Friday, February 3, 2012

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်နှင့်တိုက်ဆိုင်ပြီး တက္ကသိုလ် စာမေးပွဲ အချိန်စာရင်း ရုတ်တရက် ကြေညာ

လာမည့် ဖေဖေါ်ဝါရီ ၇ ရက်နေ့တွင် ပုသိမ်မြို့သို့သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် တိုက်ဆိုင်၍ ပုသိမ်တက္ကသိုလ်တွင် အထူးပြုဘာသာရပ်အားလုံး စာမေးပွဲဖြေဆိုရန် ယမန်နေ့က ရုတ်တရက်ကြေညာခဲ့ကြောင်း ပုသိမ်တက္ကသိုလ်ကျောင်းသားများက ပြောသည်။

ထိုသို့စာမေးပွဲကို ရုတ်တရက်ကြေညာလိုက်ခြင်းသည် ပုသိမ်မြို့သို့ ဖေဖေါ်ဝါရီလ ၇ ရက်နေ့တွင်လာရောက်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြိုဆိုလိုက်ပါခြင်း မပြုနိုင်အောင် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်မည်ဟု တက္ကသိုလ်ကျောင်းသားနှင့် ဆရာများအချို့က မှတ်ချက်ချပြောဆိုကြသည်။

 
ပုသိမ်တက္ကသိုလ်

ဥပဒေ ဒုတိယနှစ်ကျောင်းသူတဦးက “ဒေါ်စုလာမှာမို့လို့ သူတို့ကျောင်းမှာ မဖြစ်မနေရှိနေအောင်လုပ်တာ၊ ၆ ရက်နေ့ဆိုရင်လည်း မနက် ၈နာရီခွဲကတည်းက ပြည်နယ်ဝန်ကြီးချုပ်လည်း တက္ကသိုလ်ထဲလာမယ်၊ ဘာသာရပ်တခုကို လူ ၅၀ တက်ရမယ်၊ မပါတဲ့သူလည်း ကျောင်းဝင်းထဲမှာရှိရမယ်လို့ ပြောထားတယ်” ဟုပြောသည်။

 “အဲဒီနေ့ စာမေးပွဲရှိတယ်လို့ မကြားမိဘူး၊ ၂ ရက်နေ့ နေ့ခင်းပိုင်းလောက်မှ ဆရာမက စာမေးပွဲရှိတာကိုလာပြောတာ၊ ကျောင်းသားကျောင်းသူတွေက စာမေးပွဲတွက် ဘာမှ မပြင်ထားတော့ ဖြေနိုင်မှာမဟုတ်ကြောင်းပြောတယ်၊ ဒါပေမယ့် မဖြေနိုင်လည်း စာမေးပွဲခန်းထဲ ထိုင်နေရုံနဲ့ အမှတ်ရမယ်ပြောတယ် ” ဟု အင်္ဂလိပ်စာ တတိယနှစ် ကျောင်းသူတဦးကလည်း YPI သို့ပြောသည်။

စာမေးပွဲကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်း ဘာသာရပ်အားလုံး တရက်ထည်းနှင့် အပြီးဖြေဆိုရန် အချိန်စာရင်းထုတ်ပြန်ထားကြောင်းလည်း တက္ကသိုလ်ကျောင်းသားများက ပြောသည်။

”ဒီစာမေးပွဲကိုဝင်မဖြေရင် ကျောင်းခေါ်ချိန်မပြည့်ဘူးလို့ သတ်မှတ်ပြီး ပထမနှစ်ဝက်စာစာမေးပွဲရော ဒုတိယနှစ်ဝက် စာမေးပွဲပါဖြေဆိုခွင့်မရှိဘူးလို့ ကျောင်းမှာ သတိပေးထားတယ်” ဟု ဒုတိယနှစ် ဥပဒေ ကျောင်းသားတစ်ဦးက ပြောသည်။

ဖေဖေါ်ဝါရီလအတွင်း ယခုကဲ့သို့ စာမေးပွဲကျင်းပသည်မှာ ပုသိမ်တက္ကသိုလ်တွင် ယခင်တခါမှ မကြုံဖူးသေးကြောင်းကိုလည်း တက္ကသိုလ်ဆရာ၊ ဆရာမများကဆိုသည်။ ၆ ရက်နေ့တွင် ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးညွန့်ဖေ  တို့က “ကျောင်းပညာရေး တိုးတက်စေရန် ”ဟူသည့် ခေါင်းစဉ်ဖြင့်ဟောပြောမည်ဟုလည်း ကျောင်းသားကျောင်းသူများအား အသိပေးထားသည်။

ပုသိမ်တက္ကသိုလ်က ယခုကဲ့သို့ ရုတ်တရက်ကြေညာသော်လည်း ပုသိမ်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင်မူ အလားတူညွှန်ကြားချက်မျိုး ထုတ်ပြန်ထားခြင်း မရှိဟုလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပုသိမ်ခရီးစဉ်သည်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်  ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရန်ဆုံးဖြတ်ပြီးနောက် တတိယမြောက် နယ်ခရီးစဉ်ဖြစ်သည်။ ပထမခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ ဇန်န၀ါရီ ၂၉ ရက်နေ့တွင်သွားရောက်ခဲ့ကာ၊ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာသို့ ရေရရှိရေး အစီအစဉ်ကြည့်ရှုရန် သွားရောက်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည် ဖေဖေါ်ဝါရီ ၇ ရက်နေ့ ပုသိမ်မြို့သို့လာရောက်စဉ်တွင် ကျောက်တိုင်အားကစားကွင်း၌ နံနက် ၉ နာရီ စတင်ဟောပြောရန် စီစဉ်ထားသည်ဟု ပုသိမ်မြို့ အန်အယ်လ်ဒီ အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရသည်။       ။
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၂ (YPI)

ပုသိမ်ကျောင်သားထုကို အထင်သေးရော့သလား ဦးသိန်းစိန်

Friday, 3 February 2012

ဒေါ်အောင်ဆန်းစုကြည် လာမယ့်နေ့မှာ ပုသိမ်တက္ကသိုလ်က ကျောင်းသားတွေကို စာမေးပွဲဖြေဆိုစေဖို့ ပုံမှန်မဟုတ် တဲ့ ရုတ်တရက်အမိန့်ကို ထုတ်လိုက်ပါတယ်။ ကျောင်းသားတွေဟာ ဘာသာရပ်အားလုံးကို တစ်နေ့တည်း ဖြေဆိုကြရမှာဖြစ်ပါတယ်။ တကယ်လို့သာ အဲဒီစာမေးပွဲကို လာမဖြေဘူးဆိုရင် ဒေါ်စုလမ်းကြောင်းဆီ သွားကြတယ်လို့ သတ်မှတ်မယ်လို့ ဆရာ/ဆရာမတွေက ပြောတယ်လို့ သိရပါတယ်။ အဲဒီလိုသတ်မှတ်ခံရရင် ဘာဖြစ်မလဲလို့ တချို့ကျောင်းသား တွေရဲ့ အမေးကို သိချင်ရင်လုပ်ကြည့်လိုက် ဆိုပြီး ဆရာမတွေက ပြန်ဖြေတယ်လို့ သိရပါတယ်။ အချိန်ကိုက်ကြေငြာလိုက်တဲ့ မတရားသော စာမေးပွဲကို မကျန်းမာဖြစ်နေတဲ့၊ အဝေးရောက်နေတဲ့ ကျောင်းသားတွေအားလုံး လာရောက်ဖြေဆိုကြရမှာ ဖြစ်ပါတယ်။ ကျောင်းသားတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုဖို့အတွက် ကားတွေစီးလုံးငှား ထားပြီးဖြစ်နေကြပါပြီ။ ပုသိမ်မြို့ကို ဒေါ်အောင်ဆန်းစုကြည်လာရောက်တဲ့နေ့မှာ ကျောင်းသားတွေ အနေနဲ့ စာမေးပွဲဖြေဆိုနေကြမလား... ကျောင်းအာဏာကို ဖီဆန်ပြီး ကြိုဆို ကြမလားဆိုတာ စောင့်မျှော်ကြည့်ကြရမှာပါ။ ကျောင်းသားဆိုတာ အစဉ်အလာကောင်းမွန် ခဲ့ကြသူတေ ပဲဖြစ်ပါတယ်။

အဘ ဥက္ကာကိုကို ဖေ့စ်ဘွတ်မှ ...

ဒေါ်အောင်ဆန်းစုကြည် ပုသိမ် နှင့် ကော့မှုး ကို သွားရောက်မည်

ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့သွားရောက်မည့်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရသော်လည်း ယခုလ၇ရက်နေ့တွင် ပုသိမ်ခရီးနှင့် ၁၁ရက်နေ့တွင် ကော့မှူးခရီးစဉ်တို့ကို သွားရောက်မည်ဖြစ်ကြောင်း ယနေ့ညနေ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကာတားနားနှင့်တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်ရခြင်းအကြောင်းရင်းကို ထုတ်ဖော်ပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ- ၃
ယခင် န.အ.ဖ အစိုးရလက်ထက်တွင် ၀န်ကြီးဟောင်းတစ်ဦးဖြစ်ခဲ့ပြီး ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဦးဌေးဦး၏ ဖွဲ့စည်းပုံ
အခြေခံဥပဒေသည် ပြင်ဆင်ရန်မလိုပါဟု ပြောကြားချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟူသော စကားကို ပါတီစည်းရုံးရေးခရီးစဉ်များတွင်  ပြောကြားခဲ့သော
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ဒါက လူတွေအားလုံး သဘောထားမတူနိုင်ပါဘူး။ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့တဲ့ သူတွေကတော့
ပြင်ချင်တဲ့စိတ်နဲ့ ရေးဆွဲခဲ့မှာမဟုတ်ပါဘူး။ အန်တီတို့က ပြည်သူတွေအတွက် အကျိုးမရှိတာတွေကို ပြင်ချင်တယ်လို့ပြောတာ။ အန်တီတို့ ယုံကြည်ချက်ကြောင့်ပါ" ဟု
သတင်းထောက်တစ်ဦး၏ အမေးကို မှတ်ချက်ပေးပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ရသည့် အကြောင်းအရင်းမှာ
ကရင်တိုင်းရင်းသားများ နေထိုင်ရာဒေသဖြစ်ပြီး ကရင်တိုင်းရင်းသားများနှင့် ပို၍ နီးနီးစပ်စပ် ဆက်ဆံလိုသောကြောင့်ဟု ယနေ့ညနေ ၄း၃၀ နာရီက တက္ကသိုလ်လမ်း

နေအိမ်တွင် ပြုလုပ်ခဲ့သော သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်ခွင့် အမေရိကန်တောင်းဆို

ပီတာအောင်

မြန်မာ နိုင်ငံမှာ လာမယ့် ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်မျှတမှု ရှိ မရှိ နိုင်ငံတကာ​ ​လေ့လာရေးအဖွဲ့တွေကို​ ​စောင့်ကြည့်ခွင့်ပေးဖို့​ ​မြန်မာအစိုးရကို အမရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေး မိုက်ကယ်ပေါ့စ်နာက ၀ါရှင်တန်မှာ အမေရိကန် အမျိုးသားဒီမိုကရေစီ​ထောက်ပံ့ရေးအဖွဲ့ NED က ကျင်းပတဲ့ အလုပ်ရုံ ​ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။

မိုက်ကယ်ပေါ့စ်နာက​ ​ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတကာကို စောင့်ကြည့်ခွင့်ပေးဖို့ လိုအပ်တယ်ဆိုတဲ့ကိစ္စ​ ​မြန်မာအစိုးရနဲ့ ဆွေးနွေး ခဲ့ဖူးတဲ့​ ​အ​ကြောင်းနဲ့​ ​ပြည်တွင်းက​ ​စောင့်ကြည့်​ ​လေ့လာသူတွေကိုရော​​ ​ပြင်ပနိုင်ငံတွေက​ ​ရွေးကောက်ပွဲ​ ​စောင့်ကြည့်​ ​လေ့လာ သူတွေ အတွက်ပါ​ ​လမ်းဖွင့်ပေးလိမ့်မယ်လို့ ​ ​အရမ်းကို မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

ဒါ့ပြင် ကြားဖြတ်ရွေးကောက်ပွဲရဲ့ ရလဒ်ဟာ စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပေမယ့် ဒါဟာ လာမယ့် ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲသစ်ဆီ ဦးတည်တဲ့ ဒီမိုကရေစီကူးပြောင်းရေး လမ်းပေါက်သွားမယ်လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

လွှတ်တော် အသီးသီးမှာ လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် နေရာ ၄၈ နေရာအတွက် မြန်မာနိုင်ငံမှာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွေ ကျင်းမယ်လို့ မြန်မာရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာပါ။

မကြာခင်က မြန်မာနိုင်ငံ သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကတော့ ကြားဖြတ် ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတမှု ရှိရင် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ် အရေးယူထားမှုတွေ ပယ်ဖျက်ပေးဖို့ ပြဿနာ မရှိနိုင် ဘူးလို့လည်း ပြောကြားခဲ့ဖူးပါတယ်။

အာရှနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေကို လေ့လာစောင့်ကြည့်နေတဲ့ (ANFREL) ခေါ် လွတ်လပ်တဲ့ ရွေးကောက်ပွဲများဆိုင်ရာ အာရှ ကွန် ရက် အဖွဲ့ကတော့ မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို သဘောတူတဲ့အကြောင်း ဒါပေမယ့် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာလေ့လာသူတွေကို ပွင့်ပွင့်လင်းလင်း တရားဝင် ကြိုဆိုမယ့် လက္ခဏာ မတွေ့ရသေး ဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ANFREL ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး မစ္စက်စွမ်ဆရီဟာနန်အန်တစွခ်က “မြန်မာအုပ်ချူပ်ရေး တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံခြား မီဒီယာ တွေနဲ့ သံတမန်တွေ အပါအ၀င် စောင့်ကြည့်သူတွေကို ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အရင်က ရွေးကောက်ပွဲကော်မရှင်ကို ဆက် သွယ်ဖို့ ကြိုးစားပေမယ့် တုံ့ပြန်တာမရှိပါဘူး။ ခွင့်ပြုမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘယ်လောက်ပွင့်လင်းလွတ်လပ်မှု ရှိသလဲ သွားကြည့်ချင်တဲ့ ဆန္ဒရှိပါတယ်” လို့ ပြောပါတယ်။

ဒါ့ပြင် မဲဆွယ်မှုတွေအတွက်၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ရွေးကောက်ပွဲအကြိုကာလဟာ အရမ်းကို အရေးကြီးတဲ့ အကြောင်း၊ မွန်နဲ့ကချင်တို့လို လူနည်းစုတွေအတွက် အစိုးရက ဘယ်လောက်လမ်းဖွင့် ပေးထားတယ်ဆိုတာ ကြည့်ချင်တဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီတခေါက်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှာဖြစ်လို့ သူဘယ်လောက် လွတ်လပ်ခွင့်ရလဲဆိုတာလည်း နိုင်ငံ တကာ အသိုင်းအ၀ိုင်းက မျက်စိဒေါက်ထောက် ကြည့်နေမှာပါလို့  ANFREL အဖွဲ့ ကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပြည်တွင်းပြည်ပ လေ့လာသူတွေကို စောင့်ကြည့်ခွင့်ပြုဖို့ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အ သိုင်း အ၀န်းက တောင်းဆိုခဲ့ဖူးပေမယ့် မြန်မာအစိုးရက ခွင့်ပြုခဲ့ခြင်း မရှိပါဘူး။

အခြေခံဥပဒေ ပြင်စရာမရှိသေးဟု ကြံ့ဖွံ့အတွင်းရေးမှူး ဦးဌေးဦး ပြော

ခင်ဦးသာ on February 3, 2012
လူပျက်ရုပ်နှင့်ဗိုလ်ချုပ်ဟောင်းကြံ့ဖွံ့ပါတီအထွေထွေအတွင်းရေးမှုးဦးဌေးဦး


ယခင်နအဖ စစ်အစိုးရ စိတ်တိုင်းကျရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြင်ဆင်စရာ အကြောင်းအရာ မရှိသေးကြောင်း ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံပါတီ) ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ယမန်နေ့က ပြောဆိုလိုက်ကြောင်း သိရသည်။

လွတ်လပ်သည့် အာရှအသံ (RFA) နှင့် အင်တာဗျူးတွင် ဗိုလ်ချုပ်ဟောင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်သူ ဦးဌေးဦးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“၂၀၀၈ ဖွဲ့စည်းပုံဟာ နှစ်ပေါင်းများစွာ အချိန်ယူဆွေးနွေးပြီးမှ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်းများစွာကြာအောင် လုပ်ထား ပေမယ့်လည်း အချိန်ကာလ တခုကြာရင် မသင့်တော်ဘူးဆိုရင် ပြင်ရမှာပေါ့။ ဒါပေမယ့် လောလောဆယ်တော့ ပြင်စရာ သိပ်မတွေ့သေး ပါဘူး” ဟု ၎င်းက ပြောထားသည်။

လာမည့်ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ကမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်တချို့ကို ပြင်ဆင်ရန် ကြိုးစားသွားမည်ဟု ဇန်န၀ါရီလ ၂၉ ရက်နေ့ တနင်္သာရီတိုင်း ထားဝယ်ဒေသသို့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က လူထုအား ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “တချို့ရှိနေတဲ့ ဥပဒေတွေက ပြည်သူတွေ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားနိုင်ဖို့ ဟန့်တားထားတဲ့ ဥပဒေ တွေ ရှိပါတယ်။ ဒါတွေကို လွှတ်တော်အတွင်းကနေ ဖယ်ရှားချင်တဲ့ဆန္ဒတွေ ရှိပါတယ်။ နောက်ပြီး တချို့ အနည်းအကျဉ်း ပြန်ပြီးတော့ ပြဋ္ဌာန်းရမယ့် ဥပဒေတွေလည်း ရှိပါတယ်” ဟု ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ဥပဒေပညာရှင်နှင့် တိုင်ပင်ရာ၌ ပြည်သူများ၏ ဘ၀နှင့် လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုတို့အား မလိုအပ်ဘဲ ချုပ်ချယ်ကန့်သတ်ထားသည့် ဥပဒေများ ပါဝင်နေသည်ကို တွေ့ရ၍ ထိုဥပဒေများကို စတင်ဖယ်ရှားရမည်ဟု ဒေါ် အောင်ဆန်းစုကြည်က ထားဝယ်ပြည်သူလူထုကို ပြောဆိုခဲ့သည်။

ထို ဥပဒေ၌ စစ်တပ်၏ အခန်းကဏ္ဍကို ဦးစားပေးထားခြင်းနှင့် တခြားသော ဥပဒေ အချက်အလက်တချို့ ပြင်ဆင်ရေးကို တခြားသော နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ အတိုက်အခံ အင်အားစုများကလည်း ကြိုးပမ်းသွားမည်ဟု သိရသည်။

ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း အမတ်နေရာ အများစု အနိုင်ရယူထားရမည်ဖြစ်ပြီး ယင်းသို့ အနိုင် ရယူထား နိုင်မှသာလျှင် လွှတ်တော်အင်အား ခိုင်မာတောင့်တင်း မည်ဖြစ်ကြောင်း ဇန်န၀ါရီ ၂၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြံ့ဖွံ့ပါတီ အထူးအစည်းအဝေးတွင် ဦးဌေးဦးက ပြည်နယ်/တိုင်းတာဝန်ခံများ၊ လွှတ်တော်ကိုယ်စားလှယ်များကို ပြောခဲ့သေးသည်။