Tuesday, April 17, 2012

ဒေါ်အောင်ဆန်းစုကြည် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ လှူဒါန်း

RFA 2012-04-17
၂၀၁၂ ခုနှစ် ဧပြီလ ၁၇ ရက်က ကော့မှူးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက်ရန်ပုံငွေပေးအပ်ပွဲအခမ်းအနား၌
 မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူများအား ဂုဏ်ပြုစကား ပြောကြားနေစဉ်။ 
(သတင်းနောက်ဆုံးတွင်အသံဖိုင်နားဆင်နိုင်ပါတယ်)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နှစ်သစ်ကူး အခမ်းအနားကို ဒီကနေ့ တက်ရောက်ပြီး သက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုခဲ့သလို ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေတွေ ပေးအပ် လှူဒါန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပကို ခရီးသွားနိုင်ပြီလား

လက်ရှိအပြောင်းအလဲတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြည်ပကို ခရီးသွားနိုင်ပြီလား၊ အဲဒီလိုသွားခဲ့ ယင် လက်ရှိအစိုးရက အပြောင်းအလဲတွေကို ပြန်ရုပ်သိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်နိုင်မလားဆိုပြိး ဒီကနေ့ ဟောင်ကောင်ကပေးပို့တဲ့ The New York Times သတင်းမှာ မေးခွန်း ထုတ်ထားပါတယ်။
ဒီကနေ့အချိန်မှာ ကမ္ဘာ့ခေါင်းဆောင်အများစုက ဒေါ်အောင်ဆန်းစုကြည်ကို နံပါတ် (၁) ဥိးစားပေးရမဲ့သူအဖြစ် အလေးထားဆက်ဆံနေပြိး သမိုင်းတွင်တဲ့ နိုင်ငံတော်ခရီးစဉ်တွေအဖြစ် သွားရောက် လည်ပတ်နေကြပါတယ်။

ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေးနိုင်ငံကို ရောက်ရှိ

သမ္မတဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ မီးရထားဝန်ကြီးဦးအောင်မင်းဟာ နော်ဝေးနိုင်ငံအော်စလိုမြို့ကို မနေ့က ရောက်ရှိလာပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေနဲ့
မြန်မာအစိုးရကြား အပစ်အခတ် ရပ်စဲရေးတွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နော်ဝေအစိုးရကို ရှင်းလင်းပြောဆိုဖို့
ဖြစ်တယ် လို့ နော်ဝေး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြည်သူများနဲ့တစ်သားတည်းအမြဲရှိနေတဲ့အမေ

ကော့​မှူး​ သက်ကြီး​ရွယ်အိုများ​ကို ​ဒေါ်​အောင်ဆန်း​စုကြည် ဂါရဝပြု

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြီးမှူး၍ ကော့မှူးမြို့နယ်တွင် ယနေ့နံနက်ရှစ်နာရီမှ ဆယ်နာရီအထိ ကျင်းပသော မြန်မာ့နှစ်သစ်ကူးအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်အား လူထုကြားထဲတွင် ဤသို့တွေ့ရစဉ် (ဓါတ်ပုံ-Popular Myanmar News Journal )
ပြည်သူတွေနဲ့တစ်သားတည်း-ပြည်သူ့ကြားမှာပျော်ရွှင်နေတဲ့အမေ
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့ မှာ ရန်ကုန်တိုင်း ကော့မှူးမြို့ နယ် ကိုသွားရောက်ပြီး သက်ကြီးပူဇော် ကန်တော့ပွဲနဲ့ ဒေသဖွံ့ ဖြိုးရေးရံပုံငွေပေးအပ်ပွဲတခု သွားရောက်ပြု လုပ်ခဲ့ပါ တယ်။

ဒသဖွံ့ ဖြိုးရေးအတွက်ရံပုံငွေပေးအပ်ဖို့  ကော့မှူးမြို့ နယ်အတွင်း ကျေးရွာအုပ်စု ၆၀ကျော်ထဲက ၃ရွာကို မဲနှိုက် ရွေးချယ်ရာမှာ ပထမဆုကို ၀ါးဘလောက် သောက်ေ ကျးရွာ အုပ်စုက ကမာမတ်ရွာ၊ ဒုတိယဆုကို ဆတိုင်မွတ်ကျေးရွာ နဲ့ တတိယဆုကို ပုပါးကျေးရွာအုပ်စု တို့ ကရ၇ှိသွားပါတယ်။ ဒီဆုငွေတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိခင်ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအနေနဲ့ ပေးအပ်တာဖြစ်ပြီး ပထမဆု ကျပ်ငွေ ၁၇၅သိန်း ၊ ဒုတိယဆု- ၇၅ သိန်းနဲ့  တတိယဆု အတွက် သိန်း (၅၀)သတ်မှတ်ထားတာပါ။ ဒီရန်ပုံငွေတွေကို ဆုရတဲ့ ကျေးရွာတွေက အသက်အကြီးဆုံးပုဂိုလ်တွေကိုပေးအပ်ခဲ့ပြီး ကျေးရွာသားရဲ့ ဆန္ဒအတိုင်း
လိုအပ်တဲ့နေရာမှာ သုံးစွဲနိုင်တယ်လို့  အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သူ ဦးခွန်သာမြင့်က ပြောပါတယ်။

ဒေါ် အောင် ဆန်း စုကြည်ကတော့ တိုင်းပြည်ကောင်းကျိုး အတွက် ဆောင်ရွက်ရာမှာ ပထမဦး ဆုံး ခြေလှမ်းကိုဒီနေရာက နေ စတင် လိုက်ပြီ လို့ ၇ွာသားတွေကိုပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျေးရွာပေါင်း (၆၀)ကျော်ကရာနဲ့ ချီတဲ့သက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုခဲ့ပြီး အနုပညာ၇ှင် တွေဖြစ်တဲ့ လူမင်း၊ ဝေလုကျော်၊ မျိုးကြော့မြိုင်၊ သျှီ၊သံသာဝင်း၊ အနဂ ၊ ဆောင်းဦးလှိုင်၊ လင်းနစ်၊ သားထွေး၊ ကိုရဲလွင် စသူတို့ ကလည်း ရွာသားတွေကို သီဆိုဖျော်ဖြေမှု တွေပြုလုပ်ခဲ့ပါ တယ်။

ကော့မှူးမြို့ နယ် ဟာပြီးခဲ့တဲ့ ဧပြီလ (၁)ရက်ကြားဖြတ် ရွေးကောက်ပွဲမှာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေါ် အောင် ဆန်းစုကြည် ရွေးကောက် တင်မြှောက်ခံခဲ့ရ တဲ့ နယ်မြေဖြစ်ပါတယ်။


ဒီဗွီဘီ

အင်္ဂလန်ရောက်မြန်မာအသိုင်းအဝိုင်းမှသမ္မတဦးသိန်းစိန်အပေါ်ငြိမ်းချမ်းရေးဆုချီးမြှင့်ခြင်း

အင်္ဂလန်ရောက်မြန်မာအသိုင်းအဝိုင်းတခုမှသင်္ကြန်ပွဲတော်ကို နှစ်စဉ်ကျင်းပနေသည်အဖွဲ့အစည်းတခုမှ
သမ္မတဦးသိန်းစိန်ကို ယခုနှစ်အတွက် ငြိမ်းချမ်းရေးဆုချီမြှင့်တဲ့ထူးခြားတဲ့သတင်းတပုဒ်ဖတ်လိုက်ရတဲ့အတွက်
ပြန်လည်ဝေမျှလိုက်ပါတယ်။ထိုသင်္ကြန်ပွဲကျင်းပတဲ့အခန်းအနားကို အင်္ဂလန်နိုင်ငံ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကလည်းထူးထူးခြားခြားတက်ရောက်ခဲ့ကြောင်းသိရပါတယ်။
ဆုချီးမြင့်တဲ့အခန်းအနားဗီဒီယို နှင့်ဆက်စပ်သတင်းကိုဖေါ်ပြလိုက်ပါတယ်။




 လန်ဒန်မှာ နှစ်စဉ်ရိုးရာသင်္ကြန် ဦးဆောင်ကျင်းပနေတဲ့ သာသနာရံသီ ဝီဟာရကျောင်းတိုက် ဆရာတော် ဦးဥတ္တရက အခုလို မိန့်ပါတယ်။
" ဒီနှစ်မှာ ထူးခြားတာက မြန်မာပြည်မှာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နေတာ၊ လုပ်ဆောင်နေတာကို ကြည့်သောအားဖြင့် ဘုန်းကြီးတို့  ငြိမ်းချမ်းရေးဆုကို ပေးပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးကလည်း ငြိမ်းချမ်းချင်ကြတယ်။ ကမ္ဘာသူ ကမ္ဘာသား အားလုံးကလည်းပဲ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို မြင်ချင်ကြတဲ့ အတွက်ကြောင့် ဘုန်းကြီးတို့က ဒီနှစ်ကိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ပိုလုပ်လာနိုင်အောင် ဆိုပြီးတော့ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ပါတယ်"
လန်ဒန်သင်္ကြန်ကနေ ငြိမ်းချမ်းရေးဆု ချီးမြှင့်ကြောင်း အကြောင်းကြားစာကို သမ္မတဆီ လိပ်မူပြီး မြန်မာသံရုံးက တစ်ဆင့် ပေးပို့မယ်လို့ သိရပါတယ်။
မနေ့က ကျင်းပတဲ့ လန်ဒန်မြို့ ရိုးရာအတာသင်္ကြန်ပွဲကို နှစ်ပိုင်းခွဲပြီး ကျင်းပရာမှာ မနက်ပိုင်းမှာ ဗြိတိန်နိုင်ငံရောက် ဆရာတော် ၂၅ ပါးအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ ညနေပိုင်းမှာ ရခိုင်နဲ့ မွန် အပါအ၀င် တိုင်းရင်းသားရိုးရာ သင်္ကြန်ယိမ်းတွေ၊ သင်္ကြန်အဆိုအကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။
မနေ့က ကျင်းပတဲ့ သင်္ကြန်ပွဲကို လန်ဒန်ရောက် မြန်မာနိုင်ငံသား တစ်ထောင်နီးပါး တက်ရောက်ခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအေးနှင်းညို လန်ဒန်မြို့ကနေ ပေးပို့ခဲ့တာပါ။
Copyright © 1998-2011 Radio Free Asia. All rights reserved.

THE LADY ရုပ်ရှင်( မြန်မာစာတမ်းထိုး)ကြည့်လိုသူများအတွက်

The Ladyဒေါ်အောင်ဆန်းစုကြည်၏ဘဝသမိုင်းကိုအခြေခံရိုက်ကူးထားသည့်
( THE LADY)  မြန်မာစာတမ်းထိုးဖေါ်ပြထား သည်ကိုကြည့်လိုသူများအတွက်အောက်ပါလင့်ကိုနှိပ်၍
အစအဆုံးကြည့်နိုင်ပါသည်။
  
ဒီကိုနှိပ်ပါ


 အောက်တွင်ဖေါ်ပြထားသည့်မှာ နမူနာကြည့်ရန် ဖြစ်ပါတယ်။



အင်္ဂလန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး လန်ဒန် သင်္ကြန်ပွဲသို.တက်ရောက်

  ကောင်းမြတ်သူ (မူဝါဒရေးရာဌာန)

                                                                          

သံအမတ်ကြီးတစ်ယောက် သင်္ကြန်ပွဲတစ်ခုသို. တက်ရောက်သည်မှာ ထူးဆန်းသောကိစ္စတစ်ခုတော့မဟုတ်ပါ ချေ။ ထူးဆန်းသွားရသည့် အကြောင်းရင်း က လန်ဒန်သင်္ကြန်ပွဲကို နိုင်ငံရေးလောက အတိုက်အခံများက ကျင်း ပ သောကြောင့်ဖြစ်ပါ၏။ ပြည်ပရှိအတိုက်အခံ များနှင့် ဦးသိန်းစိန် အစိုးရအကြား နားလည်မှု နှင့် ယုံ ကြည် မှု ပြသသည့် သဘောဖြစ်ပါတယ်လို.သံအမတ်ကြီးက တင်ပြခဲ့၏။

ရဲတိုက်ဖောင်ဒေးရှင်းမှ ကချင်ဒုက္ခသည်များအား ကူညီ

ယခုလ ၈ရက်နေ့မှ ၁၃ရက်အထိ ရဲတိုက်ဖောင်ဒေးရှင်း မှကချင်ပြည်နယ် ရှိ စစ်ပြေးဒုက္ခသည်များကို အလှုငွေ သိန်းသုံးရာကျော် သွားရောက်လှူဒါန်း ခဲ့သည်။ ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်း များ မှ တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည်စခန်း ၊ ၀ိုင်းမော် မြို့ရှိ ဒုက္ခသည် စခန်းနှင့်မြစ်ကြီးနား မြို့ရှိ ဒုက္ခသည် စခန်း ၁၁ခုတို့တွင် ခိုလှုံနေထိုင်လျှက်ရှိသူများကို လှူဒါန်းသွားသည်။ 

မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့တို့က ပူးပေါင်းဖျော်ဖြေခဲ့သည့်ဗီဒီယို

ကိုမင်းကိုနိုင်ဦးဆောင်တဲ့ သင်္ကြန်သံချပ်အဖွဲ့။ စာရေးဆရာ ဒါရိုက်တာ ဂန္ဒ၀င်မောင်ဝိုင်းရဲ့သားဖြစ်သလို ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမောင်မောင်ကျော်ရဲ့ညီဖြစ်သူ ဒီဥက္ကာက ဦးဆောင်တဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့တို့က ပူးပေါင်းဖျော်ဖြေခဲ့သည့်ဗီဒီယို
မှတ်တမ်းသံချပ်များပြန်ခံစားနိုင်ရန်တင်ပြပါတယ်။