Friday, August 31, 2012

အမည်ပျက်စာရင်းမှ ပယ်ဖျက်သည့် လူ ၂ ထောင်ကျော်စာရင်း ထုတ်ပြန်

လင်းသန့်
စစ်အစိုးရလက်ထက်က အမည်ပျက်စာရင်း သွင်းထားသည့် လူဦးရေ ၆ ထောင်ကျော်အနက် စာရင်းမှ ပယ်ဖျက်ပေးလိုက်သည့်နိုင်ငံ ခြားသား နှင့် မြန်မာနိုင်ငံသား ၂ ထောင်ကျော်စာရင်းကို သမ္မတရုံး၏ ဝက်ဘ်ဆိုဒ်မှ ယနေ့ထုတ်ပြန်လိုက်သည်။
နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးလိုက်သော နိုင်ငံခြားသား ၁၁၄၇ ဦးစာရင်းတွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်းမယ်ဒလင်း အော ဘရိုက်၊ အထက်လွှတ်တော်အမတ် တွန်လင်းတော့စ်၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ဒေးဗစ် စကောက် မက်သီ ဆင်၊ ဂျာ နယ်လစ်များဖြစ်သည့် ဘာတေးလစ်တနာ၊ ဒင်းနစ် ဒီဂရေး၊ ဂျွန်ပေဂျာ၊ အင်ဒရူးမာရှယ် စသည့် နိုင်ငံရေး၊ မီဒီယာ၊ စီးပွားရေး အသီးသီးမှထင် ရှား သူများ စွာ ပါဝင်သည်။

မြန်မာအစိုးရအပေါ် ချမှတ်ထားသည့် ဗီဇာပိတ်ပင်မှုကို အမေရိကန် ရုပ်သိမ်း


မြန်မာအစိုးရအပေါ် ချမှတ်ထားသည့် ဗီဇာပိတ်ပင်မှုကို အမေရိကန် ရုပ်သိမ်းမြန်မာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ တွင် ကုလသမဂ္ဂ အထွေထွေညီ လာခံတက်ရောက်ရန် အမေရိ ကန်နိုင်ငံ နယူးယောက်မြို့ သို့သွား ရောက်မည်ဖြစ်ပြီး၊ ဒေါ်အောင် ဆန်းစုကြည်၏ အမေရိကန်ခရီး စဉ်နှင့်လည်း တိုက်ဆိုင်နေသည်။

ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်တွင် အိုဘား မားအစိုးရ၊ ကွန်ဂရက်ခေါင်း ဆောင်များနှင့်တွေ့ဆုံပြီး၊ အမေရိ ကန်နိုင်ငံ၏ အမြင့်ဆုံးအရပ်ဘက် ဂုဏ်ထူးဆောင်ဆု “ကွန်ဂရက် ရွှေတံဆိပ်ဆု” (Congressional Gold Medal)ကို လက်ခံရယူရန်ရှိ သည်။