မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မေလ ၁၁
ရက်နေ့ က NLD ပုဇွန်တောင်မြို့နယ်ရုံးခန်း ဖွင့်ပွဲအခမ်းအနား၌
မိန့်ခွန်းပြောနေစဉ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ (၁၄) ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံးချုပ်မှာ မိန့်ခွန်းပြောကြားမယ်လို့ ILO ညွှန်ကြားရေးမှူးချုပ် Juan Somavia က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ် (၂၀) ကျော်အတွင်း ပထမဆုံး ပြည်ပခရီးအဖြစ် ဇွန်လမှာ ဥရောပကို ထွက်ခွာမှာ ဖြစ်ပါတယ်။