Wednesday, October 19, 2011

နေပြည်တော် စီမံကိန်းကုန်ကျမှု အစိုးရဘတ်ဂျက်တွင် မဖော်ပြ

မျိုးသန့် | အင်္ဂါနေ့၊ အောက်တိုဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ယခုနှစ် ဇူလိုင်လမှစ၍ တည်ဆောက်ရေး လုပ်ငန်းများ ရပ်နားထားရသည့် နေပြည်တော် အထူးခရိုင် တည်ဆောက်ရေး လုပ်ငန်းများအတွက် ကုန်ကျငွေသည် အစိုးရ၏ ဘဏ္ဍာငွေစာရင်းတွင် မပါဝင်ဟု
နေပြည်တော်တွင် အင်္ဂါနေ့က ပြုလုပ်သည့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အဆင့်မြင့်ပညာ ဦးစီးဌာန ဘဏ္ဍာရေးမှူးချုပ် (ငြိမ်း) ဦးကြည်ယုံမှ ပြောကြားသွားသည်ဟု ဆွေးနွေးပွဲတက် လွှတ်တော် အမတ်များက ဆိုသည်။

တနှစ်ခွဲ ကချင် ကလေးငယ် အား မြန်မာအစိုးရတပ်မှပစ်သတ်

manje-oct19myen
အသက် ၁ နှစ် ၅ လအရွယ် မ ရှောင်လတ် (ဘ) လဗျယော်ထုံ (Labya Yaw Htung) (မိ) ခကိုင် (Hka Kai) အား အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ရွှေကူနယ်မြေခံ ခလရ (၅၆) ကပစ်သတ် လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

မန်မော်(ဗန်းမော်)ခရိုင် မန်ဂျေ(မံစီ)မြို့နယ် ကောင်ရာကျေးရွာတွင် ယင်းသို့ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။

ခလရ(၅၆) တပ်က ကလေးမိဘပိုင်ပစ္စည်းဥစ္စာများကို သိမ်းယူပြီးနောက် အိမ်ကိုပါ မီးရှို့လိုက်သည်ဟု ကလေးမိဘနှင့် နီးစပ်သူများ ဆက်ပြောသည်။

တစ်ရက်ထဲတွင် မြစ်ကြီးနား-မန်မော်လမ်းပေါ် အသက် (၃၅) နှစ်ရှိ ကချင်အမျိုးသား မဂျီဇော်ခေါင်အား ၀ိုင်းမော်မြို့နယ် ရွှေညောင်ပင်နယ်မြေခံ ခမရ (၃၂၁)တပ်က မေ့မျော သွားသည်အထိ ရိုက်နက်ကာ ၎င်းစီးနင်းလာသည့် မော်တော်ဆိုင်ကယ်၊ တင်ဆောင်လာသည့်ပစ္စည်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ကိုပါ ခမရ (၃၂၁) က သိမ်းယူသွားသည်ဟု မိသားစုဝင်တစ်ဦးပြောသည်။

ထိုင်းရှိပြောင်းရွေ့မြန်မာများအား ထိုင်းနိုင်ငံရှိသံဃာတော်များနှင့်စေတနာရှင်များသွားရောက်ကူညီ

ထိုင်းရေ ဘေးကြုံ မြန်မာများအား သံဃာတော်နှင့် စေတနာရှင်များ သွားရောက်ကူညီ

ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စားဝတ်နေ ရေးနှင့် သွားလာရေး ခက်ခဲနေသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသား သံဃာတော်များနှင့် ကျောင်းသားများ အပါအ၀င် စေတနာရှင်များ စုပေါင်းကာ အစားအစာနှင့် ဆေးဝါးများသွား ရောက်လှူဒါန်းခဲ့သည်။
thailand-floods-unesco-temple

ပထုံဌာနီမြို့တွင် ရေကြီးမှုနှင့် ကြုံနေရသည်မှာ တစ်လကျော်ရှိပြီဖြစ်ပြီး ယခုအခါ ထောင်နှင့်ချီသော မြန်မာအလုပ်သမားများ အလုပ်လက်မဲ့ပြဿနာနှင့် ရင်ဆိုင်နေကြရသည်ဟု လုံငန်းမဲ့ယိုင်(အထပ်သား စက်ရုံ)မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုတင်အောင်ထွန်းက ပြောသည်။

အခြေခံပညာစာသင်နှစ် ၁၂ နှစ်နှင့် အဆင့်မြင့် တက္ကသိုလ်စာသင်နှစ် လေးနှစ်သို့ အသီးသီး တိုးမြှင့်သင်ကြားရန် စီစဉ်

အခြေခံပညာစာသင်နှစ် ၁၂ နှစ်နှင့် အဆင့်မြင့် တက္ကသိုလ်စာသင်နှစ် လေးနှစ်သို့ အသီးသီး တိုးမြှင့်သင်ကြားရန် စီစဉ်

Wednesday, 19 October 2011 13:58
    အခြေခံပညာစာသင်နှစ် ၁၂ နှစ်နှင့် အဆင့်မြင့်တက္ကသိုလ် စာသင်နှစ်လေးနှစ်သို့ အသီးသီးတိုးမြှင့် သင်ကြားရန် ဆွေးနွေးစီစဉ်နေသည်ဟု အခြေခံနှင့် အဆင့်မြင့်ပညာသင် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။    အခြေခံစာသင်နှစ်ဟု ဆိုရာတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ စာသင်နှစ်စုစုပေါင်း ၁၁ နှစ်ကို ၁၂နှစ်အထိတိုးချဲ့ခြင်းဖြင့်လည်း ကောင်း၊ အဆင့်မြင့်တက္ကသိုလ် စာသင်နှစ်များကိုလည်း ရှိရင်းစွဲနှစ်များထက် ထပ်မံတိုးချဲ့ကာ သုံးနှစ်မှ လေးနှစ် စာသင်နှစ်များသို့လည်းကောင်း တိုးမြှင့်သင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိနေသည်ဟု ပညာရေးအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တွင်သွင်းကုန်လိုင်စင်ဆောင်ရွက်ဟုသိရ

ပြည်ပပို့ကုန်၊ သွင်းကုန်လိုင်စင်များအား နေပြည်တော်တွင် သာမက ရန်ကုန်မြို့၌လည်း ဆောင်ရွက်ပေးနေပြီဟု သိရ
Wednesday, 19 October 2011 14:02
   ပင်လယ်ရေကြောင်း ကုန်သွယ်ရေး ဆောင်ရွက်နေသော ပြည်ပပို့ကုန်၊ သွင်းကုန်လိုင်စင်များ ဆောင်ရွက်ရာတွင် ယခင်က နေပြည်တော်သို့ သွားရောက် လုပ်ဆောင်ကြရသော်လည်း အောက်တိုဘာလ၊ ဒုတိယပတ်မှစတင်၍ ရန်ကုန်မြို့ရှိ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ဆောင်ရွက် ပေးနေပြီ ဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ကမ်းရိုးတန်းမုန်တိုင်းဝင်ရောက်မှု့

ရခိုင်ကမ်းရိုးတန်း၌ မုန်တိုင်းစတင်ဝင်ရောက် မောင်တောမြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းကြားတွင် ၃၆ နာရီအတွင်း တစ်နာရီ မိုင် ၆၀ မှ ၈၀ ကြား မုန်တိုင်းသက်ရောက်နိုင်ကြောင်း ထပ်မံကြေညာထား
Wednesday, 19 October 2011 15:14
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းသည် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ စတင် ၀င်ရောက်လျှက်ရှိပြီး ရခိုင်ပြည် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းသို့ ဖြတ်ကျော်သက် ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းကြားတွင် ၃၆ နာရီအတွင်း မုန်တိုင်း ၀င်ရောက်နိုင်ကြောင်း မောင်တောမြို့ပြန်ကြားရေးဌာနမှ ထုတ်ပြန်ကြေညာကြောင်း သိရသည်။
မောင်တောမြို့တွင် မိုးအဆက် မပြတ်ရွာသွန်းပြီး လေတိုက်နှုန်းပိုမို ပြင်းထန်လာကြောင်း၊ ၃၆ နာရီအတွင်း တစ်နာရီလျင် မိုင် ၆၀ မှ ၈၀ အကြားရှိ မုန်တိုင်းတစ်ခုသည် မောင်တောမြို့နှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အကြားဝင်ရောက်

မြန်မာ့ရေနံနဲ. သဘာဝဓါတ်ငွေ.သိုက် ကြောက်ခမန်းလိလိတိုးတက်နေပြီ

၎င်းသတင်းကို မူယင်းရိုက်တာသတင်းကိုပါဖေါ်ပြထားပါတယ်။

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ. အရံသိုက်တွေ. ရှိမှုပမာဏာကို BP ကုမ္ပဏီရဲ့ စာရင်းဇယား ဌာနက ထုတ် ပြန် ကြေငြာပါတယ်။ ရေနံ စိမ်း စည်ပေါင်း ၃.၂ ဘီလီယံ အထိခန်.မှန်းတွက်ချက်ထားပြီး သဘာဝ ဓါတ်ငွေ.ကတော့အရင်နှစ်တွေကထက် ၃ ဆခန်.တိုးတက်လာပြီး  ၈၀၀ ဘီလီယံကုဗမီတာလို.ဆိုပါတယ်။

တစ်နေ.ကို ရေနံစိမ်းစည်ပေါင်း တစ်သန်း ထုတ်လုပ်မယ်ဆိုရင်တောင် ၁၀ နှစ် ဆက်တိုက်ထုတ် လုပ်နိုင်မဲ့ပမာ ဏဖြစ်နေပါပြီ။ သဘာဝဓါတ်ငွေ.ဟာ ၁၀၀၀ ကုဗမီတာကို ဒေါ်လာ ၁၆၀ ခန်.ရှိတဲ့အတွက် တစ်ကုဗဘီလီ ယံရဲ့ပေါက်ဈေးဟာ ဒေါ်လာ သန်း ၁၆၀ ခန်.ရှိနေပါတယ်။ ၂၀၁၀ ခုနှစ်မှာ မြန်မာပြည်ဟာ ၁၂ဘီလီယံကုဗမီတာ×သန်း၁၆၀ပမာဏထုတ်လုပ်ပါတယ်။ရှေ.ဆက်ပြီး တိုးတက်ထုတ်လုပ်ဖို.ပဲရှိနိုင်ပါတယ်။

အခုဆိုရင်မြန်မာပြည်ကိုဒေါ်လာသန်း၅၀၀၊တစ်ထောင်လောက်ကို အလွယ်တကူချေးငှားမယ့်သူတွေရှိ နေပါပြီ။ 

မြန်မာသင်္ဘောသားများ လိုင်စင်အတုများကိုင်ဆောင်မှုဖြင့် တရုတ်နိုင်ငံတွင်ဖမ်းဆီးခံရ


မြန်မာသင်္ဘောသား အယောက် ၂၀ ခန်.ကို သင်္ဘောသားလိုင်စင်အတုများ နဲ. တရုတ်နိုင်ငံဆိပ်ကမ်းတစ်ခု မှာ ဖမ်းဆီးလိုက်တယ်လို.ဆိုပါတယ်။ ၎င်းတို.ဟာ အခွန်ရှောင်ဖို.ရည်ရွယ်ချက်နဲ. သင်္ဘောလိုက်ခွင့် လိုင်စင် အတုများကို ကိုင်ဆောင်တာဖြစ်တယ်လို.ဆိုပါတယ်။ မြန်မာသင်္ဘောသားများဟာ လိုင်စင်အတုများအတွက် ဒဏ်ကြေးငွေအဖြစ် ယွမ်ငွေ ၁၅၀၀ ( အမေရိကန်ဒေါ်လာ ၂၃၅) ပေးဆောင်ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံရှန်ဟိုင်းဆိပ်ကမ်းကို အရှေ.တောင်အာရှမှ သင်္ဘောသား ၅၀၀၀ ခန်.နှစ်စဉ်ဝင်ထွက်လျှက်ရှိပြီး ၃၀% ကတော့ လိုင်စင်အတုများကိုင်ဆောင်ထားတာလို.ဆိုပါတယ်။ မြန်မာသင်္ဘောသားတွေက သူတို. နိုင် ငံခြားမှာအလုပ်လုပ်တာကိုဖုံးကွယ်ဖို.အတွက်လိုင်စင်အတုများကိုကိုင်ဆောင်တာဖြစ်ပြီး လိုင်စင်အတုတစ်စောင်အတွက်ကုန်ကျစရိတ်ကဒေါ်လာ ၁၀၀အောက်မှာပဲရှိပါတယ်။မြန်မာသင်္ဘာသားများကတော့ယခု လိုလိုင်စင်အတုများနဲ.အဖမ်းခံရတဲ့အပေါ်လုံးဝ စိုးရိမ်မှုမရှိကြောင်း အဘယ့်ကြောင့်ဆိုသော်၎င်း တို.ထံတွင် လိုင်စင်အစစ်များရှိ၍ဖြစ်တယ်လို.ဆိုပါတယ်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံခြားရောက်မြန်မာ အလုပ်သမားများအတွက် အခွန်ဆောင်တဲ့နှုံးထားကို ၂ % အထိလျှော့ချထားပေမဲ့ ၆ လသာသက်တမ်းရှိတဲ့အတွက် ပိုမိုသက်တမ်းတိုးဖို.လိုအပ်နေတယ်လို. ကျွန်ုပ်တို. ပါတီက ယူဆပါတယ်။

ရခိုင်ပြည်နယ်စစ်တွေ ငါးဈေးကြီးတွင် လေဆင်နှာမောင်းတိုက် လူတစ်ဦးဒဏ်ရာရ


ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ၁၉-၁၀-၁၁ရက်နေ့ နံနက်လေးနာရီအချိန်ကတိုက်ခတ်ခဲ့သည့် အင်းအား အသင့်တင့်ရှိသော လေဆင်နှာမောင်းကြောင့် ငါးဈေးကြီးတွင် အမိုးများပျက်စီးကာ သစ်ပင်များပြိုလဲပြီး လူတစ်ဦး သစ်ပင်ပိ၍ ဒဏ်ရာရရှိကြောင်းစုံစမ်းသိရသည်။

စစ်တွေမြို့တွင် တိုက်ခတ်ခဲ့သည့် လေတိုက်နှုန်းမှာလည်းတစ်နာရီလျှင် မိုင်လေးဆယ်ခန့်တိုက်ခက်လျှက်ရှိပြီး မိုးသတ်လေပြင်းများ စဉ်ဆက်မပြတ် တိုက်ခက်နေကြောင်း စစ်တွေမြို့နယ် နေပြည်သူတစ်ဦး၏ ပြောကြားချက် အရသိရသည်။

“ကျွန်တော်တို့ရခိုင်မှဓလေ့ရှိတယ်။လေးလစပါးတွေ သီးချိန်ရောက်ရင်သည့် လောက်အဆင့်ရှိတဲ့ လေပြင်းတွေ၊ မုန်တိုင်းတွေ၊တိုက်နေကြပဲ။ကျွန်တော်တို့အတွက်တော့ဒီလောက်ကိုမမှုနိုင်တော့ပါဘူး“ဟု၎င်းကပြောသည်။

ထိုသို့အင်းအားအသင့်တင့်ရှိသောလေမုန်တိုင်းတိုက်ခက်နေသော်လည်းစစ်တွေရှိဌာနဆိုင်ရာများအနေဖြင့်မည်
သည့်သတင်းထုတ်ပြန်ချက်တစ်စုံတစ်ရာမှမရှိသေးကြောင်းစုံစမ်းသိရသည်။

မိုးလေဝသနှင့်ဇလဗေဒပညာရှင်ဦးထွန်းလွင် ဝက်စ်ဆိုက်တွင်လေဖိအားနည်းရပ်ဝန်သည် ပိုမိုအားကောင်း လာပြီးမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိကာအရှေ့ မြောက်ဘက်းဆီသို့ရွှေ့လျားပြီး ၁၈ ရက်နေ့မှ နောက်၃၆ နာရီ (၂၁ရက်နေ့နံနက်ပိုင်းအထိ)ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် စပ်ဆက်နေသော ဘင်္ဂးလာဒေခ်ျ့တောင်ပိုင်း ကို ဖြတ်ကျော်မည်ဟု ခန့်မှန်းထားသည်။

ဤသတင်းအား ပြန်လည်ဝေမျှပေးသော မြစ်မခ (မီဒီယာ) အားကျေးဇူးတင်ရှိပါသည်
မြန်မာနိုင်ငံတွင်ပြည့်ဝသောဒီမိုကရေစီ စနစ်ပေါ်ထွန်းလာရေးသည့် မြန်မာနိုင်ငံသားတိုင်းအရေးဖြစ်သည်။

စစ်ပွဲကြားက မြေဇာပင် မြန်မာ ကလေးငယ်များ



"သားကြီးလာရင် ဘာလုပ်မလဲ" လို့ မေးတော့ " ၀ါးခုတ်ရောင်းမယ်တဲ့"။ ဒီလိုဖြေတဲ့ ကလေးကတော့ ကျနော်တို့ရဲ့ အိမ်နီးနားချင်း ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ အသက် ၄ နှစ်သား မူကြို ကျောင်းသားလေး "အေးချမ်းအောင်" ပါ။

ဝါးခုတ်ရောင်းတယ်ဆိုတာ ထိုင်းဥပဒေ အရဆိုရင် ရာဇ၀တ်မှု မြောက်ပါတယ်။ ဒါပေမဲ့ ဒုက္ခသည်စခန်းမှာ မလောက်ငှတဲ့ ရိက္ခာကို ဖြည့်ဆည်းဖို့၊ ကလေးတွေရဲ့ ကျောင်းစရိတ်ရဖို့ မိဘတွေ ခိုးကြောင်ခိုးဝှက်လုပ်ရတဲ့ အလုပ်ပါ။

ကျနော်တို့ မိသားစုရဲ့ အိမ်ဟာ နို့ဘိုး ဒုက္ခသည် စခန်း Provisional Administration Board-PAB လို့ခေါ်တဲ့ ရပ်ကွက် (၂) မှာတည်ရှိပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထိုင်းအစိုးရက ထိုင်းနိုင်ငံ နယ်စပ်မြို့တွေမှာ ခိုလှုံ နေကြတဲ့ အတိုက်အခံ မြန်မာ နိုင်ငံရေးသမားတွေကို နယ်စပ်မြို့တွေ ကနေ မောင်းထုတ်ပြီး ဒုက္ခသည်စခန်းတွေကို ပို့ဆောင်ခဲ့ပါတယ်။ အဲဒီအထဲမှာ ကျနော်လည်း တစ်ဦးအပါအ၀င် ဖြစ်ပါတယ်။

နို့ဘိုး ဒုက္ခသည်စခန်း ဆိုတာ ထိုင်း-မြန်မာနယ်စပ်မှာ တည်ရှိပါတယ်။ မဲဆောက်နဲ့ဆိုရင် မိုင် ၂၀၀ လောက်ဝေးပြီး မြန်မာနိုင်ငံဆိုရင် ၁၅ မိုင်လောက်သာဝေးတဲ့ သစ်ပင် တောတောင်တွေ ၀န်းရံထားတဲ့နေရာမှာ တည်ရှိပါတယ်။ အဲဒီလိုပို့ဆောင်ခံရတဲ့ အထဲမှာ တကိုယ်ရေ တကာယ သမားတွေပါသလို မိသားစုဝင်တွေက အများစုပါ။ အချို့မိသားစု တွေဆိုရင် ကလေးဦးရေ ၄ ယောက် ၅ ယောက်ထိ ပါပါတယ်။

၂၀၀၆ စက်တင်ဘာ ၁၆ ရက်နေ့မှာ လူပေါင်း ၂၀၈၆ ယောက်ကို မဲဆောက်မြို့ပိုင် ရုံးဝန်းအတွင်း စုရပ်လုပ်ပြီး ပို့ဆောင်ခဲ့တာပါ။ ကျောင်းနေအရွယ် ကလေးတွေပါတဲ့ မိဘတွေကတော့ မိဘတွေရဲ့ ထုံးစံအတိုင်း သားသမီးတွေရဲ့ ပညာရေးကို စိုးရိမ်ခဲ့ကြပါတယ်။ မဲဆောက်မှာ နေခဲ့စဉ်က ရွှေ့ပြောင်း မြန်မာကျောင်းတွေမှာ ပညာသင်လို့ရပေမဲ့ ဒုက္ခသည်စခန်းကိုရောက်တဲ့ အချိန်မှာ ကလေးတွေရဲ့ ပညာရေးအတွက် ပြင်ဆင်ကြရပြန်ပါတယ်။

ကျနော်တို့ မရောက်မှီက ဆိုရင် နို့ဘိုးဒုက္ခသည် စခန်းမှာ ကရင်စစ်ပြေး ဒုက္ခသည် အရေအတွက် တစ်သောင်း ကျော် ရှိပါတယ်။ ၁၉၉၇ ခုနှစ်ကတည်းက ပြည်တွင်း စစ်ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတဲ့ သူတွေပါ။ နို့ဘိုးဒုက္ခသည် စခန်းမှာ ကရင်လူမျိုးတွေပဲ အများစုနေတဲ့ ရပ်ကွက်နဲ့ ၂၀၀၆ ခုနှစ်မှာ နေရာအသစ်ချထားပေးတဲ့ PAB တို့ကသီသန့် စီဖြစ်ပါတယ်။

ကျနော်တို့ မရောက်မှီမှာ နို့ဘိုးဒုက္ခသည် စခန်းမှာ အထက်တန်း ကျောင်း တစ်ကျောင်းရှိပါတယ်။ ကရင်လူမျိုး ကလေးအများစု ဖြစ်တော့ ဆရာတွေက ကရင်လိုပဲ သင်ကြားပါတယ်။ ကရင်စကား မတတ်တဲ့ ကျနော်တို့ ကလေးတွေအတွက် အခက်ကြုံရပြန်ပါတယ်။

ဒါကြောင့် ကျောင်းသားမိဘတွေ ရပ်ကွက်အုပ်ချုပ်ရေးတွေ ပေါင်းပြီး အဖွဲ့အစည်းတွေက လာတဲ့သူတွေရဲ့ ထုံးစဉ်အတိုင်း ကျောင်းဖြစ်မြောက်ရေး ကော်မတီတွေဖွဲ့ ပြီး PAB အထက်တန်းကျောင်းကို ZOA ရဲ့ အကူအညီနဲ့ တည်ထောင်ခဲ့ကြတာပါ။ ကျနော်တို့ လူမျိုးတွေရဲ့ အစဉ်အလာ တခုလိုဖြစ်နေတဲ့ လာတ်စားမှုကလည်း ကျောင်းဆောက်နေစဉ် အတွင်းမှာ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ကျောင်းဆောက်ပြီး ကလေးတွေကို ဘယ်လိုပညာရေးမျိုး၊ ဘယ်သင်ရိုးညွန်းတမ်းကို သင်မလဲ ဆိုတဲ့ ပြဿနာက ကျောင်းသားမိဘတွေ နှင့်ဆရာတွေအတွက်စဉ်းစားစရာ ဖြစ်လာခဲ့ပါတယ်။ မိဘတွေ အများစုဟာ ၁၉၈၈ ခုနှစ်ကတည်းက စစ်အုပ်စုကို တော်လှန် တိုက်ခိုက်လာတဲ့ လူတွေအများစု ဖြစ်နေတာ့ စစ်အစိုးရ ပြဌာန်းထားတဲ့ မြန်မာနိုင်ငံက သင်ရိုးညွန်းတမ်းကိုလည်း သင်ကြားလိုစိတ် သိပ်မရှိကြပါဘူး။

ကျောင်းသားမိဘ တစ်ဦးဆိုရင် စစ်အစိုးရပြဌာန်းထားတဲ့ စာအုပ်တွေကို ကျနော့်သားသမီးကို မသင်နိုင်ဘူးဆိုပြီး ပြောတာကို ကြားခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံး ရွှေးချယ်စရာ မရှိတော့ မြန်မာနိုင်ငံက သင်ရိုးကိုပဲ ရွေးချယ်ခဲ့ကြပါတယ်။

ပထ၀ီကို သင်တဲ့အခါ တိုင်းနှင့်ပြည်နယ်အကြောင်းနဲ့ တိုင်းရင်းသား အချင်းချင်း မကြေလည်မှုတွေ ဖြစ်မယ့် မည်သည့် သမိုင်းကိုမှ မသင်ရလို့ ကျောင်းကော်မတီက စည်းကမ်းထုတ်ခဲ့ရပါတယ်။ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်း စစ်မီးဟာ ပြည်တွင်း နယ်စပ်ဒေသ တလျောက်မှာသာ ဖြစ်ပွားနေခြင်းမဟုတ်ဘဲ ဒုက္ခသည်စခန်းက PAB အထက်တန်းကျောင်းအထိ ပြဿနာက လိုက်ပါလာသေးတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည် စခန်းပေါင်း ၉ ခုရှိပြီး ကျောင်းသားဦးရေး ၄၀၀၀၀ နီးနီး ရှိပါတယ်။ ဒုက္ခသည်စခန်းက ကလေးတွေက နယ်စပ်ဒေသတလျှောက် ထွက်ပြေးနေရတဲ့ ရွာပုန်းရွာရှောင် ကလေးတွေနဲ့စာရင် ကျောင်းနေရတာက တန်ဖိုးဖြတ်လို့မရတဲ့ အခွင့်အရေးလို့ ပြောနိုင်ပါတယ်။

ကျနော်တို့မြန်မာပြည်မှာ ကျောင်းနေတုန်းကဆိုရင် ဆယ်တန်းအောင်ရင် အင်ဂျင်နီယာလုပ်ဖို့၊ ကျောင်းဆရာလုပ်ဖို့၊ ဆရာဝန်လုပ်ဖို့၊ စစ်ဗိုလ်လုပ်ဖို့ ရည်မှန်းချက်တွေအပြည့်။ ဒါပေမဲ့ ဒုက္ခသည် ကလေးတွေကျတော့ ဒီရည်မှန်းချက်တွေ ထားဖို့ ဘာမှမရှိ။ ကလေးတွေရဲ့ အနာဂတ်က မှောင်ဝါးနေပါတယ်။ တိုင်းပြည်အေးချမ်းလို့ ပြည်တော် ပြန်ရမယ့် အချိန်ကလည်း ဘယ်ဝယ် ဘယ်စခန်း မှန်းမသိ။

ဒုက္ခသည် စခန်းတွေထဲမှာ ကလေးတွေသင်ယူရတဲ့ သင်ခန်းစာကလည်း လက်ရှိ မြန်မာနိုင်ငံရေးလို ပါပဲ။ ဖြောင့်တန်း ညီညာမှု မရှိပါဘူး။ ကရင်ကလေးတွေ အတွက်တော့ Karen Education Development Center-KEDC က ပြဌာန်းထားတဲ့ သင်ရိုးညွန်းတမ်းက တပြေးညီ ရှိပေမဲ့၊ အခြားသော တိုင်းရင်းသား ကျောင်းတွေမှာတော့ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ပါပဲ။

နောက်စိတ်မကောင်းစရာ တစ်ခုကတော့ ဒုက္ခသည်စခန်းရှိ ကလေးတွေရဲ့ ပညာရေးကို ကူညီနေတဲ့ နယ်သာလန် အခြေစိုက် ZOA က ထောက်ပံ့ကြေးကို ဖြတ်တောက်ပြီး နောက်ပိုင်း ထိုင်းမြန်မာ နယ်စပ်တလျောက် ဒုက္ခသည်စခန်း ၉ ခုမှာ သင်ကြားနေတဲ့ ကျောင်းသား ၄၀၀၀၀ သောင်းနီးပါး အခက်အခဲ ကြုံနေကြရပါတယ်။

"နဂိုကတည်းက ဒုက္ခသည်စခန်း ပညာရေးက ဆိုးနေတဲ့ကြားကနေ အခုလို ထောက်ပံ့ကြေးတွေ ဖြတ်လိုက်တော့ ပိုဆိုးသွားတာပေါ့၊ ကျနော့်မှာ ခလေး ၄ ယောက်ရှိတယ်၊ ခလေးတွေ ပညာသင်ကြားရေး အတွက် စိတ်ပူရတယ်" လို့ အေးချမ်းအောင် ရဲ့ ဖခင်ဖြစ်သူ ဦးဌေးနိုင် က ငြီးတွားခဲ့ပါတယ်။ ယခုအခါမှာ ဦးဌေးနိုင်ဟာ ကလေးတွေပညာရေးအတွက် အပြင်ထွက်ပြီး အလုပ်လုပ်နေပါတယ်။ အယင်ကဆို ၀ါးခိုးခုတ်လိုက်၊ အနီးအနား တောင်ယာတွေမှာ တစ်နေ့ ဘတ်ငွေ ၆၀ နဲ့ နေ့စား လိုက်လုပ်နေရသူပါ။

ကျောင်းသားတွေနည်းတူ ထောက်ပံ့ကြေး ဖြတ်တောက်ခံရတဲ့ သူတွေကတော့ ဆရာတွေပါပဲ။ ဆရာတဦးရဲ့ လစာက အရင်က တစ်လ ဘတ်ငွေ ၇၀၀ ရရှိပါတယ်။ အခုချိန်မှာတော့ ဆရာတစ်ဦးရဲ့ တစ်လ လစာငွေက ဘတ် ၂၅၀ ပဲ ရပါတော့တယ်။

ကျနော်တို့ ဒုက္ခသည် ဘ၀အကြောင်းကို ပြောရင် "ရွိုက်ယပ် ကစ်ပလင်း" ရဲ့ ကဗျာလို "အကယ်၍" ဆိုတဲ့ စကားလုံးနဲ့ စရင် ပိုကောင်းမယ်ထင်ပါတယ်။ အကယ်၍ ဆိုတာ ရေရာ သေချာခြင်းမရှိတဲ့ စကားလုံးပါ။

အကယ်၍များ ပြည်တွင်းစစ် ငြိမ်းအေးပြီး ပြည်တော် ပြန်ခဲ့ရရင်၊ အကယ်၍များ ငြိမ်းချမ်းမှု မရှိဘဲ ဒီနေရာမှာ ဆက်နေရမယ်ဆိုရင် ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ် ခေါင်းဆောင်လောင်းတွေ အတွက် မတွေး ၀ံ့စရာပါ။ ဒီကလေးတွေ လူကြီးဖြစ်လာတဲ့ တစ်နေ့မှာ လူ့အဖွဲ့အစည်းအပေါ် အကောင်းမြင်ပြီး လူ့လောက ကောင်းကျိုး သယ်ပိုးနိုင်ပါစေလို့ပဲ ဆုတောင်းနေရပါတယ်။

ရေးသားသူ...လှရွှေ။

ဤဆောင်းပါးလေးအား မောက္ခပညာရေးမှ ပြန်လည်မျှဝေလိုက်ပါသည်.။မန်မာနိုင်ငံတွင်ပြည့်ဝသောဒီမိုကရေစီ စနစ်ပေါ်ထွန်းလာရေးသည့် မြန်မာနိုင်ငံသားတိုင်းအရေးဖြစ်သည်။

မြန်မာနိုင်ငံတွင်ပြည့်ဝသောဒီမိုကရေစီ စနစ်ပေါ်ထွန်းလာရေးသည့် မြန်မာနိုင်ငံ အကျဉ်းသားများ လွှတ်ပေးမှု မီရှဲယိုနှင့် လပ်ဘက်ဆန်တို့ ချီးကျူး



အကျဉ်းသားများလွှတ်ပေးမှု မြန်မာ တက်ကြွလှုပ်ရှားသူ၏ အတ္ထုပ္ပတ္တိအခြေခံ ဇာတ် ကား (The Lady) တွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ် ဆောင်ခဲ့သည့် ရုပ်ရှင်မင်းသမီးမီရှဲယိုက ဟာသပညာရှင် ဇာဂနာ အား လွှတ်ပေးမှုသည် ပျော်ရွှင်စရာသတင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၏ သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် မီရှဲယိုက "ဇာဂနာလို လူတွေ ပိုမိုလွတ်မြောက်လာမယ်လို့ ကျွန်မတို့ မျှော်လင့် ဆုတောင်းပါတယ်။ ဒါဟာ မြန်မာအစိုးရအနေဖြင့် လမ်းမှန်ပေါ် သို့ စတင်လျှောက်လှမ်းခြင်းဖြစ်ပါတယ်။ ဇာဂနာကို လွှတ်ပေးမှု ဟာ ပျော်ရွှင်စရာသတင်း ဖြစ်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ အများအပြား ရှိသေးတဲ့အတွက် ဇာဂနာလိုလူမျိုးတွေကို ပိုမိုပြီးလွှတ်ပေးဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ မီရှဲယိုသည် ဒါရိုက်တာ လပ်ဘက်ဆန် ရိုက်ကူးသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝဇာတ်လမ်း The Lady ကြော်ငြာရန် ဘူဆန်တွင်ရောက်ရှိနေသည်။ ပြင်သစ်နိုင်ငံသား လပ်ဘက်ဆန်က ဇာဂနာ ပြန်လည်လွတ်မြောက်လာသည့်နေ့ အထိမြန်မာနိုင်ငံတွင် ဒီမိုကရေစီမရှိဟုယူဆကြောင်း အစောပိုင်း တွင် ပြောကြားခဲ့သည်။

အခု ကျွန်တော့်သူငယ်ချင်းတွေ အကုန်လွှတ်ပေး။ သမ္မတကိုကန်တော့ပြမယ်။

ဇာဂနာနှင့် တွေ့ဆုံခြင်း

လူရွှင်တော်ဟာသသရုပ်ဆောင် ဇာဂနာ(ခ) ဦးသူရမှာ ၂၀၀၈ ခုနှစ်ဇွန်လက ပုဒ်မ ခုနစ်ခုနှင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ ဇာဂနာမှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင် လေးကြိမ်ကျခံခဲ့ရပြီး အနုပညာလုပ်ကိုင်ခွင့်ကိုလည်း အကြိမ်ကြိမ်ပိတ်ပင်ခံခဲ့ရသူတစ်ဦးဖြစ်သည်။၎င်းင်းလွတ်မြောက်လာပြီး သုံး ရက်မြောက်ဖြစ်သော အောက် တိုဘာ ၁၄ရက် တွင် ၎င်းင်း၏နေအိမ်၌ တွေ့ဆုံမေးမြန်းထားသည်များမှ စာဖတ်သူများအတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

" စားဖိုမှူးကောင်းကောင်း လိုနေတာပါ " - ဇာဂနာနှင့် တွေ့ဆုံခြင်း


နာမည်ကျော် ကဗျာဆရာ၊ စာရေးဆရာကြီး နန်းညွန့်ဆွေ၏ သားဖြစ်ပြီး၊ နိုင်ငံရေးနှင့် ဆိုင်သော ပျက်လုံးများနှင့် အခြား လှုပ်ရှားမှုများကြောင့် ၁၉၈၆ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၉ဝ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း ငါးကြိမ်တိတိ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရသူ နိုင်ငံကျော် ဟာသလူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာနှင့် စာရေးဆရာ မောင်သူရ ခေါ် ဇာဂနာသည် ၂၀ဝဂခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီး ပဉ္စမ အကြိမ်မြောက် ဖမ်းဆီးထိန်းသိမ်း ခံရအပြီး ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၂ရက် သီတင်းကျွတ် လပြည့်နေ့တွင် လွတ်မြောက်လာရာ The Voice Weekly က ရန်ကုန်မြို့တော်၊ စမ်းချောင်း မြို့နယ်၊ မြေနီကုန်းရှိ ၎င်း၏ နေအိမ်သို့ သွားရောက် တွေ့ဆုံ မေးမြန်းထားသည်များ အနက် သင့်တော်သည်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။

ပြည်သူတွေရဲ့ အသံကို တကယ်ဘဲမကြားတာလား သမ္မတကြီးရယ်.


နိုင်ငံတော်သမ္မတအနေဖြင့် ယနေ့၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၈ရက်နေ့တွင် ကျရောက်သော ၈၈မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၄၉နှစ်မြောက် မွေးနေ့လက်ဆောင်အနေဖြင့် ကိုမင်းကိုနိုင်အပါအ၀င် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများကိုထပ်မံ လွှတ်ပေးရန် ကိုဇာနာ (ခေါ်) ကိုသူရ နှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော မိသားစုဝင်များမှ မျှော်လင့်နေကြောင်း ကိုမင်းကိုနိုင်၏ မွေးနေ့ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါတယ်

အဆိုပါအခမ်းအနားကို သမိုင်းမြို့မပရိယတ္တိ စာသင်တိုက်တွင် ကျင်းပပြီး ၈၈ မျိုးဆက်ကျောင်းသားလူငယ်အဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ အန်အယ်လ်ဒီ အဖွဲ့ချုပ်အဖွဲ့ဝင်များ ၊ ၈၈ မျိုးဆက်သစ်ကျောင်းသားလူငယ်များ ၊ မကြာသေးခင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားအချို့၊ generation wave မှ ဇေယျာသော် နှင့် စာပေအနုပညာရှင်အချို့လည်း တတ်ရောက်ခဲ့ ပြီး နိုင်ငံရေးအကျဉ်းသားများအား ထပ်မံလွှတ်ပေးရန် တောင်းဆိုချက်များကို စုစည်းတင်ပြလိုက်ပါတယ်။

မြန်မာ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အရ ဘင်္ဂါလာဒေ့ရှ် နိုင်ငံသား ၇ ယောက် လွတ်လာ

Tuesday, October 18, 2011

ကုလားတန်

မြန်မာ အစိုးရ၏ လွတ်ငြိမ်း ချမ်းသာ ခွင့် အရ ဘင်္ဂါလာ ဒေ့ရှ် နိုင်ငံ သား ၇ ယောက်သည် ဘူးသီတောင် ထောင် မှ အောက်တိုဘောလ ၁၅ ရက်နေ့တွင် လွတ်မြောက် လာကြောင်း မောင်တောမြို့မှ လူကြီး တဦး၏ ပြောပြချက် အရ သိရသည်။

အောက်တိုဘော ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ဘင်္ဂါလာဒေ့ရှ် နိုင်ငံသား ၇ ယောက် ကို နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွက်ကဲမှုဌာန(နစက) နယ်မြေ ၆ မှ တပ်ဖွဲ့ဝင် အချို့က စက်လှေတစီးပေါ်တွင် တင်ပြီး နတ်မြစ် တဘက်ခြမ်း ဘင်္ဂါလာဒေ့ရှ်နိုင်ငံဘက်၌ တရားဝင် အသိမပေးဘဲ ချထားပေးကြောင်း သိရသည်။

မြန်မာအစိုးရတပ်များမှ KIA အပေါ်ထိုးစစ်ဆင်နေ


ဘကောင်း on October 18, 2011


ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်ပြည်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဘက်က လတ်တလော ထိုးစစ်ဆင်နေမှုများသည် ၎င်းတို့ အမာခံနယ်မြေများကို သိမ်းယူရန် အတွက် ဖြစ်သည်ဟု KIA ကပြောသည်။


ပြီးခဲ့သည့် ကြာသပတေးနေ့ကစတင်သည့် တိုက်ပွဲများအတွင်း KIA စစ်ဌာနချုပ် လိုင်ဇာနှင့် ပါဂျောင်သို့သွားရာ လမ်းတလျှောက်ရှိ KIA ခြေကုတ် စခန်းများကို အစိုးရတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကိုမင်းကိုနိုင်မွေးနေ့အမှတ်တရ

ကိုမင်းကိုနိုင်မွေးနေ့ အမှတ်တရ အဖြစ်, သူဘာတွေလုပ်ခဲ့သနည်း။ ပြည်သူလုထုအပေါ် ဘာတွေလုပ်ဆောင်၊ကြံဆောင်ပေးခဲ့သည် အမှန်တရားကိုဘယ်လိုရင်ဆိုင်ခဲ့သည်များကို သူ၏ပုံရိပ်များကိုပြန်လည်ထင်ဟပ်စေသည့် burma vjမှ ရုပ်သံကိုကြည့်ရှု့နိုင်ပါတယ်။