေကြောင်းနှင့် သယံဇာတကျိန်စာသင့် နေသည် ဟု ဆိုသော ယခင်အစိုးရအဆက်ဆက် သယံဇာတကိုသာရောင်းချပြီး တိုင်းပြည်ဝင်ငွေရရေး အားကိုးခဲ့ပုံ၊ ရင်းနှီးမြုပ်နှံမှုအခြေအနေ၊ မြန်မာနှင့် အာဆီယံ ဒေသတွင်း တရုတ်နိုင်ငံ၏ အခန်းကဏ္ဍ စသဖြင့် နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုအခြေ အနေများကိုလည်း ထည့် သွင်းဆွေးနွေးသည်။

တရုတ်၊ ထိုင်းနှင့် စင်္ကာပူတို့သည် အဓိက မြန်မာတွင် ရင်းနှီးမြုပ်နှံသူများ ဖြစ်ပြီး အဓိကအားဖြင့် ရေနံ၊ သဘာဝ ဓာတ် ငွေ့၊ ရေအား လျှပ် စစ်၊ အထည်ချုပ်၊ သတ္တုမိုင်းလုပ်ငန်းနှင့် နိုင်ငံခြား ခရီးသွား လုပ်ငန်းများ လုပ်ကိုင်ကြောင်း၊ပြုပြင် ပြောင်းလဲ မှုများ လုပ်ဆောင် လာ မှု ကြောင့်လည်း ရင်းနှီးမြုပ်နှံလိုသူများ တိုးပွားလာကြောင်း ဒေါက်တာ သိန်းဆွေက ဆိုသည်။

သို့သော် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အားကောင်းခိုင်မာသည့် ဥပဒေများ ပြန်ဌာန်းသွားရန် လုပ်ဆောင်ရမည် ဖြစ်ပြီး တရား ဥပဒေ စိုးမိုးရေး ဖြစ်စဉ် အရေးကြီးကြောင်း၊ ရုပ်ပိုင်း အခြေခံ အဆောက်အအုံ ကျယ်ပြန့်စွာတည်ဆောက် ရေး၊ ဘဏ်စနစ် ခိုင်မာမှု ပါဝင်သည့်၊ ဘဏ္ဍာငွေကြေးဆိုင်ရာ အာမခံနိုင်သည့် အခင်းအကျင်းမျာသည် အရေးကြီးကြောင်း သူက ပြောသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးနှင့်ပတ်သက်၍ လက်ရှိ စနစ်တွင် လိုအပ်ချက်များရှိနေသေးပြီး လာဘ်ပေးလာဘ်ယူ မှုများ တိုက်ဖျက် ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းထား ကိစ္စ၊ အခွန်ဆိုင်ရာကိစ္စ စသည်တို့သည် စိန်ခေါ်မှုများအဖြစ် ရှိနေသေးကြောင်း ဒေါက်တာ သိန်း ဆွေ က ထောက်ပြသည်။

မတ်လ ၁ ရက်က အစိုးရသက်တမ်း တနှစ်ပြည့် ပြောကြားသော သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းတွင်“ကျနော်တို့အစိုးရ လက် ထက် မှာ နိုင် ငံတော် အခြေအနေနဲ့ ကိုက်ညီတဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင် မက်ခရို စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ရေတိုရေရှည် လုပ်ငန်းစဉ်တွေချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက် နေတာပဲ ဖြစ်ပါတယ်”ဟု ထည့်သွင်း ပြောဆိုထားသည်။

အစိုးရသစ်က ယခင် အမေရိကန် ၁ ဒေါ်လာ ၆ ကျပ် ပြား ၄၀ နှင့် နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် နိုင်ငံခြားငွေလဲလှယ်မှု နှုန်း ထားကို လာမည့် ဧပြီ ၁ ရက်နေ့မှ စတင်ကာ နှုန်းရှင်အဖြစ် သတ်မှတ်ပြောင်းလဲမည်ဖြစ်ကြောင်း၊ အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၈၀၀ ၀န်း ကျင် ထိန်းသိမ်းထားနိုင်ရန် နည်းလမ်းများ ရှာဖွေနေကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုသို့ စီးပွားရေး တိုးတက်ပြောင်းလဲနိုင်ရန် နိုင်ငံ တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်ကြောင်း လေ့လာသူများကလည်းပြောဆိုကြ သည်။

ဆွေးနွေးပွဲ၌ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် Burma Partnership အဖွဲ့မှ မခင်ဥမ္မာက ပြုပြင်ပြောင်းလဲမှုများသည် အောက်ခြေ အ ဆင့်အထိ သက်ရောက်မှု မရှိသေးကြောင်း၊ တိုင်းရင်းသား ဒေသများတွင် ယခုအထိ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေပုံနှင့် စစ်ပွဲများ ဖြစ်နေကြောင်း၊ လက်တွေ့ အပြောင်းအလဲ တခုလုံးအတွက် လိုအပ်နေသည့် အဓိက အချက် ၃ ချက် ကို ထောက်ပြ ပြောဆိုသည်။

“ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို အသိအမှတ်ပြုပြီး ခြွင်းချက်မဲ့ လွှတ်ပေးဖို့လိုတယ်။ နိုင်ငံလုံး ဆိုင်ရာ ကျယ် ကျယ်ပြန့်ပြန် ငြိမ်းချမ်းရေး ရဖို့ အတွက် လုပ်ဆောင်ဖို့လိုတယ်။ အဓိပ္ပာယ်ပြည့်ဝပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုကို လွှတ်တော်ပြင်ပက လုပ်ဆောင်ဖို့လိုတယ်”ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံအခြေဆိုက် ဗဟု အဖွဲ့မှ ဦးအောင်နိုင်ဦးကလည်း ၁ နှစ်တာ အတွင်း မြန်မာ့ ပြောင်းလဲမှုသည် မြန်ဆန်ကြောင်း၊ အပေါ်ယံဟု မယူဆကြောင်း ပြောဆိုသည်။

“ကျနော်တို့မှာ ဥပဒေချမှတ်လိုက်ပေမယ့် ချက်ချင်း အလုပ်မဖြစ်တာတွေ ရှိတယ်။ ဖွဲ့စည်းပုံက ပေးထားပေမယ့် ဖွဲ့ စည်းပုံက ဟာကို လုပ် ရ မှန်းမသိတာတို့၊ မလုပ်တတ်တာတို့ မလုပ်ရဲတာတို့ စတဲ့အရင်က စနစ်တွေက ရှိနေသေးတယ် လေ။ ကျနော်တို့ နိုင်ငံ ပြောင်းလဲဖို့က အနည်းဆုံး အနှစ် ၂၀ လောက်ကြာမယ်”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

The Nation သတင်းစာမှ Mr. Supalak ကလည်း မခင်ဥမ္မာ ဆွေးနွေးချက်များကို ထောက်ခံလိုက်ပြီး ၄င်း၏ မြန်မာ ခရီးစဉ် အသစ်တွင် ပြောင်းလဲမှုဆိုင်ရာ တချို့ကို သတိထားမိခဲ့ပုံနှင့် ထိုင်းနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ပြုပြင်ပြောင်းလဲမှုဆိုင်ရာများကို လေ့လာ သင်္ခန်း စာယူနိုင်ရေး ဆွေးနွေးတင်ပြသွားသည်။

အဆိုပါ Burma Now Assessing the Reforms အမည်ရ ဆွေးနွေးပွဲတွင် Reforms in Burma: Overview of New Political and Economic Dynamics ခေါင်းစဉ်ဖြင့် ဒေါက်တာ သိန်းဆွေ က ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ကျန်လူများ ဖြစ်သော ဦးအောင်နိုင်ဦးက An Exile’s Personal Interpretation of Burma’s Reforms Upon Returning Home ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်ဥမ္မာက Examining Changes in Burma from an Activist’s Perspective ခေါင်းစဉ် ဖြင့် လည်း ကောင်း၊ The Nation သတင်းစာမှ Mr Supalak Ganjanakhundee Implications of Burma’s Reforms for Thailand and the Region ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးသွားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တက်ရောက်သူ ၈၀ ခန့်ရှိပြီး အများစုမှာ အနောက်နိုင်ငံများနှင့် ထိုင်းနိုင်ငံတို့မှ စိတ်ဝင်စားသူများဖြစ်သည်။

ဒီမိုကရေစီခေတ် တကယ်ဖြစ်ချင်ရင် (လူထုစိန်ဝင်း)


 
ပါလီမန်တို့၊ ရွေးကောက်ပွဲတို့ ဆိုတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ လုံးလုံးကြီး အဆက်ပြတ်သွားတာ နှစ်ပေါင်းငါးဆယ်ကျော်ရှိပြီဖြစ်လေ တော့ ဒီနေ့အသက်ခြောက်ဆယ်တန်း ရောက်နေသူတွေတောင် ကြားဖူး နားဝ သိနေတာတွေပဲရှိလိမ့်မယ်။ သေသေချာချာ ရေရေရာရာသိကြမှာ မဟုတ်ဘူး။

လိမ်လို့လိမ်မှန်းမသိ
စာလေးပေလေးဖတ်ရကောင်း မှန်းသိလို့ အတန်အသင့်သိနေတယ် ဆိုလည်း မလုံလောက်ဘူး။ ကိုယ်တွေ့ မျက်မြင် ကြုံတွေ့ရတာလောက်တော့ ဘယ်ဟာမှ မပြည့်စုံဘူး။ ဒါပေမဲ့ လုံးလုံးမသိတာထက်တော့ အများကြီး သာတယ်။ ဒါကြောင့် စာတော့ အချိန် ရသလောက် ဖတ်နေသင့်တယ်။ စာမဖတ်ရင် လိမ်လို့လိမ်မှန်းမသိ၊ ညာလို့ညာမှန်း မသိဖြစ်တတ်တယ်။ အထူးသဖြင့် အခုလို သမိုင်းလှည်းဘီး တစ်ပတ်ပြန်လည်လာချိန်မှာ ရှေးက အလိမ်ခံခဲ့ရတာတွေကို သိထားဖို့ ပိုလိုအပ်တယ်။ ဘာ့ကြောင့်လဲဆို တော့ သမိုင်းဖြစ်စဉ်တွေဟာ ထပ်ခါ တလဲလဲ တစ်ကျော့ပြီး တစ်ကျော့ ပြန်ပြန်ဖြစ်တတ်တဲ့ သဘောရှိလို့ပဲ။

နားဝေတိမ်တောင်
ဆရာကြီးဒေါက်တာသန်းထွန်း ကတော့ ပညာရှင်ပီသစွာ လိုရင်းကို ““ဒက်””ခနဲ ပြောလိုက်တယ်။ ““သမိုင်း သင်တာ မအအောင်””လို့တဲ့။ တစ်ခွန်း တည်းပဲ။ ဒါပေမဲ့ အဓိပ်္ပာယ်အများကြီး ထွက်တယ်။ အရင်လိမ်လို့ လိမ်မှန်း မသိ၊ ညာလို့ညာမှန်းမသိဖြစ်ပြီး ““နားဝေတိမ်တောင်””နဲ့ ခဏခဏ မလိမ်ခံရတယ်။ လိမ်မှန်းမသိလို့ လိမ်တိုင်းခံတာတွေ သိပ်များလာတဲ့ အခါကျတော့ လိမ်တဲ့သူတွေက ကိုယ့်ကို လူလို့သဘောထားပြီး လိမ် ပြောဖို့တောင် ကြိုးစားမနေတော့ဘဲ သူလုပ်ချင်တာကို ပြောင်ပြောင် တင်းတင်းပဲ လုပ်ချတော့တယ်။ ဒီလိုနဲ့ ပဲ လစ်ဗျားက ကဒတ်ဖီလို၊ ဆီးရီးယား က အာဆတ်လို၊ အီရတ်က ဆက်ဒမ် ဟူစိန်လို အာဏာရှင်တွေ ပေါ်ပေါက် လာခဲ့တာဖြစ်တယ်။

လူတိုင်းစာတတ်မြောက်ဖို့လို
အဲဒီနိုင်ငံတွေမှာ စာမတတ်သူ ဦးရေလည်း အတော်များတယ်။ အထူးသဖြင့် အမျိုးသမီး စာမတတ် သူတွေများတယ်။ ဒါကြောင့် အာဏာ ရှင်တွေ သက်ဆိုးရှည်ခဲ့ကြတယ်။ ဒီမိုကရေစီစနစ်ထူထောင်မယ်ဆိုရင် နိုင်ငံသားတိုင်း စာတတ်မြောက်ရေး ကို မဖြစ်မနေလုပ်ဆောင်ကြရတယ်။ ဒီမိုကရေစီစနစ်ဆိုတာ နိုင်ငံသားတွေ ကိုယ်တိုင် နိုင်ငံရေးမှာ ပါဝင်ဆောင် ရွက်ခြင်းဖြစ်တယ်။ ဘုရင်တွေ၊ အာဏာရှင်တွေက ရာဇပလ်္လင်ကြီး တွေမှာထိုင်ပြီး တိုင်းသူပြည်သားတွေ ကို ကျေးကျွန်တွေလို တစ်ချက်လွှတ် အမိန့် အာဏာနဲ့အုပ်ချုပ်တာမဟုတ် ဘူး။ တိုင်းသူပြည်သားတွေက သူတို့ ရဲ့ ကိုယ်စားလှယ်တွေကို သူတို့ စိတ်ကြိုက်ဆန်္ဒပေး ရွေးချယ်ပြီး အဲဒီ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပြည်သူ့ လွှတ်တော်က တစ်ဆင့် တိုင်းရေး ပြည်မှုကိစ်္စမှန်သမျှကို ဆောင်ရွက်တာ ဖြစ်တယ်။

ဒီမိုကရေစီရဲ့သော့ချက်
လူမှန်နေရာမှန်ကို ရွေးချယ်ခြင်း ဟာ ဒီမိုကရေစီရဲ့ သော့ချက်ဖြစ် တယ်။ အဲဒီလို ရွေးတတ်ဖို့၊ လူကို အကဲခတ်တတ်ဖို့ဆိုတာ စာတတ်ရုံနဲ့ တင် မရဘူး။ စာများများ ဖတ်ထားဖို့ လိုတယ်။ ကိုယ်စားလှယ်အဖြစ် အရွေးခံမယ့်သူတို့၊ နိုင်ငံရေးပါတီတို့ ဆိုတာက ထုံးစံအတိုင်း တိုင်းပြည် တိုးတက်အောင် ဘာလုပ်မယ်၊ ညာ လုပ်မယ် ပြောကြတာချည်းပဲ။ အဲဒီ တော့ သေသေချာချာ ဆန်းစစ်ဝေဖန် ပြီး အရွေးမမှားဖို့အတွက် အဲဒီလူတွေ နဲ့ အဲဒီပါတီတွေအကြောင်း ကောင်း ကောင်းသိထားဖို့ လိုတယ်။ သူတို့ ဘာတွေပြောတယ်ဆိုတာထက် သူတို့ ဘာတွေလုပ်ခဲ့တယ်၊ လုပ်နေတယ် ဆိုတာကို ဆန်းစစ်ရတယ်။ စာဖတ် မထားရင် ဒါတွေ ဘာမှမသိနိုင်ဘူး။

မီးမရှိ မီးခိုးမရှိ
လတ်တလောကိစ်္စလေးတွေကို ကြည့်ရုံနဲ့လည်း မလုံလောက်သေး ဘူး။ သမိုင်းဟာသူ့အလိုလို တစ်ကျော့ ပြန်လည်လာတတ်တယ်ဆိုတဲ့ စကား အတိုင်း လူ့သမိုင်းဖြစ်ရပ်တွေ ထပ်ခါ ထပ်ခါဖြစ်တတ်တဲ့ သဘောကို နားလည်ထားဖို့လည်း လိုတယ်။ အကြောင်းအရာတစ်ခု၊ ကိစ်္စတစ်ခုကို ဆန်းစစ်တဲ့အခါမှာ ဘာ့ကြောင့် ဖြစ်လာရတယ်ဆိုတဲ့အကြောင်း ရင်းဇာစ်မြစ်ကို ရှာကြည့်ရတယ်။ မီး မရှိဘဲနဲ့ မီးခိုးမရှိနိုင်ဘူးဆိုတဲ့ ကျိုး ကြောင်းဆက်စပ်မှု သဘောတရားကို အခြေခံပြီး ဆန်းစစ်မှ အမှန်ကို သိနိုင် တယ်။ ဒီလိုသိမှ လူမှန်နေရာမှန် ဖြစ်အောင် ရွေးချယ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် အတိတ်သမိုင်းကို မေ့ပစ်လို့ မရဘူး၊ ဖျောက်ပစ်လို့မရဘူး။ အတိတ်ကြောင့် ပစ်္စုပ်္ပန်ဖြစ်လာတယ်။ ပစ်္စုပ်္ပန်ကအနာဂတ်ကို ဖန်တီးမှာ ဖြစ်တယ်။

ဖွင့်ပြီးပျောက်သွားတာမဖြစ်ရအောင်
လူတွေကို စာတတ်အောင် အရင်ဆုံးလုပ်ရမယ်။ ပြီးတော့ စာဖတ် အောင် အမြဲနှိုးဆော်နေရမယ်။ ကျောင်းသားတွေရော ပြည်သူလူထုပါ စာဖတ်ချိန်ရအောင်လည်း လုပ်ပေး ရမယ်။ နောက်ပြီး လူတွေစာအုပ် ၀ယ်ဖတ်နိုင်အောင်လည်း မဖြစ်မနေ လုပ်ဆောင်ပေးဖို့လိုတယ်။ စာတတ်ပြီး စာမဖတ်သူတွေများနေတာ မကောင်း ဘူး။ ကျောင်းတိုင်း၊ ရပ်ကွက်တိုင်းမှာ စာကြည့်တိုက်တွေရှိသင့်တယ်။ ရှိတယ်ဆိုရုံရှိနေတာမျိုး ပြောတာ မဟုတ်ဘူး။ စာအုပ်တွေရော၊ စာဖတ် သူတွေပါ အမြဲတမ်းစည်ကားနေတဲ့ တကယ့်စာကြည့်တိုက်ကိုပြောတာ။ ဖွင့်ပြီး သုံးလမကြာခင်ပျောက်သွား တာမျိုး မဖြစ်အောင်လည်း ထိန်းသိမ်း တတ်ဖို့လိုတယ်။ တိုင်းသူပြည်သား တွေ စာများများဖတ်မှ လူမှန်နေရာ မှန် ရွေးပေးတတ်မှာပါ။ ဒါကြောင့် ဒီမိုကရေစီခေတ် တကယ်ဖြစ်ချင်ရင် စာဖတ်သူတွေများလာအောင် မဖြစ် မနေလုပ်ကြဖို့ လိုတယ်လို့ သတိပေး နှိုးဆော်လိုက်ချင်ပါတယ်။ 

မဂ္ဂဇင်းထွက်ရင် ငါ့ဆီအရင်ပို့ပေး -ဦးသိန်းစိန် (ရုပ်သံ)


january လကုန်လောက်ကပြည်ပ ဓါတ်ပုံ သတင်းထောက်တဦးက သမ္မတဦးသိန်းစိန်ကို ဓါတ်ပုံရိုက်ယူစဉ်
မှတ်တမ်း ဗီဒီယို ကိုပြန်လည်ဖေါ်ပြလိုက်ပါတယ်။
သတင်းအကြောင်းအရာကို မူယင်းအတိုင်းအောက်တွင်ဖေါ်ပြထားပါတယ်။

 
On 30 January, 2012, The Straits Times interviewed Myanmar President Thein Sein, at the Shangri-la Hotel in Singapore.
Besides taking shots during the interview, Straits Times photojournalist Desmond Lim also wanted to make a portrait of Thein Sein.
With the help of photojournalists Samuel He and Lim Wui Liang, he set up a backdrop and three lights, an hour before the interview began.
The Myanmese officials did not agree to the shoot initially, but agreed after some negotiations.
The aim was to photograph Thein Sein after the interview and make two different portraits - as quickly as possible. Samuel will hold up the beauty dish in front of the president, while Wui Liang would shift the light for the second portrait.
This video shows the what happened the moment Thein Sein emerged from the interview session, and the photographs that were made during those 90 seconds.

ဝန်ကြီးဌာန အဂတိလိုက်စားမှုများ ပြည်သူ့လွှတ်တော် စစ်ဆေးတွေ့ရှိ

ပြန်ကြားရေးဝန်ကြီးဌာန အပါအ၀င် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနတွေက ကျပ်သိန်းပေါင်း ထောင်ချီပြီး ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိထားကြောင်း မတ်လ ၈ ရက်ထုတ် The Voice Weekly သတင်း ဂျာနယ်က ရေးသားဖော်ပြလိုက်ပါတယ်။
RFA
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး တက်ရောက်နေကြသူများကို တွေ့ရစဉ်။ (ဓါတ်ပုံ - RFA)
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို ပေးပို့တဲ့ အစီအရင်ခံစာမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာဆည်မြောင်းနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန၊ အမှတ် ၁ နဲ့ ၂ စက်မှုဝန်ကြီးဌာနများရဲ့ ငွေကြေး အလွဲသုံးစားလုပ်မှုတွေနဲ့ ငွေစာရင်း မမှန်မကန်ဖော်ပြမှုတွေအကြောင်း ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာ ရောင်းရငွေ ကျပ်သိန်းပေါင်း ၂ ထောင့် ၅ ရာကျော် ငွေစာရင်း မသွင်းဘဲ အလွဲသုံးစား လုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိရပြီး ကျပ်သိန်း ၁ ထောင့် ၅ ရာကျော်သာ ပြန်ရခဲ့တယ်လို့ဆိုပါတယ်။
အမှတ် ၁ စက်မှုဝန်ကြီးဌာန အလွဲသုံးစားလုပ်မှုတွေမှာ မီးထိုးဆီ ဂါလံ ၂ သိန်းကို ချောက်ရေနံချက်စက်ရုံက ထုတ်ယူပြီး ပြင်ပလက်လွှဲရောင်းချခြင်း၊ မုံရွာကြေးနီစီမံကိန်း အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ဒေါ်လာ သန်း ၁၀၀ နဲ့ ဦးပိုင်လီမိတက်ကို ရောင်းချရာမှာ ဦးပိုင်လိမိတက် ကုမ္ပဏီကပေးရမယ့်အစား နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးခဲ့ခြင်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တွေ့ဆုံ မေးမြန်းပြီး ပြည်သူ့လွှတ်တော်ကို တင်ပြသွားဖို့ရှိတယ်လို့ လွှတ်တော် ငွေစာရင်းကော်မတီဝင် တစ်ဦးက ပြောကြားတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
RFA