Monday, May 7, 2012

၈၈ မျိုးဆက် ခေါင်းဆောင်တို့၏ ရှမ်းပြည်နယ် ခရီးစဉ် – 88 Generation Leaders in Shan State


ဓာတ်ပုံသတင်း
ဧပြီ ၆၊ ၂၀၁၂
ဆရာ ဒဂုန်တာရာထံသို့ သွားရောက် ဂါရ၀ပြုခဲ့ကြစဉ် (မေလ၊ ၅ရက်၊ ညနေ ၆ နာရီ)
(ဓာတ်ပုံများ – 88 Generation Students www.facebook.com/88GenerationStudents)၈၈မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရှမ်းပြည်နယ် တောင်ပိုင်းခရီးစဉ်များကို ယနေ့ (မေလ၊ ၁ ရက်) စတင်ခဲ့ကြသည်။

ဗိသုကာ လက်ရာ ပျောက်ကွယ်တော့မယ့် ကိုယ့်နိုင်ငံတွင်းက ရှေးဟောင်း မြို့ အမည်ကို ကြေးမုံ သတင်းစာက ဖုံးကွယ်

Sunday, May 6, 2012

မေလ ၅ ရက်နေ့က ထုတ်တဲ့ ကြေးမုံ သတင်းစာမှာ " အာရှ၏ အတိတ်ခေတ် ဗိသုကာရတနာများ ဆုံးရှုံးပျောက်ကွယ်မည့် ဘေးနှင့် ရင် ဆိုင်နေရ" ခေါင်းစဉ်နဲ့ သတင်းကို ဖေါ်ပြရာမှာ ထိုင်းနိုင်ငံက အယု ဒ္ဓယ၊ တရုတ်နိုင်ငံမှ ကတ်ရှ်ဂါ မြို့ဟောင်းတွေရဲ့ နာမည်ကိုဖေါ်ပြပေ မယ့် အဲဒီစာရင်းထဲမှာ နံပတ် (၆) နေရာက ပါရှိတဲ့ ကိုယ့်နိုင်ငံအတွင်းက မြောက်ဦးမြို့ကို ကျတော့ ဖေါ်ပြမထားဘဲ ဖုံးကွယ် ထားတာ ကို တွေ့ရှိရပါတယ်။

လူ့အခွင့် အရေး ချိုးဖောက် ခံရကြောင်း ခိုင်လုံပါက ကော်မရှင်မှ ၀င်ရောက် ဖြေရှင်းမည်

သတင်း - ရွှေဟင်္သာ သတင်းဌာန
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အာဆီယံ၌ဆွေနွေးစဉ် လူ့အခွင့် အရေး အမှန်တကယ် ချိုးဖောက် ခံရကြောင်း မီဒီယာ များက ခိုင်လုံစွာ ဖေါ်ပြ ထားပါက ယင်း သတင်းပါ ကိစ္စများ နှင့် ပတ်သတ်ပြီး မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှ ပါဝင် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ကော်မရှင်၏ အတွင်း ရေးမှူး ဖြစ်သူ ဦးစစ်မြိုင်က ပြောပါသည်။  
 
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အာဆီယံ၌ဆွေနွေးစဉ်
“ ဥပမာ ပြောရမယ် ဆိုရင် “ စ” သုံးလုံး တိုက်ပေါ်က ပြုတ်ကျတဲ့ အမှုဆိုပါတော့။ ပြုတ်ကျတာက စိတ်ဝင်စား ဖို့ ကောင်းတယ်။ သို့သော်

၁၉၈၃ ခုနှစ်ကလျို့ဝှက် REPORT တစ်ခု