Saturday, April 14, 2012
88 မျိုးဆက်ကျောင်းသားများ၏ သံချပ် ဖျော်ဖြေမှု့အား ၁၄ ရက်နေ့ ညနေပိုင်းက မင်္ဂလာ ဈေးမဏ္ဏပ် တွင် ဖျော်ဖြေနေစဉ်..
Saturday, April 14, 2012
ဒေါ်အောင်ဆန်း စုကြည် မကြာမှီ အင်္ဂလန် သို့  အလည်သွားရောက်နိုင်
by FNG on April 14, 2012
ယမန်နေ့  က ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန် နှင့် တွေ့ ဆုံ ပြီး နောက် ပညာသွား ရောက်
သင်ခဲ့ သည့် အင်္ဂလန် မြေ အား အလည် တစ်ခေါက် လာရောက် ပါရန် ဒေးဗစ် ကင်မရွန် ၏ ဖိတ်
ကြား ချက် အရ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်သည် လာမည့် ဇွန်
လတွင် အင်္ဂလန် နိုင်ငံ သို့  လာရောက် လည် ပတ် ဖွယ် ရှိ သည် ဟု ယနေ့ ထုတ် ဗြိတိသျှ သတင်း
စာ တစ်စောင် ဖြစ်သည့် The Telegraph က ရေးသား ထား သည်။
သင်ခဲ့ သည့် အင်္ဂလန် မြေ အား အလည် တစ်ခေါက် လာရောက် ပါရန် ဒေးဗစ် ကင်မရွန် ၏ ဖိတ်
ကြား ချက် အရ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်သည် လာမည့် ဇွန်
လတွင် အင်္ဂလန် နိုင်ငံ သို့  လာရောက် လည် ပတ် ဖွယ် ရှိ သည် ဟု ယနေ့ ထုတ် ဗြိတိသျှ သတင်း
စာ တစ်စောင် ဖြစ်သည့် The Telegraph က ရေးသား ထား သည်။
ကိုမင်းကိုနိုင်ရေးစပ်သော၈၈မျိုးဆက်ကျောင်းသားများ၏သင်္ကြန်သံချပ်
ပရိသတ်ပြည်သူ သိစေချင် ......... ၈၈ ဟာ ဘာအဓိပ္ပာယ်လဲ
(၈၈ ဟာ မျိုးဆက်တစ်ခု ......... ကျောင်းသားကိုယ်စားပြု)၂
ကျောင်းသားသမိုင်းဟာ မြဲရှင်သန် ......... စီးဆင်းမြစ်ရေ ဘယ်တော့မခမ်း
တွန်လိုက်စမ်းပါ့ ဒေါင်းပျိုတွေ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့
(ပြည်သူချစ်တဲ့ ကိုအောင်ဆန်း ......... မြစ်ရေဘယ်မခမ်း)၂
ပိတ်ဆို့ အရေးယူမှု လျှော့ချမယ်လို့ G8 အစည်းအဝေးမှ ထုတ်ပြန်
Photo courtesy of State Department
၂၀၁၂ ခုနှစ် ဧပြီလ ၁၂ ရက်က ကမ္ဘာ့စက်မှု ထိပ်သီး ၈ နိုင်ငံအစည်းအဝေး၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်နေစဉ်။
2012-04-13
အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်မှာ ကျင်းပနေတဲ့ ကမ္ဘာ့စက်မှု
ထိပ်သီး ၈ နိုင်ငံ အစည်းအဝေးက မြန်မာအစိုးရရဲ့ ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ချက်တွေကို
ကြိုဆိုလိုက်ပါတယ်။
G8 လို့ခေါ်ကြတဲ့ စက်မှုထိပ်သီး ၈ နိုင်ငံအစည်းအဝေးမှာ ထိပ်တန်းကိစ္စအဖြစ် ဆီးရီးယားနိုင်ငံက သမ္မတ အာဆတ်အစိုးရကို ဖိအားပေးရေး၊ မြောက်ကိုရီးယား ဒုံးပျံပစ်လွှတ်မှု နောက်ဆက်တွဲ အခြေအနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ပိတ်ဆို့မှု ရုပ်သိမ်းဖို့ထက် ဆိုင်းငံ့သင့်ဟု ဗြိတိန်ဝန်ကြီးချုပ်ပြော

ဓာတ်ပုံ Khin Maung Win
သောကြာ, 13 ဧပြီ 2012
မြန်မာနိုင်ငံပေါ် ချမှတ်ဆက်ခံထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို
ရုပ်သိမ်းတာထက် ဆိုင်းငံ့ထားသင့်တယ်လို့ ဗြိတိန် ၀န်ကြီးချုပ်
ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။ ဒီလိုဆိုင်းငံ့လုပ်ထားခြင်းဟာလည်း
မြန်မာနိုင်ငံဒီမိုကရေစီရေးနဲ့ ပြုပြင်ပြောင်းလဲမှု လုပ်နေသူတွေကို
အသိအမှတ်ပြုရာ ရောက်တယ်လို့လည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒီကနေ့ ရန်ကုန်မှာ ဗြိတိန်ဝန်ကြီးချုပ်
ကင်မရွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို
သူတို့ရဲ့သဘောထားတွေကို ပြောလိုက်တာလည်း ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)