ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ မကြောက်ကြဘဲ  ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ့်ရဲ့ဆန္ဒအတိုင်း မဲပေးကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းထဲက ဒဂုံဆိပ်ကမ်း မြို့ နယ်ကို ရွေးကောက်ပွဲစည်းရုံးရေးအဖြစ် ဒီကနေ့ မတ်လ ၂၁ ရက်နေ့က သွားရောက်စဉ်အတွင်း လူထုကိုပြောတဲ့ မိန့်ခွန်းထဲ အခုလို တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။