Saturday, March 17, 2012

ITLOS ဆုံးဖြတ်ချက် မြန်မာ့ရေနံ လုပ်ကွက်ကို မထိခိုက်ဟုဆို

ITLOS ဆုံးဖြတ်ချက် မြန်မာ့ရေနံ လုပ်ကွက်ကို မထိခိုက်ဟုအစိုးရသတင်းစာတွင်ဖေါ်ပြ။

***ဖြည့်စွက်ရေးသားချက်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်၎င်းသတင်းကိုချက်ချင်းမိမိတိုင်းပြည်ကိုထုတ်ပြန်ကြေငြာခဲ့သော်လည်း

မြန်မာအစိုးရသည်သောကြာနေ့(၁၆) ရက်နေ့မှတရက်နောက်ကျ၍ပြည်သူလူထုအားသတင်းထုတ်ပြန်ကြေငြာခဲ့သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းမြန်မာ့ပင်လယ်ပြင်နယ်နိမိတ်အတွင်း

ရှင်မဖြူကျွန်း(ခ)စိန့်မာတင်ကျွန်းဟာ မြန်မာ ရေပိုင်နက် အတွင်းမှာပါဝင်ပါသလား။

ယခု စိန့်မာတင်ကျွန်းမှာလည်း ITLOS သတ်မှတ်ပေးသည့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် ၆၈,၉၇၂ မိုင်တွင်း ပါဝင်သွားခဲ့ပြီဖြစ်သည်။

လက်ရှိတရုတ်ကိုရောင်းချရန် ဂတိကဝတ်ပြုထားသောရေနံလုပ်ကွက်များမထိခိုက်လျှင်ကျန်တာဘာဖြစ်ဖြစ်သဘော

sea
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ပင်လယ်နယ်နိမိတ် အငြင်းပွားမှုကို ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ နိုင်ငံတကာခုံရုံး ITLOS ၏ ဗုဒ္ဓဟူးနေ့ ဆုံးဖြတ်သည် မြန်မာနိုင်ငံ၏ ကမ်းလွန်ရေနံလုပ်ကွက်များကို ထိခိုက် မည် မဟုတ်ဘဲ တရားမျှတစွာ ဆောင်ရွက်ခဲ့သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဟု သောကြာနေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် အချပ်ပိုဖြင့် ဖေါ်ပြပါရှိသည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် အခြေခံဥပဒေနဲ့မညီ

အခုသမ္မတကဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော် မရှင်ဟာ ဥပဒေနဲ့မကိုက်ညီလို့ တရားမဝင်အဖွဲ့အစည်းအဖြစ် ဒီကနေ့မနက်ပိုင်း ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံအရ အမျိုးသားအဆင့် တနည်းအားဖြင့် ဗဟိုအဆင့် လူ့အခွင့်အရေးကော်မရှင်ကို သမ္မတက ဖွဲ့ခွင့်မရှိတဲ့အတွက် ပြည်တောင်စု လွှတ်တော်က ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ရှေ့နေ ဦးသိန်းညွှန့်ကပြောပါတယ်။

နယ်စပ်တွင် မြန်မာတပ်များ တိုးချနေကြောင်း သတင်းများ ပျံ့နှံ့

ရေပြင်ပိုင်နက် အငြင်းပွားမူ စီရင်ချက် ထွက်လာပြီး နောက်ပိုင်း မြန်ဘက်က နယ်စပ် တလျှောက်တွင် စစ်တပ်များ တိုးချဲ့ ချထားနေကြောင်း နယ်စပ် တလျှောက်၌ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု သတင်းများ ရရှိသည်။
မြန်မာနယ်စပ် ခြံစည်းရိုးများနှင့်တွေ့ရစဉ် (ဓါတ်ပုံ- Star)
မြန်မာနယ်စပ် ခြံစည်းရိုးများနှင့်တွေ့ရစဉ် (ဓါတ်ပုံ- Star)

" အခု ကျွန်တော်တို့ သိရသလောက် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း၊ တောင်ပြို၊ တမန်းသားဘက်မှာ စစ်တပ်တွေ တိုးချထားတယ်ဆိုပြီး သတင်းတွေ ရပါတယ်။