Thursday, October 6, 2011


Thursday, October 6, 2011


ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တရုတ်ပြည်သွားမည်။

 သီဟသူရ ဦးတင်အောင်မြင့်ဦး

ဝတို့ မျက်နှာကိုလည်းထောက်ပါအုံး ပေါက်ဖေါ်ကြီးရယ်
ဝလာမှာပေါ့ ၀လည်းပြေးရတော့မယ်။

On the afternoon of 22 July 2005, Member of the State Peace and Development Council (SPDC) Quartermaster-General Lt-General Thiha Thura Tin Aung Myint Oo cordially received Ambassador Li Jinjun and Sr.cd Ma Shoudong,Military Attache at Zeyathiri Beikman Hall on Konmyinttha. They deeply exchanged views on further enhancing bilateral cooperation and friendship between the two countries and armed forces.

ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးသည် လာမည့်လလည်ပိုင်းအတွင်း တရုတ်နိုင်ငံ
နန်နင်းကုန်စည်ပြပွဲကိုသွားရောက်မည်ဖြစ်ပြီး လျှပ်စစ်ဝန်ကြီးဇော်မင်းနဲ့ ၀န်ကြီးတချို့ ကိုခေါ်
ဆောင်သွားလိမ့်မယ်လို့  ပြည်တွင်းမှလာသော သတင်းများအရ သိရှိရသည်။ယခင် စစ်အစိုးရ 
လက်ထက်က စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူခဲ့သော ဦးတင်အောင်မြင့်ဦးသည် 
လာမည့် တရုတ်ပြည် ခရီးစဉ်တွင် ဧရာဝတီ မြစ်ဆုံကိစ္စကို တရုတ်အစိုးရနှင့် ညှိနှိုင်းဖွယ်ရှိပြီး လလည်ပိုင်းတွင် တရုတ်ပြည်သို့ သွားမည်ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေပါသည်။

Thursday, October 6, 2011


မြစ်ဆုံကိစ္စ ဗိုလ်ချုပ်ကြီးများ လဒ်စားမှု လွှတ်တော်တွင် ဖေါ်ထုတ်သင့်

  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က
လည်းမတ်လ ၃၁ ရက်နေ့တွင် ကျင်းပသော မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား
တွင် အစိုးရဌာနများ၌ ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန်
ထည့်သွင်းပြော ဆိုခဲ့ပါသည်။
မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့်အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း CPI ဥက္ကဋ္ဌ ခြိမ်းခြောက်

Wednesday, 05 October 2011 18:42
b27_10
တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှို(ဓါတ်ပုံ - Bloomberg News)
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီဆိုသော သတင်းနှင့်
ပတ်သက်ပြီး ထိုင်းအစိုးရသတင်းဌာန ဆင်ဟွာ က
တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌလူကျိရှိုကို
မေးမြန်းခဲ့ရာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဆိုခြင်းမှာ
တည်ဆောက် မှုများ ရပ်ဆိုင်းသည်ဟုဆိုလိုပါက
ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။
၂၀၁၂ခုနှစ်မှစ၍ ၂၀၁၅ ခုနှစ် မရောက်မီကာလအတွင်း သဘာဝသစ်တောများမှ သစ်ထုတ်ယူမှုများကို ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချရန်စီစဉ်
Wednesday, 05 October 2011 14:16
၂၀၁၂ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သဘာဝသစ်တောများမှ သစ်ထုတ်ယူ မှုများကို ၂၀ ရာခိုင်နှုန်းလျှော့ချသွား မည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်မတိုင်မီ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားနိုင်ရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံသစ် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။ ၁၉၇၅ ခုနှစ်ဝန်းကျင်မှ စတင် လျော့ကျလာသည့် မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုဧရိယာသည် ယခု နှစ်တွင် နိုင်ငံဧရိယာ၏ ၄၁ ရာခိုင်နှုန်း သာကျန်ရှိတော့ရာ ယခုကဲ့သို့လျှော့ချ နိုင်ရန် သက်ဆိုင်ရာမှ စီစဉ်ခြင်းဖြစ် ကြောင်း သိရှိရသည်။
သစ်တောဦးစီးဌာန၏ ထုတ် ပြန်ချက်များအရ မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၁၉၇၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်တွင် ၅၉ ရာခိုင်နှုန်း၊ ၁၉၉၈ ခုနှစ်တွင် ၅၂ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ် တွင် ၄၇ ရာခိုင်နှုန်း အထိ ကျဆင်း လာကြောင်းထုတ်ပြန်ထားသည်။
ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် Mr. Ryota TAKEDA ဦးဆောင်သည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်အဖွဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အပါအ၀င် ပြည်သူ့လွှတ်တော် ကော်မတီလေးရပ်မှ ဥက္ကဋ္ဌ များနှင့် တွေ့ဆုံ
Wednesday, 05 October 2011 14:17
4274
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျပန် အောက်လွှတ်တော် အမတ် ဦးဆောင်သည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ
ပါဝင်သည့် အဖွဲ့အား နေပြည်တော် ပြည်သူ့လွှတ်တော်ရှိ ဥက္ကဋ္ဌ၏ခန်းမတွင် အောက်တိုဘာလ ၃ ရက်နေ့က တွေ့ဆုံစဉ်
ဂျပန်နိုင်ငံ အောက်လွှတ်တော် အမတ် Mr. Ryota TAKEDA ဦးဆောင်သည့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့် အဖွဲ့သည် အောက်တိုဘာလ ၃ ရက်နေ့ နံနက် ပိုင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအ၀င် ပြည်သူ့ လွှတ်တော် ကော်မတီ သုံးရပ်မှ ဥက္ကဋ္ဌများနှင့် ပြည်သူ့လွှတ်တော်ရှိ ဥက္ကဋ္ဌ၏ ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ရေပိုင်နက်နယ်နိမိတ် သတ်မှတ်ရေး အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ၌ နိုင်ငံတကာမှ ဥပဒေပညာရှင်များ ကျွမ်းကျင်သူများကို ငှားရမ်းဆောင်ရွက်ခဲ့
Wednesday, 05 October 2011 14:32
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်  နိုင်ငံတို့အကြား ရေပိုင်နက် နယ်နိမိတ် သတ်မှတ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင် ဥပဒေပါရဂူများ၊ ဥပဒေပညာရှင် များအဖွဲ့နှင့် ပင်လယ်ပြင် တိုင်းတာရေး ကျွမ်းကျင်သူများ၊ ရှေ့နေများကို  ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြည်သူ့လွှတ်တော်သို့ ရှင်းလင်းဖြေကြားချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။ ရခိုင်ပြည်နယ် အမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေ၏ မေးမြန်းချက် ကို ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်း၌ နိုင်ငံတကာ သင်္ဘောကြီးများ အလွယ်တကူ ၀င်ထွက် သွားလာနိုင်ရန် ရေလမ်းကြောင်းများ ပြုပြင်လျက်ရှိ


4272
ကျောက်ဖြူမြို့ရှိ သံဇစ်မြစ်အတွင်း ရေလမ်းကြောင်းပြုပြင်မှုများ လုပ်ဆောင်နေစဉ်



Wednesday, 05 October 2011 12:47
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှ အိန္ဒိယ သမုဒ္ဒရာအတွင်းသို့ ရေနံတင်သင်္ဘော ကြီးများ ၀င်ထွက်သွားလာနိုင်ရန် ကျောက်ဖြူမြို့ သံဇစ်မြစ်အတွင်း ရေအောက်ကြမ်းပြင်ကို စက်ယန္တရားများဖြင့် တူးဖော်နေကြောင်း သိရသည်။
မဒေးကျွန်း ရေနက်ဆိပ်ကမ်းအတွက် အဓိကကျသော ရေလမ်းကြောင်း ဖြစ်ပြီး တန်ချိန်သုံးသိန်းနှင့် အထက် သင်္ဘောကြီးများ ၀င်ထွက်သွားလာ နိုင်ရန်အတွက် ကမ်းဦးရေတိမ်ပိုင်းနှင့် ရေအောက်မြစ် ကြမ်းပြင်နေရာများကို တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေလမ်းကြောင်းတူးဖော်ရေး လုပ်ငန်းကို  DHARTY- Co.ltd မှ သောင်တူးသင်္ဘောဖြင့် နေ့ရောညပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။