Wednesday, September 14, 2011

လူထုစိန်ဝင်းမှ ဧရာဝတီအတွက် ရဲရင့်ပြတ်သားစွာဤသို့ပြော......

"ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေကြတာဟာ  ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာမဟုတ်ဘူး။ ပြည်တွင်းပြည်ပက  ပညာရှင်တွေအားလုံး လေ့လာ သုတေသနပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊  အထောက်အထားတွေကိုဖတ်ရှုလေ့လာပြီး ရေးနေကြတာဖြစ်တယ်။ ပြည်သူတွေအားလုံးကလည်း 
ဒီစာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို သိရှိကြတဲ့အတွက် သဘောမတူကြောင်း  တောင်းဆိုနေကြတာဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူတွေနဲ့ အနုပညာရှင်၊  စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကို သိတဲ့အတွက် ဆက်မလုပ်ဖို့  ၀ိုင်းဝန်းတောင်းဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းနဲ့ 
တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင်  ပြည်သူလူထုက မဖြစ်၊ ဖြစ်တဲ့နည်းနဲ့
ဧရာဝတီကို ကာကွယ်ကြမှာပဲ ဖြစ်တယ်။  ကာကွယ်တဲ့နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး 
တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ  တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ  တာဝန်မရှိဘူး"

လူထုစိန်ဝင်း
Picture























အတွေးအခေါ်ကြီးမြတ်သောဝန်ကြီး(ဝံကြီး)အသုံးနှုံးများမှတ်သားလောက်ပါတယ်

လျှပ်စစ်ဆိုတာ ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။
ကြိုးနဲ့သွယ်ရောင်းလို့ရတယ်။  ဒီ neighboring country
မှတစ်ပါးလျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းရတာ …. ၊
ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင်
ကုန်အောင်  မသုံးနိုင်ဘူး။ အဲဒီတော့
ဘယ်သူက သုံးမှာလဲ။သုံးစရာမရှိရင် market ရဲ့သဘောအရ
  ရောင်းစားရမှာပေါ့။သုံးစရာမရှိရင် ရောင်းစားရမယ်။

ကြံ့ဖွတ်အမှတ်(၁)လျှပ်စစ် စွမ်းအားဝန်ကြီး ဇော်မင်း

ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲသွားကြည့်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ပြုလုပ်သော အာဆီယံ ယူ ၁၉ မြန်မာ-လာအို ပွဲစဉ်ကို သွားရောက် ကြည့်ရှုသည်။

daw-suu-zaw-zaw-football
သုဝဏ္ဏကွင်းတွင် ဘောလုံးပွဲ ကြည့်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Soccer Myanmar)

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် ၂၃ နှစ်ဆက်တိုက် နေထိုင်ခဲ့သည့်ကာလအတွင်း ပထမဆုံးအကြိမ် ဘောလုံးကွင်းသို့ သွားရောက်ပြီး ဘောလုံးပွဲကြည့်ခြင်းဖြစ်သည်။

“အခု ပွဲစလို့ ၃ မိနစ် ရှိနေပါပြီ၊ ဒေါ်အောင်ဆန်စုကြည် အနားမှာ ဦးဇော်ဇော်၊ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဦးအောင်ကျော်မိုးတို့လည်း ထိုင်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး တာဝန် ယူထားသည့် ကိုကျော်စိုးနိုင်က ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုလည်း အာဏာပိုင်များက တာဝန်ယူကြောင်း ဘောလုံးပွဲကို အေးချမ်းစွာအားပေးနေသည့် ပရိသတ်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ကြောင်း ကိုကျော်စိုးနိုင်က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လက နေပြည်တော်၌ ကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးပွဲ ကြည့်ရှုရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဘောလုံးပွဲကို မြန်မာ့ရုပ်မြင်သံကြားကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)၏ ၂၀၁၁ ခုနှစ် အာဆီယံ အသက် ၁၉ နှစ်အောက် ဘောလုံး ပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်နေ့က စတင် ကျင်းပခြင်းဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှား၊ လာအို၊ ဘရူနိုင်း၊ ဗီယက်နမ်တို့နှင့် အုပ်စု (ခ)တွင် ပတ်လည် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာအသင်း၏ လက်ရှိ အခြေအနေမှာ ဗီယက်နမ်ကို သရေ၊ ဘရူနိုင်းကို ၆ ဂိုးပြတ် အနိုင်ရရှိထားသည်။ လာအိုအသင်းမှာ အင်ဒိုနီးရှားအသင်းကို သရေ ကစားထားသည်။