Sunday, October 30, 2011

တိုက်ပွဲဝင်သူရဲကောင်း နိုင်ငံရေးအကျဉ်းသားတွေကို တာမွေ ဒီချုပ်ရုံးမှ ကြိုဆို

 သတင်း-နေ့သစ်
ဒီနေ့ တာမွေမြို့နယ် ဒီချုပ်ရုံးမှာ တာမွေမြို့နယ်မှ ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကြိုဆိုပွဲလုပ် တယ်။ ကိုနေကျော်၊ ကိုကြည်လွင်၊ ကိုမင်းဟန်၊ ကိုသက်ဦး၊ ကိုမိုးထက်လျှံ၊ ကိုမျိုးလှိုင်၊ ကိုစောသက်ထွန်း၊ ကိုဇော်ရဲဝင်း တို့ကို ဂုဏ်ပြုကြိုဆိုခဲ့တယ်။ ကိုမျိုးလှိုင်က မအားလို့ သူက လွဲလို့ ကျန်တဲ့လူတွေအကုန်လာတယ်။ အခမ်းအနားကို ၉ နာရီမှာ စတယ် ၁၁ နာရီမှာပြီးတယ် ခေါက်ဆွဲကြော်နဲ့ ဧည့်ခံတယ် အအေးတိုက်တယ် တာမွေမြို့နယ်မှ ဒီချုပ်ပါတီဝင် တွေနဲ့ ကျောင်းသားလူငယ်တွေ တက်ရောက်တယ်။




မဲခေါင်မြစ်အတွင်းတရုပ်သင်္ဘေား၁၃ဦးသတ်ဖြတ်ခံရမှု့ပေါ်ပေါက်

တရုတ် သင်္ဘောသား ၁၃ ဦးသတ်ဖြတ်သူ ထိုင်းစစ်သားများ အဖမ်းခံ
Reuters သတင်းဌာန
အောက်တိုဘာ ၃၀၊ ၂ဝ၁၁
တရုတ်သံရုံး အရာရှိများ နှင့် ထိုင်းရဲတပ်ဖွဲ့တို့ တရုတ်ကုန်သင်္ဘောများပစ်ခတ်ခံရသည့် နေရာကို သွားရောက် စစ်ဆေးနေပုံ

ထိုင်းမြန်မာနယ်စပ်အနီး မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသော ထိုင်းစစ်သား ၉ ဦးက ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့ တနင်္ဂနွေနေ့တွင် ပြောလိုက်သည်။

အောက်တိုဘာ ၅ ရက်နေ့က မူးယစ်ဆေးထွက်ရှိရာ နာမည်ကျော်ဒေသ ရွှေတြိဂံဒေသတွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

သောကြာနေ့တွင် အဖမ်းခံခဲ့သော ထိုင်းစစ်သားများထဲတွင် အရာရှိ ၂ ဦး ပါဝင်သည်ဟု မြန်မာပြည်နှင့် ထိစပ်နေသည့် Chiang Saen ဒေသ ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။

"အားလုံး စစ်တပ်ကပါ။ သူတို့ကိုယ်တိုင် ရဲစခန်းကိုလာအဖမ်းခံတာပါ" ဟု ရဲတပ်ဖွဲ့ အကြီးအကဲ Phopkorn Kooncharoensuk က Reuters သတင်းဌာနကို တယ်လီဖုန်းဖြင့် ပြောသည်။

Phopkorn Kooncharoensuk က အသေးစိတ် ပြောဆိုခြင်းမရှိပေ။ အမှုကို စစ်ဆေးနေဆဲဟုသာ ပြောသည်။

တရုတ်နိုင်ငံက မဲခေါင်မြစ်အတွင်း သွားလာနေသော တရုတ်သင်္ဘောသားများ၏ လုံခြုံရေး၊ သတ်ဖြတ်ခံရသူများအရေးအတွက် အမြန်ဆုံး စုံစမ်းစစ်ဆေးရေး စသည်တို့အတွက် ဒေသတွင်း နိုင်ငံများကို တောင်းဆိုထားသည်။

မဲခေါင်သည် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စသည့် နိုင်ငံများ နယ်စပ်များကို ဖြတ်သန်းပြီး ပင်လယ်သို့ စီးဝင်သည့်မြစ်ကြီး ဖြစ်သည်။

တရုတ်သင်္ဘောသား ၁၃ ဦးတို့ လိုက်ပါလာသော ကုန်တင် သင်္ဘောများကို ထိုင်းနိုင်ငံဘက်ခြမ်းမှ ပစ်ခတ်ခြင်းဖြစ်သည်ဆိုသော ခိုင်လုံသည့် အထောက်အထားများကို ထိုင်းရဲတပ်ဖွဲ့က ရရှိပြီးဖြစ်သည်ဟု
ထိုင်း ဒုတိယ၀န်ကြီးချုပ် Chalerm Yubamrung ပြောဆိုခဲ့ကြောင်း ယနေ့ တနင်္ဂနွေနေ့ထုတ် the Nation သတင်းစာတွင် ရေးသားထားသည်။

သို့သော်လည်း ထိုပစ်ခတ်မှုမှာ ထိုင်းစစ်တပ်နှင့် သက်ဆိုင်မှုမရှိဟု ထိုင်း ဒုတိယ၀န်ကြီးချုပ်က ပြောဆိုကြောင်း သတင်းစာတွင် ရေးထားသည်။
(မျိုးဇော် ဘာသာပြန်သည်)

ပုဇွန်တောင် ချောင်းအတွင်း ငါးအစုအပြုံလိုက် သေဆုံး၊ မျောပါမှုဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာက ရေအရည်အသွေး နှင့် သေဆုံးသည့် ငါးနမူနာကောက်ယူ စစ်ဆေးနေ








Sunday, 30 October 2011 13:50
753 ပုဇွန်တောင်ချောင်းအတွင်း ငါးများသေဆုံးခဲ့သည့် နေရာတစ်ခုအား တွေ့ရစဉ်
ပုဇွန်တောင်ချောင်းအတွင်း ငါးများ အစုအပြုံလိုက် သေဆုံး၊ မျောပါမှုဖြစ်ပွားခဲ့သဖြင့် သက်ဆိုင်ရာက ယင်းချောင်း၏ ရေအရည်အသွေးနှင့် သေဆုံးသည့်ငါးနမူနာ ကောက်ယူ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
“အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ရေစစ်ရေကျချိန် ပုဇွန်တောင်ချောင်း (ကြက်ဘဲဈေးအနီး) ထဲမှာ ငါးတွေအစုလိုက်အပြုံလိုက် မျောနေတာ တွေ့ရတယ်လို့ သတင်းအရ သွားရောက်စစ်ဆေးတဲ့အခါမှာ အဲဒီလိုဖြစ်တဲ့ ငါးအမျိုးအစားက ငါးဇင်ရိုင်းအများစု ဖြစ်ပါတယ်။ သေတဲ့ငါးတွေရှိသလို မြော့ပြီး မျော နေတဲ့ငါးတွေလည်း ရှိပါတယ်။ ချောင်းရေပြင် အတော်များများမှာ အဲဒီငါးတွေ မျောနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအနားက ငါးနမူနာရယ်၊ ရေအရည်အသွေး ရယ်ကိုဓာတ်ခွဲစစ်ဆေးသွားဖို့ ဆောင်ရွက်နေပါတယ်”ဟု ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရာသီဥတု ပြောင်းလဲခြင်း၊ ရေအပူချိန် ပြောင်းလဲခြင်း၊ ရေအရည်အသွေး ကျဆင်းခြင်း၊ စက်ရုံများမှ အန္တရာယ်ရှိဓာတု စွန့်ပစ်ပစ္စည်းများ မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ်မှုများကြောင့် လည်း ငါးများသေဆုံးနိုင်ကြောင်းနှင့် အချို့ဒေသများတွင်

“ပုဇွန်တောင်ချောင်း ထဲမှာ မနေ့က(တနင်္လာနေ့) နံနက် ၉ နာရီ လောက် ရေကျချိန်မှာ ချောင်းရေ ပြင်လုံးနီးပါး ငါးတွေပေါ်နေပြီး သေဆုံး၊ မျောပါခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ငါးတွေကသေတာ တွေရှိသလို မြော့နေတာမျိုးတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ဒီလို မျောပါမှုဟာ အဏ္ဏ၀ါညောင်တန်း ဆိပ်ခံတံတားလောက် ရောက်သွားတယ်လို့ သိရပါတယ်။  နောက် ၄၅ မိနစ်လောက်နေတော့ ရေပြန်တက်တဲ့အချိန်မှာ ဒီလိုဖြစ်နေတာမျိုး မတွေ့တော့ဘူးလို့ သိရတယ်။  ဒါမျိုး အရင်တစ်ခါမှ မကြုံဖူးဘူးလို့ လည်းပြောပါတယ်။ တချို့ကလည်း အရင်ဖြစ်ဖူးပေမယ့် အခုလို အများအပြားတော့ မဟုတ်ဖူးလို့ ပြောပါတယ်။ အဲဒီနားက ငါးဖမ်းဆီးသူ တွေကတော့ ဒီလိုဖြစ်တာကို ရေနာ တယ်လို့ပြောပါတယ်။  သာမန်ဖြစ်ရိုး ဖြစ်စဉ်မဟုတ်ဘဲ ထူးခြားတဲ့အနေအထားလို့ ပြောလို့ရပါတယ်။  ဒီလို ငါးတွေအစုလိုက် အပြုံလိုက်သေဆုံး၊ မျောပါတာမျိုးက ရေအရည်အသွေး ကျဆင်းတာရယ် ဒါမှမဟုတ် ဓာတုပစ္စည်း များများစားစား ချောင်းထဲကို စွန့်ပစ်မှုတွေကြောင့် ဖြစ်နိုင်တယ် လို့ ကနဦးသုံးသပ်လို့ ရပါတယ်။ အခုတော့ သက်ဆိုင်ရာက နမူနာယူပြီး ဓာတ်ခွဲစစ်ဆေးဖို့ လုပ်နေတယ်လို့ သိရပါတယ်”ဟု မြန်မာ နိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရာသီဥတုပြောင်းလဲခြင်း၊ ရေ အပူချိန်ပြောင်းလဲခြင်း၊ ရေအရည် အသွေးကျဆင်းခြင်း၊ စက်ရုံများမှ အန္တရာယ်ရှိ ဓာတုစွန့်ပစ်ပစ္စည်းများ မြစ်ချောင်းများအတွင်းသို့ စွန့်ထုတ် မှုများကြောင့်လည်း ငါးများသေဆုံး နိုင်ကြောင်းနှင့် အချို့ဒေသများတွင် လူတို့ပယောဂဖြစ်သည့် စိုက်ပျိုးရေး သုံး ပိုးသတ်ဆေးများ၊ အခြား ဆေးဝါးများအသုံးပြုပြီး မြစ်ချောင်းများအတွင်း ဆေးချကာ ငါးဖမ်းဆီးမှုများကြောင့်လည်း ငါးသေဆုံးမှုများ ဖြစ်ပွားတတ်ကြောင်းလည်း သိရှိရပါသည်။

၂၀၁၄ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းမှုကို နားလည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောဆို



Saturday, 29 October 2011 23:53
w75_02
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အောက်တိုဘာလ ၂၉ရက်နေ့ ညဦးပိုင်းကတွေ့ရစဉ်
၂၀၁၄ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခွင့်ရရန်အတွက် မြန်မာနိုင်ငံ၏ကြိုးပမ်းမှုကို နားလည်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။  ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၉ရက်နေ့ ညဦးပိုင်းအချိန်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Mr.Marty Natalegawa ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီးနောက် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ထိုသို့ပြော ဆိုခဲ့ခြင်းဖြစ်သည်။
''သူကတော့ ရှင်းပြတာပါ။ ဘယ်လိုလုပ်နေသလဲပေါ့။ အန်တီကလည်း ပြောပါတယ်။ နားလည်ပါတယ်လို့။ မြန်မာနိုင်ငံက အာဆီယံအလှည့်ကျဥက္က္ကဋ္ဌကို မျှော်မှန်းတဲ့ကိစ္စတွေအကြောင်းလည်း နားလည်ပါတယ်။ သူတို့ရဲ့အမြင်တွေကိုလည်း နားလည်ပါတယ်။ အားလုံး အဆင်ပြေပါတယ်။၂၀၁၄မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမလားဆိုတာကတော့ သူတို့ဆုံးဖြတ်မှာပေါ့နော်။ အာဆီယံက ဆုံးဖြတ်ရမယ့် ကိစ္စပဲ။ အာဆီယံအလှည့်ကျဥက္ကဌနဲ့ပတ်သက်လို့ အားလုံးမြန်မာနိုင်ငံသူနိုင်ငံသားတွေရော အာဆီယံကပြည်တွေကပါ အားလုံး ၀မ်းသာ နိုင်မယ့် အဖြေတစ်ခုရအောင်လို့တော့ ဖြစ်နိုင်မယ်လို့မျှော်လင့်တဲ့အကြောင်း ပြောထားပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။
မြန်မာနိုင်ငံအပေါ်ထားရှိသော စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို သတင်းထောက်များကို မေးမြန်းခဲ့ရာ အဆိုပါပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သောနိုင်ငံများ၏ သဘောထားနှင့်သာသက်ဆိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောကြားခဲ့သည်။
''စီးပွားရေးပိတ်ဆို့မှုကို အစကတည်းက သူတို့လုပ်ကတည်းက  ဘယ်လိုဘယ်လိုအချက်တွေကြောင့်ဆိုပြီး သေသေချာချာပြောထားတာ ရှိပါတယ်။ ဒီပိတ်ဆို့မှုတွေ ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးဆိုတာ ဒီအချက်တွေကို ကြည့်လိုက်ပေါ့။ ပြောထားတဲ့အချက်အလက်တွေနဲ့ ကိုက်ညီလို့ရှိရင် သူတို့တောင်းဆိုထားတဲ့အချက်တွေနဲ့ ကိုက်ညီလို့ရှိရင် သူတို့ဟာသူတို့ဖြုတ်မှာပဲ။ ပြောနေစရာလည်း ဘာမှလိုမှာမဟုတ်ဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့ပါသည်။
စီးပွားရေးပိတ်ဆို့အရေးယူမှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားမှာ အရေးပါသည်ဟု ယူဆပါသလားဟူသော မေးခွန်းကိုမူ '' မဆိုင်ပါဘူး။ အန်တီနဲ့မဆိုင်ပါဘူး။ သူတို့ပြောထားတဲ့အချက်တွေနဲ့ ကိုက်ညီတယ်ဆိုလို့ရှိရင် သူတို့ဟာသူတို့ဖြုတ်မှာပဲ။ ဒီအချက်တွေက အန်တီပြောတာလည်း မဟုတ်ဘူး။ အန်တီကနေပြီး ဒီအချက် ဒီအချက်ထည့်ပါဆိုပြီး ပြောထားတာလည်း မဟုတ်ပါဘူး။ အမှန်ပြောရလို့ရှိရင် အန်တီလည်း မသိပါဘူး။ ထွက်လာပြီးတော့မှာပဲ ဖတ်ရတာပေါ့''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
NLD ပါတီ မှတ်ပုံတင်ရေးကိစ္စကိုမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားဖြင့်သာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ထပ်မံလွတ်မြောက်လာမည်ကိုလည်း ယုံကြည်ကြောင်း အစရှိသော ကိစ္စများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့ပါသည်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မြန်မာသို့ လာမည်

The Voice Weekly

ကမ္ဘာပေါ်တွင် ရွေးကောက် တင်မြှောက်ခံခြင်းဖြင့် သက်တမ်း အရှည်ကြာဆုံး အစိုးရ အကြီးအကဲ ဖြစ်ပြီး မလေးရှား နိုင်ငံ၏ စတုတ္ထမြောက် ဝန်ကြီးချုပ် အဖြစ် ၂၂ နှစ်ကြာ တာဝန်ယူခဲ့သူ ဒေါက်တာ မဟာသီယာ မိုဟာမက်သည် နိုင်ငံအခြေစိုက် Felda Global Group နှင့် မလေးရှား ဆီအုန်းကောင်စီတို့၏ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံ ဆက်သွယ် စီစဉ်မှုဖြင့် မြန်မာ - မလေးရှား စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် နိုဝင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ကြောင်း UMFCCI ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

မလေးရှား အစိုးရပိုင် ပက်ထရိုနပ် ရေနံကုမ္ပဏီ၏ အကြံပေးနှင့် ပရိုတွန် ကားကုမ္ပဏီ၏ အမှုဆောင်ချုပ် ဖြစ်သူ ဒေါက်တာ မဟာသီယာ မိုဟာမက်သည် ရန်ကုန် မြို့တော်ရှိ UMFCCI ရုံးချုပ် အဆောက်အအုံတွင် UMFCCI အမှုဆောင်/ ပုံမှန် အသင်းသား ကုန်သည်ကြီးများ၊ စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းရှင်များ အကြား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး သဘောတူ စာချုပ်များ ချုပ်ဆိုမည် ဖြစ်ကြောင်း UMFCCI ထံမှ သိရသည်။

မဟာသီယာ ခရီးစဉ်အပြီး မြန်မာနိုင်ငံ ရန်ကုန် မြို့တော်တွင် ပရိုတွန်ကား အရောင်းပြခန်း တစ်ခု ပေါ်ပေါက်လာဖွယ် ရှိကြောင်း နှစ် ၂၀ ဝန်းကျင်ခန့် မော်တော်ယာဉ် ဝယ်ရောင်း လုပ်ကိုင်လာသူ တစ်ဦးက သုံးသပ် ပြောကြားသည်။

အဖြစ်မှန်ကိုမြန်မြန်ဆောင်ရွက်စေချင်ပါတယ်။

စမ်းချောင်း၊ မင်္ဂလာလမ်းက ကလေးငယ်ကို အမြန်ဆုံး ကယ်ဆယ်ပေးကြပါ။ (ပေးစာ)


သို့...... မောက္ခ ပညာရေး မဂ္ဂဇင်း .... ရိုသေစွာ စာရေးလိုက်ပါတယ်။ ကျွန်မတို့ စမ်းချောင်း၊ မင်္ဂလာလမ်းမှာ အငြိမ်းစားဆရာမ တယောက်ရှိပါတယ်။ သူနဲ့ သူ့သမီးတယောက်က စိတ်ကျန်းမာရေး ချို့ယွင်းနေပြီး သူ့သမီးက တစ်ခါတစ်လေမှာ အ၀တ်မကပ်ဘဲ
လျှောက်သွားနေတဲ့အထိ အခြေအနေ ဆိုးပါတယ်။ ကျန်တဲ့ သမီးတွေကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ အဲဒီဆရာမက လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းက ကလေးတယောက်ကို ကျောင်းထားပေးမယ်ဆိုပြီး ခေါ်ထားပါတယ်။
ခုတစ်လော ကျွန်မတို့ သတိထားမိတာက အဲဒီကလေးကပါ စိတ်ကျမ်းမာရေး ချို့ယွင်းလာပုံရပြီး လမ်းထဲကလူတွေ အဲဒီဆရာမကြီး အိမ်ကို ထောက်လှမ်း ကြည့်ကြတဲ့အခါမှာ အဲဒီကလေးဟာ ကျောင်းကပြန်လာရင် မီးဖိုထဲဝင် အလုပ်လုပ်ရပြီး ပြီးတာနဲ့ အမှောင်ထဲမှာအကြာကြီး ထိုင်ခိုင်းထားခံရပါတယ်။ အိမ်သားတွေ စားပြီးမှ အကြွင်းအကျန်တွေကို ကလေးကို ပုံကျွေးပါတယ်။ အ၀တ်ကလဲ တနှစ်လုံးမှ ၂ စုံလောက်ပဲ ပေးပြီး ရပ်ကွက်က လူတွေ လာပေးတာလဲ ကလေးက ၀တ်ရတာမမြင်မိပါဘူး။
သူခိုင်းတဲ့အတိုင်း စိတ်တိုင်းကျ မလုပ်ပေးရင် အဲဒီကလေးကို ရိုက်နှက်ပြီး လက်ညိုး ငေါက်ငေါက်ထိုးပြီး နာရီပေါင်းများစွာ ဆဲဆိုနေတယ်လို့ သိရပါတယ်။ အဲဒီဆရာမကြီးက အခန်းသေးသေးလေးတွေဖွဲ့ပြီး နယ်က ကလေးတွေကို ငှားစားပါတယ် အဲဒီအခန်းတွေကိုလဲ မကြာခဏ လျှပ်စစ်မီးမရအောင် မိန်းပိတ်ချထားတတ်ပြီး ကလေးကိုမရိုက်နှက်ဖို့ဝင်ပြောတဲ့ ကျောင်းသူတိုင်းကို မောင်းချတတ်ပါတယ်။ အိမ်ကိုလဲ အပေါက်တွေဖောက်ထားပြီး လူတွေကိုလိုက်ချောင်းနေတတ်ပါတယ်။
အဲဒီကလေးကို ကယ်တင်လို့ရအောင် ကူညီပေးပါ။ အငြိမ်းစားဆရာမကြီးလဲဖြစ် တခြားသမီးတွေကလဲ ရပ်ကွက်ထဲမှာ တည်တည်တံ့တံ့နေတဲ့ လူတွေဖြစ်တော့ ရပ်ကွက်လူကြီးက ၀င်လက်မလျှိုချင်ဘူးလို့ ပြောပါတယ်။ သတင်းကို ဖြန့်ဝေပြီး ကလေးကို အားလုံးစုစုစည်းစည်းနဲ့ ၀ိုင်းကယ်ထုတ် ကူညီချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
သန်လျင်တက္ကသိုလ်ကျောင်းသူများ

ကန်တော်လေး ၉၆ လမ်း တိုက်ဟောင်း ပြိုကျ၊ တဦးသေ တဦး ဒဏ်ရာရ


Yangon Press International
အောက်တိုဘာ ၃၀၊ ၂၀၁၁

သေဆုံးသွားသူအား လူနာတင်ယာဉ်ဖြင့် သယ်ထုတ်သွားသည် (ဓာတ်ပုံ - Yangon Press International)

ယနေ့ ည ၉ နာရီ ၂၅ မိနစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၆ လမ်းတွင်းရှိ လေးခန်းတွဲ ၂ထပ်တိုက်ဟောင်း တလုံး ၏ နောက်ဖေး ဘယ်ဘက်ခြမ်း တခြမ်းပြို ကျမှုကြောင့် လူတဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိသွားသည်။

"ကျွန်တော် တို့ ထမင်းစားပွဲမှာစားနေကြတာ ညီမက နောက်ဖေးဘက်မှာ ဟင်းခွက် သွားယူတဲ့အချိန် ၀ုန်းခနဲ အသံကြီး ကြားပြီးတော့ ပြိုကျသွားတာဘဲ ကျန်တဲ့မိသားစုတွေလည်း အိမ်ရှေ့က ပြေးဆင်းသွားကြတယ် ။ ညီမက ပြိုကျသွားတဲ့ အပျက်အစီးပုံပေါ်မှာ ပက်လက်ကလေး လန်နေတယ်" ဟု ပြိုကျမှုကြောင့် ဒဏ်ရာရရှိသူ မနုကြမ်း၏ အစ်ကိုဖြစ်သူ ဦးမောင်ထွန်းက ပြောသည်။

တိုက်ပြိုကျမှုကြောင့် အောက်ထပ်တွင်ရှိသော အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦး အုပ်ချပ်ပြားများပိပြီး သေဆုံးခဲ့သည်ဟု သိရသည်။

" အဲဒီတုန်းက သူက နောက်ဖေးမှာ မီးပြင်နေတာ ပြိုပြီး တော်တော်နဲ့ ၀င်မရဘူးကြားတယ်။ သူ့ကိုတွေ့ပြီး ကယ်နေတုန်းမှ ဆုံးသွားတာ" ဟု ယင်းတိုက်နောက်ဖေးမှ အိမ်နီးချင်းတဦး ကပြောသည်။

တိုက်ပြိုကျပြီး ၂ နာရီကျော်အကြာ ည၁၂ နာရီ ၁၀မိနစ်အကြာတွင် ရုပ်အလောင်းကို သယ်ထုတ်နိုင်ခဲ့သည်။

ရန်ကုန်မြို့စဉ်ပင်သာယာရေး အဆောက်အအုံဌာန မှ တာဝန်ရှိသူတဦးက "ကျွန်တော်တို့ မနက်ဖြန် အဖွဲ့တွေနဲ့ ဆင်းစစ်ပြီးရင် DB( dangerous building) သတ်မှတ်မယ် မူလနေတဲ့သူတွေကို ဖယ်ရှားဖို့ လုပ်မယ်" ဟု ပြောသည်။

ပြိုကျသော အခြမ်း အပေါ်ထပ်တွင် မိသားစုဝင် ၁၀ ဦး နေထိုင်ပြီး အောက်ဘက်ခြမ်းတွင် ၁၁ ဦး နေထိုင်သည်ဟု သိရသည်။

အဆိုပါ တိုက်ခန်းကိုလျှပ်စစ်မီးဖြတ်တောက်ပြီးနောက် နေထိုင်သူများအားလုံးကို ညတွင်းခြင်းပင် ရွှေ့ပြောင်းနေရာချပေးခဲ့သည်ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဝင်းနိုင်က ပြောသည်။

အဆိုပါအိမ်မှာ ၄င်းတို့ မိသားစု အစဉ်အဆက် နေထိုင်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၀ ၀န်းကျင်ခန့်က တည်ဆောက်ဖြစ်သည်ဟု သိရသည်။

တူးမကုန်အောင်ရတနာများပေါကြွယ်ဝသော်လည်းမြန်မာပြည်ကြီးဆင်းရဲလျှက်။အကြွေးများမကင်းဖြစ်နေရဆဲ

ပျက်စီးသွားသော သဘာဝဝန်းကျင်များနှင့် ကြေမွသွားသော ကျောက်စိမ်းတုံးများ အကြောင်း (၁) (သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ)


ဒီနေ့ ရောက်ရှိလာတဲ့ ပုံတွေကို အမှတ်တမဲ့ ကြည့်လိုက်တော့ ဘယ်နိုင်ငံခြား တိုင်းပြည်က တည်ဆောက်ရေး လုပ်ငန်းပုံတွေ လဲပေါ့ Mega ယန္တယားကြီးတွေ အများအပြားနဲ့ ပုံတွေဆိုတော့ ရုတ်တရက်ကြည့်ရင် မျက်စိမှားစရာပါ...။ နိုင်ငံခြားတိုင်းပြည်တွေက တည်ဆောက်ရေး လုပ်ငန်းခွင်တွေလို့ ထင်ရတဲ့ နေရာကတော့ ကချင်ပြည်နယ် ဖားကန့် ဒေသက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းခွင် မြင်ကွင်း ဓာတ်ပုံတွေပါတဲ့...။ တိုးတက်နေတာလား ဆုတ်ယုတ်နေတာလား၊ သဘာဝဝန်းကျင်တွေ ပျက်စီးနေတာလား ဒီကရတဲ့ သယံဇာတတွေ ရောင်းရငွေတွေကြောင့် ကချင်ပြည်သူလူထု အကျိုးအမြတ်တွေကို ခံစားနေရလား၊ တိုင်းပြည်တိုးတက် ဖွံဖြိုးနေပြီလားဆိုတာ သုံးသပ်ကြည့်ရအောင်...။

မြန်မာပြည်ရဲ့ ဦးခေါင်းပိုင်း ကချင်ပြည်နယ်ဟာ  သယံဇာတတွေ သဘာဝအရင်းအမြစ်တွေ ပေါများကြွယ်ဝတဲ့ ဒေသတခုပါပဲ...။ ကမ္ဘာ့အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေ ဖွထွက်ရှိရာ ဖားကန့်ဒေသဟာလည်း ကမ္ဘာကျောက်ပါတယ်...။ ၁၉၈၅/၈၆လောက်က ထင်ပါတယ်... ကချင်ပြည်နယ် ဖားကန့်ဒေသက ၂၂တန်ရှိတဲ့ ကျောက်စိမ်းတုံးကြီးကို ရန်ကုန်ကို အစောင့်အကြပ်တွေနဲ့ ညဘက်ကြီး ရထားနဲ့ သယ်ဆောင်လာတာ ကြားဘူးခဲ့ပါတယ်။ ထိုစဉ်က မဆလခေတ် သတင်းစာတွေမှာ မစားရမခန်း ဒီကျောက်စိမ်းတုံးကြီးကြောင့် တိုင်းပြည်ကြီး နေ့ချင်းညချင်း ကြွယ်ဝချမ်းသာတော့ မလိုလို၊ ရေးသားချက်တွေ ဖတ်ခဲ့ဘူးပါတယ်..။ ကမ္ဘာပေါ်က လူအားလုံးကို တရက်ထမင်းကျွေးလို့ရတယ်ဆိုလား ကောလဟာလတွေလည်း ကြားခဲ့ဘူးပါတယ်..။
 နွံထဲ၌ ကားတစီးလုံး မြုပ်နေသည်.. ဆင်နှင့်ဆွဲပေးကြပါ.. တခါဆွဲ ၃သိန်းတဲ့
ဒီပုံကတော့ အထက်ပါပုံနဲ့ လားလားမျှ ဆန့်ကျင်တဲ့ မိုးတွင်းကာလ ကာမိုင်း၊ ဖားကန့်လမ်းပေါ်က မြင်ကွင်းပါ..။ 4Wheel Drive ကားတောင် မြုပ်နေတဲ့ ကြမ်းတမ်းတဲ့ လမ်းပေါ်မှာ ဆင်နဲ့ဆွဲပြီး အလွတ်ရုန်းနေရတဲ့ ၂၁ရာစုရဲ့ ကမ္ဘာ့အကြီးဆုံး အဖိုးတန် ကျောက်စိမ်းတွေ ထွက်ရှိရာဒေသက ကားလမ်း အခြေအနေပါ...။ ကားတစ်စီး ဆင်ဆွဲခ ကျပ်ငွေ သုံးသိန်းမှ ငါးသိန်းအထိ ကုန်ကျပါတယ်...။ ဒီလိုခေတ်အဆက်ဆက် လမ်းဆိုးတယ်လို ကျော်ကြားတဲ့ ဖားကန့်လမ်း ပြင်ဆင်ရန်ဆိုပြီး အလှူခံငွေ ကောက်ခံခဲ့ရာမှာတော့ ဆယ်စုနှစ် ၂ခုရှိနေပါပြီ...။ လမ်းပြင်ဆင်ဖို့ အတွက် မူးယစ်ဆေးစွဲသူများအား ဖမ်းဆီးပြီး အလှည့်ကျ စေခိုင်းပါတယ်..။ ဖားကန့်မှ ကျောက်စိမ်းလုပ်ကွက် ပိုင်ရှင်များထံမှ အလှူငွေကောက်ခံပေမယ့် လမ်းကတော့ မိုးတွင်းဆိုရင် မြင်ရတဲ့ အတိုင်းပါပဲ...။
 ချင်းတွင်းမြစ်ကြောင်းမှ ယန္တယားများ သယ်လာစဉ်
အပေါ်က အဆိုပါကြီးမားလှတဲ့ စက်ယန္တယားကြီး တွေကိုတော့ မုံရွာမှတစ်ဆင့် ချင်းတွင်းမြစ်ကြောင်း အတိုင်း ယခုလို သယ်ဆောင်လာတာပါ...။
 ကျောက်ထွက် အများဆုံး ဖားကန့်ကြီးမှ လုပ်ကွက်တွေလို့ ဆိုပါတယ်..။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကြီးပြင်းနေထိုင်ဘူးတဲ့ ယခုအိန္ဒိယနိုင်ငံမှာ ရောက်ရှိနေတဲ့ ကချင်အမျိုးသား ဇော်ရှန်မှ အဆိုပါလုပ်ကွက်တွေနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ " အရင်ကတော့ ဒီနေရာတွေဟာ လုပ်ငန်းလုပ်ကွက် အရမ်းကြီးတဲ့ နေရာတွေပါ... တော်ရုံတန်ရုံ မကပ်နိုင်တဲ့ နေရာတွေပေါ့..။ ပထမဦးဆုံး ကချင်အမျိုးသား ရုဇော်ခေါင်ဆိုသူပိုင်တဲ့ Jade Land ကုမ္ပဏီက ပိုင်ဆိုင်ခဲ့တာပါ.. သူက တော်တော်ချမ်းသာတယ်လေ။ ကချင်ထဲမှာ အကြီးဆုံး ကုမ္ပဏီပေါ့ ... ဒီနေရာတွေမှာ ကျောက်က အလှူပေးသလို လိုက်ကောက်လို့ ရအောင် ကျောက်တွေ အကြီးအကျယ်ထွက်တဲ့ နေရာတွေပေါ့..."
 ကားကိုတော့ ဆင်နဲ့ဆွဲပါတယ်.. ချောင်းကိုတော့ စက်နဲ့ဖော်ပါတယ်..
လက်ရှိအခြေအနေမှာ ဒီနေရာ ဒီဒေသကို ဘယ်သူတွေ ဒီလောက်ကြီးမားတဲ့ ပမာဏနဲ့ လုပ်ကိုင်နိုင်မလဲ ဆိုတာကိုမေးမြန်း ကြည့်ရာမှာတော့ " နောက်ပိုင်းမှာ ကချင်လောပန်တွေ လုပ်စားဖို့ တော်တော် ခက်သွားပြီလေ...။ လက်ရှိနောက်ပိုင်း ပြည်ကြီးက တရုတ်ကုမ္ပဏီတွေနဲ့ စစ်တပ်ပိုင် ဦးပိုင်ဖက်စပ်တို့ ကချင်၊ မြန်မာ၊ ရှမ်းစတဲ့ လောပန်တွေ အနားမကပ် နိုင်တော့ဘူးပေါ့... နောက်ဖက်စပ်ဆိုတာ ပေါ်လာတော့ ဝ၊ ကိုးကန့်နဲ့ KDA စတဲ့ အဖွဲ့တွေနဲ့ စစ်တပ်ပေါင်းပြီး လုပ်နေကြတာပေါ့..။ ဒီဘက်မှာ  ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေက ဆက်စပ်နေတာလေ...။ တော်ရုံတန်ရုံလူ အပြင်လူ ဝင်ခွင့်မရဘူး လက်နက်ကိုင်တွေ စောင့်ကြပ်နေကြတာလေ..။  "
အနောက်ဖက်မှ မြင်ရတဲ့ ကျောက်တောင်ကနေ သဲတောင်အဖြစ် ဘဝပြောင်းသွားတဲ့ ဖားကန့် ကျောက်စိမ်းမှော်မြေရဲ့  မြင်ကွင်းတခု
လက်ရှိအခြေအနေမှာတော့ စစ်တပ်ပိုင် ဦးပိုင်၊ ဝ၊ ကိုးကန့်၊ KDA၊ နောက်ဦးတေဇရဲ့ ထူးကုမ္ပဏီ၊ ယုဇနကုမ္ပဏီနဲ့ တရုတ်ဖက်စပ်ကုမ္ပဏီတွေသာ လက်ဝါးကြီး အုပ်ကြီးဆိုးလာတော့  စစ်တပ်နဲ့ ဆက်စပ်မှုမရှိတဲ့ အတွက် တော်ရုံ ဓနအင်အားတောင့်တင်းမှု မရှိတဲ့ လုပ်ငန်းရှင်တွေ ကျောက်စိမ်းကို သိပ်မလုပ်နိုင်တော့ဘဲ ကျောက် စိမ်းတူးဖော်မှုလောက် စားရိတ်စားကမများတဲ့ ရွှေတူးတဲ့ဘက်ကို ခြေဦးလှည့်ကုန်ကြပါတယ်..။ ဥရုချောင်းကို ကချင်တွေက အင်မတန်တန်ဖိုးထားပြီး နတ်သမီးတပါးလို့ တင်စားခေါ်ဝေါ်ကြတာပါ...။ ယနေ့အချိန်မှာတော့ ဥရုချောင်းဟာ အမည်နာမလောက်သာ ကျန်တော့ပြီး စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ထားရာနေ စေရာစီးဆင်းနေရတဲ့ အဖြစ်ကို ရောက်ရှိနေပါပြီ...။
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ အဓိက ဝင်ငွေဟာလည်း ဒီဖားကန့်ဒေသက ရရှိနေတာဖြစ်ပါတယ်..။ ယနေ့အချိန်မှာတော့ KIAရဲ့ အဓိက ဝင်ငွေရရှိတဲ့ ဖားကန့်ဒေသက ကျောက်စိမ်း လုပ်ကွက်တွေကိုလည်း စစ်တပ်မှ ထိန်းချုပ်နေပါပြီ။ သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုနဲ့ ဂေဟစံနစ်တွေ အကြီးအကျယ် ပျက်ဆီးနေတဲ့ ဖားကန့်ဒေသရဲ့ အခြေအနေကတော့ အထက်မှာ မြင်ရတဲ့အတိုင်း နှစ်စဉ်၊ နှစ်တိုင်း မိုးတွင်း အခါမှာ ဥရုချောင်း ရေလျှံ၊ ရေကြီးတဲ့ဒဏ်နဲ့ ရာသီဥတု ဖောက်ပြန်တဲ့ ဒဏ်တွေကို ခံစား နေရပါပြီ...။ ဒီဆိုးကျိုးတွေဟာ ကျပ်ငွေသန်းပေါင်းများစွာ ရင်းနှီးမြုပ်နှံမှုတွေ၊ စီးပွားရေးလုပ်ကွက်တွေ အများအပြားလုပ်ကိုင်ရာ ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်း သယံဇာတတွေ အကြီးအကျယ်ထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသက ကချင်လူမျိုးတွေ၊ ဒေသခံပြည်သူတွေ ရရှိနေတဲ့ အကျိုးခံစားခွင့်တွေ၊ ဆုလာဘ်တွေ ဖြစ်နေသလားဆိုတာ စဉ်းစားစရာဖြစ်နေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်..။
ဖားကန့်မှ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်းတုံး တတုံးမြင်ကွင်း...
ဓာတ်ပုံ SM၊ ဒီမိုဝေယံ
သတင်း ဇော်ရှန်၊ ဒီမိုဝေယံ၊

၂၀၀ရနိုင်ငံရေးအကျဉ်းသားအဖြစ်အဖမ်းခံခဲ့ရသောဆရာတော်ဦးကောဝိဒ

(ဓာတ်ပုံ - သောကြာနေ့၊ အောက်တိုဘာ ၂၁၊ ၂၀၁၀၊ အင်န်အယ်ဒီရုံးချုပ် နိုင်/ကျဉ်း တွေ့ဆုံပွဲတွင် တွေ့ရသော ဆရာတော်နှင့် ဒေါ်အောင်ဆန်းစုကြည်)
“ ဘုန်းဘုန်းတို့ကတော့ အာဃာတ မထားပါဘူး။ ပြုသူအသစ် ခံသူ အဟောင်း ” တဲ့ 
ဦးကောဝိဒ နှင့် အင်တာဗျူး

မိုးမခ အထောက်တော်၊ ရန်ကုန်

ဒဂုံမြို့သစ် (အရှေ့ပိုင်း ) တက္ကသီလာ မဟာဇေယျ သိဒ္ဓိပဋ္ဌာန်းကျောင်းတိုက်မှ ဆရာတော် ဦးကောဝိဒ ဟာ ၂၀၀၇ ခုနှစ် သံဃာ့အရေးအခင်းကာလ တုန်းက ကျောင်းမှ သံဃာငယ်တွေ စီတန်းလှည့်လည် ပရိတ်ရွတ် တဲ့ကိစ္စမှာ ကျောင်းထိုင် ဆရာတော် တဦးအနေနဲ့ ရော မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ တဦးအနေနဲ့ပါ တာဝန်ရှိတယ်လို့ စွပ်စွဲခံရပြီး ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပါတယ်။

အလိမ်သင်တာလက်ဦးဆရာ

(၄-၂-၂၀၁၀ ထုတ် Bi Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတာလေးကို ပြန်လည် တင်ဆက်လိုက်တာပါ။)ရေးသားသူ-အတ္တကျော်
အဲတုန်းက ကျွန်တော့် သားလေးက နှစ်တန်း ကျောင်းသား၊ ခုနစ်နှစ် သားပဲ ရှိပါ သေးတယ်။ ကျွန်တော် ကလည်း သူတစ်ပါးရဲ့ လခစားဝန်ထမ်း ဘ၀မှာပဲ ရှိသေးတယ်။ တစ်နေ့ ကျွန်တော်ရုံးက အပြန်မှာ
ကျွန်တော့် အိမ်သူက ကျွန်တော့်ကို တိုင်တယ်။ ''ရှင့်သားကို ကျွန်မ
ဆူထားတယ်'' ''ဘာဖြစ်လို့တုံး...''

လာမည့်ရွေးကောက်ပွဲအတွက်ပြည်သူများမျှော်လင့်ချက်ဖြစ်လာနိုင်

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်တယ်လို့ ဦးဥာဏ်ဝင်း ပြောဆို

2011-10-29
ပြည်သူ့လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ပြင်ဆင်လိုက်တာကြောင့် NLD ပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
(Photo: AFP)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အများစုက ပါတီ မှတ်ပုံမတင်ရေး သဘောတူခဲ့ကြပြီးနောက် ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို မတ်လ ၂၉ ရက်တွင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ယာ) နှင့် ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း (ဝဲ) တို့က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် သတင်းထောက်များကို ရှင်းလင်း ပြောကြားနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
NLD ပါတီက ကန့်ကွက်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲဥပဒေထဲက အချက်တချို့ကို လွှတ်တော်ကနေ ပြင်ဆင်ချက် ပေးလိုက်ပြီ ဖြစ်တဲ့အတွက် NLD ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေတာလို့ သိရပါတယ်။ ဒါပေမယ့် ဒီဆောင်ရွက်မှုအတွက် NLD ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဦးဥာဏ်ဝင်းက- ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း၊ မိမိ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်တာကို မြင်လိုပါတယ်လို့ ရိုက်တာသတင်းဌာနကို ပြောဆိုတယ်လို့ သိရပါတယ်။